← Chapters

အခန်း (၇၆၁-၇၆၄)

Vol. 39 Ch. 761-764

အခန်း (၇၆၁-၇၆၄)

Vol. 39 Ch. 761-764

Space and Rebirth 761

ကျင်းယွင်ကျောင်း မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး နောက်ပြောင်ကျီစယ်နေဟန်မရှိချေ။

ပရော်ဖက်ဆာမိုသည် သူမစကားများကြောင့် ထိတ်လန့်အံ့အားသင့်သွားသော်လည်း စိတ်မဆိုးပေ။ ထိုအစား ပြုံးရင်းသာ ပြောလိုက်၏။

“ခုနက ဆရာတို့စကားပြောနေတုန်း ဒီကိစ္စပြောဖို့ အချိန်ကောင်းကို စောင့်နေခဲ့တာလား?”

ဤကျောင်းသူလေးသည် ကားပေါ်တက်စကတည်းကပင် အခြားသူများနှင့် ခပ်စိမ်းစိမ်းနေသောပုံစံပေါက်နေပြီး စကားများဖော်ရွေမည့်သူဟု မထင်ရပေ။ သို့ရာတွင် သူမအကဲခတ်လေ့လာခဲ့သောအရာများ၏ ရလဒ်များကို သူ့အား ဂရုတစိုက်ရှင်းပြနေသေး၏။ ယခု သူမစကားများအရဆိုလျှင် ယခင်က သူမပြောခဲ့သောအရာများမှာ ယခုအချိန်၌ သူမအား ပိုယုံကြည်လာစေရန် အထောက်အကူအနေဖြင့် ပြောခဲ့ကြောင်း ခန့်မှန်းနိုင်ပေသည်။ နောက်ဆုံးတွင် သူမလိုချင်သောအချက်အား ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရန် လမ်းခင်းနေခြင်းဖြစ်၏။

“ဟုတ်”

ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ ဝန်ခံလိုက်၏။ သူမအနည်းငယ်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

“ဒါဆို တစ်ခုသိချင်တာက အကြီးအကဲတွေဆီက ဆေးပညာသင်ခဲ့တယ်လို့ပြောရင် ဘာလို့ဆေးကျောင်းမတက်ခဲ့တာလဲ? သမီးကိုကြည့်စမ်း ဆရာဝန်အများစုထက်တောင် စိတ်ဓာတ်ပြင်းပြသေးတယ်…”

ပရော်ဖက်ဆာမို ထပ်ပြောလိုက်၏။

ဆေးကျောင်းရှိ ဆရာများမှာ ဆေးပညာအရာတွင် သူမလောက်မတော်သဖြင့် သူမအား သင်ပေးနိုင်သောအရာမရှိကြောင်း ကျင်းယွင်ကျောင်းသည် ပရော်ဖက်ဆာမိုအား တဲ့တိုးမပြောနိုင်ပါချေ။ ဤသို့သာ သူမပြောလိုက်၏။

“တရုတ်တိုင်းရင်းဆေးပညာနဲ့ ပတ်သတ်လို့ အလုပ်သင်လုပ်ခဲ့ပြီးပြီဆိုတော့ တခြားအရာတွေကိုသင်ပြီး ပညာနှံ့စပ်အောင်လုပ်ချင်လို့ပါ”

“အလုပ်သင်လုပ်ပြီးပြီ?”

ပရော်ဖက်ဆာ အံ့ဩသွား၏။ ကျင်းယွင်ကျောင်း ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးပေမယ့် လူကြီးစကားတွေပြောနေပြီပဲ၊ ဆရာ့ကိုတစ်ချက်ကြည့်ပြီး ဆေးညွှန်းပေးကြည့်ပါလား? ပြီးရင် ဆေးရုံကိုသွားပြီး ဆရာဝန်ကိုကြည့်ခိုင်းမယ် မင်းရဲ့ဆေးစစ်ချက်မှန်တယ်ဆိုရင် ဒီကိစ္စကိုလွှတ်ပေးလိုက်မယ်၊ မှားတယ်ဆိုရင်တော့ မင်းကိုဆေးပညာဌာနဆီလွှဲဖို့ ကျောင်းကလူတွေကို ဆရာပြောမယ်…”

