← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) ပုရွက်ဆိတ်တစ်ကောင်၏ မောက်မာမှု...လှုပ်ရှားမှုငါးကွက်ဖြင့် နတ်ဘုရားသားတော်ကို အနိုင်ယူမည်ဟု ခြိမ်းခြောက်ခြင်း

ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးလုံးသည် ထူးခြားထက်မြက်ကြပြီး သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များသည် ယဲ့ချန်နှင့် စုချင်းကဲတို့နှင့် အဆင့်တူပင်။

ထို့ပြင် သူတို့အားလုံးသည် အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်အား ထည့်ပြောနေစရာပင် မလိုတော့ပေ။ သူတို့ထဲမှ မည်သူ့ကိုမဆို ကျပန်းရွေးချယ်ပြီး ယဲ့ချန် တစ်ယောက်တည်းကို ဖိနှိပ်ခိုင်းမည်ဆိုလျှင်ပင် ခက်ခဲမည် မဟုတ်ပေ။

သူတို့သည် တစ်ပြိုင်နက်တည်း သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ...

ယဲ့ချန်နှင့်စုချင်းကဲတို့သည် အစွမ်းကုန် ကြိုးစားခုခံနေသော်လည်း အချည်းနှီးသာ ဖြစ်ပေ၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် သူတို့၏အရိုးများပင် အက်ကွဲသံများ မြည်ဟီးလာသည်။

"ကျစ်..."

ယဲ့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အခြေအနေကို မှားယွင်းစွာ ခန့်မှန်းမိခဲ့သည့်အတွက် သူ နောင်တရသွားလေသည်။

ဤအတိုင်းဆိုလျှင် ခုံးဝူတောက်ကို တိုက်ခိုက်ရန် မဆိုထားနှင့်...

ခုံးဝူတောက်၏ အဝတ်အစားများကိုပင် မထိနိုင်မီ ဤ ဧကရာဇ်သားတော် အစဉ်အဆက်များ၏ လက်ချက်ဖြင့် သူတို့သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားနိုင်ချေရှိသည်။

ယဲ့ချန်၏မျက်နှာ ဖြူဖျော့နေပြီး သူ၏ စိတ်ထဲတွင် အကြံဉာဏ်များ အပြေးအလွှား စဉ်းစားနေသည်။

ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း သူက ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"ဟဲဟဲ... ဂုဏ်သိက္ခာရှိတဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက လူအင်အားများတာကို အားကိုးပြီး အနိုင်ကျင့်ဖို့ပဲ သိတာလား..."

"ငါတို့က အချိန်လေဟာနယ် တားမြစ်နယ်မြေကို မလာခင်ကတည်းက ဒီမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို မှတ်တမ်းတင်ကျောက်စိမ်း နဲ့ မှတ်တမ်းတင်ဖို့ အထူးနည်းလမ်းတွေကို အသုံးပြုခဲ့ပြီးပြီ..."

"တကယ်လို့ ဂုဏ်သိက္ခာရှိတဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဒီလို အရှက်မရှိတဲ့ လုပ်ရပ်မျိုးကို လုပ်တယ်ဆိုတဲ့ သတင်းသာ အပြင်ကို ထွက်သွားရင် ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေအားလုံးရဲ့ ရယ်စရာ ပြက်လုံးတစ်ခု ဖြစ်သွားနိုင်တယ်..."

"ဒါကြောင့် မင်းတို့အားလုံး မလှုပ်ရှားခင် နှစ်ခါလောက် ပြန်စဉ်းစားဖို့ ငါ အကြံပေးချင်တယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဧကရာဇ်သားတော် အစဉ်အဆက် များအားလုံး မျက်မှောင်အနည်းငယ် ကြုတ်သွားကြသည်။ ဤကောင်စုတ်လေးက အမှန်တကယ်ပင် လှည့်ကွက်များ သုံးလာသည်ကို သူတို့ သိလိုက်ရသည်။

ဤမြင်ကွင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော ဟင်းလင်းပြင် မဟာဧကရာဇ်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်၏။

သူ သဘောကျသော တပည့်ပီပီ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အမှန်တကယ်ကို တည်ငြိမ်နေသည်။

သူက အကျပ်အတည်း အခြေအနေတစ်ခုကို အခွင့်အရေးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။

"ဟဲ ဟဲ... ကြည့်ရတာ ယဲ့ချန်က ဒီနေ့ ငါ့ကို နောက်ထပ် အံ့အားသင့်စရာတစ်ခု ပေးအုံးမယ် ထင်တယ်..."

...

အခြားတစ်ဖက်တွင်...

သူ၏စကားများက အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်သည်ကို မြင်သောအခါ ယဲ့ချန်သည် သံပူတုန်း ဆက်ရိုက်ရန် ရွေးချယ်လိုက်သည်။

ထို့နောက် သူက ခုံးဝူတောက်ကို ပြောဆိုလိုက်၏။

"မင်းက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ဖြစ်နေမှတော့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်ရမယ် မဟုတ်လား..."

"တကယ်လို့ မင်းက ယောက်ျားစစ်စစ်ဆိုရင် တခြားလူတွေရဲ့ နောက်မှာ ရပ်မနေနဲ့... မင်း ငါ့ကို တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်ရဲလား..."

ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဧကရာဇ်သားတော် အစဉ်အဆက် များကြားတွင် အဆင့်အတန်းအမြင့်ဆုံး တည်ရှိမှု ဖြစ်သည်မှာ ထင်ရှားသည်။

အကယ်၍ သူသာ ခုံးဝူတောက်ကို အနိုင်ယူနိုင်မည်ဆိုလျှင် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။

ခုံးဝူတောက်က သူ့ကို ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်တစ်ခု ပေးစွမ်းသော်လည်း သူသည် သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှုလည်း ရှိသည်။

သူသည် အမည်မသိဘဝမှ ယနေ့အထိ တက်လှမ်းလာခဲ့သူဖြစ်ပြီး သူ၏ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်နှင့် သူ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသူ အလွန်နည်းပါးသည်။

ထို့ပြင် သူ၏ အာရုံခံစားမှုအရ ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် ဖြစ်သော်လည်း...

သူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် ဧကရာဇ်သားတော် အစဉ်အဆက်များထက် နိမ့်ကျနေပြီး တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်၌သာ ရှိနေသည်။

ကြီးမြတ်သော ဧကရာဇ်သားတော် အစဉ်အဆက်ကိုးဦးက သူ့အပေါ် ရိုသေလေးစားနေကြခြင်းမှာ သူ၏အဆင့်အတန်းကြောင့်သာ ဖြစ်ရမည်ဟု ယဲ့ချန်က ယူဆလိုက်၏။

ထို့ပြင် သူသည် ဂုဏ်သိက္ခာရှိသော တာအိုနန်းတော်နယ်ပယ် အဆင့်ကိုး ဖြစ်ပြီး ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ပင် ခြေလှမ်းတစ်ဝက် ဝင်ရောက်နေလေပြီ။

သူသည် သူ့ထက် နယ်ပယ်နိမ့်ကျနေသူတစ်ယောက်ကို မဖိနှိပ်နိုင်စရာ အကြောင်းရှိမည်လော....

"ဘာ..."

ထိုစကားကို ကြားသောအခါ ဧကရာဇ်သားတော် အစဉ်အဆက်များစွာသည် အနည်းငယ် မှင်သက်သွားကြပြီး လောကတွင် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

မည်သို့ ဖြစ်ပျက်နေသည် မသိရသော်လည်း...

သူတို့၏ရှေ့ရှိ ဒီကောင်စုတ်လေးက သူတို့၏ နတ်ဘုရားသားတော် ကို တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် အမှန်တကယ် စိန်ခေါ်ချင်နေသလော...

မကြာသေးမီကပင်...

သူတို့၏ နတ်ဘုရားသားတော်သည် သူတို့ထဲတွင် ထိပ်တန်း အဆင့်နှစ်နေရာ၌ရှိသော ခုံးရွှမ်ယန်ကို လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် ဖိနှိပ်ခဲ့သည်။

သူတို့၏အမြင်အရ ဤယဲ့ချန်ဆိုသည့်ကောင်သည် ခုံးရွှမ်ယန်ထက်ပင် များစွာပို၍ အားနည်းသည်။

သူတို့ပင်လျှင် သူ့ကို လုံးဝ ဖိနှိပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှုရှိပေ၏။

သူတို့၏ နတ်ဘုရားသားတော်ကို တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် စိန်ခေါ်ခြင်းက သေလမ်းရှာနေခြင်းပင် မဟုတ်လော...

ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုရှိနေသော ယဲ့ချန်သည် ဧကရာဇ်သားတော် အစဉ်အဆက်များစွာ၏ မျက်လုံးထဲရှိ အရူးတစ်ယောက်ကို ကြည့်နေသည့် အကြည့်များကို လုံးဝသတိမထားမိခဲ့ပေ။

တစ်ဖက်လူက အချိန်အတော်ကြာသည်အထိ စကားမပြောသည်ကို မြင်သောအခါ တစ်ဖက်လူက သူ၏ စွမ်းအားကို ကြောက်ရွံ့နေသည်ဟု သူ တွေးထင်လိုက်၏။

သူ စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဟင်းလင်းပြင် မဟာဧကရာဇ်၏အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"တပည့်... ရန်သူကို အထင်မသေးနဲ့..."

"ခုံးဝူတောက်ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က အခု တာအိုနန်းတော်နယ်ပယ် အဆင့်ခုနစ်ပဲ ရှိသေးပေမယ့် သူ့ရဲ့ စွမ်းအားက အဲဒီလောက်လေးတင် မဟုတ်တာ သေချာတယ်... သူနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်တာက မသင့်တော်ဘူး..."

သူ့ဆရာသခင်၏ စကားကို ကြားသောအခါ ယဲ့ချန် ပြောမည့်စကားများ ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ဆရာသခင်က ဤသို့ပြောခြင်းမှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း သူ နားမလည်နိုင်ပေ။

သူ့ထက် အဆင့်ငယ်နှစ်ခု နိမ့်ကျနေသော ခုံးဝူတောက်ထက် သူက ပိုအားနည်းသည်ဟု ဆရာသခင်က ထင်နေခြင်းဖြစ်သလော..

