← Chapters

အခန်း (၁၃၉၉-၁၄၀၀)

Vol. 140 Ch. 1399-1400

အခန်း (၁၃၉၉-၁၄၀၀)

Vol. 140 Ch. 1399-1400

အခန်း (၁၃၉၉) - နှစ်ဦးနှစ်ဖက် အဆင့်တက်လှမ်းခြင်း

စီနီယာအစ်မကြီး ထွက်ခွာသွားပြီးနောက် အတော်ကြာမှ ဖန့်ချန်သည် အရိပ်ထဲမှ ထွက်လာပြီး ဟွမ်ဝူကျိကို ပြန်ထုတ်လိုက်သည်။

“ဟိုတစ်ယောက် ထွက်သွားပြီလား... ခုနက သူ့ဆီကထွက်တဲ့ ဖိအားကတော့ ကျုပ်သာ သူ့ရှေ့မှာဆိုရင် တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး ”

ဟွမ်ဝူကျိက သက်ပြင်းချရင်း ဆိုသည်။

သူ့ကိုယ်သူ အဆင့် ၄ ဓားမသေမျိုးအဖြစ် လုံလောက်အောင် သန်မာပြီဟု ထင်မှတ်ခဲ့မိသည်။

သူ၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်အဆင့် ၅ မသေမျိုးထက်ပင် မနိမ့်ပါပေ။

သို့သော် လူသားလောက ကိုးနယ်မြေ ရဲ့ တကယ့် ထိပ်သီးပညာရှင်တွေနဲ့ တွေ့ဆုံရချိန်မှာတော့ အနီးကပ် ထိတွေ့မှုပင် မရှိသေးဘဲ နှစ်ဦးကြားက ကြောက်မက်ဖွယ် ကွာဟချက်ကို ခံစားလိုက်ရသည်။

“အဲဒီစီနီယာက အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်သလို အစီရင်လှေပေါင်းစပ်စွမ်းအား ကိုလည်း ထိန်းချုပ်ထားနိုင်သူပဲ။ သူ့ရဲ့ တကယ့်စွမ်းရည်က ခန့်မှန်းလို့တောင် မရနိုင်ဘူး၊ မင်း အခုလို ခံစားရတာ သဘာဝကျပါတယ်။ နောင်တစ်ချိန်မှာ မင်းလည်း အစီရင်လှေ ကို ပိုင်ဆိုင်ပြီး မသေမျိုးအစီရင်အတတ်ပညာတွေကို အသုံးချနိုင်ရင် ဒီကြယ်တာရာ ကောင်းကင်ယံမှာ ထိပ်သီးတစ်ယောက် ဖြစ်လာမှာပါပဲ ”

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ဟွမ်ဝူကျိသည် ခေတ္တမျှ စဉ်းစားပြီးနောက် မျက်နှာတွင် အပြုံးနုနုလေး ပေါ်လာကာ အသာအယာ ခေါင်းညိတ်လိုက်သည်။

ဓားမသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းခြင်းကပင် ထိပ်သီးဖြစ်လာရန် အရည်အချင်း ပြည့်မီနေပြီ မဟုတ်ပါလား။

သူသည် ယွမ်သံလိုက် ဓာတ်ငါးပါးတောင် အနီးတွင် ဆက်လက် ကိုယ်ယောင်ဖျောက်ကာ ဖန့်ချန်အတွက် အစောင့်အရှောက် အဖြစ် ဆက်နေခဲ့သည်။

ဖန့်လူသား ၏ မမြင်ရသော နှိမ်နင်းမှုအောက်တွင် ယွမ်သံလိုက် ဓာတ်ငါးပါးတောင်သည် ဓားငယ်လေး ၏ ဝါးမြိုခြင်းကို အမြဲတမ်း ခံနေရသည်။

၎င်း၏ သိစိတ်က ရုန်းကန်ချင်သော်လည်း ထိရောက်သော ခုခံမှုမျိုးကို တစ်စက္ကန့်မျှပင် မလုပ်နိုင်ခဲ့ပေ။

ဒါဟာ ဝိညာဉ်အသိ မပွင့်သေးတဲ့ အရာနဲ့ ပွင့်နေတဲ့ အရာကြားက ကွာခြားချက်ပင် ဖြစ်သည်။

တကယ်တမ်း စွမ်းအားချင်း ယှဉ်မည်ဆိုလျှင် ဤယွမ်သံလိုက် ဓာတ်ငါးပါးတောင်က ဓားငယ်လေး ထက် အဆပေါင်းများစွာ သန်မာသည်။

ဓားငယ်လေး သည် ၎င်း၏ရှေ့တွင် ပုရွက်ဆိတ်လေးတစ်ကောင်မျှသာ ရှိသေးသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ၈ နှစ် ကုန်လွန်သွားခဲ့သည်။

ယွမ်သံလိုက် ဓာတ်ငါးပါးတောင်သည် အပြင်ပန်းကြည့်လျှင် အရင်အတိုင်းပင် ဖြစ်သော်လည်း အတွင်းပိုင်း အနှစ်သာရများမှာ ဓားငယ်လေး ၏ ဝါးမြိုခြင်းကို အကုန်အစင် ခံလိုက်ရပြီ ဖြစ်သည်။

ဓားငယ်လေး ၏ သန့်စင်နိုင်စွမ်းမှာ အရင်က ဝိညာဉ်ရတနာတွေကို ဝါးမြိုစဉ်ကထက် အများကြီး ပိုမြန်လာသည်။

အဓိကအကြောင်းရင်းမှာ ယွမ်သံလိုက် ဓာတ်ငါးပါးတောင်သည် အလွန်တရာ သန့်စင်လွန်းခြင်းကြောင့် ဖြစ်သည်။

