← Chapters

အခန်း (၅၉၇-၆၀၀)

Vol. 30 Ch. 597-600

အခန်း (၅၉၇-၆၀၀)

Vol. 30 Ch. 597-600

Space and Rebirth 597

Trans: Esth

အခြေအနေသည် ပုံမှန်ထက်အနည်းငယ်ထူးခြားနေသော်လည်း ဒရိုင်ဘာသည် သူတို့အား ရန်သွားစလောက်သည်ထိ မတုံးပါပေ။ သူတို့နှစ်ဦးသာ ကားထဲတွင်ရန်ဖြစ်ပါက ဒုက္ခခံရမည့်သူမှာ သူကိုယ်တိုင်ပင်မဟုတ်လော။ နောက်ပိုင်းကျလျှင် သူသည် မစ္စတာရှောင်အား အကြိမ်ကြိမ်အခါခါရှင်းပြရတော့မည်။ ထိုသို့လုပ်ရသည်မှာ အလွန်အာရုံနောက်ဖွယ်ကောင်းလှ၏။

ကားသည် အရှိန်အဟုန်မြှင့်တင်ပြီး သွားနေရင်းဖြင့် သူ၏နှာခေါင်းတွင် ထိုအနံ့သည် စွဲကျန်ရစ်နေခဲ့သည်။

သွားရာလမ်းတွင် ကျန်းရုံသည် ရှေ့တည့်တည့်သို့သာ စိုက်ကြည့်ပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လိုက်လာ၏။ ရှောင်ဟိုင်ချင်းမှာ ရုတ်တရတ်ဆိုသလို တစ်ခုခုပြောလိုက်တိုင်း ကျန်းရုံသည် သဘောတူဟန်ဖြင့် ခေါင်းငြိမ့်မြဲသာဖြစ်နေသည်။

အခြေအနေများသည် အေးချမ်းလှ၏။

သူတို့ရောက်ရှိသောအချိန်တွင် ဒရိုင်ဘာသည် ကျန်းရုံအား ဝေ့ကြည့်ပြီး ပြောလိုက်သည်။

“ဆရာကတော်၊ အခုဆေးရုံကိုမောင်းပေး...”

“အန်တီကျန်းလည်း ဒီရောက်နေပြီဆိုတော့ အထဲဝင်ပြီးမနှုတ်ဆက်ရင် ကောင်းမယ်မထင်ဘူး။ ပြီးတော့ အန်တီကျန်းကြည့်ရတာ အခုနေကောင်းသွားပြီနဲ့ တူတယ်”

ရှောင်ဟိုင်ချင်းသည် ဒရိုင်ဘာ၏စကားအား ဖြတ်ပြောလိုက်၏။

“အန်တီကျန်း၊ ဗိုက်မနာတော့ဘူးမှတ်လား?”

ကျန်းရုံသည် ဆိတ်ငြိမ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

ရှောင်ဟိုင်ချင်းပြုံးလိုက်၏။

“သမီးနဲ့အတူ အထဲဝင်ကြမလား?”

“အင်း”

ကျန်းရုံသည် သူမမျက်ခုံးများကို လက်ဖြင့်ထောက်ကာ တုံ့ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏။

ဒရိုင်ဘာ၏ မျက်နှာထားသည် ပို၍ပင် ဇဝေဇဝါဖြစ်ဟန်ပေါက်သွားသည်။ ကျန်းရုံသည် တခြားလူတစ်ဦးဖြစ်သွားသကဲ့သို့ သူခံစားလိုက်ရသည်။ ဧကန္တ မိန်းကလေးရှောင်သည် သူမအား တစ်ခုခုဖြင့် ခြိမ်းခြောက်ထား၍ မိန်းကလေးရှောင်ပြောသမျှစကားတိုင်းအား လက်ခံနေသည်လော?

သို့ရာတွင် မဒမ်ကျန်းမှာ သူ၏အလုပ်ရှင်ဖြစ်နေသောကြောင့် သူသည် သူမပြောသည်ကိုသာ နားထောင်ရတော့သည်။ အခြားသူများအတွက် အလုပ်လုပ်ပေးနေရသောအချိန်တွင် အတွန့်မတက်သည်က ပိုကောင်းပေသည်။ မဟုတ်လျှင် သူသည် ရေရှည်အလုပ်လုပ်နိုင်မည် မဟုတ်ချေ။

ဒရိုင်ဘာသည် ကျန်းရုံအတွက် ကားတံခါးကို ဆင်းဖွင့်ပေးလိုက်၏။ ကားထဲမှထွက်လာပြီးနောက် ရှောင်ဟိုင်ချင်းသည် ကျန်းရုံ၏လက်မောင်းအား တန်းဖက်လိုက်ကာ အိမ်ကြီးထဲ လမ်းလျှောက်ဝင်သွားတော့သည်။

ဒရိုင်ဘာသည် လူသူနည်းသောနေရာတစ်ခုတွင် ပါကင်ထိုးလိုက်ပြီး စိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်၏။ သူသည် ကားထဲသို့မဝင်ခင် ရှောင်ဟိုင်ချင်းသူ့အားပေးထားသော ရေဘူးကို အနည်းငယ်မော့သောက်လိုက်သေးသည်။ ထို့နောက် သူသည် မှုန်ဝါးဝါးလေတစ်ရှိုက်စာအား မှုတ်ထုတ်လိုက်၏။ လေနုအေးများတိုက်ခတ်လာသောအခါ သူသည် ယခင်ကထက် ပိုလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အိမ်ကြီး၏တံခါးသည် ပွင့်သွားပြီဖြစ်သည်။