တစ်ဖက်လူတွင် နတ်ဘုရားသားတော် ဆိုသည့် အဆင့်အတန်း ရှိနေရုံမျှဖြင့် သူ၏ စွမ်းအားကို မယုံကြည်ခြင်းဖြစ်နိုင်သည်...

ဤအချက်က ယဲ့ချန်ကို ပို၍ရှင်းပြ၍မရအောင် ဒေါသထွက်စေခဲ့သည်။

သူသည် နိမ့်ကျသော နောက်ခံမှ လာခဲ့သူဖြစ်ပြီး အနောက်ဘက်ရွှမ် တာအိုနယ်မြေရှိ ဆုတ်ယုတ်နေသော မိသားစုငယ်လေးတစ်ခု၏ သခင်လေး သာ ဖြစ်သည်။

ခုံးဝူတောက်၏အဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံကိုးလွှာ အထက်ရှိ တောက်ပသော လမင်းနှင့် ရွှံ့နွံထဲရှိ ကျိုးပဲ့နေသော ကျောက်တုံးလေးတို့ကြား ကွာခြားချက်ကဲ့သို့ ကွာခြားလွန်းလှသည်။

ထိပ်တန်းအဆင့်တွင် မွေးဖွားလာကြသော ဤ ပါရမီရှင်များနှင့်ပတ်သက်၍ ယဲ့ချန်တွင် ရှင်းပြ၍မရသော ရန်လိုမှုတစ်ခု ရှိနေပေ၏။

သူတို့က မည်သည်ကြောင့် ထိပ်တန်းအဆင့်တွင် မွေးဖွားလာရကြောင်း သူ နားမလည်နိုင်ပေ။

ဤထိပ်တန်းအဆင့်တွင် မွေးဖွားလာသော ပါရမီရှင်များက မည်သည်ကြောင့် ဒီလောက်တောင် ဝင့်ကြွားပြီး မောက်မာနေရကြောင်း သူ တွေးမိသည်။

သူ ယဲ့ချန် က လောကကြီးကို သက်သေပြရမည်။

အမည်မသိဘဝမှနေ၍ ကောင်းကင်ကို အာခံနိုင် လောက်အောင် တက်လှမ်းလာခဲ့သည့် သူ့ကဲ့သို့ပါရမီရှင် များသည်လည်း ဤပုဂ္ဂိုလ်များကို ခြေထောက်အောက်တွင် နင်းခြေနိုင်ပြီး သူ၏ မဟာတာအို လမ်းစဉ်တွင် ခြေနင်းတုံးများ အဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း သက်သေပြရမည်။

"ဆရာသခင်... ဆရာက ကျွန်တော့်ကို ကြီးမားတဲ့ ရည်မှန်းချက်တွေထားဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မသေးဖို့ အရင်က အမြဲ ပြောခဲ့တယ်လေ..."

"ဒါပေမယ့် အခု ဆရာ ပြောနေတဲ့စကားတွေက ခုံးဝူတောက်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနေပြီး ကိုယ့်တပည့်ရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်နေတာ မဟုတ်ဘူးလား..."

ယဲ့ချန်က ဟင်းလင်းပြင် မဟာဧကရာဇ် ကို မေးခွန်းထုတ်လိုက်သည်။

"ဒါမှမဟုတ် ဆရာက ကိုယ့်တပည့်ရဲ့ စွမ်းအားက ဒီ ခုံးဝူတောက်ထက် နိမ့်ကျတယ်လို့ ထင်နေတာလား..."

"ချန်အာ... ငါ..."

ဟင်းလင်းပြင် မဟာဧကရာဇ် စကားမဆုံးမီမှာပင် ယဲ့ချန်က သူ့ကို ထပ်မံ၍ ကြားဖြတ်ပြောလိုက်သည်။

"ဆရာသခင်... ဆရာ ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး... ကျွန်တော်က ဆရာ ကျွန်တော့်ကို ယုံကြည်ပေးဖို့ပဲ မျှော်လင့်တယ်..."

"ဆရာ့ရဲ့ တပည့်က ဒီတားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ဆိုတဲ့သူထက် သေချာပေါက် မနိမ့်ကျဘူးဆိုတာကို ယုံကြည်ပေးပါ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဟင်းလင်းပြင် မဟာဧကရာဇ် သည် သူ၏စကားများကို အတင်းအကျပ် မြိုသိပ်လိုက်ရသည်။

ထားလိုက်ပါတော့...

