← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) ကျော်လွှား၍မရနိုင်သော နတ်ဘုရားတောင်ကြီးက လွန်စွာပေါ့ဆနေခြင်း

"နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဂါရဝပြုပါတယ်..."

အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွင်းရှိ အဆင့်အတန်းမြင့်မားသော မျိုးနွယ်စု အကြီးအကဲအသီးသီးသည် ခုံးဝူတောက်ကို တစ်ပြိုင်နက်တည်း ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ဝှီး....

ထိုစကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် အချိန်လေဟာနယ် နတ်ဘုရားခန်းမတစ်ခုလုံး ဆူညံသွားသည်။

သူတို့သည် အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့သော်လည်း သူ၏အထောက်အထားကို သိလိုက်ရချိန်တွင် အံ့သြမှင်သက်မှုကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

"နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်..."

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မရေမတွက်နိုင်သော ထိပ်တန်းပါရမီရှင်များသည် ခုံးဝူတောက်ကို တပြိုင်နက်တည်း ဦးညွှတ်ဂါရဝပြုလိုက်ကြ၏။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ဧကရာဇ်သားတော်နှင့်ဧကရာဇ်သမီးတော် ကိုးပါးသည် အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင်လည်း အလားတူ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

သူတို့၏ အာရုံခံစားမှုအရ ခုံးဝူတောက်၏ ကျင့်ကြံခြင်းနယ်ပယ်သည် သူတို့ထက် အဆင့်ငယ်နှစ်ဆင့်တိတိ နိမ့်ကျနေသည်မှာ ထင်ရှားပြီး တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်၌သာ ရှိကာ သူတို့က တာအိုနန်းတော်နယ်ပယ် အဆင့်ကိုးတွင် ရှိနေသည်။

သို့သော် ခုံးဝူတောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် သာမန်လူတစ်ယောက်က ကျော်လွှား၍မရနိုင်သော နတ်ဘုရားတောင်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရပြီး သူ့ကိုယ်သူ သေးငယ်သည်ဟု ခံစားရကာ မော့ကြည့်ရန်ပင် အရည်အချင်းမမီသကဲ့သို့ ဖြစ်နေသည်။

အထူးသဖြင့် ခုံးဝူတောက်၏ စီးတော်ယာဉ်ဖြစ်သော ကောင်းကင်အလင်း မိုးပြာနဂါးကို မြင်တွေ့ပြီးနောက် ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော် အများအပြားမှာ ပို၍ပင် အံ့သြမှင်သက်သွားကြပြီး သူတို့၏ စိတ်အာရုံများ ဗလာကျင်းသွားသည်။

ထိုအရာက အမှန်တကယ်ပင် သူတော်စင်နယ်ပယ်၌ရှိသည့် ကောင်းကင်အလင်း မိုးပြာနဂါးတစ်ကောင် ဖြစ်နေသည်။

ကောင်းကင်အလင်း မိုးပြာနဂါးသည် နဂါးမျိုးနွယ်စု၏ဘုရင်တစ်ပါးဖြစ်ပြီး အလွန် မြင့်မြတ်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ကာ မွေးရာပါ မောက်မာဝင့်ကြွားမှုရှိသည်။

ထို့ပြင် ကောင်းကင်အလင်း မိုးပြာနဂါး၏ နယ်ပယ်သည် ခုံးဝူတောက်ထက် အဓိကနယ်ပယ်နှစ်ဆင့်ပင် ပိုမြင့်နေသည်ကို ပြောနေရန်ပင် မလိုတော့ချေ။

သို့သော် ယခုချိန်၌ ခုံးဝူတောက်၏ စီးတော်ယာဉ် ဖြစ်လာချိန်တွင် ထိုနဂါးက ဂုဏ်ယူဝင့်ကြွားသော အမူအရာ ရှိနေဆဲဖြစ်ရာ လိုလိုလားလား ရှိနေသည်မှာ သိသာထင်ရှားသည်။

ဤသည်က အမှန်တကယ်ကို တရားလွန်နေသည်။

"ဒီလူက နတ်ဘုရားသားတော် ခုံးဝူတောက်ပဲ..."

လူအုပ်ကြားထဲတွင် ခုံးကျန်ယွဲ့က ကောင်းကင်ယံထက်တွင် ရပ်နေသော ခုံးဝူတောက်ကို ငေးကြည့်နေပြီး သူမ၏လှပသော မျက်လုံးများတွင် ထူးဆန်းသော တောက်ပမှုများ လှိုင်းထနေသည်။

သူမသည် ခုံးဝူတောက်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးဘဲ ရှေးဟောင်းမှတ်တမ်းများမှတဆင့်သာ သူ၏ဇာတ်လမ်းများကို သိရှိခဲ့ခြင်းဖြစ်သည်။

သူမ၏ စိတ်ကူးထဲတွင် ခုံးဝူတောက်၏ ရုပ်ရည်သွင်ပြင်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးပေ၏။ သို့ရာတွင် ယခုချိန်၌ ခုံးဝူတောက်ကို တကယ်တမ်း မြင်တွေ့လိုက်ရချိန်တွင် သူ၏ ပုံရိပ်သည် သူမ စိတ်ကူးထားသည်ထက် များစွာပို၍ ခမ်းနားထည်ဝါနေသည်။

ဤသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သမီးတော်တစ်ပါး ဖြစ်ရခြင်းအတွက် သူမ အလွန်အမင်း ပျော်ရွှင်မိသော ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသို့သော အဆင့်အတန်းမျိုး ရှိမှသာ သူမ၏ နတ်ဘုရားသားတော်ကို အနီးကပ် မြင်တွေ့ခွင့် ရမည် မဟုတ်လော။

...

