← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

အခန်း (၃၉၇) - မင်းက ဘာလို့ ငါ့ကို မျက်လုံးချင်းမဆိုင်ဘဲ ကြည့်နေရတာလဲ

ချင်းမုခရိုင်၊ မင်ယွဲ့ရှောင်ကျူ။

တရားထိုင်နေသော လီယန်ချူသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

တံခါးပြင်ပရှိ လေထုမှာ ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထသွားပြီးနောက် ဆံပင်နှစ်ဖက်ဖြူနေသော ရှောက်ယီတာအိုဆရာ ထွက်လာသည်။

"မိတ်ဆွေတို့... အခုလေးတင် နုကျွင်းကျယ်ဆီက သတင်းရောက်လာတယ်၊ ဒီနေ့ပဲ အစီအစဉ်ကို စတင်တော့မယ်။ မင်းတို့အားလုံး နေရာအသီးသီးမှာ လူအမြောက်အမြားကို သတ်ဖြတ်ပြီး ဆူပူသောင်းကျန်းမှုတွေ ဖြစ်အောင် လုပ်ပေးရုံပါပဲ၊ အလုပ်ပြီးရင်တော့ လူသားအသွင်ပြောင်းဆေး တစ်လုံးစီ ဆုချပါ့မယ်"

လီယန်ချူသည် မူလက ရှောက်ယီကို သတင်းပို့ရုံသက်သက် လူတစ်ယောက်ဟု ထင်ထားသော်လည်း ယခုမှပင် ရိပ်မိတော့သည်။

ဒီကောင်ကမှ ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်၏ တကယ့်လူယုံ ဖြစ်နေခြင်းပင်။

သို့မဟုတ်ပါက ထိုမျှကျယ်ဝန်းလှသော အစီရင်နယ်မြေတစ်ခုကို သူ့အား စောင့်ရှောက်ခိုင်းထားမည် မဟုတ်ချေ။

"လူစုံပြီလား"

လီယန်ချူက အေးစက်စွာ မေးလိုက်သည်။

လင်းဖုန်းကျီက အဖွဲ့ကို ဦးဆောင်ရသူ ဖြစ်သော်လည်း လူမည်မျှရှိသည်ကို အတိအကျ မသိချေ၊ ထို့ကြောင့် ရှောက်ယီမှာသာ မိစ္ဆာနိုင်ငံတော်၏ အမာခံအဖွဲ့ဝင်ဖြစ်ကြောင်း ပို၍ ထင်ရှားနေတော့သည်။

"မိတ်ဆွေတစ်ယောက် လာနေတုန်းပါပဲ"

ရှောက်ယီက ဦးညွှတ်၍ ဖြေလိုက်သည်။

စကားပြောနေစဉ်မှာပင် တံခါးမှာ နောက်တစ်ကြိမ် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီး သက်လတ်ပိုင်း စာသင်ဆရာတစ်ဦးမှာ နူးညံ့သိမ်မွေ့သော အပြုံးဖြင့် အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာသည်။

"ရှောက်ယီ... ငါ နည်းနည်း နောက်ကျသွားတယ်"

"မိတ်ဆွေတို့အားလုံးကို နှုတ်ဆက်ပါတယ် "

"စီနီယာ လင်းဖုန်းကျီကိုလည်း နှုတ်ဆက်ပါတယ် "

စာသင်ဆရာသည် အားလုံးကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်နေသည်။

လီယန်ချူ၏ မျက်ဝန်းများတွင် နတ်အလင်းများ လက်သွားပြီး ထိုစာသင်ဆရာကို အကဲခတ်လိုက်သည်။

သူသည် ဆိတ်ဖြူတစ်ကောင် ကျင့်စဉ်အောင်မြင်ထားခြင်း ဖြစ်ပြီး ကိုယ်ပေါ်တွင် သူနှင့်မဆိုင်သော ပြင်းထန်လှသည့် မိစ္ဆာအရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။

"ငါက ဒီမှာထိုင်နေတာကို မင်းက ငါ့ကို လာမနှုတ်ဆက်ဘူးလား... ရိုင်းစိုင်းလှချည်လား "

လီယန်ချူက မိုးကြိုးပစ်လိုက်သကဲ့သို့ ဟောက်လိုက်သည်။

လာပြီ... လာပြီ

ကျန်ရှိနေသော မိစ္ဆာများမှာမူ ရင်ထဲ၌ မသိမသာ စိတ်လှုပ်ရှားသွားကြသည်။

ထိုရင်းနှီးနေသော ခံစားချက်ကြီးပါလား။

ဗုန်း

စာသင်ဆရာမှာ လီယန်ချူ၏ လက်သီးချက်ကြောင့် ရင်ဘတ်ကို ထိမှန်သွားပြီး နံရံသို့ အရှိန်ဖြင့် လွင့်စင်သွားတော့သည်။

ကိုယ်ပေါ်တွင် ကိန်းအောင်းနေသော ပြင်းထန်လှသည့် မိစ္ဆာအရှိန်အဝါများ ပေါ်ထွက်လာပြီး ထိုလက်သီးချက်ကို ခဲယဉ်းစွာ ခုခံလိုက်ရသည်။

သို့သော်လည်း ပြင်းထန်လှသော တန်ပြန်ရိုက်ခတ်မှုကြောင့် သူသည် သွေးအန်သွားပြီး ကိုယ်တွင်းရှိ မိစ္ဆာစွမ်းအားများ ကမောက်ကမ ဖြစ်ကုန်သည်။

"စီနီယာ... ခွင့်လွှတ်ပေးပါ၊ ကျုပ်က အခုမှ ရောက်လာတာမို့..."

