အခန်း (၂၈၁-၂၈၂)
Vol. 29 Ch. 281-282
အခန်း (၂၈၁) - လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်တွင် ဆိုင်းအင်၀င်ခြင်း၊ ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်(၁)
အမှောင်ဘိုးဘေးအဆောင်သည် အမှောင်ခန်းမ၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုဖြစ်ကြောင်းကို လူတိုင်း သိရှိထားကြလေသည်။
သို့သော် ယခုအခါ ဤမိန်းမပျိုလေးထံတွင် ၎င်းကို မြင်တွေ့လိုက်ရခြင်းက တစ်ခုခုကို သက်သေပြနေခဲ့သည်။
အမှောင်ခန်းမတွင် ဤမိန်းမပျိုလေး၏ အဆင့်အတန်းမှာ သေချာပေါက် မနိမ့်ကျနိုင်ပေ။
“မဟုတ်ဘူး... အဲ့ဒါ ဘိုးဘေးအဆောင် အစစ်မဟုတ်ဘူး...”
“အဲ့ဒါက ကူးယူထားတဲ့ မဟာအမှောင်ရူန်းစာလုံးတစ်ခုပဲ...”
“ဒါပေမယ့် ဒီလောက် ပြီးပြည့်စုံနေတာဆိုတော့ အမှောင်ခန်းမက မိစ္ဆာအိုကြီးတချို့ လုပ်ပေးထားတာ ဖြစ်ရမယ်...”
... မကြာမီမှာပင် အမြင်စူးရှသူ အချို့က ဤအရာမှာ အစစ်အမှန် ဘိုးဘေးအဆောင် မဟုတ်ကြောင်းကို မှတ်မိသွားကြလေသည်။
သို့သော် ဤကူးယူထားသော ရူန်းစာလုံးသည်ပင်လျှင် လင်းကျန်းကို ကိုင်တွယ်ရန် လုံလောက်နေပြီ ဖြစ်သည်။
လင်းကျန်း၏ မျက်လုံးများ လင်းလက်သွားစဉ် ချင်းတန်၏ မျက်ခုံးနှစ်ခုကြားမှ ပျံသန်းထွက်ပေါ်လာသောအမှောင်ရူန်းစာလုံးမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။
ဤအနက်ရောင် အလင်းတန်းများသည် လေထုထဲတွင် စုစည်းသွားပြီး နောက်ဆုံးတွင် အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရသော ဧရာမ အနက်ရောင် အရိပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အရိပ်ကြီးထံမှ အလွန်အမင်း ကြမ်းတမ်းသော လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။
ဧရာမ အနက်ရောင် အရိပ်ကြီး ပုံပေါ်လာပြီးနောက် မရေမတွက်နိုင်သော အကြည့်များအောက်တွင် ဧရာမလက်ဝါးကြီးကို ဆန့်တန်းကာ အနက်ရောင် တံစဉ်ကြီးကို လှမ်းကိုင်လိုက်လေသည်။
အနက်ရောင်တံစဉ်ကြီးကို ကိုင်ဆောင်ထားသော အနက်ရောင် အရိပ်ကြီးသည် ကောင်းကင်ယံတွင် မတ်မတ် ရပ်နေ၏။
၎င်း၏ အသွင်အပြင်မှာ သေမင်းတမန် ဆင်းသက်လာသည့်အလား ဖြစ်နေပြီး အလွန်အမင်း ကြမ်းတမ်းသော လှိုင်းဂယက်များက ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းပြန့်နှံ့သွားခဲ့သည်။
“အမှောင်တံစဉ်၊ ဝိညာဉ်ခုတ်ပိုင်းခြင်း...”
ချင်းတန်၏ အသံ ထွက်ပေါ်လာသည်နှင့်အမျှ အနက်ရောင် တံစဉ်ကြီးကို ကိုင်ဆောင်ထားသော ဧရာမ အနက်ရောင် အရိပ်ကြီးက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ၎င်း၏ လက်ထဲရှိ အနက်ရောင် တံစဉ်ကြီးက အဝေးမှနေ၍ လင်းကျန်းထံသို့ ခုတ်ပိုင်းချလိုက်လေသည်။
“ဝိညာဉ်ဧကရာဇ်ကျမ်း၊ ဝိညာဉ်ဧကရာဇ် ရွှေရောင်သံချပ်ကာ...”
လင်းကျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမကို ဆက်လက်၍ အထင်မသေးရဲတော့ပေ။
သိပ်သည်းလွန်းသော ယွမ်စွမ်းအင်များက သူ့ထံသို့ စုစည်းလာပြီး သူ၏ အနောက်ဘက်ရှိ ဝိညာဉ်ဧကရာဇ်၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ပင် ပေါင်းစပ်ဝင်ရောက်သွားခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပသွားပြီး ထူထဲသော ရွှေရောင်သံချပ်ကာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရှေးကျပြီး နက်နဲလှသော ရူန်းစာလုံးများက ရွှေရောင် သံချပ်ကာပေါ်တွင် လင်းလက်နေပြီး ၎င်းထံမှ ထက်ရှပြီး လေးလံသော အရှိန်အဝါတစ်ခု ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။
“ချွင်...”
