← Chapters

အခန်း (၈၆၉-၈၇၂)

Vol. 44 Ch. 869-872

အခန်း (၈၆၉-၈၇၂)

Vol. 44 Ch. 869-872

Space and Rebirth 869

ရှုယုသည် ၎င်းကိုကြားလိုက်သဖြင့် မော့ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို ကြောင်အသွားတော့သည်။ ပြတင်းပေါက်မှန်အနောက်တွင်ရှိနေသောသူမှာ အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော အလွန်ပိန်သွယ်ပါးလျသည့် မိန်းကလေးတစ်ဦးဖြစ်၏။ သူမသည် အလွန်ဖြူစင်သည့်ဟန်ရှိပြီး ပြတင်းပေါက်မှန်မှတဆင့် သူမအပေါ်နေရောင်ခြည်ဖြာကျလာသောအခါ သူမ၏အလှတရားသည် ပို၍ပင် တောက်ပသွားတော့၏။

“ဒါက... ကျင်းယွင်ကျောင်းလား?”

ရှုယုသည် တိုးဖွစွာဖြင့် ဟမ့်ခနဲအသံပြုလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။

သူမသည် အမှန်တကယ်ပင် လှပပေ၏။ ကျက်သရေရှိသည်ဆိုလျှင် ပိုမှန်ပေမည်။

ကျိုးမေ့ကျွန်းခေါင်းငြိမ့်လိုက်သည်။

“ငါ့ဘေးကဖယ်စမ်း”

ရှုယုသည် မျက်ခုံးကိုပင့်ကာ အေးစက်သောမျက်လုံးများဖြင့် ဤစကားလုံးများကို ဖျစ်ညှစ်ပြောလိုက်၏။ ကျိုးမေ့ကျွန်းတစ်ကိုယ်လုံးတုန်ယင်သွားတော့သည်။ သူမလက်မခံနိုင်ပါချေ။ သူမသည် စီနီယာယုနှင့်နီးစပ်ရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသော်လည်း အဆုံးတွင် သူမသည် လက်ဗလာဖြင့် ပြန်ခဲ့ရသည်။ သူမသည် အခြားကျောင်းသို့တက်နိုင်ရန် အခွင့်အရေးကိုပင် စတေးခဲ့ရ၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း?

“သခင်လေးယု...”

“မေ့ကျွန်း၊ အပေါ်ကတစ်ယောက်ကိုကြည့်ပြီး မင်းကိုယ်မင်းပြန်ကြည့်စမ်း၊ မင်းကငါ့ဘေးနားမှာနေဖို့ ထိုက်တန်သေးတယ်ထင်လား? မင်းသိက္ခာကိုထောက်ပြီး ငါမင်းကို လက်မခံချင်လည်း လက်ခံပေးထားလို့ရတယ်ဆိုပေမယ့် မင်းကတော့ ဒီလိုအရေးမပါတဲ့အတွေးတွေ အများကြီးရှိနေမှတော့ ဘယ်လိုလုပ်မလဲ? ဟက်၊ မင်းလိမ်လိမ်မာမာမနေတတ်ရင် မင်းကံကြမ္မာကိုသာ လက်ခံလိုက်တော့၊ ဒီနေ့မင်းငါ့ကိုမျက်နှာပျက်စေခဲ့တာတွေအတွက် ငါမင်းကို ဗွေမယူဘူး၊ ဒါပေမယ့် မင်းငါ့ကို ဆက်အာရုံနောက်နေရင်တော့ နောက်ကျ မင်းကိုအလွတ်မပေးလို့ဆိုပြီး ငါ့အဆိုးမဆိုနဲ့နော်”

ရှုယုသည် စကားပြောရင်းဖြင့် သူ၏စီးကရက်အား ကြမ်းပြင်ပေါ်ပစ်ချကာ ခြေထောက်ဖြင့် တက်နင်း၍မီးငြှိမ်းလိုက်၏။

ကျိုးမေ့ကျွန်း ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့သည်။ သူမသည် စိတ်ထဲတွင် ဒေါသပုန်ထနေလျှင်ပင် သူမ၏အဆင့်ကို သိနေလေ၏။ ချက်ချင်းဆိုသလိုပင် လက်မှိုင်ခြေမှိုင်ဖြင့် ထိုနေရာမှ ထွက်သွားတော့သည်။

ရှုယုသည် သူ၏အိတ်ကပ်ထဲမှ ပီကေတစ်ခုကိုထုတ်ပြီး အကြိမ်အနည်းငယ်ခန့်ဝါးပြီးနောက် ထွေးထုတ်လိုက်သည်။ ထို့နောက် သူသည် သူ၏ခံတွင်းနံ့ကို လက်ဖြင့်ကာ၍ပြန်ရှူကြည့်လိုက်၏။ ခံတွင်းနံ့မှာ စီးကရက်နံ့မပြင်းတော့ကြောင်း သိလိုက်ရသည်နှင့် သူသည် အပေါ်ထပ်သို့ တက်သွားတော့သည်။

သူသည် အရာအားလုံးအား တိကျစွာ တွက်ချက်ထား၏။ ဆရာဖြစ်သူမှ အတန်းထဲသို့ဝင်ပြီး သင်ခန်းစာအား စတော့မည့်ဆဲဆဲတွင် သူသည် အခန်းထဲသို့ဝင်ပြီး သူမထံသို့ တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

သူသည် လိုရင်းကိုတစ်ခါတည်းပြောလိုက်၏။

အနီးကပ်ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် ပို၍ပင်ကြည့်ကောင်းလေသည်။

