အခန်း (၈၂၅-၈၂၈)
Vol. 42 Ch. 825-828
Space and Rebirth 825
ကျင်းယွင်ကျောင်းသည် သူ့အား မြန်မြန်ရှင်းထုတ်လိုသောဆန္ဒသာရှိသည်။ သို့ရာတွင် သူ၏ပျော့ကွက်များကို လုံးဝမရွယ်ခဲ့ချေ။ အခန်းထဲမှ ရှုပ်ရှုပ်ထွေးထွေး ဆူညံသံများ တရစပ်ထွက်လာသောကြောင့် ကြက်သီးမွေးညင်းများပင် ထစေ၏။
တုရုန်းယန်တစ်ကိုယ်လုံး အက်ကွဲတော့မည့်အတိုင်း ခံစားနေရသည်။
သူအစက စီစဥ်ထားသော အစီအစဥ်နှင့် လုံးဝလမ်းကြောင်းလွဲသွားပြီဖြစ်၏။ သူသည် ဤသို့သောအရာမျိုးကို ပထမဆုံးအကြိမ်လုပ်ခြင်းမဟုတ်သော်ငြား ဤသို့သောတုံ့ပြန်မှုမျိုးကိုမူ ပထမဆုံးခံရခြင်းဖြစ်သည်။ သူသည် အလွန်ပင် ကျောချမ်းကာ ကြောက်ရွံ့သွားတော့၏။ သူအကြောက်ဆုံးအရာမှာ ကျင်းယွင်ကျောင်းမှ သူ၏ပါးစပ်ထံ အလောင်းကောင်အား သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ သူသည် ပါးစပ်ကိုလုံးဝမဖွင့်နိုင်ခဲ့ပေ။ အညှီအဟောက်အနံ့များသည် သူ၏နှာခေါင်းတစ်ခုလုံးပြည့်သွားပြီး အော်ဂလီဆန်လာစေ၏။ သူသည် မေ့လဲလုမတတ်ဖြစ်နေလေသည်။
ကျင်းယွင်ကျောင်းမျက်နှာထားမှာ အေးစက်နေ၏။ ဤသို့သော မှောင်မည်းသည့်နေရာတွင် သူမ၏မျက်နှာသည် အနည်းငယ်ကြက်သီးထဖွယ်ကောင်းနေလေသည်။ သူမမျက်လုံးများသည် မှင်ရည်အလား နက်မှောင်နေသည်။ ထိုအကြည့်မျိုးသည် တုရုန်းယန်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာတွင် မှတ်ကျောက်တင်နေပြီး ချေဖျက်၍မရတော့ပေ။
သူမသည် ဤအလောင်းများထက်ပင် ကြောက်စရာကောင်းနေ၏။ သူ့အား အစိမ်းလိုက်သတ်ဖြတ်ချင်နေသကဲ့သို့ပင်။
ကျင်းယွင်ကျောင်းမှာ အဘယ်ကြောင့် ထိုသို့လုပ်မည်နည်း။ သူမကိုယ်သူမခုခံကာကွယ်ရာ၌ အလွန်အကျွံဖြစ်သွားလျှင် နောက်ပိုင်းတွင် သူမသာ ရှုံးရလိမ့်မည်။ ဆယ်မိနစ်ကျော်မျှ ရိုက်နှက်ပြီးနောက် တုရုန်းယန်ကိုယ်ပေါ်တွင် ဒဏ်ရာနှင့်လွတ်သောနေရာမရှိတော့ပေ။ နောက်ဆုံးတွင် ကျင်းယွင်ကျောင်းသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို တစ်ချက်ကန်လိုက်၏။ ထိုအခါ တုရုန်းယန်၏သွေးကြောများ ထောင်တက်လာပြီး ချက်ချင်းမေ့လဲသွားတော့သည်။
ကျင်းယွင်ကျောင်းသည် သူမလက်များကို ဖုန်ခါကာ အင်္ကျီအဝတ်အစားများကို သပ်လိုက်၏။ ထိုမှသာ သူမထွက်သွားတော့သည်။ သူမသည် တံခါးကိုကြပ်ကြပ်ပိတ်ထားသဖြင့် တုရုန်းယန်သည် လုံးဝလှုပ်မရချေ။ အလောင်းများကို အဖော်ပြုကာနေနေရပြီး အနံ့အသက်ဖြင့်ပင် သူအတော်ခံစားနေရချေပြီ။
တိုက်အိုကြီးမှ ထွက်လာသည်နှင့် ကျင်းယွင်ကျောင်းသည် မိုကျန်းယန်ကိုဖုန်းဆက်ကာ ဖြစ်ပျက်သမျှအရာများကို အသေးစိတ်ပြောပြလိုက်၏။ မိုကျန်းယန်ကိုပြောပြီးနောက် သူမသည် တံခါးဝ၌စောင့်နေသော လူကြီးအားပြောလိုက်ပြန်သည်။
“ဦးလေး၊ ခုနကသမီးနဲ့အတူလာတဲ့ဆရာကို အသေရိုက်ထားတယ် ခဏနေကျရင် ကျောင်းဒါရိုက်တာရောက်လာလိမ့်မယ်...”
ကျင်းယွင်ကျောင်းသည် ဒေါသကိုထိန်းကာ ပြောလိုက်၏။
ထိုလူကြီးသည် ၎င်းကိုကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
“မိန်းကလေး၊ ဒါမနောက်ကောင်းဘူးနော် ဘာလို့သူ့ကိုရိုက်ထားတာလဲ?”
