← Chapters

အခန်း (၆၅၇-၆၆၀)

Vol. 33 Ch. 657-660

အခန်း (၆၅၇-၆၆၀)

Vol. 33 Ch. 657-660

Space and Rebirth 657

ထိတ်လန့်တုန်လှုပ်မှုများက ကျန်းရုံမျက်လုံးထဲတွင် ပြည့်နှက်သွားသည်။ သူမသည် လက်တလောအတွင်း ဆရာဝန်နှင့်လည်း မတွေ့ခဲ့ရသလို ကိုယ်ဝန်စစ်ရန် ပစ္စည်းတစ်စုံတစ်ရာလည်း မဝယ်ခဲ့သည့်အပြင် ကိုယ်ဝန်လက္ခဏာလည်းမပြပါချေ။ သူမကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျင်းယွင်ကျောင်းမှ သူမသွေး‌ကြောကို စမ်းလိုက်သောအချိန်တွင်ဖြစ်၏။

“ဟုတ်တယ် သူ့ရဲ့ဆေးပညာကျွမ်းကျင်မှုကို ကျွန်မယုံကြည်တယ် ကလေးက အခုလောက်ဆို တစ်လကျော်ကျော်ရှိလောက်ပြီ”

ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။

သူမမျက်နှာအသွင်အပြင်မှာ အေးစက်ပြီးကျောစိမ့်စရာဖြစ်သည်။ ကျန်းရုံရင်ဘတ်အစုံသည် ကြမ်းတမ်းစွာတုန်ယင်သွားပြီး မည်သို့လုပ်ရမည်ကို မသိတော့ချေ။ သူမသည် ကိုယ်ဝန်ရှိနေသောကြောင့် ရှောင်ဟိုင်ချင်းသည် သူမအား ရှောင်တောက်အန်းဆီသို့ မပြန်ခိုင်းခြင်းလော?

တစ်လကျော်ပြီဖြစ်၍ ဤကလေးမှာ ရှောင်တောက်အန်း၏ကလေးလော ဂျိမ်းစ်၏ကလေးလော ဝေခွဲရခက်ပေသည်!

“ဘာလို့အခုမှပြောတာလဲ! သိနေရက်နဲ့...”

“အန်တီကျန်း၊ အန်တီကျန်းသာကိုယ်ဝန်ရှိနေတယ်လို့ သမီးပြောလိုက်ရင် ဂျိမ်းစ်ဆီကို တန်းသွားမှာမလား? အဖေ့ဆီကဆိုရင် အန်တီလိုချင်တာကို ရမှာမဟုတ်ဘူးလေ ဒီကလေးနဲ့ဆိုရင် ဂျိမ်းစ်ဆီသွားပြီး အန်တီလိုချင်တဲ့အနာဂတ်တစ်ခုကို တောင်းဆိုနိုင်တယ် ဒါပေမယ့် ကျွန်မက အန်တီကိုပေးသွားမယ်လို့ထင်လိုက်တာလား? အခုလောလောဆယ်မှာ ဂျိမ်းစ်က သူ့ကိုယ်သူတောင် အနိုင်နိုင်ဖြစ်နေတာ၊ ဟိုင်ယန်းကုမ္ပဏီမှာ ငွေတွေအများကြီးရင်းနှီးမြုပ်နှံခဲ့ပေမယ့် အခုတော့ အရာအားလုံးကို သူဆုံးရှုံးလိုက်ရပြီ။ အဲ့တော့ အန်တီအခုသူ့ကိုသွားရှာရင်တောင် အကျိုးမရှိတော့ဘူး”

ရှောင်ဟိုင်ချင်းပုံစံမှာ အလွန်အေးစက်နေ၏။

“နင်... ရှောင်ဟိုင်ချင်း...နင်ဘာလို့အဲ့လောက်ယုတ်မာရတာလဲ! ငါ့ကိုဘာလုပ်စေချင်တာလဲ!”

ကျန်းရုံသည် စိတ်ရှုပ်ထွေးနေသောပုံစံဖြင့် အာခေါင်ခြစ်အော်လိုက်သည်။

“ငါဒီကလေးကို ဖျက်ချမှဖြစ်မယ်...”

“ဒါဆိုလည်း ဖျက်ချလိုက်လေ ဒီကလေးမရှိတော့တာနဲ့ သမီးလက်ထဲမှာရှိနေတဲ့အရာတွေကို လိုင်းပေါ်မှာတင်မှာ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးအရှက်ကွဲပြီးသွားပြီဆိုတော့ တစ်ယောက်ယောက်က လိုက်အဖော်ပြုပေးရင် ကောင်းတာပေါ့ အဲ့လိုမထင်ဘူးလား?”

ရှောင်ဟိုင်ချင်းသည် မှိန်ပျပျအပြုံးတစ်ခုကို ဆင်မြန်းကာပြောလိုက်၏။ ဤအချိန်တွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံမြည်သွားသည်။

ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။ သူမသည် မတ်တပ်ထရပ်ကာ တံခါးကိုဖွင့်နေချိန်တွင် ကျန်းရုံမှာမူ ထိုနေရာတွင်ပင် နွေခေါင်ခေါင်မိုးကြိုးပစ်ခံလိုက်ရသည့်အလား မလှုပ်မယှက်ရပ်နေလေ၏။

သူမသည် ရှောင်ဟိုင်ချင်းကဲ့သို့ဖြစ်မည်လော? သေချာပေါက်မဖြစ်နိုင်ပါပေ။

အစောပိုင်းက အင်တာနက်ပေါ်မှ ကောမန့်အပိုင်းအစတချို့ကို သူမတွေ့လိုက်ရ၏။ ဆောင်းပါးတစ်ခုလုံးတွင် ရှောင်ဟိုင်ချင်းသည် မနေတတ်မထိုင်တတ်သော မိန်းမပျက်တစ်ဦးဖြစ်ကြောင်း ရေးသားထားလေသည်။ သူမသည် အခြားလူများ၏ တံထွေးခွက်ထဲ မမြောလိုပါပေ!