ဒါဟာ သူတစ်ပါးလက်ထဲက ပစ္စည်းကို လုယူရတာထက် မြေပြင်ပေါ်မှာ ကျနေတဲ့ ပစ္စည်းကို ကောက်ယူရတာက ပိုလွယ်ကူသလိုမျိုးပင်။

ဓားငယ်လေး သည် မြေပေါ်က ပစ္စည်းကို ကောက်ယူနေခြင်း ဖြစ်သဖြင့် အခက်အခဲမှာ အနိမ့်ဆုံးသို့ ရောက်နေသည်။

ဤနေ့တွင် ဖန့်ချန်သည် သူ၏ ကိုယ်ပွားအချို့ထံမှ တုံ့ပြန်မှုများကို လက်ခံရရှိလိုက်သည်။

ထိုတုံ့ပြန်မှုများမှာ ဖန့်ပါဟွမ် ၊ ဖန့်လျို့ပိ ၊ ဖန့်ပုဆာ ၊ ဖန့်ချန်းလေး ၊ ဖန့်ယင်ပင်း နှင့် ဖန့်ဒါရှန် တို့ထံမှ ဖြစ်သည်။

ထိုကိုယ်ပွား ၆ ခုစလုံးသည် နာရီဝက်အတွင်းမှာပင် အဆင့် ၁ မသေမျိုးအဖြစ် အသီးသီး အဆင့်တက်လှမ်းသွားကြသည်။

ထိုဆင့်ကဲ တုံ့ပြန်မှုများကြောင့် ဖန့်ချန်၏ ကျင့်ကြံမှုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်တွင် မိုးကြိုးများ တဒုန်းဒုန်း ပစ်ခတ်လာတော့သည်။

မိုးကြိုးဘေးဒုက္ခ ကျရောက်လာသည့် ခဏမှာပင် ဝမ်ချွမ်းမြစ် အရိပ်အယောင် ပေါ်လာပြီး ပင်လယ်ပြင်က ကျောက်ခဲလေးတစ်လုံးကို ဝါးမြိုလိုက်သကဲ့သို့ မိုးကြိုးဘေးဒုက္ခကို ဘာမှမဟုတ်တော့အောင် ဖျောက်ပစ်လိုက်သည်။

ခဏချင်းမှာပင် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများ တလိမ့်လိမ့် တက်လာကာ တက်လှမ်းခြင်းအဆင့် သို့ တစ်ဟုန်ထိုး ရောက်ရှိသွားသည်။

နှစ်ပေါင်းများစွာ ကြိတ်ပြီး စုဆောင်းလာခဲ့သော အခြေခံအုတ်မြစ်မှာလည်း ဤအချိန်တွင် အထင်အရှား ပေါ်ထွက်လာသည်။

သူ၏ ဝိညာဉ်စွမ်းအားမှာ တက်လှမ်းခြင်းအဆင့်တွင် နှစ်ပေါင်း ရာချီ၊ ထောင်ချီ ကြာမြင့်နေပြီဖြစ်သော အဘိုးကြီးများထက်ပင် အဆပေါင်း ဆယ်ဂဏန်းမက ပိုမို သိပ်သည်းလှသည်။

သူ အဆင့် ၁ မသေမျိုး ဖြစ်သွားသည့်အခါ ထိုဝိညာဉ်စွမ်းအားများသည် အသန့်စင်ဆုံးသော မသေမျိုးစွမ်းအား များအဖြစ် ပြောင်းလဲသွားဦးမည်ဖြစ်ရာ သူသည် အဆင့်တူ ကျင့်ကြံသူများထဲတွင် ထိပ်သီးတစ်ယောက် ဖြစ်နေဦးမည်သာ။

ထိုကျင့်ကြံမှုအခြေခံကို ကောင်းကင်ပစ်ခတ်ခြင်းအတတ် နှင့် ပေါင်းစပ်လိုက်ပါက နောင်တွင် သူနှင့် ရင်ဆိုင်ရမည့် ရန်သူများအတွက်တော့ အလွန်ဆိုးဝါးသော အတွေ့အကြုံတစ်ခု ဖြစ်လာပေလိမ့်မည်။

"အစ်ကို.. မင်းရဲ့ လက်ရှိ အခြေခံအုတ်မြစ်အရဆိုရင် မူလရွှေဓာတ်အငွေ့အသက် ကို တိုက်ရိုက် သောက်သုံးလို့ ရပြီ။ ဒါပေမဲ့ ငါ အကြံပေးချင်တာကတော့ ဓားငယ်လေးဟာ ယွမ်သံလိုက် ဓာတ်ငါးပါးဓား အဖြစ် လုံးဝ ပြောင်းလဲသွားတဲ့အချိန်ကျမှ အတူတူ အဆင့်တက်တာ ပိုကောင်းမယ် ”

မှန်လေး၏ အသံက ဖန့်ချန်၏ နားထဲတွင် ပဲ့တင်ထပ်လာသည်

“ဓားငယ်လေး အောင်မြင်သွားတဲ့အချိန်ကျမှ မင်း အဆင့် ၁ ဓားမသေမျိုးအဖြစ် အဆင့်တက်မယ်ဆိုရင် သူ့ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားနိုင်ပြီး အခြေခံအုတ်မြစ်နဲ့ ဝိညာဉ်အရှိန်အဝါတွေကိုပါ ပိုပြီး တိုးတက်စေလိမ့်မယ် ”

“အင်း ”

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ဟွမ်ဝူကျိ အဆင့် ၄ ဓားမသေမျိုး ဖြစ်လာစဉ်ကလည်း သူ၏ အသက်ဝိညာဉ်ဓားပါ တစ်ပါတည်း ဝိညာဉ်ရတနာ ဖြစ်လာခဲ့သည်။

