← Chapters

နွံအိုင်တောင်ထိပ်မှ မြည်ဟည်းသံကြီး

Vol. 3 Ch. 237

နွံအိုင်တောင်ထိပ်မှ မြည်ဟည်းသံကြီး

Vol. 3 Ch. 237

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးသွားတော့သည်။ အရိပ် ကို သွား၍စစ်ဆေးရန် ပြင်လိုက်ချိန်မှာပင် အရိပ် က ရုတ်တရက်ဆိုသလို ထရပ်လိုက်ပြီး အော်ဟစ်ကာ မြူခိုးအသွင်သို့ ပြောင်းသွားလေသည်။ ထို့နောက် အသံကုန် အော်ကာ အင်မော်တယ်ဂူထဲမှ ပြေးထွက်သွားလေသည်။ ပိုင်ရှောင်ချန်းက ၎င်းနောက်သို့ပြေးလိုက်ရင်း ထို ဂါဂိုလီ မှာ ရူးသွားပြီဖြစ်ကြောင်း ထင်နေတော့သည်။ ၎င်းက ပတ်ပြေးကာ ခုန်ဆွခုန်ဆွလုပ်ရင်း တစ်ခါတရံတွင် ပုံစံအတိအကျမရှိသော မြူခိုးအသွင်ပြောင်းလဲသွားပြီး အချို့အချိန်များတွင် ပုံမှန် ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။ အနည်းငယ်ကြာသောအခါ သူက မြေပြင်ပေါ်သို့ ထပ်မံလဲကျသွားပြန်တော့သည်။

ထိုအချိန်မှစ၍ သူက ကြောက်ရွံ့မှုနှင့် အသိဥာဏ်ရှိမှုများ ရောယှက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ကြည့်နေတော့သည်။

ထိုဖြစ်ရပ်များမှာ လဝက်လောက် ဆက်တိုက်ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းက ကြိုးပမ်းနေသဖြင့် အဆင့်လေး ထာဝရသွေးဆေးလုံးမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ သူက သွေးချီစီးကြောင်း သုံးကြောင်းရှိသည့် ဆေးလုံးများကို ဖန်တီးနေနိုင်ပြီဖြစ်ပြီး လေးကြောင်း အဆင့်ထိရောက်အောင် တက်လှမ်းနိုင်တော့မည့်ဆဲဆဲ ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်အတွင်း အရိပ် က ဆေးလုံးများကို စားနေဆဲပင်။ ဆေးလုံး၏ အရည်အသွေးများက တိုးတက်လာသော်လည်း ပျက်စီးနေသည့် ဆေးလုံးများဖြစ်ပြီး တစ်ခါတရံဆိုလျှင် အဆိပ်ပင်ရှိသေးသည်ဖြစ်သော်လည်း အရိပ် ကမူ ကျေကျေနပ်နပ် စားနေဆဲပင်။

အရိပ်က မကြာခဏဆိုသလို အင်မော်တယ်ဂူထဲမှထွက်ကာ အမည်မဲ့တောင်ပေါ်ပတ်ပတ်လည်တွင် ပျံဝဲနေရသည်ကိုလည်း နှစ်ခြိုက်သေးသည်။ အခြားကျင့်ကြံသူများ၏ ဂါဂိုလီ များနှင့်တွေ့သောအခါ သူ၏သတ်ဖြတ်လိုသည့် အခိုးအငွေ့များက အခြား ဂါဂိုလီ များထက် များစွာပို၍ လျော့နည်းနေသည်မှာ အထင်အရှားပင်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကြီးနိုင်ငယ်ညှင်းဝါဒကို ကျင့်သုံးသည်ဖြစ်ပြီး ဂါဂိုလီ များ၏လောကတွင် ပို၍ပင် ကြမ်းတမ်းလေသည်။ ကျင့်ကြံသူများက ပြဿနာအကြီးကြီးတက်မည်စိုး၍ သူတို့၏ ဂါဂိုလီ များကို သေချာတင်းကြပ်စွာ ထိန်းချုပ်ထားရသည်။ သို့သော်လည်း အရိပ် ကမူ အနည်းငယ်ထူးဆန်းနေပေသည်။ သူက အမည်မဲ့တောင်ပေါ်ရှိအခြား ဂါဂိုလီ များနှင့် ခင်ခင်မင်မင်ရှိကာ မည်သည့်အခါမှ ရန်မဖြစ်ပေ။