သို့သော် ထိုသို့သာဆိုလျှင် သူမသည် အဘယ်သို့ ဤကလေးအား မွေးဖွားနိုင်မည်နည်း? ကျန်းရုံသည် သူမဝမ်းဗိုက်ကို ပြန်စမ်းကြည့်လိုက်သောအခါ စိတ်အခြေအနေအလွန်ရှုပ်ထွေးသွားတော့၏။

ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် အထဲသို့ဝင်လာကာ ရှောင်ဟိုင်ချင်းအား စူးစိုက်ကြည့်နေသည်။

“နင့်ကိုခြိမ်းခြောက်နေမှန်း နင်သိနေရက်နဲ့ ငါ့ကိုဘာလို့ဘာမှမပြောတာလဲ?”

“ယွင်ကျောင်း၊ ငါနင့်ကိုစိတ်မပူစေချင်လို့ပါ...”

ရှောင်ဟိုင်ချင်းပြုံးကာ သူမအား အိမ်ထဲသို့ဆွဲသွင်းလိုက်သည်။

“ရပါတယ် ဒီမှာကြည့်လေ ငါဘာမှမဖြစ်ဘူး”

“ဘာမှမဖြစ်ဘူး? ရှောင်ဟိုင်ချင်း၊ နင့်မှာဦးနှောက်ရောရှိသေးရဲ့လား? အဲ့ပုံတွေသာ အပြင်ကိုပျံ့သွားရင် ဘာဖြစ်မလဲဆိုတာ နင်သိလား? အမှတ် ၁ အလယ်တန်းကျောင်းက နင့်ကိုဆက်လက်ခံတော့မှာမဟုတ်ဘူး အမှတ်လျှော့ရုံတင်မဟုတ်ဘူး ကျောင်းကပါအထုတ်ခံရနိုင်တယ်! အဲ့ကျရင် နင်ဘာလုပ်တော့မှာလဲ? ‌ရှောင်တောက်အန်းကို မှီပြီးအသက်ဆက်ရှင်မှာလား?”

ကျင်းယွင်ကျောင်း အလွန်ဒေါသပုန်ထနေလေ၏။ ဤသည်မှာ အဓိကအချက်မဟုတ်ပေ။ သူမဂရုစိုက်သောအရာမှာ ရှောင်ဟိုင်ချင်းသည် သူမတစ်ဘဝစာလုံး အခြားသူများ၏ကဲ့ရဲ့ရှုံ့ချမှုအားခံရမည်ကို ဖြစ်သည်။

“နင့်ကိုကြည့်စမ်း အခြေအနေတွေက ဒီလိုတောင်ဖြစ်နေပြီကို ငါ့ကိုအော်လို့ ဘာအကျိုးရှိမှာလဲ”

ရှောင်ဟိုင်ချင်းပုံစံမှာ အော်ငေါက်ခံထားရသော ဇနီးသည်လေးတစ်ဦးနှယ်ဖြစ်နေသည်။

“ယွင်ကျောင်း၊ ပုံတွေက သူတို့လက်ထဲမှာရှိနေတာလေ ငါတို့အဲ့ပုံတွေပြန်ရဖို့ ဘာလုပ်နိုင်မှာလဲ? အင်အားသုံးရမှာလား? ဟယ့်မိသားစုအိမ်ကို နင်ဝုန်းဒိုင်းကြဲပြီး ဝင်သွားသလိုမျိုးလေ? အဲဒါက အရမ်းစိတ်ကူးယဥ်ဆန်လွန်းတယ်၊ သူကလိုချင်သလောက် ပုံတွေကို ကော်ပီကူးထားလို့ရတယ် ငါခဏလောက်တော့ ပုန်းနေလို့ရပေမယ့် တစ်သက်လုံးပုန်းလို့မရဘူး‌လေ နောက်ပိုင်းကျရင် ငါမဖြစ်မနေရင်ဆိုင်ရမယ့်အရာပဲဟာ”

ရှောင်ဟိုင်ချင်းသည် စကားပြောပြီးသည်နှင့် လက်ကိုမြှောက်ကာ ကျင်းယွင်ကျောင်းအား ရေတစ်ခွက်ကမ်းပေးလိုက်သည်။

“ရေနည်းနည်းသောက်ပြီး စိတ်ငြိမ်အောင်လုပ်လိုက် ငါလည်း အခုအလုပ်ချင်ဆုံးအရာက ဂျိမ်းစ်နဲ့ ကျိုးဟိုင်ယန်းကိုသတ်ဖို့ပဲ”

ကျင်းယွင်ကျောင်းသည် သူမမျက်ခုံးနှစ်ခုကြားမှနေရာအား နှိပ်ကာ ရေကိုတစ်ကျိုက်တည်းမော့သောက်လိုက်၏။

“ဘာလို့ရန်သူကို ကိုယ်သေသူသေချရတာလဲ ရှောင်ဟိုင်ချင်း နင်တကယ်ဦးနှောက်မရှိတာပဲ”