ရှုယုစကားပြောလိုက်သည်နှင့် တစ်တန်းလုံးတိတ်ဆိတ်သွားတော့သည်။ အချို့ကျောင်းသားများမှာ သူ့အားမသိသော်လည်း ဘေးနားရှိလူများ၏ ရှင်းပြချက်ကို နားထောင်ပြီးသောအခါ ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားကြပြီး လိမ္မာကျိုးနွံစွာဖြင့် ပါးစပ်များကိုပိတ်လိုက်ကြ၏။ ဟော်ထျန်းရှန်းသည်လည်း မျက်မှောင်ကြုတ်ကြည့်လိုက်သောအခါ ရှုယုအား မှတ်မိသွားလေသည်။

သူမသည် A တက္ကသိုလ်သို့လာစဥ်က သူမဖခင်သည် ဤကောင်လေး၏ဓာတ်ပုံအား သူမကိုပြခဲ့ဖူး၏။ သူသည် မြို့တော်ဝန်၏သားဖြစ်ကြောင်း၊ ဤတက္ကသိုလ်တွင် ကျောင်းတက်နေကြောင်း၊ ဖြစ်နိုင်လျှင် သူနှင့် ဆက်ဆံရေးကောင်းစွာနေသင့်ကြောင်း ပြောခဲ့သည်။ သို့ရာတွင် A တက္ကသိုလ်သို့ ဝင်ပြီးသည်နှင့် သူမသည် ထိုကိစ္စကို မေ့နေလေပြီ။ ထို့အပြင် သူမသည် ဤသို့သော သူဌေးသားလူပေါ်ကြော့မျိုးအား မနှစ်သက်ချေ။

သို့သော် သူသည် အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း? ထို့အပြင် သူသည် ကျင်းယွင်ကျောင်းဆီသို့ပင် တည့်တည့်မတ်မတ်သွားနေ၏။

ဟော်ထျန်းရှန်းအပြင် အခြားသူများသည်လည်း မတူညီသောမျက်နှာအသွင်အပြင်များရှိနေကြ၏။ အတန်းခေါင်းဆောင်ဟန်နန်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး စိတ်ပူပန်နေဟန်ရသော်လည်း မည်သည့်စကားကိုမျှမပြောရဲချေ။

ရှုယုသည် ကျင်းယွင်ကျောင်းအရှေ့ရှိ စာအုပ်ကို ဖိပိတ်လိုက်၏။ ဆရာဖြစ်သူမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း သူသည်လည်း တစ်ခွန်းမျှမပြောပေ။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားသည်။ သူမဒေါသထွက်နေသည်လော၊ ပျော်နေသည်လော ပြောရခက်ပေသည်။

သူမသည် မော့ကြည့်လိုက်သောအခါ ရှုယုသည် သူမစုံစမ်းထောက်လှမ်းထားသော ဓာတ်ပုံများထဲမှ ရှန်ရှီနှင့် အလွန်ရုပ်ဆင်ကြောင်း သတိထားမိလိုက်တော့၏။ ကွာခြားချက်ဟူ၍ ရှုယုမှာ ယောက်ျားအသွင်အပြင်လက္ခဏာများရှိနေခြင်းသာဖြစ်သည်။

“ဘာလို့ကျွန်မကိုရှာနေတာလဲ?”

ကျင်းယွင်ကျောင်းအသံသည် အေးစက်နေဆဲဖြစ်သည်။

“မင်းငါနဲ့လိုက်လာရင် သိလိမ့်မယ်၊ မင်းအတန်းဖော်တွေအများကြီးရှေ့မှာ ငါ့ကိုလုပ်ခိုင်းနေတာတော့မဟုတ်ပါဘူးနော်?”

ရှုယု ကျီစယ်လိုက်သည်။

“အတန်းဖော်တွေရှေ့မှာလုပ်လို့မရတဲ့အရာ ဘာရှိမှာလဲ”

ကျင်းယွင်ကျောင်းကွေ့ဝိုက်ပြောမနေချေ။

ရှုယုသည် ၎င်းကိုကြားလိုက်သောအခါ နှုတ်ခမ်းစွန်းများကိုလျှာဖြင့်သပ်လိုက်သည်။

“ငါမလုပ်ရဲဘူးထင်နေတာလား?”

ကျင်းယွင်ကျောင်းမျက်လုံးများတွင် ရွံရှာစက်ဆုပ်ဟန်များဖြင့် ပြည့်သွား၏။ အကြီးအကဲရှု၏မြေးယောက်ျားလေးဖြစ်သော်လည်း ရှုယုမှာ ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ပေသည်။ အမှန်တကယ်ပင် အကြီးအကဲရှု၏မျိုးရိုးအမွေကို ဆက်ခံရသည်မှာ နှမြောစရာဖြစ်၏။ ဤခွေးမသားသည် ဘာကိုမှ မသင်ယူခဲ့ချေ။

ရှုယုစကားပြောပြီးနောက် ကျင်းယွင်ကျောင်း၏မျက်နှာကိုကြည့်လိုက်သည်။ ထိုအခါ သူသည် ချက်ချင်းဆိုသလို ဒေါသထွက်သွား၏။ ကျင်းယွင်ကျောင်းသည် သူမည်သူဖြစ်ကြောင်း မမေးခဲ့သဖြင့် သူ၏နာမည်ကို သိနေပေလိမ့်မည်။ သို့တိုင်အောင် သူမမျက်လုံးထဲတွင် အကြောက်တရားကင်းမဲ့နေလေသည်။ သူ့အားတမင်ရန်စချင်နေသကဲ့သို့ ဖြစ်သည်။ ထိုအရာကိုစဥ်းစားလိုက်သောအခါ သူသည် လှောင်ရယ်သံပြုလိုက်ပြီး သူ၏လည်ကိုဆန့်တန်း၍ ကျင်းယွင်ကျောင်းနားသို့ သူ၏ခေါင်းကိုတိုးကပ်လိုက်သည်။

