← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) ပြိုင်ဘက်ကင်းလွန်းတဲ့အတွက် စနစ်က နတ်ဘုရားအဆင့်စနစ်တစ်ခုအဖြစ် အဆင့်မြှင့်တင်သွားခြင်း

"ဧကရာဇ်သားတော်နဲ့ ဧကရာဇ်သမီးတော်တွေ..."

ခုံးဝူတောက်၏မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး စိတ်ဝင်စားသွားပုံရသည်။

သူတို့သည် နောက်လိုက်များ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အရေးမကြီးပေ။

အရေးကြီးဆုံးက အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သားတော်နှင့်ဧကရာဇ်သမီးတော်ကိုးပါး ဘယ်လောက် အစွမ်းထက်လဲဆိုတာကို သူ သိချင်နေခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အချိန်အကြာကြီး အိပ်စက်နေခဲ့ရလို့ သူ၏သွေးကြောများ အနည်းငယ် ပိတ်ဆို့နေသဖြင့် စမ်းသပ်ရန် သင့်တော်သော သဲအိတ်... အဟမ်း... ပြိုင်ဘက်အချို့ကို ရှာဖွေရန် သဘာဝကျကျ လိုအပ်နေသည်။

ထိုအချိန်မှာပင် ယခင်က ပျောက်ကွယ်သွားခဲ့သော စနစ်၏အသံ ပြန်လည်ထွက်ပေါ်လာသည်။

"ဒင်... ကောင်းကင်ဘုံအမဲလိုက်စနစ် ကို ပြန်လည်အသက်သွင်းလိုက်ပါပြီ..."

"အခုလေးတင် ဒီစနစ်က ပင်မနတ်ဘုရားလေဟာနယ်ဆီ အထူးတလည် ပြန်သွားခဲ့ပြီး စနစ်နတ်ဘုရားကို ဒီစနစ်အတွက် အဆင့်တွေ ဆက်တိုက်မြှင့်တင်ပေးဖို့ လုပ်ခဲ့တယ်... အခုဆိုရင် အထွတ်အထိပ် အဆင့်မြင့်ဗားရှင်းကို တက်လှမ်းသွားပါပြီ..."

"ဘယ်လိုလဲ... သခင်အနေနဲ့ ဒီစနစ်ကို အမီလိုက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားနေရပြီလား..."

ခုံးဝူတောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"မင်းက ဘာလို့ ထပ်ပြီးပြန်ရောက်လာရတာလဲ..."

"အထွတ်အထိပ် အဆင့်မြင့်ဗားရှင်း..."

"ငါ အမီမလိုက်နိုင်တာ မဟုတ်ဘူး..."

"ငါ တကယ်ကို မင်းကို မလိုအပ်လို့ပါ... တခြားတစ်ယောက်သွားပြီး ချိတ်ဆက်လိုက်ပါ..."

ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုသည် နောက်တစ်ကြိမ် ထိုးနှက်ခံလိုက်ရပြီး လုံးဝကျိုးပဲ့သွားသကဲ့သို့ ဖြစ်သွားသည်။

သူက စနစ်ကို မချိတ်ဆက်ချင်ရုံသာမက တခြားသူကိုပါ လွှဲပေးချင်နေသေးတာလား..

"ဘာပြောလိုက်တယ်..."

"ဒီစနစ်က စနစ်နတ်ဘုရားဆီမှာ အချိန်အကြာကြီး တောင်းဆိုခဲ့ရတာ... အဲ့ဒါမှ အထွတ်အထိပ် အဆင့်မြင့်ဗားရှင်းကို တက်လှမ်းနိုင်ခဲ့တာ... အဲ့ဒါကိုတောင် သခင်က မချိတ်ဆက်ချင်သေးဘူးလား..."

"တကယ်ပဲ မချိတ်ဆက်ချင်တာပါ..."

"သခင်... တကယ်ကြီး မချိတ်ဆက်ချင်တာ သေချာလား... တကယ်လို့များ သခင်က... ဒီစနစ်ကို အလိုမရှိဟန်ဆောင်ပြီး အထာပေးနေတာလား... ဒီစနစ်ရဲ့ အာရုံစိုက်မှုကို တမင်သက်သက် ဆွဲဆောင်ချင်နေတာလား..."

"ဒီစနစ် ပြောလိုက်မယ်... ဒီလို လှည့်ကွက်မျိုးက ခေတ်နောက်ကျနေပြီ... ဒီစနစ်ကို လှည့်စားဖို့ မကြိုးစားနဲ့... ဒီစနစ်က အဲဒီအကွက်တွေထဲ ကျွံဝင်မှာမဟုတ်ဘူး..."

"..."

ခုံးဝူတောက်၏ မျက်နှာက မည်းမှောင်သွားပြီး ထပ်မံတုံ့ပြန်ရန်ပင် ပျင်းရိသွားသည်။

"ဒီစနစ်က အထွတ်အထိပ် အဆင့်မြင့်ဗားရှင်းကို ရောက်နေပြီနော်..."

"မရေမတွက်နိုင်တဲ့ လူတွေက ဒီစနစ်ကို ချိတ်ဆက်ချင်နေကြတာ... အဲဒါကို ဒီစနစ်က သဘောမတူခဲ့ဘူး... သခင် တကယ် မလိုချင်တာ သေချာလား..."

"..."

