အခန်း (၈၄၄-၈၄၅)
Vol. 49 Ch. 844-845
Chapter 844
လွှတ်တင်ခြင်း ၂
“သူ့ကို အလွတ်မပေးနဲ့”
စကားဆုံးသည်နှင့် ဘေးတစ်ဖက်တစ်ချက်စီရှိ မီးလျှံများထဲမှ ထူးဆန်းသောလူသားများ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရှန်၏ အဖွဲ့ကို တိုက်ခိုက်လိုက်ကြသည်။
ကလန်။
ကျိုးကျင်းသည် ကျည်ဆန်တစ်ကတ် ကုန်အောင် ပစ်ခတ်ပြီးနောက် ပြေးဝင်လာသော အမည်းရောင်အရိပ်တစ်ခုကို ရင်ဆိုင်ရန် ရှေ့သို့ တိုးထွက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ငွေနက်ရောင် သံမဏိအရေပြားအဖြစ် ပြောင်းလဲသွားပြီး သံမဏိဖြောင့်လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးနှက်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး ကျိုးကျင်း၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်မှာ လှိုင်းများ ထသွားသည်။ သူ မော့ကြည့်လိုက်သောအခါ အရေပြားနှင့် သံမဏိဝတ်စုံ တစ်သားတည်းဖြစ်နေသလိုရှိသည့် သံချပ်ကာဝတ်လူမည်းကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ သွေးရောင်မျက်လုံးများမှာ မှိန်ဖျော့စွာ လင်းလက်နေပြီး နောက်တစ်ခဏတွင်တော့ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကြောင့် ကျိုးကျင်းနောက်သို့ လွင့်ထွက်သွားရသည်။
“ဟူး”
ကျိုးကျင်းက တစ်ချက်ညည်းတွားလိုက်ပြီး အမြန်ပင် ဆက်သွယ်လိုက်သည်။
“ရှောင်ယန်... လီစူး... ကပ္ပတိန်လင်းကို ကာကွယ်ပေးကြ”
လျှပ်စစ်ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော ရှောင်ယန်သည် လျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်နေကာ ထူးဆန်းသောလူသားနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြားမှ လျင်မြန်စွာ ခုန်ထွက်လာပြီး လင်းရှန်၏ အနားသို့ ရောက်ရှိလာသည်။
“ကပ္ပတိန်လင်း... ကျွန်မ ရှင့်ကို ကာဗာပေးထားမယ်”
ထိုအချိန်တွင် လင်းရှန်သည် သူ၏ AT Field စွမ်းအင်ဒိုင်းဖြင့် ခုခံထားပြီး တစ်ပြိုင်နက်တည်းမှာပင် ယန္တရားအမြောက်နှင့် ဝါးမျိုမှုကို အသက်သွင်းလိုက်သည်။ ရှေ့တွင်ရှိနေသော ထွားကျိုင်းသည့် ထူးဆန်းသောလူသားတစ်ဦး၏ ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သည်။ ယန္တရားအမြောက်က ထိုသူ၏ ကိုယ်ပေါ်တွင် သွေးများယိုစီးနေသေည အပေါက်နှစ်ပေါက်ဖြစ်သွားစေသော်လည်း ကြီးမားသော ထိခိုက်မှုတော့ မရှိခဲ့ပေ။
ကီကီသည် အမြန်ပြေးလာပြီး လေပေါ်မှ တိုက်ခိုက်လာသော ထူးဆန်းသောလူသား အသေးစားလေးတစ်ဦးကို စိတ်စွမ်းအားဖြင့် ဖမ်းဆီးလိုက်ကာ လင်းရှန်နှင့် ရှီဇီတို့ကို နောက်ဘက်စင်္ကြံဆီသို့ တွန်းပို့ပေးလိုက်သည်။