ဒါဟာ ဓားမသေမျိုးလမ်းစဉ်ရဲ့ အပိုဆောင်း အကျိုးကျေးဇူးတစ်ခုပင်။

ဓားငယ်လေး မှာ ဝိညာဉ်အသိ ရှိနေပြီးသားဖြစ်ရာ ဒါဟာ ကျားရှေ့ မိုးကြိုးပတ်သလို ပိုပြီး အစွမ်းထက်လာစေမည် ဖြစ်သည်။

နောက်ထပ် ၂ နှစ် ကုန်လွန်သွားပြန်သည်။

ယွမ်သံလိုက် ဓာတ်ငါးပါးတောင်၏ အတွင်းပိုင်းမှ ရုတ်တရက် အုန်းအုန်းဒိုင်းဒိုင်း အသံများ ထွက်ပေါ်လာပြီးနောက် ၎င်းသည် အလွန်မြန်သော အရှိန်ဖြင့် ပြိုကျပျက်စီးသွားတော့သည်။

တောင်ကြီး ပြိုကျရုံတင်မကဘဲ တောင်ပတ်ဝန်းကျင်ရှိ ဓာတ်ငါးပါးစွမ်းအားများပါ ပြိုကွဲကုန်သည်။

၎င်းတို့သည် အငွေ့အသက်တန်းများအဖြစ် ပြောင်းလဲကာ ဓားငယ်လေး ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်သွားကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် ယွမ်သံလိုက် ဓာတ်ငါးပါးတောင်သည် ပျောက်ကွယ်သွားပြီး၊ ဟင်းလင်းပြင်ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ငါးရောင်ခြယ် နတ်ဓားတစ်စင်းသာ ကျန်ရှိတော့သည်။

ဟွမ်ဝူကျိသည် အဝေးမှ ရပ်ကြည့်နေပြီး သူ၏ ကိုယ်ပိုင်အသက်ဝိညာဉ်ဓားမှာလည်း ငါးကလေးတစ်ကောင်ကဲ့သို့ သူ့ဘေးတွင် ဝဲပျံနေသည်။

ငါးရောင်ခြယ် နတ်ဓား ထွက်ပေါ်လာချိန်တွင် ထိုအသက်ဝိညာဉ်ဓားက မနာလိုစွာဖြင့် ပြောလိုက်သည်

“အရှင်... သူ့ရဲ့ အခြေခံအုတ်မြစ်က ကြောက်စရာကြီးဗျာ၊ ကျုပ် အခု သူ့နားကို မချဉ်းကပ်ရဲဘူး၊ ကျုပ်ကို စားပစ်မှာ ကြောက်လို့ ”

“စိတ်ချပါ၊ သူ မင်းကို မစားပါဘူး၊ ငါတို့က လူချင်းတွေပဲဥစ္စာ ”

ဟွမ်ဝူကျိက အသာအယာ ချော့မြှူလိုက်သည်။

ထို့နောက် ထိုနတ်ဓားကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် ချီးကျူးအံ့သြမှုများနှင့်အတူ ဝမ်းသာပီတိဖြစ်မှုများပါ ဖြတ်ပြေးသွားသည်။

သူ ခန့်မှန်းရသလောက်တော့ ထိုသခင်လေးသည် လူသားလောကတွင် ဓားမသေမျိုးလမ်းစဉ်ကို ရွေးချယ်နိုင်ခြေ များသည်။

ထိုသို့ဆိုလျှင် လူသားလောက ကိုးနယ်မြေမှ ဓားကျင့်ကြံသူများမှာ အရင်ကလို အဖေမရှိ အမေမရှိ ဘဝမျိုး မဟုတ်တော့ဘဲ နောက်ခံအင်အားကြီးတစ်ခု ရှိလာတော့မည် မဟုတ်ပါလား။

“ဓားငယ်လေး... မင်း ဘယ်လို ခံစားရလဲ ”

ဖန့်ချန်သည် ဓားငယ်လေး ကို ကြည့်ရင်း မျက်လုံးများ တောက်ပနေသည်။

ယွမ်သံလိုက် ဓာတ်ငါးပါးတောင်ကို ဝါးမြိုပြီးနောက် ဓားငယ်လေး ၏ အရှိန်အဝါမှာ အလွန်တရာ ကြောက်မက်ဖွယ် ဖြစ်နေသည်။

ဒါဟာ သာမန် ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေရဲ့ စွမ်းအားထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

အကယ်၍ ယွမ်လုံ အစီရင်လှေနှင့် တွေ့မည်ဆိုပါက ဓားတစ်ချက်တည်းနှင့် ပြတ်တောက်သွားပေလိမ့်မည်။

သို့သော် ဟေးလုံ သို့မဟုတ် အစီရင်လှေ များနှင့် ရင်ဆိုင်ရလျှင် ၎င်းတို့၏ ခံစစ်ကို ဖောက်ထွင်းနိုင်ပါ့မလား ဆိုတာကိုတော့ မသိရသေးပေ။

“ဖန့်ချန်... ငါ ပြောင်းလဲသွားပြီလို့ ခံစားရတယ် ”

ဓားငယ်လေး ၏ အသံ ထွက်ပေါ်လာသည်

“ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် အရောင်အသွေး စုံလင်ပြီး ကြွကြွရွရွကြီး ဖြစ်နေရတာလဲ ”

“သောက်ကောင်လေး... ဒါက ဓာတ်ငါးပါးစွမ်းအားတွေရဲ့ ပြယုဂ်ပဲလေ၊ မင်း နည်းနည်းလေး ထိန်းချုပ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ ”

မှန်လေးက လှောင်ပြောင်ရင်း ဆိုသည်

"ငါကတော့ မင်းရဲ့ ဒီလို ကြွကြွရွရွ ပုံစံလေးက မင်းနဲ့ ပိုလိုက်ဖက်တယ်လို့ ထင်တာပဲ ”