ထိုအချင်းအရာကို ပိုင်ရှောင်ချန်းမှာလည်း အံ့သြနေသော်လည်း စိတ်ထဲတွင် သိပ်မထားပေ။ သူက ဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်နေလေ၏။ နောက်ထပ် လတစ်ဝက်ကုန်သွားသောအခါ သူက ဖောက်ထွက်သွားနိုင်ပြီး အဆင့်လေး ထာဝရသွေးဆေးလုံးကို ဖော်စပ်သွားနိုင်တော့သည်။

သွေးချီစီးကြောင်း လေးကြောင်းက အဆုံးတွင် ပေါင်းစည်းသွားကြသောအခါ ပိုင်ရှောင်ချန်းက အသံကုန် အော်ရယ်လိုက်သည်။ သူက အဆင့်လေးထာဝရသွေးဆေးလုံးကို ဖော်စပ်နိုင်၍ စိတ်လှုပ်ရှားနေသည်မဟုတ်ပဲ ဆေးဖော်စပ်သည့် ကာလတလျှောက်တွင် မည်သူမှ ထိခိုက်မှုမရှိခဲ့၍ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

အက်စစ်မိုးများမရွာသလို ဆေးပေါင်းဖိုများလည်း မပေါက်ကွဲခဲ့ပဲ အဆိပ်ငွေ့၊ ဝမ်းလျှောရောဂါများလည်း မရှိခဲ့ပေ။ စိတ်လှုပ်ရှားစရာအကောင်းဆုံးမှာ ပိုင်ရှောင်ချန်းက ထိပ်တန်းအဆင့် သမားတော် တစ်ယောက်အလား ခံစားလိုက်ရခြင်းပင်ဖြစ်သည်။

" ဟားဟားဟား။ အခုဆို ဘယ်သူမှငါ့ကို ဝမ်းလျှော မိစ္ဆာလို့ ခေါ်မရတော့ဘူးကွ။ အမည်မဲ့တောင်အတွက် ငါဆေးဖော်စပ်ခဲ့တာ ဘာပြဿနာမှ မတက်ဘူးဟေ့။ "

သူက အံ့သြနေသလို အပျော်ကြီးပျော်နေတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အခြားကျင့်ကြံသူများမှာလည်း အံ့သြနေကြပြီး အမည်မဲ့တောင်ပေါ်မှ သူများမှာ အဆိုးဆုံးပင်။ သူတို့က အနည်းငယ် စိတ်ပူနေကြသေးပါသော်လည်း ကပ်ဘေးတစ်ခုဖြစ်ရန် အရိပ်အယောင်တစ်ခုတောင်မျှ ပေါ်မလာချေ။ ညမုဆိုး၏ ဆေးဖော်စပ်ခြင်းနည်းမှာ လုံလုံခြုံခြုံပြီးမြောက်သွားသည့် ပုံစံပင်။

" ဝမ်းလျှောမိစ္ဆာက တကယ်ပဲ သူ့ဆေးဖော်နည်းတွေ ပြောင်းလဲလိုက်ပြီလား။"

" သူဆေးဖော်စပ်တုံး ဘာမှမဖြစ်တာ ငါ့ဖြင့် မယုံနိုင်ဘူးဟေ့။"

မည်သူမှ သတိမထားလိုက်သည့် အရာတစ်ခုတော့ ဖြစ်သွားခဲ့သည်။ ပိုင်ရှောင်ချန်း ၏ ဂါဂိုလီ ဖြစ်သည့် အရိပ် မှာ အမည်မဲ့တောင်ပေါ်ပတ်သွားကာ ဂါဂိုလီ အားလုံးနှင့် သိကျွမ်းသွားလေသည်။