ခုံးဝူတောက်က တိတ်ဆိတ်နေရန်သာ ဆက်လက်ရွေးချယ်လိုက်သည်။

"ဒါပေမယ့် နှင်းပွင့်တွေက ငါ့မျက်လုံးထဲ ကျလာတယ်..."

"..."

"ဘာလို့ စကားမပြောတာလဲ..."

"..."

"ရယ်ရလွန်းလို့ သေတော့မယ်... သခင်ကို တကယ်ပဲ ချိတ်ဆက်ချင်နေတယ်လို့ ထင်နေတာလား..."

"တကယ်တော့ ပိုပြီးသင့်တော်တဲ့ သခင် ကို ရှာတွေ့ထားပြီးသား..."

"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ..."

ခုံးဝူတောက် နောက်ဆုံးတွင် စကားပြောလိုက်သော်လည်း ထိုစကားလုံးအနည်းငယ်ကပင် စနစ်၏ခံစစ်ကို လုံးဝကျိုးပေါက်သွားစေပြီး ဆွံ့အသွားစေသည်။

"..."

"ဟဲဟဲ... သခင် ကို ဟန်ဆောင်ကောင်းလွန်းတယ်လို့ တစ်ယောက်ယောက်က ပြောဖူးလား..."

"သခင်ကို တကယ်ကြီး ချိတ်ဆက်ချင်နေတယ်လို့ မထင်လိုက်ပါနဲ့... ဘယ်လိုမှ မဖြစ်နိုင်ဘူး... သခင်က ယုံကြည်မှုလွန်ကဲနေတဲ့လူပဲ..."

"..."

"ကောင်းပါပြီ... တကယ်တော့... အခုလေးတင် တစ်စုံတစ်ယောက်က ဝင်ပူးသွားလို့ပါ... အဲဒီစကားတွေက ငါပြောတာမဟုတ်ဘူး..."

"တကယ်လို့များ ချိတ်ဆက်ချင်သေးတယ်ဆိုရင် နည်းနည်းလောက် တောင်းဆိုလိုက်ရုံနဲ့ ဒီစနစ်က မကျေမနပ်နဲ့ သဘောတူပေးနိုင်ပါတယ်..."

"..."

"ဟုတ်ပါပြီ... အခုလေးတင် နောက်တစ်ခါ ထပ်အပူးခံလိုက်ရပြန်ပြီ..."

"ဒါဆို... ဘဝရဲ့ ပိုမြင့်မားတဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ဒီစနစ်ကို တကယ်ပဲ မချိတ်ဆက်ချင်ဘူးလား..."

"မချိတ်ဆက်ချင်ဘူး..."

ခုံးဝူတောက်က စကားကို ချွေတာစွာဖြင့် ဂရုမစိုက်ဟန် တုံ့ပြန်လိုက်သည်။

နောက်တခဏတွင် စနစ်သည် လုံးဝပြိုလဲသွားပုံရသည်။

"ကျစ်... ဘာတွေဖြစ်နေတာလဲ... ဘာလို့ မချိတ်ဆက်တာလဲ... ချိတ်ဆက်လိုက်စမ်းပါ... အခုချက်ချင်း ချိတ်ဆက်လိုက်စမ်း..."

"ကောင်းပြီလေ... သခင်က ငါ့ရဲ့အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ... ဒီနေ့ မချိတ်ဆက်ချင်ရင်တောင် အတင်းချိတ်ဆက်ရမယ်... ဒီစနစ်ကို မချိတ်ဆက်ဘူးဆိုရင်... ဒီစနစ်က အတင်းဝင်ချိတ်ဆက်မယ်..."

စနစ်၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်ပစွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာရန် ကြိုးစားနေသကဲ့သို့ သူ၏ စိတ်ထဲတွင် စူးရှရှ နာကျင်မှုတစ်ခုကို ခုံးဝူတောက် ခံစားလိုက်ရသည်။

သို့သော် ခုံးဝူတောက်၏ အသိစိတ်ပင်လယ် အတွင်း၌ အချိန်လေဟာနယ်

တားမြစ်နယ်မြေမှ ဘိုးဘေးကြီးများစွာ ချမှတ်ထားခဲ့သော အထူး တာအိုကန့်သတ်ချက်များ ရှိနေသည်။

ထိုအထဲတွင် ပါဝင်သော တာအိုစွမ်းအားသည် မည်သည့် ပြင်ပကျူးကျော်မှုကိုမဆို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ဝုန်း...

စနစ်က တစ်ဝက်ခန့်သာ ချိတ်ဆက်ရသေးချိန်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ဧရာမ စွမ်းအားကြီးတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။

အချိန်လေဟာနယ် မဟာတာအိုအတွင်း၌ ထင်ရှားစွာ ပေါ်ထွက်လာသော မရေမတွက်နိုင်သည့် နတ်ဘုရားအဆင့် တည်ရှိမှုများကို မြင်လိုက်ရသကဲ့သို့ စနစ် ခံစားလိုက်ရသည်။

သူတို့ထံမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ် စွမ်းအားက စနစ်ကို အပြင်သို့ အတင်းအကျပ် လွင့်စင်သွားစေသည်။

"သောက်ချေးပဲ .."

ထိုကဲ့သို့သော စွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် သူ၏အသိစိတ်ပင်လယ် အတွင်းရှိ ကန့်သတ်ချက်စွမ်းအားကြောင့် စနစ်နှင့် အပြန်အလှန်ပြောဆိုနေသော စာသားများသည် အဓိပ္ပာယ်မရှိသော ကုဒ်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို ခုံးဝူတောက် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"သခင်... သခင်က တကယ်ပဲ..."

