← Chapters

အခန်း (၉၀၉-၉၁၂)

Vol. 46 Ch. 909-912

အခန်း (၉၀၉-၉၁၂)

Vol. 46 Ch. 909-912

Space and Rebirth 909

ရှန်ရှီ၏လေသံသည် သာမန်သာဖြစ်ပြီး ကျင်းယွင်ကျောင်းအား အမှန်တကယ်ဂရုစိုက်သည့်အလား ဖြစ်နေ၏။ ထို့ကြောင့် သူမနံဘေးရှိ အမျိုးသမီးများ၏မျက်လုံးများ ဝင်းလက်သွားသည်။

“မဒမ်ရှု၊ ဒါက...”

“သူက....သူ့ကိုဘယ်လိုမိတ်ဆက်ပေးရမလဲတောင်မသိဘူး၊ ကျွန်မယောက္ခထီးက နယ်မှာ သွားအနားယူနေတာသိတယ်မလား၊ ဒီကလေးက သူ့ကိုဂရုစိုက်ပေးနေတာလေ”

ရှန်ရှီပြုံးကာ ပြောလိုက်သည်။

“မိန်းကလေးကျင်း၊ ရောက်လက်စနဲ့ လျှောက်ပတ်ကြည့်ပေါ့၊ ဒါပေမယ့် ပွဲကတော့ ခဏနေပြီးတော့မှာ၊ မိန်းကလေးကျင်းပြန်ရင် ကျောင်းအဆောင်တံခါးပိတ်နေမှာမှတ်လား? ဒီလိုလုပ်ပါလား ခဏနေကျရင် အခန်းတစ်ခန်းပြင်ပေးထားမယ်၊ ပြီးတော့ ဒီကတ်ကိုယူပြီး မနက်ဖြန်ကျစျေးဝယ်ထွက်လိုက်ပေါ့ သမီးလိုမျိုး မိန်းကလေးက ဒီလမ်းမပေါ်ကဆိုင်တွေကို သေချာပေါက်ကြိုက်လိမ့်မယ်”

ဤအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် အရေပါးပြီး သူမစကားကိုနားထောင်ကာ ချက်ချင်းထွက်သွားမည်ကိုသာ မျှော်လင့်မိသည်။ သူမ၏ခင်ပွန်းသာ ကျင်းယွင်ကျောင်းကိုတွေ့သွားလျှင် ပြသာနာအကြီးအကျယ်တက်ချေမည်။

သို့ရာတွင် ရှန်ရှီစကားပြောပြီးနောက် သူမနံဘေးရှိလူများသည် ရွှင်မြူးနေရာမှ စိတ်ပျက်ဟန်ပေါက်သွားကြ၏။

ရုတ်တရတ်ပေါ်လာသော ဤမိန်းကလေးမှာ အလွန်လှပချောမောပြီး စျေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် သူမသည် ရှုမိသားစု၏ဆွေမျိုးတစ်ဦးဖြစ်မည်ဟု ထင်ခဲ့ကြ၏။ နယ်ဘက်မှ မိန်းကလေးတစ်ဦးသာဖြစ်ကြောင်း မထင်ခဲ့ချေ။ သူမ၏ပုံစံအရ ရှန်ရှီအား ငွေလာ‌တောင်းပုံရသည်။

“ဟင်? ဒီမိန်းကလေးကျင်းကို မြင်ဖူးနေသလိုပဲ...”

ထိုအချိန်တွင် လူတစ်ဦးမှ သံသယလေသံဖြင့် ပြောလိုက်၏။

“သူကကျွန်မယောက်မလေးနဲ့ နည်းနည်းရုပ်ဆင်တယ် အဲဒါကြောင့်မို့လည်း ယောက္ခထီးက သူ့ကိုစောင့်ရှောက်ပေးနေတာ”

ရှန်ရှီ သုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သည်။

ထိုသို့ပြောပြီးနောက် ရှန်ရှီသည် သူမလက်ကိုင်အိတ်ထဲမှ ဘဏ်ကတ်ကိုထုတ်ကာ ကျင်းယွင်ကျောင်းလက်ထဲ ထိုးထည့်ပေးလိုက်၏။

“ဒီက‌လေးကတော့...အန်တီ့ကိုဘာတွေအဲ့လောက်အားနာနေတာလဲ? ယူလိုက်...”

ကျင်းယွင်ကျောင်းဟမ့်ခနဲအသံပြုကာ မထီလေးစားသောပုံစံဖြင့် ပြုံးလိုက်၏။

“မဒမ်ရှု ကျွန်မကိုနှင်ထုတ်ဖို့ကြိုးစားနေတာလား?”

ကျင်းယွင်ကျောင်းခနဲ့သံပြုလိုက်သည်။

“သမီးဘာပြောနေတာလဲ...နားမလည်ဘူး”

ရှန်ရှီ၏အပြုံးများ ခဲတောင့်သွား၏။

“မြို့တော်ဝန်ရှုက သူ့ညီမလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ အားလုံးအသိပဲ၊ ကျွန်မက သူနဲ့ရုပ်ဆင်မှတော့ မြို့တော်ဝန်ရှုလည်း ညီမလေးကိုလွမ်းစိတ်ပြေအောင် သွားတွေ့ပေးသင့်တယ်မထင်ဘူးလား?”

