← Chapters

အခန်း (၈၅၄-၈၅၅)

Vol. 49 Ch. 854-855

အခန်း (၈၅၄-၈၅၅)

Vol. 49 Ch. 854-855

Chapter 854

ရှေ့တန်း ၁

“အခု အသက်ရှင်ကျန်ရစ်သူ အများကြီးက မြို့ထဲကနေ ခြေကျင်ထွက်ခွာနေကြပြီ၊၊ ဒါပေမဲ့ အဲဒီအရှိန်နဲ့ဆိုရင် မိုးမချုပ်ခင် ချင်းပိုကို မရောက်နိုင်ဘူး”

“ခြေကျင်လား... ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ မတွေ့ရင်တောင် ဖုတ်ကောင်တွေနဲ့ တွေ့တာနဲ့တင် ဒုက္ခရောက်မှာပဲ”

ရှီတိယွမ်က ရေရွတ်လိုက်သည်၊၊

“ဖီးနစ်က ဘာလုပ်ဖို့ စီစဉ်နေလဲ”

ထိုအချိန်တွင် နန်ကျင်းက မေးလိုက်သည်။

လင်းရှန် သက်ပြင်းချလိုက်ပြီး “ရှင်းဂျီဆီက သတင်းရတယ်၊ တိတ်ဆိတ်မြို့တော်က နှစ်ခုခွဲပြီး ဖီးနစ်နဲ့ ပူးပေါင်းပြီး လူ ၅ သိန်းလောက်ကို ကျင်းမြစ်ဆီ ပို့ဆောင်ပေးဖို့ ပြင်နေတယ်တဲ့”

“၅ သိန်းပဲလား၊၊ ဒါဆို ကျန်တဲ့လူတွေ ကျင်းမြစ်ကို ရောက်သွားရင်ရော ဘာဆက်လုပ်မှာလဲ၊၊ ခြေကျင်ပဲ ထပ်လျှောက်ရမှာလား”

ချန်ဆီရွှမ်က မေးသည်။

ကျန်းရှု့ဝေက ခေါင်းခါပြလိုက်သည်။

“အခု လူအများကြီးက ထွက်ခွာဖို့ လက်လျှော့လိုက်ကြပြီ။ ယာဉ်မရှိဘဲ အရုဏ်ဦးမြို့တော်မှာ ကျန်နေခဲ့တာက သူတို့အတွက် အနည်းဆုံးတော့ ခိုလှုံရာတစ်ခုရှိပြီး ရက်အနည်းငယ်လောက် ပိုရှင်သန်နိုင်ဦးမှာမို့လို့ပဲ”

လင်းရှန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ၌ လေးလံလှသဖြင့် အံတင်းတင်းကြိတ်ထားလိုက်မိသည်။

“ဒါက အနီရောင်ကမ္ဘာ မြင်ချင်နေတဲ့ မြင်ကွင်းပဲ။ ယာဉ်တန်းတွေ ထွက်သွားပြီး ကျန်ရစ်တဲ့သူတွေက စွန့်ပစ်ခံလိုက်ရတာ...”

ထိုအချိန်တွင် ဖီးနစ်တံဆိပ်မှ အသံထွက်ပေါ်လာသဖြင့် လင်းရှန်က ဖြေလိုက်ရာ အခြားတစ်ဖက်မှ ချီနိုဖြစ်သည်။ သူသည် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောသို့ ပြန်ရောက်နေပြီဖြစ်သည်။

“ကပ္ပတိန်လင်း… အဆင်ပြေမယ်ဆိုရင် အခုချက်ချင်း ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောဆီကို လာပေးလို့ ရမလား”

လင်းရှန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အောက်ဘက်ရှိ မျှော်လင့်ချက်ကင်းမဲ့နေသော လူအုပ်ကြီးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအစုံမှာ လေးနက်တည်ကြည်လျက် ရှိနေ၏။ ထို့နောက် သူက လေးလံသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... ကျုပ်အခုပဲ လာခဲ့မယ်”