အနက်ရောင် အရိပ်ကြီး ခုတ်ပိုင်းချလိုက်သော တံစဉ်က ရွှေရောင် သံချပ်ကာကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
အနက်ရောင်နှင့် ရွှေရောင် အလင်းတန်းများက ပြင်းထန်စွာ တိုက်မိသွားကြပြီး ပြင်ထန်လွန်းသော ယွမ်စွမ်းအင် လှိုင်းဂယက်များက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တွန့်လိမ်ကောက်ကွေးသွားစေခဲ့၏။
လင်းကျန်း၏ ရင်ဘတ်ပေါ်တွင် ပြတ်ရှရာ တစ်ခု ပေါ်လာပြီး သွေးများ စီးကျလာခဲ့လေသည်။
“ငါ့ကို ဒီအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်ခဲ့တာ မင်းကတော်တော်လေး အားကောင်းတဲ့ မိန်းမပျိုလေးပဲ... ဒါပေမယ့် ဒါတွေ အဆုံးသတ်ဖို့ အချိန်တန်ပြီ၊ ဒီမှာတင် ရပ်လိုက်တော့...”
လင်းကျန်း၏ မျက်နှာမှာ ရူးသွပ်နေပုံရပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အလင်းတန်းများ အားလုံးက သူ၏ ဘယ်ဘက်လက်ပေါ်သို့ စုစည်းသွားကြလေသည်။
“ဝိညာဉ်ဧကရာဇ်ကျမ်း၊ ဝိညာဉ်ဧကရာဇ်လက်ဝါး...”
သူ၏ ဘယ်ဘက်လက်က ရုတ်တရက် ဖောင်းပွလာပြီး ဧရာမ ရွှေရောင်လက်ဝါးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တောင်ကြီး တစ်တောင်သဖွယ် လက်ဝါးကြီးက ကောင်းကင်ယံမှ ဖိချလာပြီး ချင်းတန်၏ သေးသွယ်သော ပုံရိပ်လေးကို ရွှေရောင် အလင်းတန်းများက လုံးဝ လွှမ်းခြုံသွားလေသည်။
၎င်းမှ ထုတ်လွှတ်လိုက်သော ရွှေရောင် အလင်းတန်း တစ်ခုတည်းကပင် သာမန် နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူ တစ်ဦး ပစ်လွှတ်လိုက်သော ဓားချီတစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။
“တကယ်ကို အားကောင်းလွန်းတာပဲ... ဒါပေမယ့် ဒါက ငါ့ရဲ့ ကန့်သတ်ချက်နဲ့ အများကြီး ဝေးသေးတယ်...”
သို့သော် ချင်းတန်က အသာအယာ ပြုံးလိုက်လေသည်။
သူမ၏ မဟာယင် ရူန်းစာလုံး ကိုပင် အသုံးပြုရန် မလိုအပ်ဘဲ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားတစ်ခုက သူမ၏ ကိုယ်တွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကောင်းကင်ဝါးမျိုခန္ဓာကိုယ်ကို အသက်သွင်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ လှိုင်းတံပိုးများအလား စီးဝင်သွားကြလေသည်။
ချင်းတန်၏ စွမ်းအားမှာလည်း လျင်မြန်စွာ မြင့်တက်လာပြီး တစ်ချိန်တည်းမှာပင် ထိုစွမ်းအားများက သူမ၏ ယင်ဒန်ကို ဖြတ်သန်းသွားကာ အနက်ရောင် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာချီများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ချင်းတန်၏ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ အေးခဲသွားခဲ့ပြီး အနက်ရောင် ရေခဲမြေပြင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ဒီလောက် အားကောင်းတဲ့ ယင်ရှယွမ်စွမ်းအင်...”
ဘေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော ယွမ်ချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ဤအချိန်တွင် ချင်းတန်ကို ဝန်းရံနေသော ယင်ရှချီက သူ့ကို ကြီးမားလွန်းသော ဖိအားများ ခံစားရစေခဲ့သည်။
ချင်းတန်က အနက်ရောင် တံစဉ်းကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာချီများ အားလုံးက အနက်ရောင် တံစဉ်းကြီး အတွင်းသို့ စီးဝင်သွားပြီး အမှောင် တံစဉ်းကြီး၏ အလင်းရောင်ကို ပိုမို နက်ရှိုင်းပြီး မှောင်မိုက်သွားစေခဲ့၏။
တံစဉ်းကြီးကို ခုတ်ပိုင်းချလိုက်သည်နှင့်အမျှ သူမ၏ အရှေ့ရှိ နေရာလပ်မှာ ထူးဆန်းစွာ တွန့်လိမ်ကောက်ကွေးသွားပုံ ရလေသည်။
ပေရာချီ မြင့်မားသော အနက်ရောင် အလင်းတန်း တစ်ခုက လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သည့် ယင်ရှအရှိန်အဝါ တစ်ခုကို သယ်ဆောင်ကာ လင်းကျန်းထံသို့ ဒေါသတကြီး ခုတ်ပိုင်းချလိုက်လေသည်။
အနက်ရောင် အလင်းတန်းက ရွှေရောင် ဧရာမလက်ဝါးကြီးကို ခုတ်ပိုင်းဖြတ်သန်းသွားပြီး တိုက်ရိုက် ဖောက်ထွင်းသွားခဲ့၏။ ထူထဲသော လက်မောင်းကြီးမှာ အောက်မှ အထက်သို့ နှစ်ပိုင်း ပြတ်သွားလေသည်။
နောက်ဆုံးတွင် သူ၏ လက်မောင်း တစ်ခုလုံးမှာ သုံးစားမရအောင် ဖြစ်သွားပြီး ချင်းတန်၏ အနက်ရောင် မိစ္ဆာ တံစဉ်ကြီးဖြင့် အထက်အောက် နှစ်ပိုင်း ပိုင်းဖြတ်ခြင်းကို တိုက်ရိုက် ခံလိုက်ရလေတော့သည်။
“အား...”
