← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) မွေးရာပါ အထွတ်အထိပ်အရိုး လား... အထင်သေးစရာပဲ...

ယဲ့ချန်၏ အစွမ်းအစမဲ့သော ဒေါသကို လျစ်လျူရှုကာ ခုံးဝူတောက်သည် သူ၏ရှေ့ရှိ စုချင်းကဲကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

"မင်းရဲ့ အစ်ကိုက ဘယ်သူလဲဆိုတာ ငါ မသိပေမယ့်... နောက်ဆုံးမှာတော့ ဒီကိစ္စက သူ့ဘာသာသူ ဒုက္ခရှာတာပဲ..."

"ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေက သက်ရှိတိုင်း ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဘယ်လိုနေရာမျိုးလဲဆိုတာ သိကြတယ်..."

"ဒါပေမယ့် မင်းရဲ့အစ်ကိုလိုမျိုး မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းတယ်လို့ ကြွေးကြော်နေကြတဲ့ ပါရမီရှင်တွေက သူတို့ရဲ့ အစွမ်းထက်တဲ့ ပါရမီကို သက်သေပြဖို့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို အမြဲတမ်း အသုံးပြုချင်နေကြတယ်..."

"ဒါပေမယ့် မင်းက မင်းရဲ့ ပါရမီအပေါ် ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့... မင်းရဲ့ အသက်ကို ပေးဆပ်ဖို့ သဘာဝကျကျ ပြင်ဆင်ထားရမှာပေါ့..."

"ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ပေါက်ပန်းလေးဆယ်လူတစ်ယောက်က ရန်စလို့ရတဲ့ နေရာမဟုတ်ဘူး..."

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ သည် ကျယ်ဝန်းပြီး အဆုံးအစမရှိပေ။ မဟာဧကရာဇ် ကျွမ်းကျင်သူများပင်လျှင် သူတို့၏ တသက်တာလုံး ထိုနေရာများကို အပြည့်အဝ စူးစမ်းလေ့လာရန် ခက်ခဲပေလိမ့်မည်။

သစ်တောကြီးလျှင် ငှက်မျိုးစုံရှိသည်မှာ သဘာဝပင်။

သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏စွမ်းအားသည် ချဲ့ကားပြောဆိုမှုတစ်ခုသာ ဖြစ်သည်ဟု ခံစားရပြီး ထိုအရာကို အသုံးပြုကာ သူတို့၏ ဂုဏ်သတင်းကို မြှင့်တင်လိုသူများ အမြဲတစေ ရှိနေတတ်သည်။

သို့သော် သူတို့သည် တားမြစ်ပါရမီရှင် များ သို့မဟုတ် အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ပါစေ...

အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို စော်ကားရန် အတင့်ရဲသော မည်သူမဆို သေဆုံးခဲ့ရသည်။

"အဟွတ်... အဟွတ်... အဟွတ်..."

"နင်တို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေမဲ့တယ်... နင်တို့က ငါ့ရဲ့အစ်ကိုကို သတ်ရုံတင်မကဘူး... မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေတလျှောက်မှာ ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေက မရေမတွက်နိုင်တဲ့ သက်ရှိတွေကိုလည်း ဒုက္ခပေးခဲ့တယ်..."

ခုံးဝူတောက်၏ လည်ပင်းညှစ်ထားခြင်းကို ခံရသော စုချင်းကဲသည် ရူးသွပ်စွာ ရုန်းကန်နေပေ၏။

သို့သော် ထိုကြီးမားသော လက်ကြီးသည် သံညှပ်တစ်ခုကဲ့သို့ ခိုင်မာနေပြီး ပို၍ပင် တင်းကျပ်လာကာ သူမကို အသက်ရှူမဝ ဖြစ်စေသည်။

စုချင်းကဲ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာပြီး သူမ၏ စွမ်းအားအားလုံးကို အသုံးပြုကာ သွားများကြားမှ အက်ရှရှအသံကို ညှစ်ထုတ်လိုက်သည်။

"နင်က လုံးဝ... လုံးဝကို ကံကြမ္မာရဲ့ အပြစ်ပေးမှုကို ခံရမှာပဲ... ပြီးတော့ မြေမြှုပ်သင်္ဂြိုဟ်စရာ နေရာမရှိဘဲ သေချာပေါက် သေရလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ ခုံးဝူတောက် အနည်းငယ် တွေဝေသွားသည်။ ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး၏ ပါးစပ်က ဤမျှထိ ကြမ်းတမ်းလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

ခုံးဝူတောက်က ခေါင်းယမ်းပြီး လှောင်ပြောင်လိုက်သည်။

"အရူးမ..."

ဘုန်း...

ခုံးဝူတောက်သည် ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး စုချင်းကဲ၏ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။

သူမ၏ နှလုံးကွဲမတတ် အော်ဟစ်သံများကို လျစ်လျူရှုကာ သူမ၏ရင်ဘတ်ထဲမှ သွေးသံရဲရဲ ရွှေရောင်တာအိုအရိုးတစ်ခုကို အတင်းအကျပ် တူးထုတ်လိုက်၏။

[ဒင်... သခင်က ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲရဲ့ မွေးရာပါ အထွတ်အထိပ်အရိုးကို တူးထုတ်လိုက်တာကို ထောက်လှမ်းတွေ့ရှိရပါတယ်... သူ့ရဲ့ တာအို နှလုံးသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး... တစ်ဖက်လူဆီကနေ ကောင်းကင်အမိန့်တော်အမှတ်၂၀၀၀ နုတ်ယူလိုက်ပါတယ်... သခင်ကို ဂုဏ်ယူပါတယ်... နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ရရှိပြီး ကောင်းကင်အမိန့်တော် အမှတ်၄၀၀၀ကို အောင်မြင်စွာ ရရှိပါတယ်...]