ခုံးဝူတောက်သည် ကောင်းကင်မှ ဆင်းသက်လာပြီး လူတိုင်းရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

သူ၏ရှေ့ရှိ အချိန်လေဟာနယ် နတ်ဘုရားခန်းမ ကို အကဲခတ်ကြည့်ပြီးနောက် သူ၏ အကြည့်များက ဧကရာဇ်သားတော်ကိုးဦးဆီသို့ ရောက်သွားပြီး အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့က ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ ဧကရာဇ်သားတော်တွေလား..."

ခုံးဝူတောက်၏အကြည့်က သူတို့ကို ပေါ့ပေါ့ပါးပါး ဖြတ်ပြေးသွားရုံသာ ရှိသေးသော်လည်း ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော် အသီးသီးသည် အလျင်အမြန် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဦးညွှတ်လိုက်ကြသည်။

"နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဂါရဝပြုပါတယ်..."

ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော် အများစုသည် သူတို့၏ ခေါင်းများကို ငုံ့ထားကြပြီး အကြည့်များကို လွှဲဖယ်ထားကာ ခုံးဝူတောက်၏ မျက်လုံးများကိုပင် မကြည့်ရဲကြပေ။

ထိုမြင်ကွင်းကြောင့် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ တခြားသော ပါရမီရှင် များ အသက်ရှူမှားသွားကြသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အစွမ်းထက်ဆုံး ပါရမီရှင် များ ဖြစ်ကြသော ဧကရာဇ်သားတော်များသည် ပါရမီနှင့် စွမ်းအားအရ ကောင်းကင်ဘုံများအားလုံးကို အထင်သေးနိုင်စွမ်း အပြည့်အဝ ရှိကြသည်။

သူတို့၏ အစွမ်းထက်သော နောက်ခံနှင့် ပြိုင်ဘက်ကင်းသော ပါရမီတို့က ဧကရာဇ်သားတော်များ၏ ဝင့်ကြွားမှုကို သဘာဝကျကျ အထောက်အကူ ပြုခဲ့သည်။

ယခု နတ်ဘုရားသားတော် ခုံးဝူတောက် ပေါ်ထွက်လာချိန်တွင် သူတို့မျက်လုံးထဲ၌ မြင့်မြတ်လွန်းသော ဧကရာဇ်သားတော်များပင် သူ၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေကြရသည်။

ဤသည်မှာလည်း အဓိပ္ပာယ်ရှိလှ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့၏မျက်လုံးထဲတွင် ခုံးဝူတောက်ထံမှ ထွက်ပေါ်လာသော မမြင်ရသည့် ဖိနှိပ်မှုအရှိန်အဝါသည် အမှန်တကယ်ကို အလွန်အစွမ်းထက်လွန်းသည်။

လူငယ်မျိုးဆက် တစ်ခုလုံးတွင် ဤသည်မှာ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသောကိစ္စပင်။

...

တစ်ချိန်တည်းမှာပင် ဧကရာဇ်သားတော်နှင့် ဧကရာဇ်သမီးတော်များစွာ၏ အကြည့်များက ခုံးရွှမ်ယန်ဆီသို့ အလိုအလျောက် ရောက်သွားကြသည်။

ခုံးရွှမ်ယန်၏ စောစောက မောက်မာသော စကားများကို သူတို့ အလွန်ရှင်းလင်းစွာ မှတ်မိနေဆဲပင်။

ယခု ဇာတ်ကောင်စစ်စစ် ပေါ်လာပြီဖြစ်ရာ ခုံးရွှမ်ယန် ဘာလုပ်မည်နည်း...

ခုံးကျန်ယွဲ့က ခုံးရွှမ်ယန်ဆီသို့ လျှို့ဝှက်စွာ အသံပေးပို့လိုက်၏။

"နင်က ခုဏက အရမ်းမောက်မာနေတာ မဟုတ်ဘူးလား..."

"နင်က နတ်ဘုရားသားတော် ခုံးဝူတောက်ကို စိန်ခေါ်ပြီး သူ့ရဲ့ နတ်ဘုရားသားတော် နေရာကို အစားထိုးချင်တာ မဟုတ်ဘူးလား..."

"အခု နတ်ဘုရားသားတော် ခုံးဝူတောက် ရောက်လာပြီလေ... ဘာလို့ သူ့ကို စိန်ခေါ်ဖို့ စကားမပြောတာလဲ..."