ကျင်းယွင်ကျောင်းသည် အသက်ကိုပြင်းပြင်းရှူပြီး စကားတစ်ကြောင်းကို ညှစ်ပြောလိုက်၏။

Space and Rebirth 658

သူမပြန်မွေးဖွားလာချိန်မှစ၍ ကျင်းယွင်ကျောင်းသည် အမြဲတစေ သူမကိုယ်သူမသာ ဦးစားပေးခဲ့သည်။ သူမသည် အခြားသူများကိုသာ အန္တရာယ်ပြုနိုင်သော်လည်း မိမိကိုယ်မိမိ အန္တရာယ်တွင်းထဲသို့ ဘယ်သောအခါမှ ကျရောက်ခံမည်မဟုတ်ပေ။ ပြန်မွေးဖွားလာခြင်းဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်းကို သူမသိရှိထားပြီး ယခင်ဘဝကအတိုင်း တန်ဖိုးမဲ့သောဘဝကို မပိုင်ဆိုင်ရလိုပေ။

သူမသည် ရှောင်ဟိုင်ချင်းကို တွေ့စဥ်ကတည်းကပင် ရှောင်ဟိုင်ချင်း၏အတိတ်အကြောင်းကို စဥ်းစားနေမိခဲ့၏။ သို့ရာတွင် ထိုစဥ်က သူမသည် အကျဥ်းထောင်ထဲရောက်ရှိနေခဲ့သဖြင့် ထိုကိစ္စနှင့်ပတ်သတ်၍ သိပ်မသိခဲ့သောကြောင့် ရှောင်ဟိုင်ချင်းမှ အန္တရာယ်ရန်စွယ်ကို ရှောင်ရှားနိုင်ရန် သူမကြိုတင်မကူညီနိုင်ခဲ့ပေ။ ရှောင်ဟိုင်ချင်းအား သိုင်းပညာနှင့် အခြားသင့်တော်သောအရာများ သင်ပေးရုံသာတတ်နိုင်ခဲ့ပြီး သူမသည် ယခင်ဘဝထက် ပိုကောင်းသောဘဝကို ပိုင်ဆိုင်ရရန် မျှော်လင့်ရုံသာရှိသည်။

ရှောင်ဟိုင်ချင်းသည် ဤမျှလောက် ရက်စက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ဤသို့အခြေအနေမျိုးတွင်ပင် သူမအား တစ်ခွန်းမှမဟခဲ့ပါပေ။

“ဟိုင်ချင်း၊ ကျောင်းဒါရိုက်တာကို ငါတို့ကူပြီးရှင်းပြပေးရမလား?”

စူးချူသည် ရှောင်ဟိုင်ချင်း၏အင်္ကျီစကိုဆွဲရင်းပြောလိုက်၏။

ရှောင်ဟိုင်ချင်းပြုံးလိုက်သည်။

“နင်တို့ကတော့ ငါကိုယုံပေမယ့် တခြားသူတွေကတော့ ယုံမှာမဟုတ်လောက်ဘူး၊ ကဲ ကဲ ငါ့အတွက်စိတ်မပူကြနဲ့တော့ သူတို့ဘာပြောပြော ငါစိတ်ထိခိုက်ခံမှာမဟုတ်ဘူး”

ကျင်းယွင်ကျောင်းသည် သူမအား စကားဆက်မပြောချင်တော့ပေ။ ခဏမျှစဥ်းစားကြည့်လိုက်ပြီးနောက် ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်ကို ရှာဖွေလိုက်၏။ ဖုန်းထဲတွင် ကျင်းယွင်ကျောင်း၏ ခံစားချက်များ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမသည် နှုတ်ခမ်းကိုစေ့ကာ ပြောလိုက်၏။

“လီရှောက်ယွင်၊ ဟက်ကာတစ်ယောက်ယောက်ကိုများသိလား?”

“အင်း”

လီရှောက်ယွင်အသံသည် တည်ငြိမ်နေ၏။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုဖွင့်ကာ ဆက်ပြောလိုက်သည်။

“သူအလုပ်လက်ခံလား? ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး သူကူညီနိုင်ရင်ရပြီ”

လီရှောက်ယွင် ခေတ္တမျှငြိမ်ကျသွား၏။

“ဆက်ပြောလေ”

“အမှတ် ၁ အလယ်တန်းကျောင်းရဲ့ ဖိုရမ်ထဲ hack ဝင်ပြီး ရှောင်ဟိုင်ချင်းနဲ့ပတ်သတ်လို့ မကောင်းတဲ့ကောမန့်တွေအကုန်ဖျက်ပေးခိုင်းမို့၊ လုပ်ပေးနိုင်မလား?”

ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်သည်။ သူမ၏နှလုံးခုန်သံသည် လွန်စွာမြန်ဆန်နေ၏။

“အင်း”

လီရှောက်ယွင် ပြတ်သားတိကျစွာပြောလိုက်သည်။ ထိုမှသာ ကျင်းယွင်ကျောင်း သက်မချလိုက်တော့သည်။

“စျေးညှိလိုက်နော် ကျွန်မပေးမယ် ကျေးဇူးတင်ပါတယ်”

“ငွေမလိုပါဘူး ကိစ္စတွေဖြေရှင်းပြီးမှ ပြောကြတာပေါ့”

လီရှောက်ယွင်သည် လိမ္မာပါးနပ်ပေ၏။ ကျင်းယွင်ကျောင်းမှာ ယခုအချိန်တွင် ခံစားချက်အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့် သူမအား အခွင့်ကောင်းယူနေသလို အထင်မခံလိုပေ။

