အခန်း (၅၃၇-၅၄၀)
Vol. 27 Ch. 537-540
Space and Rebirth 537
Trans: Esth
သူမတို့ ဘေးတွင်ရှိသော လီရှောက်ယွင်၏ လူနာခန်းတွင် လူမရှိတော့သည်မှာ ကြာပေပြီ။ ထိုထူးဆန်းသောလူများလည်း ပျောက်သွားပြီဖြစ်သည်။ လီရှောက်ယွင်သည် စူပါမန်းကဲ့သို့ပင် သူ၏ ဒဏ်ရာများကို အလေးအနက် လုံးဝမထားသောကြောင့် ကျင်းယွင်ကျောင်းနှင့် အခြားလူများသည် အတော်ကြာ စိတ်ပူလိုက်ရ၏။
ဆေးရုံ အပြင်ဘက်တွင် မိုးရွာနေရာမှ နေထွက်လာပြီဖြစ်သည်။ နေရောင်သည် မှန်တံခါးမှတဆင့် ဖြာထွက်နေသောကြောင့် ပတ်ဝန်းကျင်သည် ဖျိုးဖျိုးဖျဖျ တောက်ပနေ၏။
စူးချူသည် ဤမျှသော ကပ်ဘေးကြီးကို ဖြတ်ကျော်ခဲ့သည် ဖြစ်ရာ သူမမိဘများသည် ပျောက်ဆုံးခဲ့ရသော အရာတစ်ခုကို ပြန်လည်ရှာတွေ့သလို ခံစားနေရကြသည်။ သူတို့သည် အလျင်အမြန်ပင် အလုပ် တာဝန်များကို နားထားပြီး စူးချူအား ရက်ပိုင်းခန့် ကိုယ်ဖိရင်ဖိပြုစုတော့သည်။
တစ်ဖက်တွင်မူ စူးချူမှာ အနည်းငယ် အပြစ်ရှိသလိုခံစားရပြီး ပျော်ရွှင်နေ၏။
အဘယ်ကြောင့်ဆိုသော် မည်သူက မည်သို့ပင် ပြောစေကာမူ သူမသည် မည်သည့်အန္တရာယ်ကိုမျှ မခံစားခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူမသည် လူအများမှ စိတ်ပူပန်ပေးသည်ကို ခံစားလိုက်ရလေသည်။ သူမ၏ မိဘများပင် သူမအား တဖြည်းဖြည်းဖြင့် ဖူးဖူးမှုတ်လာတော့သည်။ သူမသည် ဤဂရုစိုက်မှုမျိုးကို ခံစားရခြင်းကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သည်ဟု ပြောလျှင်ပင် အပိုစကား ဖြစ်မည်မထင်ချေ။ တစ်ဖက်တွင်မူ သူမ၏ နတ်ဘုရားတမျှဖြစ်သော ဝမ်းကွဲအစ်မ ကျင်းယွင်ကျောင်းအကြောင်း တွေးလိုက်လျှင် သူမသည် အပြစ်ရှိသလို ခံစားရပေသည်။
ဟူချန်းသည် ကျင်းယွင်ကျောင်းအား ပစ်မှတ်ထားနေခဲ့သောကြောင့် စူးချူသည် ကြားထဲမှ မြေစာပင်သာဖြစ်သွားသည်ဟု ရှင်းပြခဲ့သော်လည်း နောက်ဆုံးတွင် သူမအား ကယ်ခဲ့သည်မှာလည်း ကျင်းယွင်ကျောင်းပင် ဖြစ်သည်။
ကျင်းယွင်ကျောင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် သေချာပေါက် ကံကောင်းနိုင်မည် မဟုတ်ပေ။
သို့ရာတွင် ကျင်းယွင်ကျောင်း ရရှိသော ဂရုစိုက်မှုမျိုးမှာမူ သူမနှင့် ယှဥ်လိုက်လျှင် မဖြစ်စလောက်သာဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူမအမေဘက်မှ အဘိုး၏ မွေးစားမြေး ဖြစ်သော်လည်း မွေးစားမြေးနှင့် မြေးအရင်းတို့သည် တစ်ချိန်တည်းမှာပင် မတော်တဆ ဖြစ်ခဲ့သောကြောင့် ဂရုစိုက်မှုပေးသည့်နေရာတွင် သေချာပေါက် ကွာခြားချက် ရှိပေမည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် မွေးစားထားသော ဆွေမျိုးဖြစ်သောကြောင့် သူမအား စိတ်ပူပေးသည့်နေရာတွင် ယဥ်ကျေးမှု အနည်းငယ် ရှိကြလေသည်။ မြေးအရင်းဖြစ်သော သူမကိုမူ ထိုသို့ လုံးဝ မဟုတ်ပေ။
အတန်းဖော်များနှင့် သူငယ်ချင်းများမှာလည်း မိသားစု မေတ္တာနှင့် မယှဥ်နိုင်ချေ။