“ဦးလေး၊ အဲ့ဆရာက လူကောင်းမဟုတ်ဘူး၊ ဆေးပစ္စည်းတွေယူချင်တယ်လို့ သမီးလိမ်ပြောပြီး ဒီမှာစာအုပ်တွေအများကြီးရှိတဲ့အကြောင်းလည်းပြောတယ်၊ ဒါပေမယ့် သမီးစိတ်ကူးထားသလိုမဟုတ်ဘဲ မြေအောက်ခန်းက အလောင်းတွေထားတဲ့နေရာကို ခေါ်သွားတယ်လေ၊ သမီးကို ညစ်ညမ်းပုံတွေရိုက်ဖို့လည်း လုပ်သေးတယ်၊ သမီးလည်းကြောက်တာနဲ့ မနည်းရုန်းထွက်လာရတာ အရင်တုန်းက သိုင်းသင်ခဲ့တာမို့ ကိုယ့်ကိုယ်ကိုခုခံတဲ့နေရာမှာ အားနည်းနည်းပြင်းသွားတယ်”
ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်၏။
အစောင့်လူကြီးသည် ၎င်းကိုကြားသောအခါ အံ့အားသင့်လွန်းသဖြင့် ပြောစရာစကားများပျောက်ဆုံးသွားသည်။
သူသည် သုတ်သီးသုတ်ပြာဖြင့် အထဲသို့ဝင်ကြည့်ရန်လုပ်လိုက်သော်လည်း ကျင်းယွင်ကျောင်းမှ တားလိုက်၏။
“ဦးလေး၊ ဌာနမှူးတို့ကိုပဲ ထိုင်စောင့်လိုက်ပါ အထဲမှာ ဆရာတုကို သော့ပိတ်ထားတယ် သူ့စိတ်အခြေအနေက နည်းနည်းမူမမှန်ဖြစ်နေတာမို့ အခုရူးကြောင်ကြောင်ဖြစ်နေတယ်၊ သမီးတို့ကို ရူးကြောင်မူးကြောင်နဲ့ တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ”
ထိုလူကြီးသည် ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် အနည်းငယ်နေရခက်နေလေသည်။ ကျင်းယွင်ကျောင်းသည် လူဝင်ခွင့်စာရင်းကို ဝေ့ကြည့်ကာ မေးလိုက်၏။
“ဦးလေး၊ ဆရာတုက ဒီထဲကို မကြာမကြာလာတတ်လား? လူတစ်ယောက်တည်းနဲ့လာတာလား?”
“သူလား?”
အစောင့်ဦးလေးကြီးသည် ခေတ္တမျှတွေးတောစဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။
“အင်း လာတယ်၊ တစ်လကို တစ်ခါနှစ်ခါလောက်ပေါ့ အမြဲတမ်းပစ္စည်းတွေယူသယ်ဖို့ ကျောင်းသားတွေခေါ်လာတတ်တယ်...”
“အားလုံးက ကျောင်းသူတွေချည်းပဲမှတ်လား?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။
ထိုအရာကိုကြားလိုက်သောအခါ ထိုလူကြီး၏မျက်နှာတောင့်တင်းသွားတော့သည်။
“ဟုတ်သား၊ သူတို့အားလုံးကကျောင်းသူတွေချည်းပဲ၊ အဲ့ကျောင်းသူလေးတွေက အရမ်းလှပြီး အရမ်းလိမ္မာကြတာ၊ စကားပြောရတာကို သိပ်ကြိုက်ကြတဲ့ပုံမပေါ်ဘူး”
ကျင်းယွင်ကျောင်းမျက်လုံးများ အေးစက်သွားတော့သည်။ တုရုန်းယန်သည် မတရားခံရခြင်းမဟုတ်ပေ။
“ဦးလေး၊ ခဏနေကျ ဌာနမှူးလာရင် အဲ့စာရင်းစာအုပ်ကိုပြမှဖြစ်မယ်၊ သမီးက ကိုယ်ခံပညာတတ်လို့သာ ဆရာကသမီးကိုဘာမှမလုပ်နိုင်ခဲ့ပေမယ့် တခြားကျောင်းသူတွေကတော့ အဲ့လိုမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတုက ဒီနေရာကို ကျောင်းသူတွေပဲခေါ်လာတာ ထူးဆန်းတယ်၊ ပြီးတော့ ပစ္စည်းတွေသယ်ဖို့ဆိုရင် ယောက်ျားလေးတွေကမှ ပိုသင့်တော်တာမဟုတ်ဘူးလား”
ကျင်းယွင်ကျောင်းသတိပေးလိုက်၏။
လူအဝင်အထွက်စာရင်းအောက်တွင် တုရုန်းယန်၏နာမည်သာရှိပြီး ကျောင်းသူများ၏နာမည်ကို မှတ်တမ်းမတင်ထားချေ။
သို့သော် ဤသည်မှာလည်း ဆိုးသောအရာမဟုတ်ပေ။ ထိုကျောင်းသူများအားလုံး၏နာမည်ကို မှတ်တမ်းတင်ထားပါက အနာဂတ်တွင် သူမတို့သည်သာ ထိခိုက်ရပေလိမ့်မည်။
Space and Rebirth 826
