အခန်း (၇၈၉-၇၉၂)
Vol. 40 Ch. 789-792
Space and Rebirth 789
လီရှောက်ယွင်၏အကြည့်သည် သူမမျက်နှာပေါ်တွင် အချိန်အတော်ကြာ စွဲကျန်ရစ်နေ၏။ ၎င်းအား ကျင်းယွင်ကျောင်းအာရုံခံမိလိုက်သောအခါ အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ သူမသည် စိတ်တည်ငြိမ်ချင်ယောင်ဆောင်ကာသာ မုန့်အားဆက်စားလိုက်သည်။ သို့ရာတွင် မယိမ်းမယိုင်ဘဲရှိနေသော လီရှောက်ယွင်၏အကြည့်ကြောင့် သူမသည် အနည်းငယ်နေမထိထိုင်မသာဖြစ်သွားတော့သည်။
“ကျွန်မမျက်နှာမှာ တစ်ခုခုပေနေလို့လား?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
“ကြည့်လို့ကောင်းလိုက်တာ ငါလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ”
လီရှောက်ယွင်သည် သူ၏ကော်ဖီကိုတစ်ငုံမျှသောက်လိုက်၏။ သူသည် သူ၏အကြည့်ကိုမထိန်းနိုင်သဖြင့် သူမအား နောက်တစ်ဖန်ကြည့်လိုက်ပြန်သည်။ နှစ်စက္ကန့်အကြာတွင် သူ၏လက်ထဲမှကော်ဖီခွက်အားချကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ကျင်းယွင်ကျောင်း၏ရှေ့မှောက်သို့လျှောက်သွားကာ ဒူးထောက်ချပြီး သူမ၏နှုတ်ခမ်းစွန်းများကို သုတ်ပေးလိုက်၏။
“ဒါပေမယ့် တစ်ခုခုပေနေတယ်ဆိုတာတော့ ဟုတ်တယ်”
ကျင်းယွင်ကျောင်းမှ သူ့အား စိန်းစိန်းဝါးဝါးကြည့်တော့၏။
“ပေရင်ပေတယ်ပြောမှပေါ့ ကျွန်မဘာသာသုတ်လိုက်မယ်၊ ပြီးတော့ ဘာလို့ကျွန်မအနားရောက်လာတာလဲ?”
သူ၏ကိုယ်ပေါ်မှ စန္ဒကူးရနံ့ရေးရေးမျှ ရနေ၏။ စန္ဒကူးအနံ့မှာ စိတ်ကိုတည်ငြိမ်စေသော်လည်း ဤအခိုက်အတန့်တွင် သူမ၏နှလုံးကို တလှပ်လှပ်သာခုန်စေတော့သည်။
“မင်းကိုရင်ခုန်အောင်လုပ်မိသွားလား? မလုပ်မိဘူးဆိုရင် ငါပြန်ကြိုးစားကြည့်ဦးမယ်”
လီရှောက်ယွင်မှ သူမနားထဲသို့ တီးတိုးရွတ်လိုက်သည်။
ကျင်းယွင်ကျောင်းမထိန်းနိုင်တော့သဖြင့် ဟက်ခနဲရယ်လိုက်သည်။
“ရှင်ကငယ်တော့တာလည်းမဟုတ်ဘူး ရည်းစားတစ်ယောက်လောက်ရှာသင့်ပြီမထင်ဘူးလား? ကျွန်မလိုမျိုးကလေးတစ်ယောက်ကိုပဲ ကြည့်နေလို့ ကောင်းနိုင်စရာမရှိဘူး”
လီရှောက်ယွင် ကြက်သေသေသွား၏။ သူသည် ခါးကိုပြန်မတ်လိုက်ပြီး အင်္ကျီများကိုခါလိုက်ကာ ပြန်ထိုင်ချလိုက်သည်။ သူသည် ရှေ့မှောက်ရှိကော်ဖီခွက်အားမွှေရင်း မျက်နှာတစ်ခုလုံးမှောင်ရိပ်သန်းသွား၏။ စက္ကန့်ပိုင်းလောက်ကြာသောအခါ သူပြန်ပြောလိုက်သည်။
“နောက်သုံးလနေရင် မင်းလူကြီးဖြစ်တော့မှာ၊ ကလေးတစ်ယောက်မဟုတ်တော့ဘူး”
ကျင်းယွင်ကျောင်း စကားစရှာမရဖြစ်သွားသည်။ သူပြောသောစကားမှာ မည်သည့်အဓိပ္ပာယ်နည်း?
လီရှောက်ယွင်အားတွေ့တိုင်း သူမ၏စိတ်အခြေအနေပြောင်းလဲတတ်သည်ကို သူမသတိထားမိ၏။ လီရှောက်ယွင်သည် သူမအား ကောင်းကောင်းဆက်ဆံသော်လည်း အလွန်လိမ္မာပါးနပ်လွန်းသောသူဖြစ်လေသည်။ သူ့အား သုံးနှစ်နီးပါးခန့် သိကျွမ်းခဲ့သည့်တိုင် ကျင်းယွင်ကျောင်းသည် သူ့အားအပြည့်အဝနားမလည်သေးချေ။ သူ၏ရာထူးနှင့် မိသားစုနောက်ခံကြောင့်မဟုတ်ဘဲ သူ၏စရိုက်ကြောင့်ဖြစ်သည်။ သူပျော်နေသည်လော၊ ဒေါသထွက်နေသည်လော သူမမပိုင်းခြားတတ်သလို သူ၏စိတ်ကိုလည်း သူမနားမလည်ပေ။
ဇွန်းအားကိုင်ဆောင်ထားသော ကျင်းယွင်ကျောင်း၏လက်ချောင်းများ အနည်းငယ်တင်းကြပ်သွားသည်။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမနှုတ်ကိုဖွင့်၍ ပြောလိုက်၏။
“ကျွန်မက မြို့တော်နဲ့အရမ်းကြီးမရင်းနှီးဘူး၊ စက်ရုံအတွက် ဒါရိုက်တာတစ်ယောက်ငှားဖို့လိုသလို ဆေးဝါးကုမ္ပဏီအတွက် လိုအပ်တဲ့တခြားလူတွေကိုလည်း ငှားရဦးမှာမို့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်၊ ဒါပေမယ့် ကျွန်မလူရွေးပြီးတာနဲ့ ရှင့်ကိုဆက်သွယ်လိုက်ပါမယ်...”