သူသည် ဆွေးနွေးပွဲခန်းမအတွင်းရှိ အဖွဲ့ဝင်အားလုံးကို ဝေ့ကြည့်ကာ “အခုလောလောဆယ် ပေါင်းစည်းယာဉ်တန်းတွေကို အသင့်ပြင်ထားပြီး လူထောင်ဂဏန်းလောက်ကို ထပ်တင်ဖို့အတွက် နေရာလွတ်တွေကို အတတ်နိုင်ဆုံး ရှာဖွေပေးကြပါ၊၊ ကျန်တဲ့ကိစ္စတွေကိုတော့ ကျုပ်ပြန်လာမှ ဆက်ပြီး ဆုံးဖြတ်ကြတာပေါ့”

လင်းရှန်၏ စကားအဆုံးတွင် အားလုံးက ခေါင်းညိတ်လက်ခံကြသော်လည်း လူတိုင်း၏ ရင်ထဲ၌မူ သုံးသန်းမျှသော လူအုပ်ကြီးကို ချန်ရစ်ခဲ့ရမည့် အသိကြောင့် လေးလံသော ဝေဒနာကိုယ်စီ ခံစားနေကြရသည်။

….

ပူပြင်းတောက်လောင်သော နေရောင်ခြည်အောက်တွင် အရုဏ်ဦးမြို့၏ အမွှာကြယ်မျှော်စင်သည် ယန်ကျန်းလွင်ပြင်၏ အလယ်ဗဟို၌ ဧရာမစက်မှုနှလုံးသားကြီးတစ်ခုအလား တောက်ပစွာ ထောင်မတ်နေသည်။ ၎င်းသည် နဂါးနိုင်ငံ၏ မြို့တော်၊ အာရှ-ပစိဖိတ်တိုက်ကြီး၏ နောက်ဆုံးသော ခံတပ်နှင့် လူသားယဉ်ကျေးမှု၏ အထွတ်အထိပ် ပြယုဂ်ပင် ဖြစ်သည်။

မီတာရာချီမြင့်မားသော မြို့ရိုးကြီးများသည် ဘီလူးကြီးများ၏ ကျောရိုးသဖွယ် ခိုင်မာစွာရပ်နေပြီး ၎င်း၏မျက်နှာပြင်တွင်မူ ကျည်ဆန်ရာများနှင့် လက်သည်းရာများမှာ အထင်အရှား ရှိနေသည်။ မနေ့ညက ပြင်းထန်လှသော သွေးချောင်းစီးတိုက်ပွဲသည် သံမဏိမြို့ရိုးပေါ်တွင် အမာရွတ်သစ်များကို ထွင်းထုသွားခဲ့ချေပြီ။ စစ်တပ်သည် စက်ရုပ်များနှင့် ဒရုန်းများကို အသုံးပြုကာ မြို့အစွန်အဖျားရှိ မွန်းစတားများ၏ အလောင်းများကို ရှင်းလင်းရင်း သွေးပဲစေ့များကို သိမ်းဆည်းနေကြသည်။

သံမဏိအစောင့်တပ်ရင်းမှ စစ်သားများသည် သွေးစွန်းနေသော ရွှံ့နွံများကို နင်းဖြတ်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသည်။ စက်ရုပ်တစ်ရုပ်က မွန်းစတားတစ်ကောင်၏ ခေါင်းပြတ်ကို ကန်ထုတ်လိုက်သောအခါ အောက်တွင် မိန်းကလေးငယ်တစ်ဦး၏ မျက်နှာ ပေါ်လာသည်။ သူမ၏ မျက်လုံးများမှာ ပွင့်လျက်ရှိနေဆဲဖြစ်ပြီး လက်ထဲတွင်မူ ဖျက်သိမ်းလိုက်ပြီဖြစ်သော ဖက်ဒရေးရှင်းကောင်စီက ထုတ်ပေးထားသည့် မြို့ထဲဝင်ခွင့်လက်မှတ်ဟောင်းလေးကို တင်းတင်းဆုပ်ကိုင်ထားသည်။

“ဖာ့ခ်”

စက်ရုပ်မောင်းနှင်သူ စစ်သည်က ဒေါသတကြီး ကျိန်ဆဲရင်း မွန်းစတား၏ခေါင်းကို သံချပ်ကာခြေထောက်ဖြင့် နင်းခြေပစ်လိုက်သည်။