ကျင်းယွင်ကျောင်း၏သတိပေးခြင်းကို ခံလိုက်ရပြီးနောက် အစောင့်ဦးလေးကြီး၏မျက်နှာသည် တည်ကြည်လေးနက်သွားပြီး အတန်ငယ်နောင်တရသည့်ဟန်ပေါက်သွားသည်။
“ကျောင်းသူလေး၊ အဲ့ဆရာက တကယ်ပဲ မကောင်းတဲ့လူလား? သူ့ကြည့်ရတာတော့ သိက္ခာရှိတဲ့ပုံပါ၊ အထင်လွဲတာများဖြစ်မလား...ဟူး၊ ဦးလေးမှာတော့ ဒီအဆောက်အဦးကို စောင့်ကြပ်ဖို့ တာဝန်ယူထားရတာ၊ သူသာတကယ်ပဲအဲ့လိုလုပ်ရပ်မျိုးလုပ်ခဲ့ရင် ဦးလေးလည်း အနေမချောင်ဘူး”
ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။
“အဲ့လောက်ထိတွေးစရာမလိုပါဘူး ဦးလေးနဲ့မဆိုင်တဲ့ကိစ္စပဲလေ”
အစောင့်ဦးလေးကြီးမှာ ဇရာကိုအံတုနေရသောအရွယ်ဖြစ်နေလေပြီ။ သူသည် မိမိအလုပ်ပိုသက်သာစေရန် ဤနေရာအား ရွေးချယ်လာရောက်ခဲ့ခြင်းဖြစ်သည်။ A တက္ကသိုလ်သည် ယခင်ကတည်းကပင် သန့်ရှင်းသောနေရာဖြစ်၏။ ဤနေရာမျိုးတွင် တုရုန်းယန်ကဲ့သို့ သိုးရေခြုံသောဝံပုလွေတစ်ဦးရှိနေလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း? အထဲတွင် ပစ္စည်းများဖြင့်လည်း အနည်းငယ်ရှုပ်ပွနေသောကြောင့် မဖွယ်မရာပြုရန် ဤနေရာမျိုးသို့လာမည့်သူ ဤကမ္ဘာပေါ်တွင် မရှိလောက်ဟု သူထင်ခဲ့လေသည်။
ထို့အပြင် အစောင့်ဦးလေးမှာလည်း တုရုန်းယန်အား အချိန်ပြည့်မစောင့်ကြည့်နိုင်ချေ။ တိုက်အိုကြီးမှာ သေးငယ်လှသည်မဟုတ်ရာ အဘယ်သို့ တုရုန်းယန်နောက် တကောက်ကောက်လိုက်နိုင်မည်နည်း? သူ၏အလုပ်တာဝန်မှာ လူအဝင်အထွက်စာရင်းမှတ်ရန်သာဖြစ်၏။ ကျောင်းသားများ၏လုံခြုံရေးကို တာဝန်ယူပြီး တိုက်တစ်ခုလုံး၏သာယာရေးအတွက် ထိန်းသိမ်းရမည့်လူမဟုတ်ပေ။
ကျင်းယွင်ကျောင်းအသံသည် အခြားသူများအား တည်ငြိမ်စေသောစွမ်းရည်ရှိ၏။ ထိုအဘိုးအိုသည် သက်ပြင်းချလိုက်သော်လည်း သူ၏မျက်နှာသည် ယခင်ကထက် အနည်းငယ်ကောင်းသွားလေသည်။ ဌာနမှူးရောက်ရှိလာရန်ကိုသာ သူသည် စိတ်ပူပန်စွာဖြင့် စောင့်လိုက်၏။
ကျင်းယွင်ကျောင်းသည် ဤကိစ္စအား မိုကျန်းယန်အားပြောပြီးနောက် မိုကျန်းယန်သည် ချက်ချင်းဆိုသလို ဤကိစ္စအား ကျောင်းဒါရိုက်တာနှင့် ဌာနမှူးထံသို့ လက်ဆင့်ကမ်းပြောဆိုလိုက်သည်။ ထို့နောက် သူသည် အပိုစကားတစ်ခွန်းမျှ မပြောဘဲ ကျင်းယွင်ကျောင်းထံ အပြေးအလွှားရောက်ရှိလာလေ၏။
သူသည် အဝေးမှလာရသဖြင့် ပင်ပန်းနေဟန်ရှိပြီး စိတ်ပူနေသောပုံစံပေါက်ပေသည်။
ကျင်းယွင်ကျောင်းသည် မိုကျန်းယန်တပည့်ဖြစ်သည်မှာ အချိန်အတော်ကြာချေပြီ။ သူတို့နှစ်ဦးသားသည် အလွန်ပင်လေပေးတည့်ကြ၏။ သူမသည် ထိုအဘိုးကြီး၏စိတ်နှင့်တွေ့သောသူဖြစ်သည်။ ပရော်ဖက်ဆာမိုသည် သူမအား သူ၏မြေးအရင်းကဲ့သို့ဆက်ဆံ၏။ သူသိထားသမျှအား ဆရာစားမချန်သင်ပေးကာ သူမ၏နေ့စဥ်ဘဝအတွက်လည်း အလွန်စိတ်ပူပေးတတ်သည်။
“ဘာတွေဖြစ်နေတာလဲ? အဲ့အောက်တန်းစားကောင်ဘယ်မှာလဲ?”
ပရော်ဖက်ဆာမိုသည် ကျင်းယွင်ကျောင်းကိုတွေ့သောအခါ ဒေါသသံဖြင့် အော်ဟစ်လိုက်၏။
“သူငယ်ချင်းမို၊ မင်းဘာလို့ အဲ့လောက်အသည်းအသန်ဖြစ်နေတာလဲ? ငါတို့အခုမှ သေချာတောင်မစုံစမ်းရသေးဘူး...”