ရှောင်ဟိုင်ချင်းသည် တည်ငြိမ်စွာဖြင့် ဝင်သွားလိုက်ပြီး အိမ်အတွင်းမှ ပရိဘောဂပစ္စည်းများအားလုံးမှာ နေရာမယွင်းဘဲရှိနေသည်ကို တွေ့လိုက်ရ၏။ သို့ရာတွင် ဂျိမ်းစ်ယခင်ကပြောခဲ့သလိုပင် သူမသည် အိမ်ထဲတွင်ရှိသော လျှို့ဝှက်ကင်မရာတစ်ခုကိုမျှ ရှာမတွေ့ပါချေ။

“သူဘာလို့ပါလာတာလဲ?”

ကျိုးဟိုင်ယန်းမျက်မှောင်ကြုတ်လိုက်သည်။

ဂျိမ်းစ်သည်လည်း သဘောမကျဟန်ပေါက်သွားသည်။

ရှောင်ဟိုင်ချင်းရယ်လိုက်၏။

“လက်ဆောင်ပေးမယ်လို့ ပြောထားတယ်လေ။ မဟုတ်မှလွဲရော ဒါကိုတောင် မေ့သွားတာလား?”

“မင်းပြောတဲ့လက်ဆောင်က သူလား? မိန်းကလေးရှောင်၊ ငါမှတ်မိသလောက်ဆိုရင် သူကမင်းရဲ့မိထွေးမဟုတ်ဘူးလား?”

ကျိုးဟိုင်ဟန်းသည် ချက်ချင်းဆိုသလို ဂျိမ်းစ်ကိုယ်စားမေးလိုက်၏။

“ရှင်တို့အထင်လွဲနေပြီ”

ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကိုစေ့ကာ ကျန်းရုံအား ဝေ့ကြည့်လိုက်သည်။

“တကယ်တော့ အန်တီကျန်းကိုယ်တိုင်က ဒီကိုလာချင်တယ်လို့ပြောတာ။ သူမစ္စတာဂျိမ်းစ်ကို စတွေ့ပြီးကတည်းက ရှင့်ရဲ့စတိုင်ကို အရမ်းစွဲလန်းသွားတယ်တဲ့။ ဒါပေမယ့် ကျွန်မအဖေက စည်းကမ်းကြီးတဲ့လူမို့လို့ သူ့ကိုအပြင်လူတွေနဲ့ ဆက်သွယ်ခွင့်မပေးခဲ့ဘူးလေ။ အခုချိန်ထိ သူ့ခံစားချက်တွေကိုပဲ မျိုသိပ်နေခဲ့ရတာ...”

“ဘာအဓိပ္ပာယ်လဲ? မဟုတ်မှလွဲရော သူမစ္စတာဂျိမ်းစ်ဆီလာတာက...”

“ကျွန်မလည်း အန်တီကျန်းက တောင်းတောင်းပန်ပန်ပြောနေတော့ မခေါ်ဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မသာ သူ့ကိုဒီမခေါ်လာရင် ကျွန်မကို ရှောင်မိသားစုထဲက ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်သေးတာလေ။ အဲ့တော့ စဥ်းစားကြည့်လိုက်ပြီး မစ္စတာဂျိမ်းစ်ကို စပရိုက်တိုက်ဖို့ လုပ်လိုက်တာပေါ့”

ထို့နောက် သူမသည် ကျန်းရုံအား လှည့်ကြည့်ကာ မေးလိုက်သည်။

“သမီးအခုပြောနေတာ အမှန်တွေမှတ်လား?”

ကျန်းရုံသည် မှင်သေသေဖြင့် ဖြေလိုက်သည်။

“အင်း...”

သူမမျက်လုံးများသည် အနည်းငယ်ပင်ပန်းနေဟန် ပေါက်နေသော်လည်း သူမမျက်နှာမှာမူ အနီ‌ရောင်ရေးရေးလေးဖြစ်နေသည်။ သူမသည် ငယ်တော့သည်မဟုတ်သော်ငြား သူမရုပ်ရည်မှာ လူငယ်လူရွယ်တစ်ယောက်ထက် မနိမ့်ကျချေ။ သူမသည် အလွန်နုနယ်ပြီး ဆွဲဆောင်မှုရှိသောလူဖြစ်၏။ ခန္ဓာကိုယ်အချိုးအစားမှာလည်း ကွက်တိကျပြီး အသည်းခိုက်စရာဖြစ်သည်။ သူမအဝတ်အစားများတွင်လည်း ညှို့ဓာတ်တစ်မျိုးရှိနေသည်။ သူမကိုယ်ခန္ဓာမှ မွှေးရနံ့မှာလည်း သူမအား အခြားသူများမှ အသေအချာရှူရှိုက်လာစေရန် တွန်းအားပေးနေသေး၏။

Space and Rebirth 598

Trans: Esth

တဏှာကြီးသောယောက်ျားတိုင်းသည် အမျိုးသမီးတစ်ဦး၏ ဖိတ်ခေါ်ချက်ကို ငြင်းဆိုနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဂျိမ်းစ်ကဲ့သို့လူမျိုးဖြစ်၏။