ထို့ကြောင့် လူနာခန်းထဲတွင် သူမတို့ မိသားစုသုံးယောက်အား ငေးကြည့်နေခဲ့သော ကျင်းယွင်ကျောင်းကို တွေးမိသောအခါ သူမသည် အပြစ်ရှိသလို ခံစားရပေသည်။
ကျင်းယွင်ကျောင်း အရှေ့တွင် သူတို့၏ မိသားစုချစ်ခြင်းမေတ္တာကို ထုတ်ကြွားနေသလို မဖြစ်ပါလော။ သူမအား စိတ်လှုံ့ဆော်မှု တစ်ခု မဟုတ် တစ်ခု ဖြစ်သွားစေလိမ့်မည်။
သို့ရာတွင် ဤသည်မှာ စူးချူမှ အတွေးများနေခြင်းသာဖြစ်သည်။
စူးချူ ဂရုစိုက်ခံနေရသည်ကို တွေ့လိုက်သောအခါ ကျင်းယွင်ကျောင်းသည် သူမအား ခေတ္တမျှ အားကျသွားသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် ထိုအတွေးအား စိတ်ထဲမှ ဖယ်လိုက်၏။ သူမတွင် ရှိသော အရာသည် အခြားသူများနှင့် ကွာခြားသည်ကို သူမ သေချာ သိထားလေသည်။ သူမ ယှဥ်လည်း မယှဥ်နိုင်သလို ယှဥ်စရာလည်း မလိုပါချေ။
ကျင်းယွင်ကျောင်းသည် ယခင်အတိုင်းပင် နွေးထွေးသော ဥယျာဥ်သို့ ပြန်သွားလိုက်သည်။ စူးချူနှင့် ကန်ကျင်းချန်သည် သူမအိမ်တွင် အချိန်တစ်ခုစာ နေထိုင်ခဲ့သည်။ အိမ်ထဲတွင် သူမတစ်ယောက်သာ ကျန်ခဲ့သောကြောင့် စိတ်အေးချမ်းစရာကောင်းပေသည်။
ကျင်းယွင်ကျောင်း ကြည့်ရသည်မှာ ကျောင်းသို့ ပုံမှန်အတိုင်း သွားပြီး ပေါက်ကွဲမှုကိစ္စအား စိတ်ထဲမထည့်သည့်ပုံ ပေါက်နေသော်လည်း အမှန်မှာမူ သူမသည် ရှောင်ချင်းအား ကိုင်တွယ် ဖြေရှင်းရန် ပြင်ဆင်နှင့်ပြီး ဖြစ်သည်။
ဟူချန်းမှာ သေသွားပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပင် ဖောက်ခွဲခံလိုက်ရပြီ ဖြစ်သည်။ ဟူမိသားစုအိမ်တွင်လည်း လူသတ်မှု ဖြစ်ခဲ့သည်။ ထို့အပြင် ထိုအိမ်မှာ သူမကိုယ်ပိုင်အိမ် မဟုတ်သောကြောင့် ထိုနေရာတွင် ဆက်နေနိုင်တော့မည် မဟုတ်ချေ။ ကူကယ်ရာမဲ့နေသော ရှောင်ချင်းသည် ယခင်က သူမတွေ့ခဲ့သော ယောက်ျားကိုသာ အကူအညီ တောင်းခံရတော့သည်။
ထိုလူ၏ နာမည်မှာ ကျောက်ချင်း ဖြစ်ပြီး ကျင်းယွင်ကျောင်းမှ ကြိုးကိုင်ထားသောလူ ဖြစ်သည်။ ကားမှအစ သူ၏ အဝတ်အစားအဆုံး ကျင်းယွင်ကျောင်း ဖန်တီးထားခြင်း ဖြစ်၏။
ပေါက်ကွဲမှု မဖြစ်စဥ်က ရှောင်ချင်းသည် ဤလူအား အဖန်တရာတေအောင် ငြင်းနိုင်ခဲ့သော်လည်း ယခုတွင် သူမ၌ မှီခိုအားထားစရာလည်း မရှိတော့သည့်အပြင် အလုပ်လည်း မရှာနိုင်သောကြောင့် ကျောက်ချင်း၏ အကူအညီကိုသာ ငံ့လင့်ရတော့သည်။
ကျင်းယွင်ကျောင်း၏ ခွင့်ပြုချက်ဖြင့် ကျောက်ချင်းသည် သူမ ယာယီ နေထိုင်ရန် နေရာ တစ်ခုကို ဝယ်ပေးလိုက်၏။
သို့ရာတွင် ဤနေရာမှာ ဟူမိသားစုအိမ်ထက်ပင် ဆိုးသေးသည်။ လေဒဏ်၊ မိုးဒဏ်ခံနိုင်သော အကာအကွယ် နေရာတစ်ခုမျှသာ ဖြစ်သည်။ အရာအားလုံးမှာ အလွန်တရာ စုတ်ပဲ့နေသည့်အပြင် အပေါ်ထပ်ရော အောက်ထပ်ပါ ဆူညံနေသောကြောင့် ဆင်းရဲသားအိမ်နှင့် တူလေသည်။
ရှောင်ချင်းသည် ဤနေရာကို တွေ့လိုက်ရသောအခါ ကြက်သေသေသွား၏။
ကျောက်ချင်းသည် ကားအကောင်းစား စီးကာ ဝတ်ကောင်းစားလှဖြင့် ရှိသော်လည်း သူမအား ဤကဲ့သို့အိမ်မျိုးကို ရှာပေးထား၏။
ဗီလာအိမ် မဟုတ်လျှင်ပင် အဆင့်အတန်းမြင့်ရပ်ကွက်၌ ရှိသင့်သည် မဟုတ်လော။
“အစ်ကိုချင်း....ဒီအိမ်က...”