“ပါးစပ်ပိတ်ထားစမ်း ”

ဓားငယ်လေး က မကျေမနပ် ဖြစ်သွားသော်လည်း မှန်လေး၏ အကြံပေးချက်အတိုင်း ယွမ်သံလိုက် ဓာတ်ငါးပါးစွမ်းအားကို ဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်သည်။

မကြာမီ ငါးရောင်ခြယ် ထူးဆန်းသော အလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သို့သော် လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ဓားရိုးပေါ်တွင် ဓာတ်ငါးပါးစွမ်းအားကို ကိုယ်စားပြုသည့် ငါးရောင်ခြယ် အစင်းကြောင်း ၅ ခု ပေါ်နေလေသည်။

“အစ်ကို.. မင်း အခု အဆင့် ၁ မသေမျိုးအဖြစ် အဆင့်တက်လို့ ရပြီ ”

မှန်လေးက ဆိုသည်။

“အခုတော့ မဖြစ်သေးဘူး၊ နတ်ဆေးပင် တစ်မျိုး လိုသေးတယ်။ အကယ်၍ ငါ ဒီနေရာမှာတင် အဆင့်တက်လိုက်ရင် ငါ ဘယ်လမ်းစဉ်ကို လျှောက်နေလဲဆိုတာ သူတို့ စစ်ဆေးတွေ့ရှိသွားလိမ့်မယ် ”

ဖန့်ချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။

သူရရှိထားသော ဂုဏ်ထူးအမှတ်များဖြင့် အဆင့် ၁ နတ်ဆေးပင် တစ်ခုကို လဲလှယ်ပြီးမှသာ သဘာဝကျကျ အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။

ဆက်လက်ပြီး အပြန်လမ်းတစ်လျှောက်တွင် ဖန့်ချန်သည် မိမိ၌ရှိသမျှ မသေမျိုးကျောက်တုံးအားလုံးကို နတ်ဆေးပင် သတင်းအချက်အလက်များ ဝယ်ယူရန် အသုံးပြုခဲ့သည်။

သူ စုရပ်သို့ ပြန်ရောက်ချိန်တွင် သူ၏ လက်ဝယ်၌ နတ်ဆေးပင် ၇ မျိုး ရှိနေပြီဖြစ်သည်။

တစ်မျိုးစီမှာ အဆင့် ၄ နတ်ဆေးပင်များ ဖြစ်ကြပြီး မသေမျိုးကျောက်တုံး ထောင်ချီ တန်ဖိုးရှိသည်။

၇၀ ရာခိုင်နှုန်းကို ဂိုဏ်းသို့ အပ်နှံလိုက်လျှင်တောင် သူ၏ လက်ထဲတွင် မသေမျိုးကျောက်တုံး ၂,၀၀၀ ကျော် ကျန်ရှိဦးမည့်အပြင် မယုံနိုင်လောက်အောင် များပြားလှသော ဂုဏ်ထူးအမှတ်များကိုလည်း ရရှိမည် ဖြစ်သည်။

ကျွယ်မင်နန်းတော်သည် လူတွေကို ခေါင်းပုံဖြတ်နေသည်ဟု အထင်မခံပေ။

ထို့ကြောင့် ဂုဏ်ထူးအမှတ်စနစ်ကို ထိရောက်စွာ အသုံးပြုကာ အောက်ခြေ ကျင့်ကြံသူများကို အပ်နှံချင်စိတ် ပေါက်အောင် လုပ်ဆောင်ထားသည်။

ထို့ပြင် ပုံမှန်ဆိုလျှင် ဝယ်ယူ၍မရနိုင်သော ကျင့်ကြံမှု အရင်းအမြစ်များကိုလည်း ထိုအမှတ်များဖြင့် ပြန်လည် လဲလှယ်ပေးသည်။

ဒါကြောင့်လည်း ကျင့်ကြံသူ အမြောက်အမြားမှာ ဘယ်သူမှ စောင့်ကြည့်မနေသော်လည်း မိမိသဘောနှင့်မိမိ အပ်နှံကြခြင်း ဖြစ်သည်။

အချို့ဆိုလျှင် မိမိနောက်ကွယ်မှ မိသားစုများမှတစ်ဆင့် အရှုံးခံကာ အပ်နှံပြီး ဂုဏ်ထူးအမှတ်များ စုဆောင်းကြသည်အထိပင်။

ဆင်းသက်သည့် နေရာတွင် ရပ်နေသော ဖန့်ချန်သည် နေမင်းကြီးတစ်စူးသဖွယ် အလွန်တောက်ပနေသည်။

အကြောင်းမှာ သူ၏ဘေးမှ ဖြတ်သွားသမျှ ကျင့်ကြံသူတိုင်း၏ နတ်ဆေးပင် ရှာဖွေရေးကျောက်ပြားများသည် အလွန်အမင်း ပူလောင်လာကြသောကြောင့် ဖြစ်သည်။

“ဒီလူ့ဆီမှာ နတ်ဆေးပင်တွေ ရှိနေတာပဲ၊ ဘယ်ကြယ်တာရာကလဲ ”

“ငါ့ကျောက်ပြားက အရမ်းပူနေတာပဲ၊ ဒါ ဘယ်နှစ်ဆင့် နတ်ဆေးပင်တွေလဲဟ ”

“ငါဖြင့် အသေအလဲ ရှာတာတောင် တစ်ပင်မှ မတွေ့ဘူး၊ အခုတော့ လူငယ်လေးတစ်ယောက်က အကုန်ဦးသွားပြီပဲ ”

အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုး အတော်များများက ဖန့်ချန်ကို မကြာခဏ လှမ်းကြည့်နေကြတော့သည်။