"နင်ကို ရိုးရှင်းတဲ့ ဦးနှောက်ရှိတဲ့ တိရစ္ဆာန်လို့ ငါပြောတာကို နင်က မကျေမနပ် ဖြစ်နေသေးတာလား..."

ခုံးကျန်ယွဲ့၏ ရန်စစကားများကို ကြားသောအခါ ခုံးရွှမ်ယန်၏ မျက်နှာအမူအရာက ဆိုးရွားသွားပြီး သူ၏ နဖူးမှ ချွေးစေးများပင် ထွက်လာကာ သူ၏ကျောပြင်သည်လည်း အေးစက်နေလေပြီ။

ယခင်က တခြားသော ဧကရာဇ်သားတော်များကဲ့သို့ပင် သူသည် ခုံးဝူတောက်၏ စစ်မှန်သော ပုံရိပ်ကို မမြင်ခဲ့ရဖူးချေ။

ခုံးဝူတောက်သည် စိတ်ဝိညာဉ်ချီ နှင့် ဥပဒေသ များ အားနည်းသော ခေတ်ဖြစ်သည့် ပျက်စီးခြင်းခေတ်တွင် မွေးဖွားခဲ့သဖြင့် ခုံးဝူတောက်၏ စွမ်းအားမှာ အလွန်အစွမ်းထက်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။

ထို့အပြင် သူကိုယ်တိုင်ကလည်း ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ထဲတွင် စွမ်းအားအရ ထိပ်တန်းစာရင်းဝင်နေခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် မျက်ကန်းယုံကြည်မှု တစ်မျိုးကို ဖန်တီးပေးခဲ့သည်။

ယခု ခုံးဝူတောက်၏ စစ်မှန်သော ပုံရိပ်ကို မြင်တွေ့လိုက်ရပြီး သူတော်စင်နယ်ပယ် ကောင်းကင်အလင်း မိုးပြာနဂါး တစ်ကောင်ကပင် သူ၏စီးတော်ယာဉ်အဖြစ် လိုလားနေသည်ကို မြင်တွေ့မိပေ၏။ သူသည် အမှန်တကယ်ကို ဆင်ခြင်တုံတရားမဲ့ပြီး တဇွတ်ထိုး လုပ်ခဲ့မိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ကိုယ်ပိုင်စီးတော်ယာဉ်သည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ တစ်ကောင်သာ ဖြစ်သည်။

ဤခေါင်းကိုးလုံး ရွှေခြင်္သေ့ကို ဖိနှိပ်ရန်အတွက် သူသည် အားထုတ်မှုများနှင့် စွမ်းအားများကို မရေမတွက်နိုင်အောင် အသုံးပြုခဲ့ရပေ၏။

သို့သော် စွမ်းအားအရဆိုလျှင် ခေါင်းကိုးလုံး ရွှေခြင်္သေ့သည် ကောင်းကင်အလင်း မိုးပြာနဂါးထက် များစွာပို၍နိမ့်ကျနေသည်။

သူတော်စင်နယ်ပယ် ကောင်းကင်အလင်း မိုးပြာနဂါးကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ပေ။

ခုံးဝူတောက်ကို စိန်ခေါ်ရန်ဆိုသည်ကို မဆိုထားနှင့် ကောင်းကင်အလင်း မိုးပြာနဂါးကိုပင် သူ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ခုံးရွှမ်ယန်သည် အနည်းငယ် မောက်မာပြီး ကြွားလုံးထုတ်ရသည်ကို နှစ်သက်သော်လည်း သူသည် အရူးတစ်ယောက်တော့ မဟုတ်ပေ။

ခုံးဝူတောက်က ဤကဲ့သို့ သူတော်စင်နယ်ပယ် ကောင်းကင်အလင်း မိုးပြာနဂါးကို ဖိနှိပ်နိုင်သည်မှာ ထိုလူငယ်၏ စွမ်းအားသည် သူ စိတ်ကူးထားသည်ထက် များစွာသာလွန်နေသည်ဟု ဆိုလိုခြင်းပင်။

တကယ်လို့ သူက အခုမှ သွားစိန်ခေါ်မယ်ဆိုရင် သူ သေချာပေါက်... မဟုတ်ဘူး... လုံးဝကို ရှုံးနိမ့်သွားလိမ့်မယ်....

သို့သော် ဤအသစ်ထွက်ပေါ်လာသော နတ်ဘုရားသားတော်က သူ့အပေါ် ထိုသို့ ဖိနှိပ်ထားသည့်အတွက် ခုံးရွှမ်ယန်၏ နှလုံးသားထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။

"ဒီ နတ်ဘုရားသားတော်က အခုမှ ထွက်ပေါ်လာတာပါ..."