ကျောင်းဒါရိုက်တာမှ ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါလိုက်သည်။
သူ၏သူငယ်ချင်းကြီးတွင် မိန်းမလည်းမရှိသလို ကလေးလည်းမရှိပေ။ ယခင်က ကျောင်းသားအချို့ရှာပြီး မိမိသားသမီးများအဖြစ်မွေးရန် သူ့အားပြောဆိုဖျောင်းဖျခဲ့သော်လည်း မိုကျန်းယန်သည် နားမထောင်ခဲ့ချေ။ ထိုသို့သောလူမျိုးက ယခုတွင် ကျင်းယွင်ကျောင်းအား ဤမျှလောက် သည်းသည်းလှုပ်ဖြစ်နေလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း? သူ၏မြေးမလေးအရင်းကဲ့သို့ ဆက်ဆံသည်ဟုပြောလျှင်ပင် အပိုစကားဖြစ်မည်မဟုတ်ပေ။ သို့ရာတွင် မိုကျန်းယန်မှ သူမအား ဤမျှလောက် အသည်းအသန်ကာကွယ်နေသည်ကို မြင်လိုက်သောအခါ သူမည်သို့ပြောရမည်ကို အမှန်တကယ်မသိပါချေ။
“ဒါရိုက်တာ၊ ရှောင်ကျင်းက ငါ့တပည့်မလေးပဲ သူဘယ်လိုလူမျိုးလဲဆိုတာ ငါအသိဆုံး! သူကတခြားလူတွေကိုဘယ်တော့မှ အလကားစွပ်စွဲမှာမဟုတ်ဘူး!”
မိုကျန်းယန်သည် ဂုဏ်ယူဝံ့ကြွားဟန်အပြည့်ဖြစ်နေ၏။
“ပါမောက္ခနဲ့ ဒါရိုက်တာ၊ ဆရာတုက လူသေရုံထဲမှာပါ ပြီးတော့ သူနဲ့ပြောသမျှအားလုံးကိုလည်း အသံသွင်းထားပါတယ်”
ကျင်းယွင်ကျောင်းသည် ဖုန်းအား ကမ်းပေးလိုက်ပြီး သူတို့တစ်အုပ်လုံးအထဲဝင်သွားတော့သည်။
တုရုန်းယန်မှ သူအား တိုက်အိုကြီးထံသို့ ခေါ်သည့်အချိန်မှစ၍ အသံသွင်းမှတ်တမ်းစလေသည်။ တုရုန်းယန်ကဲ့သို့လူမျိုးနှင့်တွေ့သောအခါ မတော်တဆများအား ရှောင်တိမ်းနိုင်ရန် သူမဘက်မှ ကြိုတင်မပြင်ဆင်ဘဲမနေနိုင်ပါချေ။
တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အဦးကြီးထဲတွင် သူတို့၏ခြေသံများမှအပ တုရုန်းယန်၏အသံကိုသာ ဖုန်းထဲမှကြားရသည်။
အစတွင် တုရုန်းယန်၏အသံသည် အလွန်ပင်ယဥ်ကျေးရည်မွန်၏။ ထိုအချိန်တွင် ဒါရိုက်တာ၏မျက်နှာသည် မပျက်သေးဘဲ မှားယွင်းသောအရာမရှိဟု ခံစားနေရသေးပေသည်။ သို့ရာတွင် ဒုတိယပိုင်းစသောအခါ သူ၏မျက်နှာသည် ချက်ချင်းဆိုသလို မှောင်ရိပ်သန်းသွား၏။
...
“ဓာတ်ပုံ? ဘယ်လိုဓာတ်ပုံမျိုးကိုလိုချင်တာလဲ?”
“ဘယ်လိုဓာတ်ပုံရမှာလဲ? မသိချင်ယောင်ဆောင်မနေနဲ့ မင်းကမိန်းကလေးတစ်ယောက်သာသာပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါလိုယောက်ျားတစ်ယောက်ကို မင်းအားမပြိုင်နိုင်ဘူး၊ မင်းသာ ငြိမ်ငြိမ်နားထောင်ရင် သိပ်ဒုက္ခခံရမှာမဟုတ်ဘူး၊ မဟုတ်ရင်တော့ နောက်ပိုင်းကျ မင်းပဲထိခိုက်လိမ့်မယ်”
“မင်းကိုယ်တိုင်ချွတ်စမ်း!”
မိုကျန်းယန်မှာ ပို၍ပင် ဒေါသထွက်လာ၏။ သူသည် ကျင်းယွင်ကျောင်းအား တပည့်တစ်ဦးအနေဖြင့် လွန်စွာအားရမိသည်။ သူမသည် မိမိကိုယ်ကိုနှိမ့်ချတတ်ကာ ယဥ်ကျေးပြီး အခြားသူများ၏ချီးမွမ်းကဲ့ရဲ့ခြင်းကို မမှုတတ်ဘဲ မွေးရာပါ ပါရမီရှိပြီး ထက်မြက်သည့်အပြင် စိတ်ထားဖြူစင်ကြင်နာသောသူလည်းဖြစ်၏။ သူ၏စိတ်ထဲတွင် ခံစားချက်အပြည့်အနှက်ဖြင့် သက်ပြင်းသာချမိတော့သည်။ သူမသည် အပြင်ဘက်ရှိလူများကြောင့် အကျင့်စာရိတ္တစွန်းထင်းသွားမည်ကို သူစိတ်ပူမိခဲ့သောအချိန်များပင်ရှိ၏။ သို့ရာတွင် သူသည် ထိုသို့တွေးလိုက်တိုင်း သူ၏ပူပန်မှုများမှာ အခြေအမြစ်မရှိဘဲ တွေးမိတွေးရာတွေးနေသည်ဟုသာ မိမိကိုယ်ကိုခံစားမိသည်။
သို့သော် သူ၏တပည့်မလေးအား အနိုင်ကျင့်ပြီး သူ၏မျက်နှာကို ပါးတက်ရိုက်သည့် သူတော်ကြောင်တစ်ဦးရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ!