[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲရဲ့ လက်ရှိ ကောင်းကင်အမိန့်တော်အမှတ်က ၄၀၀ ပါ...]

ထို့နောက် ခုံးဝူတောက်သည် ဘာမှ ထပ်မပြောတော့ဘဲ သူ၏လက်ဝါးဖြင့် အားစိုက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း ဥပဒေသသည် သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပေ၏။ 'ဝုန်း' ဆိုသော အသံနှင့်အတူ စုချင်းကဲသည် ချက်ချင်းပင် ကောင်းကင်ယံအပြည့် သွေးမြူခိုးများအဖြစ် ကြေမွသွားပြီး လွင့်စင်ကာ ပျောက်ကွယ်သွားတော့သည်။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်... ကျန်ရှိနေတဲ့ ကောင်းကင်အမိန့်တော်အမှတ် ၄၀၀ကို ရရှိပါတယ်...]

[ရေခဲ မဟာတာအို အပိုင်းအစ ၁၁၀၀... ဓားတာအို အပိုင်းအစ ၈၀၀ နဲ့ မီးတောက်မဟာတာအို အပိုင်းအစ ၇၀၀ တို့ကို ရရှိပါတယ်...]

[ဒင်... ပထမဆုံး အမဲလိုက်မှုကို ပြီးစီးခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်... အပိုဆုလာဘ်အနေနဲ့ ကောင်းကင်အမိန့်တော်အမှတ် ၅၀၀၀ကို ရရှိပါတယ်...]

ခုံးဝူတောက်က သူ၏လက်မှ သွေးများကို ပေါ့ပေါ့ပါးပါး ခါထုတ်လိုက်သည်။ သူ ခုံးဝူတောက်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး လူမသတ်ရဲဟု ဤ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ဆိုသူက အမှန်တကယ် တွေးထင်နေသလော။

သူမ၏အသက်သည် သူ၏ လက်ထဲတွင် ရှိနေသည့်တိုင် သူ့ကို ခြိမ်းခြောက်ရဲသေးသည်။

ပျက်စီးခြင်းခေတ်တွင် စုချင်းကဲကဲ့သို့ လူများကို မရေမတွက်နိုင်အောင် သူ သတ်ခဲ့ဖူးသည်။

"ဒါပေမယ့်... စောစောက ဒီ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး စုချင်းကဲဆိုတဲ့ သူကို သတ်လိုက်တဲ့အချိန်မှာ အမည်မသိ စွမ်းအားတစ်ခုက ငါ့ကို ပစ်မှတ်ထားလိုက်သလို ခံစားရတယ်..."

"ပြီးတော့ အဲဒါက ရှင်းပြလို့မရဘဲ ပျောက်ကွယ်သွားတယ်..."

"သခင်... စောစောက အမည်မသိ စွမ်းအားက ကောင်းကင်တာအိုရဲ့စွမ်းအားပါ... ဒီလို ကောင်းကင်ကံကြမ္မာပိုင်ရှင်တွေအားလုံးကို ကောင်းကင်တာအိုက ကာကွယ်ပေးထားပါတယ်..."

"ဒါပေမယ့် သခင်... စိတ်ချပါ... စနစ်က အဲ့ဒါကို အောင်မြင်စွာ ဖောက်ထွင်းပြီးပါပြီ... ကောင်းကင်တာအိုက သခင်ကို နည်းနည်းလေးတောင် အန္တရာယ် ပေးနိုင်မှာ မဟုတ်ပါဘူး..."

ထို့ထက်ပို၍ အရေးကြီးသည်မှာ ခုံးဝူတောက်၏ နောက်ခံသည် ထူးခြားပြီး သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ၏ကာကွယ်မှုကို ရရှိထားသည်။

ထိုကျွမ်းကျင်သူများသည် ဤကမ္ဘာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ စနစ်၏ ဝင်ရောက်စွက်ဖက်မှု မပါလျှင်ပင် ကောင်းကင်တာအို သည် ခုံးဝူတောက်ကို အနည်းငယ်မျှ အန္တရာယ် ပေးနိုင်မည် မဟုတ်ပေ။

"ချင်းကဲ..."

ဤအချိန်အခိုက်အတန့်တွင် ဖိနှိပ်ခံထားရသော ယဲ့ချန်သည် မျှော်လင့်ချက်မဲ့ပြီး ဝမ်းနည်းပူဆွေးသော ငိုကြွေးသံကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။

[ဒင်... သခင်က ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်ရဲ့ချစ်သူကို သတ်ဖြတ်လိုက်တဲ့အတွက် ယဲ့ချန်ရဲ့ စိတ်ခံစားမှုတွေ ပြိုလဲသွားပါတယ်... ကောင်းကင်အမိန့်တော်အမှတ်၅၀၀ကို အောင်မြင်စွာ ရရှိတဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်ရဲ့ ကျန်ရှိနေတဲ့ ကောင်းကင်အမိန့်တော် ရမှတ်များ ၂၅၅၀]

ထိုအသံကို ကြားသောအခါ ခုံးဝူတောက် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

ယဲ့ချန်၏ အသံက စူးရှလွန်းနေ၍ မဟုတ်ဘဲ ဤတစ်ကြိမ်တွင် စနစ်က နှစ်ဆ ပြင်းထန်သော ထိုးနှက်ချက်ကို မဖြစ်ပေါ်စေခဲ့ခြင်းကြောင့်ပင်။

ဤ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်သည် အားနည်းလွန်းနေသလော...