ယဲ့ချန်သည် သူ ထကြွလာချိန်မှစ၍ ပြိုင်ဘက်ကင်းခဲ့ပြီး သူ၏ရှေ့ရှိ အရာအားလုံးကို တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းခဲ့သည်။

ယခင်က သူ၏ အစွမ်းထက်ဆုံး ပြိုင်ဘက်ဖြစ်ခဲ့သော စုချင်းကဲပင်လျှင် သူ့လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး သူ၏ခမ်းနားထည်ဝါသော အမူအရာကြောင့် အံ့အားသင့်လေးစားမှုပင် ဖြစ်ခဲ့ရသည်။

ထိုသို့ ချောမွေ့သည့် မဟာတာအို လမ်းစဉ်က ယဲ့ချန်၏ မောက်မာမှုကို တစ်နေ့တခြား ကြီးထွားလာစေခဲ့သည်။

ဤနေရာတွင် အရှုံးတချို့ ကြုံတွေ့ရခြင်းက အမြဲတမ်းအတွက် ကောင်းမွန်ပေမည်။

ထို့ပြင် သူ ရှိနေသရွေ့ ကြီးမားသော အန္တရာယ် ရှိမည်မဟုတ်ပေ။

သူ၏ ဟင်းလင်းပြင် မဟာတာအိုကို အားကိုး၍ ယဲ့ချန်နှင့်စုချင်းကဲတို့ကို ဤနေရာမှ ခေါ်ထုတ်သွားနိုင်မည်ဟု သူ အကြွင်းမဲ့ ယုံကြည်မှု ရှိသည်။

သူ၏ ဆရာသခင် ဆက်လက် စကားမပြောတော့သည်ကို မြင်သောအခါ ယဲ့ချန်သည် သူ၏ ယခင်ယုံကြည်မှုကို ပြန်လည်ရရှိသွားသည်။

ဤအချိန်လေဟာနယ် တားမြစ်နယ်မြေ မှ လူများ၏ အရှက်ကွဲမှုကို အမြင့်ဆုံးရောက်အောင် လုပ်ရန်နှင့် ..သူ၏ ဆရာသခင် နှင့် ချစ်ရသူတို့က သူ့ကို အမြင်သစ်များဖြင့် ကြည့်လာစေရန်အတွက်...

ယဲ့ချန်သည် ခုံးဝူတောက်ဆီသို့ လက်ချောင်းငါးချောင်းကို မောက်မာစွာ ဆန့်တန်းပြလိုက်ပြီး ပြောဆိုလိုက်၏။

"မင်းက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ဖြစ်ပြီးတော့ မင်းရဲ့ စွမ်းအားက ထူးခြားတယ်ဆိုတာကို ငါ သိတယ်..."

"ဒါပေမယ့်... ငါ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က မင်းထက် အဆင့်ငယ်နှစ်ခု ပိုမြင့်နေတယ်လေ... တရားမျှတအောင်လို့ မင်းဆီကနေ အခွင့်အရေး မယူပါဘူး..."

"လှုပ်ရှားမှု ငါးကွက်... တကယ်လို့ မင်းက ငါ့ကို လှုပ်ရှားမှု ငါးကွက်အတွင်းမှာ မရှုံးဘဲ တောင့်ခံနိုင်မယ်ဆိုရင်... မင်း နိုင်ပြီလို့ သတ်မှတ်ပေးမယ်... ဘယ်လိုလဲ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဧကရာဇ်သားတော် အစဉ်အဆက် များ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ဗလောင်ဆူသွားပြီး သူတို့အားလုံး ဆွံ့အသွားကြသည်။

သူ၏ မောက်မာသော စကားများကြောင့် အံ့အားသင့်ရသည်ထက် ဤအကြောက်အလန့်မရှိသော တဇွတ်ထိုးလုပ်တတ်သူကြောင့် သူတို့ ပို၍ပင် အံ့အားသင့်သွားကြသည်။

ဒီကောင်က သူတို့၏နတ်ဘုရားသားတော် ကို ဒီလို တောင်းဆိုမှုမျိုး လုပ်ရန် ဘယ်ကနေ သတ္တိတွေ ရလာသည်အား သူတို့ အံ့အားသင့်နေကြ၏။

"ယဲ့ချန်..."

သူ၏ဘေးတွင်ရှိပြီး သူ့ကိုစွဲလမ်းနှစ်သက်နေသော စုချင်းကဲသည် ယဲ့ချန်ကို အံ့အားသင့်လေးစားမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဒါက သူမ စုချင်းကဲ လေးစားအားကျရတဲ့ သူပဲ...

ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေမှာ ဘယ်သူကများ ဒီလို ခမ်းနားထည်ဝါတဲ့ အမူအရာနဲ့ ဟန်ပန်မျိုးကို ယှဉ်နိုင်မှာလဲ...

တစ်ဖက်လူက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ဆိုရင်တောင်မှ ဘာဖြစ်လဲ...

သူမ ချစ်ရသူနဲ့ ယှဉ်လိုက်ရင် သူက နည်းနည်းတော့ လိုအပ်နေသေးတယ်လေ...

...

အခန်း (၁၈) လှုပ်ရှားမှုတစ်ကွက်အတွင်း နတ်ဘုရားသားတော်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရင် မင်းနိုင်ပြီ... မင်းကို လှုပ်ရှားမှုတစ်ကွက်တည်းနဲ့ ဖိနှိပ်ပစ်မယ်

"ဒီ သေချင်နေတဲ့ ပုရွက်ဆိတ်ကတော့..."

