← Chapters

အခန်း (၇၀၁-၇၀၄)

Vol. 36 Ch. 701-704

အခန်း (၇၀၁-၇၀၄)

Vol. 36 Ch. 701-704

Space and Rebirth 701

ကျင်းယွင်ကျောင်းသည် ဒေါသပုန်ထနေ၏။ ဤထောင်ကဲ့သည် သူမအား ခဏခဏဆိုသလို ချောက်တွန်းနေခဲ့သည်။ ယခု ထောင်ကဲ့သည် သူမအမုန်းဆုံးသောနည်းလမ်းကိုပါ သုံးခဲ့လေပြီ။ သူမသည် ဤထောင်ကဲ့ကိုသာ ပညာမပေးလျှင် သူမဒေါသအားငြှိမ်းနိုင်ရန် ခက်ခဲပေတော့မည်။

ယခင်က ဟွားနင်ခရိုင်မှလာခဲ့သော ဤထောင်ကဲ့သည် သူမနှင့်တစ်မြို့တည်းသားဖြစ်သောကြောင့် လက်တုံ့ပြန်စရာမလိုဟု ထင်ထားခဲ့သည်။ ထောင်ကဲ့မှ ရထားပေါ်တွင် သူမကဲ့သို့ ဟန်ဆောင်လျှင်ပင် သူမသိပ်အာရုံမစိုက်ချေ။ သို့ရာတွင် ထောင်ကဲ့မှာ ဤမျှလောက်မျက်နှာပြောင်တိုက်ပြီး သူမအား ရန်လာစလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်ပင်။

ဤအချိန်တွင် ကျင်းယွင်ကျောင်းထံမှ ရန်ငွေ့များထွက်နေသဖြင့် ကျန်လူအားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

ထောင်ကဲ့သည် ပြာပြာသလဲဖြစ်သွားကာ စိတ်ပူပန်သွားတော့သည်။ ကျင်းယွင်ကျောင်းဘာဖြစ်နေမှန်း သူမအမှန်တကယ်မသိပါချေ။

ယမန်နေ့က စခန်းသို့ရောက်ပြီးချိန်တွင် သူမနှင့် ကျင်းယွင်ကျောင်း၏အတန်းများမှာ တစ်ခုနှင့်တစ်ခုအလွန်နီးကပ်ကြောင်း သူမသတိထားမိလိုက်၏ သူမသည် အစက ဂရုမစိုက်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် အတန်းမော်နီတာဖြစ်သွားခဲ့သည်။ သူမသည် အတန်းအားဦးဆောင်ကာ သတိအနေအထားဖြင့် ရပ်နေခဲ့သည်။ မကြာမီတွင် သူမသည် အတန်းဖော်များအား မုန့်စျေးတန်းသို့ ထမင်းစားခေါ်သွားရန်ပင် စီစဉ်ပေးလိုက်သေး၏။ အစမှအဆုံးအထိ သူမသည် တည်ငြိမ်အေးဆေးနေခဲ့သည်။ သူမအတန်းရှိယောက်ျားလေးအချို့ပင်လျှင် ကျင်းယွင်ကျောင်းအား ကြည့်ကောင်းသည်ဟု တီးတိုးတီးတိုးပြောနေကြလေပြီ။

သူမသည် ၎င်းကိုကြားသောအခါ အလွန်စိတ်မသက်မသာဖြစ်သွားခဲ့၏။ ထို့ကြောင့် ညဘက်အဆောင်သို့ပြန်ချိန်တွင် သူမသည် သူမအတန်းဖော်များအား စုဝေးကာ စကားအချို့ပြောခဲ့လေသည်။

ထိုအချိန်က သူမသည် စိတ်ထွက်ပေါက်ရှာချင်ရုံသာရှိခဲ့၏။ သို့သော် မရည်ရွယ်ဘဲနှင့် အတန်းထဲရှိမိန်းကလေးများအားလုံး သိသွားလေသည်။ ယခုမူ ၎င်းသည် ကျင်းယွင်ကျောင်း၏နားသို့ပင် ရောက်ရှိသွားလေပြီ။

“ဘာတွေဖြစ်နေတာလဲ?”

ထောင်ကဲ့စိတ်လှုပ်ရှားနေပုံကို မြင်လိုက်ရသောအခါ နောက်မိန်းကလေးတစ်ဦးမှမေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး...”

ခေတ္တမျှတိတ်သွားပြီးနောက် သူမသည် စကားလမ်းကြောင်းလွှဲလိုက်တော့၏။

“ကျင်းယွင်ကျောင်းပါ၊ သူနဲ့မတည့်တာလေးနည်းနည်းရှိလို့၊ သူအခုငါ့ကိုပြသာနာလာရှာတာထင်ပါတယ်....”

သူမနံဘေးမှ မိန်းကလေးသည် ထိုစကားကိုကြားလိုက်သောအခါ သူမအား အလျင်အမြန်နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့၊ သူဘယ်လောက်ပဲ အဆင်အခြင်မဲ့မဲ့ လူတွေကိုအလကားနေအနိုင်ကျင့်လို့တော့မရဘူး။ ဒီနေရာမှာ လူတွေအများကြီးရှိနေတာကို ငါတို့ကဘာလို့သူ့ကိုကြောက်နေရမှာလဲ?”

“ဒါ-ဒါပေမယ့်...သူကစကားနဲ့ပြောလို့ရတဲ့လူမဟုတ်ဘူး...”