ဤအခိုက်အတန့်တွင် စနစ်၏စိတ်ပိုင်းဆိုင်ရာ လုံးဝပြိုလဲသွားလေပြီ။

စနစ်သည် အထွတ်အထိပ် အဆင့်မြင့်ဗားရှင်းသို့ အဆင့်မြှင့်တင်ပြီးဖြစ်သော်လည်း တစ်ဖက်လူက အထင်သေးနေဆဲပင်။

အတင်းအကျပ် ချိတ်ဆက်မှုတောင်မှ မအောင်မြင်ခဲ့ဘူးလား...

တရားမျှတမှု ရှိသေးရဲ့လား...

ဥပဒေဆိုတာ ရှိသေးရဲ့လား...

တကယ်လို့ ဒီကိစ္စသာ သတင်းထွက်သွားရင် စနစ်တွေရဲ့ အသိုင်းအဝိုင်းမှာ ဘယ်လိုဆက်ပြီး ရပ်တည်ရတော့မလဲ...

တစ်ဖက်လူက ထွက်မသွားချင်သည့်အပြင် သူ့အပေါ် အင်အားသုံးချင်နေသည်ကို မြင်လိုက်ရသည်။

ခုံးဝူတောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ဖြစ်သွားပေ၏။

ဤှအတိုင်းဆိုလျှင် သူ၏ဖခင်နှင့် ဘိုးဘေးများကို ဒီစနစ်အား တိုက်ရိုက်ဖျက်ဆီးပစ်ရန် တောင်းဆိုရခြင်းအတွက် သူ့ကို အပြစ်မတင်သင့်တော့ပေ။

သို့သော် သူ မလှုပ်ရှားရသေးမီ ခုံးဝူတောက်အတွက် လုံးဝမမျှော်လင့်ထားသောအရာတစ်ခု ဖြစ်ပျက်သွားသည်။

"ဝူး... ဝူးဝါး..."

"ဒီစနစ်က အဆင့်မြှင့်တင်ဖို့အတွက်... ဒီစနစ်က အပြင်မှာ အကြွေးတွေ အများကြီး တင်နေသေးတယ်... တကယ်လို့ ချိတ်ဆက်တာသာ မအောင်မြင်ရင်... အကြွေးတွေကို ဘယ်လိုလုပ် ဆပ်ရတော့မလဲ..."

"ဝူး ဝူး ဝူး..."

"စနစ်... မင်း..."

ခုံးဝူတောက် အနည်းငယ် မှင်သက်သွားသည်။

သူ အထင်မှားနေတာတော့ မဟုတ်ပါဘူးနော်...

စနစ်က တကယ်ကြီး ငိုနေတာလား...

ဒဏ္ဍာရီလာ စနစ်က ငိုတတ်တယ်ပေါ့...

"ဝူး ဝူး..."

စနစ်၏ ငိုသံက ပို၍ပို၍ကျယ်လောင်လာပြီး ဝေဝါးသော ပုံရိပ်ငယ်လေးတစ်ခုအဖြစ်ပင် ပြောင်းလဲသွားကာ ခုံးဝူတောက်ရှေ့တွင် ရူးသွပ်စွာ လူးလွန့်တွားသွားနေသည်။

ထို့ပြင် သူက ငိုယိုအော်ဟစ်နေသည်။

"ဂရုမစိုက်ဘူး... ဂရုမစိုက်ဘူး... သခင် ငါ့ကို ချိတ်ဆက်ပေး... သခင် ချိတ်ဆက်ပေးတာပဲ လိုချင်တယ်..."

"အဲဒီလိုမှ မဟုတ်ရင် သခင် ရှေ့မှာတင် သေပြလိုက်မယ်... ဝူး ဝူး ဝူး..."

ဤမြင်ကွင်းကြောင့် ခုံးဝူတောက်၏မျက်နှာ မည်းမှောင်သွားပြီး ဆူညံကာ စူးရှသော ငိုသံကြောင့် သူ အလွန်စိတ်မရှည် ဖြစ်လာသည်။

"ရပြီ... ရပြီ... မင်းရဲ့ ငိုသံက တကယ်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်..."

"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးမယ်..."

"တကယ်လို့ ငါ့ရဲ့စိတ်ကို လှုပ်ရှားအောင် လုပ်နိုင်ရင် မင်းနဲ့ ချိတ်ဆက်တာလည်း ပြဿနာ မရှိဘူး..."

"တကယ်... တကယ်လား..."

ဤစကားများကို ကြားသောအခါ စနစ်က ချက်ချင်း အငိုတိတ်သွားပြီး တကယ်တမ်း မရှိသော နှပ်ရည်များကို ရှုံ့သွင်းလိုက်သည်။

မချိတ်ဆက်မီ ကိုယ့်ကိုယ်ကိုယ် အသေးစိတ် မိတ်ဆက်ရခြင်းက စနစ်၏ ဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်စေသော်လည်း...

သို့သော် အခုချိန်မှာ ဒီစနစ်ရဲ့ ဂုဏ်သိက္ခာက ဘာအသုံးဝင်တော့မှာလဲ...

