အခန်း (၅၀၉-၅၁၂)
Vol. 26 Ch. 509-512
Space and Rebirth - 509
Trans: Esth
ကျင်းယွင်ကျောင်း၏ အကြည့်များသည် တစ်စုံတစ်ယောက်၏ နှလုံးသားကို ထိုးဖောက်စူးနစ်နိုင်သကဲ့သို့ပင် အေးစက်သော အရိပ်များ လွှမ်းမိုးနေသောကြောင့် ရှောင်ချင်းသည် ရှင်းမပြတတ်စွာပင် ကျောချမ်းသွား၏။
သို့သော် တစ်ခဏချင်းတွင်ပင် သူမသည် အံကိုကြိတ်ကာ မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်လေသည်။
“နင့်ကိုနင် ဘာထင်နေလဲ။ ကောင်းကင်ကို လက်နဲ့ကာချင်တုန်းလား။ ငါ့ကို အလုပ်မရစေရဘူးလို့ ပြောတယ် မှတ်လား။ ဟုတ်ပြီလေ၊ ငါ အလုပ် တစ်ခုကို ရအောင် ရှာပြီး ကောင်းကောင်းနေ၊ ကောင်းကောင်းစားပြမယ်။ နင့်လို အရှက်မရှိတဲ့ ကောင်မစုတ်လေး မအောင်မြင်စေရဘူး”
ကျင်းယွင်ကျောင်းသည် မျက်ခုံးကို ပင့်ကာ ပြုံးလိုက်၏။
“ငါက အရှက်မရှိဘူးတဲ့လား။ အင်းလေ၊ နင့်ရဲ့ဒီကြောင်သူတော် ရုပ်ကလေးက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ရှောင်ချင်းသည် ကြောင်သူတော် လုပ်နေသည်မှာ အလွန်ကြာပြီ မဟုတ်ပေလော။
သူမ ရည်းစားအား လက်ဝတ်ရတနာနှင့် အင်္ကျီအဝတ်အစားမျိုးစုံ ပူဆာသည့်အချိန်မှ စခဲ့ပေသည်။ ထိုအချိန်က သူမသည် အချစ်မျက်စိဟူသော ပြီးပြည့်စုံသည့် အကြောင်းပြချက်အား သုံးပြီး သူမကိုယ်ကို ဖုံးဖိခဲ့သောကြောင့်သာ သူမသည် အပြစ်ကင်းစင်သည့်ပုံပေါက်ပြီး သဘာဝကျနေခဲ့ခြင်းဖြစ်၏။ ထို့နောက်ပိုင်းတွင် သူမ ဒိရှန်း ကြာဆောင်သို့ ရောက်စဥ်က ပြောစရာပင် မလိုချေ။ သူမသည် အရှက်ကြီးဟန်ဆောင်နေခဲ့သော်လည်း အမှန်တွင် သာမန်လူများပင် မထိနိုင်လောက်သည်ထိ မျက်နှာပြောင်လေသည်။ ယခုမူ သူ ပူဆာသမျှကို ဝယ်ပေးမည့် ရည်းစား မရှိတော့ဘဲ သူစိမ်း တစ်ယောက်ကို ရှာတွေ့ခဲ့လေပြီ။
ထိုသူစိမ်းမှာ ကောင်းသော အကြံအစည်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမသာ ပုံမှန် မိန်းကလေးတစ်ယောက်ဆိုလျှင် ပထမဆုံး တွေ့ဖူးသောလူနှင့် အတူနေဖို့ မပြောနှင့်၊ ထိုသူနှင့်အတူ လိုက်သွားမည်ပင် မဟုတ်ချေ။
သူမသည် ရွံရှာဖွယ် လုပ်ရပ်များစွာကို လုပ်ခဲ့သော်လည်း အခြားသူများကို အရှက် မရှိဟု စွပ်စွဲနေသေးသလော။ သူမ၏ စီရင်ချက်အရဆိုလျှင် “အရှက်မရှိဘူး” ဟူသော စကားသည် ချီးကျူးသည့်အနေဖြင့်ပင် သုံးနိုင်သည်။
ရှောင်ချင်း၏ ချစ်စရာ မျက်နှာလေးမှာ ဤတစ်ခေါက်တွင်တော့ မဲ့ရွဲ့နေလေသည်။ သူမသည် ကျင်းယွင်ကျောင်းအား အသေမုန်း၏။
အထူးသဖြင့် ဤတစ်ကြိမ်တွင် သူမ၏ မျက်နှာမှာ ကုတ်ခြစ်ရာများဖြင့် ပြည့်နေပြီး သူမ၏ ဆံပင်မှာလည်း အရူးတစ်ယောက်ကဲ့သို့ ရှုပ်တီးရှုပ်ပွ ဖြစ်နေလေသည်။ ဖြတ်သွား ဖြတ်လာများပင် သူမအား နည်းနည်းမှ ကူညီချင်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် သူမ လက်ထဲမှ အရာကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စဥ်းလဲသောအရိပ်အယောင်များ သန်းသွား၏။ သူမသည် နေရာလွတ် နယ်မြေထဲမှ ပုလဲလုံး တစ်လုံးစာ အရွယ် ကျောက်တုံး တစ်တုံးကို ထုတ်ကာ နောက်သို့လှည့်ပြီး ရှောင်ချင်း၏ ခြေသလုံးထံသို့ တည့်တည့် ပစ်ပေါက်လိုက်လေသည်။ ချက်ချင်းဆိုသလို ရှောင်ချင်း၏ ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး ဆေးခန်း အရှေ့ရှိ ဆိုင်းဘုတ်ကို ခွဲလိုက်သလို ဖြစ်သွားတော့သည်။