ဆေးဝါးစက်ရုံမှာ စစ်တပ်နှင့်တိုက်ရိုက်သက်ဆိုင်နေသည်ဖြစ်၍ စီမံအုပ်ချုပ်ရေးအပိုင်းတွင် ကပြက်ကချော်လုပ်၍မဖြစ်ပေ။
“စကားလမ်းကြောင်းကို မြန်မြန်လွှဲလိုက်တာပဲ”
လီရှောက်ယွင်ဟမ့်ခနဲအသံပြုလိုက်သည်။
“မင်းအတွက် လူရှာပြီးသွားပြီ၊ စက်ရုံဆောက်ပြီးတာနဲ့ အဓိကအဖွဲ့ဝင်တွေကို မင်းလာတွေ့လို့ရတယ်၊ စိတ်တိုင်းမကျဘူးဆိုရင် လူလဲလိုက်ပေါ့၊ ဒီစာရွက်စာတမ်းထဲမှာ သူတို့ရဲ့အချက်အလက်တွေလည်းပါတယ် စိတ်မပူပါနဲ့ သူတို့ကတပ်ထဲကလူတွေမဟုတ်တော့ မင်းသူတို့ကို လွယ်လွယ်ကိုင်တွယ်လို့ရမှာပါ”
ကျင်းယွင်ကျောင်းနင်သွားပြီး မည်သို့ဆက်ပြောရမည်မှန်း မသိတော့ချေ။
လီရှောက်ယွင်သည် သူမအတွက် အရာအားလုံးကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ပေးခဲ့သဖြင့် သူမအနည်းငယ်မလုံမလဲဖြစ်သွားတော့၏။
“ငါ့ကိုဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲဆိုတာ စဥ်းစားနေတာလား?”
လီရှောက်ယွင် မှိန်ပျပျဖြင့် ပြုံးလိုက်ပြီး ရုတ်တရတ်ဆန်စွာ ပြောလိုက်၏။
“ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းကိုယ်မင်းပဲ ပေးလိုက်လေ? မင်းပြောလိုက်သလိုပဲ ငါကငယ်လည်းမငယ်တော့ဘူးမို့ ရည်းစားတစ်ယောက်လိုတယ်၊ ငါကတော့ ငယ်ရွယ်နုနယ်ပြီး အဆင်းရော အချင်းရောရှိတဲ့မိန်းကလေးတွေကို သဘောကျတယ်၊ အဲ့အပိုင်းနဲ့ပတ်သတ်လာရင် အားကျောင်း မင်းထက်သာတဲ့သူမရှိဘူး”
သူ၏မရိုးသားသောအသွင်အပြင်ကို ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် သူမရှေ့မှ မုန့်ပန်းကန်ကိုသုံးပြီး သူ၏ပါးစပ်ကိုပိတ်ချင်မိ၏။
“ကျွန်မကိုလာမစနဲ့ ရှင့်အပြောမှာကြွေသွားမယ့် မိန်းကလေးမဟုတ်ဘူး”
“ခုနကငါပြောသွားတဲ့အချက်တွေအပြင် မင်းမှာ တည်ငြိမ်မှုတစ်ခုလည်းရှိတယ်၊ ငါတို့ကြားမှာ အသက်ကွာခြားချက်မရှိတဲ့အတိုင်းပဲ အရမ်းမပြည့်စုံလွန်းဘူးလား?”
လီရှောက်ယွင်ဆက်ပြောလိုက်သည်။
“ပေါက်ကရတွေတော်တော့”
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ပြာပြာသလဲဖြစ်သွား၏။ သူမသည် အလျင်အမြန်ပင် သူမ၏စိတ်အခြေအနေကို ငြိမ်အောင်လုပ်ဆောင်ရတော့သည်။
လီရှောက်ယွင်သည် သူမ၏အနည်းငယ်နီမြန်းနေသောမျက်နှာကို မြင်လိုက်ရသဖြင့် ရုတ်ချည်းဆိုသလို စိတ်ကြည်လင်သွားတော့သည်။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူ၏ကြိုးစားအားထုတ်မှုများမှာ မဆိုးလှသည့်ဟန်ပေါက်လေသည်။ အနည်းဆုံးအနေဖြင့် သူမည်သို့သောစကားမျိုးပြောပါစေ သူ၏အားကျောင်းသည် အလွန်စိတ်ရှည်သည်းခံကာ ဒေါသမထွက်တော့ချေ။ ယခင်ကအတိုင်းဆိုလျှင် သူ့အားမျက်စောင်းထိုးကာ အေးတိအေးစက်ဖြင့် ထွက်သွားနေလောက်ပြီဖြစ်သည်။
သို့သော် ယခုသူမ၏ပုံစံကို ကြည့်လိုက်သောအခါ လီရှောက်ယွင်သည် ပို၍စိတ်ဝင်စားသွားတော့၏။ သူသည် အနည်းငယ်ရှည်လာသော ကျင်းယွင်ကျောင်း၏ဆံပင်ကုတ်ဝဲအား ပွတ်သပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျင်းယွင်ကျောင်း၏တည်ငြိမ်သောမျက်နှာသည် အနည်းငယ်နေရခက်ဟန်ဖြစ်သွားတော့သည်။
Space and Rebirth 790
ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်နှင့်ပတ်သတ်၍ ဘာမျှမလုပ်နိုင်ပါပေ။ အင်အားသုံးရမည်လော? ဤသည်မှာ သေချာပေါက်မဖြစ်နိုင်ပါချေ။ လီရှောက်ယွင်ကိုယ်တိုင်က သိုင်းပညာတက်မြောက်သောသူဖြစ်ပြီး သိုင်းပညာမတတ်လျှင်ပင် သူမ၏လူရင်းတစ်ယောက်အား အဘယ်သို့ အကြမ်းဖက်နိုင်မည်နည်း?
သူမအင်အားမသုံးနိုင်လျှင် သူမ၏နှုတ်ရေးကိုသာ သုံးနိုင်တော့မည်။ သို့ရာတွင် သူမသည် လီရှောက်ယွင်ကိုတွေ့တိုင်း သူမ၏စကားလုံးများသည် သနားစဖွယ်ကောင်းလောက်အောင် နည်းပါးသွားတော့၏။ နှစ်ဦးသားသည် သဘာဝရန်သူများလည်းမဟုတ်ပေ။ ထို့ကြောင့် အဘယ်သို့ ရန်စောင်သောစကားများကို ပြောနိုင်မည်နည်း?