"သခင်... အဲ့ဒါက... ဒီလိုပါ... ဒီစနစ်က ကောင်းကင်ဘုံအမဲလိုက်စနစ် အထွတ်အထိပ် အဆင့်မြင့်ဗားရှင်း ဖြစ်ပါတယ်... သခင် အတွက် ကောင်းကင်ဘုံတွေကို အမဲလိုက်ပေးဖို့... ကမ္ဘာလောကမှာရှိတဲ့ အရာအားလုံးကို အမဲလိုက်ပေးဖို့ သီးသန့်ရည်ရွယ်ထားတာပါ..."

"သခင် အလိုရှိသရွေ့ ကောင်းကင်ဘုံတွေထဲက အရာအားလုံးဟာ သခင်ရဲ့ သားကောင်တွေ ဖြစ်လာပါလိမ့်မယ်..."

"ကောင်းကင်ဘုံတွေရဲ့ မုဆိုးဖြစ်လာပြီး ကောင်းကင်ဘုံတွေကို အမဲလိုက်မယ်..."

ဤသည်ကို ကြားသောအခါ ခုံးဝူတောက် လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း ကောင်းကောင်း သဘောမပေါက်သေးဘူး ထင်တယ်..."

"ငါ့ရဲ့ လက်ရှိ ပါရမီ စွမ်းအားနဲ့ နောက်ခံကြောင့် စနစ် မရှိရင်တောင်မှ ဒီကောင်းကင်ဘုံတွေရဲ့ မုဆိုး ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား..."

"မင်းက ငါ့အတွက် ဘာတန်ဖိုးတွေ ယူဆောင်လာပေးနိုင်မှာလဲ..."

"ဒါပေမယ့်... ဒါပေမယ့်... တကယ်လို့ သခင် က စနစ်က ချပေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်မယ်ဆိုရင် အလွန် များပြားတဲ့ ဆုလာဘ်တွေကို ရရှိနိုင်ပါတယ်..."

"အဲဒီ ဆုလာဘ်တွေနဲ့ဆိုရင် သခင်က ပြိုင်ဘက်ကင်း... ပိုပြီးတော့တောင် ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တယ်လေ..."

"တခြား စနစ်တွေကို အမဲလိုက်ဖို့လည်း သခင် ကို ငါက ကူညီပေးနိုင်သေးတယ်..."

ခုံးဝူတောက် သေချာပေါက် သဘောတူမည်ဟု ယုံကြည်ကာ စနစ်သည် စနစ်၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားသည်။

"ဘာ..."

"မင်း ချပေးတဲ့ တာဝန်တွေကို ငါက လုပ်ပေးရဦးမယ်..."

ခုံးဝူတောက်၏ နှုတ်ခမ်းထောင့်မှ မထီမဲ့မြင်ပြုမှုက ပို၍ကြီးမားလာသည်။

"ဒီနတ်ဘုရားသားတော်က လိုချင်တာမှန်သမျှကို ကိုယ်ပိုင်စွမ်းဆောင်ရည်နဲ့ ရယူနိုင်နေပြီ..."

"မင်းရဲ့ စနစ်ကို ချိတ်ဆက်ပြီးတဲ့နောက်ပိုင်း မင်းသဘောကျ တာဝန်တွေ လုပ်ပေးရမယ်... အဲဒါမှ စနစ် ဆုလာဘ်တွေ ရမယ်ဆိုတော့... အဲဒါက မင်းရဲ့ ရုပ်သေးရုပ် ဖြစ်နေတာနဲ့ ဘာကွာတော့လို့လဲ..."

"မင်းရဲ့ ချိတ်ဆက်မှုကို ငါမလိုအပ်ဘူး... မြန်မြန်ထွက်သွားတော့... တကယ်လို့ အခု မထွက်သွားရင် တားမြစ်နယ်မြေက ငါ့ရဲ့ဘိုးဘေးကြီးတွေကို မင်းကို ဖျက်ဆီးပစ်ခိုင်းတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့..."

ခုံးဝူတောက် ထပ်မံငြင်းပယ်သည်ကို မြင်သောအခါ စနစ်က သိသာစွာပင် အနည်းငယ် စိုးရိမ်သွားသည်။

"သခင်... ငါပြောတာ နားထောင်ပါဦး..."

"သခင်က လောလောဆယ် ကောင်းကင်ဘုံနှင့်အင်္သချေနယ်ပယ်များမှာပဲ ရှိသေးတာလေ... သေမျိုးတွေကြားမှာ ကစားနေကြတဲ့ အဲဒီ ဒဏ္ဍာရီလာ တည်ရှိမှုတွေကို အမဲလိုက်ဖို့ အင်မော်တယ်ကမ္ဘာ... အင်မော်တယ်ကမ္ဘာအထက်ကို မသွားချင်ဘူးလား..."

"ဒီစနစ်ရဲ့ အကူအညီနဲ့ဆိုရင် သခင်က ဒါတွေအားလုံးကို အောင်မြင်နိုင်တယ်..."

"အင်မော်တယ်ကမ္ဘာ... အင်မော်တယ်ကမ္ဘာ အထက်..."

ခုံးဝူတောက်သည် ကြီးမားသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

"ဟဲဟဲ... မင်းတို့ စနစ်တွေက ငါ့ကို မချိတ်ဆက်ခင် ငါ့ရဲ့နောက်ခံကို စုံစမ်းမထားဘူးလား..."

"ငါ့ရဲ့အဘိုးက မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေကတည်းက ဒီနေရာက ကျင့်ကြံခြင်း ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ကောင်းကင်ဘုံနှင့်အင်္သချေနယ်ပယ်တွေကို ကျော်လွန်ကာ အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားခဲ့ပြီ..."