ရှောင်ချင်းသည် အစော်ကားခံလိုက်ရသကဲ့သို့ သနားကမားရုပ်ဖြင့် ကြည့်လိုက်သည်။
ကျောက်ချင်းမှာ အပြုံးတစ်ခုဖြင့်သာ ပြောလိုက်၏။
“ညီမလေး၊ မင်းက မာနရှိတဲ့ မိန်းကလေးမို့လို့ ငါ့ကိုအခွင့်ကောင်း မယူချင်တာ သိတယ်။ အဲဒါကြောင့်မို့ စဥ်းစားကြည့်လိုက်ရင်း မင်းကို အစ်ကို့မွေးရပ်မြေမှာ ခဏနေခိုင်းဖို့ ဆုံးဖြတ်လိုက်တာ။ အရင်တုန်းက အစ်ကို ဒီကနေစခဲ့တာလေ။ အရမ်းအဓိပ္ပာယ်ရှိတဲ့ နေရာပေါ့။ ဒီဘဝမှာ အစ်ကို ဒီကိုခေါ်လာဖူးတဲ့လူဆိုလို့ မင်းပဲရှိတယ်”
Space and Rebirth 538
Trans: Esth
ရှောင်ချင်း၏ မျက်နှာ အနည်းငယ် ကောင်းလာ၏။
“ညီမလေး၊ မင်းက အစ်ကိုတွေ့သမျှ မိန်းကလေးတွေထဲမှာ အထူးခြားဆုံးပဲ။ ကျန်တဲ့ မိန်းကလေးတွေအားလုံးက ငွေမက်ပြီး အစ်ကို့ နားကို ကပ်ကြပေမယ့် မင်းတစ်ယောက်ပဲ အဲ့လို မဟုတ်တာ။ အရင်တုန်းက မင်းကို အတင်းအကြပ် လုပ်ခဲ့လို့ မင်းငါ့ကို မုန်းနေတာ သိပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ငါမင်းကို ကောင်းကောင်း ဂရုစိုက်မယ်လို့ ကတိပေးတယ်။ ဒီနေ့ကစပြီး မင်းကို အတင်း မလုပ်ဘူး။ မင်းကို လေးစားမှုပေးပါ့မယ်။ ဒီနေရာက တန်ဖိုးတော့ သိပ်မရှိပေမယ့် မင်း လောလောဆယ် ဒီမှာနေလို့ရတယ်လေ။ ငါ့ကို အကြွေးတင်နေပြီလို့ မခံစားနဲ့။ မင်း တစ်နေ့ကျ ငါ့နားနေရတာ လုံခြုံတယ်လို့ခံစားရပြီး ငါ့ကို အပြည့်အဝယုံလာရင် ငါမင်းကို လက်ထပ်မယ်။ ဘယ်လိုလဲ”
ကျောက်ချင်း ဆက်ပြောလိုက်သည်။
ဤစကားလုံးများသည် အလွန်တရာပင် ချွဲပျစ်လွန်းလှသည်။
ကျောက်ချင်းသည် ဤစကားများကို ပြောရင်းဖြင့် ပျို့အန်လုမတတ် ဖြစ်သွား၏။
သို့ရာတွင် ဤစကားလုံးများမှာ ကျင်းယွင်ကျောင်းကိုယ်တိုင် တစ်လုံးချင်းစီ ရွတ်ပြထားသောစကားများဖြစ်ရာ ၎င်းတို့ကို မပြောလျှင် သူမ ပေးသောငွေကို ရမည် မဟုတ်ချေ။
ရှောင်ချင်းသည် ယခင်ကတည်းပင် မိမိကိုယ်ကို မြင့်မြတ်သည်ဟု ထင်နေခဲ့သောသူ ဖြစ်သည်။ အခြားသူများမှ မည်မျှပင် သူမအပေါ် ကောင်းစေကာမူ သူမသည် ထိုသူတို့အား အပြစ်ပေါင်း တစ်ထောင်ခန့် ရှာနိုင်မည့်သူ ဖြစ်၏။
ယခင်က ကျောက်ချင်းသည် သူမအား ရှာတွေ့စဥ်တွင် သူသည် အတင်းအကြပ် လုပ်ခဲ့သည်။ သူမသည် ထိုဗိုလ်ကျ အနိုင်ကျင့်ခဲ့သော စီအီးအို၏ လက်ခုပ်ထဲမှ ရေဖြစ်ခဲ့၏။ ထိုအချိန်က ရှောင်ချင်းသည် မလုပ်ချင်ဘူးဟု ငြင်းခဲ့သော်လည်း သူမခန္ဓာကိုယ်သည် တဖြည်းဖြည်းဖြင့် ပွင့်လင်းလာခဲ့သည်။ ယခုမူ ဤဗိုလ်ကျ အနိုင်ကျင့်ခဲ့သော စီအီးအိုသည် ချက်ချင်းဆိုသလိုပင် သူမအား လက်ထပ်မည်ဟု ပြောနေပြန်သည်။ “မင်းအတွက် ပြောနေတာ” ဟု ပြောနေသလိုပင်။
ရှောင်ချင်းသည် ချက်ချင်းဆိုသလိုပင် မဖော်ပြတတ်သော ခါးသီးသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။
ယခင်က သူမသည် နေစရာ နေရာရှိခဲ့ပြီး ယခုမူ မရှိတော့ချေ။ ထို့ကြောင့် သူမသည် ရွေးချယ်စရာ မရှိပေ။ သို့သော် ယခုတွင် ကျောက်ချင်းမှ သူမအား လေးစားမှုပေးပြီး သူမ မလုပ်ချင်သောကိစ္စများကို မလုပ်ခိုင်းဟု ပြောနေလေသည်....