အခန်း (၁၄၀၀) - ရတနာအလင်း ဗုဒ္ဓဓာတ်ငွေ့

ဖန့်ချန်၏ ကိုယ်ပေါ်တွင် နတ်ဆေးပင်များ ရှိနေသည်ကို အသေအချာ သိကြသော်လည်း ပတ်ဝန်းကျင်ရှိ မသေမျိုး ကျင့်ကြံသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်ချန်ဟယ် ကဲ့သို့ သူ၏အပေါ် မကောင်းကြံစည်ရန် မဝံ့ရဲကြပေ။

အဓိကအကြောင်းရင်းမှာ ယခုတစ်ခေါက်တွင် အမာခံတပည့် အမြောက်အမြား ပါဝင်နေသောကြောင့် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က စည်းကမ်းဖောက်ဖျက်ခဲ့လျှင် မည်သို့မျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

တကယ်လို့ တစ်စုံတစ်ဦးက တကယ်တမ်း လက်ရဲဇက်ရဲ တိုက်ခိုက်လာပါကလည်း အခြားသူများက အလိုအလျောက် တားဆီးကြမည်ဖြစ်ရာ ဒါဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင့်ကြည့်နေကြသလိုပင်။

ဖန့်ချန်သည် တစ်နှစ်နီးပါးခန့် စောင့်ဆိုင်းပြီးနောက် လင်းယွမ်၊ ယွီဝူရှီး၊ မုံ့ချင်လင် တို့နှင့် ဆုံတွေ့ခဲ့သည်။

သုံးဦးစလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် အလယ်အလတ်ပိုင်းသို့ တက်လှမ်းသွားကြပြီ ဖြစ်ရာ ရရှိခဲ့သော အကျိုးအမြတ်မှာ မနည်းလှကြောင်း သိသာထင်ရှားလှသည်။

“ခေါင်းဆောင်... ကျုပ်တို့ သုံးယောက် ဒီတစ်ခေါက် ဘာတွေ ရှာတွေ့ခဲ့လဲဆိုတာ ခန့်မှန်းကြည့်ပါဦး ”

လင်းယွမ်က ဖန့်ချန်ကို မြင်မြင်ချင်းပင် အနားသို့ အပြေးရောက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် မေးလိုက်သည်။

“မသေမျိုးကျောက်တုံး သတ္တုတွင်းကြီးများ ရှာတွေ့ခဲ့လို့လား ”

ဖန့်ချန်က အမှတ်မထင် ပြောလိုက်သည်။

သုံးဦးစလုံးမှာ ခေတ္တမျှ မှင်တက်သွားကြပြီး ထူးဆန်းသော အကြည့်များဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လင်းယွမ်က သံသယစိတ်ဖြင့်

“ခေါင်းဆောင်... ခင်ဗျား ကျုပ်တို့နောက်ကို တိတ်တဆိတ် လိုက်နေခဲ့တာတော့ မဟုတ်ပါဘူးနော် ”

“တကယ်ပဲ မသေမျိုးကျောက်တုံး သတ္တုတွင်း ရှာတွေ့ခဲ့တာလား ဘယ်လောက် အတိုင်းအတာ ရှိလဲ”

ဖန့်ချန်က အံ့အားသင့်စွာ မေးလိုက်သည်။

“အတိုင်းအတာကတော့ သိပ်မကြီးပါဘူး၊ ဒါပေမဲ့ အဓိကကတော့ သူ့ရဲ့ ဘေးထွက်တွင်းထွက်ပစ္စည်းတွေကလည်း တန်ဖိုးရှိတာပဲဗျ ”

လင်းယွမ်က လက်သီးဆုပ်ခန့်ရှိသော မသေမျိုးကျောက်တုံးရိုင်း တစ်တုံးကို ချက်ချင်း ထုတ်ပြလိုက်သည်။

ဤအရွယ်အစားမှာ အနည်းဆုံး စံနှုန်းမီ မသေမျိုးကျောက်တုံး ၂၀၀ ခန့် ခွဲထုတ်နိုင်သည်။

၎င်း၏ တန်ဖိုးမှာ အဆင့် ၁ နတ်ဆေးပင် တစ်ပင်နှင့် ညီမျှသည်။

အဆင့် ၁ သို့မဟုတ် အဆင့် ၂ မသေမျိုးများပင် တွေ့ရှိခဲ့လျှင် တစ်ညတွင်းချင်း သူဌေးဖြစ်သွားနိုင်သည့် အံ့အားသင့်ဖွယ်ရာ ဆုလဒ်မျိုး ဖြစ်ရာ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

“သူတို့က ဘယ်နယ်မြေသစ် ရှာဖွေရေးအဖွဲ့ကလဲ ဘာလို့ ရလဒ်တွေက ဒီလောက်တောင် ကောင်းနေရတာလဲ ”

အဆင့် ၁ မသေမျိုး တစ်ဦးမှာ ထိုလက်သီးဆုပ်ခန့်ရှိသော ကျောက်တုံးရိုင်းကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်သွားတော့သည်။

“ဒီမသေမျိုးကျောက်တုံးရိုင်းတွေရဲ့ အနီးအနားမှာ ကျုပ်တို့က အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အချို့ကိုလည်း တွေ့ခဲ့သေးတယ်၊ အဲဒီထဲမှာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ ရှေးဟောင်း ဝိညာဉ်စွမ်းအားတွေ ကိန်းအောင်းနေတာ ”

ယွီဝူရှီး နှင့် မုံ့ချင်လင်တို့က အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်ရိုင်း အချို့ကို အသီးသီး ထုတ်ပြလိုက်ကြသည်။