ကျင်းယွင်ကျောင်းထပ်ပြောလိုက်ပြန်သည်။

ရှန်ရှီမျက်နှာကွက်ခနဲပျက်သွားတော့၏။

“မိန်းကလေးကျင်း၊ အန်တီတို့ရှုမိသားစုက သမီးအပေါ် ဘာအမှားများလုပ်မိလို့လဲ? ရှန်းလန်က အန်တီ့ယောက်ျားရဲ့ ပျော့ကွက်ဆိုတာ လူတိုင်းသိတယ်၊ နှစ်တွေအများကြီးကြာတော့မှ သူလည်း အတိတ်ကိုလက်လွှတ်နိုင်ခဲ့တာ၊ အခုအချိန်မှ သူရှေ့ပေါ်လာပြီး သူ့ကိုစိတ်မကောင်းဖြစ်အောင် မလုပ်ဖို့ မျှော်လင့်တယ်၊ ဒီရှန်ရှီက အသနားခံနေတယ်လို့ မှတ်ပေးပါ”

ရှန်ရှီသည် တရားနည်းလမ်းကျဟန်ဖြင့် ပြောလိုက်သည်။

သူတို့အနားရှိလူများသည် ၎င်းကိုကြားလိုက်သောအခါ ရှုမိသားစုနှင့်ပတ်သတ်နေသော ကိစ္စအချို့ကို မစဥ်းစားမိဘဲ မနေတော့ချေ။

ရှုမိသားစု၏သားနှစ်ဦးမှာ အောင်မြင်ချောမွေ့သောဘဝများ ပိုင်ဆိုင်ကြသော်လည်း သမီးဖြစ်သူမှာ အလွန်သနားစရာကောင်းလှသည်။ သူမသည် ငယ်ရွယ်စဥ်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားသည်ဟုပင် အပြင်လူများထံမှ ကောလဟာလများထွက်ခဲ့၏။ သူမ၏အလောင်းကိုပင် ရှာမတွေ့သေးချေ။ ဤကိစ္စမှာ ရှုမိသားစုထဲတွင် တားမြစ်ကိစ္စဖြစ်ပေသည်။

“မိန်းကလေးကျင်း၊ မြို့တော်ဝန်ရှုက အလုပ်များတဲ့လူတစ်ယောက်ပါ၊ ဘာလို့သူ့ကိုအတင်းတွေ့ချင်နေတာလဲ? မဒမ်ရှုကတော့ မိန်းကလေးအပေါ် ယဥ်ယဥ်ကျေးကျေးဆက်ဆံပေမယ့် သူစိတ်ကောင်းရှိတိုင်း မိန်းကလေးကျင်း သူ့ကိုအခွင့်ကောင်းမယူသင့်ဘူး”

“အားလုံး အဲ့လိုမပြောကြပါနဲ့၊ ဒီကိစ္စကဘာမှမဟုတ်ပါဘူး”

ရှန်ရှီချက်ချင်းပြောလိုက်၏။

ဤအရာသည် သူမထံသို့ ရုတ်တရတ်ရောက်လာသောကြောင့် သူမသည် ကြိုတင်ပြင်ဆင်မှု သိပ်မရှိခဲ့ပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်ဖြစ် ဤကိစ္စအား ရေးကြီးခွင်ကျယ်လုပ်၍မဖြစ်ပါချေ။ ရေးကြီးခွင်ကျယ်ဖြစ်သွားပြီး အခြားလူများပါ အာရုံစိုက်မိလျှင် သူမခင်ပွန်းသည်လည်း သေချာပေါက်သိသွားချေမည်။

“မဒမ်ရှုက သူများအနိုင်ကျင့်နေတာကို ဒီတိုင်းမခံနဲ့လေ၊ သူကမဒမ်ရဲ့ ဆွေမျိုးလည်းမဟုတ်ဘူး ဘာလို့သူ့ကိုရိုရိုကျိုးကျိုးစကားပြောပြီး ပိုက်ဆံပါပေးနေရမှာလဲ?”

သူမအား ကူညီခဲ့‌သော သူဌေးကတော်သည် မကျေမချမ်းဖြစ်ဟန်ဖြင့် ပြောလိုက်၏။

သူတို့တွင် အခြားစွမ်းရည်များမရှိသော်လည်း အခြားသူများအား အခွင့်ကောင်းယူတတ်သော ဆွေမျိုးများကို ကိုင်တွယ်ဖြေရှင်းရာ၌ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လေသည်။

ကျင်းယွင်ကျောင်းသည် လက်ထဲရှိဝိုင်ခွက်အာ မွှေ့လိုက်၏။ သူမမျက်လုံးများသည် အေးစက်နေပြီး သူမနှုတ်ခမ်းပေါ်ရှိအပြုံးသည် အနည်းငယ်ရက်စက်ပြီး ကြောက်မက်ဖွယ်ဖြစ်နေသည်။ ရှန်ရှီအား ကူညီခဲ့သောအမျိုးသမီးကို ကြည့်ပြီးနောက် သူမသည် ရုတ်ချည်းဆိုသလို လက်ကိုမြှောက်ပြီး ဝိုင်များအား ထိုအမျိုးသမီးခေါင်းပေါ်တည့်တည့်သို့ လောင်းချလိုက်၏။

“ဒါဘာလုပ်တာလဲ?!”

Space and Rebirth 910

ထိုအမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်သွားပြီး လျင်မြန်စွာ အနောက်သို့ဆုတ်လိုက်၏။ သူမအော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှုမှာ အလွန်နောက်ကျသွားချေပြီ။ သူမအင်္ကျီများသည် ဝိုင်နီကွက်များဖြင့် စွန်းထင်းနေပြီး သူမသည် ဒေါသပုန်ထသွားတော့၏။

သို့သော် သူမဒေါသပေါက်ကွဲလုဆဲဆဲတွင် ရှန်ရှီသည် ရုတ်ချည်းဆိုသလို ထိုအမျိုးသမီးအား ဖမ်းဆုပ်ကာ ပြောလိုက်သည်။

“မဒမ်ဝမ်၊ ကိုယ်လက်ဆေးကြောဖို့ သန့်စင်ခန်းကိုအတူသွားရအောင်၊ စိတ်လျှော့ပါနော်...”