ခုံးကျန်ယွဲ့သည် သူမ၏လက်များကို တင်းကြပ်စွာ ဆုပ်ထားလိုက်ရာ သူမ၏ လက်ဆစ်များပင် အက်ကွဲသံ မြည်သွားပြီး ယဲ့ချန်ကို သတ်ဖြတ်လိုစိတ်များနှင့် ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

မောက်မာလိုက်တာ... တကယ့်ကို အရမ်းမောက်မာတဲ့ ပုရွက်ဆိတ်ပဲ။

ခုံးဝူတောက်၏ ဂုဏ်ကျက်သရေရှိသော လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းမှတ်တမ်းများစွာကို လေ့လာခဲ့ဖူးသော ဧကရာဇ်သားတော် အစဉ်အဆက် အဖွဲ့ဝင်တစ်ဦးအနေဖြင့်...

သူမ၏အမြင်တွင် ခုံးဝူတောက်သည် အမှန်တကယ်ကို အနှိုင်းမဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပင်။

သူ့ကဲ့သို့ လူတစ်ယောက်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန် မလွှဲမရှောင်သာဖြစ်ပြီး ဒဏ္ဍာရီများထဲမှ အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်လာရန်ပင် သေချာသလောက်နီးပါးပင်။

ယဲ့ချန် ယခုပြောဆိုလိုက်သော စကားသည် မောက်မာပြီး အသိဉာဏ်ကင်းမဲ့ရုံသာမက သူမ နှလုံးသားထဲရှိ ပြိုင်ဘက်ကင်း ပါရမီရှင်ကို စော်ကားလိုက်ခြင်းပင်။

သူမကိုတောင် အနိုင်မယူနိုင်သော အမှိုက်ကောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး ဤမျှထိ မောက်မာရဲသည်ကို သူမ နားမလည်နိုင်ဖြစ်ရသည်။

"နတ်ဘုရားသားတော်... ဒီကောင်က တကယ်ကို မောက်မာလွန်းတယ်... ကျွန်တော့်ကို လှုပ်ရှားခွင့်ပြုပါ နတ်ဘုရားသားတော်..."

"ကျွန်တော်လည်း ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့ ဒီအမှိုက်ကောင်ကို ဖိနှိပ်ပြီး သတ်ပစ်ဖို့ နတ်ဘုရားသားတော် ကိုယ်စား လှုပ်ရှားချင်ပါတယ်..."

ခုံးကျန်ယွဲ့ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော ဧကရာဇ်သားတော် အစဉ်အဆက် အဖွဲ့ဝင်များစွာကလည်း ယဲ့ချန်ကို ဖိနှိပ်သတ်ဖြတ်ရန် ခုံးဝူတောက်ကို တောင်းဆိုခဲ့ကြသည်။

ထိုစကားများကိုကို ကြားချိန်၌ ခုံးဝူတောက် က ညင်သာစွာ ရယ်မောလိုက်သည်။

"မလိုပါဘူး... ဘဝက ပျင်းစရာကောင်းတယ်လေ... အပျင်းပြေသွားအောင် ငါကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်..."

"ဒါပေမယ့် နတ်ဘုရားသားတော်... သူက တကယ်ပဲ..."

ခုံးကျန်ယွဲ့ သည် အနည်းငယ် ဒေါသထွက်နေဆဲပင်။

ခုံးဝူတောက်က ခုံးကျန်ယွဲ့ကို ထပ်မပြောရန် အချက်ပြသည့်အနေဖြင့် သူ၏လက်ကို မြှောက်လိုက်၏။

အမှန်အားဖြင့် သူ အနှစ်သက်ဆုံးက ဤကဲ့သို့ပုရွက်ဆိတ်မျိုးများသာ ဖြစ်သည်။

အားနည်းတယ်...ကိုယ့်ရဲ့ ကန့်သတ်ချက်ကို ကိုယ်မသိဘူး... ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရေးပါလှပြီလို့ ထင်နေကြတယ်...

အကြောင်းအရင်းမှာ သူတို့၏မောက်မာမှုများ လုံးဝကြေမွှသွားပြီး ရွှံ့နွံထဲတွင် နင်းခြေခံလိုက်ရချိန်၌...

သူတို့ ပြသလာမည့် မျှော်လင့်ချက်မဲ့မှုများက အလွန် စိတ်လှုပ်ရှားစရာ ကောင်းမည်ဖြစ်ပြီး အလွန်လည်း အံ့အားသင့်စရာကောင်းမည်ဖြစ်သောကြောင့်ပင်။

ခုံးဝူတောက်၏နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ထွက်ပေါ်လာသည်။ သူက လက်နောက်ပစ်ကာ ယဲ့ချန်ကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"လှုပ်ရှားမှု ငါးကွက်တောင် မလိုပါဘူး... အဲဒါက များလွန်းပါတယ်... လှုပ်ရှားမှု တစ်ကွက်ဆိုရင် လုံလောက်ပြီ..."

"တကယ်လို့ မင်းက ဒီနတ်ဘုရားသားတော် ရဲ့ လှုပ်ရှားမှု တစ်ကွက်ကို ခံနိုင်ရည်ရှိတယ်ဆိုရင်... မင်း နိုင်ပြီ... ပြီးတော့ ဒီနတ်ဘုရားသားတော်က မင်းချစ်သူ အစ်ကိုရဲ့အထွတ်အထိပ်အရိုးကိုတောင် မင်းကို ပေးလိုက်မယ်..."