ပြသာနာမှာ သူမသည် ယခု လုပ်ချင်နေသည်ပင်။
သူမသည် နှိပ်စက်ခံရသည်ကို ကြိုက်ခြင်း မဟုတ်ပေ။ ဤကဲ့သို့ စုတ်တီးစုတ်ပြတ် နေရာတွင် သူမအဘယ်သို့နေနိုင်မည်နည်း။ ရပ်ကွက်ထဲတွင်လည်း မကောင်းသော နေရာအချို့ ရှိသေးသည်။ လုံးဝပင် ဆိုးရွားလှပေသည်။
သို့ရာတွင် သူမ ငြင်းဆန်၍ မရချေ။ ယခု သူမအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်မှာ ကျောက်ချင်း မဟုတ်လော။ ဤလူသည် သူမ၏ မာန၊ မိမိကိုယ်ကို အားကိုးမှုနှင့် အားမာန်ရှိခြင်းကို နှစ်သက်သည်ဟု ပြောနေသည်ဖြစ်ရာ သူမသာ စိတ်ပြောင်းပြီး ကျောက်ချင်းအား သူမအတွက် အိမ်တစ်အိမ် ဝယ်ခိုင်းပါက ကျောက်ချင်းသည် သူမအား ကြိုက်တော့မည် မဟုတ်ချေ။
ဤအရာကို တွေးလိုက်သောအခါ ရှောင်ချင်းသည် ရင်တုန်သွား၏။ အနည်းငယ်လည်း နောင်တရသွားမိ၏။
သူမသည် အဘယ်ကြောင့် ယခင်က ကျောက်ချင်းအား ငြင်းခဲ့သနည်း။ ယခု သူမ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်မှုလွဲနေပြီ မဟုတ်လော။
ကံမကောင်းစွာဖြင့် ရှောင်ချင်းသည် မည်မျှပင် မနေချင်စေကာမူ သူမတွင် ပြောစရာ စကား မရှိချေ။ သူမသာ ကြားကောင်းအောင်သာ ပြောလိုက်ရ၏။
“ရှင့်ကို ကျေးဇူးတင်လိမ့်မယ်လို့တော့ မထင်နဲ့။ ကျွန်မကိုယ်တိုင် ပိုက်ဆံရှာပြီး အိမ်ငှားခ ပေးမယ်"
“ဒါပေမယ့် ဒီမှာ အလုပ်ရှာရတာ မလွယ်ဘူး။ မင်းမှာ အခု ပိုက်ဆံလည်း ရှိတာ မဟုတ်ဘူးလေ။ အဝတ်ဗီရို တစ်လုံးတောင် ဝယ်နိုင်တာ မဟုတ်ဘူး။ ငါမင်းကို ပေးရင်လည်း မင်း လက်ခံမှာ မဟုတ်ဘူးမှတ်လား။ ညီမလေး၊ မင်း အိမ်ငှားခအကြောင်း မပြောတာ ကောင်းမယ်။ မင်း ပိုက်ဆံမပေးရင်တောင် တခြားသူတွေက မင်းကို ငါ့ရဲ့ မယားငယ်လို့ ထင်မှာ မဟုတ်ဘူး”
"ပေးမှာ။ ကျွန်မကို အထင်မသေးနဲ့။ ကျွန်မ ငွေလိုနေတာ သိတယ်။ ဒီလိုလုပ်၊ ရှင် ကျွန်မကို ငွေချေးရင် ကျွန်မ ငွေချေးစာချုပ် ပြန်ချုပ်ပေးမယ်။ တစ်နေ့ကျရင် ကျွန်မ ရှောင်ချင်းက အပေါစားမိန်းမ မဟုတ်ဘူးဆိုတာ ရှင့်ကို သက်သေပြမယ်”
ရှောင်ချင်း ချက်ချင်း ပြောလိုက်၏။
ကျောက်ချင်းကြည့်ရသည်မှာ မည်သို့ လုပ်ရမှန်းမသိဟန် ဖြစ်သွားပြီး နောက်ဆုံးတွင် သူသည် သက်ပြင်းချကာ ပြောလိုက်သည်။
“ဟာကွာ။ မင်းနဲ့တော့ ဘာလုပ်ရမှန်း မသိတော့ပါဘူး...”
“ကောင်းပြီလေ။ ဒါဆို မင်း ဘယ်လောက်လိုချင်လဲ”
ကျောက်ချင်းသည် စာရွက်နှင့် ဘောပင်တစ်ချောင်းထုတ်ကာ မေးလိုက်သည်။
“ရှင်းအောင် ပြောလိုက်ဦးမယ်။ ဒီငွေကို ချေးတာနော်။ ဒီ-ဒီတိုင်း အရင်ဆုံး ယွမ်သုံးသောင်းလောက် ချေးပါ”
ရှောင်ချင်း ထပ်ပြောလိုက်ပြန်သည်။
ယခင်က သူမသည် ရည်းစားထားခဲ့စဥ်က သူမရည်းစားကောင်လေးသည် သူမအား လှပသောအင်္ကျီများအပြင် အိတ်များ၊ ဖိနပ်များပင် ဝယ်ပေးခဲ့လေသည်။ သူမသည် ငွေတစ်ပြားမှ မသုံးခဲ့သောကြောင့် ၎င်းတို့၏ တန်ဖိုးကို မသိချေ။ သို့ရာတွင် သူမသည် ဟူချန်းအိမ်သို့ ပြောင်းပြီးနောက် သူမတွင် ဝတ်စရာ အင်္ကျီအသစ် မရှိတော့ချေ။ သူမသည် အဝတ်ဆိုင်သို့ သွားကြည့်ခဲ့သေးသော်လည်း စျေးပေါသော အရာများမှာ ကြည့်မကောင်းကာ အရည်အသွေးမှာလည်း သူမ ဝတ်ခဲ့သော အရာများနှင့် မယှဥ်နိုင်ချေ။