သူ၏ လက်ထဲရှိ မွေးရာပါ အထွတ်အထိပ်အရိုး ကို ပြန်ကြည့်လိုက်သောအခါ သာမန် အထွတ်အထိပ်အရိုး နှင့် နှိုင်းယှဉ်လျှင် ဤ မွေးရာပါ အထွတ်အထိပ်အရိုးသည် သလင်းကျောက်ကဲ့သို့ ပို၍ကြည်လင်နေပုံရသည်။

ထိုအရာပေါ်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော တာအိုစာလုံးများ မရေမတွက်နိုင်အောင် ထွင်းထုထားပြီး မွေးရာပါ ချီ များ မှေးမှိန်စွာ ရစ်ပတ်နေကာ မဟာတာအိုသက္ကတအသံများပင် ရံဖန်ရံခါ ပဲ့တင်ထပ်နေသည်။

မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်သည် မတူကွဲပြားကြပြီး မရေမတွက်နိုင်သော ခေတ်ကာလများ၏ အမွေအနှစ်များနှင့် ဆင့်ကဲဖြစ်စဉ်များမှတစ်ဆင့် ထိုအရာများကြားတွင် ပုံမှန်မဟုတ်သော အကိုင်းအခက်များပင် မွေးဖွားလာနိုင်သည်။

ဤပုံမှန်မဟုတ်သော အကိုင်းအခက် ရုပ်ခန္ဓာကိုယ်များသည် သာမန် ရုပ်ခန္ဓာကိုယ် များထက် ပို၍အစွမ်းထက်ပြီး ပို၍အလားအလာ ရှိကြသည်။

ဒဏ္ဍာရီများအရ ခေတ်ကာလ သန်းဆယ်ချီမှ တစ်ကြိမ်သာ ပေါ်ထွက်တတ်သည့် ရုပ်ခန္ဓာကိုယ်ဘုရင်များရှိသည်ဟု ဆိုကြ၏။ ဥပမာအားဖြင့် ကောင်းကင်အာဏာရှင် ရုပ်ခန္ဓာကိုယ် ထဲမှ အာဏာရှင်ဘုရင်နှင့် ရှေးဟောင်း အထီးကျန်သူတော်စင် ရုပ်ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းအထီးကျန် ဘုရင်တို့ ဖြစ်ကြသည်။

ထိုအရာများသည် အမျိုးမျိုးသော ရုပ်ခန္ဓာကိုယ်များထဲတွင် အထွတ်အထိပ်နှင့် အစွမ်းထက်ဆုံး တည်ရှိမှုများ ဖြစ်ကြသည်။

ဤမွေးရာပါ အထွတ်အထိပ်အရိုးသည် သာမန်လောကတွင် ရှားပါးသော်လည်း သူ၏မူလရုပ်ခန္ဓာကိုယ် နှစ်ခုနှင့် နှိုင်းယှဉ်လျှင်မူ မလုံလောက်သေးပေ။

စနစ်၏ ဆုလာဘ်များကို သူ သန့်စင်ရအုံးမည်ဖြစ်ရာ ဤမွေးရာပါ အထွတ်အထိပ်အရိုးကို သန့်စင်ပြီး ပေါင်းစည်းရန် သူ အထင်သေးနေမိသည်။

ခုံးဝူတောက်က လက်ကိုဝှေ့ယမ်းပြီး ပစ်ပေးလိုက်ရာ မွေးရာပါ အထွတ်အထိပ်အရိုးသည် ခုံးကျန်ယွဲ့ဆီသို့ ကျဆင်းသွားပြီး သူမက အလိုအလျောက် ဖမ်းယူလိုက်သည်။

သူမ စကားမပြောနိုင်မီမှာပင် ခုံးဝူတောက်က ခံစားချက်ကင်းမဲ့စွာ ပြောဆိုလိုက်၏။

"ဒီမွေးရာပါ အထွတ်အထိပ်အရိုးက ငါ့အတွက် သိပ်အသုံးမဝင်ဘူး... ဒါကြောင့် အဲ့ဒါကို မင်းကို ချီးမြှင့်လိုက်တယ်..."

မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက သူ့အတွက် လှုပ်ရှားပေးခဲ့သော ခုံးကျန်ယွဲ့၏ အနေအထားကို သူ မြင်တွေ့ခဲ့ရသည်။

တစ်ဖက်လူက သူ့ကို တမင်သက်သက် မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းဖြစ်စေ တခြားရည်ရွယ်ချက် ရှိနေခြင်းဖြစ်စေ တစ်ဖက်လူက သူ့အပေါ် အထူးရိုသေလေးစားခဲ့သည်။ ထို့ပြင် သူမသည် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူတစ်ယောက် ဖြစ်နေမှတော့ သူ သဘာဝကျကျပင် ဆုလာဘ်တစ်ခု ချီးမြှင့်ရပေမည်။

"ဒါက..."