တဝီဝီမြည်သံများနှင့်အတူ လင်းရှန်၏ ဒရုန်းတပ်ဖွဲ့သည် အဖြူရောင်ခန်းမတစ်ခုလုံးကို အပြင်းအထန် တိုက်ခိုက်နေပြီး အနီရောင်သတ္တဝါများနှင့် သန္ဓေပြောင်းဖုတ်ကောင် ဂျူးလိယပ်စ်များကို လေဆာတန်းများ၊ သံလိုက်မုန်တိုင်းလှိုင်းများဖြင့် ဖိနှိပ်ထားသည်။
“ဂရေ့စ်”
[ကျွန်မ ဒီမှာရှိပါတယ်]
ဘန်း ဘန်း။
ထူးဆန်းသောလူသားတစ်ဦး၏ ဦးခေါင်းပေါ်ရှိ သံချပ်ကာကို လက်ချောင်းငါးချောင်းဖြင့် အပြင်းထန်ဆွဲခွာနေသော ဂရေ့စ်သည် လင်းရှန်၏ အမိန့်ကို ကြားသည်နှင့် ချက်ချင်း ခုန်ဆင်းလာပြီး နောက်ဘက်စင်္ကြံထဲသို့ ပြေးဝင်သွားသော လင်းရှန်ကို အကာအကွယ်ပေးလိုက်သည်။
သုတေသနဌာန စင်္ကြံမှ ထွက်လာသည်နှင့် လင်းရှန်သည် ထိန်းချုပ်ခန်းရှိရာနေရာကို ချက်ချင်းပင် တိကျစွာ ရှာဖွေတွေ့ရှိသွားသည်။
အုန်း။
ထိုအချိန်တွင် အပေါ်ဘက်မှ အရှိန်ပြင်းသော တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ကျရောက်လာသည်။ လင်းရှန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ရှီဇီကို နောက်သို့ ဆွဲယူလိုက်သည်။ အခြားတစ်ဖက်ရှိ ကီကီမှာလည်း စိတ်စွမ်းအားကို သုံး၍ အမြန်ဆုတ်ခွာလိုက်သည်။ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ဥက္ကာခဲကဲ့သို့သော အမည်းရောင်အရာတစ်ခုသည် လင်းရှန် ခုနက ရပ်နေသည့် နေရာကို ဖောက်ထွက်ကာ အောက်သို့ အပေါက်ကြီးဖြစ်အောင် ပြုတ်ကျသွားသည်။ ၎င်းမှာ သံချပ်ကာအပြည့်ဝတ်ဆင်ထားသည့် အနီရောင်သတ္တဝါတစ်ကောင် ဖြစ်ဟန်တူသည်။
ကြမ်းပြင် ပြိုကျမှုကြောင့် ဆက်တိုက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာပြီး လူတိုင်းရပ်နေသည့် နေရာများမှာ စတင်အက်ကွဲကာ ပြိုကျလာတော့သည်။ လင်းရှန် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း စွမ်းအားဝတ်စုံ၏ တွန်းကန်အားစနစ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ပြုတ်ကျနေသော ရှီဇီကို ဖမ်းဆွဲကာ လေထဲတွင် ကိုယ်ကိုလှည့်လျက် ပလက်ဖောင်းတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။
“လင်းရှန်”
ကီကီက ခုန်ကူးလာသည်။ လင်းရှန်လည်း မြေပြင်သို့ ဆင်းသက်ပြီးသည်နှင့် ချက်ချင်းလှည့်၍ ယန္တရားအမြောက်ဖြင့် ပစ်ခတ်လိုက်သည်။
ဘွန်း။
အပြာရောင်အလင်းတန်းသည် ကီကီထံသို့ တည့်တည့်ပြေးဝင်နေသော အရိပ်တစ်ခုကို ထိမှန်သွားသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ရှီဇီကို အကာအကွယ်ပေးရန် “သံမဏိအကာကွယ်” ဒရုန်းလေးခုကို ဆင့်ခေါ်လိုက်သည်။ အတွေးတစ်ချက်နှင့် သူ၏ တစ်ကိုယ်လုံးမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ၁၀ မီတာကျော် အချင်းရှိသော သံလိုက်မုန်တိုင်းလှိုင်းသည် လင်းရှန်ကို ဗဟိုပြု၍ ပေါက်ကွဲထွက်ကာ ပလာစမာမီးပွားများကို ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့သည်။ ထိုလှိုင်းသည် သူ၏နောက်ကျောကို ထိုးနှက်တော့မည့် အရိပ်ကို ပြင်းထန်စွာ ပြန်လည်တွန်းကန်ပစ်လိုက်သည်။