ရလဒ်အနေဖြင့် ကျင်းယွင်ကျောင်းသည် သူမ၏မကျေနပ်မှုကို မျက်လုံးဖြင့်သာ ဖော်ပြနိုင်တော့သည်။ ကံကောင်းစွာဖြင့် လီရှောက်ယွင်သည် ရပ်တန့်ရမည့်အချိန်ကိုသိလေသည်။ သူ၏ရင်ဘတ်အား အကြိမ်အနည်းငယ်ခန့်ပွတ်ပြီးနောက် အပြစ်ကင်းစင်ချင်ဟန်ဆောင်တော့သည်။ သူ၏မျက်နှာမှာ လူကြီးလူကောင်းဆန်သော်လည်း သူ၏အကြည့်များက ကျင်းယွင်ကျောင်းအား ပေါ်တင်ရန်စနေလေသည်။
ဤအချိန်တွင် နှစ်ဦးသားသည် တိတ်ဆိတ်စွာသာ မိမိတို့၏ကော်ဖီကို သောက်သုံးကြတော့သည်။ အတူတကွကော်ဖီသောက်နေကြသော လှပသည့်မြင်ကွင်းသည် ပန်းချီကားတစ်ကားသဖွယ်ဖြစ်၏။ ထိုအချိန်တွင် ရုတ်ချည်းဆိုသလို သူတို့၏ဘေးမှ “ဒုန်း” ဟူသောအသံထွက်ပေါ်လာသည်။ ဟော်ထျန်းရှန်းသည် ဒေါသတကြီးဖြင့် လက်ဆွဲအိတ်အားဖွင့်ကာ ပြောလိုက်၏။
“ချီကျုံး၊ ကျွန်မဒီပိုက်ဆံတွေအကုန်ပေးပြီး ရှင့်ကိုဝယ်မယ်! အနာဂတ်မှာ ရှင်ကျွန်မရဲ့ သက်တော်စောင့်လုပ်ပေးရမယ်!”
ပွင့်နေသောလက်ဆွဲအိတ်အထဲတွင် ငွေစက္ကူအထပ်လိုက်နှင့် ဘောပင်များရှိနေသည်။ ၎င်းတို့မှာ အစစ်အမှန်များဖြစ်သဖြင့် ကျန်သောလူအားလုံးသည် ကြက်သေသေသွားတော့၏။
ထိုငွေများအားလုံးကို ပေါင်းလိုက်လျှင် အနည်းဆုံးအနေဖြင့် ယွမ်ငါးသန်းခန့်ရှိမည်။ သေးငယ်လှသောပမာဏမဟုတ်ပေ။
ဟော်ထျန်းရှန်း၏ လျှို့ဝှက်ဆန်းကြယ်လှသော သားရေလက်ဆွဲအိတ်ထဲတွင် ရှိသောအရာကို နောက်ဆုံးတွင် ကျင်းယွင်ကျောင်းသိလိုက်ရလေပြီ။ ဟော်ထျန်းရှန်းမှ သူမ၏ချမ်းသာကြွယ်ဝမှုများကို ကြွားလုံးထုတ်နေသည်ကို မြင်လိုက်ရသဖြင့် စကားလုံးများရှာမရသည်ထိ ကျင်းယွင်ကျောင်း ထိတ်လန့်အံ့အားသင့်နေတော့သည်။ မိန်းမောတွေဝေသောဟန်ပန်ဖြင့် ဟော်ထျန်းရှန်းကိုကြည့်ရင်း သူမနဖူးပေါ်တွင် အနက်ရောင်အရေးအကြောင်းများ ပေါ်ပေါက်လာသည်။
“အဓိပ္ပာယ်မရှိတာတွေ!”
ချီကျုံးမှ ဒေါသတကြီးဖြင့် ပြောလိုက်၏။
“မာနကြီးပြီး ခေါင်းမာတဲ့မိန်းကလေး! မင်းကတကယ့်ဆန်ကုန်မြေလေးပဲ!”
လူတစ်ယောက်အား ယွမ်ငါးသန်းပေါက်ပြီး ဝယ်သည်လော? သူမသည် ရာရာစစ ဤကိစ္စမျိုးကို လုပ်ရဲသည်။ သူမသည် အနည်းငယ်စိတ်ကြီးသော်လည်း အခြားသူဌေးသမီးများနှင့် အတော်အတန်ကွာခြားလိမ့်မည်ဟု ချီကျုံးထင်ခဲ့သေး၏။ ယခုတွင်မူ သူမအား အလကားအထင်ကြီးမိသည့်ပုံပေါက်လေသည်။ ယနေ့တွင် သူမသည် သူ့အားငွေဖြင့်ပေါက်ဝယ်ရန် ကြိုးစားခဲ့၏။ ယနေ့တွင် ဤသို့လုပ်နိုင်လျှင် မနက်ဖြန်၊ သန်ဘက်ခါတွင် သူမသည် ထိုငွေအားအသုံးချကာ အခြားသူများကို အနိုင်ကျင့်နိုင်သည်မဟုတ်လော။
ဤရိုးရှင်းသောစကားအချို့ကြောင့် ဟော်ထျန်းရှန်းတစ်ကိုယ်လုံးတုန်ယင်သွားပြီး သူမမျက်လုံးများ နီမြန်းသွားသည်။ သို့သော် သူမ၏မာန်အဟုန်သည် မပြောင်းလဲချေ။
“ရှင်ကကျ ခေါင်းမာပြီး လေလုံးထွားတဲ့အပြင် မိန်းကလေးတွေကို မညှာတတ်ဘဲ ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတာပဲ!”
သူမသည် အစက ချီကျုံးအား သူမ၏တန်ဖိုးကို သက်သေပြချင်ခဲ့မိသည်။ ဟော်မိသားစု၏အကြီးဆုံးသမီးဖြစ်သော သူမဟော်ထျန်းရှန်းမှာ မည်သူမှယှဥ်တုမမှီနိုင်သော နတ်သမီးတစ်ပါးဖြစ်သည်ကို ချီကျုံးအား မြင်စေချင်မိပေသည်။ သို့ရာတွင် စကားလုံးအချို့ဖြင့် သူမအား အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေမည်ဟု သူမအဘယ်သို့ထင်ခဲ့မည်နည်း? သူမသည် ယွမ်ငါးသန်းအားပင် ပေးပြီး သူ့အား အေးအေးချမ်းချမ်းလုပ်ရသောအလုပ်တစ်ခုကို ပေးချင်ခဲ့သည်။ ၎င်းမှာ အန္တရာယ်များပြီး ကြမ်းတမ်းခက်ခဲသောစစ်သားဘဝထက် သာလွန်သည်မဟုတ်လော။
ထိုစကားအချေအတင်ကို ကျင်းယွင်ကျောင်းကြားသောအခါ လီရှောက်ယွင်အား တစ်ချက်ကြည့်လိုက်၏။
“ကြည့်ရတာ ကျွန်မနိုင်တော့မယ်ထင်တယ်”
“အဲ့လိုတော့လည်း မဟုတ်သေးပါဘူး”
လီရှောက်ယွင် ညင်သာစွာ ပြုံးလိုက်သည်။
ကျင်းယွင်ကျောင်း သိပ်အာရုံမစိုက်ချေ။ မီးနှင့်ရေကဲ့သို့ ဖြစ်နေသော နှစ်ဦးသားကို တွေ့လိုက်ရသောအခါ သူမသည် ချက်ချင်းဆိုသလို ထရပ်ပြီး ဟော်ထျန်းရှန်းအား ထိုင်ခုံပေါ် ပြန်ဆွဲထိုင်ခိုင်းလိုက်သည်။
“မတွေ့ရတာတောင် သိပ်မကြာသေးတာကို ဘာလို့ဒီလိုရန်ဖြစ်နေကြတာလဲ?”