စာသင်ဆရာမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း ရှင်းပြရန် ကြိုးစားသည်။

လီယန်ချူ၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော သွေးချီလှိုင်းများ တက်လာပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ထိုမာကျောလှသော လက်သီးအရှိန်ကြောင့် စာသင်ဆရာကိုယ်ပေါ်ရှိ ကာကွယ်ထားသော မိစ္ဆာအရှိန်အဝါများမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။

စာသင်ဆရာမှာ မျက်နှာပျက်သွားသည်၊ ထိုအရာမှာ နုကျွင်းကျယ် ဆုချထားသည့် အသက်ကယ် အဆောင်အယောင်ဖြစ်ပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသော်လည်း ဤလူငယ်တာအိုဆရာအသွင်ယူထားသည့် မိစ္ဆာက အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်နိုင်သည် မဟုတ်ပါလား။

ထိုရက်ပိုင်းအတွင်း လီယန်ချူသည် မိမိကိုယ်ကို မောက်မာရိုင်းစိုင်းပြီး လူသတ်ရာတွင် မျက်တောင်မခတ်သည့် ကျွမ်းကျင်သူတစ်ဦးအဖြစ် ပုံဖော်ထားသဖြင့် မိစ္ဆာများမှာ ကျင့်သားရနေကြပြီ ဖြစ်သည်။

သို့သော် ရှောက်ယီကမူ ရုတ်တရက် တားမြစ်လိုက်သည်

"ချောင်ချောင် စီနီယာ... ဒါက နုကျွင်းကျယ်ရဲ့..."

စကားမဆုံးမီမှာပင် ဗုန်း ခနဲ အသံကြီး ထွက်ပေါ်လာသည်။

စာသင်ဆရာ၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

လီယန်ချူ၏ ပြင်းထန်လှသော လက်သီးချက်က သူ့ကို တစ်ခါတည်း အပြတ်သတ်လိုက်ခြင်းပင်။

"မင်း ဘာပြောလိုက်တာလဲ"

လီယန်ချူ၏ အေးစက်သော အကြည့်က ရှောက်ယီဆီသို့ ရောက်သွားသည်။

ရှောက်ယီ၏ မျက်နှာမှာ တောင့်တင်းသွားပြီး အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသဖြင့် အတင်းအကျပ် ပြုံးကာ

"ဪ... နုကျွင်းကျယ်ရဲ့ ခွေးတစ်ကောင်ပါပဲ၊ သတ်လိုက်တာ ကိစ္စမရှိပါဘူး"

ဟု ပြန်ဖြေလိုက်ရသည်။

လီယန်ချူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

အမှန်တော့ ရှောက်ယီ ပြောချင်သည်မှာ ဤစာသင်ဆရာသည် နုကျွင်းကျယ်၏ သားငယ်ဖြစ်ပြီး အပြစ်ပေးခံရကာ ချန်နိုင်ငံသို့ လာရောက် အမှုထမ်းနေခြင်းဖြစ်ကြောင်း ပြောချင်ခြင်း ဖြစ်သည်။

သို့သော် လီယန်ချူ၏ အေးစက်လှသော မျက်ဝန်းများကို ကြည့်ပြီးနောက် အကယ်၍ သူသာ ထိုစကားကို ပြောလိုက်လျှင် ထိုမောက်မာလှသော ချောင်ချောင် က သူ့ကိုပါ အစဖျောက်ရန် သတ်ပစ်လိမ့်မည်ဟု သူ ထင်လိုက်သောကြောင့် စကားကို အမြန်ပြောင်းလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ လီယန်ချူ၏ ထက်မြက်လှသော အကြည့်က သူ့ဆီသို့ တိုက်ရိုက် ရောက်လာခြင်းပင်။

"ချောင်ချောင် စီနီယာ..."

လီယန်ချူ၏ မျက်နှာမှာ အေးစက်နေဆဲ

"ငါ လူသတ်တဲ့နေရာမှာ မင်းက ဘယ်တုန်းကစပြီး ဝင်ပါရဲသွားတာလဲ "

ရှောက်ယီမှာ ထိတ်လန့်သွားပြီး ရင်ထဲ၌ အလွန်အေးမြသော အအေးဓာတ်တစ်ခု စိမ့်ဝင်သွားသည်။

"စီနီယာ... ကျုပ်က..."