ကျင်းယွင်ကျောင်း ခါးသက်စွာ ပြုံးလိုက်သည်။

“သဘောပဲလေ ဘယ်လိုတောင်းဆိုချက်မျိုးမဆိုလက်ခံပေးမယ်”

ထို့နောက် ကျင်းယွင်ကျောင်းသည် မည်သို့ပြောရမည်ကို စကားစရှာမရတော့သဖြင့် ဖုန်းချလိုက်သည်။

သူမသည် လီရှောက်ယွင်အား အကူအညီသိပ်မတောင်းခံလိုပေ။ သို့ရာတွင် သူမသည် လီရှောက်ယွင်ကြောင့် ပိုမိုစိတ်သက်သာရာရ၏။ အရည်အချင်းရှိသောဟက်ကာတစ်ဦးအား ပိုင်ယွီအန်းကို ရှာခိုင်း၍ရသော်လည်း လီရှောက်ယွင်ရှာပေးသောလူမှာ ပို၍ယုံကြည်ရမည်ဟု သူမအမြဲတစေခံစားမိနေရသည်။ လီရှောက်ယွင်ဆိုသည်မှာ လူဖြစ်စေ ပစ္စည်းဖြစ်စေ အဆင့်သတ်မှတ်ချက်မြင့်မှ အသုံးပြုသောလူစားမျိုးဖြစ်၏။ သူသည် ဘယ်သောအခါမှ အလျှော့ပေးတတ်သူမဟုတ်သဖြင့် သူ၏ရူပါရုံမှာလည်း အလွန်မြင့်မားပေသည်။

“ယွင်ကျောင်း၊ ဘာလို့ဒုက္ခခံနေမှာလဲ? ဖျက်လို့ရတော့ရော ဘာဖြစ်လဲ လူတွေအများကြီးက မြင်ပြီးပြီပဲ တခြားလူတွေရဲ့မှတ်ဉာဏ်ကိုပါ ဖျက်လို့မရဘူးလေ”

ရှောင်ဟိုင်ချင်းပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် ‌ဒေါသရိပ်စွတ်နေသော နာကျင်မှုဖြင့် သူမအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

“ဒီလိုကိစ္စမျိုးကို တစ်စက္ကန့်တောင် ထပ်သိမ်းထားလို့မရဘူး!”

“တုံးတဲ့လူတွေကို ငါတွေ့ဖူးပေမယ့် နင့်လောက်တုံးတဲ့လူကိုတော့ ငါတစ်ခါမှ မတွေ့ဖူးသေးဘူး ခုနက အတန်းပိုင်ဆရာခေါ်တာမလား? မနက်ဖြန်မနက်ကျောင်းသွားရင် ကျောင်းဒါရိုက်တာက သေချာပေါက် နင့်ကိုခေါ်တွေ့မှာပဲ အဲ့အချိန်ကျရင် ငါလိုက်ခဲ့မယ်”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

”ဘာလို့လဲ? ဒါရိုက်တာရဲ့ခုံကိုချိုးပြီး သူ့ကိုကန်ကြောက်ခြိမ်းခြောက်မလို့လား?”

ရှောင်ဟိုင်ချင်းသည် စနောက်နိုင်သေး၏။

“ဟုတ်တယ် သူ့ကိုအကြပ်ကိုင်မှာ”

ကျင်းယွင်ကျောင်းသည် တစ်ခါတည်း ဝန်ခံလိုက်၏။ သူမခေါင်းငြိမ့်လိုက်သောအခါ စူးချူနှင့် ရှောင်ဟိုင်ချင်းတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမဒေါသပေါက်ကွဲနေသည်ကို တွေ့လိုက်ရသဖြင့် နှစ်ဦးလုံး ကျောချမ်းသွားကြ၏။

ရှောင်ဟိုင်ချင်းသည် ခြောက်ကပ်စွာဖြင့် ရယ်လိုက်သော်လည်း သူမရယ်လိုက်သည်နှင့် ကျင်းယွင်ကျောင်းမှ စူးကြည့်လိုက်သောကြောင့် သူမသည် ချက်ချင်းပင် နှုတ်ခမ်းသာစူကာ ဘာမှဆက်မပြောတော့ချေ။

ကျိုးဟိုင်ယန်းနှင့် ဂျိမ်းစ်သည် အလွန်အကြပ်ရိုက်နေသည်ဆိုလျှင် ကျင်းယွင်ကျောင်းသည်လည်း ထိုသို့ခံစားနေရသည်ဟု ပြောရမည်။

နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းနှင့်အတူ ကျောင်းသို့သွားရန်စောင့်နေလေ၏။ သူမကျောင်းဂိတ်တံခါးသို့ ဝင်လိုက်သည်နှင့် အနီးအနားမှ ယောက်ျားလေးများနှင့် မိန်းကလေးများသည် အလိုလိုအနောက်သို့ရှဲသွားကြပြီး သူမအား လက်ညှိုးထိုးနေကြသည်ကို တွေ့လိုက်ရ၏။

ထင်ထားသည့်အတိုင်းပင် အတန်းထဲသို့ရောက်သည်နှင့် ကျောင်းဒါရိုက်တာမှ သူမအားရှာနေကြောင်း အတန်းခေါင်းဆောင်ချီသာ့ယုံမှ သူမအား အမှာစကားကမ်းလိုက်လေသည်။