Space and Rebirth 870

ရှုယု၏အဓမ္မဆန်သောအနမ်းကြောင့် လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားသည်။ ကျင်းယွင်ကျောင်း အနောက်ဆုတ်လိုက်သော်လည်း ရှုယုမှလက်လှမ်းကာ သူမ၏ခါးကိုဆွဲဖက်လိုက်၏။ ကျင်းယွင်ကျောင်း၏ဒေါသသည် ချက်ချင်းဆိုသလို မီးတောက်သွားတော့သည်။ သူမသည် စားပွဲပေါ်ရှိ ဖတ်စာအုပ်အားယူကာ သူ၏မျက်နှာပေါ်တည့်တည့် ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလို အနီရောင်အမှတ်ကြီးတစ်ခုပေါ်လာတော့၏။

ရှုယုသည် နာကျင်မှုကိုခံစားလိုက်ရပြီး မိမိကိုယ်မိမိသတိပြန်ထိန်းလိုက်သည်။ သို့သော် တစ်ခဏချင်းတွင် သူ၏နှာခေါင်းပူနွေးလာသည်ကို ခံစားမိသည်။ ထို့နောက် နှာခေါင်းထဲမှ သွေးစီးကြောင်းနှစ်ကြောင်း စီးဆင်းလာပြီး မြေပြင်ပေါ်သို့ တစက်စက်ကျသွားတော့၏။

“မင်းကများငါ့ကိုရိုက်ရဲတယ်?”

ရှုယုဒေါသပုန်ထသွားသည်။

“ရိုက်ရဲလား မရိုက်ရဲလား ဆက်ကြည့်ကြတာပေါ့”

ကျင်းယွင်ကျောင်း အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။ သူမသည် စာအုပ်နောက်တစ်အုပ်ကိုယူပြီး သူ၏ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်ပြန်သည်။

ရှုယုမှာလည်း ထိုနေရာတွင်ရပ်ပြီး အရိုက်ခံနေမည်မဟုတ်ပေ။ သူသည် ချက်ချင်းဆိုသလို လက်သီးကိုဆုပ်ကာ ကျင်းယွင်ကျောင်းထံရွယ်ထိုးလိုက်၏။ သို့သော် သူ့လက်အား ဆန့်တန်းနေချိန်မှာပင် ကျင်းယွင်ကျောင်း၏လက်ဝါးက သူ့ထံသို့ကျလိုက်ပြီး ပြင်းစွာသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏လက်ကောက်ဝတ်ကျိုးတော့မလိုပင် ခံစားရသည်။

သူ၏တစ်မျက်နှာလုံး နာကျင်မှုဖြင့် လောင်ကျွမ်းနေသည်။

ကျင်းယွင်ကျောင်းသည် အကြီးအကဲရှု၏မြေးအား ကူညီဆုံးမပေးသည်ဟုပင် မှတ်ယူလိုက်သည်။ သူမသည် ညှာတာစိတ်အနည်းငယ်မျှ မပြချေ။ ဤအရာကို မြင်လိုက်ရသောအခါ ဆရာသည် ချောင်ထဲသို့ကပ်သွား၏။ အလွန်ပိန်ပါးနူးညံ့သော ကျင်းယွင်ကျောင်းမှ ဤမျှလောက်ကြမ်းတမ်းနိုင်လိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။

သို့ရာတွင် ဆရာဖြစ်သူမှာ ရင်ထဲတွင်လည်း အနည်းငယ်ပေါ့ပါးမိသွားသည်။

ဤကျောင်းရှိဆရာများထဲတွင် ရှုယုအား မသိသောသူရှိသလော? သူကျောင်းသို့စတင်ဝင်ရောက်ကတည်းကပင် ရှုယုမှာ နာမည်ပျက်စာရင်း၏ထိပ်ဆုံးတွင်ရှိနေခဲ့၏။ ယခင်က သူ့အား ဆုံးမရန်ကြိုးစားခဲ့သောဆရာများအားလုံးသည် စိတ်ဆင်းရဲမှုသာရရှိခဲ့သည်။ မည်သူမှ သူ့အား မထိန်းချုပ်နိုင်ခဲ့ချေ။ မိသားစုနောက်ခံကိုအားကိုးပြီး အခြားသူများကို အနိုင်ကျင့်တတ်သော ဤကျောင်းသားမျိုးကို ကျောင်းထုတ်၍လည်းမရချေ။ အဘယ်ကြောင့်ဆိုသော် မည်သူမှ သူ့အား မတိုင်ကြားခဲ့ဖူးသောကြောင့်ဖြစ်သည်။ တိုင်ကြားခဲ့လျှင်ပင် ထိုတိုင်ကြားချက်မှာ မျက်စိတစ်မှိတ်အတွင်း ပယ်ဖျက်ခံရပေမည်။

ရှုယုသည် ကျင်းယွင်ကျောင်း၏ရိုက်ချက်များကြောင့် မူးဝေနေလေ၏။ ဟော်ထျန်းရှန်းနှင့် အခြားသူအားလုံး ကြောင်အမ်းသွားသည်။ သူမရိုက်လို့ဝသောအခါ ခုံပေါ်မှထလာပြီး သူ၏ဝမ်းဗိုက်အားကန်ထုတ်လိုက်သည်။