လီယန်ချူက သူနှင့် စကားရှည်ရှည် မပြောတော့ဘဲ လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်တော့သည်။

သူ၏ ကိုယ်ပေါ်ရှိ ထူထပ်လှသော သွေးဆူလှိုင်းများမှာ အလွန်ပူပြင်းလှသဖြင့် အေးစက်မှောင်မိုက်နေသော အခန်းတွင်းရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာသည်။

ဒိုင်း

ထွားကျိုင်းလှသော ကိုယ်လုံးကြီးတစ်ခုက ရှေ့သို့ ထွက်လာပြီး လီယန်ချူ၏ လက်သီးကို ပြန်လည် ထိုးနှက်လိုက်သည်။

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် အခန်းတွင်း၌ လေဖိအားလှိုင်းများ ပြန့်နှံ့သွားသော်လည်း ဤအခန်းကို မည်သူက ဖန်တီးထားသည်မသိ၊ အစီရင်အတတ်များက ထိုအခန်းကို မည်သည့်ထိခိုက်မှုမျှ မရှိအောင် ကာကွယ်ပေးထားသည်။

"ချောင်ချောင်... မင်းနဲ့ငါက ဝက်ဝံမျိုးနွယ်တူတွေပဲ၊ ငါ မင်းကို အကြံပေးပါရစေ၊ လူသတ်ချင်တဲ့စိတ်ကို လျှော့စမ်း၊ မဟုတ်ရင် တစ်နေ့မှာ မင်းအတွက် အန္တရာယ်ဖြစ်လာလိမ့်မယ် "

ဝက်ဝံနက်ကြီးက ဒေါသတကြီး ဟောက်လိုက်သည်။

မင်းကလည်းကွာ... အလုပ်တောင် မစရသေးဘူး၊ ဒီမှာတင် လူတွေ (မိစ္ဆာတွေ) ကို လျှောက်သတ်နေတာ တော်တော်လွန်လွန်းတယ်

ထိုစကားကြောင့် မိစ္ဆာများအားလုံး မှင်တက်သွားကြသည် ဝက်ဝံမျိုးနွယ်လား သူတို့ အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။

သို့သော် သူတို့ တုံ့ပြန်ချိန်မရမီမှာပင် လီယန်ချူ၏ လက်မှာ ကျန့်ကျောင်းဓားရိုးပေါ်သို့ ရောက်သွားသည်။

ရွှိခနဲ

တောက်ပလှသော ဓားအလင်းတန်းတစ်ခု လက်သွားသည်။

ကိုယ်ခန္ဓာ အကြောအချဉ် သန်မာမှု၌ မိစ္ဆာလောကတွင် နာမည်ကြီးသော ဝက်ဝံနက်ကြီးမှာ တစ်ခဏချင်းမှာပင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားတော့သည်။

သွေးများမှာ ပန်းထွက်လာသည်။

မိစ္ဆာများ၏ မျက်လုံးများမှာ နီရဲလာကြသည် ဤ ချောင်ချောင် စီနီယာက တကယ့်ကို ကြမ်းတမ်းလွန်းလှသည် သို့သော်လည်း ထိုဝက်ဝံနက်ကြီးကို စားရမည်ဆိုပါက သူတို့၏ မိစ္ဆာစွမ်းအားမှာ အလွန်ပင် တိုးတက်လာပေလိမ့်မည်။

သူတို့သည် လီယန်ချူကို ယခုထက်ထိ သံသယမဖြစ်ကြသေးချေ၊ သို့မဟုတ်ပါကလည်း ထိုကဲ့သို့ ရက်စက်လှသော သတ်ဖြတ်မှုမျိုးမှာ မိစ္ဆာလောကတွင် ထူးဆန်းသည် မဟုတ်သောကြောင့် ဖြစ်သည်။

သူတို့ကိုယ်တိုင်လည်း လူသားများကို အမျိုးမျိုးသော နည်းလမ်းဖြင့် သတ်ဖြတ်စားသောက်နေကြသူများ မဟုတ်ပါလား။

ယခုမူ အသတ်ခံရသူမှာ မိစ္ဆာဖြစ်နေခြင်းသာ ကွာခြားသည်။

အနည်းငယ်သော မိစ္ဆာများသာ ရင်ထဲ၌ ထိတ်လန့်သွားကြသည်။

"ဒီကောင်က စိတ်ဓာတ် တော်တော် ကြမ်းတာပဲ "

လင်းဖုန်းကျီ၏ နှုတ်ခမ်းမှာ တုန်ရီနေသည် ဤ ချောင်ချောင် စီနီယာက တကယ်ပဲ မိစ္ဆာတွေကို မျက်တောင်မခတ်ဘဲ သတ်နေတာပါလား။

ဒီလောက် လူသတ်ချင်စိတ် ပြင်းပြနေတဲ့ မြေခွေးမိစ္ဆာ က ဘာဖြစ်လို့ ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်ရဲ့ ကိစ္စတွေကို လာပါဝင်နေရတာလဲ။

ဒါမှမဟုတ်...