"သေချာတာပေါ့... ဒီနတ်ဘုရားသားတော်က မင်းကို နောက်ထပ် မျက်နှာသာတစ်ခု ပေးနိုင်သေးတယ်..."

ထို့နောက် ခုံးဝူတောက်က သူ၏နံဘေးတွင်ရှိသော စုချင်းကဲဆီသို့ အကြည့်ကျရောက်သွားပြီး အပြုံးနှင့် ပြောဆိုလိုက်၏။

"မင်းတို့နှစ်ယောက် အတူတူ တိုက်ခိုက်လို့ ရတယ်... ဒီနတ်ဘုရားသားတော်က မင်းတို့နှစ်ယောက်လုံးကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်မယ်..."

"ဘာပဲဖြစ်ဖြစ် မင်းတို့က တကယ့်ကို အရမ်း အားနည်းလွန်းနေလို့လေ..."

ဤစကားများကို ကြားသောအခါ ယဲ့ချန်နှင့် စုချင်းကဲတို့ နှစ်ဦးလုံးသည် တခဏတာကြာမှင်သက်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

ခုံးဝူတောက်၏ကျင့်ကြံခြင်းက ယဲ့ချန်ထက် အဆင့်ငယ်နှစ်ခု နိမ့်ကျနေသည်။ ဤသည်ကို ခုံးဝူတောက်က လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် ယဲ့ချန်ကို အနိုင်ယူနိုင်သည်ဟု ပြောဆိုနေခြင်းပင်။

သူတို့အတွက် ပို၍မယုံကြည်နိုင်စရာ ကောင်းသည်မှာ တစ်ဖက်လူက ယဲ့ချန်ကို လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် အနိုင်ယူချင်ရုံသာမက သူတို့နှစ်ဦးလုံးကို အတူတကွ တိုက်ခိုက်စေချင်နေခြင်းပင်။

"မင်းက မင်းရဲ့ အစ်ကိုအတွက် လက်စားချေမှာ မဟုတ်ဘူးလား..."

ခုံးဝူတောက်က သူ၏မေးစေ့ကို အနည်းငယ် မော့ကာ လှောင်ပြောင်သရော်လိုက်သည်။

"ဒါမှမဟုတ်... မင်းရဲ့ အစ်ကိုအတွက် လက်စားချေဖို့ မင်းရဲ့ ချစ်သူကို အားကိုးဖို့ စီစဉ်နေတာလား..."

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲရဲ့ တာအို နှလုံးသား ထိုးနှက်ခံလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... သူ့ရဲ့ ကောင်းကင်အမိန့်တော် အမှတ်တွေက ၃၄၀၀ အထိ ကျဆင်းသွားပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၁၀၀ ကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

စနစ်၏ ကြေညာသံကို နားထောင်ရင်း ခုံးဝူတောက်၏ နှုတ်ခမ်းထောင့်ရှိ သရော်လိုသည့် အပြုံးက ပို၍ပီပြင်ထင်ရှားလာသည်။

ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲနဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် ယဲ့ချန်တို့ထံ၌ ကောင်းကင်အမိန့်တော်အမှတ်များနှင့် ယှဉ်နိုင်သော ကျင့်ကြံခြင်းစွမ်းအားများ ရှိနေကြ၏။

သူ၏အမြင်အရဆိုလျှင် ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲသည် ယဲ့ချန်အတွက် အရန်လူတစ်ယောက်သက်သက် မဖြစ်ချင်သည်မှာ သေချာသည်။

သူ အနည်းငယ် ရန်စလိုက်ရုံဖြင့် သူမ၏ တာအို နှလုံးသားသည် သူ ခန့်မှန်းထားသည့်အတိုင်း တကယ်ပင် တုန်လှုပ်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ဤကောင်းကင်ကံကြမ္မာပိုင်ရှင် ဆိုသူများက အမှန်တကယ်ကို အတော်လေး နိမ့်ကျနေသည်။

"ခုံးဝူတောက်... နင့်ကို သတ်မယ်..."

စုချင်းကဲက ဟိန်းဟောက်လိုက်ပြီး သူမ၏ အသက်ဆက်ရတနာ ဖြစ်သော နက်နဲသိမ်မွေ့ကိုးသွယ် အပြစ်အနာအဆာမဲ့ဓားကို တိုက်ရိုက် ဆင့်ခေါ်ကာ ခုံးဝူတောက်ဆီသို့ အသေအလဲ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ချင်းကဲ... စိတ်အေးအေးထားပါ... ဒါကို ငါ့တာဝန်ထားလိုက်ပါ..."

ယဲ့ချန် က စုချင်းကဲကို နောက်သို့ ဆွဲခေါ်လိုက်သည်။

"ငါ့ကို ယုံပါ... ငါက ခုံးဝူတောက် ကို သေချာပေါက် အနိုင်ယူပြီး မင်းအစ်ကိုရဲ့ အထွတ်အထိပ်အရိုးကို ပြန်ယူပေးမယ်..."