ကျင်းယွင်ကျောင်းမည်သို့ဆက်လုပ်ပေးရမည်ကို မသိချေ။
“ဟွန့် ငါသူနဲ့အားအားယားယားရန်မဖြစ်နိုင်ပါဘူး ကျောက်ရုပ်လိုမျိုးခေါင်းမာနေတဲ့လူကို!”
ဟော်ထျန်းရှန်းသည် မြင်ပြင်းကတ်ဟန်ဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။
ချီကျုံးမှာ ရင့်ကျက်နေသောယောက်ျားကြီးတစ်ဦးဖြစ်နေသောကြောင့် ဟော်ထျန်းရှန်းအား သူ၏အစွယ်များ၊ လက်သည်းများထုတ်ပြရန် မသင့်တော်ချေ။ သို့ရာတွင် သူ၏မျက်နှာအသွင်အပြင်မှာ အနည်းငယ်မှောင်ရိပ်သန်းနေ၏။
ဟော်ထျန်းရှန်းစကားပြောပြီးနောက်တွင် သူမသည် ကျင်းယွင်ကျောင်းအား ဝေ့ကြည့်လိုက်၏။ ထို့နောက် ကျင်းယွင်ကျောင်းအနောက်တွင်ရှိနေသော ယောက်ျားဆီသို့ သူမအကြည့်များသက်ရောက်သွားသည်။ သူမမျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။
“ခုနက စကားပြောရင်းအရှိန်ပါသွားလို့ နှုတ်ဆက်ဖို့ မေ့သွားတယ်၊ ဒါက...”
“သူကလီရှောက်ယွင်တဲ့ ငါ့သူငယ်ချင်းလေ”
ကျင်းယွင်ကျောင်း ရိုးရှင်းစွာသာ မိတ်ဆက်ပေးလိုက်သည်။
ကျင်းယွင်ကျောင်းစကားပြောပြီးသောအခါ သူမပုခုံးပေါ်တွင် အနည်းငယ်လေးသွားသည်ကို ခံစားမိလိုက်သဖြင့် လီရှောက်ယွင်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်၏။
ဟော်ထျန်းရှန်းမှာမူ အခြေအနေကို အနည်းငယ်ပို၍ နားလည်သွား၏။ ကျင်းယွင်ကျောင်းမှ သူ့အား သူငယ်ချင်းဟု ပြောခဲ့သော်လည်း သူမစကားပြောပြီးပြီးချင်းတွင် လီရှောက်ယွင်သည် ကျင်းယွင်ကျောင်း၏ပုခုံးအားဖက်ပြီး သူ၏အချုပ်အခြာအာဏာကို ကြေညာလိုက်ပြီဖြစ်သည်။ ထို့အပြင် ကျင်းယွင်ကျောင်းမှာ သူမအနီးရှိလူများနှင့် နီးနီးကပ်ကပ်နေရသည်ကို မကြိုက်တတ်ပေ။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်ကိုဖြစ်သည်။ ယခုအချိန်ထိ သူမနှင့် မီတာတစ်ဝက်ခန့်ကွာဝေးသော ယောက်ျားလေးတစ်ဦးကို ဆယ်စက္ကန့်အပြင် ပိုမမြင်ဖူးချေ။
သို့ရာတွင် လီရှောက်ယွင်မှာ သူမနှင့် ပူးပူးကပ်ကပ်ရှိနေသည်သာမက သူမကိုပင် ထိလိုက်သေးသည်။ သို့တိုင်အောင် ကျင်းယွင်ကျောင်းမျက်နှာပေါ်၌ ရွံရှာစက်ဆုပ်ဟန်တစ်စက်မှမရှိချေ။ ဤယောက်ျားသည် သူမအတွက် ထူးခြားသောလူဖြစ်သည်မှာ သေချာ၏။
Space and Rebirth 791
ဟော်ထျန်းရှန်းသည် ယခင်ကတည်းကပင် ရှင်းရှင်းလင်းလင်း ပိုင်းခြားဆက်ဆံတတ်၏။ သူမသည် ချီကျုံးအား မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေသော်လည်း ကျင်းယွင်ကျောင်းကိုတွေ့လိုက်သောအခါ ချက်ချင်းစိတ်ထိန်းကာ ကျီစယ်လိုက်သည်။
“သူငယ်ချင်း? ဒါနင့်ရဲ့ရည်းစားမဟုတ်ဘူးလား? နင့်ကို ဟယ့်ဒိလက်ဆောင်ပေးတဲ့သူမှတ်လား?”