Space and Rebirth 659

ရှောင်ဟိုင်ချင်းသည် ကူကယ်ရာမဲ့နေဟန် ပေါက်နေ၏။ သူမသည် မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမပေါ်ချေ။ သူမသည် အခြားသူများအားလုံး၏ ဆွေးနွေးရာအဓိကဇာတ်ဆောင်ဖြစ်နေသော်လည်း သူမဘာကိုမှမသိသလို နေနေလေ၏။ သူမသည် အလွန်တည်ငြိမ်လွန်းလှသဖြင့် အခြားလူများသည် လက်မခံနိုင်ကြပါပေ။

သို့ရာတွင် ရှောင်ဟိုင်ချင်းသည် ဤကိစ္စအတွက် သူမကိုယ်သူမ မည်မျှကြာမြင့်စွာ စိတ်ပြင်ဆင်ခဲ့သည်ကို အပြင်လူများမသိပါချေ။

ကျင်းယွင်ကျောင်းသည် လေးနက်သောမျက်နှာထားဖြင့် ရှောင်ဟိုင်ချင်းနှင့်အတူ အဖော်ပြုလိုက်သွားလေ၏။

“ယွင်ကျောင်း၊ ငါကနင့်ရဲ့ကြက်ပေါက်လေးလား? နင့်ကြည့်ရတာ မသိရင် တိုက်ကြက်ဖကြီးကျနေတာပဲ”

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းနားထဲသို့ တီးတိုးရေရွတ်ကာ ရယ်လိုက်၏။

“နင်ရယ်နိုင်သေးတာလား?”

ကျင်းယွင်ကျောင်းမှာမူ သူမကိုကြည့်၍ အံ့သြလွန်းသဖြင့် မည်သို့ပြောရမည်ကို မသိတော့ချေ။

အမှန်အတိုင်းပြောရလျှင် ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းမှ သူမအနီးအနားရှိလူများကို ဒေါသပေါက်ကွဲသည်ကိုသာ မြင်ချင်မိတော့သည်။ သို့ရာတွင် ရှောင်ဟိုင်ချင်း၏ပုံစံမှာ လုံးဝပြောင်းလဲနေပြီဖြစ်သည်။ သူမသည် ယခင်ကကဲ့သို့ သူမပြောချင်သမျှကိုပြောပြီး တစ်ဖက်လူနှင့် အနည်းငယ်သဘောမတူစရာတွေ့သည်နှင့် ကိုယ်ထိလက်ရောက်ဖြေရှင်းတတ်သူ မဟုတ်တော့ပေ။ သူမသည် ပွင့်လင်းမြင်သာပြီး သည်းခံတတ်နေပေပြီ။

ယခုမူ သူမသည် ကျန်းရုံနှင့်တစ်ထေရာတည်းဖြစ်နေ၏။ မည်သည့်အချိန်မဆို အနူးညံ့ဆုံး၊ အလှပဆုံးပြုံးတတ်ပြီး မိမိ၏ဆူးများကိုဖုံးကွယ်ကာ အခြားသူများကို ဒဏ်ရာမပေးခင် မိမိကိုယ်မိမိအရင် ဒဏ်ရာပေးတတ်သောသူဖြစ်နေချေပြီ။

“ငါကဒီတိုင်းနင့်ကိုရန်မဖြစ်စေချင်လို့ပါ ကြိုမပြောမိတာ ငါ့အမှားမှန်းငါသိပါတယ်၊ နင်ငါ့ကိုစိတ်တိုလည်း တိုချင်စရာပါပဲ ဒါပေမယ့် ငါကနင့်ကိုစိတ်မပူစေချင်ရုံပါ ဒါပေမယ့် အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ ငါကတိပေးတယ်”

ရှောင်ဟိုင်ချင်းသည် ချွဲနွဲ့သောမျက်နှာထားဖြင့် ပြောလိုက်လေ၏။

“ကြက်ပေါက်လေး၊ အထဲက လင်းယုန်ကြီးနဲ့ ကိစ္စအရင်ရှင်းကြရအောင်”

ကျင်းယွင်ကျောင်းသက်ပြင်းချလိုက်သည်။ သူမသည် ထိုသို့ပြောပြီး ကျောင်းဒါရိုက်တာ၏ ရုံးခန်းကိုကြည့်ကာ တံခါးခေါက်ဝင်လိုက်၏။ ကျောင်းဒါရိုက်တာသည် ကျင်းယွင်ကျောင်းကိုမြင်လိုက်သောအခါ ကြက်သေသေသွားသည်။

“ရှောင်ဟိုင်ချင်းကိုပဲ လာခိုင်းတာပါ ဘယ်လိုဖြစ်လို့ မင်းပါရောက်လာတာလဲ?”

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းကို သံသယကြီးစွာဖြင့် ကြည့်လိုက်သည်။ ကျင်းယွင်ကျောင်းမှ ကျောင်းဒါရိုက်တာ၏ စားပွဲအား အမှန်တကယ်ရိုက်ခွဲမည်ကို စိုးသောကြောင့်ဖြစ်သည်။

“ဒါရိုက်တာ၊ သမီးနဲ့ ရှောင်ဟိုင်ချင်းဆိုတာ သူငယ်ချင်းကောင်းတွေပါ၊ ဒါရိုက်တာ ဘာမှမသိလိုက်ဘဲ သူ့ကိုအပြစ်ပေးမိမှာစိုးလို့ သမီးလည်း အဖော်လိုက်လာပေးတာပါ”

ဤအချိန်တွင် ကျင်းယွင်ကျောင်း၏ပြုမူပြောဆိုပုံသည် အလွန်ဖော်ရွေနေသည်ဟု ပြောရမည်။ ဒါရိုက်တာသည် ကျင်းယွင်ကျောင်းအပေါ် အနည်းငယ်ပိုအထင်ကြီးသွားသည်။ သူမသည် အမှတ် ၁ အလယ်တန်းကျောင်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသောသူပင်မဟုတ်လော။

“ဒါဆိုရင် ဘေးမှာထိုင်လို့ရတယ်”

ဒါရိုက်တာသည် သူ၏မျက်မှန်ကို နေရာတကျဖြစ်အောင်လုပ်လိုက်ပြီး ရှောင်ဟိုင်ချင်းကို ကြည့်လိုက်၏။

“ဖိုရမ်ပေါ်က ပို့စ်အကြောင်းသိတယ်မလား?”