လင်းကျန်းက ရင်ကွဲမတတ် အော်ဟစ်လိုက်ပြီး သွေးများ ပန်းထွက်လာခဲ့၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။
ချွင်...
ချင်းတန်က အနက်ရောင် တံစဉ်ကြီးကို လွှဲယမ်းလိုက်ရာ ကျယ်လောင်ပြတ်သားသော ချွင်ခနဲ အသံနှင့်အတူ ကွေးညွတ်ပြီး ထက်မြက်သော တံစဉ်းကြီးမှာ လင်းကျန်း၏ လည်ပင်းပေါ်သို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့လေသည်။
တံစဉ်ကြီး၏ ရေခဲသဖွယ် အေးစက်မှုက လင်းကျန်း၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်သွားပြီး သူ့ကို ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်လာစေခဲ့၏။
“ငါ့ရဲ့ ဓားသွားကို နင်ခံစားရလား... နင့်မှာ နောက်ဆုံး ပြောစရာ စကားများ ရှိသေးလား...”
နတ်ဆိုးမလေး တစ်ပါးအလား ချင်းတန်၏ နူးညံ့ပြီး လှပသော မျက်နှာလေးပေါ်တွင် ဂုဏ်ယူနေသည့် အရိပ်အယောင်လေးတစ်ခု ပေါ်လာကာ သူမ၏ ကလေးဆန်ဆန် အသံလေးနှင့် လင်းကျန်းကို ကျီစယ်လိုက်လေသည်။
“မင်း...” သူက ချင်းတန်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေပြီး စကားမပြောနိုင်အောင် ဖြစ်နေခဲ့၏။
ပတ်ဝန်းကျင်ရှိ သောင်းနှင့်ချီသော လူများမှာလည်း ဆွံ့အသွားကြလေသည်။
သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အရာကို သူတို့ ယုံကြည်ရန် ခက်ခဲနေခဲ့သည်... လူငယ်ဘုရင် သုံးပါးထဲမှ တစ်ပါးဖြစ်သော လူငယ်ဝိညာဉ်ဘုရင် လင်းကျန်းသည် ဤကဲ့သို့ အမည်မသိ မိန်းမပျိုလေးတစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည် မဟုတ်လော။
ထိုမိန်းမပျိုလေးမှာ အသက်နှစ်ဆယ်ပင် မပြည့်သေးပုံရသော်လည်း သူမသည် လူငယ်ဘုရင်သုံးပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။
ဤအချိန်မှသာ ချန်ကွေ့က ဤမိန်းမပျိုလေးကို အဘယ်ကြောင့် ဤမျှလောက် အကာအကွယ် ပေးနေရသနည်း ဆိုသည်ကို သူတို့ နားလည်သွားကြတော့သည်။
“ချင်းတန်က အရွယ်ရောက်လာပြီပဲ...” လင်းတုန်က သူ၏ လည်ပင်းကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
ထိုမိန်းမပျိုလေးမှာ သူ၏ အနောက်တွင်သာ ကပ်လိုက်ပြီး သူ့ကို အစ်ကိုကြီးလင်းတုန်ဟု ခေါ်ဆိုတတ်သော အမြဲတမ်း တွယ်ကပ်နေသည့် ကလေးမလေး မဟုတ်တော့ပေ။
ချန်ကွေ့၏ မျက်နှာပေါ်တွင်လည်း စိတ်သက်သာရာရသွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူ၏ ညီမလေးမှာ အလွန် အားကောင်းလှပေသည်။
သူ အလွန်အမင်း စိုးရိမ်လွန်းသွားခဲ့ပြီး သူ၏ ညီမလေးသည်လည်း ဆရာမကြီး တစ်ဦး ဖြစ်ကြောင်းကို မေ့သွားခဲ့သည်။ ထို့အပြင် ဤသည်မှာ ညီမလေး၏ စွမ်းအားအပြည့်အဝပင် မဟုတ်သေးချေ။ သူကိုယ်တိုင်ပင်လျှင် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။
“ရပ်လိုက်စမ်း...”