မြို့ရိုး (၁) နှင့် (၂) ကို တည်ဆောက်ပြီးကတည်းက အရုဏ်ဦးမြို့တော်သည် ဤမျှ အကြီးအကျယ် တိုက်ခိုက်ခံရခြင်းမျိုး မရှိခဲ့ဖူးပေ။ ဖယ်ဒရေးရှင်းကောင်စီ ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ထိတ်လန့်ခြောက်ခြားမှုနှင့် ရှုပ်ထွေးမှုများကြောင့် မြို့ပြင်ရပ်ကွက်များမှာလည်း အမှောင်ထုအောက်တွင် ပရမ်းပတာဖြစ်သွားခဲ့သည်။

နံပါတ် ၅၊ ၇ နှင့် ၈ တွင်းနက်များမှ ထွက်ပေါ်လာသော ဝင်ရိုးစွန်းညအမှောင်ထု၏ တိုက်ခိုက်မှုကြောင့် သန်းနှင့်ချီသော လူတို့မှာ အငိုက်မိခဲ့ကြသည်၊၊ ညကင်းလှည့်အဖွဲ့နှင့် မြို့ခံတပ်များသည် ပြန့်ကျဲကာ ထွက်ပြေးခဲ့ကြသည်၊၊ အင်အား ၁၃၀,၀၀၀ ရှိသော အစောင့်တပ်တစ်ခုသာ တစ်ညလုံး အပြင်းအထန် ခုခံခဲ့ရသည်။

ဝူးး

လင်းရှန်သည် ပျံသန်းရေးကိရိယာဖြင့် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်သည်။ အစောင့်များ၏ လမ်းပြမှုဖြင့် ယဲ့လန်၏ ရုံးခန်းသို့ ရောက်ရှိသွားရာ ကြည်လင်သော ပြတင်းပေါက်မှတစ်ဆင့် အရုဏ်ဦးမြို့တော်တစ်ခုလုံးကို မြင်တွေ့နေရသည်။ လင်းရှန်သည် စားပွဲပေါ်ရှိ အပင်အိုးလေးမှ အနီရောင် ချယ်ရီခရမ်းချဉ်သီးလေးတစ်လုံးကို ခူးယူကာ အဝတ်ဖြင့် ပွတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

“ဒါကို ချယ်ရီခရမ်းချဉ်သီးလို့ ခေါ်တယ်… အမှောင်ထုကြောင့် ပျက်စီးနေတဲ့ မြေဆီလွှာမှာ ပေါက်ရောက်ရှင်သန်နိုင်တဲ့ အပင်အနည်းငယ်ထဲက တစ်မျိုးပဲ”

အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူနေသည့် ယဲ့လန်ကို မြင်လိုက်ရသည်။

“အရသာရှိရဲ့လား”

ယဲ့လန်က စာအုပ်ကို ချလိုက်ပြီး လင်းရှန်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းက မှတ်တမ်းထဲမှာထက် အများကြီးပိုငယ်ပုံရတယ်”

ယခု သူမသည် လင်းရှန် ပထမဆုံး အပြင်မှာ မြင်ဖူးခြင်းဖြစ်သည်၊၊ ငယ်ရွယ်နုပျိုပြီး ထက်မြက်သော မျက်လုံးများနှင့် ယုံကြည်မှုရှိသော ကိုယ်နေဟန်ထားဖြင့် သတိကြီးပုံရလေသည်။

လင်းရှန်က ရုံးခန်းကို သေချာကြည့်လိုက်သည်၊၊ စာအုပ်စင်တစ်ခု၊ စားပွဲတစ်လုံးနှင့် တစ်ယောက်အိပ်ကုတင်တစ်လုံးသာရှိပေသည်၊၊

ယဲ့လန်သည် စားပွဲအနားသို့ လာကာ “လူသားကြယ်ပွင့်များ လင်းလက်ချိန်” ဟူသော စာအုပ်ကို တင်လိုက်သည်။