Space and Rebirth 827
မိုကျန်းယန်၏အကြည့်ကြောင့် ဌာနမှူး၏မျက်နှာ အနည်းငယ်ပူလောင်သွားသည်။ ထိုအခိုက်အတန့်တွင် အစောင့်ဦးလေးသည် သူ၏ပါးစပ်ကိုဖွင့်ကာ တုရုန်းယန်မှာ လတိုင်း မတူညီသောကျောင်းသူများကို ခေါ်လာတတ်ကြောင်း ပြောနေလေ၏။ လူဝင်ခွင့်စာရင်းစာအုပ်ကိုပင် တွဲပြလိုက်သေးသည်။
ဌာနမှူး၏မျက်နှာမှာ ပို၍ပင်ပျက်သွား၏။
သူသည် အလွန်ပင်ကံမကောင်းလှသူဟု မိမိကိုယ်ကိုထင်မိသည်။ တုရုန်းယန်သည် ဤမျှလောက်ကြီးမားစွာ မွှေလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်ထားခဲ့ချေ။ မိမိသေတွင်းမိမိတူးသည်မှာ ကိစ္စမရှိသော်လည်း အခြားသူများကိုပါ ဆွဲချရန်လိုသလော။ သူ၏ဌာနတွင် ဤကဲ့သို့အောက်တန်းစားမျိုးရှိကြောင်း အခြားသူသိသွားပါက သူ၏မျက်နှာအား မည်သည့်နေရာတွင် သွားထားရမည်နည်း? ထို့အပြင် တုရုန်းယန်သည် လတိုင်း ကျောင်းသူများအား ထည်လဲခေါ်နေခဲ့သော်လည်း သူသည် ဤကိစ္စအား ယခုမှသာ သိရလေသည်။ သူသည် စီမံခန့်ခွဲရေးညံ့သူဟု ကျောင်းအုပ်ကြီးမှ ထင်ပေတော့မည်။
မိုကျန်းယန်မှာ ဒေါသပုန်ထနေသော်လည်း စိတ်အနည်းငယ်အေးမိသွားသည်။ ကျင်းယွင်ကျောင်းမှာ အနိုင်ကျင့်မခံလိုက်ရချေ။
သူမပြောသလောက်ဆိုလျှင် သူမသည် ကိုယ်ခံပညာအနည်းငယ်တတ်ပေသည်။ ထို့အပြင် သူမသည် ထိုအချိန်က ကြောက်အားသန်နေခဲ့သဖြင့် ကြောက်အားလန့်အားဖြင့် အင်အားအပြည့်အဝထုတ်လွှတ်ခဲ့လေသည်။
တုရုန်းယန်အား အသေမသတ်ခဲ့သရွေ့ အဆင်ပြေပေသည်။
များမကြာမီတွင် သူတို့သည် တံခါးဝသို့ ရောက်ရှိလာတော့သည်။ ဌာနမှူးသည် သုတ်သီးသုတ်ပြာဖြင့် တံခါးကိုဖွင့်ကြည့်လိုက်တော့သည်။ သို့သော် တံခါးပွင့်သွားသောအခါ သူတို့သည် မိမိတို့ရှေ့မှောက်တွင်ရှိနေသောမြင်ကွင်းကြောင့် အံ့အားသင့်သွားတော့၏။
တုရုန်းယန်မှာ အလောင်းကောင်၏လက်သီးအား ပါးစပ်ထဲတွင် ထိုးသွင်းခံထားရကာ မြေပြင်ပေါ်တွင်လဲနေသည်။ သူ၏ပုံစံမှာ အလွန်ပင်အော်ဂလီဆန်ဖွယ် ကောင်းလှပေသည်။ ကြမ်းပြင်ပေါ်တွင် အလောင်းများ ဟိုဟိုဒီဒီပြန့်ကျဲနေပြီး သူ၏နံဘေးတွင်လည်း အလောင်းအချို့ရှိနေ၏။ သူတို့၏ကိုယ်နေဟန်ထားမှာ ထူးဆန်းနေပြီး ထိခိုက်ခံထားရသည့်ဟန်ပေါက်နေသည်။
တုရုန်းယန်သည် ကျင်းယွင်ကျောင်းပြောသကဲ့သို့ မရူးသွပ်သွားချေ။ ထိုအစား သူ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ၏ဘောင်းဘီခွကြားမှ သွေးများထွက်လာနေဟန်ရှိသည်။ သူ၏ပုံစံမှာ အနည်းငယ်ကျောချမ်းဖွယ်ကောင်းလှ၏။
“အ-အရင်ဆုံး အရေးပေါ်ကားခေါ်လိုက်...”
သူသည် အောက်တန်းစားတစ်ဦးဖြစ်သော်လည်း ဤနေရာတွင် ပေးသေ၍မဖြစ်ပေ။
ပရော်ဖက်ဆာမို၏မျက်နှာမှာ ပိုကြည်လင်သွားသည်။
“နည်းတောင်နည်းသေးတယ် ဆရာတစ်ယောက်အနေနဲ့ သမာသမတ်မကျမှတော့ သေတာပဲကောင်းတယ်!”
“အဟွတ်! အဘိုးကြီးမို...မင်းစိတ်ထိန်းစမ်း သူ့ပုံကဒီလိုဖြစ်နေပြီကို...”