သူသည် ခြေထောက်ကျိုးသောထိတ်လန့်မှုကို ခံစားနေရသဖြင့် အငုံ့စိတ်အနည်းငယ်ဝင်နေသည်။ အနာဂတ်တွင် သူသည် အမျိုးသမီးများအား ဆွဲဆောင်နိုင်တော့မည်မဟုတ်ဟု တွေးပူနေလေ၏။ သို့ရာတွင် ထိုအခိုက်အတန့်၌ ကျန်းရုံသည် အလွန်ရှက်သွေးဖြာသောအသွင်အပြင်ဖြင့် ပေါ်ပေါက်လာလေသည်။ သူမသည် ရှောင်ဟိုင်ချင်း၏စကားကို သဘောတူကာ သူ့အားသဘောကျကြောင်းပြောနေ၏။

ထို့အပြင် သူသည် ထိုရှောင်တောက်အန်းကို ယခင်ကမြင်ဖူးသည်။ ထိုလူသည် သာမန်မြင်နေကျ အာရှသားတစ်ဦး၏မျက်နှာဖြင့် ငယ်ရွယ်နုပျိုကာ ကြည့်ရသည်မှာလည်း ဆွဲဆောင်မှုအပြည့်ရှိလေသည်။ သို့ရာတွင် ထိုကဲ့သို့ယောက်ျားတစ်ဦး၏ဇနီးက အခြားတစ်ယောက်ကို ချစ်ကျွမ်းဝင်သွားသေးသည်!

ရှောင်တောင်အန်းသည် ဂုဏ်သရေအတွက် သူ၏ဇနီးသည်ကိုရောင်းစားနေသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း ထိုကဲ့သို့မဟုတ်ကြောင်း ဂျိမ်းစ်ခံစားမိလိုက်သည်။ မိန်းမနှင့် သမီးဆိုသည်မှာ ကွာခြားသည်မဟုတ်လော။

သမီးဟူသည်မှာ မိမိလက်ခုပ်ထဲမှရေဟုဆိုလျှင်ပင် မကြာခင်၌ အိမ်ထောင်ပြုရမည်ဖြစ်သည်။ သို့သော် မိန်းမဆိုသည်မှာ မိမိပိုင်ဆိုင်မှုဖြစ်၏။

ရှောင်တောက်အန်းသည် သူ၏သမီးကိုရောင်းနိုင်သော်လည်း သူ၏မိန်းမမှ တခြားလူလက်ထဲသို့အလုခံရသည်ကို သေချာပေါက်လက်ပိုက်မကြည့်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ယောက်ျားမာနနှင့် ဂုဏ်သိက္ခာကို ထိခိုက်နေသောကြောင့်ဖြစ်၏။

ဆိုလိုသည်မှာ ဤကျန်းရုံဟူသောအမျိုးသမီးသည် အမှန်အတိုင်းပြောနေခြင်းဖြစ်မည်။ သူ၏ငွေကြေးဂုဏ်ဒြပ်ကြောင့်ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးရာကြောင့်ဖြစ်ဖြစ် သူမကိုယ်သူမပေးအပ်နေလေသည်။

“လက်ဆောင်ပေးပြီးပြီနော်။ အရင်ဆုံးဓာတ်ပုံတွေထုတ်လိုက်ပါဦး ဝိုင်ချက်နည်းက ကျွန်မလက်ထဲကဘူးထဲမှာရှိတယ်”

ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။

ဂျိမ်းစ်ခေါင်းငြိမ့်လိုက်သည်။ ကျိုးဟိုင်ယန်းသည် သူ၏မျက်နှာထားကိုအကဲခတ်ပြီး ဖိုင်တွဲတစ်ခုအား ထုတ်လိုက်သည်။ အထဲတွင် ဓာတ်ပုံအချို့နှင့် ကွန်ပြူတာ Hard drive တစ်ခုရှိနေ၏။ အရာအားလုံးသည် ဤအထဲ၌ရှိနေလောက်မည်။

ရှောင်ဟိုင်ချင်းသည် အထဲမှအရာများကို ဝေ့ကြည့်လိုက်ပြီး ဘူးကိုတွန်းပေးလိုက်သည်။

“ပစ္စည်းတွေကစစ်တယ်။ ရှင်ကျွန်မကိုမယုံရင် ကိုယ်တိုင်ကျိုပြီး သေချာစစ်ကြည့်လိုက်ပေါ့”

ထိုသို့ပြောပြီးနောက် ရှောင်ဟိုင်ချင်းသည် မတ်တပ်ရပ်လိုက်၏။ သူမအား အစောင့်အချို့မှ ချက်ချင်းဝန်းရံလိုက်သည်။

ရှောင်ဟိုင်ချင်းပြုံးလိုက်၏။

“မစ္စတာဂျိမ်းစ်၊ တူညီတဲ့ကိစ္စကိုပဲ ထပ်လုပ်ချင်နေသေးတာလား? ဒါပေမယ့် ရှင်သာတကယ်လုပ်ဖို့စဥ်းစားနေတာဆိုရင် ခြေကျိုးတာနဲ့ပြီးတော့မယ်မထင်ဘူး။ အပေးအယူဆိုတာ အပေးအယူပီသရမှာပေါ့။ ရှင်တို့အားလုံးက အဲ့လောက်တောင် တဏှာထနေတာဆိုရင် ရှင်တို့အိမ်တံခါးဝထိ ပို့ထားပေးတဲ့ ဒီမိန်းမလှလေးကို ကောင်းကောင်းသုံးလို့ရတယ်။ ကျွန်မနဲ့ပတ်သတ်ပြီး မဟုတ်တာတွေ တွေးနေတယ်ဆိုရင်တော့...”