သူမသည် ဟူမိသားစု အိမ်တွင် ဝတ်ခဲ့သောအင်္ကျီများကိုလည်း မလိုချင်ချေ။ ၎င်းတို့ကို မြင်လျှင် အလောင်းအနံ့များသာ ရမိ၏။
ထို့ကြောင့် သူမသည် အဝတ်အစား အားလုံးကို ပြောင်းရတော့သည်။ သူမသည် လှလှပပ ဝတ်ပြီး အကောင်းဆုံး ပုံစံဖြင့် အလုပ်ထွက်ရှာရပေမည်။ သူမသည် ဤအခြေအနေထက် ပိုကောင်းသထက် ကောင်းအောင် လုပ်မှဖြစ်မည်။
Space and Rebirth 539
Trans: Esth
ကျောက်ချင်း၏ မျက်နှာတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပြေးသွားသော်လည်း သူသည် တုံ့ဆိုင်းမှု မရှိ ငွေကို ထုတ်ပေးလိုက်သည်။ ရှောင်ချင်းသည် ငွေချေး စာချုပ်အား အလွန်အလေးအနက်ထားကာ ရေးလိုက်၏။ ကလောင်ဝင့်ချက်တိုင်းသည် သေသပ် ပိရိနေသည်။ မသိလျှင် သူမ ငွေပြန်ဆပ်ရန် ဆုံးဖြတ်ထားမှုအား အခြားသူများက သံသယဝင်နေမည်စိုးသကဲ့သို့ပင်။
နောက်တစ်ရက်တွင် ရှောင်ချင်းသည် ခန္ဓာကိုယ်အတွင်းရော ပြင်ပပါအတွက် အဝတ်အစား အစုံအချို့အပြင် အိတ်နှင့် ဖိနပ်အချို့ပါ ဝယ်ယူရန် ထွက်သွားလေသည်။ သူမသည် တစ်ခါတည်းဖြင့် ယွမ် ခြောက်ထောင်၊ ခုနစ်ထောင်ခန့် သုံးလိုက်လေသည်။
ဝယ်ခြမ်းစရာများ ပြီးသည့်နောက် သူမသည် အောက်ခြေမှ ပြန်လည် စတင်လိုသော စိတ်ဖြင့် ဆံပင်ပုံစံကို သွားရောက်ပြင်ဆင်လိုက်သည်။ အပြန်လမ်းတွင်လည်း အလှကုန်များစွာနှင့် အသုံးအဆောင်တချို့ ဝယ်ခဲ့သေးသည်။
ဤအရာများမှာ အကောင်းဆုံး မဟုတ်သော်လည်း စျေးပေါလှသည်တော့ မဟုတ်ပေ။ ရလဒ်အနေဖြင့် သူမသည် အလုပ် မရှာဘဲ တစ်ရက်တည်းဖြင့် ယွမ်တစ်သောင်းခန့် သုံးခဲ့ပေသည်။
ရှောင်ချင်း နေထိုင်သော နေရာမှာ ဟွားနင်ခရိုင်၏ အနက်ရောင် နယ်မြေဟု မှတ်ယူနိုင်သည်။ ထိုနေရာတွင် မှောင်ခိုလုပ်နေသော ဆံပင်ညှပ်ဆိုင်များ၊ ညသန်းခေါင်ထိ ဖွင့်သော ကာစီနို အသေးစားများနှင့် တရားမဝင် ကိုယ်ပိုင်ကလပ်အချို့ ရှိ၏။ အနီးအနားတွင်လည်း လူမိုက်များစွာ ရှိနေသေးသည်။
သူမသည် လမ်းထဲသို့ ပြန်လာပြီး ကားပေါ်မှ ဆင်းဆင်းချင်းတွင် လူအချို့၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။
ထိုသူတို့မှာ ဓားပြများ ဖြစ်သည်။
သူမ ဝတ်ထားသော အင်္ကျီမှ လွဲ၍ သူမ ဝယ်လာခဲ့သော ပစ္စည်းအသစ်များ အားလုံးနှင့် ကျန်ရစ်သော ပိုက်ဆံများသည် ချက်ချင်းပင် အလုခံလိုက်ရလေသည်။
အခြားနေရာတွင် ပြောရခက်သော်လည်း ဟွားနင်ခရိုင်၏ ဤမှောင်မိုက်လှသော နယ်မြေတွင်မူ ကျင်းယွင်ကျောင်း၏ စကားလုံးတိုင်းသည် အမိန့်ဖြစ်၏။ “မဟူရာ နတ်ဆိုးဘုရင်” ဟူသော ဘွဲ့သည် ကြားရ နားခါးလှပြီး ယောက်ျား တစ်ဦး၏ နာမည်နှင့် တူသော်လည်း ဤနာမည်ကို ကြားလိုက်သည်နှင့် လူမိုက်များ အားလုံးသည် သူမအား နတ်ဘုရားကဲ့သို့ ဆက်ဆံပြီး ပေးထားသော တာဝန်ကို ပြီးမြောက်အောင် ကြိုးစား ဆောင်ရွက်ကြလိမ့်မည်။
ရှောင်ချင်းသည် မှင်သေသေဖြင့် ရပ်နေ၏။ တစ်နေ့လုံး သူမ ဝယ်ထားသမျှ ပစ္စည်းအားလုံး ပျောက်ရှကုန်လေပြီ။
ထောင်ထဲ မဝင်ခဲ့ရသောကြောင့် သူမကံဇာတာတက်နေသည်ဟု ထင်ခဲ့သည်။ ထောင်ထဲ ဝင်ရသည်ထက် ပိုဆိုးရွားသော ဇာတာကို ကြုံတွေ့ရလိမ့်မည်ဟု သူမ မထင်ခဲ့ချေ။
လူမိုက်များ ထွက်သွားသည်နှင့် အချို့ယောက်ျားများက လာပြီး သူမအား ခေါင်းအစ ခြေအဆုံး ပွတ်သီးပွတ်သပ် လုပ်တော့သည်။