ဤယောက်ျားသည် ကျင်းယွင်ကျောင်းနှင့် နီးကပ်စွာနေနိုင်လျှင် ကျင်းယွင်ကျောင်းမငြင်းနိုင်သောလက်ဆောင်ကိုလည်း ပေးနိုင်မည်မဟုတ်လော။
ကျင်းယွင်ကျောင်းရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“နင်တို့စကားပြောလို့ပြီးပြီလား? သခင်လေးလီက ငါတို့ကိုတစ်နေရာခေါ်သွားမလို့တဲ့”
ဟော်ထျန်းရှန်းအနောက်သို့လှည့်ကာ ချီကျုံးအား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
“သေချာတာပေါ့ ဒီလိုဖင်ခေါင်းကျယ်တဲ့ကောင်မျိုးနဲ့ ဆက်ပြောစရာစကားမရှိဘူး”
ချီကျုံး၏မျက်နှာမှောင်ရိပ်သန်းသွားသော်လည်း ဘာမှမပြောချေ။ လေးဦးသားသည် မိမိတို့ပစ္စည်းများကိုယူကာ လီရှောက်ယွင်၏ကားထဲသို့ ဝင်လိုက်၏။ ဟော်ထျန်းရှန်း၏ ဇိမ်ခံပြိုင်ကားအား ဟော်ထျန်းရှန်း၏ဒရိုင်ဘာမှ ပြန်မောင်းနှင်သွားသည်။ သို့ရာတွင် ချီကျုံးသည် ကား၏အရောင်ကို တွေ့လိုက်ရသောအခါ သူ၏မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်ဟန်များဖြင့် ပြည့်နှက်သွားသေးသည်။ ဟော်ထျန်းရှန်းမှာ ၎င်းကိုဒေါသထွက်လွန်းသဖြင့် ထိုပြိုင်ကားအား ရိုက်ပင်ခွဲချင်မိသည်။
လီရှောက်ယွင်၏ကားမှာ ခပ်လျှိုလျှိုဖြစ်သော်လည်း တန်ဖိုးကြီးပေသည်။ ဝေဟင်ကို အလွယ်တကူခွင်းပြီးသွားလာနိုင်အောင် လုပ်ထားသည့် အနက်ရောင်ဒီဇိုင်းကြောင့် ၎င်းသည် အထူးတလည် ကြည့်ကောင်းနေလေ၏။ ကားထဲတွင် အပိုအလှဆင်ပစ္စည်းများမရှိဘဲ အခြားကားများနှင့်ယှဥ်လျှင် နေရာကျယ်ဝန်းသည်။ ထို့အပြင် စန္ဒကူးအနံ့သင်းသင်းအား ရနေသောကြောင့် အလွန်ပင်သက်တောင့်သက်သာရှိလှပေသည်။
ချီကျုံးမှာ ဒရိုင်ဘာထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လီရှောက်ယွင်သည် သူဌေးအိမ်မှ သခင်လေးတစ်ဦးကဲ့သို့ ကားနောက်ခန်းတွင် မှီထိုင်လိုက်သည်။ ယခုအချိန်ထိ လီရှောက်ယွင်ကိုယ်တိုင်ကားမောင်းသည်ကို ကျင်းယွင်ကျောင်းတစ်ခါမှမမြင်ဖူးချေ။ ယခင်က ကားမောင်းသူမှာ တုလင်းဖြစ်ပြီး ယခု ချီကျုံးဖြစ်သည်။ ဤတစ်ယောက်သည် ဧကရာဇ်တစ်ဦးကဲ့သို့ လူများအား ဟိုဟိုဒီဒီခိုင်းစေတတ်ပြီး ခိုင်းရသည်ကို ပင်ပန်းသည့်ပုံမပေါ်ချေ။
မကြာမီတွင် သူတို့သည် လီရှောက်ယွင်ပြောခဲ့သောနေရာသို့ ရောက်ရှိသွားတော့သည်။ ချီကျုံးသည်လည်း ထိုနေရာနှင့် ရင်းနှီးနေ၏။ သူတို့ညီအစ်ကိုများ မကြာခဏလာရောက်လေ့ရှိသောနေရာ ဖြစ်ဟန်တူသည်။
၎င်းမှာ “ကြယ်မှုန်” ဟုခေါ်သော ဘားဆိုင်တစ်ဆိုင်ဖြစ်သည်။ ထိုနာမည်အား ကြားရသည်မှာ အထက်တန်းစားဆိုင်တစ်ဆိုင်၏ နာမည်နှင့်တူပေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းဝင်လိုက်သောအခါ ထိုနာမည်၏အဓိပ္ပာယ်မှာ ကြယ်များမှ မြေပေါ်သို့ကြွေကျသည်ကို ဆိုလိုဟန်ရှိသည်။ ဘားဆိုင်တစ်ဆိုင်လုံး ကြယ်များဖြင့် ပြည့်နှက်နေပြီး တက်ကြွလှုပ်ရှားအသက်ဝင်သောအငွေ့အသက်များရှိနေ၏။
ဘားဆိုင်၏ ဒီဇိုင်းအပြင်အဆင်သည် မျက်စိထဲထင်းခနဲဖြစ်စေပြီး နေရာအကျယ်အဝန်းမှာလည်း မသေးလှချေ။ လီရှောက်ယွင်ဝင်လာသည်နှင့် စားပွဲထိုးတစ်ဦးသည် စကားတစ်ခွန်းမျှမဟဘဲ သူ့အား သီးသန့်အခန်းတစ်ခန်းသို့ ဦးဆောင်ခေါ်သွားလိုက်၏။ ချက်ချင်းဆိုသလို ဝိုင်နီနှင့် သစ်သီးဗန်းကို လာချပြီး လီရှောက်ယွင်ဘာမှပြောစရာပင်မလိုခဲ့ချေ။
“ညီလေးခြောက်ရောဘယ်မှာလဲ?”
လီရှောက်ယွင်မေးလိုက်သည်။
“သူဌေးက ခုနလေးတင် ပျော်စရာတွေ့သွားလို့ အခုလောက်ဆို အိပ်နေလောက်ပါပြီ”
စားပွဲထိုးမှ လျင်မြန်စွာ ပြောလိုက်သည်။
လီရှောက်ယွင်ဆက်မမေးတော့ချေ။ ပျော်စရာဟုပြောတိုင်း ဖြူစင်ရိုးသားသောအရာမဟုတ်ပေ။ ခြောက်ယောက်မြောက်ညီလေးမှာ မြာပွေသောသူဖြစ်သည်။ သူသည် အမြဲတစေ မိန်းမလှလေးများကို နှစ်သက်တတ်ပြီး သူ၏အမူအကျင့်ကို မပြင်နိုင်ချေ။
“ဒုတိယသခင်လေးချီကို အဖော်လုပ်ပေးဖို့ ပျော်တတ်တဲ့ကောင်မလေးတချို့ခေါ်ခဲ့”
လီရှောက်ယွင်ပြောလိုက်သည်။
၎င်းကို ချီကျုံးကြားလိုက်သောအခါ
“မလိုချင်ဘူး”
ဟုပြောလိုက်သည်။
“ညီလေးနှစ်”
လီရှောက်ယွင်မျက်မှောင်ကြုတ်လိုက်တော့သည်။
“ငါမင်းကိုဘာမှမလုပ်ခိုင်းပါဘူး သူတို့နဲ့နေပြီး ပွဲအသက်ဝင်လာအောင်လုပ်ပေးရင်ရပြီ၊ သူတို့က မင်းကိုအဖော်မလုပ်ပေးရင် ငါ့ကိုအဖော်လုပ်ပေးရမှာလား?”