ထောင်ကဲ့၏မျက်နှာသည် အလွန်တောင့်တင်းနေပြီး သူမကြည့်ရသည်မှာ အလွန်ထိတ်ထိတ်ပျာပျာဖြစ်နေ၏။

တစ်ချက်ကြည့်ရုံဖြင့် သူမသည် အနိုင်ကျင့်ခံနေရသည့်ဟန်ပေါက်သည်။ ဤပုံကြောင့် ‌ထောင်ကဲ့အနားမှလူများသည် ကျင်းယွင်ကျောင်းအား ပို၍ပင်မြင်ပြင်းကတ်သွားကြသည်။

ဤစစ်ရေးလေ့ကျင့်မှုအတန်းသည် ကျောင်းမှချမှတ်ပေးထားသော အတန်းသဖွယ်ဖြစ်သော်လည်း အတန်းနံပါတ်များကိုမူ နည်းပြများမှ စီစဥ်ခေါ်ယူရလွယ်ကူရန် ကျပန်းသတ်မှတ်ပေးထားလေ၏။ ကျင်းယွင်ကျောင်းသည် အတန်း A07 တွင်ရှိပြီး ထောင်ကဲ့မှာ အတန်း A08 တွင်ရှိသဖြင့် သူတို့သည် အချင်းချင်းမဝေးကြချေ။

ထောင်ကဲ့မှ ထိုစကားကိုပြောလိုက်သောအခါ သူမနံဘေးမှ မိန်းကလေးသည် သိချင်စောဖြင့် ဝေ့ကြည့်လိုက်လေ၏။ ကြည့်ပြီးနောက်တွင် သူမပြုံးလိုက်သည်။

“စိတ်မပူပါနဲ့ ဒီအခွင့်အရေးကိုယူပြီး ငါတို့စကားကောင်းကောင်းပြောလို့ရနိုင်တာပဲ”

ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် သူတို့ထံရောက်နေပြီဖြစ်သည်။ သူမအနောက်တွင်ရှိသော ယန်ရှင်းယွဲ့သည်လည်း ခြေလှမ်းများကို တန့်လိုက်၏။

“ထောင်ကဲ့၊ ကောလဟာလတွေဖြန့်တာနင်လား?”

ကျင်းယွင်ကျောင်းသည် လိုရင်းတိုရှင်းဖြင့် အေးတိအေးစက်မေးလိုက်သည်။ ထောင်ကဲ့ သုတ်သီးသုတ်ပြာဖြင့် ခေါင်းခါလိုက်၏။

“ဘာကောလဟာလလဲ? ငါဘာမှမသိဘူး”

“နင်မသိဘူး? ဖြောင့်မတ်တဲ့လူဆိုတာ ပရိယာယ်သုံးစရာမလိုဘူး။ နင်တို့အတန်းထဲမှာ ငါသိတဲ့မိန်းကလေးက နင်ပဲရှိသလို ငါနဲ့အငြင်းပွားခဲ့ဖူးတာလည်း နင်ပဲရှိတယ်၊ နင်မဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ?”

ကျင်းယွင်ကျောင်းပြောလိုက်၏။ ဤမိန်းကလေးသည် အမှန်တကယ်ပင် အရှက်မရှိချေ!

“နင်ဘာတွေပြောနေလဲငါမသိဘူး! ကျင်းယွင်ကျောင်း၊ အရင်တစ်ခေါက် နင်ငါ့ကိုလက်ပါတုန်းက ငါနင့်ကိုဘာပြသာနာမှတောင် မရှာခဲ့ဘူး၊ အခုနင်ကတော့ ငါ့ကိုပြသာနာထပ်ရှာပြန်ပြီ၊ ငါ့ကိုအနိုင်ကျင့်ရလွယ်တယ်များမှတ်နေလား?”

‌ရုတ်ချည်းဆိုသလို ထောင်ကဲ့သည် စတင်ကြိမ်းမောင်းတော့၏။

သူမသည် ကျင်းယွင်ကျောင်းနောက်ကွယ်၌ မကောင်းကြောင်းအချို့ပြောခဲ့ရုံသာရှိသည်မဟုတ်လော? ကျင်းယွင်ကျောင်းသည်လည်း သူများကွယ်ရာတွင် သူများမကောင်းကြောင်းကို တစ်ခါမှမပြောဖူးဘဲနေခဲ့မည်ဟု သူမမထင်ပါချေ။ ကျင်းယွင်ကျောင်းသည်လည်း သူ၏အတန်းဖော်များထံ သူမ၏ကိစ္စများကို ပြောပြခဲ့ဖူးလောက်မည်။ ထိုသို့ဆိုလျှင် လူတိုင်းသည် အတူတူသာဖြစ်ပေသည်။ သူမနှင့်ထူးမခြားနားပင်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် သူမအား လာပြသာနာရှာပိုင်ခွင့် အဘယ်တွင်ရှိသနည်း?

“ငါကနင့်ကိုလက်ပါတယ်? နင်ကအဲ့လက်ပါတာနဲ့ပဲတန်တာမဟုတ်ဘူးလား?”

ကျင်းယွင်ကျောင်းသည် စကားပြောပြီးသည်နှင့် သူမလက်ကိုမြှောက်ကာ ထောင်ကဲ့ကိုပါးရိုက်လိုက်၏။

ထောင်ကဲ့သည် ခေတ္တမျှကြောင်အမ်းသွားပြီး သူမမျက်နှာတစ်ဝက်ကိုဖုံးအုပ်လိုက်သည်။

“ကျင်းယွင်ကျောင်း! နင်ငါ့ကိုအဲ့လောက်ကြီးအနိုင်မကျင့်နဲ့နော်! ငါကနင့်အပေါ်ဘာများလုပ်မိလို့ ငါ့ကိုဒီလိုတွေလာရိုက်နေတာလဲ?!”

အခြားလူများသည် ဤအရာကိုတွေ့သောအခါ အလျင်အမြန်စုဝေးလာကြတော့သည်။

Space and Rebirth 702

“နင်လွန်လွန်းသွားပြီ ဘာလို့ငါ့အတန်းဖော်ကိုပါးရိုက်တာလဲ?”