ထိုအချိန်တွင် ခုံးဝူတောက်က အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုလိုက်သည်။

"ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ ကြီးမြတ်တဲ့ ဧကရာဇ်သားတော်ကိုးဦးမှာ အရမ်းထူးချွန်တဲ့ ပါရမီတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်... ဒီ နတ်ဘုရားသားတော်နဲ့ ယှဉ်ပြိုင်ချင်တဲ့သူများ ရှိလားလို့ ငါ သိချင်မိတယ်..."

"တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားတယ်လို့ပဲ သဘောထားလိုက်ပါ..."

ဤဧကရာဇ်သားတော်များ၏ မျက်နှာအမူအရာများက ညင်သာသိမ်မွေ့နေသော်လည်း ခုံးဝူတောက်က အရာအားလုံးကို ရိပ်စားမိပေ၏။

အိပ်မောကျနေခဲ့သော နတ်ဘုရားသားတော်ဖြစ်သည့် သူ၏ စွမ်းအားအပေါ် သူတို့ အနည်းငယ် သံသယရှိနေကြသည်မှာ သိသာထင်ရှားသည်။

ထိုသို့ဖြစ်လေရာ သူ၏ စွမ်းအားကို တိုက်ရိုက် ပြသလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တခြားမျိုးဆက်အဆက်အနွယ်များမှ မျိုးနွယ်စု အကြီးအကဲများ အနည်းငယ် တွေဝေသွားကြသော်လည်း သူတို့က တညီတညွတ်တည်း အလျင်အမြန် သဘောတူလိုက်ကြသည်။

"နတ်ဘုရားသားတော် ခုံးဝူတောက် ပြောတာ မှန်တယ်... စစ်မှန်တဲ့ သံယောဇဉ်ဆိုတာ တိုက်ပွဲထဲမှာ ပုံသွင်းပြီး မွေးဖွားလာရတာပဲ..."

"မင်းရဲ့ စကားတွေက ဘာလို့ပြောင်းသွားရတာလဲ အဘိုးကြီးရဲ့..."

"နတ်ဘုရားသားတော် ခုံးဝူတောက်က အချိန်အကြာကြီး အိပ်မောကျနေခဲ့တာ ထင်ရှားတယ်လေ... အခုသူ နိုးလာပြီဆိုတော့ ငါတို့ တားမြစ်နယ်မြေက ဧကရာဇ်သားတော် ဧကရာဇ်သမီးတော်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကနေတစ်ဆင့် သူရဲ့ ခံစားချက်တွေကို သွေးပူလေ့ကျင့်ဖို့ သဘာဝကျကျ လိုအပ်တာပေါ့..."

"ချန်ချင်း... မင်းရဲ့သားက ခုနက နတ်ဘုရားသားတော် ဖြစ်ချင်နေတာ မဟုတ်ဘူးလား... အခု နတ်ဘုရားသားတော် ခုံးဝူတောက် ရောက်လာပြီဆိုတော့ မင်းရဲ့သားကို ရှေ့ထွက်ပြီး သူနဲ့ ယှဉ်ပြိုင်ခိုင်းလိုက်ပါလား..."

"ဖူး... အဟွတ် အဟွတ် အဟွတ်..."

ထိုစကားများကို ကြားချိန်၌ ခုံးချန်ချင်း ထိတ်လန့်သွားသဖြင့် သီးသွားခဲ့သည်။

ဤအဘိုးကြီးများက သူ့ကို အရှက်ကွဲအောင် တမင်သက်သက် ကြိုးစားနေကြသလော...

ရှေးဟောင်း စာရွက်စာတမ်းများကို ဖတ်ဖူးသူတိုင်း ခုံးဝူတောက်၏ စွမ်းအားက မည်မျှထိ အစွမ်းထက်သည်ကို သိကြသည်။

သူ၏သား ခုံးရွှမ်ယန် ၏ စွမ်းအားနှင့် ပါရမီကလည်း ကောင်းမွန်သော်လည်း...

အကယ်၍ သူသည် ခုံးဝူတောက်နှင့် သူ၏သားကြား ရွေးချယ်ရမည်ဆိုလျှင် သေချာပေါက် ခုံးဝူတောက်၏ တစ်ဖက်သတ် ချေမှုန်းမှုသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူ၏နံဘေးပတ်လည်ရှိ လူများစွာ၏ အကြည့်များကို ခံစားရသဖြင့် ခုံးချန်ချင်းသည် မတတ်သာဘဲ ရှေ့ထွက်လာရသည်။

သူက ခုံးရွှမ်ယန်ကို ပြောဆိုလိုက်သည်။

"ရွှမ်ယန်... မင်းက နတ်ဘုရားသားတော် ခုံးဝူတောက်ကို စိန်ခေါ်ဖို့ ရည်ရွယ်ချက် ရှိနေပြီးသားဆိုမှတော့..."

"နတ်ဘုရားသားတော် ခုံးဝူတောက်နဲ့ ယှဉ်ပြိုင်ဖို့ ဒီအခွင့်အရေးကို ဘာလို့ မယူရမှာလဲ..."