သုံးထပ်ကွမ်း တိုက်ခိုက်မှု။
တီ...။ လှိုင်းတစ်ခု ငြိမ်သက်သွားချိန်တွင် နောက်ထပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ မီးခိုးများကြားမှနေ၍ ကြမ်းတမ်းသော ကျည်ဆန်မိုးများသည် လင်းရှန်နှင့် ကီကီတို့၏ နေရာသို့ တိုက်ရိုက်ဖြတ်လာကြသည်။ လင်းရှန်သည် AT Field ဖြင့် ခုခံထားပြီးနောက် ချက်ချင်းပင် လျှပ်တစ်ပြက် ရှောင်ထွက်လိုက်သည်။
“အိန်ဂျယ်အဆင့် စွမ်းအားရှင်တစ်ယောက် ရှိနေတယ်”
စကားဆုံးသည်နှင့် စွမ်းအားဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော လူတစ်ဦးသည် လင်းရှန်၏ ရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာသည်။ သူက လက်ကို မြှောက်လိုက်ရာ အနီရောင်အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်သွားပြီး လင်းရှန်၏ မျက်နှာကို ခုတ်ပိုင်းရန် ပြင်လိုက်သည်။
ကလစ်။
နောက်တစ်ခဏတွင် သူ၏ စွမ်းအားဝတ်စုံ အဆက်နေရာမှာ ပိတ်ဆို့ခံလိုက်ရသဖြင့် သူ၏ ခုတ်ပိုင်းမှုသည် စွမ်းအားဝတ်စုံလက်မောင်းကိုပင် အက်ကွဲသွားစေသည်။ လင်းရှန်က ထိုလျင်မြန်သော လှုပ်ရှားမှုကို ပိတ်ဆို့လိုက်သောကြောင့် ထိုလူမှာ သိသိသာသာ အံ့အားသင့်သွားသည်။ သူက နောက်ထပ်တစ်လှမ်း တိုးရန် ပြင်လိုက်သော်လည်း လျှပ်စီးများ ဝင်းလက်နေသည့် လျှပ်စစ်ဓားတစ်လက် ပျံဝဲလာသဖြင့် အမြန်ပင် နောက်သို့ ဆုတ်ခွာသွားရသည်။ ထိုလူသည် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
ရှောင်ယန်က အမြန်ပြေးဝင်လာပြီး လျှပ်စစ်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သော်လည်း အခြား ထူးဆန်းသောလူသားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားရသည်။ လီစူးကမူ ပြန်လည်တုံ့ပြန်ရန်အတွက် လျှပ်စစ်သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လိုက်သည်။
“ကပ္ပတိန်လင်း... သတိထား”
လင်းရှန် နောက်သို့ ဆုတ်လိုက်သော်လည်း မီးခိုးများကြားမှ တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ ကိုယ်ကျပ်ဝတ်စုံနက်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကီကီ၏ စိတ်စွမ်းအားဖြင့် အပြင်သို့ လွင့်ထွက်သွားသည်။ အပေါ်ထပ်တွင် ကျိုးကျင်းသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရပြီး အထပ်နှစ်ထပ်ကို ဖြတ်ကျော်ခုန်လွှားလျက် အမျိုးသမီးအနီရောင်သတ္တဝါတစ်ကောင်ကို သံမဏိလက်သီးဖြင့် ထိုးနှက်နေသည်။ သူ၏နောက်ကျောသို့ ပစ်ခတ်လာသော အနီရောင်သတ္တဝါ၏ အမြောက်ဒဏ်ကို ရင်ဆိုင်ရန်အတွက် သူသည် ကြီးမားသော ကွန်ကရစ်တုံးကြီးကို ဆွဲယူကာ ဝတ်စုံနက်အမျိုးသမီးထံသို့ လွှဲပစ်လိုက်သည်။ သူမမှာ စွမ်းအားဝတ်စုံ ဝတ်ဆင်မထားသော်လည်း ကွန်ကရစ်တုံးကြီး နီးကပ်လာသောအခါ လေထဲတွင် အမည်းရောင် မြူခိုးများအဖြစ် ပျော်ဝင်သွားပြီး အခြားတစ်နေရာတွင် အမြန်ပြန်လည် စုစည်းသွားလေသည်။
