← Chapters

အခန်း (၈၃၆-၈၃၇)

Vol. 49 Ch. 836-837

အခန်း (၈၃၆-၈၃၇)

Vol. 49 Ch. 836-837

Chapter 836

အတောင်ပံ ၈ခု အိန်ဂျယ် ၄

“ဒါက တကယ်ရော ဖြစ်နိုင်လို့လား”

ကျိုးကျင်းက မယုံကြည်နိုင်သလို ကြည့်ကာ မေးလိုက်သည်၊၊

“အဝေးကြီးမှာ ရှိနေရင်ကော”

“ဘယ်လောက်ထိ ဝေးမှာလဲ” လင်းရှန်က ပြန်မေးသည်။

ကျိုးကျင်း ပြန်မဖြေနိုင်ခင်မှာပဲ ကီကီက လက်ထဲက လက်ကိုင်terminalကို ကိုင်ရင်း တည်ငြိမ်သော အမူအယာနဲ့ ရှေ့တိုးလာပြီး ပြောလိုက်သည်။

“ဒါက ရိုးရှင်းပါတယ်။ ကောင်းကင်အကာကွယ်ကို မထိုးဖောက်ခင် လွှတ်တင်မှုအစီအစဉ်တစ်ခုကို တည်ဆောက်မယ်ဆိုရင် ကြယ်သင်္ဘောရဲ့ အရှိန်၊ လွှတ်တင်မယ့် အချိန်၊ ဂြိုဟ်ရဲ့ ကွေးညွှတ်မှုနဲ့ လိုင်းပြတ်တောက်မှုတွေကို ထည့်တွက်ရမယ်။ ကျွန်မတို့မှာရှိတဲ့ အင်ဂျင်အဆင့်အတန်းနဲ့ဆိုရင် ကီလိုမီတာ ၁၀၀၀ အတွင်းမှာ ချိတ်ဆက်လို့ ရနိုင်ပေမဲ့ အမှောင်ကျူးကျော်မှုကြောင့် မြေပြင်နဲ့ အဆက်အသွယ်ပြတ်နေတာကို ထည့်တွက်ရင်တော့ ကီလိုမီတာ ၅၀ အတွင်းမှာပဲ ရှိသင့်တယ်။ ပိုပြီး စိတ်ချရအောင်ဆိုရင်တော့ ၃၀ ကီလိုမီတာက အကောင်းဆုံးပဲ”

ချီနို မျက်လုံးများ တောက်ပသွားသည်၊၊

“မှန်တယ်၊ ရှေ့တန်းစီမံကိန်းလို အရေးကြီးတဲ့ အစီအစဉ်မျိုးက နည်းပညာပိုင်းကန့်သတ်ချက်တွေအရ ကြယ်ဆိပ်ကမ်းနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ရှိနေမှာ သေချာတယ်”

ချူယန်က လင်းရှန်ကို ကြည့်ပြီး မေးလိုက်သည်၊၊

“ဒါဆို နင်က အခု ဘာလုပ်ဖို့ စဉ်းစားထားလဲ”

လင်းရှန်သည် ချက်ချင်းပင် အမွှာကြယ်မျှော်စင်၏ အောက်ထပ်သို့ ပြေးဆင်းသွားရာ တစ်ဖွဲ့လုံးလည်း နောက်ကနေ လိုက်ပါသွားကြသည်။

မကြာမီမှာပင် သူတို့အဖွဲ့သည် ယခင်က မြို့ပတ်လမ်း၏ လိုင်းထိန်းချုပ်ရေးခန်းသို့ ရောက်ရှိသွားသည်။ ထိုနေရာသည် ဒုံးပျံလွှတ်တင်ရေးခန်းမကြီးနှင့် တူပြီး ယခင်က အစိုးရ၏ အရေးကြီးနယ်မြေဖြစ်ခဲ့သော်လည်း ယခုအခါ စွန့်ပစ်ခံထားရ၍ ဟာလာဟင်းလင်းဖြစ်နေသည်။

အတွင်းသို့ ရောက်သည်နှင့် လင်းရှန်က ချက်ချင်း ပြောလိုက်သည်။

“ခေါင်းဆောင်ကျိုးနဲ့ ခေါင်းဆောင်ချီက လူတွေကို ခေါ်ပြီး လိုင်းထိန်းချုပ်တဲ့ စက်တွေနဲ့ ဆက်ကြောင်းတွေကို စစ်ဆေးပေးပါ။ ပျက်စီးတာတွေ့ရင် ကျုပ်ကို ပြောပါ၊၊ ကျုပ်ချက်ချင်း ပြုပြင်လိုက်မယ်။ ကီကီ၊ မင်းကတော့ လူရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေကို ကူညီပေးပါ”