“မဒမ်ရှု?”

ထိုအမျိုးသမီးသည် မယုံကြည်နိုင်ချေ။ သူမသည် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း မိန်းကလေးငယ်တစ်ဦးဆီမှ အနိုင်ကျင့်ခံနေရသည်။ ထိုအရာကို ကြိတ်မှိတ်သည်းခံရန် ရှန်ရှီမှ ပြောနေသည်လော? အဘယ်ကြောင့်နည်း?

“မဒမ်ရှုအနားမှာ ခွေးတွေအများကြီးရှိနေတာပဲ၊ သခင်ကိုစိတ်ချမ်းသာစေချင်ရင် မဟောင်ကြနဲ့နော်၊ ကိုယ့်သခင်ရဲ့ အတွေးတွေကိုတောင် နားမလည်ဘဲနဲ့ သခင်ဘက်က ရပ်တည်ပေးချင်တုန်းလား?”

ကျင်းယွင်ကျောင်းအေးစက်စွာပြောလိုက်၏။

သူမစကားများကြောင့် ရှန်ရှီဘေးနားရှိ အမျိုးသမီးများသည် ချက်ချင်းဆိုသလို ‌ဒေါသမီးတောက်သွားကြသည်။ ကျင်းယွင်ကျောင်းလိုချင်သည်မှာလည်း သူတို့အားလုံးဒေါသထွက်ရန်ဖြစ်၏။ သူတို့ဒေါသထွက်လေလေ ရှန်ရှီ သောကရောက်လေလေဖြစ်သည်။

ရှန်ရှီသည် အဘယ်ကြောင့် သူမအား အသည်းအသန်ပစ်မှတ်ထားခဲ့ကြောင်း ယခင်က သူမနားမလည်သော်လည်း ဤကြာမြင့်သောကာလအတွင်း သူမသေချာစဥ်းစားအဖြေရှာနိုင်ခဲ့ပေသည်။ ရှန်ရှီသည် သူမအား ရှုမိသားစုနှင့် မနီးစပ်စေလိုသောကြောင့်ဖြစ်၏။ အကြီးအကဲရှု၏သမီးနှင့် တူလှသော သူမ၏မျက်နှာကြောင့် ရှုယွမ်ထက်နှင့် ပေးမတွေ့လိုခြင်းဖြစ်သည်။

ယခုတွင်လည်း ထိုအမျိုးသမီးများ ဒေါသထွက်ကုန်သဖြင့် သူမမျက်နှာ ဟန်ပျက်နေချေပြီ။

“အားလုံးပဲ သူကကလေးပဲရှိပါသေးတယ်...”

“မဒမ်ရှု ဒါက ကလေးတွေတက်ချင်တိုင်း တက်လို့ရတဲ့ ပွဲမဟုတ်ဘူး၊ သူ့စကားတွေက ဒီလောက်ရင့်သီးနေတာကို ကျွန်မတို့ဘယ်လိုခံနိုင်မှာလဲ! သူ့ကိုဘယ်သူက ဒီနေရာခေါ်လာလဲဆိုတာ ကျွန်မသိချင်မိတယ်!”

မဒမ်ဝမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

သူမ၏စျေးကြီးသောအင်္ကျီများသည် ယခုတွင် ဝိုင်ကွက်များဖြင့် စွန်းထင်းနေလေပြီ။ ဝိုင်ကွက်များအား လျှော်ထုတ်၍ရလျှင်ပင် အနာဂတ်ပွဲများတွင် ဤအင်္ကျီအား မည်သည့်မျက်နှာဖြင့် ပြန်ဝတ်ရမည်နည်း?

ရှန်ရှီသည်လည်း ယခုအချိန်တွင် အလွန်ဒေါသထွက်နေ၏။ သူမသည် အကြိမ်ပေါင်းများစွာ ကျင်းယွင်ကျောင်းအား တိုက်ခိုက်ခဲ့သော်လည်း ထိုမိန်းကလေးမှာ အဘယ်ကြောင့် အခေါက်တိုင်းကံကောင်းနေသည်ကို နားမလည်နိုင်ပါချေ!

ကျင်းယွင်ကျောင်းအား လူသတ်မှုဖြင့် စွဲချက်တင်ရန် လူတစ်ဦးအား စေခိုင်းခဲ့၏။ သို့ရာတွင် ရဲသားများပါ သူမအား မရှာနိုင်ခဲ့ရုံမက လူသတ်လက်နက်ပါ ပျောက်ဆုံးသွားခဲ့လေသည်!

လွန်ခဲ့သောလအတွင်း သူမသည် နည်းမျိုးစုံဖြင့် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း ကျင်းယွင်ကျောင်းအနောက်သို့ နောက်ယောင်ခံလိုက်ရန် လွှတ်လိုက်သော သူမလူများအားလုံးသည် ကျင်းယွင်ကျောင်းအား မျက်ခြေပြတ်၍ပြန်လာခဲ့လေသည်။ ကျင်းယွင်ကျောင်းမှာ ပုံမှန်အားဖြင့် ကျောင်းထဲတွင်ရှိနေသောကြောင့် သူမအား ရှာရန်ခက်ခဲပေသည်။ ယခုတွင်မူ သူမအား ဤကဲ့သို့နေရာမျိုးတွင် ဆိုင်းမဆင့်ဗုံမဆင့် တွေ့နေရ၏။

ယခု ကျင်းယွင်ကျောင်းပုံစံမှာ ပို၍ပင်ထူးဆန်းနေသေးသည်။ ဧကန္တ သူမတိတ်တခိုးကြံစည်ခဲ့သော အစီအစဥ်များအားလုံးကို သိသွားပြီလော?