ပရော်ဖက်ဆာမိုပြောလိုက်၏။

သူသည် ဤမိန်းကလေးအား အတော်အတန်သဘောကျပေသည်။ သူမသည် အလွန်အမင်း ခယနေခြင်းမရှိသလို ဟိတ်ဟန်ကြီးခြင်းလည်းမရှိပေ။ သူမသည် သူမနည်း သူမဟန်ဖြင့် ရဲတင်းနေ၏။ ယခုခေတ်တွင် သူမကဲ့သို့ မိန်းကလေးများ သိပ်မရှိချေ။

သို့ရာတွင် သူမသည် အလွန်မာနကြီးလွန်း၏။

ကျင်းယွင်ကျောင်းသည် သူ၏စကားများကို ကြားသောအခါ အနည်းငယ်အံ့အားသင့်သွား၏။ ပရော်ဖက်ဆာမို၏လေသံအရ သူသည် ကျောင်းတွင် အာဏာအနည်းငယ်ရှိဟန်ရသည်။

ကျင်းယွင်ကျောင်းသည် သူ့ကိုကြောက်မနေချေ။ ထိုစိန်ခေါ်မှုအား တည်ငြိမ်စွာဖြင့် လက်ခံလိုက်၏။ ထို့နောက် သူမသည် ပရော်ဖက်ဆာမို၏ အခြေအနေကို စစ်ဆေးရန် သွေးခုန်နှုန်းစမ်းလိုက်သည်။ စမ်းပြီးနောက် သူမလွယ်အိတ်ထဲမှ စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကိုထုတ်ကာ တရုတ်တိုင်းရင်းဆေးညွှန်းတစ်ခုကို ရေးလိုက်လေသည်။ သို့ရာတွင် သူမလက်ထဲတွင်ရှိသော ဆေးညွှန်းကို တွေ့လိုက်ရသောအခါ ပရော်ဖက်ဆာမို၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ သန်းသွား၏။

“မင်းလက်ရေးက…”

လက်ရေးလက်သားဟူသည်မှာ ရေးသားသူ၏စွမ်းအင်အပေါ် မူတည်၏။ စွမ်းအင်အပြည့်ဖြင့် ရေးသားလျှင် မိမိလက်ရေးသည် ချောမွေ့ကာ ထည်ဝါနေပေမည်။ သို့ရာတွင် ယနေ့ခေတ်ကျောင်းသားများ၏ အင်အားသည် ချိနဲ့နေကြပြီး စိတ်လည်းမရှည်ကြချေ။ သူတို့၏လက်ရေးများသည် လှသယောင်ထင်ရလျှင်ပင် သူ၏မျက်လုံးထဲ၌ အာပလာသာဖြစ်သည်။ သူတို့လက်ရေးအများစုမှာ မှေးမှိန်ပြီး ဖောင်းပွကြသည်။

သို့သော် ကျင်းယွင်ကျောင်း၏လက်ရေးမှာ ထိုသို့မဟုတ်ပေ။ သူမလက်ကောက်ဝတ်အားကို သေချာလေ့ကျင့်ထားကြောင်း သိသာ၏။

သူမလက်ရေးတွင် အားနည်းချက်ဟူ၍ အနည်းငယ်မရင့်ကျက်သည့်ပုံပေါက်နေခြင်းသာဖြစ်သည်။ မဟုတ်လျှင် သူမသည် အနာဂတ်၌ လက်ရေးပညာရှင်တစ်ဦးဖြစ်နိုင်လေသည်!

“မင်းရဲ့လူကြီးတွေဆီကနေ သင်ခဲ့တာလား?

ပရော်ဖက်ဆာမို ချက်ချင်းမေးလိုက်၏။

ကျင်းယွင်ကျောင်း ခေါင်းခါလိုက်သည်။

“လုပ်စရာမရှိလို့ ဒီတိုင်းလေ့ကျင့်နေခဲ့တာ”

(ဒါအကုန်ပဲလား?)

ပရော်ဖက်ဆာမိုတွေးရင်း ခေါင်းခါလိုက်သည်။ သူသာ အားထုတ်ကြိုးစားခဲ့ခြင်းမရှိလျှင် ယခုအချိန်လောက် လက်ရေးလက်သားလှနိုင်မည်မဟုတ်ပေ။ ကျင်းယွင်ကျောင်းအပေါ် သူ၏အမြင်သည် ချက်ချင်းဆိုသလို တိုးတက်သွား၏။

“ဒီလက်ရေးကလှလိုက်တာ သူ့ပုံစံနဲ့သူရှိတယ် ဒါကို ပညာတစ်ခုအနေနဲ့ မလိုက်စားခဲ့ဘူးတဲ့လား…စုတ်တံရောဆွဲတတ်လား?”

ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။

“ဒီလိုလက်ရေးမျိုးက ရိုးရာပန်းချီတစ်ပုံနဲ့ဆို တကယ်လိုက်မှာ နှမြောစရာပဲ မင်းရဲ့လက်ရေးစွမ်းရည်က မသေးဘူး ကျွမ်းကျင်မှုအဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာကို သက်သေပြနေတယ်၊ ရိုးရာပန်းချီကိုသင်မယ်ဆိုရင် ပါရမီတကယ်ရှိမှဖြစ်တာ ဒီလိုပါရမီမျိုးကိုမသုံးတာ တကယ်နှမြောစရာပဲ၊ လူတစ်ယောက်အနေနဲ့ အနာဂတ်မှာ ဘယ်လိုငွေရှာရမလဲဆိုတာပဲ မတွေးရဘူး ကိုယ့်ဘိုးဘေးတွေရဲ့ ပညာအမွေအနှစ်ကိုပါ လက်ဆင့်ကမ်းသင်ယူရမယ် အဲဒါမှ ဘဝမှာ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိမှာပေါ့ မဟုတ်ဘူးလား?”

အဘိုးအိုသည် ဆိုင်းမဆင့် ဗုံမဆင့် ဩဝါဒများ ချွေလိုက်၏။

သူသည် လူကြီးတစ်ယောက်ဖြစ်သောကြောင့် ကျင်းယွင်ကျောင်းသည် လိမ္မာရိုကျိုးစွာဖြင့် နားထောင်ကာ ခေါင်းသာငြိမ့်ပြလိုက်၏။

“ကောင်းပြီလေ နောက်ကျရင် မင်းကတော့တခြားသူတွေထက် အတန်းတစ်တန်းပိုသွားပြီ ဆရာမင်းကိုသင်ပေးမယ်”

ပရော်ဖက်ဆာမိုဆက်ပြောလိုက်ပြန်၏။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွ့န့်သွားသည်။

“ပါမောက္ခမို…”

“ကျောင်းသူလေး၊ ငါ့တပည့်ဖြစ်ဖို့ မင်းအတွက် အဲ့လောက်တောင်ခက်လား…”

ကျင်းယွင်ကျောင်း ဘာမှမပြောနိုင်ခင်တွင် ပရော်ဖက်ဆာမိုမှ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ၎င်းအားကြားဖူးနေသလို ခံစားလိုက်ရ၏။ သေချာစဉ်းစားကြည့်ပြီးနောက် သူမသည် အချို့အရာများကို မှတ်မိလာဟန်ရှိသည်…

Space and Rebirth 762

သူမသည် ဟွားနင်ခရိုင်တွင်ရှိခဲ့စဥ်က မကြာခဏဆိုသလို အဘိုးရှုနှင့် သစ်သီးသစ်ဖုများ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို ဆွေးနွေးလေ့ရှိသည်။ အဘိုးရှုသည် သူမလက်ရေးလက်သားအား အတိုင်းအတာတစ်ခုထိ နားလည်ပေသည်။ သူမလက်ရေးအား ပထမဆုံးတွေ့ခဲ့စဥ်က သူမသာ နာမည်ကြီးဆရာတစ်ဦးထံမှ ပညာသင်ယူလျှင် သူမလက်ရေးသည် ယခုထက်ပို၍ပင်တိုးတက်လာလိမ့်မည်ဟု အဘိုးရှုမှပြောခဲ့၏။ ထိုအချိန်က သူမသည် ထိုစကားကို အလေးအနက်မထားခဲ့ချေ။ နောက်ပိုင်းတွင် အဘိုးရှုသည် မိုကျန်းယန်ဟုခေါ်သော နာမည်ကျော်ဆရာတစ်ဦးကို သိသည်ဟု ပြောခဲ့သည်။

မိုကျန်းယန်နှင့်ပတ်သတ်၍ အဘိုးရှု၏ သုံးသပ်အကဲဖြတ်ချက်သည် အခြားသူများနှင့် လုံးဝမတူပေ။