“ချူယန်၊၊ မင်းနဲ့ မင်းအဖွဲ့က ဒီနေရာကို ရှင်းလင်းရေးလုပ်ပေးပါ။ ပြီးတော့ ငါတစ်မြို့လုံးကို စကင်ဖတ်ပြီး ရှာဖွေတဲ့အခါ အချိန်နဲ့ အင်အား အများကြီးသုံးရလိမ့်မယ်။ မြို့ပတ်လမ်းက ထွက်လာတဲ့ စွမ်းအင်တွေကြောင့် ကောင်းကင်မှာရှိတဲ့ မွန်းစတားတွေ ရောက်လာနိုင်တယ်။ ငါရှာလို့မတွေ့မချင်း စက်ပစ္စည်းတွေကို ကာကွယ်ပေးထားဖို့ လိုမယ်”

“စိတ်ချပါ” ကီကီက ချက်ချင်း ပြန်ဖြေသည်။

ချူယန်နှင့် အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည်။

“နားလည်ပြီ”

“အခုပဲ စလိုက်ကြရအောင်”

ရောက်ရှိနေသူများမှာ အစွမ်းထက်သည့် အထူးအဖွဲ့ဝင်များဖြစ်ကြသဖြင့် လင်းရှန်၏ စီစဉ်မှုအတိုင်း အသီးသီးလှုပ်ရှားလာကြသည်။ တိုက်ခိုက်ရေးအဖွဲ့များက ကာကွယ်ရေးစခန်းများ ချထားပြီး သတင်းအချက်အလက် ကျွမ်းကျင်သူများနှင့် စွမ်းအားရှင်များက လင်းရှန်ကို ကူညီလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုကို ဖွင့်ကာ ဂရေ့စ်နှင့် ဒရုန်းအစင်းပေါင်းရာချီကို ထုတ်လွှတ်လိုက်သည်။ ထိုဒရုန်းများထဲတွင် ကိုယ်တိုင်ထုတ်လုပ်ထားသည်များရော ချင်ဖုန်းနှင့် တိုက်ခိုက်စဉ်က သိမ်းဆည်းခဲ့သည်များပါ ပါဝင်သည်။ ထို့ပြင် တည်ဆောက်ရေးဒရုန်းတစ်ရာကျော်သည်လည်း အဖွဲ့ဝင်များနှင့်အတူ မြို့ပတ်လမ်းကို စစ်ဆေးပြုပြင်ရန် ပူးပေါင်းဆောင်ရွက်ကြသည်။

ခဏအတွင်းမှာပင် လူတစ်ရာပင်မပြည့်သော ထိုအဖွဲ့သည် စစ်တပ်တစ်ခုလုံး၏ လုပ်ဆောင်နိုင်စွမ်းမျိုးကို ပြသကာ လျင်မြန်ထိရောက်စွာ လှုပ်ရှားနေကြသည်။

မြို့ပြင်တွင် မီးဟုန်းဟုန်းတောက်ပြီး ပေါက်ကွဲသံများ ကောင်းကင်ယံသို့ ပျံ့လွင့်နေသော်လည်း မြို့ပတ်လမ်း ထိန်းချုပ်ရေးခန်းမအတွင်းမှာမူ မီးချောင်းများ လင်းထိန်နေကာ ပေရာချီမြင့်သော မြို့ပတ်လမ်းကြီးမှာ ဒရုန်းများနှင့် အဖွဲ့ဝင်များ၏ ပြုပြင်မှုဖြင့် ပြန်လည်အသက်ဝင်လာသည်။

“ပထမပတ်လမ်း၊ လိုင်းကူးစက် QSR-7 သုံးလုံး ပျက်စီးနေတယ်”

“ဒုတိယပတ်လမ်း၊ ပင်မလျှပ်စစ်ကြိုး အရည်ပျော်နေပြီး လှိုင်းညှိစနစ်တွေ လွဲနေတယ်”

“တတိယပတ်လမ်း၊ လည်ပတ်တဲ့ အပိုင်း လုံးဝ စစ်နေတယ်”

“စတုတ္ထပတ်လမ်း၊ B-41 ထောက်တိုင်မှာ ၁.၂ မီတာလောက် အက်ကြောင်းတွေ့တယ်။ ဒါက အဓိကတည်ဆောက်ပုံ ပျက်စီးတာပဲ။ အားဖြည့်ထားမှ စိတ်ချရမယ်၊ မဟုတ်ရင် စက်အပြည့်အဝ လည်ပတ်တဲ့အခါ ပြိုကျသွားနိုင်တယ်”

“ပဉ္စမပတ်လမ်း၊ ထိန်းချုပ်မျှော်စင်က အပိုင်းတစ်ခု လောင်ကျွမ်းသွားတယ်”

“ဆဋ္ဌမပတ်လမ်း...”