သူ၏ ရင်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်လာသည် တခြားသော ရှေးဟောင်း မိစ္ဆာကြီးတွေက လူ့လောကမှာ မိစ္ဆာနိုင်ငံတော် ထူထောင်ဖို့ ကြိုးစားနေတာလား၊ ဒီ ချောင်ချောင် ဆိုတဲ့သူက တခြားနိုင်ငံက လူများလား။

သူ စဉ်းစား၍ မဆုံးမီမှာပင် ပို၍ အံ့သြစရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်လာပြန်သည်။

လီယန်ချူ၏ ကိုယ်မှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ထွားကျိုင်းလှသော လူကြီးတစ်ဦး၏ ရှေ့သို့ ရောက်သွားသည်။

သူသည် တောဝက်ကြီး ကျင့်စဉ်အောင်မြင်ထားသူ ဖြစ်ပြီး ခွန်အားကြီးကာ အရေခွံမှာလည်း အလွန်ပင် ထူလှသည်။

ထိုလူကြီးမှာ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားစဉ်မှာပင် သူ၏ ဘေးနား၌ ခေါင်းမပါသော အလောင်းကြီးတစ်ခု မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်မှာ ကျန်မိစ္ဆာများ၏ အံ့သြနေသော မျက်နှာများနှင့်အတူ သူ၏ နောက်ဆုံးမြင်ကွင်း ဖြစ်သွားတော့သည်။

လီယန်ချူက ဓားကို ဝှေ့ယမ်းကာ သူ့ကို တစ်ချက်တည်းဖြင့် ခုတ်သတ်လိုက်သည်။

"ငါ့ကို မျက်လုံးချင်းမဆိုင်ဘဲ ကြည့်ရဲတယ်... မင်းက ငါ့အပေါ် မရိုးသားဘူးပဲ "

လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။

မိစ္ဆာများမှာ တုန်တုန်ရင်ရင် ဖြစ်ကုန်ကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ချေ။

အစောပိုင်းက သတ်ဖြတ်မှုများတွင် အကြောင်းပြချက် အနည်းငယ် ရှိသေးသော်လည်း ယခုမူ ထိုချောင်ချောင် စီနီယာမှာ လူသတ်ရတာကို ဝါသနာပါနေသည့် ပုံစံမျိုး ဖြစ်နေပြီ။

သူတို့အားလုံးမှာ ကိုယ်ဟန်အနေအထားကို အမြန်ပြင်လိုက်ကြပြီး လီယန်ချူကို မျက်လုံးချင်းဆိုင် ကြည့်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။

"မင်းတို့က ဘာကို ကြည့်နေကြတာလဲ ငါ့အပေါ် မကျေနပ်တာ ရှိလို့လား "

လီယန်ချူက အသံကို နှိမ့်၍ ဟောက်လိုက်သည်။

မိစ္ဆာများ - "..............."

ရွှိခနဲ

လီယန်ချူ၏ ဓားက နောက်ထပ် ဝံပုလွေမိစ္ဆာ တစ်ကောင်၏ ခေါင်းကို ခုတ်ချလိုက်ပြန်သည်။

အေးစက်လှသော ဓားသွားမှာ အသားထဲသို့ နစ်ဝင်သွားသည့် အသံမှာ တိတ်ဆိတ်နေသော အခန်းတွင်း၌ ပီပီပြင်ပြင် ထွက်ပေါ်လာသည်။

သွေးများမှာ မြေပြင်အနှံ့ စီးကျသွားတော့သည်။

လိမ္မော်ရောင်ကြောင်မှာ မှင်တက်သွားပြီးနောက် မအောင့်နိုင်ဘဲ ခိုးပြုံးလိုက်မိသည် ဒီကောင်လေးကတော့... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ

အာဃာတများ ပြည့်နှက်နေသော လူစားမိစ္ဆာများမှာမူ ထိုသို့ မတွေးနိုင်ကြချေ။

သူတို့အားလုံး နောက်သို့ ဆုတ်သွားကြပြီး မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က ဘာဖြစ်နေတာလဲ ဒီလိုမျိုး လူသတ်အရူးကြီးကိုပါ အဖွဲ့ထဲ ခေါ်သွင်းထားရတယ်လို့

ဖွပ် ဖွပ် ဖွပ်

လီယန်ချူမှာ ဝံအုပ်ထဲရောက်နေသော ကျားတစ်ကောင်ကဲ့သို့ ဓားတစ်လှည့် လက်သီးတစ်လှည့်ဖြင့် သတ်ဖြတ်နေရာ ခဏချင်းမှာပင် တစ်ခန်းလုံးမှာ သားသတ်ရုံကြီးတစ်ခု အလား ဖြစ်သွားတော့သည်။

သွေးများမှာ နေရာအနှံ့ ပန်းထွက်နေသည်။

မိစ္ဆာများမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီး အခန်းတွင်းရှိ အစီရင်များကို အတတ်ပညာမျိုးစုံဖြင့် တိုက်ခိုက်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

သို့သော် လီယန်ချူသည် အစောကတည်းက စိတ်အာရုံဖြင့် စစ်ဆေးပြီးသား ဖြစ်သည်၊ ထိုနေရာရှိ အစီရင်အတတ်များမှာ အလွန်ပင် မာကျောလှသဖြင့် ခဏတစ်ဖြုတ်နှင့်တော့ လုံးဝ ဖျက်ဆီး၍ ရနိုင်မည် မဟုတ်ချေ။

အခန်း (၃၉၈) - စီစဉ်မှု ၊ မင်းသားငယ် ၊ နယ်ပယ်တု ၊ သတို့သမီးဝတ်စုံ ၊ မရဏကမ္ဘာမှ နတ်ဘုရား ကိုယ်တိုင်ကြွရောက်လာခြင်း