“ဟုတ်တယ် နင်ရက်စက်လွန်းတယ်၊ တစ်ယောက်ယောက်ကိုရိုက်ချင်ရင်တောင် မျက်နှာကိုမထိရဘူးလေ၊ သူ့မျက်နှာပုံပျက်သွားရင် ဘယ်သူကတာဝန်ယူမှာလဲ?”

...

ကျင်းယွင်ကျောင်းသည် လူအုပ်ကြီးကိုဝေ့ကြည့်ကာ ခနဲ့သံပြုလိုက်သည်။

“နင်တို့ကတကယ်မျက်နှာပြောင်တိုက်တာပဲ၊ ငါ့အမြင်တွေတကယ်ကျယ်သွားပြီ! နင်တို့က ထောင်ကဲ့နဲ့တစ်တန်းတည်းရှိတာဆိုတော့ ညဘက်မှာလည်း အဆောင်တစ်ခုတည်းနေကြမှာပေါ့။ နင်တို့ဦးနှောက်တွေကိုသုံးပြီး စဥ်းစားကြည့်လိုက်စမ်းပါဦး၊ ငါကနည်းပြကိုမြှူဆွယ်တယ်လို့ စွပ်စွဲတဲ့စကားကို စပြောတဲ့လူက သူဟုတ်လားမဟုတ်လားဆိုတာကိုပေါ့!”

“နင်ကကျ အဓိပ္ပာယ်မရှိတာတွေပြောပြီး ငါ့နာမည်ကိုဖျက်လို့ရပေမယ့် ငါကတော့ နင့်ကိုပညာပေးလို့မရဘူးလား?”

ကျောင်းစတင်သည်မှာ မကြာသေးသောကြောင့် သူတို့သည် မိမိတို့အတန်းဖော်များအားလုံးကို မသိပေ။ သို့ရာတွင် စစ်ရေးလေ့ကျင့်စဥ်အတွင်း သူတို့သည် အတူတကွနေထိုင်ကြသောကြောင့် အတင်းအဖျင်း၏အင်အားသည် ပို၍ကြီးမားလာခဲ့ပေသည်။ သို့သော် ဤကိစ္စသည် ယမန်နေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် သိပ်မကြာသေးဟု ပြောနိုင်ပေသည်။ ကျင်းယွင်ကျောင်း၏သတိပေးစကားကို ကြားပြီးနောက် သူတို့သည် မသိစိတ်မှုစေ့ဆော်မှုဖြင့် စဥ်းစားကြည့်လိုက်သောအခါ စိတ်ထဲ၌မှတ်မိသွားကြသည်။

ယမန်နေ့ညက ‌ဘေးအတန်း၏နည်းပြမှာ ခန့်ညားကြောင်းတစ်ဦးက ထပြောလိုက်သောအခါ ထိုအတန်းရှိမိန်းကလေးများမှာလည်း ကြည့်ကောင်းကြောင်း နောက်တစ်ဦးမှ ပြောလိုက်၏။ တစ်နည်းနည်းဖြင့် ကျင်းယွင်ကျောင်းသည် ထိုစကားဝိုင်းထဲတွင် ပါဝင်သွားခဲ့သည်။

ဤနာမည်ကို ကြားရသည်မှာ သူတို့အတွက် ပထမဆုံးဖြစ်သော်လည်း ကျင်းယွင်ကျောင်းမှ နည်းပြချီအား ဖက်နေသည်ကို မြင်လိုက်ကြောင်း၊ သို့ရာတွင် နည်းပြ၏ငြင်းဆိုမှုကြောင့် သူမအရှက်ရပြီး ထွက်ပြေးသွားကြောင်း တစ်စုံတစ်ဦးမှ ပြောလိုက်သဖြင့် ထိုနာမည်သည် သူတို့စိတ်ထဲတွင် စွဲကျန်ရစ်နေခဲ့လေသည်။

ထိုစကားများကိုပြောခဲ့သူမှာ...အမှန်တကယ်ပင် ထောင်ကဲ့ဖြစ်၏။

သို့သော် နောက်ပိုင်းတွင် ပြောစရာစကားများ ပွထလာသည်နှင့်အမျှ အခြားသူများလည်း တစ်ယောက်တစ်ပေါက်ဝင်ပြောကြတော့သည်။ မည်သို့ပင်ဆိုစေ ထိုသတင်းအားစဖြန့်သူမှာ သူမဖြစ်ပေသည်။

ထောင်ကဲ့ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေ၏။ သူမသည် ဆက်လက်ကွယ်ဝှက်၍မရတော့ကြောင်း သိလိုက်သဖြင့် တစ်ခါတည်းသာဝန်ခံလိုက်တော့သည်။

“ငါမြင်တယ်၊ နင်ကနည်းပြဆီကိုသွားပြီးဖက်နေတာ...စကားမစပ်၊ ငါနင်နဲ့အတူမြို့ထဲကိုဝင်လာတုန်းကလည်း ယောက်ျားလေးတစ်ယောက်နဲ့ ပူးပူးကပ်ကပ်ဖြစ်နေတာကို ငါတွေ့လိုက်တယ်။ နင်တို့ကြည့်ရတာ ရည်းစားတွေနဲ့တူတယ် အဲ့ကောင်လေးကလည်း မိသားစုကောင်းကောင်းကလာခဲ့တဲ့ပုံပဲ၊ နင်သူ့ရဲ့ပိုက်ဆံကို မသုံးပါဘူးလို့ အာမခံနိုင်လား? နင်ကသူအမ်းတာကို မခံရပါဘူးလို့ တပ်အပ်ပြောနိုင်ပြီလား?”