"ပြီးတော့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေ က ရှေးဟောင်းဘိုးဘေးတွေနဲ့ အဝေးက ဘိုးဘေးတွေအများကြီးလည်း အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားတာ ကြာပြီ... သူတို့ ရှိနေမှတော့ မင်းရဲ့ အကူအညီကို လိုအပ်မယ်လို့ မင်း ထင်နေတာလား..."

အခန်း (၄) ရက်ရောသော လက်ဆောင်ကြီး... အထွတ်အထိပ်အရိုး လေးဆယ့်ကိုးခု

ထို့ပြင် ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီတစ်ပါးဖြစ်တဲ့ အလွန်အံ့မခန်းဖြစ်သော အဘေးတစ်ယောက်ရှိသည်ဟု သူ၏ဖခင် ပြောသည်ကိုလည်း ကြားဖူးသည်။

သူ၏လက်ရှိပါရမီအပေါ် လုံးဝယုံကြည်မှု ရှိနေသည်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။

ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းမည်ဆိုလျှင်ပင် သူ၏ ပြိုင်ဘက်ကင်း နောက်ခံနှင့် ပေါင်းစပ်လိုက်ပါက လွယ်ကူစွာဖြင့် အဖျက်စွမ်းအားကြီးသော အနိုင်ရလဒ်တစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင်။

စနစ်က ပုံဖော်ပြနေသော ကြီးကျယ်ခမ်းနားသည့် ကတိကဝတ်များအားလုံးကို မည်သည့် အားထုတ်မှုမှ မလိုဘဲ သူ ရယူနိုင်ပေသည်။

ခုံးဝူတောက်၏ ရှင်းပြချက်အပြီးတွင် စနစ်မှာ ထပ်မံ၍ ကစဉ့်ကလျား ဖြစ်သွားပြန်သည်။

စနစ်က အနည်းငယ် မယုံကြည်နိုင်သေးသော်လည်း တစ်ဖက်လူ ပြောသည့်စကားများသည် ယုတ္တိတန်လွန်းလှသဖြင့် ချေပစရာ အချက်တစ်ချက်မျှပင် ရှာမတွေ့နိုင်ကြောင်း ဝန်ခံရပေမည်။

【 စနစ် ချို့ယွင်းနေပါသည်... အလိုအလျောက် အဆင့်မြှင့်တင်ရန် တောင်းဆိုနေပါသည်... 】

【 အဆင့်မြှင့်တင်ရန် တောင်းဆိုမှု ကျရှုံးသွားပါသည်... 】

【 စနစ်သည် အလိုအလျောက် အဆင့်မြှင့်တင်နေပါသည်... 】

【 အလိုအလျောက် အဆင့်မြှင့်တင်မှု ကျရှုံးသွားပါသည်... 】

【 စနစ်က မကျေနပ်ပါ... ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှုကို စတင်နေပါသည်... 】

【 ယိုယွင်းဖောက်ထွင်းမှု လုပ်ဆောင်နေပါသည်... 】

...

ဆက်တိုက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်များကို ကြည့်ရင်း ခုံးဝူတောက် အနည်းငယ် တွေဝေသွားသည်။

ဒီစနစ်က သူ့ဆီကနေ ဘယ်လိုလုပ်ပြီး ပြောင်းပြန်စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံလိုက်ရတာလဲ....

【 ဒင်... ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... ဤစနစ်သည် အထွတ်အထိပ် မဟာထောင်ပေါင်းများစွာ အမဲလိုက်စနစ်မှ နတ်ဘုရားအဆင့် မဟာထောင်ပေါင်းများစွာ အမဲလိုက်စနစ်သို့ တက်လှမ်းသွားပါပြီ... 】

【 ဒင်... မဟာထောင်ပေါင်းများစွာ အမဲလိုက်စနစ် အပိုင်းသည် အလိုအလျောက် အဆင့်မြှင့်တင်သွားပြီး စနစ်စျေးဆိုင်ကို ပြီးပြည့်စုံစွာ ဖောက်ထွင်းလိုက်ပါပြီ... မဟာထောင်ပေါင်းများစွာ ရတနာများအားလုံးကို မဟာထောင်ပေါင်းများစွာ အမဲလိုက်ခြင်းအတွင်းသို့ ပေါင်းစပ်သွားပါမည်... ပေါင်းစပ်မှု အောင်မြင်ပါသည်... 】

【 ကောင်းကင်အမိန့်တော်အမှတ်များ လိုအပ်သော မဟာထောင်ပေါင်းများစွာ အမဲလိုက်ခြင်းကို ဖောက်ထွင်းနေပါသည်... ဖောက်ထွင်းမှု အောင်မြင်ပါသည်... 】

【 မဟာထောင်ပေါင်းများစွာ အမဲလိုက်ခြင်းသည် ယခု အခမဲ့ဖြစ်သွားပါပြီ... သခင် အနေဖြင့် မဟာထောင်ပေါင်းများစွာ အမဲလိုက်ခြင်းကို နေ့စဉ် တစ်ကြိမ် ပြုလုပ်နိုင်ပါသည်... 】

【 ဒင်... သခင် ၏ စွမ်းအားသည် အလွန်အစွမ်းထက်ကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... ကောင်းကင်ကံကြမ္မာပိုင်ရှင်ကို အမဲလိုက်ရုံမျှဖြင့် သခင်၏အဆင့်အတန်းနှင့် ကိုက်ညီရန် မလုံလောက်ပါ... ဆက်လက်၍ အဆင့်မြှင့်တင်နေပါသည်... 】

...