“သတ္တမပတ်လမ်း...”

မြို့ပတ်လမ်း၏ လမ်းကြောင်း ၁၂ ခုလုံးတွင် မီးရောင်စုံများ လင်းထိန်လာပြီး လင်းရှန်သည် သူ၏ ယန္တရားစွမ်းအားကို သုံးကာ ဗဟိုထိန်းချုပ်စနစ်သို့ စကင်ဖတ်ပြီး ချိတ်ဆက်လိုက်သည်။ ရေဒါစနစ်ကို သုံးပြီး စကင်ဖတ်နိုင်စွမ်းမြှင့်တင်ခြင်းမှာ ယခုက ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခင်ကမူ သူ၏ စိတ်စွမ်းအားက ထိုမျှကြီးမားသော ဝန်ပိခြင်းကို မခံနိုင်ခဲ့ပေ။

သို့သော် ယခုအခါ လင်းရှန်တွင် စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း ရှိနေပြီ ဖြစ်သည်။ သူသည် အသေးစိတ် စကင်ဖတ်စရာမလိုဘဲ အဖြူရောင်မြို့ သုတေသနဌာနတွင် ရှာဖွေခဲ့သကဲ့သို့ ယန္တရားပစ္စည်းများကို အာရုံခံရှာဖွေရုံသာ ဖြစ်သဖြင့် လက်တွေ့တွင် ဖြစ်နိုင်ခြေ ရှိသည်။

“ကျွန်မ ကူညီနိုင်တာရှိလား” လူတိုင်း အလုပ်ရှုပ်နေစဉ် ရှီဇီက မရဲတရဲမေးလိုက်သည်။

“မင်းက အများကြီးကူညီနိုင်တာပေါ့” လင်းရှန်က သူမကို ကြည့်ကာ ချက်ချင်းပြောလိုက်သည်။

“ငါက တစ်မြို့လုံးကို အင်အားအများကြီးသုံးပြီး အကြာကြီး ရှာဖွေရမှာမို့ မင်းရဲ့ စွမ်းအားနဲ့ ငါ့ကို ကူညီပေးဖို့ လိုတယ်။ရမလား”

လင်းရှန်၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ရှီဇီက ပြတ်သားစွာ ခေါင်းငြိမ့်လိုက်သည်၊၊

“ဟုတ်ကဲ့၊ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”

အချိန်များကုန်ဆုံးသွားပြီးနောက် မြို့ပတ်လမ်း ပြုပြင်မှုမှာ ထင်ထားသည်ထက် ပိုမြန်နေသည်။ ထိုစဉ် လင်းရှန်ဆီသို့ ကျန်းယွမ်ထံမှ သတင်းစကား ရောက်လာသည်။

ကျန်းယွမ်သည် ကျန်းရှု့ဝေ၊ မီးတောက်၊ မိုနီကာတို့နှင့်အတူ ညကင်းလှည့်အဖွဲ့ဝင်အချို့ကို သိမ်းသွင်းကာ ဟုန်ယွမ် စီးပွားရေးမဟာမိတ်၊ ခေတ်သစ်အင်ဂျင်နီယာအဖွဲ့နှင့် သံမဏိအကာကွယ်အဖွဲ့ဝင်ဟောင်းများကို စုစည်းပြီး ငွေကြယ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ကြယ်မြို့တော် ဂြိုလ်ပတ်ဘူတာတွင် လူပေါင်းနှစ်သောင်းကျော် စုမိနေပြီး အပြင်မြို့မှ ကျန်းရှု့ဝေနှင့် ကျန်းဇီယန်တို့ ခေါ်လာသော လူများနှင့်ပေါင်းပါက ခုနစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။

“ကျင်းဟိုင်ဘက်ကတော့ ဘာသတင်းမှ မရသေးဘူး။ ဒရုန်းတွေ လွှတ်ပြီး ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ လိုင်းတွေ အကုန်ပြတ်နေတယ်”