သို့သော်...၎င်းမှာမဖြစ်နိုင်ပေ။ သူမသည် ခြေရာလက်ရာများ မချန်ထားခဲ့ချေ။

“မဒမ်ဝမ်၊ သူ့အစား ကျွန်မပဲတောင်းပန်ပါရစေ...”

“မလိုပါဘူး”

ရှန်ရှီ ပါးစပ်ဟလိုက်သည်နှင့် ကျင်းယွင်ကျောင်းသည် အေးအေးလူလူဖြင့် သူမအား စကားဖြတ်ပြောလိုက်သည်။

“မဒမ်ရှု လူကောင်းတစ်ယောက်ဖြစ်ချင်ယောင်ဆောင်စရာမလိုပါဘူး၊ ခုနက ကျွန်မလာတုန်းက ကျွန်မအန်တီတုန်းကို မာနကြီးတယ်လို့ ပြောနေတာ ကျွန်မနားနဲ့ ဆတ်ဆတ်ကြားလိုက်တယ်၊ ဒီလိုမျိုး မျက်နှာနှစ်ဖက်ရှိတဲ့လူက ကျွန်မအစား တောင်းပန်ပေးနေတာကို လက်မခံနိုင်ပါဘူး”

“နင်...”

ရှန်ရှီ၏မျက်နှာတင်းမာသွားပြီး အံကိုကြိတ်လိုက်သည်။

သူမသည်သာ နှစ်ပေါင်းများစွာ သူဌေးကတော်တစ်ဦး၏ဂုဏ်ကို မထိန်းခဲ့လျှင် ကျင်းယွင်ကျောင်းအား ပွဲချင်းပြီးလည်ပင်းညှစ်သတ်မိပေမည်!

ကျင်းယွင်ကျောင်းသည် မအံ့သြမိဘဲမနေတော့ချေ။ ဤရှန်ရှီ၏ ခံနိုင်ရည်မှာ အမှန်တကယ်ပင် သြချဖွယ်ကောင်းလှ၏။ ကျင်းယွင်ကျောင်းမှ ဆက်တိုက်ရန်ဆွနေသည့်တိုင် သူမ၏ပုံစံအစစ်အမှန်ကို တစ်ချက်မျှပင် လှစ်ဟမပြပါပေ။ ဤအမျိုးသမီး၏ ဟန်ဆောင်နိုင်စွမ်းမှာ အမှန်တကယ်ပင် ဉာဏ်မမီနိုင်အောင် နက်နဲလှသည်။

သို့ရာတွင် သူမသည် ရောက်လက်စဖြင့် ရှန်ရှီအား အနာဂတ်တွင် လွှတ်ပေးရန် စိတ်ကူးမရှိချေ။ ရှန်ရှီမည်မျှပင် ဖုံးကွယ်ထားပါစေ သူမ၏စရိုက်မှန်အား နည်းနည်းချင်းစီ ဖော်ထုတ်ပစ်ရန် ဆုံးဖြတ်ထား၏။

“နင်ကတကယ်ယဥ်ကျေးမှုမရှိတာပဲ! တောသူမတစ်ယောက်ဆိုတော့ ယဥ်ကျေးမှုတစ်စက်မှမရှိဘူး! A တက္ကသိုလ်က ကျောင်းသူဖြစ်နေပြီးတော့ ရှက်ဖို့ကောင်းလိုက်တာ၊ ‌ကျောင်းသူက စာမလုပ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့နေရာကိုလာပြီး ကိုယ့်ကိုယ်ကိုအရှက်ခွဲနေတာ တအားရယ်ချင်စရာကောင်းတယ်၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရည်လေးဗန်းပြပြီး ယောက်ျားတွေရှာတတ်ပြီပေါ့? အနာဂတ်မှာ နင်ဘာဖြစ်သွားမယ်ထင်လဲ? ရှန်းလန်နဲ့ နည်းနည်းလေးရုပ်ဆင်တာနဲ့ပဲ မြို့တော်ဝန်ရှုက နင့်ဘက်ကိုလှည့်ကြည့်မယ်တဲ့လား? ဆက်စိတ်ကူးယဥ်နေလိုက်! မဒမ်ရှုကို ဘာများမှတ်နေလဲ? မဒမ်ရှု၊ ရှင်ဂရုစိုက်မှဖြစ်မယ် ဒီမြေခွေးမကို ကြပ်ကြပ်သတိထားမှဖြစ်မှာ၊ လုံခြုံရေးတွေခေါ်ပြီး ဒီကောင်မလေးကို ချက်ချင်းနှင်ထုတ်ခိုင်းလိုက်!”