လီယန်ချူ၏ ကိုယ်ဟန်မှာ ရက်စက်လှသည်။

သူသည် ကျန့်ကျောင်းဓားကို အားကိုးတကြီးဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေရာ ထက်မြက်လှသော ဓားသွားကို မည်သည့်အရာကမျှ တားဆီးနိုင်စွမ်း မရှိချေ။

ယနေ့ခေတ် သူ၏ ကြံ့ခိုင်သန်စွမ်းလှသော ခန္ဓာကိုယ်အချိုးအစားဖြင့် ကျန့်ကျောင်းဓားကို ဤကဲ့သို့ အသုံးပြုခြင်းမှာ

ကမ္ဘာပျက်သည့်တိုင်အောင် ဆက်တိုက် ခုတ်ပိုင်းနေနိုင်စွမ်း ရှိပေသည်။

တကယ့်ကို တောင်ဘက်နတ်တံခါးမှသည် ပန်းသီးသစ်သီးတောင် အထိ မျက်တောင်မခတ်ဘဲ သုံးရက်သုံးညတိုင်တိုင် တရစပ် ခုတ်သတ်နိုင်သည့် အစွမ်းမျိုးပင်

အစီရင်အတတ်ဖြင့် ပိတ်ဆို့ထားသော အခန်းတွင်း၌ မိစ္ဆာတို့၏ အသည်းခိုက်မတတ် အော်ဟစ်သံများမှာ တရစပ် ထွက်ပေါ်နေတော့သည်။

အလောင်းများမှာလည်း နေရာအနှံ့ တောင်ပုံရာပုံ ဖြစ်နေပြီ။

ဒေါင်

ဒေါင်

ဒေါင်

ထိုက်ရွှီးကျောင်း၌ တရားပွဲတော် ကျင်းပသည့် အထိမ်းအမှတ် ခေါင်းလောင်းသံများ မြည်ဟည်းလာသည်။

ထိုက်ရွှီးကျောင်းမှ ဟွာယန်နတ်မိမယ် ယန်ဝိညာဉ် စုစည်းနိုင်မှုနှင့် တတိယအဆင့်သို့ တက်လှမ်းနိုင်မှုကို ဂုဏ်ပြုရန် နာမည်ကျော် ဗုဒ္ဓဘာသာကျောင်းတော်များနှင့် တာအိုကျောင်းဆောင်များစွာမှ ကိုယ်စားလှယ်များ စေလွှတ်၍ လာရောက်ဂုဏ်ပြုကြသည်။

ထိုက်ရွှီးကျောင်း တစ်ခုလုံးမှာ ပျော်ရွှင်ကြည်နူးစရာ အတိပြီးနေတော့သည်။

နုကျွင်းကျယ်သည် ထိုက်ရွှီးကျောင်းအနီးသို့ ကပ်မသွားဘဲ အဝေးတစ်နေရာမှ ပုန်းကွယ်လျက် ထိုက်ရွှီးကျောင်းအတွင်းရှိ လှုပ်ရှားမှုများကို နတ်မျက်စိအာရုံဖြင့် အကဲခတ်နေသည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ

ပွဲတော်စတင်ချိန်မှ ပြီးဆုံးခါနီးအထိ

"တောင်အောက်တွင် မိစ္ဆာများ ဆူပူသောင်းကျန်းနေသဖြင့်၊ စီရင်စုနှင့် ခရိုင်များ အခြေအနေ မဟန်တော့ပါ၊ ကျွမ်းကျင်သူ ပညာရှင်များ ဆင်း၍ နှိမ်နင်းပေးပါ"

ဟု လာရောက်သတင်းပို့သူ တစ်ဦးတစ်ယောက်မျှ ပေါ်မလာချေ။

သူသည် အနည်းငယ် မိန်းမောတွေဝေသွားမိသည်။

ဘေးနားရှိ ပညာရှိကြီးတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"နုကျွင်းကျယ်... မင်း ရွှီကျိုးစီရင်စုကို ဆူပူအောင် လူလွှတ်ထားတယ်ဆို၊ အခုထိ ဘာလို့ ဘာသံမှ မကြားရသေးတာလဲ "

နုကျွင်းကျယ်မှာ ကြေးနီမျက်နှာဖုံး တပ်ထားသဖြင့် သူ၏ အမူအရာကို မမြင်ရချေ။

"ကျောက်သခင်... မလောပါနဲ့ဦး၊ တစ်နေရာရာမှာ ပြဿနာတက်နေလို့ ဖြစ်မယ်၊ ငါ အခုပဲ သွားစစ်ဆေးလိုက်ပါ့မယ်"

ပညာရှိလူအိုကြီး၏ မျက်နှာမှာ မှောင်ကျသွားပြီး အေးစက်စွာ ပြောလိုက်သည်

"နုကျွင်းကျယ်... မင်းသားငယ် က မင်းတို့ ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့တာ။ ဒါပေမဲ့ ပထမဆုံးအလုပ်ကိုတင် မင်း ဒီလိုလုပ်ပြတော့ ငါ့မှာ အထက်ကို ဘယ်လို ပြန်တင်ပြရမလဲ"