ကျန်းယွမ်၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။

ထိုစဉ် ကျန်းရှု့ဝေ၏ အသံ ထွက်ပေါ်လာသည်။

“လင်းရှန်၊ နေထွက်ပြီးတာနဲ့ အနန္တရထားနဲ့ ကောင်းကင်အမိုးခုံးရထားက ဝင်လာရတော့မယ်။ ဟိုဘက်က အစောင့်တပ်နဲ့ ညှိနှိုင်းရမယ်၊၊ အဆင်မပြေရင်တော့ မြို့ထဲက ချက်ချင်းထွက်ပြီး ချင်းပိုဘက်ကို ပြောင်းရလိမ့်မယ်”

“ဒါဆို ဒုကွပ်ကဲမှူးကျန်းပဲ စီစဉ်လိုက်တော့… ငါ့ဘက်ကတော့ နေမထွက်ခင်အထိ ပြီးမှာမဟုတ်ဘူး”

လင်းရှန် အချိန်ကို ကြည့်လိုက်သည်။ အာရုဏ်ဦး စီမံကိန်း လွှတ်တင်မည့်အချိန်မှာ မနက်ဖြန် မနက် ၁၀ နာရီ ဖြစ်ပြီး တွင်းနက်ပျံ့နှံ့လာပုံအရဆိုလျှင် နေထွက်ချိန်အထိ တောင့်ခံနိုင်ဖို့ပင် မသေချာပေ။

ည ၈ နာရီ ၂၅ မိနစ်၊ အာရုဏ်ဦးမြို့တော်၏ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး လူသားပုံစံ သတ္တဝါကြီးများပင် မြို့ရိုးပေါ်သို့ စတင်တွယ်တက်နေပြီ ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း။

လေဟာနယ်ဗုံးများ၊ နူကလီးယားလက်နက်ငယ်များနှင့် လေထုဖိအားပြင်းဗုံးများ ပေါက်ကွဲသံမှာ ခဏခဏ ထွက်ပေါ်နေပြီး မြေကြီးကို တုန်ခါစေသည်။ ဤသည်မှာ A အဆင့် သို့မဟုတ် အထူးအဆင့် သတ္တဝါများကို နှိမ်နင်းရန် သိမ်းဆည်းထားသော လက်နက်ကြီးများ ဖြစ်သည်မှာ သေချာသည်။

ထိုအဆင့်ရှိ သတ္တဝါများသည် ကာကွယ်ရေးစွမ်းအင်စက်ကွင်းများ သို့မဟုတ် ဒဏ်ရာပြန်လည်ကုသနိုင်စွမ်းများ ရှိကြသဖြင့် မဟာဗျူဟာမြောက် လက်နက်ကြီးများဖြင့်သာ ဖိနှိပ်ထားနိုင်သည်။

နောက်ဆုံးတွင် မြို့ပတ်လမ်း ပြုပြင်မှု ပြီးဆုံးသွားသည်။ အဖွဲ့ဝင်များသည် အမွှာကြယ်မျှော်စင်နှင့် မြို့ပတ်လမ်း နေရာအသီးသီးတွင် ကာကွယ်ရေးဖွဲ့စည်းလိုက်ကြပြီး ထိန်းချုပ်ခန်းထဲတွင် လင်းရှန်၊ ချူယန်နှင့် ရှီဇီတို့သာ ကျန်ရစ်ခဲ့သည်။

ဝူး ဝူး ဝူး။

လင်းရှန်၏ နောက်ကျောတွင် သက်တန့်ကွင်းသုံးခု လင်းထိန်လာသည်။

ကြီးမားသော စွမ်းအင်များ တိုးထွက်လာသည်နှင့်အမျှ ဧရာမ မျက်နှာပြင် ၂၄ ခုပါသော ထိန်းချုပ်စနစ်တွင် နဂါးနိုင်ငံ အာကာသအဖွဲ့၏ တံဆိပ် လင်းတက်လာသည်။ လင်းရှန်သည် ဖုန်တက်နေသော ထိုင်ခုံတွင် ထိုင်ကာ မြို့ပတ်လမ်း စွမ်းအင်မြင့်လှိုင်းထုတ်လွှတ်မှုကို စတင်ရန် ပြင်ဆင်လိုက်သည်။

ဝီ။

အာရုဏ်ဦးမြို့တော်၏ ကောင်းကင်ယံအထက်တွင် ကြီးမားသော အလင်းတန်းကြီးတစ်ခုသည် ရုတ်တရက် လင်းထိန်သွားသည်။ ထိုအလင်းတန်းမှာ အမွှာကြယ်မျှော်စင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး မြို့ပေါ်တွင် နတ်ဘုရားအလင်းများရစ်ဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။