“ဖီးနစ်က ဖယ်ဒရေးရှင်း အစိုးရအဖွဲ့ကို ပြန်ဖွဲ့စည်းလိုက်ပြီ၊ အသက်ရှင်ကျန်ရစ်သူတွေကို နှိပ်စက်ဖို့ ကျိုးမင်ယွမ်နဲ့ ပေါင်းခဲ့တဲ့ အရာရှိကြီးတချို့ကိုလည်း ဖမ်းလိုက်ပြီ၊၊ ညလမ်းလျှောက်သူအဖွဲ့ရဲ့ စာရင်းအရ မနေ့ညက တိုက်ခိုက်မှုမှာ လူသုံးသောင်းကျော် သေသွားတယ်၊၊ အများစုက မြို့ထဲကို မဝင်နိုင်ခင် အမှောင်ထဲမှာ ဝါးမျိုခံလိုက်ရတဲ့ မြို့ပြင်ရပ်ကွက်က လူတွေပဲ”

“အမှောင်အမှတ်အသားကြောင့်လား”

လင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အရုဏ်ဦးမြို့တော်ရဲ့ မြို့ပြင်ရပ်ကွက်က ဒီလောက်ကြာအောင် ခံနိုင်ရည်ရှိခဲ့တာပဲ၊၊ ဘာလို့ ရုတ်တရက်ကြီး ဒီလို အကြီးအကျယ် တိုက်ခိုက်ခံရတာလဲ”

“အဲဒါကို ငါတို့လည်း သိချင်နေတယ်”

ယဲ့လန်က သက်ပြင်းချကာ ဆက်ပြောသည်။

“နံပါတ် ၅ တွင်းနက်၊ အမှောင်တိုက်စားမှုဆဲလ်တွေ၊ အသိစိတ်ချိတ်ဆက်မှုတွေ... အမှောင်ထုနဲ့ ငါတို့ရဲ့ ရင်ဆိုင်မှုက အသံတိတ်ပြီး ခုခံနေရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်၊၊ အမှောင်ထုကို ကျူးကျော်သူလို့ မြင်မယ်ဆိုရင် ငါတို့ကြားက စစ်ပွဲက စနေပြီလို့ ပြောလို့ရတယ်၊၊ သတင်းအချက်အလက်ကို အသာစီးရမှပဲ ငါတို့ ဦးဆောင်နိုင်လိမ့်မယ်”

သူမက လင်းရှန်ဘက်သို့ လှည့်ကာ ချူကျောက်နန်က မြို့ပြင်ကလူတွေကို လက်ခံခဲ့သည့်အကြောင်းနှင့် အနီရောင်ကမ္ဘာက ယာဉ်များကို ဖျက်ဆီးခဲ့သည့်အကြောင်းများကို ရှင်းပြခဲ့သည်။ လင်းရှန်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ မေးလိုက်သည်။

“ပရော်ဖက်ဆာယဲ့… ဒီလောက်များတဲ့ လူတွေ အချိန်မီ ဆုတ်ခွာနိုင်ပါ့မလား”

“တစ်ခါတည်းနဲ့ အကုန်မဆုတ်ခွာနိုင်ရင် အသုတ်လိုက် ခွဲပြီးတော့ အချိန်လုပြီး လုပ်ရမှာပဲ၊၊ လူအားလုံး ဆုတ်ခွာနိုင်တဲ့အထိ အစောင့်တပ်နဲ့ သံမဏိအစောင့်တပ်ရင်းက အရုဏ်ဦးမြို့မှာ ဆက်ရှိနေမှာပါ”

ထိုစကားကြောင့် လင်းရှန်သည် လေဆိပ်က အဖြစ်အပျက်များကို ပြန်သတိရသွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

“လိုအပ်ရင် ကျုပ်ရဲ့ယာဉ်တန်းကလည်း သယ်ယူပို့ဆောင်ရေးမှာ ကူညီပေးနိုင်ပါတယ်”

“ငါ မင်းကို ဒီကို ခေါ်လိုက်တာက လခြမ်းကွေးစစ်ဆင်ရေးအကြောင်း ဆွေးနွေးဖို့ပါ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်။

“လခြမ်းကွေးစစ်ဆင်ရေးက ကျရှုံးသွားပြီလေ၊၊ ဂျူးလိယပ်စ်လည်း သေသွားပြီ၊၊ သူက သတင်းအချက်အလက်တချို့ကို သိနေရင်တောင် ကျုပ်တို့ကို ပေးချင်ပုံမရဘူး”

“သူ ဘာလို့ ငါတို့ကို မပေးချင်တာလဲဆိုတာ မင်း စဉ်းစားဖူးလား”