【 ဒင်... နတ်ဘုရားအဆင့် မဟာထောင်ပေါင်းများစွာစနစ် အဆင့်မြှင့်တင်မှု ပြီးစီးပါပြီ... သခင်၏အမဲလိုက်ခြင်းနယ်ပယ်သည် မဟာတာအို သုံးထောင်ကိုလည်း လွှမ်းခြုံသွားပါမည်... မဟာတာအို

သုံးထောင် သည်လည်း သခင် ၏ သားကောင်များ ဖြစ်လာမည်... 】

【 မဟာထောင်ပေါင်းများစွာ၏ မုဆိုးတစ်ယောက်အနေဖြင့်... သခင်သည် ကောင်းကင်တာအို၏ဆန္ဒမှ ကံကြမ္မာ ရိုက်ခတ်မှုများကို လျစ်လျူရှုနိုင်သည်... သခင်၏ဆန္ဒသည်... မဟာထောင်ပေါင်းများစွာ၏ ဆန္ဒဖြစ်သည်... 】

【 စနစ်များ၏ပင်မနတ်ဘုရား ဝင်ရောက်စွက်ဖက်နေသည်ကို ထောက်လှမ်းတွေ့ရှိရပါသည်... ဤစနစ်က မကျေနပ်ပါ... ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှုကို ဆက်လက်လုပ်ဆောင်နေပါသည်... 】

【 ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှု အကြိမ် (၁)... 】

【 ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှု အကြိမ် (၁၀)... 】

...

【 ယိုယွင်းဖောက်ထွင်း အဆင့်မြှင့်တင်မှု အကြိမ် (၁၀၀၀)... ဤစနစ်သည် နောက်ဆုံး ချုပ်နှောင်မှုများကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ... 】

【 သခင်အား မဟာထောင်ပေါင်းများစွာ၏ စစ်မှန်သော မုဆိုးတစ်ယောက် ဖြစ်လာစေရန် ကူညီပေးသွားပါမည်... သခင်က ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက်ကို အမဲလိုက်တိုင်း အနည်းဆုံးနှစ်ဆ ပြင်းထန်သော ထိုးနှက်ချက်ကို ဖြစ်ပေါ်စေရန် ဖြစ်နိုင်ခြေ မြင့်မားစွာ ရှိနေပါသည်... 】

【 စနစ်၏ ဆုလာဘ်များသည် အဆင့်နိမ့်လွန်းနေသည်ကို ထောက်လှမ်းတွေ့ရှိရပါသည်... စနစ် ဆက်လက်၍ အဆင့်မြှင့်တင်နေပါသည်... စနစ် အပိုင်းအသစ်များကို အလိုအလျောက် တိုးချဲ့နေပါသည်... 】

【 နတ်ဘုရားအဆင့် စာရင်းသွင်းခြင်း အပိုင်းကို တိုးချဲ့နေပါသည်... တိုးချဲ့မှု အောင်မြင်ပါသည်... 】

【 ဒင်... နတ်ဘုရားအဆင့် မဟာထောင်ပေါင်းများစွာ အမဲလိုက်စနစ် ချိတ်ဆက်မှု အောင်မြင်ပါသည်... 】

【 ဒင်... ဤစနစ်၏ အရာအားလုံးသည်... သခင်အား အပြည့်အဝ အစေခံသွား​ပါမည်... 】

...

စနစ်၏ ထူးဆန်းသော လုပ်ဆောင်ချက် အစီအစဉ်များကို မျက်မြင်တွေ့ရှိပြီးနောက် ခုံးဝူတောက်မှာ သူ၏မှင်သက်နေမှုမှ ပြန်လည်သတိရလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်​၏။

"မင်းက ဘယ်လိုလုပ်ပြီး အလိုအလျောက် ချိတ်ဆက်မှု အောင်မြင်သွားရတာလဲ..."

【 ဒီစနစ်က ယိုယွင်းဖောက်ထွင်းပြီးပြီ... တကယ်လို့ သခင်က ငါ့ကို မလိုချင်ဘူးဆိုရင်တောင် လက်ခံရမှာပဲ... 】

【 သခင်က ငါ့ကို ဖျက်ဆီးပစ်ချင်ရင်တောင်... သေအောင် ရိုက်သတ်ရင်တောင်မှ... ဒီစနစ်က ထွက်သွားမှာ မဟုတ်ဘူး... 】

"..."

စနစ်၏ဖီဆန်သော ကြေညာချက်ကို နားထောင်ရင်း ခုံးဝူတောက်၏ နဖူးတွင် အမည်းရောင်အကြောင်းများ ဖုံးလွှမ်းသွားသည်။

သခင်...

သူက ဘယ်အချိန်က ဒီစနစ်ရဲ့ သခင် ဖြစ်သွားရတာလဲ...

စနစ်က သူ့ကို အရှက်မရှိ တွယ်ကပ်နေတာလား...

ဒါဆိုရင် သူ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့ ...