ဌာနမှူးသည် စကားအရသာပြောလိုက်ခြင်းဖြစ်ပြီး သူ၏မျက်နှာတွင်လည်း သနားညှာတာဟန်မရှိချေ။
ကျင်းယွင်ကျောင်း၏အသံမှတ်တမ်းမှာ ခိုင်လုံသောသက်သေဖြစ်၏။ ထို့ကြောင့် နောက်ပိုင်းတွင် တုရုန်းယန်၏သားကောင်ဖြစ်ရသော ကျောင်းသူများကို တိတ်တခိုးစုံစမ်းရပေမည်။ ထို့အပြင် တုရုန်းယန်ယူသွားခဲ့သောပစ္စည်းများကိုလည်း ဖျက်ဆီးရဦးမည်။
ဤသို့သောကိစ္စမျိုးအား လူသိရှင်ကြားကြေညာသည်ထက် တိတ်တိတ်ဆိတ်ဆိတ်ဖြေရှင်းသည်က ပိုကောင်းပေသည်။
ကျင်းယွင်ကျောင်းမှာ ကိစ္စမရှိချေ။ သူမသည် သားကောင်မဖြစ်ခဲ့သည့်အပြင် အခြားမိန်းကလေးအနိုင်မယူနိုင်ခဲ့သောသူကိုပင် အသေအလဲရိုက်နှက်ခဲ့၏။ ကျောင်းဘက်မှ တာဝန်ရှိသည်ဆိုသော်လည်း သူတို့သည်လည်း မိမိတို့ကျောင်းသိက္ခာကိုငဲ့ရဦးမည်။ ထို့အပြင် နစ်နာကြေးများလည်း ပေးရမည်ဖြစ်သည်။ မည်သူမှမသိသောကိစ္စဖြစ်သော်လည်း ကျောင်းဒါရိုက်တာတစ်ဦးအနေဖြင့် မဖြစ်ခဲ့သလို ဟန်မဆောင်နိုင်ပါပေ။
ကျောင်းဒါရိုက်တာမှာလည်း တစ်ကိုယ်ကောင်းသမားမဟုတ်သောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူသည် ပရော်ဖက်ဆာမိုနှင့် ခင်မင်မည်မဟုတ်ချေ။
မကြာမီတွင် အရေးပေါ်ကားတစ်စီးရောက်လာသော်လည်း သူတို့သည် အနားပင်ကပ်မကြည့်ပေ။ တုရုန်းယန်၏အသွင်အပြင်မှာ အလွန်သနားစရာကောင်းပြီး ကျောချမ်းဖွယ်ကောင်းလှ၏။ ယောက်ျားရင့်မာကြီးတစ်ဦးပင်လျှင် သူ့အားမြင်လျှင် အိပ်မက်ဆိုးများမက်နိုင်သည်။ မည်သူက ခံနိုင်ရည်ရှိမည်နည်း?
သို့ရာတွင် သူတို့သည် ကျင်းယွင်ကျောင်းအားကြည့်လိုက်သောအခါ အနည်းငယ်ဝေခွဲရခက်သွားကြသည်။ အထူးသဖြင့် ကျောင်းဒါရိုက်တာဖြစ်၏။ သူ၏အကြည့်ဖြင့် ကျင်းယွင်ကျောင်းမျက်နှာပေါ်တွင် အပေါက်ဖောက်ချင်နေသကဲ့သို့ပင်။
ဤမိန်းကလေးမှာ အကြားအမြင်ရနေသည်လော သူသေချာမသိသော်လည်း သူမသည် အမြဲတစေ အကြံကြီးလှသောသူတစ်ယောက်ဟု သူခံစားရ၏။
အသံမှတ်တမ်းအရ တုရုန်းယန်တွင် အကြံဆိုးတစ်ခုခုရှိနေမည်ကို သိလျက်ဖြင့် သူမလိုက်သွားခဲ့သည်။ တုရုန်းယန်မှာ ပြစ်မှုများပေါ်သွားသည်သာမက အရိုက်အနှက်လည်း ခံလိုက်ရ၏။ အစောပိုင်းက သူနာပြုဖြစ်သူမှ သူ့အား ထမ်းစင်ပေါ်သို့တင်စဥ်တွင် သူမအကြည့်မှာ အလွန်ပင်ထူးဆန်းလှသည်ဟု ခံစားရပေသည်....
သူသည် မိုကျန်းယန်နှင့် တစ်ရက်မျှအချိန်ယူပြီး စကားပြောရမည်။ ဤမိန်းကလေးအား အကဲဖြတ်စစ်ဆေးရန် စိတ်ရောဂါဆရာဝန်တစ်ဦးအား ခေါ်ရလောက်ပေမည်။
ကျင်းယွင်ကျောင်းမှာ လိမ္မာရေးခြားရှိကြောင်း၊ တစ်ပါးသူအတွက် တွေးပေးတတ်ကြောင်း မိုကျန်းယန်သည် သူ၏အရှေ့တွင် မကြာခဏချီးကျူးလေ့ရှိ၏။ သို့သော် သူမ၏ယခုလုပ်ရပ်မှာ ထိုပုံရိပ်မျိုးနှင့် တခြားစီဖြစ်၏။ ဧကန္တ သူမတွင် စိတ်နှစ်ခွရောဂါရှိနေသလော?