သို့သော် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော တခြားဧကရာဇ်သားတော် အစဉ်အဆက် အဖွဲ့ဝင်များသည် ရွှံ့ရုပ်တုများကဲ့သို့ နေရာတွင် ရပ်နေရင်း လုံးလုံးလျားလျား အံ့အားသင့်မှင်သက်သွားကြသည်။

ထိပ်တန်း ရုပ်ခန္ဓာကိုယ်တစ်ခု၏ ပုံမှန်မဟုတ်သော အကိုင်းအခက်ဖြစ်သည့် အထွတ်အထိပ်အရိုး...

မွေးရာပါ အထွတ်အထိပ်အရိုးကို သူတို့၏ နတ်ဘုရားသားတော်က ဤမျှထိ ပေါ့ပေါ့ပါးပါး ချီးမြှင့်လိုက်သလော...

ငါတို့ရဲ့နတ်ဘုရားသားတော်က... တကယ်ပဲ ဒီလောက်တောင် လက်ဖွာတာလား ..

သို့သော် သူတို့၏ နတ်ဘုရားသားတော်သည် စောစောက အထွတ်အထိပ်အရိုး လေးဆယ့်ကိုးခုကို ပေါ့ပေါ့ပါးပါး ပြသခဲ့သည်အား ပြန်လည်အမှတ်ရသွားသောအခါ သူတို့ ရုတ်တရက် စိတ်သက်သာရာရသွားကြသည်။

နတ်ဘုရားသားတော်၏အမြင်သည် သူတို့ထက် များစွာပို၍မြင့်မားနေသည်ဟုသာ ဆိုရပေမည်။

ခုံးကျန်ယွဲ့သည် သူမ၏ မိန်းမောနေမှုမှ ပြန်လည်သတိရလာရန် အချိန်အတော်ကြာသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"နတ်ဘုရားသားတော် သခင်... မဖြစ်ပါဘူး... ကျန်ယွဲ့က ဒီလို ဆုလာဘ်မျိုးကို လက်ခံဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ..."

"စောစောက ဒီလူရမ်းကားနှစ်ယောက်က နတ်ဘုရားသားတော်ကို ရိုင်းစိုင်းခဲ့လို့ ကျန်ယွဲ့က သူတို့ကို ဖိနှိပ်ဖို့ လှုပ်ရှားခဲ့တာပါ... နတ်ဘုရားသားတော်ဆီကနေ ဆုလာဘ် လိုချင်လို့ မဟုတ်ပါဘူး..."

"နတ်ဘုရားသားတော်သခင်က သိုင်းပညာမှာ ပြိုင်ဘက်ကင်းပါတယ်... တကယ်လို့ နတ်ဘုရားသားတော်က ဒီလို ရုပ်ခန္ဓာကိုယ်မျိုးကို သန့်စင်နိုင်မယ်ဆိုရင် စွမ်းအားက သေချာပေါက် အမြင့်ကိုတက်လှမ်းသွားမှာပါ..."

ထိုသို့ပြောဆိုရင်း ခုံးကျန်ယွဲ့သည် သွေးများစွန်းထင်းနေသော မွေးရာပါ အထွတ်အထိပ်အရိုးကို သူမ၏ ခေါင်းအထက်တွင် ကိုင်ဆောင်ကာ ဦးညွှတ်လိုက်သည်။

သူမ၏ ကိုယ်ဟန်အမူအရာအရ ခုံးဝူတောက်ကို ပြန်လည်သိမ်းယူရန် သူမ မျှော်လင့်နေပုံရသည်။

"မလိုပါဘူး... ဒီ နတ်ဘုရားသားတော်က ဒီမွေးရာပါ အထွတ်အထိပ်အရိုး ဆိုတာကို သန့်စင်ဖို့ မလိုဘူး..."

"ဒီ နတ်ဘုရားသားတော်က ဒီ အထွတ်အထိပ်အရိုးကို မင်းကို ပေးပြီးပြီဆိုမှတော့... အဲ့ဒါက မင်းဟာပဲ..."

သူ့အတွက် မွေးရာပါ အထွတ်အထိပ်အရိုးသည် အမှန်တကယ်ကို သိပ်အသုံးမဝင်ပေ။ အလွန်ဆုံးအနေဖြင့် ကိတ်မုန့်ပေါ်က ချယ်ရီသီးလေးသာ ဖြစ်ပေလိမ့်မည်။

စနစ်က သူ့ကို မူလဘူတ မဟာတာအိုအရိုးနှစ်ရာ့ခြောက်ခု ဆုချီးမြှင့်ထားသည်ကို ထည့်ပြောနေစရာပင် မလိုတော့ပေ။

အရေအတွက် ပြည့်စေရန် ဤ မွေးရာပါ အထွတ်အထိပ်အရိုး ဆိုသည်ကို လိုအပ်မည် မဟုတ်ပေ။

မူလဘူတ မဟာတာအိုအရိုး...