ရှုယု မျက်လုံးပွင့်သောအခါ သူသည် အတန်းအပြင်ဘက်သို့ ရောက်နေလေပြီ။

ရှုယုသည် ကြမ်းပြင်ပေါ်တွင် ရုန်းကန်လူးလွန့်ပြီးမှ ခက်ခက်ခဲခဲမတ်တပ်ရပ်လိုက်၏။ သူသည် ချက်ချင်းဆိုသလို အတန်းထဲသို့ဝင်ပြီး ကျင်းယွင်ကျောင်းနှင့်စာရင်းရှင်းချင်သော်လည်း သူ၏ဖူးယောင်နေသောမျက်လုံးများမှ ကျင်းယွင်ကျောင်း၏အေးစက်သောအကြည့်များကို မြင်လိုက်ရသည်။ သူသည် အနောက်သို့ခြေတစ်လှမ်းဆုတ်သွား၏။ သူသည် စကားလုံးအချို့ဖြင့် ကျိန်ဆဲပြီး ထွက်သွားရန် လုပ်လိုက်သော်လည်း သူလှုပ်လိုက်သည်နှင့် သူ၏ပါးများသည် အလွန်အမင်းနာကျင်လာလေသည်။ ထို့ကြောင့် သူသည် မျက်နှာကိုသာဖုံးအုပ်ကာ ထွက်သွားတော့သည်။

ကျင်းယွင်ကျောင်းသည် ရာရာစစ သူ့အားရိုက်ရဲ၏။ ဤဘဝတွင် သူ၏ဖခင်မှအပ မည်သူမျှ သူ့အားမရိုက်ရဲခဲ့ဖူးချေ!

ရှုယုထွက်သွားသည်နှင့် ကျင်းယွင်ကျောင်းပြောလိုက်သည်။

“စိတ်မရှိပါနဲ့ အားလုံးရဲ့အချိန်တွေကိုဖြုန်းမိသွားပြီ၊ ဆရာ ကျေးဇူးပြုပြီး အတန်းစလိုက်ပါ”

သူမသည် စကားပြောပြီးနောက် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ထိုင်ချကာ သူမ၏ပစ္စည်းများကို နေရာပြန်စီလိုက်သည်။

ကျောင်းသားများအားလုံး လွန်စွာတိတ်ဆိတ်နေ၏။ ဆရာကိုယ်တိုင်ပင်လျှင် ကျင်းယွင်ကျောင်းအား လူထူးလူဆန်းကဲ့သို့ ကြည့်နေလေသည်။

“နင်မိုက်လိုက်တာ၊ ယွင်ကျောင်း နင်ဘယ်သူ့ကိုရိုက်လိုက်တာလဲသိလား? အဲဒါရှုယုလေ ငါတောင် အဲ့အရူးကောင်ကိုမထိရဲဘူး!”

ဟော်ထျန်းရှန်းသည်လည်း အလွန်အမင်း ထိတ်လန့်အံ့အားသင့်နေသည်။

ရှုယုအား ရန်စလိုက်ပြီဖြစ်၍ ကျင်းယွင်ကျောင်း၏ဘဝသည် ခက်ခဲပေတော့မည်။ ဤကျောင်း၌ ရှုယု၏နောက်လိုက်များစွာရှိကြောင်း လူတိုင်းသိထားလေသည်။ A တက္ကသိုလ်ကဲ့သို့နေရာမျိုး၌ သူဌေးသားသမီးများစွာ ရှိတတ်သောကြောင့်ဖြစ်သည်။ သူတို့အားလုံးသည် ရှုယုအား ကပ်ဖားရပ်ဖားလုပ်ရန် သူ၏စကားများကို မြေဝယ်မကျနားထောင်တတ်ကြ၏။ ယနေ့တွင် ရှုယုသည် မျက်နှာပျက်ခဲ့ရလျှင် မနက်ဖြန်တွင် သူ့အတွက် လက်စားချေပေးမည့်သူ ပေါ်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ကျင်းယွင်ကျောင်းသည် ၎င်းကိုမတောင့်ခံနိုင်လောက်ချေ။

“နင်လည်းသူ့ကိုသိတာလား?”

ကျင်းယွင်ကျောင်းမှ အေးအေးလူလူဖြင့် ပြောလိုက်သည်။

“အာ သိတာပေါ့၊ ငါ့မိဘတွေက အရမ်းသတိကြီးကြတာလေ၊ ငါငယ်ငယ်တုန်းက ဘယ်ကျောင်းတက်တက် အဲ့ကျောင်းမှာရှိတဲ့လူတွေကို စာရင်းလုပ်ပေးတတ်ကြတယ်၊ ဘယ်သူ့ကိုတော့ ပေါင်းလို့ရတယ် ဘယ်သူ့ကိုတော့ရန်စလို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်ကြတာပေါ့”

ဟော်ထျန်းရှန်း ကွယ်ဝှက်မထားဘဲ ပြောလိုက်၏။

ဤသို့သောလုပ်ရပ်မျိုးမှာ အလွန်ဇီဇာကြောင်သောအရာဖြစ်ကြောင်း သူမသိထားသည်။ သို့သော် ဟော်မိသားစု၏ သခင်မလေးတစ်ဖြစ်လဲ အမွေဆက်ခံသူအနေဖြင့် သူမသည် ဟော်မိသားစု၏အစဥ်အလာများအတိုင်း နေရပေမည်။

“ရန်စတယ်ဆိုလည်း ရန်စတယ်ပေါ့ တစ်ယောက်လာလာ၊ နှစ်ယောက်လာလာ ငါအကုန်လုံးကို ရင်ဆိုင်ပစ်မယ်၊ ငါ့ကိုအနိုင်ကျင့်ဖို့ တစ်ကျောင်းလုံးကလူတွေကို စုလိုက်ရင်တောင် ငါ့မှာကြောက်စရာဘာမှမရှိဘူး”