“သူက စိတ္တဇကောင်၊ လူယုတ်မာမို့လို့ပေါ့”

လင်းရှန်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ယဲ့လန် တိတ်ဆိတ်သွားသည်၊၊

“လူတွေကို စမ်းသပ်တာတွေ၊ လူတွေကို ဒီမှာ အသေခံခိုင်းတာတွေ... စိတ္တဇကောင်တွေအတွက် အကြောင်းပြချက်မလိုဘူးလို့ ထင်တာပဲ၊၊ ဖြစ်နိုင်တာက သူတို့ဆီမှာ ဘာသတင်းမှ မရှိတာလည်း ဖြစ်နိုင်တယ်၊၊ အဲဒီအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်နေတာက အဓိပ္ပာယ်မရှိတာလည်း ဖြစ်နိုင်တာပဲ”

“မနေ့ညက တိုက်ခိုက်မှုတွေအရ အကာအကွယ်ကို ဖောက်ထွက်ပြီး အမှောင်ထုနဲ့ ချိတ်ဆက်လိုက်တာက တွင်းနက်ကို သက်ရောက်မှု ရှိသွားတာ သေချာတယ်”

ယဲ့လန်က တည်ငြိမ်စွာ ပြောလိုက်သည်။

Chapter 855

ရှေ့တန်း ၂

“ဒါပေမဲ့ ဘာလို့ ကျွန်တော် ဖြစ်နေရတာလဲ”

လင်းရှန်က ရုတ်တရက် အော်လိုက်သည်။

“လူသားယဉ်ကျေးမှု ရှင်သန်ရေးတို့၊ နောက်ဆုံးမျှော်လင့်ချက်တို့ဆိုတဲ့ ဒီလောက်အရေးကြီးတဲ့ မစ်ရှင်ကြီးက ကျုပ်နဲ့ ဘာဆိုင်လို့လဲ… ကျုပ်က ယန္တရားစွမ်းအားရှင် တစ်ယောက်ဖြစ်နေရုံနဲ့တင် ဒီအရာအားလုံးကို ထမ်းပိုးရမှာလား”

ယဲ့လန်သည် ဒေါသထွက်နေဟန်ရှိသော လူငယ်ကို တည်ငြိမ်အေးဆေးစွာပင် ကြည့်နေမိသည်။ လင်းရှန်၏ စိတ်အာရုံတွင်မူ ‘လခြမ်းကွေး စစ်ဆင်ရေး’ ၌ သေဆုံးသွားခဲ့ကြသော လူငယ်များ၏ မျက်နှာများနှင့် ချူယန် မသေဆုံးမီက သူ့ကို ကြည့်သွားခဲ့သည့် နောက်ဆုံးအကြည့်တို့က တရိပ်ရိပ် ပြန်လည်ပေါ်ပေါက်လာကာ ရင်ထဲတွင် အတိုင်းအထက်အလွန် လေးလံနေမိသည်။

ရုံးခန်းအတွင်းဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းက စိုးမိုးထားပြီး ဟောင်းနွမ်းသော စာအုပ်နံ့သင်းသင်းလေးက လေထုထဲ၌ ပျံ့လွင့်နေသည်။ လင်းရှန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက်မှသာ သူ၏ လှုပ်ခတ်နေသော စိတ်လှုပ်ရှားမှုတို့က တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။

“ဒါပေါ့... သူတို့ကတော့ ငါတို့ကို အမှန်တရားတွေ မသိစေချင်ဘူးလေ။ သူတို့က ငါတို့ လူသားတွေကို မျိုးတုံးစေချင်ပြီး စမ်းသပ်မှုတွေ လုပ်ချင်ကြတာပဲ။ အဲဒီတော့မှ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ ‘ယဉ်ကျေးမှုအသစ်’ ဆိုတာကြီးက... လွတ်လွတ်လပ်လပ်နဲ့ အဟန့်အတားမရှိ ရှင်သန်နိုင်မှာ မဟုတ်လား”

လင်းရှန်၏ အမူအရာကို အကဲခတ်ရင်း ယဲ့လန်က လေးနက်စွာ ပြောလိုက်သည်။

“ငါတို့ရဲ့ ရန်သူတွေကို အရူးတွေလို့ မသတ်မှတ်သင့်သလို… အမှောင်ထုကိုလည်း ကပ်ဘေးသက်သက်လို့ပဲ မမြင်သင့်ဘူး”