ရှောင်ဟိုင်ချင်းသည် စကားပြောရင်းဖြင့် ဓားတစ်ချောင်းထုတ်လိုက်သည်။

“ရှင်တို့လူများတာသိတယ်။ ကျွန်မမှာလက်နက်တစ်ခုပါရင်တောင် ဘာမှလုပ်နိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် ရှင်တို့ကိုသတ်လို့မရပေမယ့် ကျွန်မကိုယ်ကိုသတ်လို့ရတယ်။ ကျွန်မဖုန်းကို ဂျီပီအက်စ်စနစ်တပ်ထားတာမို့ ကျွန်မဘယ်ရောက်နေလဲ၊ ဘယ်ကိုဖြတ်သွားလဲဆိုတာ ကျွန်မသူငယ်ချင်းတွေ သေချာပေါက်သိလိမ့်မယ်။ ဒါမျိုးဆိုရင် ရှင်တို့လည်း ရဲတွေကို သေချာပေါက်ရှင်းပြနိုင်မှာမဟုတ်ဘူး”

ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။

ဂျိမ်းစ်သည် ထိုစကားကို ကြားလိုက်သောအခါ ပြောလိုက်၏။

“တကယ့်အရူးမပါလား!”

“သူ့ကိုလွှတ်ပေးလိုက်”

ဂျိမ်းစ်ထပ်ပြောလိုက်ပြန်သည်။

ရှောင်ဟိုင်ချင်းလှောင်ရယ်သံပြုလိုက်၏။

သူမသည် ခြေလှမ်းကာ ကျန်းရုံဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ သူမနှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ်ကွေးညွှတ်သွားရင်း ကျန်းရုံ၏ပုခုံးပေါ်လက်တင်လိုက်သည်။ ထို့နောက် သူမသည် ဓားကိုအသုံးပြု၍ ကျန်းရုံ၏ဂါဝန်ကို တန်းဖြတ်လိုက်လေ၏။ လှပသောဂါဝန်သည် ချက်ချင်းပင် ကျွတ်ကျသွားပြီး သူမ၏နူးညံ့သောအသားအရေကိုလှစ်ဟပြလိုက်သည်။

ကျန်းရုံ၏မျက်နှာသည် နီမြန်းနေသေးသော်လည်း သူမသည်တုံ့ပြန်မှုသိပ်မရှိပေ။ ရှောင်ဟိုင်ချင်းသည် သူမအားထပ်မံတွန်းလိုက်သောအခါ သူမသည် ချက်ချင်းပင် ဂျိမ်းစ်၏ဘီးတပ်ကုလားထိုင်ရှေ့သို့ ဒူးထောက်ကျသွား၏။ ထိုမြင်ကွင်းမှာ အလွန်ကျူးကျူးလွန်လွန်ဖြစ်နေဟန်ရှိလေသည်။

ရှောင်ဟိုင်ချင်းသည် ကျေနပ်မှုဖြင့် ပြုံးလိုက်သည်။ သူမသည် ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်၏။ ထို့နောက် သူမသည် တံခါးဝမှထွက်သွားတော့သည်။ သူမသည် ကျန်းရုံအားဖျက်ဆီးရန် သက်သေအထောက်အထားတစ်ခုသာ လိုအပ်ပေ၏။ ထိုသက်သေအားရရှိရန် သုံးခဲ့သောနည်းလမ်းမှာမူ အရေးမကြီးပေ။

ထို့အပြင် ထိုနည်းလမ်းမအောင်မြင်စရာအကြောင်းလည်းမရှိနိုင်ရာ။

ဂျိမ်းစ်သည် တဏှာရူးကောင်ဖြစ်၏။ မဟုတ်လျှင် သူမနှင့် ဟယ့်ကျားစစ်‌နောက်သို့ လိုက်ခဲ့မည်မဟုတ်ပေ။ ကျန်းရုံသည် ငယ်တော့သည်မဟုတ်သော်လည်း အလွန်ညှို့ဓာတ်ပြင်းသေး၏။ အစောပိုင်းက ဂျိမ်းစ်မျက်လုံးများအရ ရှောင်ဟိုင်ချင်းတပ်အပ်ပြောနိုင်သည်။

ကျန်းရုံမှ သူမပြောသမျှကို နားထောင်နေသည့် အကြောင်းရင်းမှာမူ...

ရှောင်ဟိုင်ချင်းသည် လက်ရာမြောက်လှသောဘူးလေးအား လက်ထဲတွင်ကိုင်ထား၏။ သူမသည် ခေါင်းကိုငုံ့ကာ ၎င်းအား ဂရုတစိုက်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမသည် လမ်းထောင့်တွင်စောင့်နေသော ဒရိုင်ဘာဆီသို့ လမ်းလျှောက်သွားလိုက်လေ၏။

Space and Rebirth 599

Trans: Esth

ဒရိုင်ဘာသည် ရှောင်ဟိုင်ချင်းကိုတွေ့သည်နှင့် အလျင်အမြန်သွားနှုတ်ဆက်လိုက်သည်။ သို့ရာတွင် သူမတစ်ယောက်တည်းပြန်လာကြောင်း တွေ့လိုက်ရသောအခါ သူသည် အံ့သြမှင်သက်သွား၏။ သူသည် အိမ်ကြီးအား ဝေ့ကြည့်ကာ အံ့သြမှုစွတ်သောလေသံဖြင့် မေးလိုက်သည်။

“မိန်းကလေး၊ မစ္စကျန်းရော?”