အမည်မဲ့တောင်၏ သွေးသခင်နှင့် မဟာ အကြီးအကဲတို့မှာ အဆင့်လေး ထာဝရသွေးဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်သွားသည်ဖြစ်သဖြင့် ကျေနပ်နေကြတော့သည်။ သူတို့ကတိပေးထားသည့်အတိုင်း ဆုကြေးများစွာဆုချပြီး ခမ်းခမ်းနားနား ဂုဏ်ပြုပွဲတစ်ခုကိုပါ လုပ်ပေးသေးသည်။ အနာဂတ်တွင် ညမုဆိုးနှင့် ပို၍ပင် လက်တွဲရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုဂုဏ်ပြုပွဲကို အမည်မဲ့တောင်ပေါ်တွင် ကျင်းပသော်လည်း မဟာအကြီးအကဲ စုန့်ကျင်းဝမ်ကို တက်ရောက်ရန် ဖိတ်ကြားလေသည်။ အမည်မဲ့တောင်၏ သွေးသခင်ဘုံကျောင်းထဲတွင် ကျင်းပသည့် ဂုဏ်ပြုပွဲတွင် ပိုင်ရှောင်ချန်းကို အတောမသတ်နိုင်အောင် ချီးမွမ်းနေကြတော့သည်။ ပိုင်ရှောင်ချန်းကမူ လူအများ၏ အာရုံကိုဖမ်းစားရန် အချိန်မကျသေးဟု တွေးနေသဖြင့် မေးငေါ့ကာ တည်ကြည်စွာပင် ပြုံးနေတော့သည်။

ဘေးနားတွင်မူ စုန့်ကျင်းဝမ်က ဖြစ်ပျက်နေသည်များကို ပြုံးရင်းကြည့်ကာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်တိုင်း သူမ၏ မျက်ဝန်းများမှာ တောက်ပလာလေသည်။ မကြာမီတွင် ဂုဏ်ပြုပွဲကျင်းပသည်မှာ တစ်နာရီခန့်ကြာသွားပြီဖြစ်သည်။ ထိုအချိန်တွင် အမည်မဲ့တောင်၏ သွေးသခင်က ကျယ်လောင်စွာရယ်မောကာ ညမုဆိုးဆီသို့ သွားလိုက်လေသည်။

" ဂိုဏ်းတူညီလေး ညမုဆိုးရေ။ မင်းကတော့ တာအိုဆေးပညာမှာ တကယ့်ကို ပါရမီရှင်၊ ကမ္ဘာကြီးထဲက ရှားပါးရတနာလေးပါပဲ။ အနာဂတ်မှာ မင်းရဲ့နာမည်က အရှေ့ဘက်ကျင့်ကြံခြင်းလောကတခွင် ရိုက်ခတ်နေမှာ အသေအချာပါပဲ။ မင်းသာ အဆင့်ငါး ထာဝရသွေးဆေးလုံးကို ဖော်စပ် နိုင်လို့ကတော့ တစ်ဂိုဏ်းလုံးကို တုန်လှုပ်သွားစေမှာပဲ။ အဲ့လိုဖော်စပ်နိုင်မဲ့ရက် ရောက်ဖို့ သိပ်မကြာတော့ဘူးလို့ ငါထင်တယ်ဟေ့။"

ထို့နောက် အမည်မဲ့တောင်၏ မဟာအကြီးအကဲက ဝင်ပြောလေသည်။

" အဆင့်ငါးထာဝရသွေးဆေးလုံး ဖော်စပ်နိုင်တဲ့ မည်သူ့ကိုမဆို ဂိုဏ်းက ထိုက်ထိုက်တန်တန်ဆုချပြီး ဂိုဏ်းအတွက် ကြီးမားတဲ့ တာဝန်ထမ်းဆောင်ပေးတယ်လို့ သတ်မှတ်ခံရမယ်ဟေ့။"