နုကျွင်းကျယ်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်

"ဒီကိစ္စကို ငါ အကြာကြီး စီစဉ်ခဲ့တာပါ။ မိစ္ဆာကြီးတွေ အများကြီးကို စုစည်းပြီး လူသားအသွင်ပြောင်းဆေးနဲ့ မြှူဆွယ်ထားတာ။ သူတို့အားလုံး ချင်းမုခရိုင်မြို့ထဲမှာ စုမိနေပြီဆိုတော့ ပြဿနာမရှိနိုင်ပါဘူး"

"ပြဿနာမရှိနိုင်ဘူး ဟုတ်လား"

ပညာရှိအိုကြီးက လှောင်ပြုံးပြုံးလိုက်သည်။

သူသည် ရင်ဘတ်ထဲမှ စာလိပ်တစ်ခုကို ထုတ်ယူလိုက်ရာ ထိုစာလိပ်ပေါ်၌ ရွှေရောင်စာလုံးကြီး တစ်လုံး ရှိနေသည်

"ယဇ် "

စာလိပ်ကို ထုတ်လိုက်သည်နှင့် ပြင်းထန်လှသော အရှိန်အဝါတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

နုကျွင်းကျယ်မှာ အံ့သြသွားသည်

"ဒါ... သူရဲကောင်းဝိညာဉ်စာလိပ် လား"

သူသည် မသိမသာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

ပညာရှိလူအိုကြီးက အေးစက်စွာ ဆိုသည်

"ငါက မင်းသားငယ်ကို အစောကြီးကတည်းက ပြောသားပဲ၊ မိစ္ဆာတွေက အလုပ်လုပ်ရင် အားမကိုးရဘူးလို့။ မင်းတို့ကိုသာ စောင့်နေရင် ဒီနေ့ ငါတို့ အလုပ်တွေ အလကား ဖြစ်ကုန်တော့မှာပေါ့ "

နုကျွင်းကျယ်က ဘာမှ ပြန်မပြောဘဲ ပညာရှိလူအိုကြီးလက်ထဲမှ စာလိပ်ကိုသာ စိုက်ကြည့်နေသည်။

ဤသူရဲကောင်းဝိညာဉ်စာလိပ်မှာ ပညာရှိ တို့၏ နည်းလမ်းတစ်ခုဖြစ်ပြီး အစွမ်းထက်သော ဝိညာဉ်တစ်ခုကို ဆင့်ခေါ်နိုင်သည်။

သို့သော် ပညာရှိစာသင်သားတို့သည် မူလကဖြောင့်မတ်ခြင်းချီ ကို ကျင့်ကြံကာ နှုတ်ထွက်စကားဖြင့် ရန်သူကို နှိမ်နင်းသူများ ဖြစ်သည်။

ထိုစာလိပ်ကဲ့သို့သော အတတ်မှာ မိစ္ဆာလမ်းစဉ် နည်းလမ်းများပင် ဖြစ်သည်။

အကြောင်းမှာ ဤစာလိပ်ကို ရေးထိုးနိုင်ရန်အတွက် လူပေါင်းတစ်ထောင်၏ ဝိညာဉ်ကို ယဇ်ပူဇော်ရသောကြောင့် ဖြစ်သည်။

မိစ္ဆာတွေက လူသတ်လူစားတယ်လို့ ပြောကြပေမဲ့၊ လူအချင်းချင်း သတ်တာကမှ တကယ့်ကို ရက်စက်တာပဲ ဟု နုကျွင်းကျယ် ရင်ထဲ၌ တွေးလိုက်မိသည်။

သူက အေးစက်စွာ ပြောသည်

"ကျောက်သခင်... ဒီကိစ္စကို အဖြေပေါ်အောင် ငါ သေချာစုံစမ်းပြီး မင်းသားငယ်ဆီကို အစီရင်ခံပါ့မယ်"

စကားဆုံးသည်နှင့် သူသည် မိစ္ဆာလေပြင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

"ဟွန်း... မိစ္ဆာတွေများ"

ပညာရှိလူအိုကြီးက လှောင်ပြုံးပြုံးလိုက်ရင်း လူတစ်ထောင်၏ ဝိညာဉ်ဖြင့် ယဇ်ပူဇော်ထားသော သူရဲကောင်းဝိညာဉ်စာလိပ်ကို စတင် အသုံးပြုလိုက်သည်။

အလွန်အေးစက် မှောင်မိုက်သော အရှိန်အဝါများ စာလိပ်မှ စိမ့်ထွက်လာတော့သည်။

ထိုက်ရွှီးကျောင်း

မူလက အေးချမ်းသာယာပြီး နတ်သက်ကြွေသကဲ့သို့ ရှိနေသော တာအိုနယ်မြေမှာ ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားသည်။

ထိုတိမ်တိုက်များသည် တရိပ်ရိပ် ကြီးထွားလာပြီး အလွန်ထူထပ်သော ယင်ချီ များ ဝန်းရံလာတော့သည်။

"ဟင် "

ပွဲတက်ရောက်လာသော ကျင့်ကြံသူတစ်ဦးမှာ မော့ကြည့်လိုက်ရာ ထိုပြင်းထန်လှသော ယင်ချီများကြောင့် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားသည်။