“အာ နင့်ဘာသာနင်သွေးလေချောက်ချားပြီး လျှောက်မြင်နေတာလား ဒါမှမဟုတ် မျက်စိကန်းနားကန်းဖြစ်သွားတာလား ငါတကယ်မပြောတတ်တော့ဘူး၊ ဇာတ်လမ်းတွေထွင်တဲ့နေရာမှာ တကယ်တော်တာပဲ နင်စာရေးဆရာတစ်ယောက်မဖြစ်တာပဲ ငါဝမ်းနည်းမိတယ်!”

ကျင်းယွင်ကျောင်း၏မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်များ ဖြတ်သန်းသွား၏။ ထို့နောက် သူမသည် ဟော်ထျန်းရှန်းဘက်လှည့်ကာ ပြောလိုက်သည်။

“ထျန်းရှန်း၊ နင်နည်းပြချီကို ခေါ်ပေးလို့ရမလား”

“တချို့အရာတွေက အားလုံးရှင်းလင်းသွားအောင် ဖြေရှင်းမှရမယ်၊ ငါ့ကိုသူများအထင်လွဲတာမခံနိုင်ဘူး!”

ကျင်းယွင်ကျောင်းမှ နည်းပြအားရှာနေကြောင်း ကြားလိုက်ရသောအခါ ထောင်ကဲ့သည် ပြာပြာသလဲဖြစ်သွားပြီး သူမနှုတ်ခမ်းများကို ကိုက်လိုက်၏။

“ဟုတ်ပြီလေ”

ဟော်ထျန်းရှန်းပြန်ဖြေလိုက်ပြီး ဘေဘီယောင်ကိုပါ ခေါ်သွားလိုက်သည်။

ယန်ရှင်းယွဲ့မှ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်နှင့်အမျှ ထောင်ကဲ့နံဘေးမှ မိန်းကလေးတစ်ဦးသည် ရှေ့ထွက်လာပြီး ယန်ရှင်းယွဲ့၏လက်ကိုကိုင်လိုက်သည်။

“ရှင်းယွဲ့၊ နင်ကဒီကျင်းယွင်ကျောင်းနဲ့ သူငယ်ချင်းတွေလား? အချိန်ကိုက်ပဲ သူ့ကိုကူပြောပေးပါလား? လူတွေကိုအကြောင်းမရှိဘဲ ရိုက်တာတော့ မဟုတ်သေးဘူးလေ၊ ငါတို့အတန်းရဲ့နည်းပြလည်း ဒီကိုလာနေပြီ”

ကျင်းယွင်ကျောင်းသည် အံ့အားသင့်သွားပြီး ယန်ရှင်းယွဲ့ကို ကြည့်လိုက်၏။ ယန်ရှင်းယွဲ့သည် ယဥ်ကျေးပျူငှာသောအပြုံးကိုသာ ပြုံးလိုက်သည်။

“ငါကကျင်းယွင်ကျောင်းနဲ့ တစ်ခန်းတည်းနေတယ်ဆိုပေမယ့် သူ့ကိစ္စတွေကို ဝင်စွက်ဖက်ပိုင်ခွင့်တော့ ငါ့မှာမရှိဘူး”

ထိုမိန်းကလေးစကားရပ်သွားသည်။

“ဪ ဟုတ်လား”

သူမလက်ကိုလွှတ်ပြီး ထိုမိန်းကလေးသည် ကျင်းယွင်ကျောင်းဘေးသို့ လျှောက်သွားလိုက်၏။

“ကျင်းယွင်ကျောင်း၊ ငါ့နာမည်က ကျိုးမေ့ကျွန်းပါ A08 ရဲ့မော်နီတာပေါ့၊ မနေ့ညက ထောင်ကဲ့က နင်နဲ့ပတ်သတ်တဲ့စကားအချို့ကို ပြောခဲ့တယ်ဆိုပေမယ့် လွတ်လပ်စွာပြောဆိုပိုင်ခွင့်တော့ ရှိရဦးမယ်လေ။ သူပြောတဲ့အထဲအမှားပါရင် ငါပဲသူ့အစားတောင်းပန်ပါတယ်၊ ဒါပေမယ့် အဲ့အချိန်က သူပြောလိုက်တာက စကားတစ်ခွန်း‌ပါပဲ ဒီနေ့အဲ့စကားကို သူထပ်မပြောဘူးဆိုတာ ငါအာမခံတယ်၊ ရုတ်တရတ်ကြီး လူတစ်ယောက်ဆီသွားပြီးသူ့ကိုရိုက်တာကတော့ ငါ့အမြင်အရ နည်းနည်းလွန်သလိုပဲ”

ထောင်ကဲ့သည် ဤစကားကိုကြားလိုက်သောအခါ ချက်ချင်းဆိုသလိုပင် သူမ၏ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုဖြစ်သွားသည်။

ကျိုးမေ့ကျွန်းသည် အလွန်ရေပန်းစားပေသည်။ ယမန်နေ့က သူမစတင်ရောက်ရှိချိန်တွင်မှာပင် အတန်းမော်နီတာအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရသည်။ သူမသည် အများစုအားဖြင့် မိန်းကလေးများကို စီမံခန့်ခွဲသည့်အပိုင်းကို တာဝန်ယူရလေသည်။ ‌ထောင်ကဲ့၏အမြင်အရ သူမသည် အလွန်ပင်ဖြောင့်မတ်မှန်ကန်ပေ၏။

ထို့အပြင် ကျိုးမေ့ကျွန်းမှာ အလွန်ဖော်ရွေပေသည်။ သူမသည် ကျောင်းအပ်ရန်သွားစဥ်က အနီးအနားအဆောင်ခန်းမှ ကျောင်းသားများအား လက်ဆောင်များပေးခဲ့သည်။ သူမသည် ထိုလက်ဆောင်ကိုရရှိခဲ့၏။ သူမသည် မိသားစုကောင်းကောင်းတစ်ခုမှ လာခဲ့သော်လည်း မာန်မာနပလွှားခြင်းမရှိပေ။ ကျောင်းသားများစွာသည် ယခုတွင် သူမအား အားကိုးရာတစ်ခုအဖြစ် သတ်မှတ်နေကြပြီဖြစ်သည်။