ထိုအရာသည် မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်က ပေါ်ထွက်ခဲ့သော မူလရုပ်ခန္ဓာကိုယ်တစ်ခုပင်။

အထွတ်အထိပ်အရိုးများကြားတွင် ပုံမှန်မဟုတ်သော တည်ရှိမှုတစ်ခုဖြစ်သည့် မွေးရာပါ အထွတ်အထိပ်အရိုးပင်လျှင် ထိုအရာနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။

ထို့ပြင် ကောင်းကင်ဝါးမျို နတ်မိစ္ဆာသွေး လည်း ရှိသေးသည်။ ထိုအရာသည်လည်း မဟာထောင်ပေါင်းများစွာ တောက်ပသောခေတ်က ပေါ်ထွက်ခဲ့သော မူလရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး ရှေးဟောင်းမှတ်တမ်းများတွင် မှတ်တမ်းအနည်းငယ်သာ ရှိသည်။

သူ၏ မူလဘူတ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ် ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်တို့နှင့် ပေါင်းစပ်လိုက်လျှင် မဟာတာအို ရုပ်ခန္ဓာကိုယ်သုံးထောင်ထဲတွင် မရေမတွက်နိုင်သော ခေတ်ကာလများမှ တစ်ခါတစ်ရံ တွေ့ရခဲသော ရုပ်ခန္ဓာကိုယ်ဘုရင်များကိုပင် သူ အထင်သေးနေဆဲဖြစ်သည်။

...

အခန်း (၂၂) ဘိုးဘေးကြီး ပေါ်လာပြီး ဧကရာဇ်၏ ကြွင်းကျန်ရစ်သောဝိညာဉ်ကို ချက်ချင်းဖိနှိပ်လိုက်ခြင်း

"ခုံးဝူတောက်... မင်း ကောင်းကောင်းမွန်မွန် သေရမှာ မဟုတ်ဘူး..."

ဤအခိုက်အတန့်တွင် ဖိနှိပ်ခံထားရပြီးဖြစ်သော ယဲ့ချန်သည် နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ခုံးဝူတောက်နှင့် ခုံးကျန်ယွဲ့တို့၏ အပြန်အလှန် ပေးကမ်းမှုသည် သူ၏မျက်လုံးထဲတွင် သူ့အတွက် အကြီးမားဆုံး အရှက်ခွဲမှုပင်။

သူ၏ချစ်သူ ချန်ရစ်ခဲ့သော တစ်ခုတည်းသော အမွေအနှစ်...

ခုံးဝူတောက်က ထိုအရာကို မျက်နှာလိုမျက်နှာရ လုပ်ရန် အသုံးပြုသောအခါ သူ မည်သို့ ဒေါသထွက်စရာမရှိဘဲ နေမည်နည်း...

တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားထဲတွင် သူ၏ဆရာသခင်ကို ရူးသွပ်စွာ မေးခွန်းထုတ်နေခဲ့သည်။

"ဆရာသခင်... ဆရာ့ရဲ့ ဟင်းလင်းပြင် မဟာတာအို နဲ့ဆိုရင် ချင်းကဲနဲ့ ကျွန်တော်က အန္တရာယ်ကင်းကင်း ရှိနေမယ်လို့ ဆရာ ပြောခဲ့တယ် မဟုတ်ဘူးလား..."

"ဘာလို့... ချင်းကဲရဲ့ အထွတ်အထိပ်အရိုး တူးထုတ်ခံရတာကနေ သူ သေဆုံးသွားတဲ့အထိတောင် ဆရာက ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ရတာလဲ..."

အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ မလာမီ သူ၏ဆရာသခင်က သူ့ကို ကတိပေးခဲ့သည်။ သူရှိနေသရွေ့ သူတို့နှစ်ယောက်၏လုံခြုံရေးကို အကြွင်းမဲ့ အာမခံနိုင်သည်ဟု ပြောခဲ့သည်။

သို့သော် မည်သည်ကြောင့်... မည်သည်ကြောင့် သူ၏ဆရာသခင်ဖြစ်သော ဟင်းလင်းပြင် မဟာဧကရာဇ်သည် အစမှအဆုံးတိုင် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ရသနည်း...

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်နဲ့ သူ့ရဲ့ ဆရာသခင် ဟင်းလင်းပြင် မဟာဧကရာဇ်တို့ကြားမှာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရတယ်... သခင်က ကောင်းကင်အမိန့်တော်အမှတ် ၅၀၀ကို အောင်မြင်စွာ ရရှိပါတယ်...]

[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ရရှိပြီး ကောင်းကင်အမိန့်အမှတ် ၁၅၀၀ ကို အောင်မြင်စွာ ရရှိတဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ ကောင်းကင်အမိန့်တော်အမှတ်များ ၂၀၅၀]

ထိုစကားကို ကြားသောအခါ ခုံးဝူတောက်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ယဲ့ချန်၏ဆရာသခင်... ဟင်းလင်းပြင် မဟာဧကရာဇ်ဟု ဆိုသလော...

သူ၏အကြည့်က ယဲ့ချန်၏ လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲပြားဆီသို့ အလိုအလျောက် ရောက်သွားသည်။ သူ မှန်းထားသည့်အတိုင်းပင် နတ်ဘုရားစိတ်ဝိညာဉ် ဘိုးဘေးကြီးတစ်ပါးနှင့် ဆင်တူသော ရွှေလက်ချောင်းဖြစ်နေသလော။

...

"ချန်အာ... ငါ..."