ရှောင်ဟိုင်ချင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

“အန်တီကျန်းက မစ္စတာဂျိမ်းစ်ရဲ့ခြေထောက်ဒဏ်ရာကိုတွေ့တော့ အရမ်းအားနာသွားတာနဲ့ သူနဲ့ဆက်စကားပြောနေတာ။ နှစ်ယောက်သားက မြင်မြင်ချင်းလေပေးတည့်သွားတော့ အန်တီကျန်းက အဲ့အိမ်မှာပဲ ညစာစားချင်တယ်တဲ့ ဦးလေးလျို့ ဒီလိုပုံနဲ့ဆို သူက သမီးအဖေကို ဖောက်ပြန်မလားမသိဘူး...”

“ဟင့်အင်း မဖြစ်နိုင်လောက်ပါဘူး...”

ဒရိုင်ဘာဦးလေးသည် မည်သို့စကားဆက်ပြောရမည်ကို မသိချေ။

“တစ်လမ်းလုံး အန်တီကျန်းက သမီးနဲ့တည့်အောင်နေလွန်းလို့တောင် သံသယဝင်နေတာ။ အစက အပြင်မထွက်ချင်ဘူးဆိုပြီး ကားပေါ်ရောက်တော့ လမ်းမှာသမီးပြောသမျှစကားတွေကို သဘောတူနေတယ် ဦးလေးလည်းကြားတယ်မှတ်လား? မစ္စတာဂျိမ်းစ်က အရမ်းခန့်ညားတဲ့လူလို့မထင်ဘူးလားလို့ သမီးမေးလိုက်တာကို သူခေါင်းငြိမ့်ပြီး အင်းလို့ဖြေတယ်လေ သမီးအထင်တော့...မစ္စတာဂျိမ်းစ်ကို သူချစ်သွားပြီနဲ့ထင်တယ်”

ရှောင်ဟိုင်ချင်းထပ်ပြောလိုက်ပြန်သည်။

ဒရိုင်ဘာသည် တံထွေးကိုမြိုချကာ လုံးဝစိတ်ရှုပ်ထွေးသွား၏။

ဤတစ်ခေါက်တွင် သူ၏သူဌေးသည် ထိုနိုင်ငံခြားသားနှင့်စကားပြောနိုင်ရန် မိန်းကလေးရှောင်အား ဤနေရာသို့ လွှတ်လိုက်သည်မဟုတ်လော။ အဘယ်ကြောင့် မိန်းကလေးမှာ ဝင်ဝင်ပြီးချင်းခဏတွင်ပြန်ထွက်လာပြီး မဒမ်ကျန်းမှာ....

ထို့နောက် သူသေချာစဥ်းစားကြည့်လိုက်သောအခါ မဒမ်ကျန်းသည်လည်း အမှန်တကယ်ထူးဆန်းနေပေသည်!

အစောပိုင်းက လာရာလမ်းတွင် မိန်းကလေးမှ မစ္စတာဂျိမ်းစ်အကြောင်းပြောရာ၌ မဒမ်ကျန်းသည် အချစ်နှင့်စတင်ထိတွေ့ဖူးသော ကောင်မလေးတစ်ဦးနှယ် ရှက်သွေးဖြာနေလေသည်။ ထိုအချိန်က ကားထဲတွင် ပူလွန်းသောကြောင့်ဖြစ်သည်ဟု သူထင်ခဲ့သော်လည်း ယခုစဥ်းစားကြည့်လိုက်သောအခါ ထိုသို့မဟုတ်တန်ရာ။

သူသည် ‌ရှောင်မိသားစု၏ဒရိုင်ဘာဖြစ်ပြီး မကြာခဏဆိုသလို မိန်းကလေးနဲ့ မစ္စတာဂျိမ်းစ်တို့ကြားမှ ဆက်ဆံရေးကဲ့သို့သော လူအများမသိအောင်လျှို့ဝှက်ထားသည့်အကြောင်းများကို ကြားလေ့ရှိသည်...

သူသည် မိန်းကလေးအတွက် စိတ်မကောင်းဖြစ်မိခဲ့သော်လည်း သူ၏အလုပ်ရှင်မိသားစုနှင့်ပတ်သတ်၍ ဆုံးဖြတ်ချက်ဝင်ချပိုင်ခွင့်ရှိသောသူမဟုတ်ပေ။ သူသည် ပေးထားသောတာဝန်ကိုသာ ကျေပွန်အားထမ်းဆောင်ရမည်ဖြစ်သည်။ ဤမိသားစုသည် ဤမျှလောက်ရှုပ်ထွေးလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း? မိထွေးဖြစ်သော မဒမ်ကမူ မိန်းကလေးရှောင်၏လူနှင့် ချစ်ကျွမ်းဝင်သွားသည်။ သူမသည် မိန်းကလေးရှောင်အား အိမ်ကြီးသို့လိုက်ပို့ဟန်ဆောင်ပြီး ထိုလူအား ပေါ်ပေါ်တင်တင်ပင် လုလိုက်သေးသည်...