Space and Rebirth 703

ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းရှေ့မှောက်တွင်ပင် သူမအား ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ ဤမိန်းကလေး၏စရိုက်သည် ချောင်ဟုန်ယဲ့နှင့် ဆင်လောက်မည်ဟု သူမအကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။ အပြင်ပန်းတွင်မူ သူသည် အလွန်စိတ်ထားကောင်း၍ ဆင်ခြင်တုံတရားရှိသည့်အပြင် အနီးတစ်ဝိုက်ရှိ ကျောင်းသားများ၏အာရုံကို ဖမ်းစားနိုင်သည့် ဂုဏ်ရည်တစ်ခုရှိသော်လည်း ကျင်းယွင်ကျောင်းထင်ထားသည့်အတိုင်းဆိုလျှင် သူမသည် လူကွယ်ရာ၌ အလွန်ထောင်လွှားသောသူဖြစ်လောက်မည်။

ကျင်းယွင်ကျောင်းသည် ဟုန်ချောင်ယဲ့အား ဆယ်နှစ်ကျော်ခန့် ဖိနှိပ်ခဲ့သည်ဖြစ်ရာ ဤကဲ့သို့စရိုက်မျိုးရှိသူနှင့် အလွန်ရင်းနှီးလေသည်။ သူမသည် ကျိုးမေ့ကျွန်းအား မည်သည့်နည်းနှင့်မျှ အကောင်းမမြင်ပေးနိုင်ပေ။

“နင့်ကိစ္စမဟုတ်ပါဘူး”

ကျင်းယွင်ကျောင်းသည် သူမအား ‌အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမသည် လက်ကိုလှမ်းကာ ထောင်ကဲ့အား ဆွဲခေါ်သွားလေ၏။

လက်တစ်ဖက်တည်းဖြင့်ပင် သူမသည် ထောင်ကဲ့အား သူမဘက်သို့ အလွယ်တကူဆွဲခေါ်နိုင်ခဲ့သည်။ ကျင်းယွင်ကျောင်းသည် သူမအား ပညာပေးရန် ခြေတစ်လှမ်းတိုးလိုက်သော်လည်း ချက်ချင်းဆိုသလိုပင် နည်းပြတစ်ဦး အော်ဟစ်သည်ကိုကြားလိုက်ရ၏။

“တော်တော့!”

သူမရှေ့မှောက်သို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲပေါ်လာသည်။ ထောင်ကဲ့တို့၏နည်းပြသည် ထောင်ကဲ့အား အလျင်အမြန်ကာကွယ်ပေးလိုက်ကာ ကျင်းယွင်ကျောင်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

“စခန်းထဲမှာ ရန်ဖြစ်ပိုင်ခွင့်မရှိဘူး၊ မင်းကျောင်းထုတ်ခံချင်နေပြီလား?!”

နည်းပြဖြစ်သူက ချက်ချင်းပြောလိုက်၏။ ကျင်းယွင်ကျောင်း၏မျက်နှာသည် အရိုင်းဆန်နေ၏။

“ဟုတ်ပြီလေ ကျွန်မဘာမှမလုပ်ပါဘူး၊ ဒါပေမယ့် နည်းပြကြီးကိုတစ်ခုမေးပါရစေ ကျွန်မအကြောင်းမဟုတ်မမှန်တဲ့သတင်းတွေ လွှင့်နေတဲ့သူကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောပြပေးလို့ရမလား?”

နည်းပြသည် ကြက်သေသေသွား၏။

“ခုနလေးတင်ကြားလိုက်ပေမယ့် ကျောင်းသူထောင်ကဲ့ကြည့်ရတာ သေချာမစဥ်းစားဘဲပြောမိလိုက်ပုံပဲ၊ သူ့ကိုတောင်းပန်ခိုင်းပါ့မယ်”

နည်းပြကပြောလိုက်၏။

“နောက်တစ်ခေါက် တောင်းပန်ခိုင်းဦးမယ်?”

ကျင်းယွင်ကျောင်းသည် သူမဦးထုပ်အားချွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“နည်းပြ၊ ရှင့်ကစည်းမျဥ်းစည်းကမ်းတွေကို ကိုင်တွယ်တဲ့နေရာမှာ တခြားသူတွေလောက် ကြပ်ကြပ်မတ်မတ်မရှိဘူးပဲ!”

“မနေ့က ကျွန်မတို့နည်းပြချီကပြောထားတယ် အားလုံးက တပ်ထဲကအတိုင်းဖြစ်ရမယ်တဲ့၊ ဒါပေမယ့် ကျွန်မသိထားသလောက်ဆိုရင် တပ်ထဲမှာ ဒီလောက်စည်းကမ်းမလျော့ရဲဘူးမှတ်လား?”

ကျင်းယွင်ကျောင်းအသံသည် အေးစက်နေ၏။

နည်းပြသည်လည်း မည်သို့လုပ်ကိုင်ရမည်မသိဖြစ်သွားသည်။ သူ၏လက်အောက်တွင်ရှိသောသူများမှာ စစ်သားအစစ်များမဟုတ်သဖြင့် သူသည်လည်း အများကြီးမမျှော်မှန်းထားသောကြောင့်ဖြစ်၏။ ထိုတင်မက ဤထောင်ကဲ့မှာ မိန်းကလေးတစ်ဦးဖြစ်သည်။ အစောပိုင်းက အရိုက်ခံရသည်ကပင် ဝမ်းနည်းစရာဖြစ်နေလေပြီ။ သူသည်သာ မိမိ၏ကျောင်းသားများကို မကာကွယ်ပေးပါက သူ၏ကျောင်းသားများသည် သူ့အား အဘယ်သို့ယုံကြည်နိုင်တော့မည်နည်း?