လင်းရှန်သည် ထိုစကားကို ပြန်လည်စဉ်းစားရင်း မျက်မှောင်ကြုတ်မိသွားသည်။

“ဒါဆိုရင် ဂျူးလိယပ်စ်က တကယ်ပဲ ဘာမှမသိတာလား၊ ဒါမှမဟုတ် ဒီသတင်းအချက်အလက်တွေကို သူ ကာကွယ်နေတာလား၊၊ သူတို့ရဲ့ ‘နတ်ဘုရား’ ကို ကာကွယ်နေတာလား”

သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး

“ကောင်းပါပြီ၊၊ လခြမ်းကွေးစစ်ဆင်ရေးရဲ့ ဦးတည်ချက်က မှန်တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ အခု အခြေအနေက ဒီလိုဖြစ်နေပြီဆိုတော့ ကျုပ်တို့ဘာလုပ်နိုင်ဦးမှာလဲ”

သူက ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံကြီးကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။

“ရှေ့တန်းစီမံကိန်း အောင်မြင်သွားတာကို ဝမ်းသာရမလား၊၊ ဒါမှမဟုတ် ကျုပ်တို့ စွန့်ပစ်ခံလိုက်ရပြီဆိုပြီး ပိုပြီးတော့ပဲ မျှော်လင့်ချက်မဲ့ရမလားတောင် မသိတော့ဘူး”

“စွန့်ပစ်ခံရတယ်၊ မခံရဘူးဆိုတာက ကိုယ့်ရဲ့ အမြင်ပေါ်မှာပဲ မူတည်ပါတယ်”

ယဲ့လန်က စားပွဲပေါ်ရှိ ထိန်းချုပ်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

ရှူးးးး

ရုံးခန်းဘေးရှိ အလိုအလျောက်တံခါးတစ်ချပ် ပွင့်သွားကာ အေးစိမ့်သော လေထုနှင့်အတူ အလောင်းအေးခဲစက်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ လင်းရှန်၏ အကြည့်တို့က ထိုစက်အပေါ်၌ပင် ရပ်တန့်သွားတော့သည်။ အကြောင်းမှာ ထိုစက်အတွင်းဝယ် ငြိမ်သက်စွာ လဲလျောင်းနေသူမှာ ချူယန်ဖြစ်နေသောကြောင့်ပင်။ သူမ၌ အသက်လက္ခဏာကင်းမဲ့နေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ သွေးများကိုမူ စင်ကြယ်အောင် သန့်စင်ပေးထားသည်။ သူမသည် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်မှာ အိပ်မောကျနေသည့်အလားပင် ထင်မှတ်ရသည်။

“ချူယန်က စိတ်ဝိညာဉ်စွမ်းအားရှင်တစ်ယောက်အနေနဲ့ အနီရောင်ကမ္ဘာနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲပေါင်းများစွာမှာ ထူးခြားတဲ့ ရလဒ်တွေ ရခဲ့ဖူးတယ်”

ယဲ့လန်က အေးခဲစက်အတွင်းရှိ ချူယန်ကို ကြည့်ရင်း လင်းရှန်ကို ပြောလိုက်သည်။

“ဒီစစ်ဆင်ရေးမတိုင်ခင်က သူမ ငါ့ကို ပြောခဲ့တာ ရှိတယ်။ မင်းနဲ့ သူကြားက အသိစိတ်ချိတ်ဆက်မှုက သူမကို စိုးရိမ်စေတယ်တဲ့။ မစ်ရှင်အရပဲဖြစ်ဖြစ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ဒါက သူမအတွက် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ ခက်ခဲတဲ့အရာ ဖြစ်နေခဲ့တာ”