လူတိုင်းက စကားပြောဆို ရယ်မောကာ ပိုင်ရှောင်ချန်းနားတွင် ဝိုင်းနေကြစဥ် သူတို့၏ စကားများကို ပိုင်ရှောင်ချန်း ပျော်ရွှင်စွာ နားထောင်နေတော့သည်။ သူက အနည်းငယ် ကြွားဝါရန်ပြင်လိုက်စဥ်မှာပင် အပြင်ဘက်တွင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်လာတော့သည်။

ထိုအသံကြီးမှာ ကောင်းကင်မှပစ်ချလိုက်သည့် မိုးခြိမ်းသံကြီးအလား ကျယ်လောင်လှသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။ အမည်မဲ့တောင်တစ်တောင်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး မြေကြီးပေါ်တွင် အက်ကွဲကြောင်းများပင် ပေါ်လာတော့သည်။ ထို့အပြင် အပူလှိုင်းကြီးတစ်ခုက အရာအားလုံးကို လွှမ်းခြုံသွားသည်။ အမည်မဲ့တောင်၏ သွေးသခင်ဘုံကျောင်းထဲရှိ လူအုပ်ကြီးတစ်ခုလုံးက တုန်လှုပ်နေသည့် မျက်နှာများဖြင့် အပြင်ဘက်ကို ကြည့်လိုက်ကြသည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ မီးခိုးရောင်အသွင်ပြောင်းနေပြီး အရာရာတိုင်းမှာ တုန်ရီနေဆဲပင်။ အမည်မဲ့တောင်တစ်တောင်ထဲမဟုတ်ချေ။ ရုပ်အလောင်းတောင်နှင့် အလယ်တောင်တို့မှာလည်း ဒယိမ်းဒယိုင်နှင့် ရှေ့နောက် ယိမ်းထိုး တုန်ခါနေတော့သည်။

အတွင်းစည်းဂိုဏ်းမှာ လုံးဝကို ရှပ်ယှက်ခတ်နေကြပြီး အပြင်စည်းဂိုဏ်းမှာလည်း ထိုနည်းတူပင်။ လူတိုင်းမှာ အော်ဟစ်ဆူပူနေကြပြီး ချက်ချင်းဆိုသလိုပင် လူများက လေပေါ်သို့ပျံတက်သွားသဖြင့် အလင်းတန်းများ ပေါ်လာတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြင့်မြတ်သည့် မန္တန်အစီအရင်ကြီးပင် ပွင့်သွားလေတော့သည်။

" ဘာဖြစ်သွားတာလဲဟ။"

" သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို လာတိုက်နေတာများလား။"

" စစ်ပွဲစနေပြီဟေ့။"

ဘိုးဘေးတောင်ပင်လျှင် လုံးဝကို တုန်ခါနေတောသည်။ အပူလှိုင်းကြီးက ထိုတောင်ကို ဖုံးလွှမ်းသွားသည့်အခါ ဂိုဏ်းစောင့်အကြီးအကဲများမှာ အံအားသင့်သွားကြပြီး တစ်ဂိုဏ်းလုံးသို့ နတ်ဘုရားအာရုံများ ဖြန့်ကျက်လိုက်ကာ စစ်ဆေးလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာလည်း မျက်နှာပျက်သွားပြီး လူတိုင်းနည်းတူ သွေးသခင်ဘုံကျောင်းထဲမှ ပြေးထွက်လာတော့သည်။ ထိုလူအုပ်ကြီးတစ်ခုလုံးမှာ တုန်လှုပ်နေကြပြီး ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများပင် မြန်နေတော့သည်။ အနည်းငယ်ကြာသောအခါ သူက အပြင်ဘက်သို့ ရောက်သွားလေသည်။ စုန့်ကျင်းဝမ်က သူ၏ဘေးတွင်ရောက်နေပြီး ဘေးဘီဝဲယာကို အကဲခတ်နေတော့သည်။

အခြားတောင်များမှာ တုန်လှုပ်နေသည့် မျက်နှာများဖြင့် ကျင့်ကြံသူများမှ ပျံသန်းလာကြသည်။