ဒရိုင်ဘာ၏စိတ်သည် အလွန်ကမောက်ကမဖြစ်သွားသည်။ သူ၏လောကအမြင်များသည် အလွန်တရာပြိုလဲသွားကြောင်းသာ သူခံစားလိုက်ရ၏။

“မိန်းကလေး၊ ဒါ-ဒါကို...ကျွန်တော်တို့အခုဘာလုပ်ကြမလဲ?”

ဒရိုင်ဘာမှ ရင်တုန်ပမ်းတုန်ဖြင့် မေးလိုက်သည်။

အဖတ်ဆယ်၍မရနိုင်သောကိစ္စများ မဖြစ်အောင်တားဆီးရန် သူသည်အထဲသို့ဝင်သွားကာ မစ္စတာရှောင်အားဖုန်းဆက်ရမလော သို့မဟုတ် မသိသလိုဟန်ဆောင်ပြီး မဒမ်ကျန်းဘာသာပျော်နေသည်ကို အပြင်တွင်စောင့်နေရမည်လော?

“ဦးလေးလျို့၊ သမီးကတော့ အန်တီကျန်းကို အတင်းပြန်ဆွဲထုတ်လာချင်ပေမယ့် သူကလေ သမီးကိုခြိမ်းခြောက်တယ်...သူ့ကိုနှောင့်ယှက်ရင် မစ္စတာဂျိမ်းစ်ကိုပြောပြီး သမီးကိုသတ်ခိုင်းမယ်တဲ့။ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်သူ့ကိုတားရင်တောင် အနာဂတ်မှာ သူတို့အတူအိပ်ဖို့အခွင့်အရေးတွေ အများကြီးရှိသေးတယ်တဲ့လေ...ဒါပေမယ့် သမီးတို့သာ အဖေ့ကိုဒီကိစ္စပြောလိုက်ရင် အဖေမယုံဘဲနေရုံမက သမီးတို့ကပါ ချောက်တွန်းနေတယ်လို့ ထင်သွားလိမ့်မယ်။ အဲ့တော့ သမီးတို့ကိုယ်ကို ကာကွယ်တာအကောင်းဆုံးဖြစ်မယ်ထင်တယ်...”

ရှောင်ဟိုင်ချင်းပြောလိုက်သည်။

ထိုအရာကိုကြားလိုက်သောအခါ ဒရိုင်ဘာသည် အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။

သူမပြောသည်မှာ ကျိုးကြောင်းသင့်သည်မဟုတ်လော။ မစ္စတာရှောင်သည် မဒမ်ရှောင်အား အလွန်အလိုလိုက်ပြီး သူ၏ဂုဏ်သိက္ခာကို အလွန်ငဲ့ကွက်သောသူဖြစ်၏။ သူနှင့် မိန်းကလေးရှောင်တို့ကသာ တစ်ခုခုပြောလိုက်လျှင် အနာဂတ်တွင် ဒုက္ခရောက်မည့်သူမှာ သူတို့သာဖြစ်သည်။

“ဒါဆို ဦးလေးတို့ဘာသာ ဘယ်လိုကာကွယ်ရမလဲ?”

သူချက်ချင်းမေးလိုက်၏။

“အရမ်းလွယ်ပါတယ်။ မဒမ်ကျန်းကိုသွားခေါ်ရင်တောင် ပေးတွေ့မှာမဟုတ်ဘူးဆိုတော့ သမီးတို့က ရဲခေါ်ဖို့လုပ်လိုက်ပေမယ့် သူတို့က သမီးတို့ကိုပေါက်ကရတွေမပြောနဲ့ဆိုပြီး ခြိမ်းခြောက်တယ်လို့ အ‌ဖေ့ကို ပြန်ပြောကြတာပေါ့...”

ရှောင်ဟိုင်ချင်း ဆက်ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားပဲဟာ။ ခုနတုန်းက မစ္စတာဂျိမ်းစ်က သမီးကိုခြိမ်းခြောက်ပြီးသွားပြီ။ အခုသာ အဖေ့ကိုပြောပြီး မစ္စတာဂျိမ်းစ်ပျော်နေတာကို နှောင့်ယှက်ရင် အဖေလည်းသေချာပေါက် ဒေဝါလီခံရလိမ့်မယ်။ အဲဒါဆိုရင် တကယ်အားလုံးအားလုံးအဆုံးသတ်သွားမှာပဲ”

ရှောင်ဟိုင်ချင်းသည် အဓိပ္ပာယ်မရှိသောစကားများကို အချိန်အတော်ကြာပြောပြီးနောက် ကားထဲသို့ဝင်လိုက်သည်။ ကားထဲရှိအနံ့သည် လုံးဝပျောက်ကွယ်သွားပြီဖြစ်၏။

ဒရိုင်ဘာသည် သက်ပြင်းသာချကာ ကားထဲသို့ သတိကြီးကြီးဖြင့် ပြန်ဝင်လိုက်သည်။ သူသည် အိမ်ကြီး၏တံခါးဝအား စူးစိုက်ကြည့်လိုက်၏။ စက္ကန့်တိုင်းသည် သူ့အတွက်တစ်နှစ်ကဲ့သို့ ခံစားနေရသည်။