ဆေးခန်းပိုင်ရှင် ဆရာဝန်သည် ဆူညံသံကို ကြားသဖြင့် အပြင် ထွက်ကြည့်လိုက်သောအခါ ဒေါသထွက်လွန်း၍ ခေါင်းပင်ကိုက်သွား၏။
“မင်း ဘာလုပ်နေတာလဲ။ ဒီဆိုင်းဘုတ်က ယွမ် ရာချီကုန်တာကွ။ မင်းက တကယ် ငါ့ ရန်သူပဲ။ ငါ့ကို ဒုက္ခပေးဖို့ လာတာလား”
ဆရာဝန်မှ ဒေါသတကြီး ပြောလိုက်သည်။
ရှောင်ချင်းသည် ပေကလတ် ပေကလတ်ဖြင့် မတရားခံရသည့်ရုပ် ဖြစ်နေသည်။ သူမ၏ မျက်နှာမဲ့ရွဲ့နေသည်မှာ စိတ်မကောင်းစရာပင်။ သူမ ကြည့်ရသည်မှာ အလှဟူ၍ တစ်စက်မှ မရှိဘဲ ကြောက်မက်ဖွယ်ကောင်းနေ၏။ ဆရာဝန်သည်လည်း သူမ၏ လှည့်ကွက်များကို မယုံတော့ပေ။
“ပေးစမ်း၊ ယွမ် နှစ်ရာဆို ရပြီ”
သူသည် ရုပ်ရည်ကြောင့် မျက်ကန်းတစ္ဆေဖြစ်သွားပြီး ဤကဲ့သို့ ကပ်ဆိုးမျိုးကို ငှားခဲ့ခြင်းပေ။
ရှောင်ချင်းမှ ၎င်းကို ကြားလိုက်သောအခါ ချက်ချင်းပင် ပြန်ပြောလိုက်၏။
“ကျွန်မ အပြစ် မဟုတ်ဘူး။ ခုနက ခြေထောက်နည်းနည်းကျင်သွားလို့ သေချာ မရပ်နိုင်တာနဲ့...အဲ-အဲဒါက ဒီနေ့ အလုပ်ကြောင့် အရမ်း ပင်ပန်းသွားတာ...”
ဆရာဝန်သည် ဤစကားကို ကြားလိုက်သောအခါ ဒေါသကြောင့် မျက်နှာများပင် ပြာနှမ်းသွားသည်။ နောက်စက္ကန့်ပိုင်းအတွင်းတွင် သူသည် ရှောင်ချင်းလက်ထဲမှ ယွမ် တစ်ရာကို ကြည့်ပြီး စကားများများစားစား ပြောမနေဘဲ ဖြတ်ယူလိုက်၏။
“မင်း ဒီနေရာကနေ မြန်မြန်သွားတော့။ တကယ်ဂြိုဟ်ဆိုးပဲ။ မင်းနဲ့ တွေ့ရလောက်တဲ့အထိ ကံဆိုးတဲ့သူ ဘယ်သူ ရှိသေးလဲဆိုတာ ငါ ကြည့်စမ်းမယ်”
သူမသည် ဒိရှန်း ကြာဆောင်၌ အလုပ် လုပ်ခဲ့ဖူးသည် မဟုတ်လော။ ရလဒ်မှာ အဘယ်နည်း။ ဤမျှလောက် ကြီးမားသော ကလပ်ကြီးသည် မျက်စိတစ်မှိတ်အတွင်း စီးပွားပျက်သွားခဲ့သည်။ ယခု သူမ ဤနေရာတွင် အလုပ်လုပ်သည်မှာ ရက်ပိုင်းသာရှိသေးသည်၊ ထိုအချိန်တိုအတွင်းတွင် လူနာများစွာကို စိတ်အနှောင့်အယှက် ပေးခဲ့ပြီး သူ့အား အတင်းတုပ်ခံရန် လုပ်ခဲ့သည်ပင်”
ဤသို့သော မိန်းမမျိုးသည် အပြင်ပန်းလှသည် မှန်သော်လည်း ရုပ်လှတော့ ဘာလုပ်ရမည်နည်း။ ကမ္ဘာပေါ်တွင် လှပသော မိန်းမများစွာ ရှိသော်လည်း သူမကဲ့သို့ ဒုက္ခပေးတတ်သော မိန်းမမျိုးမှာ လက်တစ်ဆုပ်စာသာရှိပေမည်။
“ရှင်ကများ ကျွန်မဆီက လုရဲတယ်”
ရှောင်ချင်း ပြောလိုက်၏။
ဆရာဝန်မှ ဒေါသကြောင့် ခေါင်းများပင် ကိုက်နေချေပြီ။
“မင်း ဆီက လုတယ်၊ ဟုတ်လား။ မင်းကို ဒီယွမ် တစ်ရာ ပေးထားတဲ့ လူက ငါပါကွ။ သွားတော့ သွားတော့။ မဟုတ်ရင် ငါ့ အဆိုးမဆိုနဲ့”
သူမသည် အလုပ်ပင်ပန်းသည်ဟု အမှန်တကယ် ပြောရဲသေးသည်။ ထိုစကား ပြောရမည့်လူမှာ သူပင် မဟုတ်သလော။