မည်သို့ပင်ဆိုစေကာမူ သူ၏သားသည် အဆင်ပြေချောမွေ့မှုများနှင့် ရင်းနှီးနေပြီး များသောအားဖြင့် မောက်မာကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်သည်။

ဤကိစ္စမှတစ်ဆင့် သူ၏သားသည် လူတစ်ယောက်ထက် အစွမ်းထက်သူများ အမြဲရှိပြီး ပိုမြင့်သည့် ကောင်းကင်ဆိုသည်က အမြဲရှိသည်ဆိုသော အမှန်တရားကို သင်ယူနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။

အခန်း (၁၂) ဧကရာဇ်သားတော်ကို လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် အနိုင်ယူခြင်း... မြင့်မြတ်သောအင်မော်တယ်တစ်ပါးကဲ့သို့

တစ်ချိန်တည်းမှာပင် လူအုပ်ကြီးထံမှ အကြည့်များအားလုံး ခုံးရွှမ်ယန်ဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။

ထိုသို့သော အကြည့်သမုဒ္ဒရာအောက်တွင် ခုံးရွှမ်ယန်၏မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူ၏စိတ်ထဲတွင် ဆူပွက်ကာ ဗလာကျင်းသွားသည်။

မဖြစ်နိုင်ဘူး...

ဤအကြီးအကဲများနှင့် သူ၏ အသုံးမကျသော ဖခင်အိုကြီးက ဤသည်ကို တမင်သက်သက် လုပ်နေကြခြင်း မဟုတ်လော...

သူသည် အစကတည်းက တိတ်ဆိတ်နေခဲ့ပြီး စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။

ဤသည်က သူသည် ခုံးဝူတောက်ကို ကြောက်ရွံ့ပြီး နောက်ဆုတ်ရန် တွေးတောထားပြီးသားဖြစ်ကြောင်း ပြသသည့် သူ၏နည်းလမ်းပင်။

သို့သော် ယခုချိန်၌ သူတို့သည် စကားကုန်ပြောပြီးသွားသဖြင့် သူသည် လေးကြိုးပေါ်က မြားတစ်စင်းလို ဖြစ်နေပြီဖြစ်ရာ မပျံသန်း၍ မရတော့ချေ။

ခုံးဝူတောက်၏ ဖိအားက ကြီးမားပြီး ခန့်မှန်း၍မရနိုင်သော်လည်း...

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ထိပ်တန်း ဧကရာဇ်သားတော်များအနက်မှ တစ်ယောက်အနေဖြင့် သူသည် သူ၏ ကိုယ်ပိုင် ပါရမီနှင့် စွမ်းအားအပေါ် ယုံကြည်မှု ရှိနေဆဲပင်။

သူ မနိုင်နိုင်လျှင်ပင် လှုပ်ရှားမှု အနည်းငယ်ခန့် အပြန်အလှန် တိုက်ခိုက်ခြင်းက ပြဿနာ မဖြစ်သင့်ပေ။

သူ့ကိုယ်သူ စိတ်ဓာတ်ခိုင်မာအောင် လုပ်ပြီးနောက် ခုံးရွှမ်ယန်က ရှေ့ထွက်လာကာ အသက်ပြင်းပြင်းရှူပြီး အရိုအသေပေးလိုက်၏။

"ခုံးရွှမ်ယန်က နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဂါရဝပြုပါတယ်..."

အတိုချုံး နှုတ်ခွန်းဆက်သပြီးနောက်....

အကြီးအကဲ အနည်းငယ်က ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်ကြပြီး ကြီးမားသော နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုကာ အချိန်လေဟာနယ် နတ်ဘုရားခန်းမ၏ရင်ပြင်ပေါ်တွင် စစ်တလင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ကြသည်။

စင်မြင့်ပေါ်တွင် ခုံးဝူတောက်နှင့်ခုံးရွှမ်ယန်တို့ မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြသည်။

"နတ်ဘုရားသားတော် ခုံးဝူတောက်... ဒီ ရင်းနှီးတဲ့ ယှဉ်ပြိုင်မှုမှာ နောက်ဆုတ်နေဖို့ မလိုပါဘူး..."

ခုံးချန်ချင်းက ပြုံးလိုက်သည်။

"ကျွန်တော့်ရဲ့ အသုံးမကျတဲ့သားက မောက်မာနေတာပါ... ကျေးဇူးပြုပြီး သူ့ကို လမ်းညွှန်ပေးပါ..."

မည်သို့ပင်ဆိုစေကာမူ မောက်မာသော ကျင့်ကြံသူတစ်ယောက်၏တာအိုသည် သက်တမ်းတိုရန် ဖန်တီးခံထားရသည်မဟုတ်လော...

ဖခင်ဖြစ်သူ၏စကားကို ကြားသောအခါ ခုံးရွှမ်ယန်၏မျက်နှာ ပို၍မည်းမှောင်သွားသည်။

သူတို့နှစ်ယောက်ထဲတွင် မည်သူက အစစ်မှန်သား ဖြစ်သနည်း... သူလော သို့မဟုတ် ခုံးဝူတောက်လော...