ကျင်းယွင်ကျောင်းအေးဆေးတည်ငြိမ်စွာပြောလိုက်၏။ သူမသည် အနည်းငယ်မျက်မှောင်ကြုတ်နေပြီး သူမမျက်လုံးများထဲတွင် မရေရာသည့်ဟန်ပန်များ အရိပ်အယောင်ပင်မရှိချေ။

Space and Rebirth 871

ကျင်းယွင်ကျောင်း၏စိတ်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။ အကြီးအကဲရှုသည် သူမအား အလွန်ကောင်းစွာဆက်ဆံပြီး သူမသည်လည်း အကြီးအကဲရှုအား မိသားစုဝင်ကဲ့သို့ သတ်မှတ်သည်။ အကြီးအကဲရှုမှာ အလွန်ဣန္ဒြေသိက္ခာကြီးသောလူဖြစ်သော်လည်း သူသည် ဤမျှလောက် အသုံးမကျသောမြေးတစ်ယောက်ကို မွေးခဲ့၏။ သူ၏သိက္ခာအတွက် စွန်းထင်းမှုတစ်ခုပါပင်။

ဟော်ထျန်းရှန်းသည်လည်း ယုံကြည်ချက်ပြည့်နေသော ကျင်းယွင်ကျောင်း၏စကားများကို ကြားလိုက်ရသောအခါ ဇဝေဇဝါဖြစ်သွားသည်။

“နင့်ကြည့်ရတာ ရှုယုကိုမုန်းနေတဲ့ပုံပဲ၊ သူနဲ့ဘာရန်ငြိုးရှိလို့လဲ?”

ကျင်းယွင်ကျောင်းအား ရန်လာစကြသောလူအရေအတွက်မှာ များသော်လည်း သူမအပြင်းအထန်မုန်းတီးသောလူအရေအတွက်မှာ သိပ်မများချေ။

“ရန်ငြိုးမရှိပါဘူး ငါသူ့ကိုပထမဆုံးတွေ့ဖူးတာ”

ကျင်းယွင်ကျောင်းအမှန်အတိုင်းပြောလိုက်၏။

ဟော်ထျန်းရှန်းသည် ၎င်းကိုကြားလိုက်သောအခါ ပြောစရာစကားများဆွံ့အသွားတော့သည်။ မြင်မြင်ချင်း ချစ်ခြင်း သို့မဟုတ် မုန်းခြင်းဟူသည်မှာ ဤကမ္ဘာပေါ်တွင် ရှိသည်လော? ရှုယုသည် ဘဝတွင် ပထမဆုံးအနေဖြင့် ကျင်းယွင်ကျောင်းလက်ထဲတွင် ရိုက်နှက်ခံရပြီးနောက် အနည်းငယ်သနားစရာကောင်းသည့်ပုံပေါ်နေသည်။ သို့သော် သူမတွင် သနားစိတ်တော့မရှိပါချေ။

ကျင်းယွင်ကျောင်းသည် ဤအတန်း၏ကျောင်းသားများအားလုံး၏ အာရုံစိုက်မှုကို ခံရတော့သည်။ စာသင်နေချိန်အတွင်း ဆရာဖြစ်သူ၏အကြည့်များသည် ကျင်းယွင်ကျောင်းအပေါ်သို့ တစ်ကြိမ်မက သက်ရောက်ခဲ့ပြီး သူမအား မေးခွန်းအချို့ပင် ပိုမေးခဲ့သေးသည်။ ကျောင်းသားများ၏အကြည့်များမှာ သိချင်ဇောဖြင့် ပြည့်နှက်နေသည်။ အတန်းပြီးသည်နှင့် သူတို့အားလုံးနီးပါးသည် အပြေးအလွှားရောက်လာကာ ကျင်းယွင်ကျောင်းအား ဝန်းရံလိုက်ကြသည်။

“ကျင်းယွင်ကျောင်း၊ နင်နဲ့ရှုယုကြားက ဆက်ဆံရေးကဘာလဲ? နင်သူ့ကိုအဲ့လိုရိုက်လို့ရော ရလို့လား?”

ကျောင်းသား ၁ မှ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

“ရှုယုက အကျင့်မကောင်းဘူးလို့ကြားတယ်၊ နင်အခုချိန်ကစပြီး တစ်ယောက်တည်းအပြင်ထွက်လို့မဖြစ်ဘူးနော် အန္တရာယ်များလိမ့်မယ်...”

ကျောင်းသား ၂ မှာ အလွန်စိုးရိမ်နေ၏။

“နင်သူ့ကိုအဲ့လိုရိုက်တာက စီနီယာယုရဲ့ အာရုံစိုက်မှုကို လိုချင်လို့တော့မဟုတ်ပါဘူးနော်? ဟုတ်တယ်ဆိုရင်တော့ နင်လက်လျှော့လိုက်တာကောင်းမယ် စီနီယာယုမှာ ရည်းစားတွေအများကြီးရှိတယ်ဆိုပေမယ့် သူအတည်ကြိုက်တဲ့သူမရှိဘူး...”

တစ်စုံတစ်ဦးမှ မနာလိုစွာဖြင့် ပြောလိုက်သည်။

...