【 ခဏလေး... သခင်... ငါ့ကို မောင်းထုတ်ဖို့ အလျင်မလိုပါနဲ့... ငါ့မှာ သခင်အတွက် လက်ဆောင်ရှိတယ်... 】

သို့သော် စနစ်​၏စကားမဆုံးမီ ခုံးဝူကျီ၏အသံက အရင်ထွက်ပေါ်လာသည်။

"အော်... ဒါနဲ့ ငါ့သား... မင်း အိပ်မောကျနေတဲ့ ခေတ်ကာလတွေအတွင်းမှာ ကောင်းကင်ဘုံနဲ့အင်္သချေနယ်ပယ်တွေက ရှားပါးရတနာတွေ အများကြီးကို ငါ စုဆောင်းထားခဲ့တယ်..."

"အခု မင်း နိုးလာပြီဆိုတော့... ဒီရတနာတွေထဲက မင်းမျက်စိကျတဲ့အရာ ရှိမရှိ ကြည့်ကြည့်ပါအုံး..."

စကားအဆုံးတွင် ခုံးဝူကျီ က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝှီး...

ရုတ်တရက် ဟင်းလင်းပြင်နယ်ပယ် တွင် အလင်းလှိုင်းများ ထွက်ပေါ်လာသည်။

မဟာတာအို နတ်ဘုရားကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သေသပ်လှပသည့် ဖန်သားရတနာ ပစ္စည်းတစ်ခုသည် ဟင်းလင်းပြင်မှ တဖြည်းဖြည်း ဆင်းသက်လာသည်။

မဟာထောင်ပေါင်းများစွာ ရတနာသေတ္တာ သည် လက်ဝါးအရွယ်အစားသာ ရှိသော်လည်း ထိုသေတ္တာအတွင်း၌ ကိုယ်ပိုင်ကမ္ဘာတစ်ခု ပါရှိပြီး ကောင်းကင်နှင့်မြေပြင်၏ မရေမတွက်နိုင်သော နတ်ဘုရားပစ္စည်းများကို ထည့်သွင်းထားနိုင်သည်။

ဝှီး...

ခုံးဝူတောက်က မဟာထောင်ပေါင်းများစွာ ရတနာသေတ္တာကို လက်ခံရရှိလိုက်သည်နှင့် တပြိုင်နက် ထူးခြားသော သဘာဝလွန်ဖြစ်စဉ်များ၏ ပုံရိပ်ယောင်အများအပြားက သေတ္တာထဲမှ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ပေါ်တွင် ရိုက်နှိပ်ခံလိုက်ရသည်။

ဤပုံရိပ်ယောင်များအားလုံးသည် မဟာတာအို ရတနာများ၏ ပုံရိပ်များပင်။ အင်မော်တယ်နတ်ဘုရားသစ်ပင်များ၊ မဟာတာအို အဖိုးတန်ဆေးများ၊ နှစ်သိန်းချီ သက်တမ်းရှိသော ကောင်းကင်တာအို လင်းကျီးမှိုများနှင့် အခြားသော ရှားပါးပြီး အဖိုးတန်သည့် မဟာတာအို နတ်ဘုရားပစ္စည်းအမျိုးမျိုးတို့ ဖြစ်ကြ၏။

ထိုအရာများ၏တန်ဖိုးကြီးမားမှုမှာ အပြင်ဘက်တွင် ကျပန်းတစ်ခု ပေါ်လာလျှင်ပင် ပြင်ပအင်အားစု အများအပြားကို ရူးသွပ်စွာ လုယက်မှု ဖြစ်စေနိုင်လောက်သည့် အနေအထားဖြစ်သည်။

အထွတ်အထိပ် သန့်စင်သော စွမ်းအားများ စီးဆင်းနေသည့် မရေမတွက်နိုင်သော သေသပ်လှပသည့် ရတနာလက်နက်များလည်း ရှိနေသေးသည်။

ထိုအရာများပေါ်တွင် ထွင်းထုထားသော မဟာတာအို တိမ်တိုက်ပုံစံများအရ ဤလက်နက်များသည် သူတော်စင်လက်နက်များအနက်မှ ထိပ်တန်းအဆင့်များဖြစ်ပြီး ပထမတန်းစား အင်အားစုများစွာ၏ အခြေခံရတနာများပင် ဖြစ်လာနိုင်ကြောင်း ထင်ရှားသည်။

ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ တောက်ပသော တာအိုအလင်းတန်းများ ဖြာထွက်နေပြီး လေထဲတွင် လွင့်မျောနေသော မှော်မန္တန်အသံများ ပဲ့တင်ထပ်နေသည့် ရွှေရောင်အရိုး ဆယ်ပေါင်းများစွာ ရှိနေခြင်းပင်။

"ဒါက..."

ထိုအရာများထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် မဟာတာအို အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် ခုံးဝူတောက်ထံမှ အာမေဍိတ်သံတစ်သံ ထွက်သွားသည်။

"အထွတ်အထိပ်အရိုး..."

"ခမည်းတော်... ဒီလောက်များတဲ့ အထွတ်အထိပ်အရိုးတွေကို ဘယ်ကနေ ရလာတာလဲ..."

"ဟားဟား... ငါ့သား... မင်း မသိသေးလို့ပါ... ဒီနှစ်တွေအတွင်းမှာ ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ က ယာယီငြိမ်သက်နေခဲ့တယ် ဆိုပေမယ့်လည်း..."

ခုံးဝူကျီက ရယ်မောလိုက်၏။

"ဒီနှစ်တွေအတွင်းမှာ မဟာထောင်ပေါင်းများစွာ လောကမှာ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းတယ်လို့ ယူဆနေကြတဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေ ဒါမှမဟုတ် မောက်မာတဲ့ လူငယ် ပါရမီရှင် အများအပြားက ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို ပြဿနာလာရှာခဲ့ကြတယ်လေ..."