သူသည် ကူညီဖော်ရရန် လက်ထောက် တစ်ယောက် လိုချင်ခဲ့သော်လည်း ရလဒ်မှာ အဘယ်နည်း။ ရှောင်ချင်းရှိခဲ့သည့် ရက်ပိုင်းအတွင်းတွင် သူ့ အလုပ်များမှာ ယခင်ကထက်ပင် ပိုများလာသေး၏။
Space and Rebirth - 510
Trans: Esth
ဆရာဝန်၏ ကြိမ်းမောင်းသံကြောင့် ရှောင်ချင်းအနောက်သို့ ဆုတ်သွားပြီး မျက်နှာတွင် မျက်ရည်များသွင်သွင်စီးကျလာ၏။
'ကျင်းယွင်ကျောင်းနဲ့ စကား ပြောလိုက်တဲ့သူတိုင်း ဘာလို့ ဒီလောက်ဆိုးသွားကြတာလဲ'
ရှောင်ချင်းသည် နားမလည်နိုင်သော်လည်း ဖွင့်ဟမမေးရဲပေ။ သူမ ခြေထောက်မှ နာကျင်မှုလှိုင်းများ တလိပ်လိပ် တက်လာသောကြောင့် သူမ နေနေသောနေရာသို့ ထော့နဲ့ ထော့နဲ့ဖြင့် ပြန်သွားလေသည်။ ကျင်းယွင်ကျောင်းမှ ဟွားကျဲအား ပြောထားသည်။ ရှေ့လျှောက်တွင် ရှောင်ချင်းသည် ကောင်းမွန်သော ဘဝဖြင့် မနေရရန် သူမ အာမခံသည်ဟူ၍ ဖြစ်သည်။
ရှောင်ချင်းမှ သူမ အခန်းသို့ ပြန်ရောက်လာသောအခါ ဝမ်ဟုန်ကို မတွေ့ချေ။ သူမ၏ စိတ်ဆင်းရဲမှုများကို ပြောပြစရာ မည်သူမျှ မရှိ။ စဥ်းစားကြည့်ပြီးနောက် သူမသည် ခြေသံကို ဖွဖွနင်းကာ မြေအောက်ခန်းထဲသို့ ဝင်သွား၏။
မြေအောက်ခန်းတွင် စူးရှရှ အနံ့တစ်ခု ရှိနေလေသည်။ ၎င်းအနံ့အသက်မှာ မကောင်းလှပေ။ အနည်းငယ်ပင် အောက်သိုးသိုး ဖြစ်နေ၏။ လေလည်ပတ်မှု မကောင်းသော်လည်း တံခါးကိုမူ တင်းတင်းပိတ်ထားသေးသည်။ ရှောင်ချင်းသည် ၎င်းကို တွေးမိပြီး တံခါး လက်ကိုင်ကို လှမ်းကိုင်လိုက်သည်။
သို့သော် ၎င်းကို သူမ မထိနိုင်ခင်မှာပင် တံခါးပွင့်သွားလေသည်။ သူမ အရှေ့တွင် ဝမ်ဟုန် ပေါ်လာပြီး စက္ကန့်ပိုင်း အတွင်းတွင် တံခါးသည် ဂျိမ်းခနဲ ပြန်ပိတ်သွားလေ၏။ သူ၏ မျက်နှာ အသွင်အပြင်မှာ အလွန် အကျည်းတန်နေသည်။
“ဒီနေရာကို မလာခဲ့နဲ့လို့ ငါ မင်းကို ပြောထားတယ်မဟုတ်ဘူးလား”
သူ၏ မလိုတမာ အကြည့်မှာ အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူ့ဆီမှ ထူးဆန်းသောအနံ့အသက် တစ်ခု ထွက်နေ၏။ ပုံမှန်ဆိုလျှင် သပ်သပ်ရပ်ရပ် ဖြစ်သော သူ၏ ဝတ်စုံမှာ ဖုန်အနည်းငယ် တက်နေကာ အလွန် ဖရိုဖရဲ ဖြစ်နေလေသည်။ ကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ သူ၏ အသံဖြစ်၏။ သူ၏ အသံသည် စင်္ကြံတစ်လျှောက် ပဲ့တင် မြည်ဟည်းသွားပြီး ရှောင်ချင်း၏ နားသို့ ကျယ်လောင်စွာ ရောက်ရှိခဲ့သည်။
သူသည် ပြတ်သား စူးရှသော အသံဖြင့် မျက်နှာအသွင်အပြင်မှာလည်း တစ်ခုခုကို ရွံရှာသည့်ပုံပေါက်နေ၏။
သူမသည် ဝမ်ဟုန်နှင့် ရက်အတော်ကြာ နေထိုင်ခဲ့ပြီး တစ်ကုတင်တည်းတွင်ပင် အိပ်ဖူးသော်လည်း သူ့အား ဤကဲ့သို့ ပုံစံမျိုးဖြင့် တစ်ခါမှ မတွေ့ဖူးချေ။
သူမသာ ခြေတစ်လှမ်း လှမ်းလာလျှင် ချက်ချင်းဆွဲယူပြီး ဂုတ်ကို ချိုးတော့မည့် နတ်ဆိုးအလားပင်။ သူမတစ်ကိုယ်လုံး အေးစက် တောင့်တင်းသွား၏။
သူမသည် တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့်
“ကျွန်မ...ကျွန်မ အလုပ်ထုတ်ခံရတယ်...”