သူ့တပည့်ဖြစ်သူ၏ မေးခွန်းထုတ်သံကို ကြားသောအခါ ဟင်းလင်းပြင် မဟာဧကရာဇ်သည် တခဏကြာ ဆွံ့အသွားပေ၏။

ယဲ့ချန်က သတိမထားမိနိုင်သော်လည်း ဤနေရာကို စူးစိုက်ကြည့်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များကို သူ ရှင်းလင်းစွာ အာရုံခံမိနိုင်သည်။

ထိုအရာများထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ရှေးဟောင်းမဟာဧကရာဇ် တစ်ပါးထက်ပင် သာလွန်နေသည်။

ဤသည်က အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဘိုးဘေးကြီးများ ဖြစ်ပေမည်။

ယခင်က ယဲ့ချန်နှင့်စုချင်းကဲတို့ကို အချိန်မရွေး ခေါ်ထုတ်သွားနိုင်သည်ဟု သူ ရဲရဲဝံ့ဝံ့ အာမခံရဲခြင်းမှာ အချိန်လေဟာနယ် တားမြစ်နယ်မြေ သည် ဆုတ်ယုတ်သွားပြီဖြစ်ပြီး ဘိုးဘေးကြီး များအားလုံး အိပ်မောကျနေကြသဖြင့် ဤကိစ္စကို အာရုံစိုက်မည်မဟုတ်ဟု ထင်ခဲ့သောကြောင့်ပင်။

သို့သော် အခြေအနေများက သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။ သူ ခြေလှမ်းစတင်လိုက်သည်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပြန်နိုးထလာသော နတ်ဘုရားသားတော်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးကြီးများဟု ထင်ရသူများ၏ အာရုံစိုက်မှုကိုပင် သူ ဆွဲဆောင်နိုင်ခဲ့သည်။

ဤအချက်က ဟင်းလင်းပြင် မဟာဧကရာဇ်၏ အူများကိုပင် နောင်တများဖြင့် စိမ်းဖန့်သွားစေသည်။

သို့သော် အခြေအနေက ဤအထိ ရောက်နေပြီဖြစ်ရာ အကယ်၍ သူ ဆက်လက်၍ တုံ့ဆိုင်းပြီး ကြောက်ရွံ့နေမည်ဆိုလျှင်...

သူ၏သရုပ်မှတ်ကို ဖော်ထုတ်လိုက်သဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးကြီးများက သူ့အား ဖိနှိပ်မည်ကို စိုးရိမ်နေလျှင် သူ၏တပည့်ရင်းယဲ့ချန်သည် သေချာပေါက် သေဆုံးရပေမည်။

သူ အစွမ်းကုန် ကြိုးစားပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဘိုးဘေးကြီးများက သူ့လောက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မည်ဟုတ်မဟုတ်ကို လောင်းကြေးထပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဘုန်း...

ဆုံးဖြတ်ချက်ချပြီးနောက် ဟင်းလင်းပြင် မဟာဧကရာဇ်သည် သူ၏ကျန်ရှိနေသော စွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် အဆုံးမဲ့ ဟင်းလင်းပြင်စွမ်းအားများသည် စကြဝဠာကို ဆုတ်ဖြဲကာ ဆင်းသက်လာသည်။ အဆုံးမဲ့ ဥပဒေသစာလုံးများက ဝေဝါးသော်လည်း ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုကို ဖန်တီးလိုက်ပုံရသည်။

ဟင်းလင်းပြင်၏ မြစ်ကြောင်းရှည်ကြီးကို နင်းလျှောက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှနေ၍ စကြဝဠာ၏အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားသည်။ ဤပုံရိပ်မှာ ဟင်းလင်းပြင် မဟာဧကရာဇ်ပင်။

ဟင်းလင်းပြင် မဟာဧကရာဇ်၏ ပုံရိပ်သည် ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေရဲချေ။

သူသည် သူ၏လက်ကို ချက်ချင်း ဆန့်တန်းလိုက်ပြီး ယဲ့ချန်ကို ဤနေရာမှ ခေါ်ထုတ်သွားရန် ရည်ရွယ်ကာ ဟင်းလင်းပြင်စုပ်ဝဲတစ်ခုကို ချက်ချင်းဖန်တီးလိုက်သည်။

သို့သော် သူ မြန်ဆန်လျှင်ပင် အသုံးမဝင်ပေ။

"ရိုင်းစိုင်းလိုက်တာ... သာမန်အကြွင်းအကျန် နတ်ဘုရားစိတ်ဝိညာဉ်လေးကများ ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ရှေ့မှာ လှုပ်ရှားရဲတယ်ပေါ့..."

ဤအခိုက်အတန့်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ချောက်နက်ကြီး သို့မဟုတ် အကျဉ်းထောင်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အဆုံးမဲ့ ကြယ်တာရာနယ်မြေကို ဖြတ်သန်းကာ ဤနေရာသို့ ဟိန်းဟောက်သံနှင့်အတူ ဆင်းသက်လာပုံရသည်။

ဟင်းလင်းပြင် မဟာဧကရာဇ်၏ နတ်ဘုရားစိတ်ဝိညာဉ် ပုံရိပ်ယောင်သည် တုန်ခါသွားပြီး ချက်ချင်းပင် လုံးဝဖိနှိပ်ခံလိုက်ရကာ သူ ဖန်တီးထားသော ဟင်းလင်းပြင် လမ်းကြောင်းသည်လည်း လုံးဝပြိုကျသွားသည်။

"ဒါက..."