ရှောင်ဟိုင်ချင်းခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။

“ဒါပေမယ့် ကျွန်မကြားတာတော့ ဖိုရမ်တစ်ခုလုံးကို ဝင်မရတော့ဘူးတဲ့ အဲဒါကြောင့် လက်ရှိဘာတွေဖြစ်နေလဲဆိုတာတော့ မသိပါဘူး”

ဒါရိုက်တာ၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။

“တစ်ယောက်ယောက်က ကျောင်းဖိုရမ်ကို Hack လိုက်တာပဲ မင်းလူခေါ်ပြီးခိုင်းထားတာလား?”

ရှောင်ဟိုင်ချင်းမဖြေနိုင်ခင်မှာပင် ကျင်းယွင်ကျောင်းပြောလိုက်၏။

“သူ့ကိုမေးစရာမလိုပါဘူး သမီးလုပ်တာပါ”

ဘောပင်ကိုင်ထားသော ဒါရိုက်တာ၏လက်များ တန့်သွားသည်။

“ဘာလို့လဲ?”

“ဟိုင်ချင်းနဲ့ ကျောင်းရဲ့ဂုဏ်သိက္ခာကို တခြားလူတွေ အိုးမည်းသုတ်နေတာ မမြင်ချင်လို့ပါ။ ဒါရိုက်တာ၊ အဲ့ဖိုရမ်ကို မြင်လိုက်သင့်တယ် အဲဒါမှ အဲ့လူတွေဘယ်လောက်ထိ မိုက်ရိုင်းလဲဆိုတာ သိမှာပါ၊ တစ်ယောက်ချင်းစီလိုက်တားလို့မရတာနဲ့ တစ်ယောက်ယောက်ကိုပဲ အကူအညီတောင်းလိုက်တော့တာပါ”

ကျင်းယွင်ကျောင်း ဘာကိုမှ မကွယ်မဝှက်ထားချေ။

ဤအရေးကြီးသောအချိန်တွင် ဖိုရမ်သည် hack ခံရသည်ဖြစ်ရာ လူအများစုက ရှောင်ဟိုင်ချင်းအား သံသယဝင်ကြမည်ဖြစ်သဖြင့် ဆက်လက်ဖုံးကွယ်ထားစရာမရှိပါချေ။

“ဖိုရမ်အကြောင်းကို နောက်ကျမှ မင်းနဲ့သက်သက်စကားပြောမယ်”

ဒါရိုက်တာ၏နှုတ်ခမ်းစွန်းများ တွန့်သွားပြီးနောက် သူဆက်ပြောလိုက်၏။

“ရှောင်ဟိုင်ချင်း၊ မနေ့က တင်လိုက်တဲ့ပို့စ်ကို တွေ့တဲ့သူတွေအများကြီးပဲ၊ ဘာတွေဖြစ်နေတာလဲ? မင်းကငယ်သေးတယ်လေ စာမေးပွဲအမှတ်တွေကလည်းမဆိုးဘူး မင်းအရှေ့မှာ ဒီလောက်ကောင်းတဲ့အနာဂတ်ရှိနေတာကို မင်းဘယ်လိုလုပ်ပြီး...”

“ဒါရိုက်တာ၊ သမီးကို အဲ့အိမ်ဆီ သမီးအဖေက ပို့ခဲ့တာပါ၊ အဲ့အချိန်တုန်းက နည်းနည်းမူးနေတော့ သူတို့ရဲ့ထောင်ချောက်ထဲကျသွားခဲ့ပါတယ်။ ပြီးတော့ အမှန်တရားကိုပြောရရင် သမီးရဲ့အပျိုစင်ဖြစ်မှုကို စွန်းထင်းစေမယ့်လုပ်ရပ်မျိုးကို မလုပ်ခဲ့ပါဘူး။ အဲ့လူတွေကို ဒေါသထွက်အောင်လုပ်မိလို့သာ အဲ့လိုပို့စ်မျိုးကို တင်လိုက်ကြတာပါ၊ ဒါရိုက်တာယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါအမှန်တရားတွေပါ”

ရှောင်ဟိုင်ချင်း၏ပုံစံသည် အနည်းငယ်လေးနက်သွားလေ၏။ သူမသည် လူများအား ရှင်းမပြချင်သော်လည်း ကျင်းယွင်ကျောင်းမှ ကြိုးစားပမ်းစား သူမအားကာကွယ်ပေးနေသည်ကို မြင်လိုက်ရသောအခါ သူမသည်လည်း သတ္တိရှိချင်ယောင်မဆောင်နိုင်တော့ချေ။

Space and Rebirth 660

ရှောင်ဟိုင်ချင်းမှ ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ ဒါရိုက်တာသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။

“အဲ့တော့ အတင်းအကြပ်လုပ်ခိုင်းတာကို ခံရတယ်လို့ ပြောနေတာလား?”