မရဏလေပြင်းများ တိုက်ခတ်လာပြီး လောကကြီးမှာ အလင်းပျောက်ကွယ်သွားသည်။

နားထဲ၌လည်း နာကျင်စွာ အော်ဟစ်သံများ၊ ယောက်ျား မိန်းမတို့၏ ရန်ဖြစ်သံများ၊ သက်ကြီးရွယ်အိုတို့၏ သက်ပြင်းချသံ၊ ကလေးငယ်တို့၏ ငိုယိုသံ၊ သားသတ်ဓားဖြင့် အသားကို ခုတ်ထစ်နေသော ဗုန်းဗုန်းသံ၊ မီးလောင်သံ၊ ရေနစ်သံ... အရာအားလုံးမှာ နားထဲသို့ တိုးတိုးလေး လာပြောနေသကဲ့သို့ ခံစားရပြီး စိတ်ကို အလွန်ပင် လေးလံစေသည်။

လိမ့်တက်လာသော ယင်ချီများထဲတွင် မည်းမှောင်သော ပုံရိပ်ပေါင်းများစွာရှိနေပြီး ထိုက်ရွှီးကျောင်းကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

"ဒါ... မရဏကမ္ဘာ က နတ်ဘုရားတစ်ပါး ပေါ်လာတာပဲ "

"တောင်စောင့်အစီရင်ကို ဖွင့်ကြ "

ထိုက်ရွှီးကျောင်း ဂိုဏ်းချုပ် ရွှမ်ကျီကျိရင်က အသံကုန် ဟစ်အော်လိုက်သည်။

ပုံရိပ်များစွာမှာ လျှပ်စီးကဲ့သို့ ပြေးထွက်သွားကြသည်။

ထိုသူတို့မှာ ထိုက်ရွှီးကျောင်း၏ အမာခံ တပည့်များဖြစ်ပြီး အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် တောင်စောင့်အစီရင်ကို သွားရောက် ထိန်းချုပ်ကြခြင်း ဖြစ်သည်။

အားလုံး၏ ရင်ထဲ၌ အလွန်လေးလံနေသည်။

ထိုတောင်စောင့်အစီရင်မှာ ဘိုးဘေး ဇီယွမ်နတ်မိမယ် ကိုယ်တိုင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး ပျက်စီးမည့် အန္တရာယ်နှင့် ကြုံမှသာ အသုံးပြုရသော အရာဖြစ်သည်။

ထိုက်ရွှီးကျောင်းသည် နှစ်ပေါင်းများစွာအတွင်း အန္တရာယ်များစွာ ကြုံခဲ့ဖူးသော်လည်း ဤအစီရင်ကို မသုံးခဲ့ချေ။

သို့သော် ယခုအခါတွင်မူ ဂိုဏ်းချုပ်ကိုယ်တိုင် ချက်ချင်းဖွင့်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။

ထိုက်ရွှီးကျောင်းပေါ်သို့ ဖိစီးနေသော ယင်ချီမှာ အလွန်ပင် ထူထပ်လွန်းလှသောကြောင့် ဖြစ်သည်။

ဝေါင်း

အာဃာတများ ပြည့်နှက်နေသော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ဝိညာဉ်အငွေ့အသက်များမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။

ယင်ချီများကြားမှ သွယ်လျလှပသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။

ဆံပင်ရှည်များက ပခုံးပေါ်သို့ ဝဲကျနေပြီး မျက်နှာမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလှသည်။

သူမ၏ မျက်နှာထက်တွင်မူ လှောင်ပြောင်ကျီစယ်သော အရိပ်အယောင်များ ရှိနေသည်။

"သရဲဘုရင် တစ်ကောင်ကများ ငါနဲ့ ဒီအခွင့်အရေးကို လုရဲတယ်ပေါ့ "

"ဒါက လူသားတွေရဲ့ အနံ့ပဲ၊ တကယ့်ကို လွမ်းစရာကောင်းလိုက်တာ "

အမျိုးသမီး၏ ရယ်မောသံမှာ ငွေခေါင်းလောင်းလေးများ လှုပ်ခတ်သကဲ့သို့ သာယာလှသည်။

ပညာရှိလူအိုကြီးမှာမူ မျက်မှောင်ကြုတ်သွားသည်။

သူရဲကောင်းဝိညာဉ်စာလိပ်ကို သုံးပြီး မည်ကဲ့သို့သော တည်ရှိမှုကို ဆင့်ခေါ်မိလိုက်သနည်းဟု သူ ဝေခွဲမရ ဖြစ်နေသည်။

သို့သော် ထိုအမျိုးသမီး၏ စကားအရ သိလိုက်ရသည်မှာ

မူလက ထွက်လာရမည့် မရဏကမ္ဘာမှ သရဲဘုရင်ကို သူမက ရှင်းပစ်လိုက်ပုံရသည် မဟုတ်ပါလား။

"ရဲတင်းလှချည်လား မိစ္ဆာမ လူ့လောကကို ကျူးကျော်ရဲတယ်ပေါ့ "

ဟွာယန်နတ်မိမယ်က အေးစက်စွာ ဆိုလိုက်သည်။

သူမသည် ဓားကို စီး၍ ကောင်းကင်သို့ ပျံတက်သွားသည်။

ကျယ်ဝန်းလှသော တာအိုဝတ်ရုံမှာ လေတိုက်သဖြင့် သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည်။