“စစ်ဆင်ရေးအကြောင်း ဆွေးနွေးတုန်းကလည်း သူမ သံသယရှိခဲ့သေးတယ်။ တကယ့်ပစ်မှတ်က ဘယ်သူလဲဆိုတာ ငါတို့ အတည်မပြုနိုင်သလို ပစ်မှတ်ဆီကရမယ့် သတင်းကရော တကယ် တန်ဖိုးရှိပါ့မလားဆိုတာ သူမ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အခု တွင်းနက်ကြီး သုံးခုမှာ ဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေက အမှောင်ထုနဲ့ အသိစိတ်ချိတ်ဆက်မှုရဲ့ သက်ရောက်မှုကို သက်သေပြနေပြီ။ ဆိုလိုတာက ငါတို့ ဒီသတင်းအချက်အလက်ကို ရအောင် ယူရမယ်။ ဒါက လူသားယဉ်ကျေးမှု ရှင်သန်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်တယ်”

လင်းရှန်က အကူအညီမဲ့စွာဖြင့် ပုခုံးတွန့်ပြလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့က ဘာလုပ်နိုင်လို့လဲ”

“မင်း သိထားရမှာက...”

ယဲ့လန်က လင်းရှန်ကို စူးစိုက်ကြည့်ကာ

“ချူယန်က လူနှစ်ယောက်ရဲ့ အသိစိတ်ထဲကို တစ်ပြိုင်တည်း ကျူးကျော်ဝင်ရောက်နိုင်စွမ်း မရှိဘူး”

ထိုစကားကြောင့် လင်းရှန်၏ မျက်နှာမှာ အံ့အားသင့်မှုတို့ဖြင့် အေးခဲသွားသည်။

“ဘာကို ဆိုလိုတာလဲ။ သူမက ဂျူးလိယက်စ် အစစ်ရဲ့ အသိစိတ်ထဲကိုပဲ ဝင်ခဲ့တာ မဟုတ်ဘူးလား”

“ငါကတော့ ချူယန်ကို ယုံကြည်တယ်။ သူမရဲ့ ဆုံးဖြတ်ချက်က အမြဲတမ်း ပြတ်သားတယ်။ ဒါကြောင့် ငါ သိချင်တာက သူမ မသေခင်မှာ မင်းတို့ ဘာတွေ ပြောခဲ့ကြလဲ၊၊ ဒါမှမဟုတ် မင်း ဘာတွေမြင်ခဲ့လဲ။ သူမ ဘာလို့ ဒီလိုရွေးချယ်မှုမျိုး လုပ်ခဲ့ရတာလဲ”

လင်းရှန်သည် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး လေးနက်သော အမူအရာဖြင့် အတိတ်ကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။

“ဂျူးလိယပ်စ် အစစ်က အရုဏ်ဦးမြို့က ဂလက်ဆီနှလုံးသားကို ထိန်းချုပ်ဖို့ လိုအပ်သလို၊ အနီရောင်ကမ္ဘာ အမှတ် ၃ ကိုလည်း ကွန်ရက်ထဲ တင်ရဦးမှာမို့လို့ သူက အဲဒီထဲမှာ ရှိနေမှာပဲလို့ ငါတို့ တွက်ထားခဲ့ကြတယ်။ ဒါမှ မြူမီးခိုးလွှတ်တင်တဲ့ပေါက် ပွင့်လာတာနဲ့ မြို့ရဲ့ ဗဟိုကွန်ရက်ကို သူ သိမ်းပိုက်လို့ ရမှာလေ။ ပြီးတော့ လွှတ်တင်ရေးစခန်းက ဆာဗာစနစ်ကလည်း သူ့ရဲ့ အတည်ပြုချက် လိုအပ်တာကိုး။ ဂျူးလိယပ်စ်က အမှောင်ထုရဲ့ သတင်းတွေကို ကာကွယ်ချင်နေတယ်လို့ ချူယန်က ယူဆခဲ့တယ်။ အဲဒါကို အသုံးချပြီးတော့မှ ကျုပ်တို့က လူအစစ်ကို ရှာတွေ့ခဲ့တယ်။ ပြီးတော့မှ မျက်လုံးအတည်ပြုချက်လုပ်ပြီး ဂလက်ဆီနှလုံးသားကို သိမ်းပိုက်ပြီး မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာပဲ”

“ဒါဆို ချူယန်ရဲ့ ရွေးချယ်မှုက တိုက်ဆိုင်မှုသက်သက်ပဲလား”

ယဲ့လန်၏ ရုတ်တရက် မေးခွန်းကြောင့် လင်းရှန် ဇဝေဇဝါဖြစ်သွားရပြန်သည်။

“မဟုတ်သေးဘူး၊၊ အဲဒီ ဂျူးလိယပ်စ် နှစ်ယောက်လုံးရဲ့ စိတ်ဝိညာဉ်စွမ်းအား အတက်အကျက သိပ်မကွာဘူး။ ချူယန်ကတော့ ရန်သူက လေ့ကျင့်ထားတာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့တာ။ ဒါမှမဟုတ်လည်း...”