ဤခန့်ညားထည်ဝါသော မြင်ကွင်းကြောင့် မြို့ထဲရှိ သန်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများ အံ့အားသင့်သွားကြပြီး ကောင်းကင်ကို မော့ကြည့်ကာ အော်လိုက်ကြသည်။

Chapter 837

အတောင်ပံ ၈ခု အိန်ဂျယ် ၅

“ကြည့်စမ်း၊ မြို့ပတ်လမ်းကြီး လင်းလာပြီ”

“ဘာတွေ ဖြစ်ကုန်တာလဲ”

“အမွှာကြယ်မျှော်စင်ကြီး လင်းလာပြီဟေ့”

ဖက်ဒရေးရှင်းကောင်စီပြိုကွဲပြီးနောက်ပိုင်း စွန့်ပစ်ခံထားရသလို မှောင်မည်းနေသော ဤမြို့ကြီးသည် ဤအချိန်တွင်မှပင် အသက်ဝင်လာသကဲ့သို့ ရှိနေသည်။ နည်းပညာမြင့် စက်မှုအလင်းတန်းကြီးမှာ ကောင်းကင်ယံကို လင်းထိန်သွားစေသည်။

မြို့ပြင်နှင့် မြို့ရိုးပေါ်တွင် အသက်လုတိုက်ပွဲဝင်နေကြသော အစောင့်တပ်များနှင့် လူထုမှာလည်း ကြောက်စိတ်များ လျော့ပါးသွားကာ ပို၍ ရဲရဲဝံ့ဝံ့တိုက်ခိုက်လာကြသည်။

“တိုက်ကြဟေ့၊ ဒါ ငါတို့ လူသားတွေရဲ့ ပင်မမြို့တော်ကွ”

“ငါတို့ မိသားစုတွေနဲ့ ကလေးတွေ မြို့ထဲမှာ ရှိနေတယ်၊ သတ္တဝါတွေကို မြို့ရိုးထဲ အဝင်မခံနဲ့”

“အစောင့်တပ်က ငါတို့အတွက် အသက်စွန့် တိုက်နေကြတယ်၊၊ ငါတို့လည်း ဝိုင်းတိုက်ကြမယ်”

“ဖာ့ခ်….သေချင်းဆိုးတွေ လာခဲ့ကြစမ်း”

အမွှာကြယ်မျှော်စင်တွင် သူ၏ အာရုံကြောစနစ်မှာ ရေဒါစနစ်နှင့် ချိတ်ဆက်ထားသဖြင့် ရှေ့မှ မြင်ကွင်းများမှာ ဒေတာစီးကြောင်းများအဖြစ် ပြိုကွဲသွားသည်။ သူ၏ အသိစိတ်မှာ မိုးမျှော်တိုက်ကြီးများ၏ သံမဏိကိုယ်ထည်များကို ဖြတ်ကျော်ကာ မှန်နံရံများကို အလင်းဖောက်မြင်နိုင်သလို မြင်နေရသည်။ ဓာတ်လှေကားတွင်းမှ ကျည်ဆန်ရာများ၊ မြွေသေများကဲ့သို့ တွဲလောင်းကျနေသော ဝိုင်ယာကြိုးများကို ကျော်ဖြတ်ကာ လင်းရှန်သည် ဒေတာစီးကြောင်းအတိုင်း မြေအောက် B7 ကားပါကင်ကို ဖြတ်ကျော်ပြီး မှောင်မည်းနေသော မြေအောက် သယ်ယူပို့ဆောင်ရေးဥမင်အတွင်းသို့ ထိုးဆင်းသွားသည်။ ထိုနေရာတွင် သံလိုက်ပတ်လမ်းများစွာက ခဲယမ်းမီးကျောက်များကို အရှိန်အဟုန်ဖြင့် သယ်ဆောင်နေကြသည်။

မြို့ထဲရှိ ဒုတိယမြို့ရိုးတွင် လက်နက်ကြီးများက ကောင်းကင်သို့ ဦးတည်ထားပြီး ကျည်ဆန်များမှာ ပန်းပွင့်များအလား ပွင့်ထွက်နေသည်။ အသိစိတ်မှာ ခရိုင်ဟောင်းများဆီသို့ ရောက်သွားသောအခါ လူပေါင်းသန်းချီ၏ စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။ မြေအောက်ခန်းထဲတွင် သက်ကြီးရွယ်အိုများက ကလေးများကို ဖက်ထားကြပြီး အမျိုးသမီးများက ဈေးဝယ်လှည်းများဖြင့် ခံစစ်ပြင်နေကြကာ ကလေးငယ်များ၏ ငိုသံနှင့် ဇနီးသည်များ၏ မျက်ရည်များကို လင်းရှန် မြင်တွေ့နေရသည်။