ဒါရိုက်တာထပ်မေးလိုက်သောအခါ ရှောင်ဟိုင်ချင်းခေါင်းငြိမ့်ပြလိုက်သည်။

ဒါရိုက်တာ၏မျက်နှာပေါ်တွင် တုံ့ဆိုင်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူဆက်ပြောလိုက်သေး၏။

“ဒါပေမယ့် ပုံထဲမှာကျ... ရှောင်ဟိုင်ချင်း၊ သီလသမာဓိရှိတဲ့ အရာရှိတစ်ယောက်တောင် မိသားစုရန်ပွဲတစ်ခုကို မဖြေရှင်းပေးနိုင်ဘူးဆိုတဲ့စကားကို ကြားဖူးလား? အကယ်၍များ မင်းအဖေက အတင်းအကြပ်လုပ်ခိုင်းခဲ့တယ်ဆိုရင် နည်းလမ်းတစ်ခုခုသုံးပြီး ခုခံခဲ့မှပေါ့။ အခု အခြေအနေတွေက ဒီလိုဖြစ်နေပြီဆိုတော့ ကျောင်းဘက်ကနေ တခြားမိဘတွေကို ရှင်းပြချက်ပေးမှဖြစ်တော့မယ်”

ရှောင်ဟိုင်ချင်း၏ကိစ္စသည် အခြားသူများနှင့် မသက်ဆိုင်လှသော်လည်း အချို့လူများသည် ဤကိစ္စအား အေးအေးချမ်းချမ်းလက်ခံပေးမည့် လူစားများမဟုတ်ပါချေ။ ရှောင်ဟိုင်ချင်းသည် ကျောင်းသားများကို လမ်းမှားရောက်အောင်ဆွဲခေါ်ပြီး သူမကဲ့သို့ဆိုးသွမ်းစေလိမ့်မည်ဟု ထင်နေကြ၏။ ကျောင်းဘက်ကသာ ဤကိစ္စကိုမဖြေရှင်းလျှင် ကျောင်းသားမိဘများသည် လက်လွှတ်ပေးမည်မဟုတ်ချေ။

ဓာတ်ပုံထဲတွင် ရှောင်ဟိုင်ချင်း၏ဟန်ပန်အမူအရာမှာ နာခံရိုကျိုးသည့်ပုံဖြစ်မနေဘဲ ထိုအစားရုန်းကန်ခုခံနေသည့်ပုံဖြစ်ပါက သူတို့သည် ရှောင်ဟိုင်ချင်းအား နစ်နာသူရှုထောင့်တွင် ထားပေးနိုင်ဦးမည်။ သူမဖခင်သည်သာ အရှေ့သို့ထွက်လာပြီး ကျောင်းနှင့်ညှိနှိုင်းပါက ကျောင်းဘက်မှ သူမအားဆက်ထားပေးရန် သင့်တော်သော အကြောင်းပြချက်တစ်ခုခုရှာပေးနိုင်ဦးမည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ သူမ၏မိဘနှစ်ပါးလုံးကို ဆက်သွယ်၍မရချေ။ ကျောင်းဘက်မှ ရှောင်ဟိုင်ချင်း၏မိထွေးကို ဆက်သွယ်ခဲ့သော်လည်း ထိုမိထွေးဆိုသူမှာ ပြသာနာများကိုဖြေရှင်းနိုင်သူမဟုတ်ကြောင်း ဆရာများက ပြောခဲ့သဖြင့် သူတို့သည် ရှောင်မိသားစုနေအိမ်သို့ ဆက်သွယ်ခဲ့သည်။ မစ္စတာရှောင်မှ ဖုန်းကိုင်ခဲ့သော်လည်း ဆရာများ၏ရှင်းပြချက်ကို နားထောင်ပြီးချိန်တွင် ဤသည်မှာ ကလေး၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် ကျောင်းဘက်မှ ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ပြန်ပြောခဲ့လေ၏!

သူတို့သည် အာပေါက်သည်အထိ ရှင်းပြခဲ့သော်ငြား တစ်ဖက်လူသည် ဤဓာတ်ပုံမှာ အထင်လွဲမှုတစ်ခုဖြစ်ကြောင်းကိုသာ တွင်တွင်ပြောနေခဲ့သည်။ ကျန်ကိစ္စများကိုမူ သူသည် ရှင်းရှင်းလင်းလင်းမပြောပြခဲ့ချေ။ ကျောင်းဘက်မှ ရှောင်ဟိုင်ချင်းအား ဆက်လက်မခံဘဲ ကျောင်းထုတ်လိုက်လျှင်ပင် ကိစ္စမရှိကြောင်း ထိုသူသည် ပြောခဲ့၏။ သူသည် သူ၏သမီးဖြစ်သူကို နောက်တစ်ကျောင်းပြောင်းရုံသာရှိပေသည်။

ဤကဲ့သို့သောမိဘမျိုးမှာ ရှားပါးလှသဖြင့် ဆရာများအတွက် မျက်လုံးပြူးလောက်စရာ အံ့သြဖွယ်ဖြစ်ရပ်ဖြစ်ပေသည်!