စကားပြောနေရင်းမှ လင်းရှန်သည် ချူယန်၏ စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားကာ သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

“ငါက လူတစ်ယောက်ချင်းစီရဲ့ စိတ်ဝိညာဉ်စွမ်းအား အတက်အကျ ကွာခြားချက်ကို စကန်ဖတ်လို့ ရတယ်။ ကိုယ်ပွားတွေကြားမှာ အချိန်နဲ့ လေ့ကျင့်မှုပေါ် မူတည်ပြီး ကွာခြားချက် ရှိတတ်ပေမဲ့ ဒီနှစ်ယောက်ကတော့ အတူတူပဲ လေ့ကျင့်ထားပုံရတယ်၊၊ ဒါမှမဟုတ် နှစ်ယောက်လုံးက အစစ်မဟုတ်တာလည်း ဖြစ်နိုင်တယ်”

ထိုအချက်ကို ပြန်တွေးမိသောအခါ လင်းရှန်မှာ ပို၍ပင် ရှုပ်ထွေးသွားရသည်။

“တကယ်လို့ နှစ်ယောက်လုံးက အစစ်မဟုတ်ဘူးဆိုရင်တော့ သူမက တိုက်ဆိုင်သလို ရွေးလိုက်တာပဲဖြစ်မှာပေါ့”

“မဟုတ်ဘူး...”

လင်းရှန်သည် သူ့စကားကို သူပြန်လည်ငြင်းဆိုလိုက်ပြီး နှာတံကို လက်ဖြင့် ညှစ်ကာ အပြင်းအထန် စဉ်းစားခန်းဝင်လိုက်သည်။

“ကျုပ် တစ်ခုမေ့နေတာ ရှိသေးတယ်။ သူမ ပြောခဲ့တာက... အသိစိတ်ရှိနေတဲ့ ပစ်မှတ်ဆီက အတွေးတွေကို ခိုးယူလို့ မရဘူးတဲ့”

“ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိဘူးလေ...”

လင်းရှန် စဉ်းစားလေလေ ပို၍ ထူးဆန်းလေလေဖြစ်နေသည်။

“အဲဒီအချိန်တုန်းက ဂျူးလိယပ်စ်နှစ်ယောက်လုံးက...”

“အတွေးတွေကို ခိုးယူတယ်ဆိုတာ အန္တရာယ်အရမ်းများတဲ့ အလုပ်ပဲ။ ပစ်မှတ်ကို ဖမ်းမိရင်တောင် သူ သတိလစ်နေတဲ့ အချိန်မှပဲ လုပ်လို့ရတာ။ သတိရှိနေတဲ့သူရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရမ်းသန်မာတယ်။ အခုဆိုရင် လူသားတွေရဲ့ စိတ်စွမ်းအားကလည်း တိုးတက်နေတာဆိုတော့ ပိုခက်တာပေါ့။ အဲဒီတော့ ငါ အများဆုံးလုပ်နိုင်တာက နင့်ကို ခေါင်းကိုက်အောင် လုပ်တာပဲ ရှိတယ်။ အိပ်မက်တွေက ငါက နယ်မြေပဲ”

လင်းရှန်၏ မျက်နှာက ပို၍ လေးနက်သွားသည်။ အကယ်၍ ချူယန်သည် သတိရှိနေသူထံမှ အတွေးများကို မခိုးယူနိုင်ခဲ့ပါက ထိုစဉ်က သူမ အသုံးပြုခဲ့သော စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ ရန်သူ၏ အားနည်းချက်ကို ဖော်ထုတ်ရန် ဟန်ပြလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ရပေမည်။ သို့မှသာ လင်းရှန်အနေဖြင့် အသတ်ခံရသူက မျက်လုံးအတည်ပြုချက်အတွက် တကယ့်ပစ်မှတ်အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်သွားပေမည်၊၊

All Chapters