ချီကျုံး၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။ အာစရိ၏အကြံအစည်ကို သူတကယ်မသိပါပေ။ သို့ရာတွင် လီရှောက်ယွင်နှင့်အတူ မိန်းကလေးတစ်ဦးကို အဖော်ပြုခိုင်း၍လည်း မဖြစ်သောအရာဖြစ်သည်။ ကျင်းယွင်ကျောင်းလည်းရှိသည်ဖြစ်ရာ သွေးသံတရဲရဲဖြစ်မည့်ကိစ္စများအား သူရှောင်ရှားလိုပေသည်။
လီရှောက်ယွင်မှ အဘယ်ကြောင့်မိန်းကလေးများအားခေါ်ရန် တွန်းပို့နေသည်ကို သူနားမလည်သော်လည်း အထက်လူကြီး၏အမိန့်ကို မလွန်ဆန်ရဲပေ။ သေချာစဥ်းစားကြည့်လိုက်သောအခါ မိန်းကလေးအချို့သာဖြစ်သည်မဟုတ်လော။ သူတို့လာရောက်ပြီး သူ့အားပြသာနာရှာလျှင်ပင် နှင်ထုတ်၍ရလေသည်။
သူခေါင်းငြိမ့်သဘောတူလိုက်၏။
လီရှောက်ယွင်၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွားပြီး အကြံကြီးသောအပြုံးတစ်ခု၏ အရိပ်အယောင်များ သန်းသွားတော့သည်။
လီရှောက်ယွင်သည် မိန်းကလေးအချို့ကိုသုံးပြီး ဟော်ထျန်းရှန်းအားဆွရန် ကြိုးစားနေကြောင်း ကျင်းယွင်ကျောင်းအကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။ သို့ရာတွင် အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးအပေါ် စိတ်ဝင်စားမှုမရှိလျှင် မည်သို့ပင်ဆွစေကာမူ အကျိုးမရှိဘဲနေမည်မဟုတ်လော?
ထို့ကြောင့် သူမသည် လီရှောက်ယွင်အား မတားချေ။
အခန်းထဲရှိမှိန်ပျသောအလင်းရောင်ကြောင့် ထိုအခန်းအား အတန်ငယ်လျှို့ဝှက်ဆန်းကြယ်စေ၏။ လေထုထဲရှိအငွေ့အသက်များသည် ရီဝေဝေဖြစ်စေပေသည်။ မကြာခင်တွင် မိန်းကလေး ငါးဦး-ခြောက်ဦးခန့် အထဲသို့ဝင်လာသည်။
သူတို့ကိုကျင်းယွင်ကျောင်းမြင်လိုက်သောအခါ မအံ့သြမိဘဲ မနေတော့ချေ။ ထိုအမျိုးသမီးများအားလုံးသည် အလွန်ပင်လှပပေ၏။ အချို့မှာ ရိုးသားဖြူစင်သောအလှမျိုးရှိပြီး အချို့မှာ တုနှိုင်းမမှီလောက်သောအလှတရားကို ပိုင်ဆိုင်ကြသည်။ သူတို့အားလုံးအား ကောင်းမွန်စွာလေ့ကျင့်သင်ကြားပေးထားသဖြင့် အခန်းထဲသို့ရောက်သည်နှင့် ချီကျုံးဆီသို့တန်းသွားပြီး ချိုသာပျစ်နှစ်သောအသံဖြင့် ခေါ်လိုက်ကြသည်။
“ဒုတိယသခင်လေး”
“ကျင်းယွင်ကျောင်း၊ နင်ကများရာရာစ ငါ့ကိုဒီလိုဆက်ဆံရဲတယ် ငါနင့်ကိုခွင့်မလွှတ်ဘူး!”
သူမသည် အံကိုကြိတ်ကာ မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ငါ့ကိုခွင့်မလွှတ်ဘူးလို့ပြောတဲ့လူက နင်ပထမဆုံးမဟုတ်ဘူး ငါစောင့်ကြည့်ပေးတာပေါ့”
ကျင်းယွင်ကျောင်းအေးတိအေးစက်ဖြင့် ပြောလိုက်သည်။
ခွင့်မလွှတ်မည့်လူက မည်သူဖြစ်မည်ကို ဤကိစ္စပြီးမှသာ သိပေလိမ့်မည်။
Space and Rebirth 792
အမျိုးသမီးများ၏အသံသည် အလွန်ညင်သာပျော့ပြောင်းပြီး တစ်ကိုယ်လုံးထုံကျင်ဖွယ်ဖြစ်၏။ ပုရွက်ဆိတ်များက ခန္ဓာကိုယ်အား ခပ်ဖွဖွထိုးဆိတ်လိုက်သကဲ့သို့ နှလုံးသားကိုတုန်ယင်စေသည်။ ကျင်းယွင်ကျောင်းပါးများ အနည်းငယ်ကျိန်းသွားပြီး သူမတစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထလာသည်ကိုသာ ခံစားလိုက်ရ၏။
ဤအမျိုးသမီးများမှာလည်း အလွန်ပျော်ရွှင်နေကြကြောင်း သူမမသိခဲ့ချေ။
ကြယ်မှုန်ဘားသည် အခြားနေရာများနှင့်မတူသောနေရာဟု ပြောရမည်။ မည်သူကမှပြသာနာလာမရှာရဲသဖြင့် ဤနေရာတွင် ပြသာနာကြီးကြီးမားမားမဖြစ်ဖူးချေ။ ထို့အပြင် စီးပွားလည်းအလွန်ဖြစ်ထွန်းပေ၏။ ဤဘား၏ ဧည့်ကြိုမိန်းကလေးများအား ခေါ်ယူသောအဆင့်သတ်မှတ်ချက်မှာ အလွန်မြင့်မားပေသည်။ ရုပ်ရည်အသွင်အပြင်နှင့် ခန္ဓာကိုယ်အချိုးအစားထက် အရေးကြီးဆုံးအရာမှာ သန့်ရှင်းမှုရှိရမည်ဖြစ်သည်။
လူတကာဝင်ထွက်သွားလာနေသောအခြားနေရာများကဲ့သို့ မဟုတ်သောကြောင့်ဖြစ်သည်။