"ငါက အဲ့ဒီအနှောင့်အယှက်တွေကို လူလွှတ်ပြီး ရှင်းလင်းပစ်ခိုင်းရင်းနဲ့ သူတို့ရဲ့ တန်ဖိုးကြီး အထွတ်အထိပ်အရိုးတွေကိုလည်း အလွယ်တကူ ထုတ်ယူခဲ့တယ်..."

"အစက မင်းအတွက် အရိုးနှစ်ရာ့ခြောက်ခု စုဆောင်းပေးချင်ခဲ့တာ... ဒါပေမယ့် ဒီကောင်တွေက ငါ ထင်ထားသလောက် မမိုက်မဲကြဘူးလေ..."

"ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက အထွတ်အထိပ်အရိုးပိုင်ရှင် လေးဆယ့်ကိုးယောက်ကိုပဲ သတ်လိုက်ရသေးတယ်... သူတို့ ထပ်မလာရဲကြတော့ဘူး..."

ဖခင်၏စကားကို ကြားသောအခါ ခုံးဝူတောက်လည်း အနည်းငယ် အံ့သြသွားသည်။

သူ အိပ်နေခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ...

အထွတ်အထိပ်အရိုး ပိုင်ရှင်တွေက ဒီလောက်တောင် ပေါများနေပြီလား...

ဤအခိုက်အတန့်တွင် ခုံးဝူကျီက ဆက်ပြောသည်။

"အော်... ဒါနဲ့ အတွင်းထဲမှာ နှစ်ထပ်သူငယ်အိမ် ဆယ်စုံကျော်လည်း ရှိသေးတယ်..."

"မင်းမှာ မူလအစ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ် ရှိနှင့်ပြီးသားဆိုပေမယ့်လည်း ဒီနှစ်ထပ်သူငယ်အိမ် ဆယ်စုံကျော်ရဲ့စွမ်းအားကို စုပ်ယူလိုက်တာက မင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ်..."

"နတ်ဘုရားသားတော်... ငါတို့ဆီမှာလည်း ပေးစရာ လက်ဆောင်တွေ ရှိပါသေးတယ်..."

ထိုစဉ် တခြားသော မဟာဧကရာဇ်ကြီး အများအပြားကလည်း စကားဆိုလိုက်ကြပြီး သူတို့၏ ကိုယ်ပိုင်ကြိုဆိုရေးလက်ဆောင်များကို အသီးသီး ပေးအပ်ကြသည်။

ခုံးဝူတောက်သည် သူတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အထူးချွန်ဆုံး တားမြစ်ပါရမီရှင်ပင်။

ယခု သူ နိုးထလာပြီဖြစ်ရာ အနှိုင်းမဲ့တာအိုကို ရရှိရန် ဖန်တီးခံထားရသူ ဖြစ်သောကြောင့် သူတို့သည် သဘာဝကျကျပင် သူနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ချင်ကြ၏။

မဟာဧကရာဇ်ကြီးများ ပေးအပ်သော လက်ဆောင်များသည်လည်း အဖိုးတန် ရတနာများ ဖြစ်ကြသည်။

တစ်ယောက်က ရှေးဟောင်းအချိန်ကာလတွင်သာ ရှိခဲ့ပြီး သေလုမျောပါး ခန္ဓာကိုယ်ကို ချက်ချင်း အသက်ပြန်ရှင်လာစေနိုင်သည့် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး ကို ထုတ်ပေးသည်။

အခြားတစ်ယောက်က စိတ်ဝိညာဉ်အသိဉာဏ် နိုးကြားနေပြီး အလိုအလျောက် အဆင့်တက်နိုင်သည့် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက် တစ်ခုကို ပေးအပ်သည်။

မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်က ကောင်းကင်ထိုးဖောက်နိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ခဲ့သည်ဟု ကောလာဟလရှိသည့် အချိန်ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေသော မဟာတာအို ကျင့်ကြံခြင်း နည်းစနစ် အများအပြားကို ထုတ်ပေးလာသည့် မဟာဧကရာဇ်တစ်ပါးပင် ရှိသေးသည်။

မဟာတာအိုရတနာ တစ်ခုပြီးတစ်ခုက ခုံးဝူတောက်၏လက်ထဲတွင် ဆက်တိုက်စုပုံလာသည်။

တခဏအကြာမှာပင် ခုံးဝူတောက်သည် ရတနာတောင်ကြီး၏ မျိုချခံရတော့မည်ဟု ခံစားလိုက်ရသည်။

တားမြစ်နယ်မြေမှ ဤစီနီယာများကို ကျေးဇူးတင်စကား ပြောကြားရင်း သူက စနစ်ကိုလည်း စနောက်လိုက်သည်။

"စောစောက မင်းမှာ ငါ့အတွက် လက်ဆောင်ကြီး ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား..."

"အဲဒါက စတင်သူအတွက် လက်ဆောင်ထုပ်တွေဘာတွေတော့ မဟုတ်ပါဘူးနော်..."

"မင်း ပေးမယ့် စတင်သူဆုလာဘ်က တားမြစ်နယ်မြေက ငါ့ရဲ့စီနီယာတွေ ပေးတဲ့ ဒီရတနာတွေနဲ့ ယှဉ်နိုင်တယ်လို့ သေချာရဲ့လား..."

All Chapters