ယွမ်ချန်းက အော်ဟစ်လိုက်ပြီး အားကောင်းသော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ သူ၏ လက်ထဲရှိ သံဓားမှာ တုန်ခါမြည်ဟည်းနေပြီ ဖြစ်လေသည်။
သူက ဓားဖြင့် ချင်းတန်ကို ချိန်ရွယ်လိုက်ပြီး “လင်းကျန်းကို လွှတ်ပေးလိုက်...” ဟု ပြောလိုက်၏။
သူ၏ အနောက်ဘက်တွင် လဲ့ချန်၏ ခန္ဓာကိုယ်မှာ လျှပ်စီးများဖြင့် လှိုင်းထနေပြီး ခရမ်းရောင် လျှပ်စီးအလင်းတန်းများ လင်းလက်နေလေသည်။
ဝိညာဉ်စစ်သူကြီး ခြောက်ဦး၏ မျက်နှာများမှာလည်း မှောင်မည်းနေပြီး သူတို့၏ အနောက်ဘက်ရှိ ယွမ်ဂိုဏ်းတပည့်များ အားလုံးက အနည်းငယ် ရှေ့သို့ တိုးလာကြကာ ကြီးမားလွန်းသော ယွမ်စွမ်းအင် လှိုင်းဂယက်များ ပြန့်နှံ့ထွက်ပေါ်လာခဲ့သည်။
လင်းကျန်းရှုံးနိမ့်သွားပြီး သူ၏ အသက်မှာ ချင်းတန်၏ ဓားသွားအောက်တွင် ရောက်ရှိနေသဖြင့် သူတို့ စိုးရိမ်ပူပန်နေကြသည်မှာ ထင်ရှားလှပေသည်။
“လှုပ်ရဲတဲ့သူ ဘယ်သူမဆို စမ်းကြည့်လို့ ရတယ်...”
ချင်းတန်က ယွမ်ဂိုဏ်းမှ လူအုပ်ကြီးကို အကြောက်အလန့် ကင်းမဲ့စွာဖြင့် ရင်ဆိုင်လိုက်လေသည်။ သူမ၏ လက်ထဲရှိ တံစဉ်းကြီးက ချွင်ခနဲ မြည်ဟည်းသွားပြီး လင်းကျန်း၏ ခေါင်းကို အချိန်မရွေး ဖြတ်ပစ်ရန် အသင့်ရှိနေခဲ့၏။
ဤအချိန်တွင် ဝူယွမ်၊ ချန်ကွေ့နှင့် လင်းတုန်တို့ လှုပ်ရှားလိုက်ကြပြီး ချင်းတန်၏ ဘေးသို့ ရောက်ရှိလာကြလေသည်။ တောင်ဂိုဏ်းမှ လူများကလည်း တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် သူတို့၏ ဝိညာဉ်ရတနာများကို ထုတ်ယူလိုက်ကြ၏။
“အရမ်းကောင်းတယ်... ညီမလေးက ငါတို့ကို စိတ်ပျက်အောင် မလုပ်ဘူးဆိုတာ အစ်ကိုသိပြီးသားပါ...”
ဝူယွမ်က ချင်းတန်၏ ခေါင်းလေးကို ပုတ်ကာ ချီးကျူးလိုက်လေသည်။
“ဟဲဟဲ... အဓိကကတော့ သူက အရမ်း အားနည်းလွန်းနေလို့ပါ၊ ညီမလေး ဆက်တိုက်လို့ ရသေးတယ်လို့တောင် ခံစားရတယ်... အဲ့ဒီ ယွမ်ချန်းကလည်း ညီမလေးရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး...” ချင်းတန်က ရယ်မောရင်း ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
သူမ၏ ဓားသွားအောက်ရှိ လင်းကျန်းမှာ ဤစကားများကို ကြားလိုက်ရသောအခါ ဒေါသကြောင့် သေမတတ် ဖြစ်သွားရလေသည်။
“လင်းကျန်းကို လွှတ်ပေးလိုက်... မဟုတ်ရင် မင်းတို့ အားလုံး သူနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်...”
ယွမ်ချန်းက ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ဘဲ ဒေါသများ မြင့်တက်လာခဲ့၏။ သူ၏ လက်ထဲရှိ ဓားမှာလည်း အဆက်မပြတ် တုန်ခါမြည်ဟည်းနေလေသည်။
လဲ့ချန်နှင့် လင်းကျန်းတို့၏ အဆက်မပြတ် ပြင်းထန်သော ရှုံးနိမ့်မှုများက သူတို့ ယွမ်ဂိုဏ်း၏ လူငယ်ဘုရင်သုံးပါးကို ဟာသတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ ယခုအခါ ဤအခြေအနေကို သူတစ်ယောက်တည်းကသာ ကယ်တင်နိုင်တော့သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မှု လွန်ကဲနေတာပဲ... သူနဲ့အတူ မြေမြှုပ်ခံရမယ် ဟုတ်လား... မင်းကို မြေမြှုပ်ဖို့ ငါတို့က ပို့ပေးရမလား...”