ဤကိစ္စသည် နည်းပြနှင့်မဆိုင်ကြောင်း ကျင်းယွင်ကျောင်းကောင်းကောင်းသိသော်လည်း နည်းပြဖြစ်သူမှ ပြသာနာများကိုကျေလည်စေရန် တောင်းပန်ရုံတောင်းပန်ခိုင်းသည်ကို သူမမခံနိုင်ပါပေ။

ဤသည်မှာ ကောလဟာလတစ်ခုသာဖြစ်ခြင်း မှန်သော်လည်း တစ်ညတည်းဖြင့် တစ်တန်းလုံးသိနေလေပြီ။ သူတို့သည် သူမထံသို့ပင်ပြေးလာကာ ဤသည်မှာ အဓိပ္ပာယ်မရှိကြောင်း လာပြောကြ၏။ ကျင်းယွင်ကျောင်းသည် မည်မျှပင် သည်းခံနိုင်စွမ်းရှိစေကာမူ ဤအရာကို သည်းမခံနိုင်ပါချေ။

“မင်းဘာတွေလိုချင်နေတာလဲ? မင်းသူ့ကိုလည်းရိုက်ပြီးပြီလေ”

အခြားနည်းပြသည်လည်း အတန်ငယ်‌ဒေါသထွက်သွား၏။

“ရှင့်စစ်သားတွေက အမှားလုပ်နေတာကို ကျွန်မဘာလိုချင်လဲလာမေးနေတာလား? ဒါဆိုရင် ကျွန်မပြောတဲ့အတိုင်း ဖြေရှင်းပေးမယ်ပေါ့?”

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်၏။ ထိုနည်းပြ စကားများနင်သွားသည်။

“အပြစ်ပေးချင်ရင် နှစ်ယောက်လုံးကိုအပြစ်ပေးမှရမယ်၊ သူကမဟုတ်တဲ့သတင်းတွေဖြန့်လို့ အပြစ်ရှိသလို မင်းကလည်း သူ့ကိုရိုက်ခဲ့လို့ အပြစ်ရှိတယ်၊ မင်းတို့နှစ်ယောက်အချင်းချင်းတောင်းပန်ပြီး ဒီကိစ္စကိုဒီမှာပြီးရင်ပြီး၊ မဟုတ်ရင်တော့ နှစ်ယောက်လုံး လေ့ကျင့်ချိန်တစ်နာရီထပ်တိုးမယ်!”

ကျင်းယွင်ကျောင်းသည် မြင်ပြင်းကတ်ဟန်ဖြင့် ဟမ့်ခနဲအသံပြုလိုက်၏။

“ကျွန်မကမတရားခံရတဲ့သူမို့လို့ သူ့ကိုပါးရိုက်လိုက်တာကို တစ်နာရီလေ့ကျင့်ချိန်တိုးတယ်၊ ရှင့်အတန်းကမိန်းကလေးတွေအားလုံး ကျွန်မအကြောင်းမကောင်းတာတွေ ပြောတာတောင် ခေါင်သူကြီး ထောင်ကဲ့ကပဲ ကျွန်မနဲ့အတူ တစ်နာရီလေ့ကျင့်ချိန်တိုးတယ်၊ ဒါကိုအရမ်းတရားမျှတတယ်လို့ ထင်နေတာလား?”

ကျင်းယွင်ကျောင်းသည် သုန်မှုန်သောမျက်နှာထားဖြင့် ပြောလိုက်၏။ အခြားသောသွားပုပ်လေလွင့်စကားများကို ပြောလျှင်ကိစ္စမရှိသော်ငြား သူမအား မိန်းမပျက်တစ်ဦးနှယ် သူတို့ပြောခဲ့ကြလေသည်။ ဤစကားလုံး၏အတိမ်အနက်ကို သူတို့နားမလည်နိုင်စရာအကြောင်းမရှိချေ။

ထို့အပြင် ကျားတစ်ကောင်အားဖန်တီးရန် လူသုံးယောက်သာလိုသည်ဟူသောစကားရှိသည်မဟုတ်လော။ အချိန်ကြာလာသည်နှင့်အမျှ သတင်းအမှားများသည် သတင်းမှန်ဖြစ်လာတတ်ကြသည်။ သူမသည် ဤကိစ္စနှင့်ပတ်သတ်၍ ဒုက္ခခံရဖူးသည်ဖြစ်ရာ တူညီသောထောင်ချောက်အတွင်းသို့ နောက်တစ်ဖန်ဆင်းသက်မည်မဟုတ်ချေ။

နည်းပြသည် ဤမျှလောက်ခေါင်းမာသောကျောင်းသားအား တစ်ခါမှ မမြင်ဖူးပေ။ ယုတ္တိကျကျပြောရလျှင် သူသည် ကျောင်းသားများကိုအပြစ်ပေးခြင်းဖြင့် သူတို့သိက္ခာကို အဖတ်ဆယ်ပေးသလိုဖြစ်နေချေပြီ။ သူမသည် အဘယ်ကြောင့် စကားအသွားအလာကို နားမလည်ရသနည်း?