Space and Rebirth 911

မဒမ်ဝမ်သည် ဒေါသမာန်ဖြင့် ရင်ဘတ်အစုံနိမ့်ချည်မြင့်ချည်ဖြစ်ကာ ဟောဟဲလှိုက်နေသည်။ သူမသည် ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုးပြီး တရစပ်အပြစ်တင်ပြောဆိုလိုက်၏။ အခြားအမျိုးသမီးများလည်း ထိုနည်း၎င်းပင်။ ကျင်းယွင်ကျောင်းအား အသေအလဲ မုန်းတီးနေကြသည်။

ရှန်ရှီသည် နှစ်ပေါင်းများစွာတစ်လျှောက် ဤသူဌေးကတော်များကြားတွင် ဂုဏ်သတင်းတစ်ခုကို ထိန်းသိမ်း၍နေခဲ့သည်။ သူမအား ကြော့ရှင်းသိမ်မွေ့ပြီး သဘောထားကြီးသောအမျိုးသမီးတစ်ဦးဟု လူတိုင်းကထင်ကြလေသည်။ သူမ၏မျက်နှာကိုမထောက်လျှင်ပင် မြို့တော်ဝန်ကတော်ဟူသော နာမည်ကို ထောက်ရပေမည်။

မဒမ်ဝမ်၏အသံသည် ကျယ်လောင်နေရုံမက “မြေခွေးမ” ဟူသောစကားကြာင့် အမျိုးသမီးအုပ်ကြီးတစ်ခလုံး အရှိုက်ထိသွားကြ၏။ ချက်ချင်းဆိုသလိုပင် အခြေအနေတစ်ရပ်လုံး လှုပ်ရှားအသက်ဝင်လာတော့သည်။ ပွဲနေရာတွင် အနက်ရောင် အနောက်တိုင်းဝတ်စုံဖြင့် ရပ်စောင့်နေသော လုံခြုံရေးအစောင့်တစ်ဦးရှိသည်။ သူသည် ရုတ်ရုတ်သဲသဲဖြစ်သံများကို ကြားသောအခါ ချက်ချင်းလျှောက်လာတော့၏။

ချင်းရွှေမှာ ကျင်းယွင်ကျောင်းအခြေအနေကို ကြည့်နေခဲ့သဖြင့် လုံခြုံရေးအစောင့် လျှောက်သွားသောအခါ သူသည်လည်း အနောက်မှ ချက်ချင်းဆိုသလို လိုက်သွားတော့သည်။

ကျင်းယွင်ကျောင်း နှုတ်ခမ်းများစေ့ကာ ပြုံးလိုက်၏။ သူမအပြုံးသည် နှလုံးသားကို မွန်းကြပ်စေသောအပြုံးဖြစ်သည်။

သူမရှင်းပြစရာမလိုပေ။ ရှန်ရှီသာ ရှုယွမ်ထက်အား ဂရုစိုက်ခဲ့လျှင် မဒမ်ဝမ်မှ သူမအား မြေခွေးမဟု ခေါ်နေသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ ယခုတွင် သူတို့အားလုံး၏အငြင်းပွါးသံကြောင့် ရှုယွမ်ထက်သည်လည်း သေချာပေါက်သတိထားမိတော့မည်။ ဤအချိန်တွင် ရှန်ရှီလုပ်နိုင်သောအရာဟူ၍ သူမ၏ယဉ်ကျေးလေးစားသမှုကို ပြသရန်သာရှိသည်။

“မဒမ်ဝမ်၊ စကားကိုထိန်းပြောပေးပါရှင် မိန်းကလေးကျင်းက ကျွန်မတို့ရှုမိသားစုရဲ့ VIP ပါ…”

ရှန်ရှီအံကြိတ်ကာ ပြောလိုက်၏။ သူမသည် မိန်းကလေးငယ်တစ်ဦး၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားချေပြီ။

သူမသည် နှစ်ပေါင်းများစွာတစ်လျှောက် ဤအမျိုးသမီးများထံမှ အကောင်းမြင်ခံရရန် ကြိုးစားခဲ့၏။ သို့သော် ဤတစ်ခေါက်တွင် ကျင်းယွင်ကျောင်းကြောင့် သူမသည် မဒမ်ဝမ်အား စော်ကားသလိုဖြစ်တော့မည်။ မဒမ်ဝမ်အပြင် အခြားသူများသည်လည်း သူမကို စိတ်ပျက်ကြချေမည်။

မဒမ်ဝမ် ဆွံ့အသွားတော့၏။ သူမသည် ရှန်ရှီနှင့် သိကျွမ်းလာသည်မှာ နှစ်ချီလေပြီ။ သူမသည် ဤနှစ်ပေါင်းများစွာတစ်လျှောက် ပထမဆုံးအကြိမ်အနေဖြင့် ဒေါသပေါက်ကွဲနေသည့်တိုင် ရှန်ရှီသည် တစ်ဖက်လူဘက်မှ ကာပြောပေးနေ၏။ ဤသည်မှာ ဘာသဘောနည်း?

“မဒမ်တို့၊ ဘာများဖြစ်တာပါလဲ?”

လုံခြုံရေးအစောင့်သည် အလျင်စလိုပြေးလာကာ မေးလိုက်၏။

မဒမ်ဝမ်သည် ဒေါသမီးမငြိမ်းသေးချေ။

“ဒီမိန်းကလေးကို ဘယ်သူကဒီခေါ်လာတာလဲ? မောင်းထုတ်လိုက်စမ်း!”

“ဒါက…”

လုံခြုံရေးအစောင့်သည် ချီတုံချတုံဖြစ်သွား၏။ ဤမိန်းကလေးသည် မြို့တော်ဝန်ရှုနှင့် ပျော်ရွှင်စွာ စကားပြောနေသည့်မြင်ကွင်းအား သူမှတ်မိသွားလေသည်…

“ကျွန်တော်ခေါ်လာတာပါ”

ချင်းရွှေသည် သုန်မှုန်သောမျက်နှာဖြင့် ရောက်ချလာသည်။

“ရှင်ကဘယ်သူလဲ?”

မဒမ်ဝမ် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ဤလူကို မသိချေ။

“ကျွန်​တော်ဘယ်သူလဲဆိုတာ ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ ဥက္ကဌကျင်းက ဘာများလုပ်ခဲ့လို့ သူ့ကိုနှင်ထုတ်ဖို့ ကြိုးစားနေရတာလဲဆိုတာပဲ သိခွင့်ရှိမလား?”