ဝူယွမ်က နှုတ်ခမ်းရွဲ့ရာ ယွမ်ချန်းကို အရူးတစ်ယောက်အလား ကြည့်ရင်း ပြောလိုက်လေသည်။
ယွမ်ချန်း ဘာကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို သူသိထား၏... အဘယ်ကြောင့်ဆိုသော် ယွမ်ချန်းထံတွင်လည်း လျှို့ဝှက်ချက် တစ်ခု ရှိနေသောကြောင့် ဖြစ်သည် ။
သူသည် ဝိညာဉ်တံဆိပ် တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
အခန်း (၂၈၂) - လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်တွင် ဆိုင်းအင်၀င်ခြင်း၊ ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်(၂)
သို့သော် ဝူယွမ်၏ အမြင်တွင် ဤအရာမှာ ဘာမှမဟုတ်ပေ။
လင်းတုန် တစ်ယောက်တည်းဖြင့် သူ့ကို အပြတ်အသတ် အနိုင်ယူရန် လုံလောက်လှပေသည်။
“ဝီ၊ ဝီ...”
နှစ်ဖက်စလုံး တင်းမာနေသော အခြေအနေတွင် ရှိနေစဉ် ချိုင့်ဝှမ်း၏ အလယ်ဗဟို မြည်ဟည်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ အကြည့်များမှာ ချက်ချင်းပင် အလန့်တကြားဖြင့် ရွေ့လျားသွားကြပြီးနောက် လေဟာနယ်မှာ တကယ်ကြီး တွန့်လိမ်ကောက်ကွေးနေသည့် လက္ခဏာများကို ပြသနေသည်ကို သူတို့ မြင်တွေ့လိုက်ကြရလေသည်။
တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်အတွင်းမှ အလွန်အမင်း ရှေးကျသော ရှေးဟောင်းနန်းတော်ကြီးများ ခပ်ရေးရေး ပေါ်လာပုံရပြီး အချိန်ကာလ ကုန်လွန်မှုကြောင့် ဖြစ်ပေါ်လာသော လောကဓံ အငွေ့အသက်တစ်ခုက လေဟာနယ်အတွင်းမှ စိမ့်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားခဲ့၏။
“လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ပွင့်လာတာလား...”
လူတိုင်းက အံ့ဩတကြီး ရေရွတ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ယွမ်ဂိုဏ်းနှင့် တောင်ဂိုဏ်းတို့ တိုက်ခိုက်နေကြသည်ကို ကြည့်ရှုရန် သူတို့ ဤနေရာသို့ စုဝေးလာခဲ့ကြခြင်း မဟုတ်ပေ... သူတို့၏ ရည်ရွယ်ချက်မှာ ဤနေရာတွင် ဖုံးကွယ်နေသော လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ပင် ဖြစ်လေသည်။
သို့သော် လေဟာနယ်မှာိ တွန့်လိမ်ကောက်ကွေးနေပြီး အတွင်းရှိ ရှေးဟောင်းနန်းတော် အဆောက်အအုံများကို ခပ်ရေးရေး မြင်တွေ့နိုင်သော်လည်း ဤလေဟာနယ်မှာ အပြည့်အဝ ပွင့်လန်းလာမည့် အရိပ်အယောင်များကို မပြသသေးပေ။ ယင်းကို ဖွင့်ရန် သော့လိုနေသကဲ့သို့ ခံစားရလေသည်။
“ယွမ်ဂိုဏ်းဆီမှာ အဲ့ဒါကို ဖွင့်မယ့် နည်းလမ်း ရှိလောက်တယ်...”
တစ်စုံတစ်ယောက်က ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်များ ယှက်နွယ်သွားကြပြီး အားလုံးက ယွမ်ချန်းထံသို့ လှည့်ကြည့်လိုက်ကြလေသည်။
ယွမ်ဂိုဏ်းက ဤတစ်ကြိမ်တွင် ရှေးဟောင်း ရတနာတိုက်ကို ဖွင့်နိုင်သည်ဟူသော သတင်းကို ရရှိခဲ့သောကြောင့် သူတို့ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ရှေးဟောင်း ရတနာတိုက်ကို ဖွင့်ရန်အတွက် သူတို့ ယွမ်ဂိုဏ်းကိုသာ အားကိုးနိုင်တော့သည်။
သောင်းနှင့်ချီသော လူများက စောင့်ကြည့်နေကြသဖြင့် ကြီးမားလွန်းသော ဖိအား ခံစားချက်က တောင်ဂိုဏ်းနှင့် ယွမ်ဂိုဏ်းမှ တပည့်များကို တင်းမာသွားစေခဲ့လေသည်။
ယွမ်ချန်းက ပတ်ဝန်းကျင်ရှိ လူများ၏ စိတ်အားထက်သန်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။
သူက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ “ဝူယွမ်... ဒီတစ်ခေါက် ငါတို့ရဲ့ ရည်ရွယ်ချက် အားလုံးက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အတွက်ချည်းပဲလေ..."
“တကယ်လို့ မင်း လင်းကျန်းကို လွှတ်ပေးရင် ငါ့ရဲ့ ယွမ်ဂိုဏ်းက ရှေးဟောင်း ရတနာတိုက်ကို ဖွင့်ပေးပြီး လူတိုင်းကို အတွင်းက ရတနာတွေ ခွဲဝေယူခွင့် ပြုမယ်... တကယ်လို့ မင်း သူ့ကို မလွှတ်ပေးဘူးဆိုရင်တော့ ဘယ်သူမှ ဝင်ခွင့်ရမှာ မဟုတ်ဘူး၊ ဘယ်သူမှ ဘာမှရမှာမဟုတ်ဘူး...”