ဝုန်း။
ကွန်ကရစ်တုံးသည် နံရံတစ်ခုကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေပြီး မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။
“ရေစွမ်းအားလား” ကီကီ အံ့အားသင့်သွားသည်။ သူမသည် ဟန်ကျွမ့်၏ ရေထိန်းချုပ်နိုင်စွမ်းကို မြင်ဖူးသော်လည်း လူတစ်ယောက်က ဒြပ်စင်အဖြစ်သို့ ပြောင်းလဲသွားနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ မီးတောက်ပင်လျှင် ဤသို့ မလုပ်နိုင်ခဲ့ပေ။ အိန်ဂျယ်အဆင့်ရောက်ပြီးနောက် စွမ်းအားများမှာ အရည်အသွေးပိုင်းအရ ပြောင်းလဲသွားတာလား…။
လင်းရှန်သည် သူ၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိရန် ကြိုးစားနေဆဲဖြစ်သော ရှီဇီကို ပခုံးပေါ်ထမ်းတင်လိုက်ရင်း မျက်နှာပျက်သွားသည်။ လက်ရှိ တင်းမာလှသော အခြေအနေတွင် သူ၏ ယန္တရားစွမ်းအားဖြင့် စကင်ဖတ်ကြည့်လိုက်ရာ ရှေ့တွင်ရှိနေသော လူနှစ်ယောက်မှာ ဦးနှောက်စက်ကိရိယာများ တပ်ဆင်ထားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ၎င်းတို့သည် ချင်ဖုန်းတို့ကဲ့သို့ မှိုဦးနှောက်စက်ကိရိယာများနှင့် ပေါင်းစပ်ထားသော ကိုယ်ပွားများမဟုတ်ဘဲ ကိုယ်ပိုင်လွတ်လပ်စွာ တွေးခေါ်နိုင်သူများဖြစ်ကြောင်း ဖော်ပြနေသည်။
“သတိထားကြ၊၊ သူတို့ထဲက နှစ်ယောက်က စွမ်းအားရှင်တွေပဲ၊၊ ထူးဆန်းသောလူသားတွေ မဟုတ်ဘူး”
လင်းရှန် စကားပြောပြီးသည်နှင့် သူ၏ ယန္တရားစွမ်းအားက တစ်ခုခုကို ထောက်လှမ်းမိသွားသဖြင့် တွန်းကန်အားစနစ်ကို ချက်ချင်းအသက်သွင်းကာ လေထဲသို့ ခုန်တက်လိုက်သည်။ ထိုခဏမှာပင် သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်မှာ ကွဲအက်သွားပြီး ဥက္ကာခဲကဲ့သို့ ပြုတ်ကျသွားခဲ့သော ဧရာမအရိပ်ကြီးက လင်းရှန်၏ခြေထောက်ကို ဖမ်းဆွဲကာ အောက်သို့ ဆွဲချရန် ကြိုးစားလာသည်။
“အတင့်ရဲလှချည်လား”
ကီကီက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူမ၏ မျက်လုံးများထဲမှ ပြင်းထန်သော စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာသည်။ တန်ချိန်သောင်းချီသော သူမ၏ စိတ်စွမ်းအားသည် ထိုအမည်းရောင်လက်ကြီးကို တိုက်ရိုက်ဖမ်းဆွဲပြီး မူလအရွယ်အစား၏ သုံးပုံတစ်ပုံခန့်အထိ ရောက်အောင် ဖိသိပ်လိမ်ချိုးပစ်လိုက်သည်။ သံမဏိများကြေမွသွားသည့် စူးရှသော အသံကြီး ထွက်ပေါ်လာချိန်တွင် လင်းရှန်သည် လေထဲ၌ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းသုံးခုကို အသက်သွင်းလိုက်ရာ အိုင်းယွန်းပေါက်ကွဲသံများ ဟိန်းထွက်သွားသည်။ သူက လက်ကို ပြောင်းပြန်လှန်ကာ ထိုအမည်းရောင်လက်ကြီး၏ ကိရိယာများကို အလွှာလိုက် ဖြုတ်ချပစ်လိုက်ရာ ခဏချင်းမှာပင် သွေးသံရဲရဲနှင့် ပျက်စီးနေသော သတ္တဝါလက်ကြီးတစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။