Space and Rebirth 600

Trans: Esth

ရှောင်ဟိုင်ချင်းသည် ကားနောက်ခန်းတွင်ထိုင်ကာ မျက်စိမှိတ်အနားယူနေသည်။ အိမ်ကြီး၏ဝင်ပေါက်သည် ပို၍ပင် တိတ်ဆိတ်သွား၏။

နာရီဝက်ခန့်ကြာပြီးနောက် နောက်တစ်နာရီကုန်ဆုံးသွားပြန်သည်။ သို့ရာတွင် ကျန်းရုံသည် ထွက်မလာသေးချေ။ မဒမ်သည် မလုပ်သင့်သောကိစ္စကို လုပ်လိုက်ချေပြီဟု ဒရိုင်ဘာသည် သေချာသိသွား၏။

သို့သော် သူမသည် အနည်းငယ်အိုနေပြီမဟုတ်လော? သူမသည် သူတို့နှစ်ဦးကိုပင် ကွယ်ဝှက်ထားလိုခြင်းမရှိသည့်အပြင် မိန်းကလေးရှောင်ကိုပါ ခြိမ်းခြောက်ခဲ့သေးသည်။ မဒမ်သည် ဤကဲ့သို့လူစားမျိုးဖြစ်ခဲ့မှန်း သူသည် ယခင်က အဘယ်ကြောင့်မသိခဲ့ရသနည်း?

ဒရိုင်ဘာသည် ဆူးပုံပေါ်ထိုင်မိသလို ခံစားနေရ၏။ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းပေးထားသော လိမ်းဆေးအား လက်ဆော့နေကာ အလွန်တရာတည်ငြိမ်နေသည်။

ကျင်းယွင်ကျောင်းစကားအရ ဤလိမ်းဆေး၏ရနံ့သည် လူများအား အသိစိတ်လွတ်စေ၏။ ထိုရနံ့အား ရှူရှိုက်လေလေ ပိုဆိုးလေလေဖြစ်သည်။ သို့ရာတွင် လိမ်းဆေး၏အာနိသင်များကို အလွယ်တကူပျက်ပြယ်စေနိုင်သည့် နည်းလမ်းများလည်းရှိသည်။ လိမ်းဆေးမှုန့်ရောထားသောရေကို သောက်ခြင်း သို့မဟုတ် လိမ်းဆေးရနံ့ကိုရှူရင်း မျက်နှာသစ်ခြင်းတို့သည် အသိစိတ်ကိုနိုးကြားစေ၏။

ကားထဲသို့မဝင်ခင်တွင် ရှောင်ဟိုင်ချင်းသည် အကြောင်းတစ်ခုပြကာ ဒရိုင်ဘာအား လိမ်းဆေး၏အာနိသင်များ မသက်‌ရောက်စေရန် လိမ်းဆေးမှုန့်အချို့ရောထားသောရေအား တိုက်ခဲ့၏။ လမ်းတွင် သူမသည် ထိုလိမ်းဆေးအကြောင်းဆက်တိုက်ပြောခဲ့ပြီး လမ်းတစ်ဝက်တွင် ကျန်းရုံသည် အသိစိတ်လွတ်သွားပြီဖြစ်သည်။ သူမသည် ရှင်းရှင်းလင်းလင်းမတွေးခေါ်နိုင်တော့ဘဲ အနည်းငယ်တုံဏှိဘာဝေဖြစ်နေချေပြီ။

သို့ရာတွင် လိမ်းဆေး၏အကျိုးသက်‌ရောက်မှုများမှာ အနုနည်းအဖြစ်သာ သက်‌ရောက်သောကြောင့် ကျန်းရုံအား နာခံစိတ်ပို၍သာရှိသွားစေ၏။

ရှောင်ဟိုင်ချင်းသည် လက်ထဲတွင် လိမ်းဆေးအားကိုင်ထားသည်။ သူမသည် ဤကဲ့သို့မသမာသောနည်းလမ်းအား သုံးရမည့်တစ်နေ့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့ရာတွင် တစ်ခါတစ်ရံ၌ လူယုတ်မာများနှင့်ရင်ဆိုင်ရသောအချိန်တွင် သူတို့ပေးခဲ့သောဒုက္ခအတိုင်း ပြန်လည်ခံစားစေရုံသာရှိပေသည်။ သူမသည် ကျန်းရုံအား မျက်စိစုံမှိတ်ကာ ခွင့်လွှတ်မည်မဟုတ်ချေ။

အိမ်ကြီးထဲတွင် ကျိုးဟိုင်ယန်းနှင့် အစောင့်အုပ်စုသည် ဧည့်ခန်းထဲတွင် စောင့်နေ၏။ ဂျိမ်းစ်နှင့်ကျန်းရုံသည် အိပ်ခန်းထဲတွင် ရှိနေသည်။ သူမသည် ဝှီးချဲရှေ့မှောက်တွင် လိမ္မာသောခွေးလေးတစ်‌ကောင်ကဲ့သို့ ဒူးထောက်နေပြီး ဂျိမ်းစ်ပြုသမျှနုနေ၏။

ဤအမျိုးသမီးသည် စိတ်ပြင်းပြမှုလုံးဝမရှိဘဲ အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသည်ဟု ဂျိမ်းစ်ခံစားလိုက်ရသော်လည်း သူ၏လက်ထဲတွင်ရှိနေသောအမျိုးသမီးအား ကောင်းကောင်းအသုံးမချလိုက်ပါက သူသည် ညံ့ပေတော့မည်။