ဟု ပြောလိုက်သည်။
တင်းမာသော အခြေအနေမှာ စက္ကန့်ပိုင်းသာ ကြာလိုက်၏။ ဝမ်ဟုန်သည် အသက်ကို ပြင်းပြင်းရှူကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး မြေအောက်ခန်းမှ ထွက်သွားလိုက်သည်။ သို့သော် ပထမထပ်မှာ ယခုချိန်ထိ နေရောင် မဝင်သေးပေ။ သူ၏ မျက်နှာမှာ ဖုံးဖိ မရနိုင်လောက်သည်ထိ သုန်မှုန်နေပြီး အခြားလူများမှ မြေပြင်ပေါ်လဲကျကာ တုန်လှုပ်စေနိုင်သောပုံစံမျိုးဖြစ်နေ၏။
“ရှင်-ရှင်က ကျွန်မကို အရမ်း ကြမ်းတာပဲ...ရှင်ကျွန်မကို မကြိုက်မှန်း သိပါတယ်။ ဒါဆို ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး။ ထွက်သွားပေးမှာပါ...”
ရှောင်ချင်းသည် လွန်စွာ ကြောက်ရွံ့နေသော်လည်း အနိုင်ကျင့်ခံရသည့်စိတ်က ပိုပေသည်။
ဝမ်ဟုန်သည် သူမအား အတော်ကြာ ကြည့်ပြီးနောက် မျက်နှာကောင်းသွားလေ၏။
“ငါ အဲ့လို မရည်ရွယ်ပါဘူး။ မင်း ရုတ်တရတ်ပေါ်လာတော့ ငါလည်း လန့်သွားတာပါ။ ပြီးတော့ ငါက အလုပ် လုပ်နေရင်း နှောင့်ယှက်ခံရတာကို အကြောက်ဆုံးပဲ။ မငိုပါနဲ့။ ဒီနေ့ညစာအတွက် ဝက်ပေါင်ခြောက် ကင်ကျွေးမယ်လေ”
ရှောင်ချင်းသည် တရှုံ့ရှုံ့ဖြင့် ငိုကြွေးနေ၏။
“ကျွန်မ ဒီနေ့ ကျင်းယွင်ကျောင်းကို ထပ်တွေ့ပြန်ပြီ။ သူပဲ သူများကို ပေါက်ကရတွေ သွားပြောလို့ ကျွန်မ အလုပ်ထုတ်ခံလိုက်ရတယ်...”
ကျင်းယွင်ကျောင်း၏ နာမည်ကို ကြားလိုက်ရသောအခါ ဝမ်ဟုန်၏ မျက်လုံးထဲတွင် အဓိပ္ပာယ်ဖော်ပြ၍ မရနိုင်သော အကြည့်များ လွှမ်းသွား၏။
ခေတ္တမျှ စဥ်းစားပြီးနောက် သူ စကား စပြောလိုက်သည်။
“ဒီကျင်းယွင်ကျောင်းဆိုတဲ့သူက...”
“သူ့ နာမည်ကိုတောင် မပြောနဲ့။ ကျွန်မ ဒေါသထွက်လွန်းလို့”
“မနေ့က နေ့လယ်ကလည်း ကျွန်မ မောင်တွေက ဖုန်းခေါ်ပြီး ပြောတယ်။ ကျွန်မ မောင်တွေကို မုန့်စျေးတန်းမှာ သူ ထိုးလိုက်တယ်တဲ့လေ။ သူတို့ရှေ့သွားတွေ အကုန် ကျွတ်ကုန်တာ။ အဲ့ဌာနမှူးဆိုတဲ့ လူကလည်း လူကောင်း မဟုတ်ဘူး။ ကျင်းယွင်ကျောင်းကို တောင်းပန်စာလောက်ပဲ ရေးခိုင်းတယ်။ တကယ် မတရားဘူး။ သူ့လိုမျိုး ပြဿနာ ရှာတဲ့ကျောင်းသူကို ကျောင်းထုတ်ရမှာ မဟုတ်ဘူးလား”
“ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်က မင်းမောင်ကို နိုင်တာလဲ”
ဝမ်ဟုန်သည် တိုးတိတ်သော အသံဖြင့် မေးလိုက်၏။
“ရှင် ပြောတဲ့အတိုင်း ကျွန်မ မောင်ကို အဖြေရှာခိုင်းလိုက်တယ်လေ။ ကျောင်းက ကျောင်းသားတွေအားလုံး ပြောတယ်၊ သူက သိုင်းတတ်တော့ လူတွေကို ပညာပေးတဲ့နေရာမှာ ဆရာမကြီးပဲတဲ့။ လူကြီးတစ်ယောက်တောင် သူ့ကို နိုင်မှာ မဟုတ်ဘူး။ အာ၊ ဟုတ်သားပဲ။ ရှင် မနေ့က သတင်း မကြည့်လိုက်ဘူးလား။ ပထမနှစ် အထက်တန်း ကျောင်းသူလေးက လူဆိုးတွေ နောက်ကို လိုက်ပြီး မှောင်ခိုသမား နှစ်ယောက်ကို လက်ဗလာနဲ့ ထိုးနိုင်ခဲ့တယ်တဲ့လေ”
Space and Rebirth - 511
Trans: Esth
ရှောင်ချင်းသည် စကားပြောပြီးနောက် သက်ပြင်းချလိုက်၏။
“သူ့ကို သင်ခန်းစာပေးဖို့ လူတစ်ယောက်လောက် ရှာချင်ခဲ့ပေမယ့် သူက ကိုယ်ခံပညာ တတ်တော့ ကျွန်မ လုပ်နိုင်တာ ဘာမှမရှိဘူး...ဒါပေမယ့် ဝမ်ဟုန်၊ ကျွန်မ တကယ် အနိုင်ကျင့်ခံခဲ့ရတယ်။ သူက ဘယ်တော့မှ ကျွန်မ အနားက ထွက်မသွားမယ့် သရဲလိုပဲ။ နောက်ကျရင် ဟွားနင် ခရိုင်မှာ အခြေ မချနိုင်စေရဘူးလို့တောင် ကျွန်မကို ပြောသွားသေးတယ်။ ကျွန်မ နောက်ကွယ်မှာ သူ တစ်ခုခုလုပ်မှာကို တကယ် ကြောက်တယ်...”