Chapter 845
လွှတ်တင်ခြင်း ၃
လင်းရှန်က ထိုလက်ကို အကုန်အစင် ခွာချပစ်ရန် ပြင်လိုက်စဉ်မှာပင် အမည်းရောင်လက်၏ အရှင်သခင်မှာ အန္တရာယ်ကို ရိပ်မိသွားပုံရပြီး ပြင်းထန်သော ပေါက်ကွဲမှုကို ရုတ်တရက် ဖြစ်ပေါ်စေလိုက်သည်။ အနီရောင်လှိုင်းများ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားပြီး မြေအောက်မြို့တော်၏ အထပ်အတော်များများမှာ ပြင်းထန်စွာ တုန်ခါသွားကာ ဖုန်လုံးကြီးများ ထစပြုလာသည်။ ထို့နောက်တွင်တော့ အထပ်လေးထပ်စလုံး ဝုန်းကနဲ ပြိုကျသွားသည်။ ကီကီက စိတ်စွမ်းအားကို အသုံးပြု၍ ဖုန်မှုန့်များကြားမှ အပေါ်သို့ လမ်းဖောက်ကာ လင်းရှန်နှင့် ရှီဇီတို့ကို အပျက်အစီးများကြားမှ ကယ်ထုတ်လိုက်သည်။
အနီရောင်သတ္တဝါဆယ်ကောင်အပြင် အနည်းဆုံး အိန်ဂျယ်အဆင့် စွမ်းအားရှင် နှစ်ယောက်ပါ ဤအနီရောင်ကမ္ဘာထဲတွင် ပုန်းအောင်းနေခြင်းက လင်းရှန်နှင့် ကျိုးကျင်းတို့ကို အံ့အားသင့်သွားစေသည်၊၊
“လင်းရှန်”
ထိုအချိန်တွင် ချူယန်၏ အသံမှာ ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။
“ငါ ဂျူးလိယပ်စ်နောက်ကို လိုက်သွားမယ်၊၊ နင်က ဂလက်ဆီနှလုံးသားကို ဂရုစိုက်လိုက်။ အနီရောင်ကမ္ဘာကို အာရုဏ်ဦးမြို့တော်ကို ထိန်းချုပ်ခွင့် ပေးလို့မဖြစ်ဘူး”
“ကောင်းပြီ”
လင်းရှန်သည် ရှီဇီကို ကျောပိုးလျက် တွန်းကန်အားကို သုံးကာ မြေအောက်မြို့တော်၏ ပြိုကျနေသော အထပ်များကို ဖြတ်၍ အပေါ်သို့ ပျံတက်လိုက်သည်။ မမျှော်လင့်ဘဲ အနီရောင်အလင်းတန်းတစ်ခုက သူ့ထံသို့ ပြေးဝင်လာသည်။ လင်းရှန်၏ မျက်လုံးများထဲတွင် လျှပ်စီးများ ဝင်းလက်သွားပြီး AT Field ကို ဆင့်ခေါ်လိုက်သည်။ သံမဏိမိုးစက်ဒရုန်း ငါးဆယ်သည် ဆယ်စင်းတစ်အုပ်စုဖြင့် ကောင်းကင်ယံမှ အသံထက်မြန်သော အရှိန်ဖြင့် ဆင်းသက်လာကာ လင်းရှန်၏ ဘေးနားမှ ဝဲပျံသွားကြသည်။ ရန်သူသည် လင်းရှန်၏ တိကျလှသော ဒရုန်းထိန်းချုပ်မှုကို မမျှော်လင့်ထားသဖြင့် သံမဏိမိုးစက်ဒရုန်းတစ်ခုနှင့် တိုက်မိကာ ကောင်းကင်မှ လွင့်ကျသွားသည်။
လင်းရှန်က ဤအခွင့်အရေးကို အရယူလိုက်ပြီး လျှပ်စီးသိန်းငှက်ဒရုန်း ၂၀၀ သည် ဝေဟင်တွင် အရှိန်မြှင့်ကာ လျှပ်စစ်အလင်းတန်း ၂၀၀ ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။
ဆွစ်... ဆွစ်။
အလွန်မြင့်မားသော အပူချိန်ရှိသည့် အလင်းတန်းများက ကြမ်းပြင်တစ်ပိုင်းလုံးကို ပိုင်းဖြတ်ပစ်လိုက်သည်။ ထိုအခိုက် သံချပ်ကာဝတ် အမည်းရောင် ထူးဆန်းသောလူသားက လင်းရှန်၏ မျက်နှာကို လက်သီးဖြင့်ထိုးရန် ရုတ်တရက် ရှေ့သို့ တိုးလာသည်။
ဘန်း။