“မိန်းကလေး၊ မင်းက လှသားပဲ။ စျေး ဘယ်လောက်လဲ”
ရှောင်ချင်း၊ ကြက်သေသေသွားသည်။
“ကျွန်မက အဲ့လို မိန်းမ မဟုတ်…”
“မဟုတ်ဘူးလား”
ထိုယောက်ျားမှ ပြုံးလိုက်၏။
“မိန်းကလေး၊ ဒီလောက် အခြေခံ ကောင်းတာကို ဒီအလုပ်မျိုး မလုပ်တာ နှမြောစရာပဲ။ ဟိုဘက်ခြမ်းက မိန်းမကို ကြည့်လိုက်စမ်း။ အသက် ၄၀ ကျော်ပြီး မလှတော့ပေမယ့် တစ်လကို အနည်းလေး ယွမ် ထောင်ချီ ရတယ်။ မင်းသာဆိုရင် နေ့တိုင်း ငွေအများကြီး ရှာနိုင်ပြီး ဖောက်သည်တွေကလည်း နေ့တိုင်း ပြန်လာမှာပဲ”
သူသည် စကား ပြောရင်းဖြင့် စိမ်ပြေနပြေဖြင့် သူမပေါင်လုံးအား ပွတ်ကိုင်လိုက်သည်။
ရှောင်ချင်းသည် တုန်ယင်နေသော်လည်း ဟိုဘက်အခြမ်းမှ အမျိုးသမီးအား မသိလိုက်ဘာသာဖြင့် ကြည့်မိလိုက်သည်။
ဝတ်ကောင်းစားလှ ဝတ်စားထားသော ထိုအမျိုးသမီးသည် အမှန်တကယ်ပင် အရမ်း မလှချေ။ ထိုပုံစံမျိုးဖြင့် သူမ အဘယ်သို့ ပိုက်ဆံ ရှာနိုင်ရသနည်း…
သူမ အလုပ်ရှာနေသော ဤအချိန်မျိုးတွင် ကံဆိုးမှုများသာ ဆက်တိုက်တွေ့နေရပြီး တစ်စုံတစ်ယောက်မှ ပြသာနာလာရှာတိုင်း သူမသည် လက်လျှော့လုနီးနီး ဖြစ်နေချေပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ထိုယောက်ျား၏ စကားများကို ကြားလိုက်သောအခါ ရှောင်ချင်းသည် တုံ့ဆိုင်းသွား၏။
သူမ၏ ခန္ဓာကိုယ်သည် မုံ့လင်း၏ ဖျက်ဆီးခြင်းကို ခံနှင့်ပြီးသား ဖြစ်၏။ ထို့နောက်တွင် ဟူချန်းနှင့် ကျောက်ချင်းတို့လည်း ရှိကာ အခြားသူများနှင့်လည်း စာချုပ် ချုပ်ခဲ့ဖူးသည်။ သူမသည် ဤ “လောကကြီး” အား မြင်ဖူးခဲ့သူဟု မှတ်ယူနိုင်သည်။ ဤနယ်ပယ်တွင် ငွေရှာရသည်မှာ မည်မျှလွယ်ကူကြောင်းကိုလည်း သူမ သိထားလေသည်။
သူမ အရှေ့တွင် ယခင်ကနှင့် တူညီသော ထောင်ချောက်ကို ချပေးထားသော်လည်း ရှောင်ချင်းအတွက်မူ ဤသည်မှာ ဆွဲဆောင်မှု တစ်ခုဖြစ်၏။
သို့ရာတွင် ပထမနေ့တွင် ရှောင်ချင်းသည် အပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူမနေမထိ ထိုင်မသာ ဖြစ်နေသောကြောင့် ဖြစ်၏။ ညဘက်တွင် ကျောက်ချင်း မရှိလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းလောက်သည်ထိ အေးစက်လှသည်ဟု ခံစားရသည်။ ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အပေါ်ထပ်မှ “ကျွိ ကျွိ” ဖြင့် ကုတင်လှုပ်သံများနှင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၏ ဟောဟဲလှိုက်သံများပါ ကြားနေရလေသည်။ အမှန်တကယ်ပင် ဤသည်မှာ သူမ စိတ်ထဲတွင် ရစ်သီ ရစ်သီ ရှိနေသာ ကျိန်စာတစ်ခု ဖြစ်၏။
ကျောက်ချင်းသည် ရက်ပိုင်းခန့် အိမ်သို့ပြန်မလာချေ။ သူ၏ ဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေပြီး အလုပ်ခရီး တစ်ခု ထွက်နေသည်ဟုသာ စာတစ်စောင် ပို့ထား၏။
ရှောင်ချင်းမှာမူ ပိုက်ဆံအားလုံး အလုခံလိုက်ရပြီဖြစ်သည်။ နေ့ဘက်တွင် အလုပ် ထွက်ရှာသော်လည်း အရာမဝင်ချေ။ ညဘက်တွင် ဗိုက်ဆာလွန်းသဖြင့် စားစရာနေရာ ထွက်ရှာရတော့သည်။ သို့ရာတွင် နေရာတိုင်းတွင် သူ့အား ကြည့်ပြီး သွားရည်ကျနေသော ယောက်ျားများစွာ ရှိနေ၏။
တတိယညတွင် ဗိုက်၏ တဂွီဂွီ မြည်သံကြောင့် ရှောင်ချင်းသည် ကလပ် တစ်ခုကို ရွေးကာ ဝင်သွားလိုက်သည်။