ဝမ်ဟုန်သည် ခေတ္တမျှ ဆိတ်ငြိမ်သွားသည်။
“စိတ်မပူပါနဲ့၊ နည်းလမ်း ရှိပါတယ်”
ဆယ်စက္ကန့်မျှ ကြာပြီးနောက် သူသည် အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်၏။
သူသည် ခြေကို ကြွလိုက်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ကာ နှုတ်ခမ်းကို ဟ၍ တစ်ငုံ သောက်လိုက်သည်။
“မင်းရဲ့ ဝမ်းကွဲ ညီမလေး ကြည့်ရတာ စိတ်ထား နူးညံ့ပြီး အကျိုးအကြောင်း ပြောလို့ရမယ့်ပုံပဲ။ နောက် နှစ်ရက်၊ သုံးရက် နေရင် သူ့ကို ခေါ်လိုက်လေ။ မင်းအစား ငါ သူ့ကို စကားပြောပေးမယ်။ ငါနားချပေးလို့ ရရင် ရမှာပေါ့။ လောလောဆယ်တော့ စိတ်ငြိမ်ငြိမ်ထားပါဦး။ မင်း အလုပ် မရှာနိုင်ရင်လည်း ဒီအတိုင်း အိမ်မှာနေပေါ့။ ငါ မင်းကို ဂရုစိုက်ပေးမှာပဲ”
ရှောင်ချင်းသည် ထိုစကားကို ကြားလိုက်သောအခါ သက်ပြင်းချလိုက်သည်။
“သူက ကျွန်မကို နားထောင်ဦးမှကိုး”
“တကယ်တော့ ငါ့မှာ အကြံတစ်ခု ရှိတယ်”
ဝမ်ဟုန်သည် ချီတုံချတုံဖြင့် ပြောလိုက်၏။
“ဘာလဲ”
ရှောင်ချင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“မင်းရဲ့ ဝမ်းကွဲညီမလေးက လိမ္မာတဲ့ ကလေး ဆိုပေမယ့် ကျင်းယွင်ကျောင်းနဲ့ သူငယ်ချင်း ဖြစ်သွားလို့သာ သူ့ဘက် အမြဲပါနေတာ။ ဒါပေမယ့် ကလေးတွေက သူငယ်ချင်း လုပ်တဲ့နေရာမှာ စိတ်အပြောင်းအလဲ အရမ်းမြန်ကြတယ်။ ဒီနေ့ သူတို့ဆက်ဆံရေးက ကောင်းပေမယ့် ဘယ်သူသိနိုင်မလဲ၊ မနက်ဖြန် ဆိုးရင် ဆိုးသွားနိုင်တာပဲလေ”
ဝမ်ဟုန်သည် ပါးစပ်ကို ဖြည်းဖြည်းချင်းဟကာ ဆက်ပြောလိုက်၏။
“နောက်ရက်ပိုင်းကြာလို့ မင်း ဝမ်းကွဲ ညီမလေးကို ခေါ်ထုတ်လာပြီးရင် သူ့ ဖုန်းကနေတဆင့် ကျင်းယွင်ကျောင်းကို မက်ဆေ့ချ်ပို့လိုက်။ သူတို့ နှစ်ယောက်လုံး ရောက်တာနဲ့ အန္တရာယ် တစ်ခုခု ဖြစ်အောင် စီစဥ်လိုက်။ အဲ့အချိန်မှာ ကျင်းယွင်ကျောင်းက သူနဲ့သေချာပေါက် အခင်အမင် ပျက်မှာပဲ။ အဲ့အခွင့်အရေးကို သုံးပြီး သူ့ကို သင်ခန်းစာ ပေးလိုက်ပေါ့...”
ရှောင်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် ကျွန်မ ဝမ်းကွဲညီမလေးက ကျွန်မနဲ့ လိုက်ပါ့မလား”
ဝမ်ဟုန်သည် ပြုံးကာ သူ့ အိတ်ကပ်ထဲသို့ နှိုက်လိုက်၏။ ထိုမှ ထွက်လာသော သော့ဖြင့် အံဆွဲကို ဖွင့်လိုက်ပြီး ထိုမှ ဆေးသေတ္တာ တစ်ခုကို ယူလိုက်၏။ ၎င်းသေတ္တာမှ ဆေးတောင့် တစ်ခုကို ထုတ်ကာ
“ငါ တစ်နေ့လုံး ငါ့ ကုမ္ပဏီအတွက် ဆေးတွေ သုတေသန လုပ်ရတယ်လို့ ပြောခဲ့တယ် မှတ်လား။ ဒီဆေးတောင့်ကို မတော်တဆ စားမိရင် စားမိတဲ့လူက နာရီပိုင်းလောက် အိပ်ပျော်သွားလိမ့်မယ်။ မင်းဝမ်းကွဲရဲ့ မိဘတွေက အိမ်မှာ မရှိတတ်ဘူး၊ မင်းမောင်တွေပဲ အိမ်မှာ ရှိတတ်တာလေ။ သူတို့ ကူညီပေးနိုင်တယ် မှတ်လား”
ရှောင်ချင်းသည် ၎င်းကို ကိုင်ကြည့်လိုက်သောအခါ ဆန်းသစ်လှသည်ဟု တွေးမိသွားသည်။
“နေရာကိုရော ဘယ်လိုလုပ်မလဲ...ကျွန်မ သူ့ကို ဘယ်နေရာမှာ သင်ခန်းစာပေးရမလဲ မသိဘူး”
“ငါ့ ကုမ္ပဏီမှာ အရင်က စက်ရုံဟောင်း တစ်ခုရှိတယ်...”