ဂရေ့စ် ပေါ်လာပြီး ထိုလက်သီးကို လေထဲတွင်ပင် တိုက်ရိုက်ကန်ထုတ်လိုက်သည်။ သူမ၏ ခြေချောင်းလေးများမှာ သေးငယ်သည်ဟု ထင်ရသော်လည်း ခိုင်မာလှကာ ထိုသံချပ်ကာလူမည်းကြီး၏ လက်သီးကို ပေါက်ကွဲထွက်သွားစေပြီး သံစများ လွင့်ထွက်သွားစေသည်။
လင်းရှန်သည် သံမဏိမိုးစက်ဒရုန်း နှစ်စင်းကို အသုံးပြု၍ ထိန်းချုပ်လွှာသို့ အမြန်ပြန်တက်လိုက်သည်။ ထိုနေရာတွင် ကီကီသည် ဝတ်စုံနက်အမျိုးသမီးနှင့် ထူးဆန်းသောလူသားသုံးဦး၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံနေရသည်။ ကျိုးကျင်း၊ လီစူးနှင့် ရှောင်ယန်တို့မှာလည်း ရုန်းကန်နေရပြီး သူ၏ ဘေးပတ်လည်တွင်လည်း အနီရောင်အလင်းတန်းဖြင့် လျင်မြန်သော စွမ်းအားရှင်အပြင် ကြောက်မက်ဖွယ်ကောင်းသော သံချပ်ကာလူမည်းကြီးနှင့် အခြားထူးဆန်းသောလူသားများက သူ့ကို တိုက်ခိုက်နေကြသည်။
အနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ဒရုန်းအများအပြားကို ဖျက်ဆီးပစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေပြီးနောက် သူ့ထံသို့ ပြေးဝင်လာသည်။ လင်းရှန်က အနောက်သို့ လျှပ်တစ်ပြက်ဆုတ်ကာ ရှောင်တိမ်းလိုက်သည်။ ရန်သူမှာ သူ၏ တိုက်ခိုက်မှု လွဲချော်သွားသဖြင့် အံ့အားသင့်သွားပြီး လင်းရှန်ကို ရူးသွပ်ဟန်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ယန္တရားစွမ်းအားက တကယ်ပဲ ဒီလောက်တောင် တစ်ကိုယ်တော် တိုက်ခိုက်နိုင်စွမ်း ရှိတာလား”
“ဒီနေ့တော့ မင်းတွေ့ရပြီပေါ့”
လင်းရှန်က လက်ညှိုးမြှောက်ကာ ယန္တရားအမြောက်ကို ပစ်လွှတ်လိုက်သည်။
ထိုလူက နားမလည်နိုင်သော အပြုံးဖြင့် ပြုံးလိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကာ လင်းရှန်၏ နောက်ကျောတွင် ပြန်ပေါ်လာသည်။ လင်းရှန်၏ စွမ်းအားဝတ်စုံမှ တွန်းကန်အားစနစ်က လှုပ်ရှားသွားသော်လည်း ထိုလူက သူ၏ ပုခုံးချပ်ကာကို ဖမ်းဆွဲလိုက်နိုင်သည်။
“နှေးလွန်းတယ်၊ ဆင့်ကဲပြောင်းလဲမှုက အရမ်းနှေးလွန်းနေတယ်”
ထိုလူက ပြောရင်း စွမ်းအားကြောင့် အနီရောင်တောက်နေသော သူ၏လက်ဝါးဓားဖြင့် လင်းရှန်၏ ချပ်ကာကို ခုတ်ပိုင်းရန်ပြင်လိုက်သည်။
ဘန်း။
ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ လျှပ်စစ်လှိုင်းများ ဝင်းလက်သွားသဖြင့် ထိုလူ၏ မျက်နှာမှာ မမျှော်လင့်ဘဲ မှင်တက်သွားသည်။ လင်းရှန်၏ နောက်ကျောတွင် ခြောက်ထောင့်ပုံစံ ဖောက်ထွင်းမြင်ရသော အကာအကွယ်တစ်ခု ပေါ်လာပြီး သူ၏ လက်ဝါးဓားကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။ နောက်တစ်ခဏတွင်တော့ ယန္တရားသံကြိုး ရှစ်ချောင်းသည် မည်သည့်နေရာမှန်းမသိ ပေါ်လာပြီး မြွေများကဲ့သို့ သူ့ကို ချည်နှောင်ရန် အသင့်ဖြစ်နေကြသည်။
ထိုလူက အန္တရာယ်ကို သတိပြုမိသွားပြီး သူ၏စွမ်းအားကို သုံးကာ နတ်ဆိုးဆန်စွာ ရယ်မောရင်း နောက်ဆုတ်လိုက်သည်။
“စိတ်ကူးယဉ်ဆန်တာပဲ၊ ဒါပေမဲ့လည်း အရမ်း...”