သို့ရာတွင် အခြားဖောက်သည်များနှင့်ယှဥ်လျှင် သူဌေးဖြစ်သူ၏ ညီအစ်ကိုများသည် ထိုအမျိုးသမီးများအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်ပေသည်။ သခင်လေးလီဆိုလျှင် ပြောစရာပင်မလိုချေ။ သို့သော် သူသည် ချည်းကပ်ရအခက်ဆုံးလူဖြစ်၏။ သူသည် ဤနေရာသို့လာလေ့မရှိသော်လည်း သူရောက်ရှိလာတိုင်းတွင် သူတို့သူဌေးကိုယ်တိုင်က နေမထိထိုင်မသာဖြစ်သည့်ဟန်ပေါက်လေသည်။ သူ၏လက်အောက်ငယ်သားများအပေါ် အလွန်စည်းကမ်းတင်းကြပ်ပြီး မည်သည့်အမျိုးသမီးကိုမှ သူ့အားမဆင်မခြင်ချည်းကပ်ပိုင်ခွင့်မပေးပေ။ တစ်ခါတစ်ရံတွင် မတော်တဆအချို့ကိုဖန်တီးပြီး သူ့အားချည်းကပ်ရန်ကြိုးစားသော အာဂသတ္တိအမျိုးသမီးအနည်းငယ်ရှိခဲ့သော်လည်း ရလဒ်မှာ အတန်ငယ်ဝမ်းနည်းစရာကောင်းလှပေသည်။အမျိုးသမီးများ၏အသံသည် အလွန်ညင်သာပျော့ပြောင်းပြီး တစ်ကိုယ်လုံးထုံကျင်ဖွယ်ဖြစ်၏။ ပုရွက်ဆိတ်များက ခန္ဓာကိုယ်အား ခပ်ဖွဖွထိုးဆိတ်လိုက်သကဲ့သို့ နှလုံးသားကိုတုန်ယင်စေသည်။ ကျင်းယွင်ကျောင်းပါးများ အနည်းငယ်ကျိန်းသွားပြီး သူမတစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထလာသည်ကိုသာ ခံစားလိုက်ရ၏။
ဤအမျိုးသမီးများမှာလည်း အလွန်ပျော်ရွှင်နေကြကြောင်း သူမမသိခဲ့ချေ။
ကြယ်မှုန်ဘားသည် အခြားနေရာများနှင့်မတူသောနေရာဟု ပြောရမည်။ မည်သူကမှပြသာနာလာမရှာရဲသဖြင့် ဤနေရာတွင် ပြသာနာကြီးကြီးမားမားမဖြစ်ဖူးချေ။ ထို့အပြင် စီးပွားလည်းအလွန်ဖြစ်ထွန်းပေ၏။ ဤဘား၏ ဧည့်ကြိုမိန်းကလေးများအား ခေါ်ယူသောအဆင့်သတ်မှတ်ချက်မှာ အလွန်မြင့်မားပေသည်။ ရုပ်ရည်အသွင်အပြင်နှင့် ခန္ဓာကိုယ်အချိုးအစားထက် အရေးကြီးဆုံးအရာမှာ သန့်ရှင်းမှုရှိရမည်ဖြစ်သည်။
လူတကာဝင်ထွက်သွားလာနေသောအခြားနေရာများကဲ့သို့ မဟုတ်သောကြောင့်ဖြစ်သည်။
သို့ရာတွင် အခြားဖောက်သည်များနှင့်ယှဥ်လျှင် သူဌေးဖြစ်သူ၏ ညီအစ်ကိုများသည် ထိုအမျိုးသမီးများအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်ပေသည်။ သခင်လေးလီဆိုလျှင် ပြောစရာပင်မလိုချေ။ သို့သော် သူသည် ချည်းကပ်ရအခက်ဆုံးလူဖြစ်၏။ သူသည် ဤနေရာသို့လာလေ့မရှိသော်လည်း သူရောက်ရှိလာတိုင်းတွင် သူတို့သူဌေးကိုယ်တိုင်က နေမထိထိုင်မသာဖြစ်သည့်ဟန်ပေါက်လေသည်။ သူ၏လက်အောက်ငယ်သားများအပေါ် အလွန်စည်းကမ်းတင်းကြပ်ပြီး မည်သည့်အမျိုးသမီးကိုမှ သူ့အားမဆင်မခြင်ချည်းကပ်ပိုင်ခွင့်မပေးပေ။ တစ်ခါတစ်ရံတွင် မတော်တဆအချို့ကိုဖန်တီးပြီး သူ့အားချည်းကပ်ရန်ကြိုးစားသော အာဂသတ္တိအမျိုးသမီးအနည်းငယ်ရှိခဲ့သော်လည်း ရလဒ်မှာ အတန်ငယ်ဝမ်းနည်းစရာကောင်းလှပေသည်။
သခင်လေးလီအား ချည်းကပ်ရန်ကြိုးစားခဲ့သောအမျိုးသမီးတိုင်းသည် ခြေလက်ကျိုးလျှင်ကျိုး၊ မကျိုးလျှင် မျက်နှာရုပ်ပျက်ဆင်းပျက်ဖြစ်ရစမြဲသာဖြစ်သည်။သခင်လေးလီမှာ ထိုမျှလောက်ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့၏ရင်ခုန်မှုအား ရပ်တန့်၍တော့မရချေ။ ထို့အပြင် သခင်လေးလီသာမက အခြားညီအစ်ကိုအားလုံး အလွန်ခန့်ညားချောမောကြပေ၏။ ဤဒုတိယသခင်လေးချီမှာ ရေပန်းအစားဆုံးဖြစ်သည်။
ဒုတိယသခင်လေးချီမှာ သီလသမာဓိဖြင့် ပြည့်နှက်နေသူဖြစ်သည်။ သူ၏အသားအရောင်သည် အနည်းငယ်အညိုရောင်သန်းနေသော်လည်း သူသည် အလွန်ပင် ဗလတောင့်၏။ သူ၏အဝတ်အစားများအောက်တွင် အလွန်ခန့်ညား၍ ယောက်ျားပီသသောခန္ဓာကိုယ်ရှိကြောင်း ခံစားမိနိုင်သည်။ ထိုကဲ့သို့ယောက်ျားမျိုးကို မည်သူက မခုန်အုပ်ချင်ဘဲ နေမည်နည်း? စိတ်မကောင်းစွာဖြင့် သူသည် သခင်လေးလီလောက် စည်းကမ်းမတင်းကြပ်သော်ငြား သူတို့၏သူဌေးလောက် အဆင်အခြင်မဲ့သောသူမဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ချီကျုံးအား ချည်းကပ်နိုင်ရန် အခွင့်အရေးမရဘဲ ရှိနေခဲ့သည်။
သို့သော် ယနေ့တွင် ထိုသို့မဟုတ်တော့ချေ။
ဤသည်မှာ ရှားပါးအခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ သူတို့သာ သခင်လေးချီအား စိတ်ပြောင်းအောင်လုပ်နိုင်လျှင် အလွန်ကောင်းပေမည်။ သူ၏တရားဝင်ရည်းစားမဖြစ်နိုင်ကြောင်း သူတို့စိတ်ထဲတွင် သိထားသော်လည်း ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးကြားမှဆက်ဆံရေးသည် ရည်းစားဆက်ဆံရေးတစ်ခုသာရှိသည်မဟုတ်ပေ။
“ဒုတိယသခင်လေး၊ ကျွန်မခွံ့ကျွေးရမလား?”