လူတိုင်းသည် အိပ်ခန်းထဲမှလာသောအသံများကို မကြားကြဟန်ရှိသည်။ ကျိုးဟိုင်ယန်းသည် ပြင်းပြသောအကြည့်ဖြင့် စားပွဲပေါ်မှ ဘရိုကိတ်ဘူးကိုကြည့်လိုက်၏။

ကျောက်စိမ်းဝိညာဥ်ဝိုင်ချက်နည်းအား....နောက်ဆုံးတွင် သူရရှိခဲ့လေပြီ။

သူ၏ကျိုးမိသားစုသည် အရက်လုပ်ငန်းတွင် ရှိနေခဲ့သည်မှာ ဆယ်စုနှစ်ချီနေသော်လည်း နယ်ပယ်တူသောအခြားလူများ၏ ဖိနှိပ်ခြင်းကိုသာ အမြဲတစေခံခဲ့ရသည်။ သူတို့ချွေးမြေကျသည်အထိ ကြိုးစားပမ်းစားချက်လုပ်ထားခဲ့သော အရက်သည်လည်း စျေးကွက်ထဲတွင် ရေပန်းမစားခဲ့ချေ။ သို့တွင်မူ ကျောက်စိမ်းဝိညာဥ်ဝိုင်သည် ပေါ်လာသည်မှာ တစ်နှစ်ကျော်ကျော်သာရှိသေးသော်လည်း လူသိများသောတံဆိပ်တစ်ခုဖြစ်နေချေပြီ။ သူသည် အဘယ်သို့ စိတ်ကျေနပ်နိုင်မည်နည်း?

ဤကဲ့သို့တက်သစ်စကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် မည်ကဲ့သို့သောဝိုင်ချက်နည်းကို ပိုင်ဆိုင်ထားသည်ကိုသာ သူသည် သိချင်ရုံသက်သက်ဖြစ်သည်။ ထိုအတွက် ကုမ္ပဏီ၏ရှယ်ယာအများစုအား သူဆုံးရှုံးခဲ့လျှင်ပင် အရေးမကြီးပေ။

မစ္စတာဂျိမ်းစ်နှင့် ဤဝိုင်ချက်နည်းဖြင့်ဆိုလျှင် သူ၏ကုမ္ပဏီသည် နာမည်ထိုးတက်လာပေလိမ့်မည်။ သူ၏လက်ထဲတွင် ဤအရာသည် ပို၍ပင်ထွန်းလင်းတောက်ပလာလိမ့်မည်။

ကျိုးဟိုင်ယန်း၏အပြုံးသည် ထူးဆန်းပြီး အရိုင်းဆန်နေ၏။ သူ့အား နတ်ဘုရားများမှ ကောင်းကြီးပေးလိုက်သလို ခံစားနေမိသည်။

အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီး ကျန်းရုံသည်လည်း တစ်ညလုံးထွက်မလာခဲ့ချေ။

ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကိုစေ့ကာ ကောက်ကျစ်သောအမျိုးသမီးတစ်ဦးကဲ့သို့ ပြုံးလိုက်၏။ အရုဏ်တက်သည်နှင့် အိမ်ကြီးထဲတွင် ဆူညံပွက်လောရိုက်သံများထွက်လာသည်။

“မဖြစ်နိုင်တာ! ရှင်တို့က ကျွန်မကိုဘယ်လိုတောင် လုပ်ရက်တာလဲ! ရဲကို‌ခေါ်မယ်! အောက်တန်းစားတွေ၊ ရှင်တို့ကများရာရာစစ...ကျွန်မကိုဒီလိုဆက်ဆံတယ်....”

ကျန်းရုံသည် တစ်ကိုယ်လုံးအားယုတ်ပျော့ခွေစွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။

သူမခန္ဓာကိုယ်သည် အလွန်ဆိုးရွားသောအခြေအနေတွင်ရှိနေ၏။ သူမဒူးများသည် ယောင်ယမ်းနီမြန်းနေပြီး အချိန်ကြာမြင့်စွာ ဒူးထောက်ထားမှန်းသိသာသည်။ ထို့အပြင် ကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သောအနီကွက်များရှိပြီး အလွန်တရာနာကျင်နေပုံရ၏။

“မိန်းမပျက်မ၊ မနေ့ညကတော့ ကြောင်ပေါက်လေးလိုမျိုး လိမ္မာနေပြီး အခုမှလာပြီး ဖြူစင်ချင်ယောင်ဆောင်မနေနဲ့။ မစ္စတာဂျိမ်းစ်ဆီက ခွာစားချင်တာမှတ်လား?”

ကျိုးဟိုင်ယန် လှောင်ရယ်လိုက်သည်။

ယမန်နေ့ညက ဤအမျိုးသမီးသည် အလွန်နာခံရိုကျိုးလှသည်ဟု သူတွေးခဲ့သည်။ အိပ်ရာပေါ် အောင်အောင်မြင်မြင်တက်နိုင်ခဲ့ပြီး တစ်ညသာရှိသေးရုံဖြင့် သူမပုံစံအစစ်အမှန်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ!

သူမသည် မိန်းမပျက်တစ်ဦးကဲ့သို့ပင် အလွန်တရာ အပေါက်ဆိုးလှပေသည်။

All Chapters