ရှောင်ဟိုင်ချင်းသည် တိတ်ဆိတ်နေ၏။ ထိုအချိန်တွင် ဒါရိုက်တာဘက်မှ ဤစကားပြောသည်ကိုသာ ကြားလိုက်ရလေသည်။

“ရှောင်ဟိုင်ချင်း၊ ဆရာတို့ထင်တာတော့...မင်းကျောင်းထွက်သင့်တယ်”

ရှောင်ဟိုင်ချင်း၏ လှပသောမျက်လုံးများတွင် စိတ်ပျက်ဟန်များမရှိချေ။ သူမသည် ဤကဲ့သို့ဖြစ်မည်ကို ကြိုတင်ခန့်မှန်းထားနှင့်ပြီဖြစ်၏။

“ဒါရိုက်တာ၊ ရှောင်ဟိုင်ချင်းသာ ကျောင်းထွက်မယ်ဆိုရင် သမီးလည်း နောက်တစ်ကျောင်းကို ပြောင်းမယ်”

ကျင်းယွင်ကျောင်းပြောချလိုက်၏။

ဒါရိုက်တာ၏မျက်ခွံများ တွန့်သွားသည်။

“ကျင်းယွင်ကျောင်း၊ ဒါကစနောက်ရမယ့်အချိန်မဟုတ်ဘူး...”

“နောက်နေတာမဟုတ်ပါဘူး၊ ဟိုင်ချင်းက သမီးကြောင့် ဒီလိုထိခိုက်မိတာပါ။ အခုအချိန်မှာ သမီးတို့ဘာမှလည်းမလုပ်နိုင်မှတော့ အတူနေရုံပဲရှိတာပေါ့။ သူသာကျောင်းထွက်ရင် သမီးလည်း သူ့နောက်လိုက်သွားပါမယ်”

ကျင်းယွင်ကျောင်းတဲ့တိုးသာပြောလိုက်သည်။

သူမသည် ခေါင်းမာသောစရိုက်ရှိသည်ကို ဒါရိုက်တာသိထားနှင့်ပြီဖြစ်သည်။ ထို့ကြောင့် သူမဘက်မှ ထိုစကားပြောသည်ကိုကြားလိုက်ရသောအခါ ဒါရိုက်တာသည် ခေါင်းကိုက်ချင်သလိုဖြစ်သွားတော့၏။

ကျင်းယွင်ကျောင်း၏ စာမေးပွဲအမှတ်များအရ အနာဂတ်တွင် သူမသည် နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရမည်မှာ သေချာသလောက်ရှိနေသည်။ နိုင်ငံလုံးကျွတ် လူရည်ချွန်ကျောင်းသားဟူသော အမည်နာမအတွက် ပြိုင်ဆိုင်ရန်ပင် အရည်အချင်းပြည့်မီသူဖြစ်သည်။ လပိုင်းခန့်ကြာလျှင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျင်းပတော့မည်ဖြစ်သဖြင့် သူမစိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်နေခဲ့သော်လည်း သူမသည် ကျောင်းပင်ပြောင်းချင်သည်ဟု ပြောနေပြီလော?

ကျောင်းသည် ပညာရေးပိုင်း၌ အုတ်မြစ်တည်ထားသော်လည်း အရေးကြီးဆုံးအရာမှာ တက္ကသိုလ်ဝင်ခွင့်နှုန်းနှင့် နာမည်ဂုဏ်သတင်းဖြစ်၏။ ကျောင်းသားကောင်းတစ်ဦးဖြစ်သော ကျင်းယွင်ကျောင်းကိုသာ နောက်ကျောင်းတစ်ခု၏လက်ထဲ ပို့လိုက်လျှင် သူတို့သည် သွေးအန်၍သေရုံသာရှိပေတော့မည်။

“ကျင်းယွင်ကျောင်း...”

“ဒါရိုက်တာ၊ တကယ်တော့ ပြန်တွေးကြည့်လို့ရပါတယ်။ အဲ့အချိန်တုန်းက ဓာတ်ပုံတွေက ကြည်လင်ပြတ်သားနေတယ်ဆိုပေမယ့် ဒီဂျစ်တယ်နည်းပညာတိုးတက်နေတဲ့ ဒီလိုခေတ်မျိုးမှာ ဒီလိုပုံကိုအတုလုပ်ရတာ လွယ်တဲ့ကိစ္စပဲ၊ ဟိုင်ချင်းက အဲ့အခန်းထဲကိုဝင်သွားတယ်ဆိုတာ ဟုတ်ပေမယ့် သူကဘာမှလုပ်ခဲ့တာမဟုတ်ဘူး။ မြင်မကောင်းရှုမကောင်းဖြစ်တဲ့ပုံတွေကိုပဲ သေချာရွေးတင်ထားကြတာ။ ကြည့်လိုက်တာနဲ့ ဟိုင်ချင်းခေါင်းမဖော်နိုင်တော့အောင် တမင်အကောက်ကြံထားမှန်းသိသာပါတယ်။ ဒါရိုက်တာသာ သူ့ကိုတကယ်ကျောင်းထုတ်လိုက်ရင် ဒီကိစ္စကို ဝန်ခံလိုက်တာနဲ့ အတူတူဖြစ်သွားမှာပါ”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“ဒီကိစ္စက တကယ်ပဲ ကျောင်းရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ဆိုတာ သိပါတယ် ဒါပေမယ့် ဒါရိုက်တာသာ ဒီကိစ္စကိုငြင်းလိုက်ရင် ကျောင်းအတွက်ရော ဟိုင်ချင်းအတွက်ရော ပိုကောင်းလာနိုင်မှာပါ။ သိပ်ယုံချင်စရာမကောင်းတဲ့ အရင်းအမြစ်ကလာတဲ့ဓာတ်ပုံတစ်ပုံကြောင့်နဲ့ ဟိုင်ချင်းရဲ့ နာမည်ကိုဖျက်မှာတော့ မဟုတ်ဘူးမလား?”

All Chapters