ဖခင်အိုကြီးက သူ၏ကိုယ်ပိုင်ကလေး အရိုက်ခံရသည်ကို ကြည့်ချင်လွန်းနေသလော....

"ကောင်းပြီလေ..."

ခုံးဝူတောက်က အပြုံးဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည်။

ထိုသို့ဆိုလျှင် သူ့ ရုပ်ခန္ဓာကိုယ်နှစ်ခုလုံး၏ စွမ်းအားကို အနည်းငယ် ပြသရပေမည်။

ဝုန်း...

အချိန်တခဏအတွင်းမှာပင် ခုံးဝူတောက်၏ အရှိန်အဝါက အလွန်မြန်ဆန်သော နှုန်းဖြင့် မြင့်တက်သွားသည်။

သူ၏ကိုယ်ဟန်အမူအရာကပင် ပို၍မြင့်မားလာပြီး ခမ်းနားထည်ဝါလာပုံရသည်။

အဆုံးမဲ့ ဖရိုဖရဲ အလင်းတန်းများက သူ၏ ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပြီး ထကြွလာသော ဖရိုဖရဲမြူခိုးများကြားတွင် သူ၏ ပြိုင်ဘက်ကင်းသော အနေအထားကို ဖော်ပြရန်အတွက် မရေမတွက်နိုင်သောကြယ်များက ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သည့်အလားပင်။

သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။

သူ၏မျက်လုံးများ ပွင့်လာပြီး ပြန်ပိတ်သွားချိန်တွင် ရှေးဟောင်း တာအိုစာလုံးပုံစံများ ထွက်ပေါ်လာသည်။

သူ၏သူငယ်အိမ်များအတွင်း ထိုအရာများသည် ယှက်နွယ်သွားပြီး မရေမတွက်နိုင်သော လှိုင်းထနေသည့် အချိန်နှင့် လေဟာနယ် အပိုင်းအစများကို ဖြစ်ပေါ်စေသည်။

ဝီ...

ချက်ချင်းပင် အဆုံးမဲ့ ကြယ်ရောင်များက သူ၏နောက်တွင် စုစည်းသွားကာ ဧရာမ အချိန်လေဟာနယ် တံခါးပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုတံခါးပေါက်ကြီးက မားမားမတ်မတ်ရပ်တည်နေပြီး အဆုံးမဲ့ အချိန်လေဟာနယ် အရှိန်အဝါများဖြင့် ရစ်ပတ်ထားကာ ဖော်ပြ၍မရနိုင်သော နယ်ပယ်တစ်ခုဆီသို့ တိုက်ရိုက် ဦးတည်နေသည့်အလားပင်။

ဤအခိုက်အတန့်တွင် ခုံးဝူတောက်၏ ဖရိုဖရဲဟင်းလင်းပြင်ရုပ်ခန္ဓာကိုယ်နှင့် မူလအစ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ် တို့သည် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး ခမ်းနားသော ဖိအားသည် ကောင်းကင်ပြာကြီး ပြိုကျလာသကဲ့သို့ ခံစားရသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ..."

"ရှီး... တကယ်ကြီးလား... သူ့ရဲ့ ချီကို ထုတ်လွှတ်လိုက်တာနဲ့တင် ဒီလောက် ကြောက်စရာကောင်းနေပြီလား..."

"မေ့မနေနဲ့... ငါတို့ရဲ့ နတ်ဘုရားသားတော်က မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင် ရဲ့ အထက်မှာရှိတဲ့ မူလရုပ်ခန္ဓာကိုယ် နှစ်ခုကို ပိုင်ဆိုင်ထားတာလေ..."

စောင့်ကြည့်နေကြသော ပါရမီရှင်များစွာသည် အသက်ရှူမှားသွားကြပြီး မှင်သက်ကာ ဆွံ့အသွားကြ၏။

စစ်တလင်း၏ ဥပဒေသများက ပိတ်ဆို့ထားသည့်တိုင်အောင် ကြောက်မက်ဖွယ် စွမ်းအားက သူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေဆဲပင်။

"ခရက်.. ခရက်က်..."

စစ်တလင်းအတွင်းတွင် ခုံးရွှမ်ယန်သည် ထိုစွမ်းအား၏ ရိုက်ခတ်မှုကို အပြည့်အဝ ခံစားလိုက်ရသည်။

ဖိနှိပ်ထားသော စွမ်းအားအောက်တွင် သူ၏ ခန္ဓာကိုယ်ရှိ အဆစ်တိုင်းမှ အက်ကွဲသံများ မြည်လာသည်ကို သူ ခံစားလိုက်ရသည်။

ခုံးဝူတောက်သည် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံသာ ရှိသေးသော်လည်း ထွက်ပေါ်လာသော ဖိအားက ဤမျှထိ ကြောက်စရာကောင်းနေလေပြီ။

ကောင်းကင်ဘုံ၏ ဒေါသအောက်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူ ခံစားလိုက်ရသည်။