ချင်းရွှေသည် အေးစက်သောမျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။

“ဒီပွဲအတွက် ဖိတ်မယ့်သူတွေကို မြို့တော်ဝန်ရှုကိုယ်တိုင် ရွေးထားတာပါ၊ အစက VIP တစ်ယောက်အနေနဲ့ ဥက္ကဌကျင်းက ဒီပရောဂျက်အတွက် ထောက်ပံ့ပေးချင်ခဲ့ပေမယ့် အခုလုပ်နေတာ ဘာသဘောပါလဲ?”

သူတို့မလာခင်က ကျင်းယွင်ကျောင်းသည် ကျောက်စိမ်း​ဆေးဝါးကုမ္ပဏီမှာ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင်ရှိသောကြောင့် ပရဟိတဂုဏ်သတင်းတစ်ခုရှိရန် အရေးကြီးသည်ဟု သူ့အားပြောခဲ့၏။ ထို့ကြောင့် သူမသည် ဤတစ်ခေါက် လှူငွေပမာဏကို ရက်ရက်ရောရောပေးပေမည်။ ကုမ္ပဏီအတွက် အကျိုးရှိမည် မှန်သော်လည်း တည်ထောင်ခါစကုမ္ပဏီဖြစ်သောကြောင့် ကုမ္ပဏီရန်ပုံငွေမလောက်မည်ကို သူစိတ်ပူနေခဲ့၏။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ ငွေနှင့်ပတ်သတ်၍ နည်းနည်းမှ စိတ်ပူမနေခဲ့ချေ။ သူမသည် တစ်နေရာမှ ငွေပမာအမြောက်အများလွှဲပြောင်းခဲ့သည်။ ဤပရောဂျက် တစ်စိတ်တစ်ပိုင်းအား ထောက်ပံ့ရန်မပြောနှင့် ပရောဂျက်တစ်ခုလုံးအား ဦးစီးထောက်ပံ့လျှင်ပင် သူမအတွက် ပြသာနာရှိမည်မဟုတ်ချေ။

ထိုအခိုက်အတန့်တွင် ချင်းရွှေ၏စကားကြောင့် အမျိုးသမီးများအားလုံး ကြက်သေသေသွားကြ၏။

“ဥက္ကဌကျင်း? ဒါဘာအဓိပ္ပာယ်လဲ? ကျွန်မကို လာနောက်နေတာလား?”

မဒမ်ဝမ်သည် တင်းမာသောမျက်နှာဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။

(ဒီကလေးက ဘယ်နှစ်နှစ်ရှိသေးလို့ ဥက္ကဌကျင်းလို့ ခေါ်နေတာလဲ? ဟမ့် ငါ့ကိုလာအရူးလုပ်နေတယ်)

“ဟက် ကျွန်တော်တို့ ကျောက်စိမ်းဝိညာဉ်ဆေးဝါးကုမ္ပဏီက အခုမှ ထောင်ခါစဆိုပေမယ့် သူများအနိုင်ကျင့်တိုင်း ခေါင်းငုံ့ခံနေမှာမဟုတ်ဘူး! ဥက္ကဌကျင်း၊ ကျွန်တော်တို့ကို လူတွေက လက်မခံမှတော့ သွားကြတာပေါ့!”

ချင်းရွှေသည် သူ၏နံဘေးရှိ လုံခြုံရေးအစောင့်အားကြည့်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး မြို့တော်ဝန်ရှုနဲ့ တခြားသူတွေကို သွားပြောပေးပါ၊ ကျွန်တော်တို့ ကျောက်စိမ်းဝိညာဉ်ဆေးဝါးကုမ္ပဏီက ဒီလိုပွဲမျိုးကို တက်ရောက်ဖို့ အဆင့်အတန်းမမီဘူးလို့ အပြောခံနေရလို့ အရင်ထွက်သွားတော့မယ်လို့!”

ထိုသို့ပြောပြီး ချင်းရွှေသည် ကျင်းယွင်ကျောင်းနှင့်အတူ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ဤကိစ္စအား ရှင်းရှင်းလင်းလင်းပြောပြထားသောကြောင့် သူသည် ကျေကျေနပ်နပ်ပင် ကူညီအားဖြည့်လိုက်ခြင်းဖြစ်သည်။ သူမသည် ဝိုင်ခွက်အားချကာ ရှန်ရှီကို ဝေ့ကြည့်လိုက်၏။

“မြေခွေးမလို့ ခေါ်လိုက်တာနဲ့ပဲ ယွမ်သန်းရှစ်ဆယ်ဆုံးရှုံးလိုက်ရပြီဆိုတာ သိလား…ငါ့စကားနွားရမပြောသင့်ဘူးဆိုတာ ဒါသက်သေပဲ”

Space and Rebirth 912

ဤတစ်ခေါက် ပွဲသို့လာသောသူအများစုမှာ ငွေပမာဏများစွာသုံးစွဲရန် ပြင်ဆင်ထားသူများဖြစ်၏။ သို့သော် သူတို့သည် ချမ်းသာသော စီးပွါးရေးလုပ်ငန်းရှင်များဖြစ်သည့်တိုင် ငွေဟူသည်မှာ ကောင်းကင်ပေါ်မှပြုတ်ကျလာသောအရာမဟုတ်ပေ။ ငွေတိုးပွါးစေသော ရင်းနှီးမြုပ်နှံမှုတစ်ခုဆိုလျှင် သူတို့သည် တွန့်တိုနေမည်မဟုတ်သော်ငြား ယခုတွင် သူတို့သည် ရှူယွမ်ထက်၏မျက်နှာကို ထောက်၍သာ လုပ်သောလုပ်ရပ်ဖြစ်သောကြောင့် သန်းတစ်ဆယ်-နှစ်ဆယ်ဆိုလျှင် လုံလောက်ပေပြီ။ မည်သူကမှ လိုအပ်သည်ထက် ဖြုန်းမည်မဟုတ်ပေ။