သိပ်မကြာမီတွင် အကြည့်အားလုံးမှာ နွံအိုင် တောင်ပေါ်သို့ ရောက်သွားကြတော့သည်။

ထိုအရပ်မျက်နှာဘက်မှ ကြောက်မက်ဖွယ် အနက်ရောင်မီးခိုးထုကြီးမှာ လေထဲသို့ ပျံတက်ေနသည်။

ထိုမီးခိုးများ၏ ရင်းမြစ်နေရာမှာ လက်ချောင်း အောက်ပိုင်းနှင့် အထက်ပိုင်းကြားရှိ နေရာတစ်ခုမှဖြစ်ပြီး ထိုနေရာတွင် ကြီးမားသော အက်ကွဲကြောင်းများက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့နေပြီး ကြီးမားသည့် ကျင်းကြီးတစ်ခု ဖြစ်နေတော့သည်။

တလိပ်လိပ်ထနေသော အနက်ရောင်မီးခိုးထုကြီးကြောင့် လူတိုင်းမှာ ပေါက်ကွဲသံကြီး၏ မူလနေရာကို သိရှိသွားကြတော့သည်။

" နွံအိုင် တောင်လား။"

"အဲ့ဘက်မှာ ဘာတွေဖြစ်နေတာလဲဟ။"

ပိုင်ရှောင်ချန်းမှာ မျက်လုံးကို မှေးစင်းလျက် အနက်ရောင်မီးခိုးထုကြီးကို လှမ်းကြည့်လိုက်လေသည်။ အနည်းငယ်ကြာသောအခါ သူ၏ မျက်လုံးများပြူးသွားရပြီး နှလုံးခုန်သံများပင် မြန်ဆန်လာတော့သည်။

စောစောက ကြီးမားသည့် ပေါက်ကွဲမှုကြီးမှာ အနည်းငယ်ရင်းနှီးနေသလို ဖြစ်နေပြီး အနက်ရောင်မီးခိုးထုကြီး၏ ရင်းမြစ်နေရာကို ကြည့်လိုက်သောအခါ ထိုနေရာသည် နွံအိုင် တောင်ပေါ်တွင် ဆေးဖော်စပ်ခဲ့သည့် နေရာဖြစ်ကြောင်း သိသွားတော့သည်။ စောစောက ပေါက်ကွဲသံကြီးမှာ ဆေးပေါင်းဖိုပေါက်ကွဲရာမှ ထွက်လာသည်မှာ အသိအသာကြီး ဖြစ်သည်။

ထိုအချိန်တွင် သူက နွံအိုင် တောင်ပေါ်တွင် ဆေးလုံးတစ်ကြိမ်ကို ဖော်စပ်ရင်းတန်းလန်း ထားခဲ့သည်ကို အမှတ်ပြန်ရသွားလေသည်။

သူ၏နဖူးပေါ်တွင် ချွေးသီးများစို့လာပြီး ရင်ခုန်သံများမှာ ပို၍ပင် မြန်လာတော့သည်။ ထိုအချိန်တွင် နွံအိုင် တောင်ဘက်မှ ညည်းညူသံများထွက်လာသဖြင့် ပိုင်ရှောင်ချန်း၏ခေါင်းတစ်ခုလုံး ထူပူလာသည်။

" ငါတော့ ကိစ္စတုံးပြီ။ ကိုယ်ကျိုးတော့ နည်းပါပြီကွာ။"

ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ကတုန်ကရီဖြစ်နေပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အခြားလူများက ထိတ်လန့်စွာ ကြည့်ရှုနေကြစဥ် နွံအိုင် တောင်မှ အလင်းတန်းများစွာ ထွက်လာတော့သည်။ ဦးဆောင်လာသူမှာ နွံအိုင် တောင်၏ သွေးသခင်ဖြစ်သည်။ သူက အသားများ တဆတ်ဆတ်တုန်နေပြီး မျက်လုံးများနီရဲနေသည်။ နွံအိုင် တောင်၏ ရှုပ်ယှက်ခတ်နေမှုကို ငုံ့ကြည့်ရင်း သူက ငိုမဲ့မဲ့ဖြစ်နေတော့သည်။ အနည်းငယ်ကြာသောအခါ သူက ခေါင်းကိုနောက်ပစ်၍ ဝမ်းနည်းယူကြုံးမရဖြစ်ကာ အော်ဟစ်လိုက်သည်။