၎င်းတို့၏ အရွယ်အစားအရဆိုလျှင် အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀ မှ ၅၀ ကြား ခွဲထုတ်ရန် ပြဿနာ မရှိပေ။

ဈေးကွက်ထဲတွင် အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလျှင် အနည်းဆုံး မသေမျိုးကျောက်တုံး ၅ တုံးအထိ ပေါက်ဈေး ရှိသည်။

ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်။

ထိုအထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများထဲတွင် ဖန့်တျန်းဇွန် သန့်စင်ပြီးသား စွမ်းအားများနှင့် ထပ်တူမကျသော အမျိုးအစား တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

“ဒီကျောက်ရိုင်းထဲမှာ ကိန်းအောင်းနေတဲ့ ရှေးဟောင်း ဝိညာဉ်စွမ်းအားက ရတနာအလင်း ဗုဒ္ဓအငွေ့ ဖြစ်ရမယ် ”

ဖန့်ချန်သည် မုံ့ချင်လင်၏ လက်ထဲမှ ထိုကျောက်ရိုင်းကို ယူ၍ စစ်ဆေးကြည့်ရင်း ရေရွတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် မဟာကောင်းကင်ဘုရင် ဆေးပညာကျမ်း ပါ အခန်းကဏ္ဍတွင် ထိုပညာရပ်အတွက် လိုအပ်သော ရှေးဟောင်းဝိညာဉ်စွမ်းအား ၉၉ မျိုးအကြောင်း အသေးစိတ် ဖော်ပြထားသောကြောင့်သာ သူ တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်ခြင်း ဖြစ်သည်။

“ဟူး...”

လင်းယွမ်က အံ့အားသင့်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း

“ခေါင်းဆောင်... ခင်ဗျားက အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေအကြောင်းကိုပါ နှံ့စပ်နေတာလား ”

သာမန်ကျင့်ကြံသူများသည် အထွတ်ထိပ် အဆင့် ဝိညာဉ်ကျောက်တုံးများကို ဈေးကောင်းရသော ပစ္စည်းဟုသာ သိကြပြီး အတွင်း၌ရှိသော ဝိညာဉ်စွမ်းအားများကိုတော့ အသေးစိတ် မလေ့လာကြပေ။

အကြောင်းမှာ ရှေးဟောင်းဝိညာဉ်စွမ်းအားများသည် ယခုခေတ်တွင် အမွေအနှစ်များ ပျောက်ကွယ်ကုန်ပြီ ဖြစ်ရာ ကိုက်ညီသော ကျင့်စဉ်မရှိလျှင် ထိုစွမ်းအားအနည်းငယ်မှာ ဘာမှ အသုံးမဝင်တော့ပေ။

ဤဘာသာရပ်ကို စိတ်ဝင်စားသော စုဆောင်းသူများကို ရောင်းချခြင်းကသာ အထူးအဆင့် ဝိညာဉ်ကျောက်တုံးများ၏ တကယ့်တန်ဖိုး ဖြစ်ပေသည်။

“အနည်းငယ်တော့ လေ့လာဖူးတာပေါ့ ”

ဖန့်ချန်က ပြုံးလိုက်ရင်း

“ဂိုဏ်းကို အပ်နှံပြီးသွားတဲ့အခါ ကျရင်တော့ ငါ့ရဲ့ ဂုဏ်ထူးအမှတ်တွေနဲ့ တစ်တုံးလောက် ပြန်လဲယူလိုက်မယ် ”

လင်းယွမ်က ဝင်တားသည်

“အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကစားတဲ့ ကျင့်ကြံသူတွေဟာ မသေမျိုးကျောက်တုံးတွေ အများကြီး အရှုံးပေါ်တတ်တယ်ဗျ၊ ခေါင်းဆောင် ဒီဝါသနာကို မလိုက်စားတာ ပိုကောင်းမယ် ”

“ဒါကို ကစားတာက နတ်ဘုရားအရင်းအမြစ်ကျောက် တွေနဲ့ ကစားတာထက်စာရင်တော့ ပိုကောင်းမှာပါ မဟုတ်လား ”

ဖန့်ချန်က ရယ်မောလျက် ဆိုသည်။

“ခေါင်းဆောင်က နတ်ဘုရားအရင်းအမြစ်ကျောက် တွေနဲ့ပါ ကစားဖူးတာလား ”

လူတိုင်းက အံ့အားသင့်သွားကြသည်။

နတ်ဘုရားအရင်းအမြစ်ကျောက် (လောင်းကစားကျောက်တုံး) နှင့် ကစားသူများသည် များသောအားဖြင့် ကောင်းသော နိဂုံး မရှိကြပေ။

၁၀ ကြိမ် လောင်းလျှင် ၉ ကြိမ် ရှုံးသည် ဆိုသော စကားမှာလည်း ၎င်းကို ဖော်ပြရန် မလုံလောက်ပေ။

“နတ်ဘုရား အရင်းအမြစ်ကျောက် တွေနဲ့ ယှဉ်ရင်တော့ အထွတ်ထိပ် အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကစားတာက တော်သေးတာပေါ့၊ ဝယ်မယ့်သူရှိရင် ပိုက်ဆံပြန်ရသေးတယ်လေ ”

လင်းယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“ခေါင်းဆောင်... ဒီတစ်ခေါက် ခင်ဗျားရော ဘာတွေ ထူးထူးခြားခြား ရခဲ့လဲ ”

သူတို့ သုံးဦး၏ ကိုယ်ပေါ်တွင် နတ်ဆေးပင် ရှာဖွေရေး ကျောက်ပြားများ မရှိကြသဖြင့် ဖန့်ချန်တွင် နတ်ဆေးပင်များ ပါလာသည်ကို မသိကြပေ။

ပတ်ဝန်းကျင်ကလူတွေ မနာလိုစိတ်နဲ့ မျက်လုံးတွေ နီမြန်းနေကြတာဟာ သူတို့ရခဲ့တဲ့ မသေမျိုးကျောက်တုံးတွင်းနဲ့ အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကြောင့်လို့ပဲ ထင်နေကြသည်။

“အကျိုးအမြတ် သိပ်မများပါဘူး၊ နတ်ဆေးပင် ၇ ပင်လောက်ပါပဲ ”

ဖန့်ချန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ဪ... ၇ ပင်...”