Space and Rebirth 540
Trans: Esth
ရှောင်ချင်း၏ အသွင်အပြင်မှာ ဖြူစင်ပြီး အမျိုးသမီးများ ကြားထဲတွင် အထူးခြားဆုံး ရုပ်ရည်ဟု ပြောနိုင်သည်။ ထို့အပြင် သူမသည် ယောက်ျားများကို ဆွဲဆောင်နိုင်သော ကိုယ်လုံးကိုယ်ပေါက်ဖြင့် မွေးဖွားလာခဲ့သည်။ သူဌေးမှာလည်း လိမ္မာပါးနပ်သူဖြစ်ရာ သူမအား နှင်ထုတ်မည် မဟုတ်ချေ။ သူသည် ချက်ချင်းပင် ရှောင်ချင်းနှင့် စာချုပ် ချုပ်လိုက်၏။
သို့ရာတွင် ရှောင်ချင်းသည် ငွေအလွန် လိုအပ်နေသောအချိန် ရောက်ရှိနေသည်။ သူမသည် ငွေရှာရန် အနည်းငယ် စိတ်ပြင်းပြနေပြီး သူမ အနောက်တွင် ဟွားကျဲ၏ လူများ လိုက်နေသောကြောင့် ဝေစုကို သိပ်မရလိုက်ချေ။
စာချုပ်ထဲတွင် သူမသည် ငွေရှာသည့် စက်တစ်ခုသာသာ ဆက်ဆံခံနေရသော်လည်း သူမကိုယ်ကိုထောက်ပံ့နိုင်ပြီဟု ထင်ပြီး ပျော်နေသောကြောင့် ထိုအချိန်က သတိမထားမိချေ။
သူမသည် ဤနယ်ပယ်ထဲ ဝင်လိုက်သည်နှင့် အလုပ်စရတော့သည်။
ရှောင်ချင်း အထင်လွဲနေသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ ဤနေရာသည် ဒိရှန်း ကြာဆောင်နှင့် တူသည်ဟု ထင်နေခြင်း ဖြစ်၏။ ဤနေရာတွင် အမျိုးသမီး သိပ်မများကာ အထက်တန်းလည်း မဆန်ကြချေ။ တစ်ည ရသော ပိုက်ဆံသည် မဖြစ်စလောက်သာ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ဤနေရာတွင် အောင်မြင်သော လုပ်ငန်းရှင် အမျိုးသားများ သိပ်မရှိခြင်း ဖြစ်၏။ အချို့ယောက်ျားများသည် အလွန် ရိုင်းစိုင်းအောက်တန်းကျပြီး ဤနေရာရှိ အမျိုးသမီးများကို သူတို့စိတ် အာသာပြေရန် အသုံးချခံ သက်သက်သာ သဘောထားကြသည်။
ဤအချိန်တွင်ပင် ရှောင်ချင်းသည် သူမကိုယ်သူမ အခြားသူများနှင့် မတူဟု ထင်နေဆဲ ဖြစ်သည်။ သူမသည် ငွေလို၍သာ ဤနယ်ပယ်ထဲ ဝင်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် အခြားမိန်းကလေးငယ်များကို ကြည့်သောအခါ ရွံရှာစက်ဆုပ်သော အကြည့်ဖြင့်သာ ကြည့်လေသည်။
ထိုအမျိုးသမီးများသည် ညစ်ပတ်လှသည်။ သူမနှင့် မတူမတန်လှချေ ဟူ၍ ဖြစ်သည်။
သို့ရာတွင် ဖောက်သည်များ၏ မျက်လုံးတွင် သူတို့အားလုံးသည် အတူတူသာ ဖြစ်ပေသည်။ သူမသည်သာ မသိခဲ့ခြင်းပင်။
ပထမညတွင် ရှောင်ချင်းသည် ဖောက်သည်ရခဲ့၏။ ပထမလူမှာ အသက် ငါးဆယ် ဝန်းကျင်ရှိပြီး အထူးသဖြင့် ရွံစရာပုံပေါက်သည်။ ဖောက်သည်ကို တွေ့လိုက်သည်နှင့် သူမ ချက်ချင်းပင် အကြောက်အကန်ငြင်းကာ လူလဲပေးရန် သူဌေးအား သွားပြောတော့သည်။
“ဒီလို ရုပ်ဆိုး ပမ်းဆိုးလူနဲ့ တစ်ခန်းတည်း မနေချင်ဘူး။ သူ့ ခန္ဓာကိုယ်ကို ကြည့်ပါဦး၊ တစ်ကိုယ်လုံးဆေးလိပ်နံ့တွေ ဟောင်ပြီး အာပုပ်နံ့ကလည်း နံသေးတယ်။ ခုနက သူ ကျွန်မကို နမ်းဖို့ လုပ်နေတာ ရှင့်”
သူမ၏ အသံမှာ မာန်စွယ် အပြည့်ဖြင့် ဒေါသထွက်နေဟန်ရှိသည်။
သို့သော် ဤစကားကို လူတိုင်း ကြားလိုက်ရသောအခါ သူမအား ခနဲ့သံသာ ပြုကြလေသည်။
“ရှောင်ချင်း၊ မင်း ဒီနေရာကို ဘယ်နေရာထင်နေလဲ။ ရွေးချင်တိုင်း ရွေးလို့ရမယ် ထင်နေလား”
သူဌေးသည် စကား ပြောပြီးသည်နှင့် သူမကိုပါးရိုက်ချလိုက်၏။
“သွားစမ်း။ ဖောက်သည်ကို တောင်းပန်ပြီး သူ့ကိုကောင်းကောင်း ပြုစုပေးလိုက်။ မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်”