နည်းပြ၏မျက်နှာသည် ဂရုမစိုက်ဟန်ဖြစ်နေ၏။ ဤပြစ်ဒဏ်မှာ ကျိုးကြောင်းသင့်လျော်သည်ဟု သူသည် အသေအချာခံစားနေရပုံပေါက်သည်။

ကျင်းယွင်ကျောင်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်မိသွားသည်။ သူမသည် ချက်ချင်းဆိုသလိုပင် ရန်ငွေ့ရန်စများသန်းနေသော အကြည့်များဖြင့် သူမလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တော့၏။

Space and Rebirth 704

နည်းပြဖြစ်သူသည် အမှန်တကယ်ပင် နားမလည်ပါချေ။ ဤသည်မှာ မိန်းကလေးနှစ်ဦးကြားက ရန်ပွဲတစ်ခုသာဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် လက်ပါခြေပါမလုပ်ဘဲ မိမိစကားဖြင့်သာ ပြောဆိုခဲ့သူမှာ မတရားခံလိုက်ရသူဟုပြောနိုင်သည်။ ထောင်ကဲ့သည် ပါးရိုက်ခံရပြီဖြစ်သော်လည်း သူ၏ရှေ့မှောက်တွင်ရှိသော ဤမိန်းကလေးမှာ ယခုအချိန်ထိ ခွင့်မလွှတ်နိုင်ဖြစ်နေလေ၏။ လွန်လွန်းလှပေသည်။

သူသည် ထိုအရာကိုစဥ်းစားနေစဥ်မှာပင် သူ၏ရှေ့မှောက်ရှိမိန်းကလေးသည် အေးစက်သောအပြုံးတစ်ခုအား ပြုံးလိုက်သည်ကို တွေ့လိုက်ရ၏။

စက္ကန့်ပိုင်းအတွင်းတွင် သူမသည် လက်ကိုလှမ်းပြီး သူ၏လက်မောင်းအား အသာအယာတွန်းလိုက်သည်။ သူ၏တစ်ကိုယ်လုံးထုံကျင်သွားပြီး ချက်ချင်းဆိုသလို ဘေးသို့အတွန်းခံလိုက်ရ၏။

ကျင်းယွင်ကျောင်းသည် ထောင်ကဲ့အား အဆိပ်ပြင်းမြွေတစ်ကောင်နှယ်ကြည့်ကာ သူမလက်များကို ရုန့်ရင်းကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်၏။ ထို့နောက် ဖြန်းဟူသောအသံကို ကြားလိုက်ရသည်။

“လေ့ကျင့်ချိန်နှစ်နာရီထပ်တိုး”

သူမသည် ထောင်ကဲ့အား သတိပေးဖို့ မမေ့ပါချေ။

“ဖြန်း!”

“သုံးနာရီ!”

“ဖြန်း ဖြန်း...”

...

ပါးတစ်ချက်ရိုက်ပြီးတိုင်းတွင် ကျင်းယွင်ကျောင်းသည် တစ်ခုခုအား မမေ့မလျော့ဖြင့် ပြောလိုက်သေး၏။ ထို့ကြောင့် ကျန်သောသူများသည် ကြက်သီးမွေးညင်းများပင် ထသွားကြသည်။

ထောင်ကဲ့သည် အလွန်မှင်တက်နေမိ၏။ အစက သူမသည် အနည်းငယ်ရုန်းကန်ခဲ့သော်လည်း ကျင်းယွင်ကျောင်း၏အင်အားကို မယှဥ်နိုင်ပါချေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းရိုက်သည်ကိုသာ ခံနေလိုက်ရ၏။ ပါးရိုက်သံကြောင့် လူများသည် ခေါင်းပင်ကျိန်းသွားကြသည်။ အချိန်တစ်ခုစာမျှကြာပြီးနောက်တွင် ထောင်ကဲ့၏မျက်နှာသည် ဖူးယောင်နေလေပြီ။

နည်းပြဖြစ်သူသည် ရှေ့သို့သွားရောက်ကူညီချင်သော်လည်း မည်သည်ကြောင့်မှန်းမသိ သူ၏ခန္ဓာကိုယ်သည် သူ့အားနားမထောင်ပါချေ။ သူသည် အင်အားသုံး၍လည်းမရသဖြင့် ကူကယ်ရာမဲ့သောအကြည့်ဖြင့်သာ ကြည့်နေနိုင်တော့သည်။

ဆယ်ချက်၊ အချက်နှစ်ဆယ်ခန့် ပါးဆက်တိုက်ရိုက်ပြီးနောက် ထောင်ကဲ့၏နှုတ်ခမ်းတွင် သွေးထွက်နေလေပြီ။

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် သူမလက်ကိုရုတ်သိမ်းကာ နည်းပြကိုစူးစိုက်ကြည့်လိုက်၏။ သူမသည် ဟက်ခနဲရယ်ကာ ပြောလိုက်တော့သည်။

“အခုတစ်ချက်နဲ့ဆို နှစ်ဆယ့်လေးချက်တိတိပဲ၊ ပိုလည်းမပိုဘူး လျေ့ာ့လည်းမလျော့ဘူး။ လေ့ကျင့်ချိန်နှစ်ဆယ့်လေးနာရီထပ်တိုးမယ် ဟုတ်ပြီနော်?”

ထောင်ကဲ့ပါးစပ်မှ “ဝူး ဝူး” ဟူသောအသံ ထွက်လာလေသည်။ သူမသည် ခေတ္တမျှငိုယိုပြီးနောက် မျက်ဆံနောက်ပစ်ကာ မေ့လဲကျသွားတော့သည်။

“နင်က...တကယ် စကားနဲ့ပြောလို့မရဘူးပဲ...”

သူမစကားပြောနေချိန်တွင် ကျင်းယွင်ကျောင်းမှ ပုလင်းတစ်လုံးနှင့် အဝတ်ဖြူစတစ်ခုကို သူမအိတ်ကပ်ထဲမှ ထုတ်သည်ကို တွေ့လိုက်ရ၏။ ကျင်းယွင်ကျောင်းသည် သူမလက်ပေါ်တွင် လိမ်းဆေးကိုလိမ်းပြီးနောက် ထောင်ကဲ့မျက်နှာပေါ်သို့ တစ်ခါတည်းလိမ်းပေးလိုက်သည်။ ဤလုပ်ရပ်အား ကြည့်ရသည်မှာ အတန်ငယ်ကြောက်စရာကောင်းလေသည်။

သူမ၏ရိုက်ချက်များကို အားလုံးသည် ကြောက်လွန်းသဖြင့် မည်သူမှမလှုပ်ရဲကြပါချေ။ ကျင်းယွင်ကျောင်းသည် ကျောင်းထုတ်ခံရတော့မည်ဟု သူတို့အားလုံးထင်နေကြသည်။

ကျောင်းစတင်သည်မှာ မကြာသေးသည့်အပြင် စစ်ရေးလေ့ကျင့်မှုအတွင်းတွင် နည်းပြနှင့်အခြားသူများရှေ့မှောက်၌ လူတစ်ဦးကို ရိုက်နှိက်ထားသည်ဖြစ်သဖြင့် သူမသည် သေချာပေါက်ကျောင်းထုတ်ခံရမည်မဟုတ်လော?