ဆူညံလှသောစကားသံများကြောင့် ကျင်းယွင်ကျောင်းခေါင်းကိုက်လာသည်။ ထို့ကြောင့် သူမသည် စကားတစ်ခွန်းမျှမဟဘဲ လူအုပ်ကြားထဲမှ တိုးထွက်လိုက်၏။ သို့ရာတွင် ထိုကျောင်းသားအုပ်ကြီးထဲမှ လွတ်မြောက်ပြီးပြီးချင်းတွင် သူမသည် အတန်းအပေါက်ဝ၌ မိန်းကလေးများအချို့၏ ဝန်းရံခြင်းကို ခံလိုက်ရပြန်သည်။

သူမရှေ့မှောက်တွင် အမျိုးသမီးဆယ်ယောက်နီးပါးခန့်ရှိသည်။ သူတို့အားလုံးသည် အလွန်လှပကြပေသည်။ အထူးသဖြင့် သူတို့၏ခန္ဓာကိုယ်များသည် အလွန်အမင်းဆွဲဆောင်မှုရှိပြီး သိမ်မွေ့နူးညံ့၏။ သူတို့အများစုသည် နာမည်ကြီးတံဆိပ်အင်္ကျီများကို ဝတ်ဆင်ထားပြီး သူတို့၏လက်သည်းရှည်များမှာ ရောင်စုံလက်သည်းနီများဖြင့် ဖုံးလွှမ်းထားသည်။ တစ်ယောက်ချင်းစီတိုင်းတွင် အလှတစ်မျိုးစီရှိကြသော်လည်း သူတို့အားလုံးစုဝေးနေသော ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် နှာခေါင်းသာယားလာပြီး နှာချေချင်စိတ်ကို ထိန်းမရတော့ချေ။

သူတို့၏အနံ့များမှာ ပြင်းလွန်းလှသည်။ သူတို့တစ်ဦးချင်းစီ၏ ရေမွှေးများသည် မည်မျှပင်အဖိုးတန်နေစေကာမူ ရေမွှေးအနံ့များအားလုံး ရောလိုက်လျှင် အရည်အသွေးနိမ့်ထုတ်ကုန်တစ်ခု၏ အနံ့နှင့်မခြားချေ။

ဤအမျိုးသမီးများအနောက်တွင် ဖြစ်ကတတ်ဆန်းဖြင့် မတ်တပ်ရပ်နေကြသော ကောင်‌လေးအချို့လည်းရှိနေကြသေးသည်။ သူတို့သည် စကားပြောရလွယ်ကူမည့်ပုံမပေါ်ချေ။

“နင်က ကျင်းယွင်ကျောင်းလား? ခုနတုန်းက သခင်လေးယုကို အကြမ်းဖက်လိုက်တာ နင်လား?”

အမျိုးသမီးတစ်ဦးမှ ခပ်စွာစွာဖြင့် ပြောလိုက်သည်။ သူမသည် ကျင်းယွင်ကျောင်းအား ခေါင်းတခြားကိုယ်တခြားဖြစ်အောင် ခုတ်ဖြတ်ပစ်ချင်သည့်အလား ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်နေလေ၏။

“နင်ကရော?”

ကျင်းယွင်ကျောင်းသည် သူမမည်သူဖြစ်သည်ကို စိတ်ထဲတွင် အကြမ်းဖျင်းခန့်မှန်းနိုင်သော်ငြား သူမအားစမ်းသည့်အနေဖြင့် မေးလိုက်၏။

“နင်ကများ သခင်လေးယုကို ရိုက်ရဲတယ်?”

ထိုအမျိုးသမီး၏စရိုက်သည် ရိုင်းစိုင်းလွန်းလှသည်။ သူမသည် ကျင်းယွင်ကျောင်းအား ရွံစရာအရာတစ်ခုနှယ် ကြည့်နေလေ၏။

ဤမိန်းကလေးများသည် ရှုယု၏နောက်ကွယ်မှ ရည်းစားအုပ်ကြီးဖြစ်ပေမည်။

“ငါသူ့ကိုရိုက်လို့တောင်ပြီးနေပြီ နင်တို့ဘာလိုချင်တာလဲ?”

တကယ်တမ်းတွင် ဤအမျိုးသမီးများမှာ အသက်မကြီးလှသေးချေ။ သူတို့သည် ဤကျောင်း၏ ကျောင်းသားများ ဖြစ်ခဲ့ကြ၏။ သူတို့အားလုံးသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိသည့်ပုံပေါ်သော်လည်း ရှုယုအနောက်ကို လိုက်ခဲ့သောလူများဖြစ်သောကြောင့် အနည်းငယ်ရုပ်ဆင်နေကြလေသည်။ သူတို့အားလုံးသည် မျက်နှာပုံသဏ္ဌာန်နှင့် မိတ်ကပ်ပုံစံတူနေကြ၏။ ကွာခြားချက်ဟူ၍ အချို့မှာ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသောအင်္ကျီများကို ဝတ်ဆင်ထားကာ အချို့မှာ ချစ်စဖွယ်ကောင်းပြီး ဖြူစင်သည့်အင်္ကျီများကို ဝတ်ဆင်ထားခြင်းသာဖြစ်သည်။

သို့သော် မည်သည့်အဝတ်အစားမျိုး ဝတ်ထားစေကာမူ သူတို့အားလုံးတွင် မိန်းမပျက်အငွေ့အသက်များရှိနေ၏။ သူတို့အားလုံးသည် ကျောင်းသူများနှင့် လုံးဝမတူချေ။

မိမိ၏အကျိုးအမြတ်အတွက် ဣန္ဒြေသိက္ခာကိုစွန့်ပစ်ပြီး ယောက်ျားတစ်ဦးအား ကပ်ဖားရပ်ဖားလုပ်ရန် ကြိုးစားနေလျှင် ထိုအမျိုးသမီးသည် မိန်းမပျက်တစ်ဦးနှင့် မခြားပါပေ။