စကင်ဖတ်သည့် နယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ လင်းရှန် ခံစားရသည့် ဖိအားမှာလည်း တိုးလာသည်။ ဘေးမှ ရှီဇီက သူမ၏ စွမ်းအားကို အပြည့်အဝသုံးပြီး ကူညီပေးနေသဖြင့် ဖိအားအနည်းငယ် လျော့သွားကာ လင်းရှန် အံကြိတ်၍ ဆက်ကြိုးစားလိုက်သည်။

အချိန်များ နှေးကွေးသွားသကဲ့သို့ ခံစားရပြီး အပြင်မှ ပစ်ခတ်သံများနှင့် ဆက်သွယ်ရေးစက်ထဲမှ ကျိုးကျင်း၊ ချီနိုတို့၏ အသံများကို သူ မကြားရတော့ပေ။

သူ၏ အသိစိတ်မှာ နောက်ဆုံးတွင် ပထမမြို့ရိုးဆီသို့ ရောက်သွားပြီး မြေအောက်ပိုက်လိုင်းကြီးများကို ကျော်ဖြတ်ကာ အမှောင်ထုနှင့် သေခြင်းတရားများ၊ ရာနှင့်ချီသော အလောင်းများကို မြင်တွေ့လိုက်ရသည်။

ပထမမြို့ရိုးကို ကျော်လွန်သွားသောအခါ ကြောက်မက်ဖွယ် သန္ဓေပြောင်းမွန်းစတားများ၏ မျက်နှာများကို မြင်လိုက်ရသည်။ ၎င်းတို့သည် လူသားတို့၏ သွေးသားကို အတားဆီးမရှိ ဝါးမျိုနေကြသည်။

လင်းရှန်သည် မြေအောက်ထဲသို့ အပြည့်အဝ ထိုးဆင်းလိုက်ရာ ယခင်က ဖုံးကွယ်ထားသော လျှို့ဝှက်လမ်းကြောင်းအများအပြားကို တွေ့လိုက်ရသည်။ ဤလမ်းကြောင်းများမှာ ကျိုးကျင်း၏ မြေပုံတွင် မပါရှိဘဲ ကမ္ဘာပျက်ကပ်နောက်ပိုင်းမှ ဖောက်လုပ်ထားပုံရသည်။ ထိုလမ်းကြောင်းများအတိုင်း လိုက်သွားရင်း လင်းရှန်၏ အသိစိတ်မှာ ပြင်းထန်သော နာကျင်မှုကို အံတုကာ မြေအောက်မြို့ကြီးကို တွေ့ရှိသွားသည်။

ထိုမြေအောက်မြို့သည် တစ်ဝက်တစ်ပျက်နှင့် စွန့်ပစ်ခံထားရသော်လည်း ယခုအခါ ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်းအဖြစ် ပြောင်းလဲထားသည်။

ထိုနေရာတွင် ဒရုန်းများနှင့် လက်နက်ကိုင်အစောင့် အများအပြား ရှိနေပြီး ၎င်းတို့မှာ အာရုဏ်ဦးမြို့တော်မှ လူများ မဟုတ်ကြပေ။ ထောက်ပံ့ရေးပစ္စည်းများနှင့် စက်ကိရိယာအမြောက်အမြားကို ထိုနေရာသို့ သယ်ယူပို့ဆောင်နေကြသည်။ စက်ဝိုင်းပုံ မြေအောက်မြို့၏ အောက်ခြေတွင် လင်းရှန်သည် S-Class အဆင့် မြူမီးခိုးမွန်းစတားကို နောက်ဆုံး၌ တွေ့လိုက်ရသည်။