“ရွေးချယ်ခွင့်က အခု မင်းတို့ တောင်ဂိုဏ်းရဲ့ လက်ထဲမှာပဲ ရှိတယ်... တကယ်လို့ မင်း သဘောမတူဘူးဆိုရင် မင်းက ဒီမှာ ရှိနေတဲ့ လူတိုင်းကို ဆန့်ကျင်နေတာပဲ...”
ယွမ်ချန်း၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ရှိနေခဲ့၏။
သူ၏ အသံမှာ ကျယ်လောင်ပြီး လူတိုင်း ကြားနိုင်ရန် တမင်တကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လင်းကျန်းကို လွှဲပြောင်းပေးရန် တောင်ဂိုဏ်းကို ခြိမ်းခြောက်ရန်အတွက် လက်ရှိ အခြေအနေကို အသုံးပြုလိုခြင်း ဖြစ်သည်။
ချက်ချင်းပင် သောင်းနှင့်ချီသော အကြည့်များက တောင်ဂိုဏ်း၏ ဘက်သို့ စူးစိုက်ကျရောက်သွားကြပြီး အားလုံးက ဝူယွမ်ကို ကြည့်နေကြကာ တီးတိုး ဆွေးနွေးသံများ မြင့်တက်လာခဲ့လေသည်။
တောင်ဂိုဏ်းမှ လူများမှာ ရုတ်တရက် ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရ၏။
“ဟဲဟဲ... လင်းကျန်း တစ်ယောက်တည်းပါ၊ မင်းတို့ သူ့ကို ဘယ်လောက်တောင် တန်ဖိုးထားနေကြသလဲဆိုတာ ကြည့်ပါဦး... ငါ သူ့ကို မင်းတို့ကို ပေးလိုက်ပါ့မယ်...”
ဝူယွမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး လင်းကျန်း၏ သိုလှောင်အိတ်ကို သူ၏ လက်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်ကာ လင်းကျန်းကို အားကုန် ကန်ထုတ်လိုက်လေသည်။
“အခု မင်း အဲ့ဒါကို ဖွင့်လို့ ရပြီမလား... တကယ်လို့ မင်း ကတိဖျက်သေးတယ်ဆိုရင်တော့ ဒေါသတွေက မင်းတို့ ယွမ်ဂိုဏ်းဆီ ပြောင်းသွားလိမ့်မယ်...”
ဝူယွမ်က လင်းကျန်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ယခု လင်းကျန်းမှာ ဒုက္ခိတ တစ်ပိုင်း ဖြစ်နေသည်ကို မဆိုထားနှင့်၊ အကယ်၍ သူ ဒုက္ခိတ မဖြစ်လျှင်တောင်မှ သူသည် ဝူယွမ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ပေ။
အကယ်၍ သူ သတ်ချင်ပါက ဤကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် အချိန်ယအများကြီး ရှိနေသေးသည်။ လောစရာ မလိုပေ။
လောလောဆယ်တွင် လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ကို သူတို့ကို ဖွင့်ခွင့်ပြုလိုက်ခြင်းက ပိုကောင်းလေသည်။ သူ စာရင်းသွင်းရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည် မဟုတ်လော။
“ဟမ့်...”
ယွမ်ချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ယွမ်ဂိုဏ်းတပည့်များကို တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် အရှေ့တွင် စုရုံးရန် ဦးဆောင်သွားခဲ့လေသည်။
ထို့နောက် ခေါင်းဆောင ဖြစ်သူ ယွမ်ချန်းသည် မရေမတွက်နိုင်သော စိတ်အားထက်သန်သည့် အကြည့်များအောက်တွင် ဖြည်းညင်းစွာ ရှေ့ထွက်လာခဲ့၏။
မရေမတွက်နိုင်သော အကြည့်များအောက်တွင် ယွမ်ချန်းက သူ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ထဲတွင် မီးတောက်များကဲ့သို့ နီရဲနေသော အလင်းတန်း တစ်ခု ပေါ်လာခဲ့လေသည်။
အလင်းတန်း အတွင်း၌ မီးတောက် အစုအဝေး တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ရှိလေသည်။
သူက လက်ဖဝါးကို ပစ်မြှောက်လိုက်ရာ မီးတောက် အလင်းတန်းမှာ သူ၏ လက်ထဲမှ ထွက်ခွာသွားပြီး နောက်ဆုံးတွင် မီးတောက် အမြီးတန်းလေး တစ်ခုကို သယ်ဆောင်ကာ တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်ဆီသို့ တိုက်ရိုက် ပြေး၀င်သွားလေသည်။
မီးတောက်အလင်းတန်းသည် တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်ကို ထိတွေ့သွားသည်နှင့်အမျှ မီးတောက်များကဲ့သို့ နီရဲနေသော စက်ဝိုင်းများ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
ချက်ချင်းပင် တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်မှာ ဖြည်းညင်းစွာ ဖြဲပွင့်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
ဆွဲဖြဲခံလိုက်ရသော လေဟာနယ်၏ အနောက်ဘက်တွင် အဆုံးအစမရှိသော မီးတောက်အလင်းတန်းများ ထွက်ပေါ်လာပုံရပြီး ရှေးကျပြီး ကျယ်ပြန့်သော အရှိန်အဝါတစ်ခုက ၎င်းအတွင်းမှ ပြန့်နှံ့ထွက်ပေါ်လာကာ ရှေးဟောင်းနယ်မြေ တစ်ခုတွင်း ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားရစေခဲ့သည်။
“အဲဒီ တွန့်လိမ်ကောက်ကွေးနေတဲ့ လေဟာနယ်ကြီး ပွင့်သွားပြီ...”