အဘိုးရှုသည် အလွန်လက်ပေါက်ကပ်ပြီး သူနှစ်သက်သောလူဟူ၍ လက်တစ်ဆုပ်စာသာရှိသော်လည်း မိုကျန်းယန်အကြောင်းပြောလိုက်သောအခါ မိုကျန်းယန်သည် ဆယ်စုနှစ်ကြာ စာပေကိုရူးသွပ်နေသော ပညာရှင်တစ်ဦးဖြစ်သည်ဟု ပြောခဲ့၏။ မိုကျန်းယန်သည် ပထဝီပညာမှအစ နက္ခတ်‌‌ဗေဒအထိ နှံ့စပ်ကျွမ်းကျင်သည်။ သူသည်သာ နန်းတွင်း‌ခေတ်တွင်အသက်ရှိခဲ့လျှင် ဧကရာဇ်အား အကြံပေးရသော ဝန်ကြီးချုပ် သို့မဟုတ် နိုင်ငံတော်အကြံပေးဖြစ်မည်မှာ သေချာပေသည်။ စိတ်မကောင်းစွာဖြင့် သူ၏ပါရမီများသည် အတုအယောင်မဟုတ်သော်ငြား ထိုပါရမီများကြောင့်ပင် သူ၏ဘဝသည် အထီးကျန်နေရလေသည်။

မိုကျန်းယန်သည် သူ၏အစွမ်းအစများကြောင့် အနည်းငယ်မာနကြီးပြီး အခြားသူများနှင့်ဆက်ဆံရာတွင် သတ်မှတ်ချက်မြင့်မားသောလူတစ်ဦးဖြစ်ကြောင်း အဘိုးရှုပြောခဲ့၏။ ယခုအချိန်တွင် သူသည် အိုနေပြီဖြစ်သဖြင့် ဤပုံစံဖြင့်ရှိနေသေးသလောဟု အဘိုးရှုသည် သက်ပြင်းတစ်ချက်ဖြင့် စဥ်းစားမေးခွန်းထုတ်လိုက်သေးသည်။

အဘိုးရှုချဲ့ကားပြောသလောက်မဟုတ်ကြောင်း ကျင်းယွင်ကျောင်း ယခုမြင်နေချေပြီ။ သို့ရာတွင် သူပြောသည်မှာလည်း အဓိပ္ပာယ်ရှိ၏။ နှစ်ပေါင်းများစွာ လောကဓံကို ဖြတ်ကျော်ရပြီးနောက် သူ၏စိတ်အခြေအနေသည်လည်း ယခင်ကထက် များစွာတိုးတက်လာလောက်ပေမည်။

သေချာစဥ်းစားကြည့်လိုက်သောအခါ အဘိုးရှုသည် မိုကျန်းယန်၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုပါ သူမအားပြောခဲ့ကြောင်း ကျင်းယွင်ကျောင်းသတိရသွား၏။ ထိုအချိန်က သူမသည် အနည်းငယ်စိတ်ခံစားလွယ်နေဆဲဖြစ်သဖြင့် သူမမှတ်မိပေသည်။

အဘိုးရှု၏စကားအရ မိုကျန်းယန်သည် ငယ်စဥ်က မြို့တော်ထဲတွင် အလွန်ထူးချွန်သောလူတစ်ဦးဖြစ်၏။ ကံမကောင်းစွာဖြင့် ထိုအချိန်က သူ၏မိသားစုသည် ငွေကြေးချို့တဲ့ပြီး သူ၏ပညာအရည်အချင်းမှာလည်း မမြင့်မားလှချေ။ သူသည် ကျောင်းတွင် သာမန်ဆရာတစ်ဦးအနေဖြင့်သာ အလုပ်လုပ်သည်။ သို့ရာတွင် သူသည် သူဌေးမိသားစုတစ်စုမှ သခင်မလေးတစ်ဦးနှင့် တွေ့ဆုံခဲ့၏။ စိတ်မကောင်းစွာဖြင့် ထိုသခင်မလေးမှာ ထိုမိသားစု၏တစ်ဦးတည်းသောသမီးဖြစ်ပြီး မိသားစုစီးပွားရေးအား အမွေဆက်ခံရန် လျာထားခံရသူဖြစ်လေသည်။ သူတို့သာ အတူတကွပေါင်းဖက်လိုပါက သူသည် ထိုမိသားစုထဲသို့ ဝင်ရုံသာရှိပေမည်။ သူတို့မွေးဖွားသောကလေးပင်လျှင် ထိုအမျိုးသမီး၏ မျိုးရိုးနာမည်ကို ခံယူရမည်ဖြစ်၏။

မိုကျန်းယန်သည် အလွန်ခေါင်းမာပြီး ရှေးရိုးစွဲသူဖြစ်သည်။ သူချစ်ရသောအမျိုးသမီးနှင့် ပတ်သတ်လာသည့်တိုင် သူသည် အလျှော့ပေးရန် စိတ်ကူးမရှိချေ။ နောက်ဆုံးတွင် သူချစ်ရသောအမျိုးသမီးသည် အခြားလူတစ်ဦးနှင့် လက်ထပ်သည်ကိုသာ ထိုင်ကြည့်နိုင်တော့သည်။