....
သူတို့၏ ဆွေးနွေးသံများသည် တဖြည်းဖြည်းဖြင့် တိုးတိတ်သွား၏။ သူတို့ စကားပြောသည်နှင့်အမျှ ရှောင်ချင်း၏ စိတ်အခြေအနေလည်း များစွာပိုကောင်းလာ၏။ သူမသည် ပျော်ရွှင်မြူးတူးနေသော ငှက်ကလေး တစ်ကောင်ကဲ့သို့ ဝမ်ဟုန်၏ ရင်ခွင်ထဲတွင် ခိုဝင်လိုက်သည်။ မကြာမီတွင် သူတို့နှစ်ဦးသားသည် အိပ်ရာထဲသို့ လူးလိမ့်ဝင်သွားကာ အချိန်အတော်ကြာ ချစ်တင်းနှောနေတော့သည်။
ရှောင်ချင်းသည် အချိန်ကြာလာလေ ဝမ်ဟုန်ကို သူမ၏ ကယ်တင်ရှင်ကဲ့သို့ မှတ်ယူလာ၏။
သို့သော် သူမနှင့် ဝမ်ဟုန်တို့ သဘောတူထားသော အချိန်မှာ မရောက်ရှိသေးပေ။ သူမ၏ နာကျင်စရာနေ့ရက်များမှာလည်း မပြီးပြတ်သေးချေ။
နောက်နေ့တွင် ရှောင်ချင်းသည် အလုပ်ထွက်ရှာတော့၏။ ဟွားနင်ခရိုင်တွင် ဆေးခန်းများစွာ မရှိသည့်အပြင် သူမသည် အိမ်အနီးတွင် အလုပ်ရမှ ဖြစ်လေမည်။ ထို့ကြောင့် သူမသည် လက်ဗလာဖြင့်သာ အိမ်ပြန်ခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် သာမန် အရောင်းစာရေး အလုပ်ကိုသာ အာရုံ ပြောင်းရတော့၏။
သို့သော် သူမ အလုပ်ရခါနီးတွင် တစ်စုံတစ်ယောက်မှ ထိုဆိုင်များထံ ဝင်လာပြီး သူမအား လက်ညှိုးငေါက်ငေါက်ထိုးလေတော့သည်။ နောက်ဆုံးတွင် သူဌေးအသစ်လည်း သူမအကြောင်း သိရှိသွား၏။ သူမသည် အလုပ်မစခင်ပင် ထပ်၍ အလုပ်ထုတ်ခံရပြန်လေသည်။
ထို့အပြင် ထိုလူကြီးမှာ သူမအား နှစ်ကြိမ်မျှ ပါးရိုက်လိုက်သေးသည်။ သူမအတွက် အမှန်ပင် မခန့်မှန်းထားခဲ့သော ကပ်ဘေးကြီးပင်။
ညအချိန် ရှောင်ချင်းမှ စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ ပြန်လာစဥ်တွင် သူမ အရှေ့သို့ ဇိမ်ခံကားတစ်စီး ထိုးရပ်လိုက်၏။ ၎င်း၏ စျေးမှာ ဝမ်ဟုန်၏ ကားထက် များစွာ ပိုစျေးကြီးပေသည်။ အထဲမှ အမျိုးသား တစ်ဦးသည် ကားမှန်ကို ချကာ သူ၏ ခေါင်းကို ထုတ်ပြီး စိတ်ပူဟန်ဖြင့် ပြောလိုက်၏။
“မိန်းကလေး၊ ညဘက်ကြီး တစ်ယောက်တည်း လမ်းလျှောက်တာ မလုံခြုံဘူးနော်။ လိုက်ပို့ပေးရမလား”
ဤလူမှာ အလွန်ချောမောပြီး ဂုဏ်သိက္ခာရှိသော အငွေ့အသက်များ ဝန်းရံထားလေသည်။ သူ၏ အရှေ့တွင် ကားမောင်းပေးနေသော ကားဒရိုင်ဘာပင်ရှိ၏။
ရှောင်ချင်းသည်လည်း သူမ၏ သဘာဝအတိုင်းပင် ရှက်သွေးဖြာပြီး ခေါင်းညိတ်ကာ ကားထဲသို့ ဝင်လိုက်လေသည်။
သို့သော် ကားထဲသို့ ဝင်ပြီးနောက် ဒရိုင်ဘာသည် အိမ်နှင့် ဆန့်ကျင်ဘက်နေရာသို့ မောင်းချလိုက်၏။ ရှောင်ချင်း အံ့အားသင့်သွားလေသည်။ သူမသည် ပဟေဠိ ဖြစ်ဟန်ဖြင့် မျက်နှာများ နီမြန်းလာပြီး ပြောလိုက်၏။
“လူကြီးမင်း၊ ကျွန်မရဲ့ အိမ်က...ဒီဘက်ကို မဟုတ်ပါဘူး…”
Space and Rebirth - 512
Trans: Esth
အမျိုးသားမှ ပြုံးကာ ပြောလိုက်သည်။
“မိန်းကလေး၊ မင်းက ငါ့ ကားထဲ ဝင်ဖို့မကြောက်ဘူးဆိုတော့ ငါနဲ့ နီးစပ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား”
သူသည် စကားပြောရင်းဖြင့် ရှောင်ချင်း၏ ပေါင်ခြံများထံ လက်လှမ်းသွား၏။ ချက်ချင်းဆိုသလိုပင် ရှောင်ချင်းသည် ဓာတ်လိုက်ခံရသကဲ့သို့ ဖြစ်သွားလေသည်။ သူမသည် ရင်တုန်တုန်ဖြင့် အာမေဋိတ်ပြုလိုက်ပြီး
“မ-မထိနဲ့ ကျွန်မက အဲ့လို မိန်းမစားမျိုး မဟုတ်ဘူး...”