အနောက်ဘက်ရွှမ် တာအိုနယ်မြေ၏ ထိပ်တန်း ပါရမီရှင် တစ်ယောက်အနေဖြင့် ယဲ့ချန် သည်လည်း သူ၏ကိုယ်ပိုင် ထူးခြားသော မောက်မာမှုကို ပိုင်ဆိုင်ထားသည်။

သူ၏ချစ်သူသည် ခုံးဝူတောက်၏ ရန်စစော်ကားခြင်းကို ခံခဲ့ရသည်ဖြစ်ရာ ယောက်ျားတစ်ယောက်အနေဖြင့် သူ ကိုယ်တိုင်ကိုယ်ကျ လက်စားချေရပေမည်။

စုချင်းကဲကို ငြိမ်သက်သွားအောင် လုပ်ပြီးနောက် ယဲ့ချန်၏ အကြည့်က အေးစက်သွားပြီး ခုံးဝူတောက်ကို ကြည့်လိုက်၏။

ဒီကောင်က အရင်က သူ့ကို အထင်သေးပြီး နှိမ့်ချခဲ့ရုံသာမက သူရဲ့ချစ်သူကိုပါ စော်ကားရဲတယ်ပေါ့...

ယနေ့တွင် သူ ယဲ့ချန်က ခုံးဝူတောက်ကို လှုပ်ရှားမှု တစ်ကွက်တည်းနှင့် သေချာပေါက် ဖိနှိပ်ရပေမည်။

သူ့ချစ်သူ၏ဒေါသများကို ပြေပျောက်စေရန်နှင့် သူ၏ကိုယ်ပိုင်တပည့်သည် ခုံးဝူတောက်ထက် မညံ့တဲ့အပြင် များစွာပို၍ အစွမ်းထက်သေးသည်ကို ဆရာသခင် သိစေရန်ပင်။

ဝုန်း...

ယဲ့ချန်သည် သူ၏ တာအိုနန်းတော်နယ်ပယ် အဆင့်ကိုး ကျင့်ကြံခြင်းကို အပြည့်အဝ အသက်သွင်းလိုက်ပြီး သူ၏ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် ရုပ်ခန္ဓာကိုယ်၏ စွမ်းအားကိုပင် အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

လောကကြီးကို မှောက်လှန်နိုင်သည့် စွမ်းအားများကို သယ်ဆောင်လာသော ကြီးမားလှသည့် ဥပဒေသ လှိုင်းတံပိုးကြီးတစ်ခုက မြည်ဟီးလာကာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

ကျီ...

ကြည်လင်ပြတ်သားသော ဖီးနစ်ငှက်အော်သံတစ်သံသာ ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။

နောက်တခဏတွင် သေမျိုးကင်းလွတ် ဖီးနစ် ငှက်၏ ဧရာမ ပုံရိပ်ယောင်တစ်ခုက ယဲ့ချန်၏ နောက်တွင် ဖြည်းညှင်းစွာ ထင်ရှားလာပြီး သူ၏ပြင်းထန်သော မီးတောက်များက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို မီးရှို့လိုက်သည့်အလားပင်။

ခုံးဝူတောက်ကို လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ရန် သေချာစေရန်အတွက် သူသည် သူ၏ဆရာသခင် မကြာသေးမီက သင်ပေးခဲ့သော ဟင်းလင်းပြင်နယ်ပယ် နတ်ဘုရားစွမ်းရည်ကိုပင် တပြိုင်နက်တည်း အသုံးပြုလိုက်၏။

ဝုန်း...

ရုတ်ချည်းဆိုသလိုပင် ပေါက်ကွဲနိုင်သော ဥပဒေသမိုးကြိုး အများအပြားသည် ဟင်းလင်းပြင်နယ်ပယ်မှ ထွက်ပေါ်လာသည်။

ထိုအရာများသည် ယဲ့ချန်ကို ကြယ်မြစ်တစ်ခုကဲ့သို့ ရစ်ပတ်သွားပြီး သူ၏ထူးခြားနေပြီဖြစ်သော ကိုယ်ဟန်အမူအရာကို လူ့လောကသို့ ဆင်းသက်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်လွင်စေသည်။

ဤအချိန်အခိုက်အတန့်တွင် ယဲ့ချန်သည် သူ့ကိုယ်သူ အလွန်ထူးချွန်ပြီး ကြီးကျယ်ခမ်းနားနေသည်ဟု ခံစားနေရသည်။

သို့သော် ခုံးဝူတောက်၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် လူပြက်တစ်ယောက်နှင့် ဘာမှမကွာခြားပေ။

မုဆိုးများ အနှစ်သက်ဆုံးအရာက သူတို့၏ သားကောင်များ နောက်ဆုံးအချိန်တွင် အသေအလဲ ရုန်းကန်နေသည်ကို ကြည့်ရခြင်းပင်။

သားကောင်က လောကကြီးကို ပြောင်းလဲနိုင်သည့် တိုက်ခိုက်မှုဟု ယူဆထားသည့်အရာက မုဆိုး၏မျက်လုံးထဲတွင်မူ အစွမ်းမဲ့သော ဒေါသတစ်ခုသာ ဖြစ်သည်။

"နတ်ဘုရားဖီးနစ်က ကောင်းကင်ဘုံကိုးလွှာကိုရှင်းလင်းခြင်း..."