“ကျင်းယွင်ကျောင်း...နင်ရူးနေလား? အဲ့လောက်ပြင်းပြင်းရိုက်ရလား...”

ကျိုးမေ့ကျွန်းအသက်ရှူရပ်လုမတတ်ဖြစ်သွားသည်။ သူမမျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်များကို အတိုင်းသားမြင်နေရသည်။

သူမမပြောနှင့် ယန်ရှင်းယွဲ့ပင်လျှင် ကြက်သေသေသွားသည်။

ကျင်းယွင်ကျောင်းသည် ကျိုးမေ့ကျွန်းအား အေးစက်စွာကြည့်လိုက်သည်။ သူမမျက်နှာထားသည် အထင်အမြင်သေးဟန်ရှိနေပြီး မျက်လုံးများမှာ အေးစက်နေ၏။

“နည်းပြလည်းသဘောတူထားတာမဟုတ်ဘူးလား? တစ်နာရီလေ့ကျင့်ချိန်တိုးတာက ပါးတစ်ချက်ရိုက်တာနဲ့ ညီတယ်တဲ့ ငါဘာမှားလို့လဲ?”

နည်းပြသည် ထိုစကားကိုကြားလိုက်သောအခါ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ဖြစ်သွားသည်။ သူ၏ကျောင်းသားများမှာ ဤအခြေအနေထိ‌ရောက်အောင် အရိုက်ခံထားရကြောင်း အထက်လူကြီးများကို သူမည်သို့ရှင်းပြရတော့မည်နည်း?

ဤအချိန်တွင် ဟော်ထျန်းရှန်းသည် ချီကျုံးနှင့်အတူရောက်လာတော့၏။ ကျင်းယွင်ကျောင်းတစ်ခုခုဖြစ်ကြောင်း ကြားလိုက်သောအခါ ချီကျုံး၏အသွင်အပြင်သည် ပြောင်းလဲသွားသဖြင့် ဟော်ထျန်းရှန်းသည် သံသယကြီးစွာဝင်သွားတော့လေသည်။

ယမန်နေ့က ကျင်းယွင်ကျောင်းပြောသောစကားအရ သူမသည် ချီကျုံး၏နာမည်ကို ထိုနေ့မှသာသိခဲ့ရသည်ဟု ဆိုခဲ့သည်။ ယုတ္တိကျကျပြောရလျှင် သူမသည် ချီကျုံးနှင့် ရင်းနှီးနေရမည်မဟုတ်ချေ။ သို့ရာတွင် ချီကျုံး၏တုံ့ပြန်ချက်များမှာ ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူသည် ဒေါသထွက်လျှင် ဒေါသထွက်သည့်ရုပ်ပေါက်ပြီး သူမအတွက်စိုးရိမ်ပူပန်သွားခြင်းမှာ လိုအပ်သည်ထက် အနည်းငယ်ပိုနေလေ၏။

ချီကျုံးရောက်ရှိလာပြီး ဤမြင်ကွင်းကိုမြင်လိုက်ရချိန်၌ သူသည် ထိတ်လန့်အံ့အားသင့်ခြင်းမရှိရုံမက သက်မပင်ချလိုက်သေးသည်။ သူချက်ချင်းပြောလိုက်၏။

“ဒီမိန်းကလေးကို ဆေးကုသရေးဆောင်ပို့ကြ၊ အတန်း A08 ရဲ့ကျောင်းသားတွေအားလုံး လူစုပြီး သတိအနေအထားနဲ့ရပ်မယ်!”

“ဆရာချီ တစ်ခုခုမှားပြောမိလိုက်လား? ဆရာပြောတာ အတန်း A07 ကိုမှတ်လားဟင်?”

ကျိုးမေ့ကျွန်းမှ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။

ချီကျုံးသည် စက်ဆုပ်ရွံရှာဟန်ဖြင့် ကျိုးမေ့ကျွန်းကိုဝေ့ကြည့်ပြီး ပြောလိုက်၏။

“မင်းတို့အားလုံးကိုပြောနေတာ၊ အမိန့်ကိုနားထောင်ကြ!”

ကျိုးမေ့ကျွန်းနှလုံးရပ်လုမတတ်ဖြစ်သွားသည်။ အတန်းထဲရှိကျောင်းသားများအားလုံးမှာ ပို၍ပင်စိတ်ပျက်ဝမ်းနည်းနေဟန်ရ၏။ သူတို့အားလုံးသည် မိမိတို့၏နည်းပြကို ကြည့်လိုက်ကြသည်။ သူတို့၏နည်းပြမှာ ယခုလေးတင် ဆွဲထူခံထားရပြီး မျက်နှာမှာ သွေးဆုပ်နေဆဲဖြစ်၏။ သူသည် အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်ပြီး ချီကျုံး၏ညွှန်ကြားချက်များကို လိုက်နာရန် ကျောင်းသားများကို အချက်ပြလိုက်သည်။

သူသည် မိမိအထက်အရာရှိ၏စကားကို နာမခံ၍မဖြစ်ပါချေ။

All Chapters