ဟု ပြောလိုက်လေသည်။
သို့သော် သူမအသံမှာ ညုတုတုဖြင့် ဖိတ်ခေါ်နေသည့်အလား ဖြစ်နေ၏။
“ယွမ် တစ်သိန်း”
အမျိုးသားသည် သူမအား လွယ်လွယ်ဖြင့် နမ်းလိုက်ပြီး သူမ၏ နားရွက်နား ရောက်သည်နှင့် ထိုစကားလုံးသုံးလုံးကို တီးတိုးရေရွတ်လိုက်သည်။
ရှောင်ချင်းသည် ထိုသူ့စကားအား ကြားလိုက်သည်လော သို့မဟုတ် ကြောက်ရွံ့ထိတ်လန့်နေသည်လော မသိ၊ သူမ၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် ရပ်တန့်သွားလေသည်။ သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သူမသည် ခုခံရန် ကြိုးစားခဲ့သော်လည်း သူမ၏ လှုပ်ရှားမှုများမှာမူ သနားစရာကောင်းလောက်စွာပင် သေးငယ်လှသည်။
ထိုညက သူမသည် လမ်းကျဥ်းလေးထဲတွင် ပျော်ပါးခံခဲ့ရလေ၏။
သို့ရာတွင် ဤကမ္ဘာပေါ်၌ အရပ်ရှည်ရှည် ဥစ္စာပေါရုပ်ချော ယောက်ျားမျိုး ဤမျှလောက် များနိုင်ပေသလော။ ဤလူမှာ ဟွားကျဲ၏ ညွှန်ကြားမှု အောက်တွင် ကျင်းယွင်ကျောင်း ရှာထားသော လူပင်ဖြစ်သည်။ ဤအမျိုးသားမှာ သေချာပေါက် ရုပ်ရည်ခန့်ညားပေသည်။ သို့သော် မည်မျှပင်ချောမောပါစေ သူမ ပါးစပ်မှ စောစောစီးစီး မထွက်သင့်သော စကားများရှိသည်။ ထိုသူသည် အနာဂတ်တွင် အပြော တစ်မျိုး အလုပ် တစ်မျိုး လုပ်နေသော ဤအမျိုးသမီးအား ကိုယ့်နေရာကိုယ် သိစေချင်မိသည်။
နောက်ရက်ပိုင်းအတွင်း ရှောင်ချင်း ပေါ်လာတတ်သော နေရာတွင် နေ့တိုင်း ကားဖြတ်မောင်းရန် ကျင်းယွင်ကျောင်းမှ ထိုလူအား မှာကြားထားခဲ့သည်။
ရှောင်ချင်းသည် ဤရက်ပိုင်းအတွင်း အလုပ်ရှာနေသည် ဖြစ်သော်လည်း အချိန်တိုင်း သူမ၏ အလုပ်သစ်သည် ကျင်းယွင်ကျောင်း ငှားထားသော လူမိုက်များကြောင့် ပျက်စီးရစမြဲ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ပျက် အားလျော့နေသည့်အချိန်တွင် သူမ လိုအပ်တိုင်း အရပ်ရှည်ရှည် ရုပ်ချောချောအမျိုးသား တစ်ဦးမှ သူမဘေးတွင် ပေါ်လာတတ်သည်။ သို့သော် သူမ စိတ်ထဲတွင်မူ သူမသည် မလုပ်ချင်သော်လည်း အနောက်မှ အလိုက်ခံရပြီး သူမအား ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးသောကြောင့် သူမအား ကျေနပ်ပီတိ ဖြစ်စေလေသည်။
ဤလူမှာ ဝမ်ဟုန်ကဲ့သို့ မဟုတ်ပေ။ သူမ စိတ်ဓာတ်ကျတိုင်း ပေါ်လာတတ်သောကြောင့် ဖြစ်သည်။ သူမသည် အပြစ်ကင်းစင်သော သားရဲ တစ်ကောင်ကဲ့သို့ ခံစားရသည်။ ဤအမျိုးသား၏ ပွေ့ဖက်မှုမှာ ကြမ်းတမ်းသော်လည်း နွေးထွေးမှုများဖြင့် ပြည့်နေ၏။
ငွေနှင့် ပတ်သတ်လျှင်မူ ကျင်းယွင်ကျောင်းသည် ထိုအမျိုးသားအား အမှန်တကယ် မပေးခိုင်းချေ။ သူမသည် နေ့တိုင်း မဖြစ်နိုင်သော အရာကိုသာ ပြောခိုင်းနေခြင်း ဖြစ်၏။ ရှောင်ချင်း၏ စရိုက်နှင့်ဆိုလျှင် သူမသည် ယောက်ျားများထံ မှီခိုစရာ မလိုသကဲ့သို့ အမြဲတမ်း ဟန်လုပ်ပြတတ်သည်။ ထိုလူလည်း ရေလိုက် ငါးလိုက်ဖြင့် ဟိတ်ဟန် ထုတ်ကာ ပြောလိုက်၏။