၎င်းအတွင်းမှ မီးတောက်များကဲ့သို့ နီရဲနေသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုမှာ ပူလောင်လာခဲ့လေသည်။ အလားတူပင် လူများ၏ အကြည့်များမှာလည်း လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီစွာ စိတ်အားထက်သန်နေကြ၏။
လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းရှိ အကျော်ကြားဆုံးသော ရှေးဟောင်း ရတနာတိုက်များထဲမှ တစ်ခု ဖြစ်လေသည်။
ရှေးခေတ်ကာလမှ ယနေ့အထိ ၎င်းကို မည်သည့်အခါကမျှ မဖွင့်နိုင်ခဲ့ဖူးဘဲ ၎င်းနှင့် ပတ်သက်သော ဒဏ္ဍာရီများ အလွန် များပြားလှပေသည်။ အချို့က ရတနာသိုက်အတွင်း၌ အားကောင်းသော ရှေးဟောင်း သိုင်းပညာရပ်များစွာ ရှိသည်ဟု ဆိုကြလေသည်။
အချို့ကလည်း ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ရတနာများ အမြောက်အမြား ရှိသည်ဟု ဆိုကြ၏။
အတွင်း၌ သန့်စင်ယွမ်ရတနာများ ရှိသည်ဟုပင် ကောလာဟလများ ထွက်ပေါ်နေခဲ့သေးသည်။
အတိုချုပ် ပြောရလျှင် ဤသည်မှာ အသစ်စက်စက်၊ မဖော်ထုတ်ရသေးသော ရတနာသိုက် တစ်ခုဖြစ်ပြီး အရာအားလုံးမှာ အမျိုးအမည်မသိ ဖြစ်နေကာ လူများကို အလွန်အမင်း တောင့်တလာစေခဲ့လေသည်။
ဤအချိန်တွင် ရှေးဟောင်း ရတနာတိုက်မှာ ပွင့်တော့မည်ဖြစ်ပြီး နှစ်ထောင်ချီ သက်တမ်းရှိသော အလှပဂေးတစ်ဦးက သူမ၏ မျက်နှာဖုံးကို ဖယ်ရှားကာ သူမ၏ အဝတ်အစားများကို ချွတ်ပြတော့မည့်အလား ဖြစ်နေခဲ့၏။
ထို့ကြောင့် လူတိုင်း၏ ရင်တွင်းရှိ လောဘများမှာ ဤအခိုက်အတန့်၌ လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ကျားများအလား အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့လေတော့သည်။
အက်ကွဲနေသော လေဟာနယ်ကို ကြည့်ရင်း လူများမှာ ခဏတာ တိတ်ဆိတ်သွားကြ၏။
သို့သော် ခဏလေး ကြာပြီးနောက်တွင် လေထုကို ခွင်းလာသော မရေမတွက်နိုင်သည့် အသံများက တိတ်ဆိတ်မှုကို ချိုးဖျက်ပစ်လိုက်လေသည်။
လေဟာနယ်တံခါးပေါက်ကြီးနှင့် နီးကပ်နေသည့် လူရိပ်အချို့က မစောင့်နိုင်တော့ဘဲ ပွင့်လာသော ရှေးဟောင်းရတနာတိုက်အတွင်းသို့ အလျင်စလို ပြေးဝင်သွားကြလေပြီ။
သို့သော် ယွမ်ဂိုဏ်းမှလူများမှာ ရှေးဟောင်းရတနာတိုက်၏ အဝင်ဝတွင် ရှိနေကြသော်လည်း ချက်ချင်း ဝင်ရောက်ခြင်း မပြုခဲ့ကြသလို ပြေးဝင်သွားသူများကိုလည်း တားဆီးခြင်း မပြုခဲ့ကြပေ။
တောင်ဂိုဏ်းမှ တပည့်များသည်လည်း စိတ်အားထက်သန်သော မျက်လုံးများဖြင့် လိုက်ပါသွားကြ၏။ အားလုံးက အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ ရတနာများက မည်သူ့ကိုမျှ စောင့်ဆိုင်းနေမည် မဟုတ်သောကြောင့်ပင်။
“မလောပါနဲ့... ယွမ်ဂိုဏ်းက လူတွေ မလှုပ်ရှားသေးဘူးဆိုတော့ သေချာပေါက် အဲ့ဒီလောက် မရိုးရှင်းဘူး...”
ဝူယွမ်က တောင်ဂိုဏ်း တပည့်များကို တားဆီးရန် လက်လှမ်းလိုက်လေသည်။
သူတိုအားလုံး အတွင်းရှိ အနီရင့်ရောင် ကမ္ဘာကြီးကို လှမ်းကြည့်လိုက်ကြ၏။
ရှဲ... ရှဲ...