လင်းယွမ်က ရုတ်တရက် အသက်ရှူရပ်မတတ် ဖြစ်သွားရင်း

“၇ ပင် ဆိုတာ ဘာကို ပြောတာလဲဗျ ”

“နတ်ဆေးပင်... ခေါင်းဆောင် အခုလေးတင် ပြောလိုက်တာ နတ်ဆေးပင် ၇ ပင်လို့ ”

ယွီဝူရှီးက ဖြည့်စွက်ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ရသည်။

နတ်ဆေးပင်များသည် သူနှင့် တိုက်ရိုက်မပတ်သက်သော်လည်း သူတို့သည် တစ်ဖွဲ့တည်း ဖြစ်သောကြောင့် ဂုဏ်ထူးအမှတ်များကိုတော့ အညီအမျှ ခွဲဝေရရှိမည် ဖြစ်သည်။

ထိုဂုဏ်ထူးအမှတ်များဖြင့် လဲလှယ်နိုင်သော ပစ္စည်းအချို့မှာ အပြင်လောကတွင် မြင်ဖူးရန်ပင် ခက်ခဲလှသည်။

“ဒါကြောင့်လည်း သူတို့တွေ ကျုပ်တို့ကို ထူးထူးဆန်းဆန်း ကြည့်နေကြတာကိုး...”

မုံ့ချင်လင်၏ မျက်နှာမှာ ရှုပ်ထွေးသွားရင်း

“တကယ်လို့ သာ သူတို့တွေက ကြာနီမိတ်ဆွေ လည်းအစီရင်ဗဟိုချက် ကို ရရှိသွားပြီး အမာခံတပည့် ဖြစ်သွားတာကို သိလိုက်ရင်တော့ ကျုပ်တို့ ကိုးနယ်မြေ ရှာဖွေရေးအဖွဲ့ ရဲ့ နာမည်က ကျွယ်မင်နန်းတော် တစ်ခုလုံးမှာ ဟိုးလေးတကျော် ဖြစ်သွားတော့မှာပဲ ”

“ကျုပ်တို့ ကိုးနယ်မြေ ရှာဖွေရေးအဖွဲ့က ဒီတစ်ခေါက်မှာ အကြီးမားဆုံး အောင်နိုင်သူလို့ ကျုပ် ဘာလို့ ခံစားနေရတာလဲ ကြာနီမိတ်ဆွေ က အစီရင်ဗဟိုချက်ကို ရခဲ့တာကရော ဂုဏ်ထူးအမှတ်ထဲ ထည့်တွက်မှာလား မသိဘူး ”

လင်းယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ဆိုသည်။

ဖန့်ချန်က ရယ်မောကာ ခေါင်းခါပြလိုက်သည်

“ဘယ်လိုလုပ်ပြီး ဂုဏ်ထူးအမှတ်ထဲ ထည့်တွက်မှာလဲ၊ ဂိုဏ်းကို အပ်လိုက်တာလည်း မဟုတ်ဘူးလေ။ ကြာနီမိတ်ဆွေ က ကိုယ်တိုင် သုံးစွဲလိုက်ပြီပဲဥစ္စာ။ အခု ကျွယ်မင်နန်းတော်က ဒီကိစ္စကို အပြစ်ရှာ မနေတာနဲ့တင် ဝမ်းသာရမယ့်ကိစ္စကို ဂုဏ်ထူးအမှတ်တောင် လိုချင်သေးတယ်လား ”

သုံးဦးစလုံးမှာလည်း ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကာ ခေါင်းငြိမ်ငြိမ်လေး ငြိတ်လိုက်ကြသည်။

ခြောက်လခန့် ကြာပြီးနောက် နဂါးနက်အစီရင်လှေများ တစ်စင်းပြီးတစ်စင်း ပြန်လည် ရောက်ရှိလာကြသည်။

ဖန့်ချန် လေ့လာကြည့်လိုက်ရာ ယခုတစ်ခေါက်တွင် ချန်ရှင်းဟယ် အပြင် အခြား အမာခံတပည့် အချို့လည်း ပျောက်ဆုံးနေသည်ကို တွေ့ရသည်။

သူတို့တွေဟာ တစ်စုံတစ်ယောက်ရဲ့ အကွက်ချ လုပ်ကြံခြင်းကို ခံလိုက်ရတာလား၊ ဒါမှမဟုတ် အချိန်မီ ပြန်မရောက်လာတာလား ဆိုတာကိုတော့ မသိရပေ။

“မိတ်ဆွေ... အမာခံတပည့် လီ က ခင်ဗျားကို လာခဲ့ဖို့ ဖိတ်ခေါ်နေပါတယ်ဗျ ”

တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ဖန့်ချန်၏ ရှေ့သို့ ရောက်လာပြီး အလွန် ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။

ဖန့်ချန်သည် လီရှမ်းဇီ ရှိသော နဂါးနက်လှေဆီသို့ လိုက်သွားရာ လင်းတုန်းနှင့် အခြားသူများကိုလည်း တွေ့လိုက်ရသည်။

ဖန့်ချန်ကို မြင်သည်နှင့် လင်းတုန်း၏ မျက်နှာမှာ ပန်းပွင့်သွားပြီး အကြည့်များမှာလည်း ထူးထူးခြားခြားပင် ကြင်နာယုယမှုများ ပြည့်နှက်နေသည်။