ထိုတင်မက ထိုအမျိုးသမီးလက်ထပ်ပြီးစဥ်တွင် မိုကျန်းယန်သည် အလွန်နောင်တရပြီး အချိန်တစ်ခုစာမျှ စိတ်ဓာတ်ကျဆင်းသွားခဲ့သေးသည်။ အချိန်တစ်ခုကုန်ဆုံးသွားသောအခါ သူသည် စိတ်အားပြန်တက်လာနိုင်ခဲ့သော်လည်း ထိုသခင်မလေးမှာမူ ယခင်ကလို မဟုတ်တော့ချေ။

သူမသည် အိမ်ထောင်ပြုပြီး တစ်နှစ်ကြာသောအခါ မီးဖွားရင်း သေဆုံးသွားခဲ့၏။

မိသားစု၏ အကြီးဆုံးသမီးဖြစ်သူမှာ ကွယ်လွန်သွားပြီး အမွေဆက်ခံမည့်သူတစ်ဦးကို မွေးဖွားခဲ့သောကြောင့် သူမ၏ခင်ပွန်းသည် အလိုအလျောက်ဖြင့် မိသားစုပိုင်ဆိုင်မှုများအား ဆက်ခံမည့်သူဖြစ်လာခဲ့သည်။ ထိုအမျိုးသမီးသေဆုံးသောအခါ သူမမိသားစုထဲသို့ဝင်ရန် ပြောသောစကားများမှာ အလကားဖြစ်သွားပြီး သူမသားသည်လည်း သူမခင်ပွန်း၏မျိုးရိုးနာမည်ကိုသာ ခံယူလိုက်ရသည်။ သုံးနှစ်ကြာသောအခါ ထိုအမျိုးသားသည် နောက်အိမ်ထောင်ပြုပြီး မိသားစုတစ်စုလုံးအား လက်လွှဲလက်ပြောင်းယူလိုက်လေသည်။

ထိုကိစ္စဖြစ်ပွားခဲ့သည်မှာ အနှစ်လေးဆယ်ကျော်ချေပြီ။ အဘိုးရှု၏စကားများအရ မိုကျန်းယန်သည် သူ့ချစ်သူ၏သေဆုံးမှုကို သိရသောအခါမှသာ နောင်တရသော်လည်း အလွန်နောက်ကျသွားပေပြီ။ ထိုအချိန်မှစ၍ သူသည် လက်ရေးပညာ၊ ပန်းချီပညာ၊ ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းကြောင်းများ စသည်တို့ကို သင်ယူလေ့လာရင်းဖြင့်သာ အချိန်ကုန်တော့သည်။ သူ၏တစ်ဘဝလုံးတွင် တစ်ခါမှ အိမ်ထောင်မပြုခဲ့ချေ။

ထိုအရာများအား ကျင်းယွင်ကျောင်းရှင်းရှင်းလင်းလင်း မှတ်မိနေရသောအကြောင်းရင်းမှာ မိုကျန်းယန်ကြောင့်မဟုတ်ဘဲ အဘိုးရှုကြောင့်ဖြစ်သည်။

အဘိုးရှုသည် မြို့တော်ထဲတွင် ဖြစ်ပွားခဲ့သောအရာများနှင့်ပတ်သတ်၍ သူမအား ပြောလေ့ပြောထမရှိသော်လည်း မိုကျန်းယန်နှင့် ထိုသခင်မလေးအကြောင်းကိုမူ ချက်ကျလက်ကျပြောပြခဲ့၏။ ဤကိစ္စအား ပြောပြစဥ်က အဘိုးရှု၏မျက်နှာသည် အပြစ်တင်သောခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုစဥ်က မိုကျန်းယန်သည်သာ ခေါင်းငုံ့လက်ခံခဲ့လျှင် ဤကိစ္စများစွာသည်လည်း ဖြစ်ပွားခဲ့မည်မဟုတ်ဟု အဘိုးရှုပြောခဲ့၏။

အဘိုးရှု၏မျက်နှာထားကို မြင်လိုက်ရသောအခါ သူမသည် ဤအကြောင်းအရာအား စိတ်ထဲ၌သိမ်းဆည်းထားပြီး ခေါင်းထဲ၌မှတ်ထားလိုက်၏။