“မင်း လိုချင်ရင် ငါ့ ပိုက်ဆံကို မင်း လိုသလို သုံးလို့ရတယ်။ ငါ မင်းကို အတင်းမပေးပါဘူး”
ရှောင်ချင်းမှ အချစ်တွင် ကျဆုံးနေသည့် အချိန်တွင် ဟွားနင် ခရိုင် တစ်ခုလုံး ဖိန့်ဖိန်တုန်စေခဲ့သည့် အမှုကြီးအား စီရင်ချက် ချလိုက်ပြီ ဖြစ်၏။
မုံ့လင်းနှင့် အခြားသော အကောင်ကြီးများသည် တစ်သက် တစ်ကျွန်း ကျခံလိုက်ရပြီး အခြားသော အုပ်ချုပ်ရေး အဖွဲ့ဝင်များအတွက်မူ အားလုံး နီးပါး ဆယ်နှစ်ကျော် ထောင်ဒဏ်ကို ကျခံလိုက်ရသည်။
သို့သော် ဤကိစ္စသည် မပြီးသေးကြောင်း ကျင်းယွင်ကျောင်း သိနေခဲ့သည်။
ကလပ် ပိုင်ရှင်များအပြင် အခြားသော အရာရှိများစွာလည်း ဤကိစ္စတွင် ပါဝင် ပတ်သတ်နေလေသည်။ သူတို့ကြောင့်သာ မဟုတ်လျှင် ဤကလပ်သည် ဤမျှလောက် ကောင်းမွန်စွာ လည်ပတ်နိုင်မည်လော။ ထို့အပြင် မုံ့မိသားစုကိုလည်း အရေးယူရဦးမည်။
ကျင်းယွင်ကျောင်း မသိခဲ့သည်မှာ ဤကိစ္စတွင် လီရှောက်ယွင်၏ ပါဝင် ပတ်သတ်ပုံကို ဖြစ်၏။ လီရှောက်ယွင်သည် လက်တလောကမှ အလွန်အလုပ်ရှုပ်ပြီး မြို့ထဲ ပြန်မရောက်လာသေးသည်ကိုသာ သူမ သိထား၏။ ထိုအစား သူသည် နင်း မြို့တော်တွင် ရှိနေကာ အင်အားစု များစွာကို ကိုင်တွယ် ဖြေရှင်းနေပုံရသည်။
လီရှောက်ယွင်သည် မြို့တော်မှ သခင်လေး တစ်ဦးဖြစ်သော်လည်း နင်းမြို့တော်မှာ သူ၏ ပိုင်နက်မဟုတ်သောကြောင့် အခက်အခဲများစွာကို ရင်ဆိုင်ရလေသည်။ သို့သော် သူမ မေးလိုက်စဥ်ကပင် လီရှောက်ယွင်သည် အသေးစိတ် မရှင်းပြချေ။ သူမအား စိတ်မပူစေရန် မပြောပြဖို့ ဆုံးဖြတ်ထားသည်။
သူ၏ စကားအရ သူသည် ရန်ငြိုးရှိ၏။ မုံ့မိသားစုမှ သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲသောကြောင့် သူတို့သည်လည်း သူ၏ လက်ချက်ဖြင့် မြေလှန်ခံရဖို့ ပြင်ထားသင့်ပေသည်။
အပြင်ဘက်တွင် မုန်တိုင်း တိုက်နေစဥ်တွင် လီရှောက်ယွင်မှာ အလွန်ခိုင်ခံ့ပြီး ဖောက်ထွင်း၍ မရနိုင်သော ထီးတစ်ချောင်းနှင့် တူသည်ဟု ကျင်းယွင်ကျောင်းခံစားမိသည်။ သူမ ခန္ဓာကိုယ်တွင် မိုးတစ်ပေါက်မှ မစိုပါချေ။
သို့ရာတွင် ရင်တုန်စိတ်လှုပ်ရှားနေသူများ ကျန်နေသေး၏။
ရှောင်ချင်းသည် ကိုယ်ရောစိတ်ပါ သစ္စာဖောက်ပြန်နေသူ ဖြစ်သောကြောင့် ဟူဝမ်ဟုန်အား ခါတိုင်းကဲ့သို့ မဆက်ဆံတော့ပေ။ ထိုညက ဟူဝမ်ဟုန်သည် သူမ၏ ကိုယ်ပေါ်မှ သုတ်ရည်စက် အချို့ကို တွေ့လိုက်သည်။ သူ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ လှစ်ခနဲ ပြေးသွားသော်လည်း ချက်ချင်းဆိုသလို အစအနမရှိ ပျောက်ကွယ်သွားသည်။ ထို့နောက် ဘာမှ မဖြစ်ဟန်ဖြင့် သူသည် သူမအား လှုပ်နှိုးလိုက်၏။