ဒါရိုက်တာ၏ စေ့စေ့စပ်စပ်အကဲဖြတ်နေသောအကြည့်အောက်တွင် ကျင်းယွင်ကျောင်း၏မျက်နှာထားမှာ တည်ငြိမ်နေ၏။ သူနာပြုမှ တုရုန်းယန်အား ခေါ်ထုတ်သွားပြီးချိန်တွင် သူမသည် ခြေစတင်လှမ်းပြီး ဒါရိုက်တာထံလျှောက်လာတော့သည်။ သူမသည် အလောင်းကောင်ပေါ်ကျနေသော တုရုန်းယန်၏ဖုန်းအားကောက်ယူကာ ဒါရိုက်တာအား ပေးလိုက်၏။
“သူ့ဖုန်းထဲမှာ ဗီဒီယိုရှိလားမသိဘူး၊ ဒီကိစ္စကို အကြီးအကျယ်ဖြစ်အောင်မလုပ်ချင်ပေမယ့် ရဲလက်အပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြေရှင်းလိုက်တာ ကောင်းမယ်ထင်တယ်”
Space and Rebirth 828
တစ်ခန်းလုံးတွင် မကောင်းသောအနံ့အသက်များဖြင့် ပြည့်နေဆဲဖြစ်ပြီး အလောင်းများ၏ပုံစံမှာလည်း ကြောက်မက်ဖွယ်ကောင်းနေလေသည်။ ဒါရိုက်တာသည် ကျင်းယွင်ကျောင်းကမ်းပေးသောဖုန်းကို ကြည့်လိုက်၏။ ယူရမည်လော၊ မယူဘဲနေရမည်လော ဝေခွဲမရချေ။ အဆုံးတွင် သူသည် အနောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ကျင်းယွင်ကျောင်းအားဝေ့ကြည့်လိုက်၏။ ထို့နောက် အံကိုတင်းတင်းကြိတ်ကာ ဖုန်းကိုယူလိုက်လေသည်။
ထိုဖုန်းသည် အလောင်းထံမှ နှိုက်ယူထားရသဖြင့် ပိုးသတ်ဆေးနံ့များ ဟောင်နေဆဲဖြစ်၏။ ထိုအနံ့သည် သူ၏နှာခေါင်းဝထိ ရောက်ရှိလာပြီး သူ့အား အော်ဂလီဆန်လာစေသည်။ သူသည် ပျို့အန်လုမတတ်ဖြစ်သွားတော့၏။
ဒါရိုက်တာသည် ထိုနေရာတွင် တစ်စက္ကန့်မျှ ဆက်မနေချင်တော့ချေ။ ပြာပြာသလဲဖြင့် အော်ခေါ်လိုက်ကာ ဆေးဝန်ထမ်းများနှင့်အတူထွက်သွားတော့၏။
ကျင်းယွင်ကျောင်းပြုံးလိုက်၏။ ထိုအခါ ပရော်ဖက်ဆာမိုမှာ နံဘေးမှ တီးတိုးပြောလိုက်တော့သည်။
“ရှောင်ကျင်း၊ မင်းတကယ်ဆိုးတာပဲ ကျောင်းဒါရိုက်တာကိုတောင် ဒီလိုနှိပ်စက်ရလား...”
ဒါရိုက်တာမှာ အမှန်တကယ်ပင်ဖော်ရွေပြီး ဟိတ်ဟန်မကြီးသောသူဖြစ်၏။ သို့ရာတွင် သူသည် ရာထူးကြီးသောသူဖြစ်ပြီး ဤကိစ္စမျိုးနှင့် အထိအတွေ့သိပ်မရှိတတ်ပေ။ သူအဘယ်သို့ခံနိုင်ရည်ရှိမည်နည်း? ထို့အပြင် ဒါရိုက်တာသာမက ဆေးကျောင်းသားများပင်လျှင် အလောင်းများကို အပြည့်အဝခံနိုင်ရည်မရှိကြပေ။ သူတို့သည်လည်း အတန်ငယ် ရွံရှာမှုရှိကြ၏။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်၏။ သူမသည် ငြင်းလည်းမငြင်းသလို ဝန်လည်းဝန်မခံချေ။
အရေးပေါ်ကားသည် လျင်မြန်စွာထွက်သွားသဖြင့် ကျောင်းသားများစွာသည် ၎င်းကိုမြင်သောအခါ ဇဝေဇဝါဖြစ်သွားကြသည်။ မည်သည့်အဖြစ်အပျက်မျိုး ဖြစ်ခဲ့သည်ကို သူတို့မသိကြချေ။
ကျင်းယွင်ကျောင်းသည် ဤကိစ္စ လူသိရှင်ကြားမဖြစ်စေရန် လူနှစ်ဦး-သုံးဦးကိုသာ အသိပေးခဲ့၏။ သူမထင်ထားသည့်အတိုင်းပင် ကျောင်းဒါရိုက်တာသည် ရဲအားတန်းခေါ်ကာ ဤကိစ္စအားတိတ်တိတ်ဆိတ်ဆိတ်ဖြေရှင်းရန် ရဲများနှင့်ဆွေးနွေးလိုက်သည်။ သူတို့သည် ပထမဆုံးအနေဖြင့် သက်သေရှာဖွေရန် တုမိသားစုအိမ်သို့ သွားခဲ့ကြလေသည်။
တုရုန်းယန်၏ဇနီးမှာ လုပ်ငန်းရှင်မိသားစုမှ မွေးဖွားလာသူဖြစ်၏။ သူမသည် သူဌေးသမီးတစ်ဦးဖြစ်သော်လည်း တစ်ဦးတည်းသောသမီးမဟုတ်သောကြောင့် အမွေပိုင်ဆိုင်မှုသိပ်မရလိုက်ချေ။ သို့ရာတွင် သူမတွင် အဆက်အသွယ်ကောင်းများရှိသည်။ ထို့ကြောင့် ရဲများရောက်လာသောအခါ တုရုန်းယန်၏ဇနီးသည် သူမတို့အား ကူညီရန် တစ်စုံတစ်ဦးအား ပြေးရှာရန် လုပ်တော့သည်။ သို့ရာတွင် ထိုအကြံမှာ ကြာကြာမခံလိုက်ချေ။
အဘယ်ကြောင့်ဆိုသော် ရဲဘက်မှ ပို့လွှတ်လိုက်သောနည်းပညာရှင်သည် တုရုန်းယန်သုံးနေကျဖြစ်သော ကွန်ပြူတာအား တစ်ခါတည်းရှာတွေ့သွားသောကြောင့်ဖြစ်၏။ ထိုကွန်ပြူတာတွင် လျှို့ဝှက်ဖိုင်တစ်ခုရှိပြီး ဖိုင်ထဲရှိအကြောင်းအရာများမှာ သူ၏ဇနီးအား လုံးဝပြိုလဲသွားစေခဲ့သည်။
သူမမျက်လုံးထဲတွင် သူမ၏ခင်ပွန်းဖြစ်သူသည် အနည်းငယ်တစ်ကိုယ်ကောင်းဆန်သော်လည်း ရည်ရည်မွန်မွန်ရှိနေခဲ့ပေသည်။ တက္ကသိုလ်ပါမောက္ခတစ်ဦးလည်းဖြစ်ကာ ပညာတတ်မိသားစုမှလာခဲ့သောကြောင့် ဤသို့သောလုပ်ရပ်မျိုးကို မလုပ်လောက်ဟု သူမထင်ခဲ့၏။
လူသတ်မီးရှို့မှုဖြစ်လျှင်ပင် သူမလက်ခံနိုင်ဦးမည်။ ဤသို့သော သစ္စာဖောက်မှုမျိုးအား သူမလုံးဝလက်မခံနိုင်ပါပေ!