ယခုမူ ကျင်းယွင်ကျောင်း၏မျက်နှာအသွင်အပြင်ကို မြင်လိုက်ရသဖြင့် မိုကျန်းယန်ပြောလိုက်တော့သည်။

“မင်းကိုကြည့်ရသလောက် ငါ့နာမည်ကို အရင်ကကြားဖူးတဲ့ပုံပဲ”

မိုကျန်းယန်၏အမည်မှာ A တက္ကသိုလ်၏ သက်ရှိဆိုင်းဘုတ်တစ်ခုဆိုလျှင် မမှားချေ။ A တက္ကသိုလ်သာမက တရုတ်အမျိုးသားပညာနယ်ပယ်တစ်ခုလုံး သူ့အား လေးစားကြလေသည်။ သူ့အား နိုင်ငံ့ရတနာဟု တင်စားပြောလျှင်ပင် ချဲ့ကားရာကျမည်မဟုတ်ပေ။ ဤအရာနှင့်ပတ်သတ်လာလျှင် သူ့တွင် ယုံကြည်ချက်အချို့ရှိသေးသည်။

“အရင်တုန်းက အိမ်ကလူကြီးတွေပြောတာကို ကြားဖူးပါတယ်”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

“မင်းက ဒီမြို့တော်ထဲကပဲလား?”

မိုကျန်းယန်မေးလိုက်သည်။

“မဟုတ်ပါဘူး သမီးအကြီးအကဲတစ်ယောက်က မြို့တော်က လာခဲ့တာပါ၊ နောက်ပိုင်းတော့ သူက ယန်ခရိုင်မှာပဲ ချွေးသိပ်အခြေချလိုက်ပါတယ် သမီးသိသမျှ ဆေးဝါးနဲ့ပတ်သတ်တဲ့ပညာတွေ တစ်ဝက်လောက်ကို သင်ပေးခဲ့တဲ့ဆရာပေါ့”

ကျင်းယွင်ကျောင်းပြန်ဖြေလိုက်သည်။ ပရော်ဖက်ဆာမိုအား အဘိုးရှု၏နာမည်ကို ပြောသင့်မပြောသင့် သူမစဥ်းစားနေလေသည်။

Space and Rebirth 763

ကျင်းယွင်ကျောင်းထိုသို့ပြောလိုက်သောအခါ မိုကျန်းယန်ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

“ဒါကြောင့်ကိုး မင်းဆရာက လူရွေးတော်သားပဲ”

ကျင်းယွင်ကျောင်းပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

သေချာစဥ်းစားကြည့်ပြီးနောက် ကျင်းယွင်ကျောင်းသည် အဘိုးရှုနာမည်အား မပြောရန်ဆုံးဖြတ်လိုက်သည်။ အဘိုးရှုသည် မိုကျန်းယန်အကြောင်းပြောစဥ်က သူ၏မျက်နှာတွင် မုန်းတီးဟန်၊ အပြစ်တင်ဟန်၊ လွမ်းဆွေးတမ်းတဟန် စသည့်ခံစားချက်မျိုးစုံဖြင့် ရောပြွန်းရှုပ်ထွေးနေခဲ့သည်။ ထိုမျှမက မိုကျန်းယန်နှင့် အဘိုးရှုသည် တစ်ဦးနှင့်တစ်ဦးမတွေ့ကြသည်မှာ နှစ်ပေါင်းများစွာကြာလေပြီ။ သူမသာ မဆင်မခြင် လွှတ်ခနဲပြောမိပါက မိုကျန်းယန်သည် အတိတ်ကိုပြန်လည်အမှတ်ရပြီး ပိုမိုဝမ်းနည်းသွားရုံသာရှိမည်။

သို့ရာတွင် မိုကျန်းယန်မှာ အဘိုးရှု၏အသိတစ်ယောက်ဖြစ်ခဲ့ပြီး အဘိုးရှုကိုယ်တိုင် သူမအား အမျိုးသားပညာ၏ဆရာတစ်ဦးအနေဖြင့် ညွှန်းပေးခဲ့သောလူဖြစ်သောကြောင့် သူမသည် မိုကျန်းယန်အား ငြင်းဆန်မည်မဟုတ်ပါချေ။ နာခံသည့်အနေဖြင့် မိုကျန်းယန်အား ဆရာဟုခေါ်ပြီး အနာဂတ်တွင် သူ၏အတန်းများအား အချိန်မှန်တက်ရောက်မည်ဖြစ်ကြောင်း သူမကတိပေးလိုက်သည်။

ပညာအသစ်တစ်ခုအား သင်ယူ၍ မကောင်းနိုင်စရာ ဘာရှိမည်နည်း?