ထိုအချိန်မှာပင် ယဲ့ချန်၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်နှက်နေသည့် သူ၏ စကြဝဠာငယ်လေးက လုံးဝပေါက်ကွဲထွက်လာသည်။ အဆုံးမဲ့ မီးတောက်များက မျှော်လင့်ချက်မဲ့ခြင်း မြစ်တစ်စင်းကဲ့သို့ ရူးသွပ်စွာ စီးဆင်းလာသည်။

ဧရာမ သေမျိုးကင်းလွတ် နတ်ဘုရားဖီးနစ် ပုံရိပ်ယောင်ကြီးက သူ၏အတောင်ပံများကို ဖြန့်ကားလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ပြင်းထန်သော မီးတောက်များ မိုးကြိုးများဖြင့် လွှမ်းခြုံထားသည်။ ထိုအရာသည် အထက်သို့မော့၍ အော်ဟစ်သံတစ်သံနှင့်အတူ ခုံးဝူတောက်ဆီသို့ တိုက်ရိုက်ထိုးဆင်းလာသည်။

အချိန်တခဏအတွင်းမှာပင် ဟင်းလင်းပြင်နယ်ပယ်ရှိ ပေါက်ကွဲနိုင်သော ဥပဒေသ နတ်ဘုရားအလင်းတန်းများက အဆုံးမဲ့ ကြယ်တာရာနယ်မြေကို ထိုးဖောက်သွားသည်။

ဤတိုက်ခိုက်မှုရှေ့တွင် ခုံးဝူတောက်၏ပုံရိပ်သည် မယုံနိုင်လောက်အောင် သေးငယ်နေပုံရပြီး အချိန်မရွေး ဝါးမျိုခြင်းခံရနိုင်သည့်အလားပင်။

"ယဲ့ချန်က ထပ်ပြီး ပိုအစွမ်းထက်လာပြီပဲ..."

စုချင်းကဲ၏ လှပသော မျက်လုံးများသည် တောက်ပမှုများဖြင့် လင်းလက်နေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက ယဲ့ချန်ထက် အဆင့်ငယ်နှစ်ခု နိမ့်ကျနေသော ခုံးဝူတောက်ကို မဆိုထားနှင့်...

ဤနေရာရှိ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပင်လျှင် ပြင်းထန်သောစွမ်းအားကြောင့် သေဆုံးသွားရလောက်သည်။

"ဟမ့်... ဘာ နတ်ဘုရားသားတော်လဲ..."

သူ၏တိုက်ခိုက်မှုကြောင့် ခုံးဝူတောက်က အံ့အားသင့်မှင်သက် သွားပုံရပြီး မည်သည့် လှုပ်ရှားမှုမျှ မလုပ်သည်ကို ယဲ့ချန်က မြင်တွေ့လိုက်ရသည်။

ယဲ့ချန်သည် လျှို့ဝှက်ဆန်းကြယ်သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုကို နောက်တစ်ကြိမ် ပြသလိုက်သည်။

ဤတိုက်ခိုက်မှုတွင် သူသည် သူ၏ စွမ်းအားအားလုံးကို အကြွင်းမဲ့ ထုတ်လွှတ်ထားပြီး အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ်၏ သွေးစွမ်းအားများပင် ပါဝင်သည်။

တစ်ဖက်လူက ဘယ်လိုလုပ်ပြီး တားဆီးနိုင်မည်နည်းဟု သူ တွေးလိုက်သည်။

သို့သော်... နောက်တစ်ခဏမှာပင်...

မျှော်လင့်ထားသည့် ဟင်းလင်းပြင် ပြိုကျမှုနှင့် ခုံးဝူတောက်၏ ပုံရိပ် လွင့်စင်သွားမည့် မြင်ကွင်းက ဖြစ်ပေါ်မလာခဲ့ပေ။

နတ်ဘုရားစွမ်းရည်၏ စွမ်းအားသည် ခုံးဝူတောက်၏အနီးသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် လေထဲ၌ပင် အေးခဲသွားတော့သည်။

"ဒါက..."

လူများအားလုံး၏ အံ့အားသင့်မှင်သက်နေသော အကြည့်များအောက်တွင် ခုံးဝူတောက်၏ ဘယ်လက်က နောက်ကျောဘက်တွင် ရှိနေပြီး ညာလက်ကို ရှေ့သို့ ဆန့်တန်းထားသည်။

သူ၏ သိသာထင်ရှားသော အဆစ်များပါရှိသည့် လက်သည် ရှေးဟောင်းအချိန်ကာလကတည်းက မလှုပ်မယှက်ရှိနေသော နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခိုင်မာစွာ ဖမ်းဆုပ်ထားသည်။

ယဲ့ချန် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းရည်သည် ခုံးဝူတောက်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ရုံသာမက...

တဝုန်းဝုန်းထနေသော ဥပဒေသ မုန်တိုင်းကပင် သူ၏အဝတ်အစား ထောင့်တစ်နေရာကို မလှုပ်ခတ်စေနိုင်ခဲ့ပေ။

All Chapters