ထို့အပြင် တုရုန်းယန်၏သစ္စာဖောက်မှုမှာ ကျောင်းသူများအား မြှူဆွယ်ခြင်းမဟုတ်ဘဲ သူတို့အား အကြပ်ကိုင်ခြိမ်းခြောက်ခြင်းဖြစ်သည်။ ထိုအရာများကိုမြင်လိုက်သောအခါ ဇနီးဖြစ်သူသည် ချက်ချင်းဆိုသလို သူမသားအား ခေါ်ကာ သူမမိခင်အိမ်သို့ ပြန်တော့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် ကွာရှင်းရန် သေချာနေတော့၏။
ဤဓာတ်ပုံများဖြင့်ဆိုလျှင် ခံရသောသားကောင်ကျောင်းသူများအား ကျောင်းဘက်မှ ရှာဖွေရန် လွယ်ကူပေသည်။ သို့ရာတွင် သူတို့သည် ရေးကြီးခွင်ကျယ်ဖြစ်အောင်မလုပ်ပေ။ ကျောင်းသူမိန်းကလေးများသည် အခြားသူများမှ မြင်သွားမည်ကို ရှက်ကြောက်ရွံ့နေခဲ့သော်လည်း ယခုတွင် ဤအရာများ ပျံ့နှံ့တော့မည်မဟုတ်သည့်အပြင် တုရုန်းယန်၏ခြိမ်းခြောက်ခြင်းကိုလည်း မခံရတော့သဖြင့် သူတို့သည် စိတ်အေးလက်အေးဖြင့် သက်မချနိုင်ချေပြီ။
တုရုန်းယန်သည် ဒဏ်ရာဗလပွဖြင့် ရဲလက်ထဲဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ရဲများအား လာရောက်ပြသာနာရှာသူဟူ၍ ကျိုးမေ့ကျွန်းမိခင်သာရှိသည်။
သို့သော် ၎င်းမှာလည်း အကျိုးမရှိချေ။ ကျိုးမိသားစုသည် သြဇာအာဏာရှိသော်လည်း မစ္စတာကျိုးမှာ သည်းခံနိုင်သောအတိုင်းအတာရှိပေသည်။ တုရုန်းယန်၏ဥပဒေချိုးဖောက်မှုများကို လူလွှတ်စုံစမ်းပြီးသောအခါ သူသည် ချက်ချင်းဆိုသလို ဆွံ့အသွားတော့၏။ သူ၏ဇနီးဖြစ်သူကိုပင် ဝင်ရောက်မစွက်ဖက်ခိုင်းတော့ပေ။
ဆေးရုံထဲတွင် တုရုန်းယန်နိုးလာသောအခါ သူ၏တစ်ကိုယ်လုံးနာကျင်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ၏မျက်လုံးများဖွင့်လိုက်သည်နှင့် အနီးပတ်ဝန်းကျင်ရှိလူများ၏ သနားပြီးရွံနေကြသောအကြည့်များကို မြင်လိုက်ရသည်။ သူတို့၏မျက်လုံးများသည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းအား မရဲတရဲကြည့်နေကြ၏။ သူသည် သေချာစဥ်းစားလိုက်ပြီးနောက် ချက်ချင်းဆိုသလို ရေခဲတမျှတောင့်တင်းသွားတော့သည်။
သူသည် လုံးလုံးလူညွှန့်တုံးသွားချေပြီ။
ကျင်းယွင်ကျောင်း၏ကန်ချက်တွင် အင်အားများစွာပါခဲ့သည့်အပြင် မကန်ခင်၌လည်း သေချာချိန်ရွယ်ခဲ့၏။ ခေတ်မီဆေးဝါးနည်းပညာဖြင့်ဆိုလျှင်ပင် သူသည်အကောင်းပကတိပြန်မဖြစ်နိုင်တော့ချေ။
ယောက်ျားတစ်ဦးအနေနှင့် မျက်နှာများချင်သေးသလော? လုံးဝမဖြစ်နိုင်ပါပေ!