နှစ်ဦးသားသည် ပန်းစျေးအရှေ့တွင် ရပ်လိုက်ကြသည်။ ၎င်း၏နံဘေးတွင် မျိုးစေ့များရောင်းသောနေရာရှိနေသဖြင့် ကျင်းယွင်ကျောင်းသည် မျိုးစေ့များအား အထူးတလည်ရှာဖွေရန် မလိုတော့ချေ။ အချိန်ကုန်လူပင်ပန်း သက်သာသွားလေသည်။ ပရော်ဖက်ဆာမို၏ ပန်းတိုင်မှာလည်း ဤနေရာဖြစ်သည်။ သူသည် လက်ကိုနောက်ပစ်ကာ ခါးကုန်းကုန်းဖြင့် ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။

ကျင်းယွင်ကျောင်းသည် အနောက်မှလိုက်သွားလိုက်သည်။ မိုကျန်းယန်သွားလိုသောနေရာမှာ အလွန်သိသာကြောင်း ကျင်းယွင်ကျောင်းတွေ့လိုက်ရ၏။ သူသည် ဆိုင်တစ်ဆိုင်သို့ဝင်ကာ သစ်ခွပန်းများကို ကြည့်လိုက်၏။ “ဒါက ဒန်ဒရိုသစ်ခွပန်းမှတ်လား?”

ကျင်းယွင်ကျောင်းသည် ပန်းပျိုးပင်စိုက်ထားသော ပန်းအိုးတစ်အိုးအား လက်ညှိုးထိုးကာ မေးလိုက်သည်။

“မင်းမျက်လုံးတွေကတကယ်စူးရှတာပဲ တစ်ချက်ကြည့်ရုံနဲ့ ဘယ်လိုပြောနိုင်တာလဲ? မဟုတ်မှလွဲရော မင်းရဲ့ဆေးဆရာကလည်း သစ်ခွပန်းတွေစိတ်ဝင်စားတာလား?”

ပရော်ဖက်ဆာမိုမေးလိုက်၏။

“သမီးဆရာက ဆေးအနေနဲ့ သုံးလို့ရမယ့်ပစ္စည်းတွေကလွဲလို့ တခြားဘာမှစိတ်မဝင်စားဘူး၊ ဒန်ဒရိုသစ်ခွဆိုတာ အမတဆေးဖက်ဝင်အပင် ၉ မျိုးထဲမှာ ထိပ်ဆုံးကပါလို့ သူအရမ်းသဘောကျတယ်လေ”

ကျင်းယွင်ကျောင်းပြောလိုက်၏။

သူမသည်လည်း နေရာလွတ်နယ်မြေထဲတွင် ဒန်ဒရိုသစ်ခွပန်းများရှိသော်လည်း အလွန်မများလှချေ။ ထို့ကြောင့် ထိုပန်းအားတွေ့တိုင်း သူမသည် သေချာပေါက်ဝယ်လေ့ရှိပေသည်။ ဖန်ကျန်း၏နေရာလွတ်နယ်မြေသည် ကြီးမားသဖြင့် ၎င်းအားသိမ်းဆည်းရန် နေရာလုံလောက်ပေသည်။

“အမတဆေးဖက်ဝင်အပင် ၉ မျိုးတဲ့လား? ကျန်တဲ့ ၈ မျိုးကဘာလဲ?”

ပရော်ဖက်ဆာမိုသည်လည်း စိတ်ဝင်စားသွားသည်။

“အမတတောင်တန်းကနှင်းကြာပန်း၊ ဂျင်ဆင်းသုံးကျပ်သား၊ နှစ်တစ်ရာ့နှစ်ဆယ်ရှိတဲ့ ပုစွန်စာပန်း၊ နှစ်ခြောက်ဆယ်သက်တမ်းရှိတဲ့ တရုတ်ဆေးမှို၊ ကန္တာရကောက်လှိုင်းတီပင်၊ တောနက်လင်ဇီး၊ ပင်လယ်ကြမ်းပြင်ပုလဲနဲ့ ပေါက်ဖတ်မှို”