ဟင်းလင်းပြင် မဟာဧကရာဇ်၏ ထိတ်လန့်နေသော မျက်လုံးများထဲတွင် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုသည် အချိန်နှင့်လေဟာနယ် မြစ်ကြောင်းကို နင်းလျှောက်လာသကဲ့သို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အနက်ရှိုင်းဆုံးနေရာမှ ရောက်ရှိလာသည်။

ထိုအရာက အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဘိုးဘေးကြီးတစ်ပါးပင်။

သူ၏ နောက်ဆုံး မျှော်လင့်ချက် အကြွင်းအကျန်လေးသည် ဤအခိုက်အတန့်တွင် လုံးဝကြေမွသွားခဲ့လေပြီ။

ပြီးသွားပြီ... လုံးဝ ပြီးဆုံးသွားပြီ..

ထိုခမ်းနားထည်ဝါသော ပုံရိပ်သည် သူ၏ရှေ့သို့ မဆင်းသက်လာသေးဘဲ ဝေးကွာသော ကြယ်တာရာနယ်မြေ ကို ဖြတ်၍ သူ့ကို ကြည့်နေသည့်တိုင် ဟင်းလင်းပြင် မဟာဧကရာဇ်၏ နှလုံးသားကို အဆုံးမရှိ တုန်လှုပ်စေဆဲပင်။

သူသည် ယခုအချိန်၌ အကြွင်းအကျန် နတ်ဘုရားစိတ်ဝိညာဉ် တစ်မျှင်သာ ဖြစ်သည်။ သူ၏ စွမ်းအားအားလုံးကို လောင်ကျွမ်းစေလျှင်တောင်မှ အလွန်ဆုံး အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးနှင့်သာ ယှဉ်နိုင်ပေမည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ မဟာဧကရာဇ် ဘိုးဘေးကြီးတစ်ပါးကို သူ မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

"ဆရာသခင်..."

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားအောက်တွင် ယဲ့ချန်၏ ယခင် ဒေါသများသည် လုံးဝပျောက်ကွယ်သွားပြီး ပို၍ကြီးမားကာ အဆုံးမရှိသော အကြောက်တရားဖြင့် အစားထိုးခံလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ဆရာသခင် ဟင်းလင်းပြင် မဟာဧကရာဇ်သည် အမြဲတစေ သူ၏ အကြီးမားဆုံး အားကိုးရာ ဖြစ်ခဲ့ပေ၏။

သူ၏မျက်လုံးထဲတွင် သူ၏ ဆရာသခင်သည် ဤလောကကြီး၌ အစွမ်းထက်ဆုံး တည်ရှိမှုပင်။

ကောင်းကင်ဘုံများအားလုံး၏ တားမြစ်နယ်မြေ ဟု ချီးကျူးခံရသော အချိန်လေဟာနယ် တားမြစ်နယ်မြေပင်လျှင် သူ့ဆရာသခင်၏ ခြေလှမ်းများကို မတားဆီးနိုင်ဟု သူ တွေးထင်ခဲ့သည်။

သို့သော် ယခု၌မူ သူ၏ ဆရာသခင်သည် အပြန်အလှန် တိုက်ခိုက်မှုတစ်ချက်ပင် မရှိဘဲ ဖိနှိပ်ခံလိုက်ရသည်ကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည်။

ထို ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် အရှိန်အဝါတစွန်းတစကိုသာ ထုတ်လွှတ်လိုက်ရုံဖြင့် သူ၏ဆရာသခင်သည် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရလေပြီ။

ဟင်းလင်းပြင် မဟာဧကရာဇ်သည်လည်း ဤအခိုက်အတန့်တွင် ပိုကောင်းသည့် အခြေအနေတွင် မရှိပေ။

သူ အမှန်တကယ်ကို သေချင်စိတ် ပေါက်သွားသည်။

လွန်ခဲ့သော နှစ်များစွာက ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများပြီးနောက် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် ဆုတ်ယုတ်သွားပြီး ယခင်ဂုဏ်ကျက်သရေများကို မပိုင်ဆိုင်တော့ဟု သူ အမြဲတမ်း တွေးထင်ခဲ့သည်။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များ မှ လူများစွာကပင် ထိုသို့ တွေးထင်ခဲ့ကြသည်။

သို့သော် ယခု၌မူ သူသည် အမှန်တကယ်ကို ကြီးမားစွာ မှားယွင်းနေကြောင်း သူ နားလည်သဘောပေါက်လိုက်၏။

ကောင်းကင်ဘုံများအားလုံး၏ တားမြစ်နယ်မြေ သည် ယခင်တားမြစ်နယ်မြေ ဖြစ်နေဆဲဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရန်စရန် သေချာပေါက် မဖြစ်နိုင်ပေ။

ဟူး... အဲဒီ တရားမဝင်သမိုင်းတွေက လူတွေကို တကယ်သတ်တာပဲ..

ဟင်းလင်းပြင် မဟာဧကရာဇ်သည် ဖျစ်ညှစ်၍ ပြုံးပြလိုက်သည်။

"စီနီယာ... ဒါက အထင်လွဲမှုတစ်ခုပါ..."