ပြိုင်ဘက်က ချီသက်သက်ဖြင့် လုံးဝ ဖိနှိပ်ခံလိုက်ရသည်ကို မြင်သောအခါ ခုံးဝူတောက်က ပြုံးလိုက်သည်။

"ငါ မင်းကို အနိုင်မကျင့်ပါဘူး... တကယ်လို့ မင်းက ငါ့ကို ခြေတစ်လှမ်း နောက်ဆုတ်သွားအောင် လုပ်နိုင်ရင် မင်း နိုင်ပြီ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ အသက်ရှူမှားသွားသောအသံများ ထွက်ပေါ်လာသည်။

သူတို့၏ နတ်ဘုရားသားတော်က ဤထက်ပိုပြီး မောက်မာနိုင်သေးသလော...

ခုံးရွှမ်ယန်သည် ဧကရာဇ်သားတော်ကိုးဦးထဲတွင် ထိပ်ဆုံးနား၌ ရှိနေသည်...

သို့သော် ခုံးဝူတောက်က သူ ခြေတစ်လှမ်း နောက်ဆုတ်အောင် လုပ်နိုင်ရုံဖြင့် အနိုင်ရပြီဟု ပြောဆိုခဲ့သည်။

ထိုလှောင်ပြောင်မှုက ခုံးရွှမ်ယန်ကို ဒေါသထွက်စေခဲ့ပြီး အနိုင်ရလိုစိတ်က ပေါက်ကွဲထွက်လာသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဧကရာဇ်သားတော်တစ်ပါးသည် မည်သည့်အချိန်က ဤသို့ အထင်သေးခံခဲ့ရဖူးသနည်း...

"ဒါဆိုလည်း သေချာကြည့်ထားပါ နတ်ဘုရားသားတော်..."

ထိုဟိန်းဟောက်သံနှင့်အတူ သူ၏ နဂါးဆင် အာဏာရှင် ရုပ်ခန္ဓာကိုယ်ကို ထုတ်လွှတ်လိုက်၏။

ဝုန်း...

ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးချီများက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

မရေမတွက်နိုင်သော ပုံမှန်မဟုတ်သည့် အလင်းတန်းများ စုစည်းသွားပြီး သူ၏နောက်တွင် အထွတ်အထိပ် နဂါးဆင် စွမ်းအားများ ပြည့်နှက်နေသည့် ကြီးမားသော နဂါးဆင် ကောင်းကင်စစ်ပွဲ ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။

"အဲ့ဒါက ဧကရာဇ်သားတော် ရွှမ်ယန်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်... နဂါးဆင် ကောင်းကင်စစ်ပွဲ ပုံသဏ္ဌာန်ပဲ..."

တပည့်များစွာက အော်ဟစ်လိုက်ကြသည်။

"အဲဒီနည်းစနစ်နဲ့ သူက တစ်ချိန်တုန်းက ဧကရာဇ်သားတော်တောက်ယွမ် နဲ့ ဧကရာဇ်သမီးတော် ယောင်ကွမ်းတို့ကို အနိုင်ယူခဲ့ဖူးတယ်... အဲဒါက ယှဉ်ပြိုင်လို့မရအောင် ကြီးစိုးနိုင်တယ်..."

သို့သော် အကြီးအကဲများ၏ မျက်လုံးထဲတွင် ခုံးရွှမ်ယန်သည် အစွမ်းကုန် ကြိုးစားနေသော်လည်း မည်သည့် အားသာချက်ကိုမျှ မရရှိခဲ့ပေ။

သူ၏အရှိန်အဝါသည် ခုံးဝူတောက်၏ ဖိနှိပ်မှုကို ခံထားရဆဲပင်။

"ခမ်းနားပေမယ့် မလုံလောက်သေးဘူး..."

ခုံးဝူတောက်က ပြုံးလိုက်သည်။ သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါက ပို၍ပင် ပြင်းထန်လာသည်။

သူ၏လက်ဝါးကို ဖိချလိုက်စဉ်တွင် ခုံးရွှမ်ယန်သည် ကောင်းကင်ကြီးက သူ့အပေါ် ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အရှိန်အဟုန်များအားလုံးကို ချေမှုန်းလိုက်သည်။

သူက တိုက်ခိုက်ရန် မဆိုထားနှင့် အလျင်အမြန် ခုခံနိုင်ရုံသာ ရှိသည်။

ထို့နောက် ခုံးဝူတောက်က သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်မှုနှင့်အတူ ဖရိုဖရဲ အလင်းတန်းများ ကောင်းကင်သို့ မြင့်တက်သွားသည်။

ဝီ...

ထိုအရာများသည် ဧရာမ ဖရိုဖရဲ စည်းတံဆိပ်တစ်ခုအဖြစ် စုစည်းသွားပြီး ထိုအရာ၏မျက်နှာပြင်ပေါ်တွင် နေ လ ကြယ်များ တောင်များနှင့် မြစ်များကို မြှုပ်နှံထားသည့်အလားပင်။

"ကောင်းကင်မြှုပ်နှံ့ တောင်နှင့်သမုဒ္ဒရာစည်းတံဆိပ်..."