ဤအချိန်တွင် အထဲသို့ ပြေးဝင်သွားနှင့်ပြီဖြစ်သော လူရိပ်အချို့မှာ ရုတ်တရက် ထူးဆန်းစွာ မီးလောင်ကျွမ်းသွားကြလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက အထဲမှ ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ လူအုပ်ကြီးကို ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်လာစေခဲ့၏။
ထိုလူ အနည်းငယ်မှာ လျင်မြန်စွာ ပြာကျသွားလေတော့သည်။
ဤအချိန်မှသာ ယွမ်ဂိုဏ်းမှ လူများ စတင် လှုပ်ရှားလာကြသော်လည်း သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ဝင်ရောက်သွားကြလေသည်။
“ယွမ်ဂိုဏ်းက နိဗ္ဗာန်အဆင့် ၈ အထက်မှာ ရှိတဲ့ ကျင့်ကြံသူတွေကိုပဲ အထဲလွှတ်နေတာ... ကြည့်ရတာ အတွင်းထဲက အန္တရာယ်တွေကို နိဗ္ဗာန်အဆင့် ၈ ရှိတဲ့ သူတွေပဲ ကိုင်တွယ်နိုင်ပုံရတယ်...” ဝူယွမ်က ချက်ချင်း အမိန့်ပေးလိုက်လေသည်။
“ငါတို့လည်း ဝင်ကြစို့... နိဗ္ဗာန်အဆင့်မှာ ၈ ရှိတဲ့ တပည့်တွေ၊ ငါတို့နောက်ကနေ လိုက်ပြီး လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ထဲကို ဝင်ကြ... ကျန်တဲ့သူတွေက ဒီမှာပဲစောင့်နေ...”
တောင်ဂိုဏ်းမှ အလင်းတန်း ဒါဇင်ပေါင်းများစွာက ဝူယွမ်နောက်မှ လိုက်ပါသွားကြပြီး ပျံသန်းထွက်ခွာကာ တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အနီရင့်ရောင် ကမ္ဘာကြီးအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းရှိ ပူလောင်နေသော လေထုကို သူတို့ ချက်ချင်း ခံစားလိုက်ရ၏။
၎င်းကို ရှူသွင်းလိုက်သောအခါ အလွန်အမင်း ကြမ်းတမ်းလှသော အပူရှိန်က သူတို့၏ ခန္ဓာကိုယ်များကို မီးလောင်ကျွမ်းသွားစေတော့မည့်အလား ခံစားလိုက်ရလေသည်။
ဤအချိန်တွင် သူတို့နှင့်အတူ ဝင်ရောက်လာခဲ့သော လူများမှာ သူတို့၏ ဘေးတွင် မရှိတော့ကြောင်းကို ရုတ်တရက် သတိပြုမိလိုက်ကြ၏။
ဝူယွမ်သည် အနီရင့်ရောင် မြေပြင်ပေါ်တွင် ရပ်နေလေသည်။ မြေပြင်အထက်တွင် အပူရှိန်လှိုင်းများ တက်လာပြီး လေဟာနယ်ကို အနည်းငယ် တွန့်လိမ်ကောက်ကွေးနေသကဲ့သို့ ခံစားရစေခဲ့သည်။
ယခင်က ခပ်ရေးရေး မြင်တွေ့ခဲ့ရသော ရှေးဟောင်းနန်းတော် အဆောက်အအုံများကို မည်သည့်နေရာတွင်မျှ မမြင်တွေ့ရတော့ပေ။
[ဒင်... လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် သို့ ရောက်ရှိပါပြီ။ ဆိုင်းအင်၀င်မည်လား။]
စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီး ဝူယွမ်က များများစားစား စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
“ဆိုင်းအင်၀င်မယ်...”
[ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်။]
[ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက် - ကံကြမ္မာကို ပြောင်းလဲနိုင်သည့် ကောင်းကင်ကို အန်တုသော နည်းလမ်း တစ်ခု။ ဓားချက် ခုနစ်ချက်က လေဟာနယ်ကို အဆက်မပြတ် ထိုးဖောက်နိုင်ပြီး မသေမျိုးအဖြစ်သို့ တက်လှမ်းနိုင်စေသည်။ ၎င်းသည် အသက်စွမ်းအင်ကို ထုတ်ယူကာ အသုံးပြုရသော ဓာ သိုင်းပညာရပ် တစ်ခု ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က မသေဆုံးဘဲ ဓားချက် ခုနှစ်ချက်ကို ထုတ်လွှတ်နိုင်မည်ဆိုပါက ခန္ဓာကိုယ်မှ ထုတ်ယူထားသော အသက်စွမ်းအင်များ ပြန်လည် စီးဝင်လာမည်ဖြစ်ပြီး သေလုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်ကို ပြန်လည် ရှင်သန်လာစေနိုင်ကာ သိုင်းပညာရပ် အသုံးပြုသူ၏ ကျင့်ကြံခြင်း အဆင့်ကို နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားစေနိုင်သည်။]
ဤသည်မှာ ကောင်းကင်ကို အန်တုသော ပညာရပ်ပင် ဖြစ်သည်။