သို့သော် ဤ ဘိုးဘေးကြီးသည် စကားနည်းပြီး ပြတ်သားစွာ လှုပ်ရှားတတ်သူပင်။ သူသည် သူ၏ ကြီးမားသောလက်ကို တိုက်ရိုက်ဆန့်တန်းလိုက်ပြီး ထိုဟင်းလင်းပြင်နယ်မြေဆီသို့ ဖမ်းဆုပ်လိုက်သည်။

ခရက်... ခရက်... ခရက်...

ထိုဟင်းလင်းပြင်နယ်မြေသည် ကောင်းကင်နှင့် မြေကြီး၏ဥပဒေသ များနှင့်အတူ ရှေးဟောင်း လှောင်ချိုင့်တစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ လုံးလုံးလျားလျား အေးခဲရပ်တန့်သွားသည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားရှေ့တွင် ယခု အကြွင်းအကျန်ရစ် နတ်ဘုရားစိတ်ဝိညာဥ်မျှသာဖြစ်သည့် ဟင်းလင်းပြင် မဟာဧကရာဇ်ကို မဆိုထားနှင့်....

တက်ကြွသော သွေးချီများရှိသည့် မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ခုခံရန် လုံးဝစွမ်းအားမဲ့သွားပေမည်။

"ဘိုးဘေးကြီး..."

ဤမြင်ကွင်းကို မြင်သောအခါ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သားတော် အစဉ်အဆက်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤသည်မှာ မည်သည့် ဘိုးဘေးကြီး ဖြစ်ကြောင်း မသိကြပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့၏အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ဘိုးဘေးကြီးများ အလွန်များပြားပြီး သူတို့က ရှားရှားပါးပါးသာ ပေါ်ထွက်လာတတ်ကြသည်။

သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးကြီးတစ်ပါးကို ဤနေရာတွင် ယခု မြင်တွေ့ရခြင်းက အမှန်တကယ်ပင် မကြုံစဖူးသော ကိစ္စဖြစ်သည်။

"သာမန် အကြွင်းအကျန် နတ်ဘုရားစိတ်ဝိညာဉ်လေးက ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ ရိုင်းစိုင်းရဲအောင် ဘယ်လို စွမ်းရည်မျိုး ပိုင်ဆိုင်ထားလို့လဲ..."

ရုတ်ချည်းဆိုသလိုပင် ဤအချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးကြီး သည် သူ၏ ကြီးမားသောလက်ကို ဝှေ့ယမ်းလိုက်၏။

ဟင်းလင်းပြင် မဟာဧကရာဇ်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ယဲ့ချန်၏ရင်ဘတ်တွင် ဆွဲထားသော ကျောက်စိမ်းဆွဲပြားထဲမှ ဆွဲထုတ်ခံလိုက်ရသည်။

ထို့နောက် ဤဘိုးဘေးကြီး၏ စွမ်းအား ဖိနှိပ်မှုအောက်တွင် ထိုအရာသည် အလင်းလုံးတစ်ခုအဖြစ် အတင်းအကျပ် ကျုံ့ဝင်သွားပြီး သူ၏ လက်ဝါးထဲသို့ ဖြည်းညှင်းစွာ ကျဆင်းလာသည်။

ဟင်းလင်းပြင် မဟာဧကရာဇ်၏ နတ်ဘုရားစိတ်ဝိညာဉ် ခန္ဓာကိုယ်သည် တုန်ခါနေပြီး သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ထိုသို့သော စွမ်းအားရှေ့တွင် သူသည် အစစ်အမှန် နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရပြီး သူ၏ကိုယ်ပိုင်ပုံရိပ်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေသည်။

တစ်ဖက်လူ အလိုရှိလျှင် သူ၏ အကြွင်းအကျန်နတ်ဘုရားစိတ်ဝိညာဉ် အတွေးများအားလုံးကိုပင် လုံးဝဖျက်ဆီးပစ်နိုင်ပေမည်။

"ဟမ့်... ဟင်းလင်းပြင် ဥပဒေသကို အပေါ်ယံလောက်လေး နားလည်ထားရုံနဲ့ ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ ရိုင်းစိုင်းရဲတယ်ပေါ့... မင်းက တကယ်ကို သေချင်နေတာပဲ..."

အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ဤဘိုးဘေးကြီးက ခုံးဝူတောက်ကို ထပ်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများတွင် ကြင်နာသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ခုံးဝူတောက်...မင်း လုပ်စရာရှိတာကို ယုံယုံကြည်ကြည်နဲ့သာ ဆက်လုပ်ပါ..."

"ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက မင်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံပဲ..."

ထိုစကားကို ကြားသောအခါ ခုံးဝူတောက် အနည်းငယ် တွေးတောပြီးနောက် ခပ်ဖျော့ဖျော့ပြုံးကာ ဘိုးဘေးကြီးဆီသို့ ရိုသေလေးစားစွာ လက်နှစ်ဖက်ကို ပူးဆုပ်၍ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး..."

သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ဘိုးဘေးကြီးများသည် ဤနေရာတွင် ဖြစ်ပျက်နေသမျှကို အစကတည်းက စောင့်ကြည့်နေခဲ့သည်ဟု သူ တွေးလိုက်မိသည်။

ထိုသို့မဟုတ်ပါက ဟင်းလင်းပြင် မဟာဧကရာဇ် ထွက်ပြေးရန် ကြိုးစားသည့် ပထမဆုံး အခိုက်အတန့်မှာပင် သူ့ကို ဖိနှိပ်ရန် ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့မည် မဟုတ်ပေ။

All Chapters