ကျင်းယွင်ကျောင်း တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်သည်။

“ဆရာက သစ်ခွပန်းတွေကြိုက်တယ်ဆိုပေမယ့် သစ်ခွပန်းရဲ့အသွင်အပြင်ကိုပဲ ကြည့်တတ်တယ်၊ သူတို့ရဲ့အပြင်ပန်းအလှကိုပဲစွဲလမ်းတာမို့ ဘာအတွက်သုံးရလဲဆိုတာကိုတောင် မသိဘူးလေ၊ ဆရာဝန်လည်းမဟုတ်တော့ အဆိပ်ရှိလား၊ မရှိလားကို သိရင်ရပါပြီ တခြားအရာတွေကို သိပ်ဂရုမစိုက်ဘူး”

ပရော်ဖက်ဆာမိုသည် ဤစကားကိုပြောသောအခါ အနည်းငယ်ဒေါသထွက်နေပြီး မာန်မချနိုင်ဟန်ရှိ၏။

ကျင်းယွင်ကျောင်းခန့်မှန်းစရာပင် မလိုဘဲ သူပြောနေသောလူမှာ မည်သူဖြစ်ကြောင်းသိလေသည်။ အဘိုးရှုမှလွဲ၍ အခြားလူမရှိချေ။

အဘိုးရှုသည် ထိုကဲ့သို့သောလူမျိုးဖြစ်၏။ သူ၏အရှေ့တွင် မည်သည့်အရာချထားပါစေ ထိုပစ္စည်း၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို အရင်ကြည့်တတ်လေသည်။ ဥပမာအားဖြင့် သူ၏မျက်လုံးထဲတွင် ပွင့်လန်းနေသောပန်းတစ်ပွင့်သည် အခြောက်ခံလျှင် ဆေးဖက်ဝင်နိုင်သည့်အရာတစ်ခုသာဖြစ်သည်။ ထိုပန်းမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် စျေးကြီးလျှင်ပင် ၎င်းအား လူများကိုကယ်တင်ရာ၌ အသုံးချနိုင်သည်ဟု ခံစားရသည်နှင့် ၎င်းအား နှုတ်ယူပြီး ဆေးအဖြစ်ကျိုပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။

သူနှင့် ပရော်ဖက်ဆာမိုမှာ အစွန်းနှစ်ဖက်တွင် ရှိနေသောသူများဖြစ်သည်။

တစ်ဦးမှာ ပစ္စည်းတစ်ခု၏ တည်တံ့ခိုင်မြဲမှုနှင့် ပတ်သတ်၍ ဇီဇာကြောင်ပြီး နောက်တစ်ဦးမှာ ပစ္စည်းတစ်ခု၏အကျိုးကိုသာ စိတ်ဝင်စားပေသည်။ နှစ်ဦးသားဆုံလျှင် အငြင်းပွါးနိုင်ချေ အလွန်မြင့်မားပေ၏။

ကျင်းယွင်ကျောင်းမှာမူ ဘက်မလိုက်သောကြားနေသမားတစ်ဦးဖြစ်သည်။ သူမသည် ဆေးဖက်ဝင်ဂုဏ်သတ္တိများကို လေ့လာခဲ့ရသော်လည်း အဘိုးရှုထက် ပိုတည်ငြိမ်ပေ၏။

ကျင်းယွင်ကျောင်းသည် ဒန်ဒရိုသစ်ခွပန်းအိုး သုံးအိုးအား ရွေးလိုက်သည်။ ပရော်ဖက်ဆာမိုမှာမူ အဘိုးရှုအား တွေးမိသွားသောကြောင့်လားမသိ၊ သူသဘောကျခဲ့သော သစ်ခွပန်းများကိုအောက်ချလိုက်သည်။ သူအပြင်ထွက်သွားသောအခါတွင် ရုတ်ချည်းဆိုသလို မြည်တွန်တောက်တီးလိုက်၏။

“ပန်းတွေက ကြာကြာပွင့်မှာမဟုတ်တော့ နှုတ်ဆိုလည်း အနှုတ်ခံရတာပေါ့”

ကျင်းယွင်ကျောင်း ဆွံ့အသွားတော့သည်။ သူမသည် ထိုအဘိုးအိုအား မော့ကြည့်လိုက်သောအခါ မည်သည်ကြောင့်မှန်းမသိ သူ၏မျက်လုံးများသည် တုန်ယင်နေကြောင်း သူမမြင်လိုက်ရသည်။ ချက်ချင်းဆိုသလို သူမစကားစရှာမရဖြစ်သွား၏။

သူသည် အတိတ်မှလူအကြောင်းတွေးမိသဖြင့် အတိတ်မှဖြစ်ရပ်များကိုလည်း တွေးမိသွားဟန်ရှိလေသည်။

All Chapters