ထိုမြူမီးခိုးမွန်းစတားသည် ကျင်းဟိုင်အောက်မှ A အဆင့် သတ္တဝါကဲ့သို့ပင် ဧရာမ ဟိုက်ဒရောလစ် ထောက်တိုင်ကြီးတွင် မတ်တတ်အချည်ခံထားရသည်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးတွင် ယူနစ် ၀၁ ယန္တရားစက်ရုပ်ကြီးကဲ့သို့ သံချပ်ကာများ တပ်ဆင်ထားရာ လူသားတို့ ဖမ်းဆီးထားသော ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့်ပင် တူနေလေသည်။ ဦးခေါင်းနှင့် နောက်စေ့တွင် ဦးနှောက်ထိန်းချုပ်စနစ်များကို တပ်ဆင်ထားပြီး ကျောရိုးထဲသို့လည်း ထိန်းချုပ်တံ ၂၄ ချောင်းကို ဓားများကဲ့သို့ စိုက်ထားကာ ပိုက်လိုင်းများမှတစ်ဆင့် အညိုရောင် အရည်များကို သွင်းပေးနေသည်။

၎င်း၏ ပျက်စီးနေသော အရိုးနှင့် အသားစများကို စက်ပစ္စည်းများဖြင့် အားဖြည့်ထားပြီး လည်ပင်းနှင့် အဆစ်များတွင်လည်း အနီရောင်သံကွင်းများဖြင့် ချည်နှောင်ထားသည်။ ဤသံချပ်ကာဝတ်စုံမှာ သတ္တဝါကို ကာကွယ်ရန် မဟုတ်ဘဲ ၎င်းကို ထိန်းချုပ်ရန်သာ ဖြစ်သည်။ ထိုကိရိယာများကို စွမ်းအင်ပေးရန်အတွက် ရင်ဘတ်တွင်မူ ဧရာမ နူကလီးယားအင်ဂျင်ကို တပ်ဆင်ထားသည်။

ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်း၏ နောက်ကျောတွင် ပေရာချီ ရှည်လျားသော ပလာစမာ အရှိန်မြှင့်စက် ၈ ခုကို တပ်ဆင်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အင်ပါယာပရောဂျက်မှ ယူနစ် ၀၁ ယန္တရားစက်ရုပ်ကြီးထက် သုံးဆခန့် ပိုကြီးမားသည်။

ကြည့်ရသည်မှာ အတောင်ပံ ၈ ခုပါသော အိန်ဂျယ်တစ်ပါးနှင့်ပင် တူနေလေသည်။

“တွေ့ပြီ”

လင်းရှန် ထိတ်လန့်တကြား အော်ပြောလိုက်မိသည်။ S-Class အဆင့် သတ္တဝါအလောင်းနှင့် လူသားတို့၏ စက်မှုပညာကို ပေါင်းစပ်ထားသော ဤဧရာမ ယန္တရားကြီးမှာ သူတို့ ရှာဖွေနေသည့် ကောင်းကင်အကာအကွယ်ချိုးဖျက်ကိရိယာပင်။

“လင်းရှန်... လင်းရှန်”

နားထဲတွင် တစီစီအသံများ ဆူညံနေပြီး လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားသလို ခံစားချက်ကြောင့် လင်းရှန် ခေါင်းတစ်ခုလုံးနောက်ကျိသွားလေသည်။ နားထဲမှ ခေါ်သံမှာ တဖြည်းဖြည်း ကြည်လင်လာပြီး လင်းရှန်၏ အမြင်အာရုံများ ပြန်လည်တည်ငြိမ်လာသည်။ ရှေ့တွင်ရှိသော စက်ကိရိယာမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ၏ စူပါစထရင်း နူဓာတ်ပြုစွမ်းရည်အား ပိတ်လိုက်သည်နှင့် မြို့ပတ်ကွင်း၏ ဗဟိုထိန်းချုပ်ရေးခန်းမှာ တစ်ဖန် ပြန်၍ မှောင်အတိ ကျသွားပြန်သည်။ အပြင်ဘက်တွင်မူ အမြောက်သံများ ဆက်တိုက်ကြားနေရပြီး ချူယန်၏ ခေါ်သံများလည်း ထွက်ပေါ်နေ၏။

“ဘယ်လိုလဲ”

လင်းရှန်၏ မျက်နှာသွေးရောင်ပြန်လွှမ်းလာသည်ကို မြင်သောအခါ ချူယန်က ချက်ချင်း မေးလိုက်သည်။

လင်းရှန် အကြိမ်အနည်းလောက် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အချိန်ကို ကြည့်လိုက်ရာ ၈ နာရီ ၃၆ မိနစ် ရှိနေပြီဖြစ်သည်။ မြို့တစ်ခုလုံးကို စကင်ဖတ် ရှာဖွေမှုမှာ ဆယ်နာရီကျော်ပင် ကြာမြင့်ခဲ့၏။