Space and Rebirth 872

ကျင်းယွင်ကျောင်းသည် သူမမျက်လုံးများထဲမှ ရွံရှာစက်ဆုပ်မှုကို မကွယ်ဝှက်ထားချေ။ သူမရှေ့မှောက်ရှိလူများကို အာရုံထဲမထည့်သကဲ့သို့ပင် ကြည့်လိုက်သည်။ ထိုအမျိုးသမီးများသည် ၎င်းကိုမြင်လိုက်သောအခါ ပို၍ပင်ဒေါသထွက်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာတော့သည်။

“ဂျူနီယာလေးက အကြံတော်တော်ကြီးတာပဲ၊ ဒီနည်းလမ်းကိုသုံးပြီး သခင်လေးယုအာရုံစိုက်တာခံချင်နေတယ်ပေါ့? ဒါပေမယ့် ငါတို့ကို နည်းနည်းအထင်သေးလွန်းရာကျနေပြီ မထင်ဘူးလား? မကြာခင်မှာ သခင်လေးယုကို မြှူဆွယ်ရင် နောက်ဆက်တွဲဘယ်လိုဖြစ်မယ်ဆိုတာကို နင်သိလာလိမ့်မယ်!”

ထိုအမျိုးသမီးသည် မာနကြီးမှုသည် အလွန်ပင်ပြင်းထန်လှ၏။

“ရှုယုရှုံးသွားတော့ သူ့အတွက် လက်စားချေပေးဖို့ နင်တို့တွေကို တိုင်လိုက်တာပေါ့လေ? သူကနိုးမပြတ်သေးတဲ့ကလေးမို့လို့လား?”

ကျင်းယွင်ကျောင်းဟားတိုက်လိုက်သည်။

အမျိုးသမီးများသည် ၎င်းကိုကြားသောအခါ ချက်ချင်းဆိုသလို ဒေါသပုန်ထသွားပြီး မဆိုင်းမတွပြောလိုက်၏။

“ဒီလောက်အာကျယ်နေတဲ့ကောင်မကို သင်ခန်းစာပေးမှဖြစ်တော့မယ်ထင်တယ်!”

သူတို့သည် စကားပြောရင်းဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြကာ ကျင်းယွင်ကျောင်းအား ခုန်အုပ်လိုက်ကြသည်။

ဤအမျိုးသမီးများသည် သိုင်းပညာလုံးဝမတတ်ကြချေ။ အခြားလူများအား ရိုက်နှက်ချင်လျှင် လုပ်နိုင်သောအရာဟူ၍ သူတို့၏လက်သည်းရှည်များကိုဆန့်တန်းပြီး ကုတ်ခြစ်ရုံသာရှိသည်။ သူတို့၏လက်ချောင်းများ ရှေ့တိုးလာသည်နှင့် ကျင်းယွင်ကျောင်းသည် ကြမ်းကြုတ်စွာဖြင့် ၎င်းတို့ကိုဆွဲပြီး အဝေးသို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် သူမသည် ကြမ်းပြင်တစ်လျှောက် သူမ၏ခြေထောက်ကိုဆန့်၍မွှေ့လိုက်၏။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

သို့ရာတွင် ကျင်းယွင်ကျောင်းထံမှ အော်ဟစ်ငိုယိုသံများ ထွက်လာလိမ့်မည်ဟု အားလုံးကထင်နေချိန်တွင် ယောက်ျားလေးများ၏ အော်ဟစ်ညည်းညူသံများကိုသာ ကြားလိုက်ရသည်။ အားလုံးက သေချာဂရုတစိုက်ကြည့်လိုက်ကြသောအခါ ထိတ်လန့်အံ့အားသင့်သွားကြတော့၏။

ကျင်းယွင်ကျောင်း၏လှုပ်ရှားမှုများသည် မျောလွင့်နေသောတိမ်တိုက်များနှင့် စီးဆင်းနေသောရေကဲ့သို့ ချောမွေ့ညက်ညောလှသည်။ တီဗီဇာတ်ကားများတွင်သာ မြင်ရတတ်သော သိုင်းကွက်များကဲ့သို့ပင်ဖြစ်သည်။ ယောက်ျားလေးများသည် သွေးရဲစွာဖြင့် အရှေ့သို့တိုးလာခဲ့ကြသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် မြေပြင်ပေါ်သို့ အကန်ခံလိုက်ကြရ၏။ သူမအနောက်တွင် အန္တရာယ်ရှိနေလျှင်ပင် ကျင်းယွင်ကျောင်းသည် လုံးဝဂရုမစိုက်ချေ။ သူမ၏ကိုယ်နေဟန်ချက်များသည် ယုံကြည်ချက်အလွန်ပြည့်ဝကာ တိကျမြန်ဆန်နေသဖြင့် ကြည့်ရသည်မှာ အလွန်ခန့်ညားလှပေသည်။

မိနစ်ပိုင်းဖြင့် စာသင်ခန်းအပြင်ဘက်ရှိ လူသွားစင်္ကြံ၏ ကြမ်းပြင်ပေါ်တွင် လူအယောက်နှစ်ဆယ်ကျော်မျှ လှဲလျောင်းနေသည်။ အမျိုးသမီးများဖြစ်စေ အမျိုးသားများဖြစ်စေ မိမိတို့၏လက်မောင်းများ၊ ဝမ်းဗိုက်များကိုကိုင်၍ ငြီးတွားနေကြကာ ဖူးယောင်ကွဲပြဲနေသောမျက်လုံးများဖြင့် ကျင်းယွင်ကျောင်းကို ကြည့်နေကြသည်။ သူတို့တွင် ဆက်လက်တိုက်ခိုက်ရန် အင်အားမရှိကြတော့ချေ။