ဝုန်း။
သူ၏ “နှေးတယ်” ဆိုသည့် စကားမဆုံးသေးခင်မှာပဲ အပေါ်ဘက်မှ ရထားတွဲတစ်တွဲ ရုတ်တရက် ပေါ်လာပြီး သူ့အပေါ်ကို တည့်တည့်ကြီး ကျဆင်းလာကာ သူ့ကိုရော အောက်က ကြမ်းပြင်ကိုပါ ဖောက်ထွက်ပြီး မြေပြင်ပေါ်သို့ ဖိချပစ်လိုက်သည်။
မြေအောက်မြို့တော်ထဲမှာ ရထားတစ်စင်း ဘယ်လိုပေါ်လာပြီး သူ့ကို တိုက်မိသွားလဲဆိုတာကို သူဘယ်တော့မှ သိနိုင်တော့မည် မဟုတ်ပေ။
လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှီဇီကို အဓိကထိန်းချုပ်ခန်းထဲသို့ အမြန်ခေါ်သွားလိုက်သည်။ သို့သော် အတွင်းပိုင်း ကွန်ရက်ဂိတ်မှာ လုံးဝ ပျက်စီးနေသည်ကို တွေ့လိုက်ရသဖြင့် အချိန်ကို ကြည့်ကာ မျက်နှာမည်းမှောင်သွားသည်။ ခြောက်မိနစ်ပင် မပြည့်တော့။
သူသည် ထုတ်လုပ်ရေးနှင့် ပြုပြင်ရေးဒရုန်းများအားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ဂရေ့စ်ကို ထိန်းချုပ်ခွင့် ပေးလိုက်သည်။
“ဂရေ့စ်၊ ထိခိုက်မှုတွေကို စစ်ဆေးလိုက်”
[စကင်ဖတ်ခြင်း ပြီးဆုံးပါပြီ၊ အတွင်းပိုင်း ကွန်ရက်ဂိတ် ကိရိယာတွေကို ပြုပြင်နေပါတယ်]
[အတွင်းပိုင်း ကွန်ရက်ကေဘယ်လ် ပြတ်တောက်နေတာကို တွေ့ရှိရပါတယ်]
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်မှာလဲဆိုတာ ရှာနိုင်မလား”
[ရှာနိုင်ပါတယ်၊ဒါပေမဲ့ အချိန်ယူရပါလိမ့်မယ်။ အကယ်၍ ဒါဟာ ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ထားတာဆိုရင် ပြတ်တောက်နေတဲ့ အရေအတွက်ကိုလည်း အသေအချာ မသိနိုင်ပါဘူး]
ထိုစကားကြောင့် လင်းရှန်၏ စိတ်ထဲမှာ အေးစိမ့်သွားပြီး စက္ကန့်အနည်းငယ်မျှ တောင့်တင်းသွားသည်။ သူ၏ အကြည့်များက အပြင်ဘက်ရှိ ဧရာမ မြူမီးခိုးမွန်းစတားကြီးထံ ရောက်သွားပြီး အရာအားလုံးကို ရုတ်တရက် နားလည်သွားတော့သည်။
“ဒါဟာ တမင်သက်သက် ဖြတ်တောက်ထားတာပဲ။ မြူမီးခိုးမွန်းစတားကို လွှတ်တင်ဖို့ဆိုရင် ဂလက်ဆီနှလုံးသားနဲ့ ချိတ်ဆက်ရမယ်။ ဒီလမ်းကြောင်းကို ဖြတ်တောက်လို့မရဘူး၊၊ ငါတို့ ဒီကနေတစ်ဆင့် ဝင်ရောက်လို့ရတယ်”
“လင်းရှန်”
ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခုအပြီးတွင် ကီကီ၏ အသံမှာ ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။
“နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်။ ဒါက အတွင်းပိုင်းကွန်ရက်ရဲ့ ပင်မဆာဗာသတ်မှတ်ချက်အဆင့်ပဲ။ အကယ်၍ ဂျူးလိယပ်စ်က အဆုံးသတ်ကိရိယာတွေနဲ့ ကေဘယ်လ်တွေကို တမင်ဖျက်ဆီးခဲ့တာဆိုရင် သူက တစ်မျိုးမျိုးသော လျှို့ဝှက်ကုဒ်မျိုးလည်း သတ်မှတ်ထားနိုင်တယ်”
“ဖာ့ခ်...ကျက်သရေတုံးလိုက်တာ”
ဝေါ။
ထိုအချိန်တွင် ရေလှိုင်းတစ်ခုမှာ ထိန်းချုပ်ခန်းအတွင်းသို့ လွှမ်းမိုးစီးဝင်လာပြီး လင်းရှန်နှင့်အတူ ဒရုန်းအစင်းပေါင်းများစွာကို တိုက်စားသွားသည်။ အမည်းရောင်ရေထုအတွင်းမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး လင်းရှန်၏ လည်ပင်းကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် စမ်းချောင်းလေးများသဖွယ် ရေစီးကြောင်းများမှာ လင်းရှန်၏ စွမ်းအားဝတ်စုံကြားအက်ကြောင်းများမှတစ်ဆင့် အတွင်းသို့ စိမ့်ဝင်ရန် ကြိုးစားလာသည်။
တစ်ချိန်တည်းမှာပင် အနီရောင်တောက်ပနေသော လူသည် အမှောင်ရိပ်ထဲမှ လမ်းလျှောက်ထွက်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“အခွင့်အရေး မရှိတော့ဘူး၊ လက်လျှော့လိုက်ပါတော့ ယန္တရားစွမ်းအားရှင်။ မင်း ငါတို့နဲ့ ပူးပေါင်းရင် အချိန်မှီသေးတယ်...”
တီ တီ တီ တီ။
လင်းရှန်သည် စွမ်းအားဝတ်စုံ၏ ဟိုလိုဂရမ်ဘားပေါ်ရှိ သတိပေးချက်ကို တစ်ချက်ကြည့်လိုက်ပြီး သံလိုက်မုန်တိုင်းလှိုင်းကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ ခဏချင်းမှာပင် တောက်ပသော အဖြူရောင်လျှပ်စစ်စက်ကွင်းမှာ ပေါက်ကွဲထွက်သွားပြီး ရေငွေ့အမြောက်အမြားကို အငွေ့ပျံသွားစေသည်။ လင်းရှန် ရုန်းထွက်နိုင်သွားချိန်တွင် သံချပ်ကာလူမည်းကြီးမှာ အပေါ်မှ တစ်ဖန် ပြန်လည်ဆင်းသက်လာပြီး လင်းရှန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်လိုက်ပြန်သည်။
မမျှော်လင့်ဘဲ အမှုန်တုန်ခါလှိုင်းတစ်ခု ရုတ်တရက် ရိုက်ခတ်လာပြီး သံချပ်ကာလူမည်းကြီးကို လွင့်ထွက်သွားစေကာ နံရံနှင့် ကပ်သွားစေသည်။ အဆောက်အဦးတစ်ခုလုံး တုန်ခါသွားသည်။
တစ်ချိန်တည်းမှာပင် နေရာအနှံ့မှ စွမ်းအားအတက်အကျများ ပေါက်ကွဲထွက်လာပြီး ကျည်ဆန်မိုးများ ရွာချလိုက်ရာ လင်းရှန်၊ ကီကီ၊ ကျိုးကျင်း၊ လီစူးနှင့် ရှောင်ယန်တို့အပေါ် ကျရောက်နေသော ဖိအားများ ချက်ချင်းပင် လျော့ပါးသွားသည်။ အနီရောင်အလင်းတန်းဖြင့် လူမှာမူ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။