“ရှာတွေ့ပြီ။ အာရုဏ်ဦးမြို့ရဲ့ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာ အကွာက E ဇုန်၊ မြို့အပြင်ဘက်မှာပဲ။ အဲဒါက အမှတ် ၂ မြေအောက်မြို့တော် အခြေစိုက်စခန်းဟောင်းပဲ။ အခုတော့ ဧရာမနတ်ဘုရားတောင်ထိပ် လွှတ်တင်ရေးစခန်းလို့ ခေါ်တဲ့နေရာ ဖြစ်နေပြီ”

လင်းရှန်က အာရုံစူးစိုက်ကာ သတင်းအချက်အလက်များကို အမြန်ပြောပြလိုက်သည်။

“အဲဒီမှာ အနီရောင်ကမ္ဘာက လူတွေလည်း ရှိနေတယ်။ ဦးနှောက်ဆဲလ်တွေ တင်မကဘူး။ သူတို့က... S-Class သတ္တဝါတစ်ကောင်လုံးကို အာကာသထဲ လွှတ်တင်ပြီး အကာအကွယ်ဖျက်ဆီးရေး ကိရိယာအဖြစ် သုံးဖို့ ကြံစည်နေကြတာပဲ”

ထိုစကားကို ကြားသည်နှင့် ချူယန်က နားကြပ်ကို ချက်ချင်း ဖိလိုက်သည်။

“E ဇုန်ဘက်ကို ၃၅ ကီလိုမီတာ ဦးတည်မယ်။ ဧရာမနတ်ဘုရားတောင်ထိပ်ကို အခုချက်ချင်း ချီတက်မယ်”

အုန်း အုန်း အုန်း။

မျှော်စင်အပြင်ဘက်တွင် အမြောက်သံများက ကောင်းကင်ယံတစ်ခုလုံး တုန်ဟိန်းနေစေသည်။ ထိုစဉ် ကျိုးကျင်း၏ အသံမှာ နားကြပ်ထဲမှ ထွက်ပေါ်လာသည်။

“နားလည်ပြီ။ ကျုပ်တို့ မြေအောက်ကွန်ရက်ကနေ လာနေပြီ”

“အပြင်မှာ တိုက်ပွဲက မပြီးသေးဘူးလား”

လင်းရှန် သတိပြန်ဝင်လာကာ အံ့သြတကြီး မေးလိုက်မိသည်။

“တွင်းနက် သုံးခုကနေလာတဲ့ ဝင်ရိုးစွန်းညက အရှိန်ဟုန်နဲ့ နီးကပ်လာနေတယ်။ သန္ဓေပြောင်းမွန်းစတားတွေက တစ်ညလုံး တိုက်ခိုက်နေကြတယ်။ အခု သံမဏိအစောင့်တပ်ရင်း ၈၃ နဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်ကို စစ်ကူသွားပေးနေရပြီ”

ချူယန်က ကီကီကို ချက်ချင်း ညွှန်ကြားလိုက်သည်။

“သူ့ကို ဂရုစိုက်လိုက်ဦး”

ပင်ပန်းနွမ်းနယ်နေပုံရသော ကီကီသည် ယခုအခါ မျှော်စင်ထိပ်တွင် ရောက်ရှိနေသည်။ ထိုနေရာတွင် လခြမ်းကွေးစစ်ဆင်ရေးအဖွဲ့များသာမက ကောင်းကင်တိုက်ခိုက်မှုများကို ခုခံရန် မြို့စောင့်တပ်များကိုလည်း အမြောက်အမြား နေရာချထားသည်။

“ငါ အဆင်ပြေပါတယ်”

လင်းရှန်က ရှီဇီကို တစ်ချက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ချူကျောက်နန် ပေးထားသော ထိန်းချုပ်ရေးသော့ကို ထုတ်ယူလိုက်ပြီး ချူယန်ကို ပြောလိုက်သည်။

“ငါလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်။ သူတို့မှာ ဦးနှောက်-ယန္တရား ဆက်သွယ်ရေးကိရိယာ ရှိတယ်။ အဲဒါ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တာမျိုး မလုပ်မိအောင် ငါတားနိုင်တယ်”

ထိုအချိန်တွင် ချီနို၏ ညလမ်းလျှောက်သူအဖွဲ့ဝင်များက တိုက်ခိုက်ရင်း အတွင်းထဲသို့ ရောက်ရှိလာကြသည်။

“မြန်မြန်လုပ်ကြ။ အချိန်သိပ်မကျန်တော့ဘူး”

All Chapters