အတန်းအရှေ့တွင် တိတ်ဆိတ်သွားသောအခါ ကျင်းယွင်ကျောင်းရပ်လိုက်ပြီး သူမအင်္ကျီများကိုဖုန်ခါ၍ ကြမ်းပြင်ပေါ်ရှိအိတ်ကို ကောက်ယူကာ လူအုပ်ကြားထဲမှ ထွက်သွားတော့၏။ သူမအား ပြသာနာလာရှာခဲ့ကြသောလူများပင်လျှင် အကြောက်တရားများပြည့်နှက်နေသော မျက်လုံးများဖြင့် သူမအား လမ်းဖယ်ပေးကြလေသည်။

ယခုအချိန်တွင် ဤလူများသာမရှိလျှင် ကျင်းယွင်ကျောင်းအတန်းဖော်များသည် လက်ခုပ်လက်မောင်းတီး၍ သူမကို အားပေးမိကြပေလိမ့်မည်။

ဤနေရာသို့ ရောက်လာကြသော အမျိုးသမီး၊ အမျိုးသားများ၏ စုစုပေါင်းအရေအတွက်မှာ လူအယောက်နှစ်ဆယ်ကျော်ပေသည်။ လူအရေအတွက်များလွန်းသဖြင့် ရေတစ်ပေါက်မျှပင် လူသွားစင်္ကြံပေါ်သို့ စိမ့်မထွက်နိုင်ချေ။ တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းမှာ အစမှအဆုံးထိ မျက်နှာထားမပြောင်းလဲချေ။ သူမလှုပ်ရှားလိုက်လျှင် ကြောက်မက်ဖွယ်ကောင်းပေ၏။ ရုတ်ချည်းဆိုသလို သူမသည် သိုင်းပညာရှင်တစ်ဦးဖြစ်သွားတော့သည်!

ထိုအချိန်တွင် ကျောင်းသားများသည် စစ်ရေးလေ့ကျင့်ရေးဆင်းစဥ်က အဖြစ်အပျက်များကို ပြန်အမှတ်ရမိတော့၏။ လပိုင်းခန့်ကျော်လွန်သွားပြီဖြစ်သောကြောင့် ကျင်းယွင်ကျောင်း၏အံ့သြဖွယ်သိုင်းကွက်များကို သူတို့မေ့သွားခဲ့ပေသည်။

ကျင်းယွင်ကျောင်းထွက်သွားပြီဖြစ်သောကြောင့် မြေပြင်ပေါ်ရှိလူများသည် အချင်းချင်းတွဲကူကာ ထွက်သွားကြတော့သည်။ အလွန်အူကြောင်ကြောင်နိုင်သော မြင်ကွင်းတစ်ခုဖြစ်ပေသည်။ သို့သော် မည်သူမှ ဤမြင်ကွင်းကို ရိုက်ကူးမှတ်တမ်းမတင်ရဲချေ။ ကျင်းယွင်ကျောင်း၏အတန်းဖော်များမှာ အလွန်ထူးခြားသောမိသားစုများမှလာကြောင်း လူတိုင်းသိထားကြ၏။ အစောပိုင်းက အဖြစ်အပျက်သာ ဗီဒီယိုအနေဖြင့် လူကြားထဲပျံ့သွားလျှင် ဗီဒီယိုတင်သူဖြစ်စေ ကျင်းယွင်ကျောင်းဖြစ်စေ၊ အဆုံးသတ်ကောင်းနိုင်မည်မဟုတ်ပေ။

များမကြာမီတွင် ကျင်းယွင်ကျောင်းမှ လူအယောက်နှစ်ဆယ်ကျော်အား ရိုက်နှက်လိုက်သည့်သတင်းသည် ဌာနမှူးနားထဲသို့ ရောက်သွားတော့၏။ ဤသည်မှာ သာမန်ကျောင်းသားများကြားမှ ရန်ပွဲဖြစ်လျှင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြေရှင်းကြပေလိမ့်မည်။ သို့ရာတွင် ယခုမှာ ထိုသို့မဟုတ်ချေ။ အရိုက်နှက်ခံရသော လူအယောက်နှစ်ဆယ်ကျော်သည် ကျောင်းသားသမဂ္ဂနှင့်အတူ ဌာနမှူးထံတိုက်ရိုက်သွားကာ ကျင်းယွင်ကျောင်းသည် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ပြောခဲ့ကြ၏။

“ဌာနမှူး၊ ကျောင်းမှာ ဒီလိုပုံစံမျိုးနဲ့ သမီးအရိုက်ခဲ့ရတယ်ဆိုတာ သမီးအဖေသာသိရင် သူသေချာပေါက်ဒေါသထွက်လိမ့်မယ်၊ အစကတော့ သူက ဆရာအရေအတွက်များလာအောင် အင်အားဖြည့်ဖို့ ကျောင်းကို ငွေလှူမလို့ပဲ...”

“ကျွန်တော့်ဘဝတစ်လျှောက်လုံး ကျွန်တော့်မိဘတွေတောင် လက်တစ်ခါမှ မပါခဲ့ဖူးဘူး၊ အခု ကျင်းယွင်ကျောင်းက ကျွန်တော့်ကိုရိုက်လိုက်ပြီဆိုတော့ သူသာဒီကျောင်းမှာဆက်နေနေရင် ဌာနမှူးနဲ့ တိုက်ရိုက်စကားပြောဖို့ အဖေ့ကို ပြောရလိမ့်မယ်...”

All Chapters