အမျိုးသမီးများ၏ ချိုသာသောအသံသည် ရပ်တန့်မှုမရှိချေ။
ချီကျုံးမျက်နှာသည် အနည်းငယ်နီမြန်းနေ၏။ ယခင်က သူတို့ညီအစ်ကိုအားလုံးဆုံစည်းချိန်တွင် နံပါတ်ခြောက်နှင့် အခြားသူများသည် မိန်းကလေးများအားခေါ်ရသည်ကို နှစ်သက်၏။ နံပါတ်လေး၊ သခင်လေးလီနှင့် သူသည် အခြားအမျိုးသမီးများအား အနားကပ်မခံခဲ့ချေ။ ယခုတွင် မိန်းကလေးများစွာက တစ်ပြိုင်နက်တည်းရောက်ချလာသည်ဖြစ်၍ အနည်းငယ်...စိတ်မထိန်းနိုင်ဖွယ်ဖြစ်သည်။
သူသည်လည်း သာမန်ယောက်ျားတစ်ဦးဖြစ်ပေသည်။ ဤအမျိုးသမီးများသည် ရိုးရိုးရှင်းရှင်းဖြင့် ညှို့ဓာတ်ပြင်းစွာ ဝတ်ဆင်ထားသည်။ သူတို့၏ရင်သားများကို ဖော်ပြထားကာ မကြာခဏဆိုသလို ထိုရင်သားများဖြင့် သူ့ကိုယ်အားပွတ်နေသဖြင့် သူအဘယ်သို့တောင့်ခံနိုင်မည်နည်း?
ကျင်းယွင်ကျောင်းသည် စိတ်ထဲတွင် ချီကျုံးအတွက် အမွှေးတိုင်တစ်တိုင်ကိုသာ တိတ်တဆိတ်ထွန်းပေးလိုက်၏။ လီရှောက်ယွင်ကဲ့သို့ အကျင့်ယုတ်သည့်အစ်ကိုတစ်ဦးရှိရသည်မှာ သူ့အတွက် အမှန်တကယ် သနားစရာကောင်းလှသည်။
“အစ်ကိုကြီး...”
ချီကျုံးမျက်မှောင်ကြုတ်ကာ လီရှောက်ယွင်အား ဝေ့ကြည့်လိုက်၏။
“ညီလေးနှစ်၊ ငါမင်းနဲ့အတူသောက်ပေးမယ်”
လီရှောက်ယွင်သည် အရက်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်းမော့ချလိုက်သည်။ ဤအရာကိုကြားလိုက်သောအခါ ချီကျုံးသည် ဖြစ်လာသမျှကို အောင့်အည်းသည်းခံ၍ ထိုအမျိုးသမီးများ ငှဲ့ပေးထားသောအရက်ကိုသာ သောက်နိုင်တော့သည်။
မိုက်ခရိုဖုန်းတစ်ခုကိုကိုင်ပြီး သီချင်းဆိုနေသောဟော်ထျန်းရှန်းသည် ထိုအရာကိုမြင်သောအခါ စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်သည်။
ဟော်ထျန်းရှန်းသည် ဒေါသတကြီးဖြင့် ဆက်လက်သီချင်းဆိုနေလိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်ကြာသောအခါ အမျိုးသမီးများထဲမှတစ်ဦးသည် သူမနှင့်အတူ စုံတွဲသီချင်းဆိုရန် လာရောက်ခဲ့လေသည်။ ထိုအမျိုးသမီးသည် ချွဲ့နွဲ့မှုအပြည့်ဖြင့် သူမ၏ဆံပင်များကိုပွတ်သပ်လိုက်သဖြင့် ဟော်ထျန်းရှန်းတစ်ကိုယ်လုံး ကြက်သီးများထသွားသည်။
စုံတွဲသီချင်း? ဤအမျိုးသမီးများသည် ချီကျုံးအား မြှူဆွယ်ရန် ဤနေရာသို့ရောက်လာကြောင်း သိသာ၏။ သူမသည် ဟော်မိသားစု၏အကြီးဆုံးသမီးဖြစ်ပေသည်။ သူမကဲ့သို့လူမျိုးက ချီကျုံးဟူသောယောက်ျားတစ်ဦးအတွက်နှင့် အဘယ်ကြောင့် အခြားမိန်းမတစ်ဦးနှင့် သီချင်းအတူတွဲဆိုရမည်နည်း?
သူမသည် မိုက်ခရိုဖုန်းအား စားပွဲပေါ်သို့ ဒုန်းခနဲချကာ ကျင်းယွင်ကျောင်းနံဘေးတွင် ဒေါသတကြီးဖြင့် ထိုင်ချလိုက်၏။
လီရှောက်ယွင်မှာမူ ၎င်းကိုဂရုမစိုက်ချေ။ သူသည် ချီကျုံးအား တစ်ခွက်ပြီးတစ်ခွက်တိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းတွင် အရက်ပြင်းတစ်ပုလင်းလုံး ကုန်လုနီးပါးရှိသွားလေသည်။ လီရှောက်ယွင်၏မျက်လုံးများမှာ ကြည်လင်နေသော်လည်း သူ၏ခန္ဓာကိုယ်တွင် အရက်နံ့များ နံဟောင်နေ၏။ ချီကျုံး၏အခြေအနေမှာ ပိုဆိုးပေသည်။ သူ၏မျက်လုံးသည် ယခင်ကထက် မျက်ဖြူဆိုက်နေပြီး ထိုင်နေသောနေရာတွင် အနည်းငယ်ဒယီးဒယိုင်ဖြစ်နေ၏။
သို့ရာတွင် အရက်များစွာသောက်ပြီးနောက် သူ၏ဘေးနားတွင်ရှိနေသော အမျိုးသမီးများမှာလည်း ပို၍ရဲတင်းလာတော့သည်။ သူတို့၏လက်ချောင်းသွယ်သွယ်များသည် ချီကျုံး၏ခန္ဓာကိုယ်အနှံ့လှုပ်ရှားသွားတော့၏။ ချီကျုံး၏နဖူးပေါ်ရှိ သွေးကြောများ ထောင်တက်လာပြီး သူ့ကြည့်ရသည်မှာ အချိန်မရွေးပေါက်ကွဲထွက်တော့မည့် သားရဲအရိုင်းတစ်ကောင်နှယ်ဖြစ်နေပေသည်။