ထိုဖြစ်ရပ်များမှာ ညမုဆိုးကြောင့်မှန်း သူ သိသည်။ ထို့ကြောင့် သူက နာမည်အော်ခေါ်ကာ လိုက်ဖမ်း၍ သတ်ရန် ပြင်လိုက်လေသည်။

သို့သော်လည်း သူ၏နှုတ်ခမ်းမှ ' ညမုဆိုး' ဟူသည့် အသံထွက်မလာခင် ပိုင်ရှောင်ချန်းက စတင် လှုပ်ရှားလိုက်လေသည်။ သူ၏မျက်လုံးများကို နီမြန်းနေအောင်လုပ်လိုက်ကာ နွံအိုင် တောင်၏ သွေးသခင်ဆီသို့ ပျံသန်းသွားပြီး ကောင်းကင်နှင့် ကမ္ဘာကြီးကိုပင်တုန်ခါစေနိုင်သည့် လေသံနှင့် အော်ဟစ်လိုက်တော့သည်။

" ငါ့ရဲ့ အဖိုးတန် ဆေးလုံးလေးတွေ "

လက်သီးများဖြင့် ရင်ဘတ်ကို တဒုန်းဒုန်းထုကာ ဆံပင်များကို သပ်ရင်း သူက အရူးတစ်ယောက်အလား အော်ဟစ်ကာ နွံအိုင်တောင်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

" ဘာလို့ဒီလိုဖြစ်ရတာလဲ။ ဘုရားရေ။ ဘာတွေဖြစ်ကုန်ရတာလဲ။ ငါ့ရဲ့ အဖိုးတန် ဆေးလုံးလေးတွေရေ "

သူက ရူးသွပ်နေသည့် အမူအရာဖြင့် ရှုပ်ယှက်ခတ်နေမှုများ အစပြုရာ နွံအိုင် တောင်ပေါ်ရှိ မီးခိုးများထွက်နေသည့်နေရာသို့ အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ပျံသွားတော့သည်။

နွံအိုင် တောင်မှာ ယခုဆိုလျှင် မီးသွေးတုံးအလား မည်းတူးနေပြီး အဆောက်အဦတစ်ဝက်ကျော်ကျော်နှင့် အင်မော်တယ်ဂူများမှာ လုံးဝကို ပျက်စီးသွားပြီဖြစ်သည်။ ကျင့်ကြံသူများမှာလည်း အခြေအနေဆိုးနေကြပြီး မျက်လုံးများထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေတော့သည်။ သို့သော်လည်း သူတို့က ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများက ဖုံးလွှမ်းသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ သူတို့ကို လျစ်လျူရှုကာ နွံအိုင် တောင်ပေါ်တွင် သူဆေးဖော်စပ်ခဲ့သည့် နေရာသို့ ပြေးသွားလေသည်။ ထိုနေရာတစ်ခုလုံးမှာ ကျင်းအကြီးကြီးဖြစ်နေပြီဖြစ်သည်။ မန္တန်အစီအရင်နှင့် အင်မော်တယ်ဂူများမှာ မရှိတော့ချေ။ ဆေးပေါင်းဖိုကြီး၏ အပိုင်းအစများနှင့် ကြီးမားသော အပူလှိုင်းကြီးသာ ကျန်တော့လေသည်။

ထိုတောင်၏ အပေါ်ရှိ လေပေါ်တွင်ကား သွေးသခင်၊ မဟာအကြီးအကဲနှင့် သွေးစီးကြောင်းအကြီးအကဲများ ရှိြကသည်။ သူတို့ထဲမှအများစုမှာ ပါးစပ်ထဲမှ သွေးများစီးကျနေကြပြီး အားလုံးမှာ မှင်တက်နေကြလေသည်။ သူတို့တစ်အုပ်စုလုံးက ညမုဆိုးမှာ စိတ်ရှုပ်စရာကောင်းကြောင်း သိထားကြသော်လည်း ဤကဲ့သို့ ဖြစ်ရပ်ဆိုးများကိုပါ ဖန်တီးနိုင်လိမ့်မည်ဟု မထင်ထားကြချေ။