“လင်းတုန်း... မင်း ဒီတစ်ခေါက်တော့ ကံကောင်းသွားပြီ။ သူ ရရှိထားတဲ့ ဂုဏ်ထူးအမှတ်တွေဟာ မင်းတို့ရဲ့ နံပါတ် ၄၃၂ နယ်မြေသစ် ကြယ်တာရာကို နောက်တစ်ဆင့် မြှင့်တင်ပေးဖို့ လုံလောက်သွားပြီ။ မင်းအတွက် အဆင့် ၄ နတ်ဆေးပင် လဲလှယ်ဖို့ ဂုဏ်ထူးအမှတ်တွေလည်း လုံလောက်သွားပြီလို့ ထင်တာပဲ။ မင်း အလှည့်ရောက်ရင် အဆင့် ၄ ကို တက်လှမ်းဖို့ အခွင့်အရေး အများကြီး ရှိသွားပြီ ”

လီရှမ်းဇီ က ပြုံးလျက် ဆိုသည်။

လင်းတုန်းက နှိမ့်ချစွာဖြင့်

“မဟုတ်တာဗျာ... ဒါတွေက ကျွယ်မင်နန်းတော်ရဲ့ စနစ်တွေက ပြည့်စုံလွန်းလို့ အခုလို ထူးချွန်တဲ့ ပါရမီရှင်ကို ရှာတွေ့နိုင်ခဲ့တာပါ ”

ဝမ်ရွှမ် နှင့် ရွှီချန့် တို့မှာမူ လင်းတုန်း၏ အနောက်တွင် ရပ်နေရင်း စိတ်လှုပ်ရှားစွာဖြင့် ရှိနေကြသည်။

ဖန့်ချန် မရောက်လာခင်ကတည်းက ဖန့်ချန်တွင် နတ်ဆေးပင်များ ပါလာကြောင်း လီရှမ်းဇီ ထံမှ ကြားသိထားပြီး ဖြစ်သည်။

ယခု ဖန့်ချန် အစီရင်လှေပေါ်သို့ ရောက်လာချိန်တွင် သူတို့နှစ်ဦး၏ ကိုယ်ပေါ်ရှိ ကျောက်ပြားများမှာလည်း တပြိုင်နက်တည်း ပူလောင်လာကြသဖြင့် ဤသတင်းမှာ အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။

ပြီးခဲ့သည့် တစ်ခေါက်ကလည်း ထိုဂျူနီယာလေးသည် အဆင့် ၄ နတ်ဆေးပင် တစ်ပင် ရရှိခဲ့ပြီး၊ ယခု ဝူရှန့်ငရဲတွင်လည်း နတ်ဆေးပင်များကို ထပ်မံ ရှာတွေ့ခဲ့ပြန်ပြီ ဖြစ်ရာ ထိုကဲ့သို့ ကောင်းကင်ယံကို ဆန့်ကျင်သော ကံတရားမျိုးမှာ သာမန်လူတွေ မနာလိုလို့တောင် မရနိုင်လောက်အောင်ပင် ဖြစ်သည်။

“ကြားရတာက မင်း... ဟင် တက်လှမ်းခြင်းအဆင့် ကို ရောက်သွားပြီလား ”

လီရှမ်းဇီ ၏ မျက်နှာမှာ အံ့အားသင့်သွားသည်။

တက်လှမ်းခြင်းအဆင့် ရောက်သွားပြီလား

ဝမ်ရွှမ် မှာလည်း အလွန်အမင်း အံ့အားသင့်သွားသည်။

ရွှီချန့် မှာမူ မှင်တက်သွားတော့သည်။

တစ်ဖက်လူ နံပါတ် ၄၃၂ နယ်မြေသစ် ကြယ်တာရာသို့ စရောက်စက ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့်အစောပိုင်းမျှသာ ရှိသေးသည်...။

ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် တက်လှမ်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်လားအကယ်၍ သူ၏ ဂုဏ်ထူးအမှတ်များကိုပါ ထည့်တွက်လိုက်လျှင်... သူဟာ အဆင့် ၁ မသေမျိုး နတ်ဆေးပင်ကို လဲလှယ်ဖို့ သေချာပေါက် အရည်အချင်း ပြည့်မီနေပြီ မဟုတ်ပါလား

“နှစ်ပေါင်း တစ်ရာတောင် မပြည့်သေးခင်မှာ အဆင့် ၁ မသေမျိုး ဖြစ်ဖို့ ကံပါလာတာပဲ၊ ကောင်းတယ်... တကယ်ကို ကောင်းတယ် ”

လီရှမ်းဇီက အဆက်မပြတ် ခေါင်းညိတ်ရင်း ရယ်မောလိုက်သည်

“နှမြောစရာကောင်းတာက ဂျူနီယာညီမ ဟုန် က မင်းကို သဘောကျပြီး သူမရဲ့ ရှာဖွေရေးအဖွဲ့ထဲ ထည့်ချင်နေတာပဲ။ မဟုတ်ရင်တော့ မင်းကို ငါ့နောက် လိုက်ခိုင်းချင်တာ ”

ဂျူနီယာညီမ ဟုန်

ဝမ်ရွှမ် နှင့် ရွှီချန့် တို့မှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

လင်းတုန်းမှာလည်း ဘာမှ ပြန်မပြောနိုင်သေးပေ။

သိသာသည်မှာ သူတို့၏ အဆင့်အတန်းအရ လီရှမ်းဇီ က ထိုကိစ္စကို ဦးဆောင်ပြီး ပြောပြရန်မှာ သူတို့နှင့် မထိုက်တန်သေးသောကြောင့် ဖြစ်သည်။

All Chapters