သို့ရာတွင် လူအရေအတွက်များလှသောကြောင့် နှမ်းစေ့များစု၍ ဆီဖြစ်နိုင်ပေသည်။ သူတို့အားလုံးပေါင်း၍ ဘီလီယံမကျော်နိုင်စရာအကြောင်းမရှိချေ။

ကျင်းယွင်ကျောင်းပါးစပ်မှ ယွမ်သန်းရှစ်ဆယ်ဟု ကြားလိုက်ရသည်နှင့် အားလုံးထိတ်လန့်အံ့အားသင့်သွားကြသည်။

သူမတမင်တကာပြောလိုက်ခြင်းဖြစ်၏။ ထိုအချိန်တွင် ပွဲတာဝန်ရှိသူသည် ထိုအနီးမှဖြတ်သွားတော့သည်။ သူသည် ၎င်းကိုကြားလိုက်သောအခါ ခြေလှမ်းကိုချက်ချင်းရပ်လိုက်သည်။

ထိုတာဝန်ရှိသူသည် ကျင်းယွင်ကျောင်းကိုမသိလျှင်ပင် ချင်းရွှေကို သိနေ၏။

“ဥက္ကဌကျင်း၊ ဒီမိန်းကလေးကို ကျွန်တော်တို့ ကောင်းကောင်းမဧည့်ခံမိတာများရှိလို့လား?”

သူသည် စကားပြောရင်းဖြင့် လုံခြုံရေးအစောင့်ကို ဝေ့ကြည့်လိုက်သည်။ လုံခြုံရေးသည်လည်း သူ့အား အပြစ်ကင်းစင်သောအကြည့်ဖြင့် ပြန်ကြည့်လိုက်၏။

“အဲ့လိုမထင်ရဲပါဘူး”

ကျင်းယွင်ကျောင်း နူးညံ့ညင်သာစွာ ဖြေလိုက်သည်။

“မဒမ်ရှုနဲ့ တခြားသူတွေက အရမ်းဂုဏ်မောက်ကြတာပဲ၊ ငွေသန်းရှစ်ဆယ်ကို ဘာမဟုတ်တဲ့ပမာဏလို့ ထင်နေမှတော့ ကျွန်မအစား ပေးဖို့အသင့်ဖြစ်နေကြတယ်ထင်ပါရဲ့၊ ကျွန်မကတော့ ဒီမှာ သူများမျက်စိစပါးမွေးစူးစရာမဖြစ်ချင်ဘူး”

ဤနေရာရှိ အချို့အမျိုးသမီးများတွင် အပြစ်မရှိကြချေ။ သို့သော် သူတို့ကိုသာ ဆေးပြင်းပြင်းမတိုက်ကျွေးလျှင် ရှန်ရှီဟူသည်မှာ မည်သို့သောလူစားမျိုးဖြစ်ကြောင်း သူတို့အဘယ်သို့သိမည်နည်း?

ပွဲတာဝန်ရှိသူသည် ခေတ္တမျှ ကြောင်အမ်းသွား၏။ အမျိုးသမီးများအား သံသယအကြည့်ဖြင့်ကာ ကျင်းယွင်ကျောင်းကို မေးလိုက်သည်။

“မိန်းကလေးက...”

“ဒါက ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌပါ”

ချင်းရွှေပုံစံမှာ ဂုဏ်ယူဝံ့ကြွားနေဟန်ရှိသည်။

“ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီ?”

ထိုပွဲစီစဥ်သူသည် ပို၍ပင် အံ့အားသင့်သွား၏။ သူသည် ပွဲကိစ္စများကို တာဝန်ယူထားရသူဖြစ်သည်။ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီကို မသိဘဲ အဘယ်သို့နေမည်နည်း? ဖိတ်စာများကိုပို့စဥ်က ဤကုမ္ပဏီအား ပွဲအကြောင်း အသိပေးရန် မြို့တောဝန်ရှု၏ အထူးညွှန်ကြားချက်ကို ရထားခဲ့သည်။ ထို့အပြင် သူလိုက်လံစုံစမ်းကြည့်လိုက်သောအခါ ဤကုမ္ပဏီသည် ထောင်ခါစကုမ္ပဏီဖြစ်သော်လည်း နာမည်ရှိနှင့်ပြီးသောဆေးဝါးကုမ္ပဏီများစွာကို တစ်ချက်တည်းဖြင့် သိမ်းကျုံးအနိုင်ယူခဲ့ကြောင်း သိရှိခဲ့လေသည်!

ထို့အပြင် စစ်တပ်နှင့်လည်း သက်ဆိုင်သော ကုမ္ပဏီဖြစ်ပေသည်။ သူတို့၏စက်ရုံများထဲမှတစ်ခုတွင်ပင် စစ်တပ်အတွက်သီးသန့် ဆေးဝါးထုတ်လုပ်၏။ စက်ရုံဆောက်လုပ်ရေးကိုလည်း စစ်တပ်ဘက်မှ အကုန်အကျခံခဲ့သည်။ သူတို့သည် စစ်တပ်၏အင်္ကျီစကိုဆွဲရင်း တစ်လမ်းလုံးတက်လာခဲ့သဖြင့် မည်သည့်ပြသာနာကိုမှ မကြုံရသေးချေ!