ဖောက်သည်သည် ဒေါသ ထွက်နေသော်လည်း တစ်ချိန်တည်းမှာပင် သူမကို သိမ်းပိုက်ချင်သည့်ဆန္ဒ ရှိနေသေးသည်။
'ဒီမိန်းကလေးကို ကြည့်ပါဦး။ နုနယ် လှပနေလိုက်တာ၊ မသိရင် ကမ္ဘာကြီး အကြောင်းကို မသိနားမလည်တဲ့ ဖြူဖြူစင်စင် မိန်းကလေး တစ်ယောက်လိုပဲ'
တစ်ချက်ကြည့်ရုံဖြင့် သူသည် ရှောင်ချင်းအား ရင်ထဲတွင် ပွေ့ဖက်လိုပြီး သူမအား ကောင်းကောင်းဆုံးမပေးချင်မိ၏။
ဤအမျိုးသားသည် အနည်းငယ် ဒေါသကြီးပေသည်။ သူ့ စကား နားထောင်မည့်အစား သေသာသေလိုက်မည်ဟူသော လူစားမျိုးနှင့် တွေ့လေလေ သူသည် ပိုကြမ်းတမ်းလာလေ ဖြစ်၏။
ရှောင်ချင်းမှာမူ ထိုပါးရိုက်ချက်ကြောင့် ကြက်သေသေသွားသည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် အဘိုးကြီးသည် သူမအား သယ်ကာ စကား တစ်ခွန်းမျှမပြောဘဲ အခန်းထဲသို့ ဝင်သွားပြီ ဖြစ်၏။
ဤနေရာရှိ အမျိုးသမီးများသည် ခန္ဓာကိုယ်ရောင်းစားထားသော မိန်းမများ ဖြစ်သည်။ သူမတို့အား အတင်းအကြပ် ကိုင်တွယ်လျှင်ပင် မည်သူမျှ သူ့အား ပြသာနာရှာမည် မဟုတ်ချေ။
ရှောင်ချင်း၏ ခုခံမှုမှာ ဟာသတစ်ပုဒ်လိုသာဖြစ်သည်။ နယ်ပယ်တူ အမျိုးသမီးများမှ သူ့အား အထင်သေးသွားရုံသာ ရှိ၏။ သူမသည် အကျိုးအမြတ်များ ထပ်ရရှိရန် တမင်လူ အာရုံစိုက်ခံရအောင် လုပ်နေသည်ဟုပင် အားလုံးက ထင်သွားကြ၏။
သူမသည် ချက်ချင်းပင် သူမ၏ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ရန်စသလို ဖြစ်သွားသည်။
လွန်ခဲ့သော တစ်နာရီအတွင်းတွင် ရှောင်ချင်းသည် ရူးသွားသည့်ဟန်ဖြင့် တရစပ် အာခေါင်ခြစ် အော်နေ၏။
သူဌေးသည် တိတ်တခိုးဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ ထို့ကြောင့်လည်း သူမသည် လူထူးလူဆန်းဖြစ်သည်ဟု ဟွားကျဲက ပြောထားခဲ့ခြင်း ဖြစ်ရမည်။ သူ ပြောခဲ့သည်မှာ မှန်ပေသည်။ ဤကဲ့သို့သော လူမျိုးအား ကိုင်တွယ်ရန် အင်အားသုံးမှ ဖြစ်ပေမည်။
အဘိုးကြီးသည် တစ်ကြိမ်ထက်မနည်း ကိစ္စပြီးမြောက်ပြီးနောက် အိပ်ရာပေါ်ရှိ သေကောင်ပေါင်းလဲ ဖြစ်နေသော ရှောင်ချင်းအား ကြည့်ကာ ခေတ္တမျှ ကျေနပ်စွာဖြင့် လှဲနေပြီး အင်္ကျီပြန်ဝတ်၍ ထွက်သွားလေ၏။ သို့ရာတွင် လွတ်မြောက်ပြီဟု ရှောင်ချင်း တွေးနေစဉ်တွင်ပင် သူမသည် ထပ်မံ ဆွဲထုတ်ခံရပြီး သန့်ရှင်းရေး လုပ်ကာ ဧည်သည့်များကို ဆက်လက် ပြုစုရလေသည်။
လာစစ်ဆေးမည့် ရဲများလည်း မရှိသောကြောင့် ဤနေရာသည် လုံးဝ အမှောင်တိုက် ဖြစ်၏။ ကိုယ့်နေရာကိုယ် သိသူသာ စားဝတ်နေရေးချောင်လည်ပေမည်။ လမ်းပေါ်၌ လျှောက်လေလွင့်နေလျှင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် သေရုံသာရှိမည်။
တစ်ညတည်းတွင် ရှောင်ချင်းသည် ယောက်ျားဆယ်ယောက် နီးပါး လက်ခံပြီး ဖြစ်ကာ သူမနောင်တရနေလေပြီ။
သူမ၏ ခန္ဓာကိုယ်မှ ဆုတ်ပြဲသွားသလို နာကျင်မှုမျိုးသည် တလိပ်လိပ် တက်လာလျက်ရှိပြီး ရုတ်တရက် ပျို့အန်ချင်သလို ခံစားလိုက်ရသည်။ သို့သော် သူမသည် ထပ်အရိုက်ခံရမည် စိုးသဖြင့် အတတ်နိုင်ဆုံးသာ တောင့်ခံထားလိုက်၏။ ထို့နောက် သူမ၏ သနားကမား ရုပ်ရည်ဖြင့် ဧည့်သည်များကို ကြည့်လိုက်ပြန်သည်။