ပါရမီရှင်များစွာ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။ သူတို့က ထိုနည်းစနစ်ကို မှတ်မိကြပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ၏အစွမ်းထက်သော နတ်ဘုရားပညာရပ်တစ်ခုပင်။

ဤသည်က ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသ များကို နတ်ဘုရားစည်းတံဆိပ်တစ်ခုအဖြစ် ပုံသွင်းပြီး အထက်ကောင်းကင်ယံကို တိုက်ခိုက်နိုင်ကာ အောက်ဘက်ရှိ မြေအောက်ကမ္ဘာကို ဖိနှိပ်နိုင်သည်။

ထို့ပြင် သူတို့၏နတ်ဘုရားသားတော် အသုံးပြုသောပုံစံတွင် ကွဲပြားသောအရာတစ်ခုကို သူတို့ ခံစားလိုက်ရသည်။

ထိုအရာထဲရှိ စွမ်းအားသည် တချို့သော အကြီးအကဲများ ပြသခဲ့သည့် စွမ်းအားထက်ပင် သာလွန်နေသည်။

ထိုစည်းတံဆိပ်အောက်တွင် ခုံးရွှမ်ယန်၏ မျက်နှာအမူအယာ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။

ကောင်းကင်တုန်ခါမတတ် တိုက်ခိုက်မှုကို တားဆီးရန် သူ၏စွမ်းအားတိုင်းကို အလိုအလျောက် ပြင်းထန်စွာ လောင်ကျွမ်းစေခဲ့သည်။

ဝုန်း...

တောက်ပသော ရွှေရောင်အလင်းတန်းများက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဥပဒေသများ ဆူပွက်လာသည်။

တောက်ပနေသော တာအိုတွင်းနက်များက သူ၏နံဘေးပတ်လည်တွင် ဖြစ်ပေါ်လာပြီး ပြင်းထန်သော နတ်ဘုရားအလင်းတန်း အများအပြားကို ပစ်လွှတ်လိုက်သည်။

သို့သော် သူ အစွမ်းကုန် ကြိုးစားနေသည့်တိုင်အောင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ တောင့်မခံနိုင်ခဲ့ချေ။

မြေကြီးတုန်ခါလုမတတ် တုန်ခါသံနှင့်အတူ ကောင်းကင်မြှုပ်နှံ့ တောင်နှင့်သမုဒ္ဒရာစည်းတံဆိပ်သည် နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ ပြိုကျလာသည်။

ဥပဒေသလှိုင်းတံပိုးများ လွင့်စင်သွားပြီး မြေကြီးပြိုကျသွားကာ ခုံးရွှမ်ယန်သည် မြေကြီးထဲသို့ ရိုက်သွင်းခြင်းခံလိုက်ရသည်။

ရိုက်ခတ်မှုဖြစ်ပွားရာ နေရာမှစ၍ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများက အရပ်မျက်နှာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

စောင့်ကြည့်နေသော ပါရမီရှင်များစွာသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြပြီး ဖုန်မှုန့်များ နောက်ဆုံးတွင် ငြိမ်ကျသွားချိန်၌...

သူတို့က ခုံးဝူတောက်ကို နောက်တစ်ကြိမ် ကြည့်လိုက်ကြ၏။

သူ၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ဝတ်ရုံဖြူများသည် အစွန်းအထင်း ကင်းစင်ကာ မြင့်မြတ်သော အင်မော်တယ်တစ်ပါးအလားပင်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်ကိုးဦးအနက်မှ တစ်ဦးဖြစ်ကာ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ၏ အထွတ်အထိပ် လူငယ်ပါရမီရှင်တစ်ဦးဖြစ်သူ... ခုံးရွှမ်ယန်... ရှုံးနိမ့်သွားခဲ့လေပြီ။

ထို့ပြင် အစမှအဆုံးအထိ ခုံးဝူတောက်သည် လှုပ်ရှားမှု တစ်ကွက်တည်းကိုသာ အသုံးပြုခဲ့ပြီး တစ်ဖက်သက်အောင်ပွဲကို ရရှိခဲ့ပေ၏။

အစွမ်းထက်ဆုံး ရုပ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သော ဂုဏ်ယူဝင့်ကြွားသည့် နဂါးဆင် အာဏာရှင် ရုပ်ခန္ဓာကိုယ်သည်...

သူသည် ထိုအရာကို အပြည့်အဝ အသက်သွင်းထားသော်လည်း လုံးဝအသုံးမဝင်ကြောင်း သက်သေပြခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ခံခဲ့ရသည်။

သို့သော်လည်း ခုံးဝူတောက်က အလျှော့ပေးထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ပြိုင်ဘက်က အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲပင်​။

သူ၏ပွဲဦးထွက်မှာပင် တစ်ဖက်လူကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ခြင်းက ပုံစံကျမည် မဟုတ်ချေ။

All Chapters