သူသည် ၎င်းကိုကြားလိုက်သောအခါ စစ်တပ်မှကြိုးကိုင်နေသောကုမ္ပဏီဟုထင်ခဲ့သည်။ ထိုလျှို့ဝှက်ဆန်းကြယ်လှသောဥက္ကဌသည်လည်း တပ်ဘက်အရာရှိတစ်ဦးဖြစ်လိမ့်မည်ဟု သူထင်ခဲ့၏။ သို့ရာတွင် လက်တွေ့၌ မိန်းကလေးငယ်တစ်ဦးဖြစ်နေခဲ့သည်လော?

“ဥက္ကဌချင်း အဲ့လေ...ဥက္ကဌကျင်း၊ တစ်ခုခုအထင်လွဲနေတာဖြစ်မှာပါ၊ မြို့တော်ရှုကို ခေါ်လာပေးဖို့ ကျွန်တော် လူတစ်ယောက်လွှတ်လိုက်ပါ့မယ်...”

ထိုသို့ပြောပြီးနောက် ရှုယွမ်ထက်ဆီသို့သွားရန် ဧည့်ကြိုဝန်ထမ်းတစ်ဦးအား ချက်ချင်းစေခိုင်းလိုက်၏။

ရှန်ရှီသည် ၎င်းကိုမြင်လိုက်သောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။ သူမယောက်ျားအား ကျင်းယွင်ကျောင်းနှင့် ပေးတွေ့၍မဖြစ်ချေ!

သို့သော် သူမအဘယ်သို့လုပ်ရမည်နည်း?

“အား...ခေါင်းအရမ်းမူးလာလိုက်တာ၊ မိန်းကလေးကျင်း အန်တီအနားယူလို့ရအောင် အပေါ်ထပ်ခေါ်သွားပေးလို့ရမလား? ပြီးတော့ မိန်းကလေးကျင်းကို ပြောစရာလည်းရှိတယ်...”

ရှန်ရှီ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်သည်။

“မဒမ်ရှုက ခဏခဏခေါင်းမူးတတ်ပုံပဲ၊ အရင်တစ်ခေါက် အဘိုးရှုနဲ့ကျွန်မကို ကုန်တိုက်မှာတွေ့တုန်းကလည်း ဒီလိုမျိုးခေါင်းမူးနေခဲ့တာမှတ်လား? ဖြစ်ချင်တော့ ကျွန်မက ဆေးလည်းနည်းနည်းကုတတ်တယ်လေ၊ မြို့တော်ဝန်ရှုရောက်လာရင် သူရှေ့မှာ ကုပေးမယ်”

ကျင်းယွင်ကျောင်းအပြုံးသည် ဝင်းလက်တောက်ပနေသော်လည်း အလွန်ကျောချမ်းဖွယ်ဖြစ်၏။

ရှန်ရှီ၏မျက်နှာသွေးဆုပ်သွားပြီး သူမမေးကြွက်သားများ တုန်ယင်သွားသည်။

“အင်း တွေဖို့အချိန်ရောက်ပြီပေါ့...မိန်းကလေးကျင်းကို ခဏနေတွေ့ရရင် အန်တီ့ယောက်ျားလည်း အရမ်းပျော်သွားမှာပဲ”

ရှန်ရှီထပ်ပြောလိုက်ပြန်၏။ သူမသည် ဖုံးကွယ်ထား၍မရသောကြောင့် သူမ၏ကံကြမ္မာကိုသာ လက်ခံလိုက်တော့သည်။

ကံကောင်းစွာဖြင့် သူမသည် လူရှေ့တွင် ဘာမှမလုပ်ခဲ့ချေ။ ကျင်းယွင်ကျောင်းနှင့် ရှုရှန်းလန်တို့ ရုပ်ဆင်လျှင်ပင် ကျင်းယွင်ကျောင်းအား သူမခင်ပွန်းနှင့် မမိတ်ဆက်ပေးရသော အကြောင်းရင်းခိုင်ခိုင်လုံလုံရှိနေသဖြင့် သူမအမျိုးသားသည် နားလည်ပေးလိမ့်မည်။

“ဟားဟား ခုနလေးတင် တွေ့ပြီးပါပြီ၊ မြို့တော်ဝန်ရှုက တကယ်ပျော်သွားခဲ့တာ၊ ကျွန်မကတော့ မြို့တော်ဝန်ရှုကို မြင်မြင်ချင်း မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့ရသလိုပဲ အနာဂတ်မှာလည်း ရှုမိသားစုဆီခဏခဏလာလည်ဖို့ စဥ်းစားနေတာ၊ ဒါပေမယ့် တစ်ယောက်ယောက်က ကျွန်မကို မြေခွေးမလို့ခေါ်ထားတော့ မြို့တော်ဝန်ရှုသာသိရင် ကျွန်မနဲ့ရင်းရင်းနှီးနှီးနေတော့မယ်မထင်ဘူး”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်ကာ သရော်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

၎င်းကိုကြားလိုက်သောအခါ ရှန်ရှီ၏လုပ်ယူထားသောအပြုံးသည် တောင့်တင်းသွားတော့၏။

သူတို့တွေ့ပြီးကြပြီလော? ထိုသို့ဆိုလျှင် အစောပိုင်းက သူမကြိုးစားဖုံးဖိခဲ့သည်မှာ ဘာအတွက်နည်း? ကျင်းယွင်ကျောင်းတမင်လုပ်ခဲ့ခြင်းလော? သူမအား တမင်စိတ်ပူပန်သောကရောက်စေရန် လုပ်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ကျင်းယွင်ကျောင်းသည် အဘယ်ကြောင့် သူမအကြောင်း ဤမျှလောက်သိနေရသနည်း....

All Chapters