" ညမုဆိုးးး "

သွေးသခင်က သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် အော်ဟစ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားသည်။

သွေးသခင်က သူ့ဆီသို့ လာရန်ပြင်လိုက်သည့်အချိန်မှာပင် ပိုင်ရှောင်ချန်းက တုန်ရီသွားတော့သည်။ ထို့နောက် သူက ချာချာလည် ပတ်ရမ်းကာ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

" နွံအိုင် တောင် သွေးသခင်...."

" ကျုပ်က အချိန်သုံးလပေးပြီး အဲ့ရတနာဆေးလုံးတွေကို ဖော်ခဲ့ရတာ။ ကျုပ်ရဲ့ သွေး၊ချွေး၊မျက်ရည်တွေနဲ့ သေချာ ဖော်စပ်ထားရတာဗျ။ အဆင့်ငါးဆေးလုံးနီးပါး အဆင့်ရှိတယ်။ "

ပိုင်ရှောင်ချန်းက ပူဆွေးသောကရောက်ကာ ဒေါသထွက်နေသည့် အမူအရာဖြင့် မျက်နှာကြီးမှာ ရှုံ့မဲ့နေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ထွက်နေလေ၏။

" သောက်ကျိုးနည်းပါဗျာ။ သွေးသခင်ရာ။ ခင်ဗျားကြီးပဲ အဲ့ဆေးပေါင်းဖိုက မပေါက်ကွဲနိုင်ပါဘူးဆို။ ခင်ဗျားကြီးပဲ အဲ့ဆေးပေါင်းဖိုက အဖိုးတန် ရတနာပါဆို။ ဘာလို့ ကျုပ်ကို လိမ်ခဲ့ရတာတုံးဗျ။ "

ပိုင်ရှောင်ချန်းမှာ ရူးသွပ်နေသည့်အလားဖြစ်နေပြီး နွံအိုင်တောင် သွေးသခင်ထက်ပင် ပို၍ စိတ်တိုနေတော့သည်။ စစချင်းတွင်မူ သူက ဒေါသထွက်လွန်းနေ၍ အတင်းစွပ်စွဲနေဟန် ထင်ရသည်။

" မင်း..."

နွံအိုင် တောင်၏ သွေးသခင်မှာ ထောင်းခနဲ ဒေါသထွက်သွားပြီး သူက စကားပြောရန်ပြင်လိုက်စဥ်တွင် ပြောစရာစကားမရှိကြောင်း သိလိုက်ရလေသည်။

" ဘာလို့လဲ။ ဘာလို့ ကျုပ်ကို ညာခဲ့တာလဲဗျာ။ ကျုပ်ရဲ့ ကြိုးပမ်းမှုတွေ၊ ဆေးဖော်စပ်ဖို့ အားထုတ်မှုတွေအကုန်က အလိမ်အညာကြီးတစ်ခုကြောင့်တဲ့လား။ ခင်ဗျားပဲ အဲ့ဆေးပေါင်းဖိုက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ယူခဲ့တဲ့ အဖိုးတန်ရတနာမလို့ ဘယ်လိုဖြစ်ဖြစ် မပေါက်ကွဲနိုင်ပါဘူးဆို။ ခင်ဗျားသာ အဲ့ဆေးပေါင်းဖို ပေါက်ကွဲနိုင်ကြောင်း ကြိုပြောခဲ့ရင် ကျုပ်က ဘယ်တော့မှ အဖိုးတန် ဆေးပင်တွေကို ဖြုန်းမိမှာမဟုတ်ဘူး။ ရိုးရိုး ဆေးဖော်စပ်နည်းတွေပဲ သုံးမှာပေါ့။ အမယ်လေး… ငါ့ရဲ့ အဖိုးတန် ဆေးလုံးလေး​တွေရဲ့ "

All Chapters