သို့သော် ယခုအချိန်တွင်မူ မည်သူကမျှ အလှအပကို ခံစားနိုင်စွမ်း မရှိချေ။

အကယ်၍ ထိုထိတ်လန့်ဖွယ် ယင်ချီပိုင်ရှင်ကသာ ဟွာယန်ကို အနိုင်ယူသွားပါက ထိုက်ရွှီးကျောင်းသာမက

ချင်းမုခရိုင်မြို့၊ တစ်ရွှီကျိုးစီရင်စုလုံးမှာ ဝိညာဉ်ကမ္ဘာအဖြစ် ပြောင်းလဲသွားပေလိမ့်မည် ထိုအခါ ယင်နှင့်ယန် ပြောင်းပြန်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အာဃာတဝိညာဉ်များနှင့် သရဲသရဲများစွာ ပေါ်ထွက်လာပေလိမ့်မည်။

"ရွှမ်ယင် ခန္ဓာကိုယ်၊ နယ်ပယ်တု ပါလား "

"ဟားဟား... ကိုယ်တိုင်က သူတစ်ပါးအတွက် သတို့သမီးဝတ်စုံ ဖြစ်ပေးရတော့မှာကိုတောင် မသိဘဲ ငါ့ကို ရန်စရဲတယ်ပေါ့ "

မရဏကမ္ဘာမှ ရောက်လာသော အမျိုးသမီးငယ်က အေးစက်စွာ လှောင်ရယ်လိုက်သည်။

ဟွာယန်နတ်မိမယ်မှာ မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ ပြန်မပြောချေ။

သို့သော် အောက်တွင်ရှိသော ဂိုဏ်းချုပ် ရွှမ်ကျီကျိရင်မှာမူ အလွန်အံ့သြသွားပြီး မျက်နှာပျက်သွားတော့သည်။

ဒီအမျိုးသမီးက ဘယ်လိုတည်ရှိမှုမျိုးလဲ၊ ဘာလို့ ဟွာယန်ရဲ့ အခြေအနေကို ဒီလောက်အထိ ထိုးထွင်းမြင်နေရတာလဲ

ရွှမ်ကျီကျိရင်၏ ရင်ထဲ၌ လှိုင်းတံပိုးများ ထနေတော့သည်။

"သွား "

ဟွာယန်နတ်မိမယ်သည် မိစ္ဆာနှိမ်နင်းသည့် ဓားကျင့်စဉ်လမ်းကို လျှောက်လှမ်းသူ ဖြစ်ရာ လက်ထဲရှိ ယွဲ့ယင်နတ်ဓားမှာ တောက်ပလှသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ရိုက် ပြေးထွက်သွားတော့သည်။

တိန် တိန် တိန်

ယွဲ့ယင်နတ်ဓားသည် ထိုအမျိုးသမီးငယ်ကို အဆက်မပြတ် တိုက်ခိုက်သော်လည်း အမျိုးသမီး၏ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော စွမ်းအားများကြောင့် ပြန်လည် လွင့်စင်လာခဲ့ရသည်။

သူမ၏ တန်ခိုးစွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဟင် "

ဟွာယန်မှာ အနည်းငယ် မိန်းမောသွားသည်။

ယွဲ့ယင်နတ်ဓားမှာ အလင်းတန်းတစ်ခုအဖြစ် သူမ၏လက်ထဲသို့ ပြန်ရောက်လာသည်။

သူမသည် ဓားကို တည်ငြိမ်စွာ ကိုင်ဆွဲထားပြီး သူမ၏ အရှိန်အဝါမှာလည်း တစ်လောကလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဝုန်း

ဝုန်း

ဟွာယန်နတ်မိမယ်သည် ယွဲ့ယင်နတ်ဓားကို အသုံးချကာ တောက်ပသော ဓားအရှိန်အဝါများစွာကို ထုတ်လွှတ်ပြီး မရဏကမ္ဘာအက်ကွဲကြောင်းမှ ထွက်လာသော အမျိုးသမီးနှင့် အကြိတ်အနယ် တိုက်ခိုက်တော့သည်။

ပြင်းထန်လှသော ယင်ချီများမှာ ကောင်းကင်တိုင်ကြီးကဲ့သို့ ကြီးမားသော လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုက်ရွှီးကျောင်း၏ တောင်စောင့်အစီရင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ရွှေရောင်အလင်းတန်းများမှာ တစ်ခဏချင်း မှိန်ဖျော့သွားသည်။

ထိုအမျိုးသမီးငယ်မှာ တတိယအဆင့် တာအို ယန်ဝိညာဉ်ရှင်တစ်ဦးနှင့် တိုက်ခိုက်နေရင်းမှာပင် ထိုက်ရွှီးကျောင်း၏ တောင်တံခါးကို တိုက်ခိုက်ရန် အင်အားအကြွင်းအကျန် ရှိနေသေးသည်။

အကယ်၍ လီယန်ချူသာ ထိုနေရာမှာ ရှိနေပါက ဤအမျိုးသမီးငယ်ကို ချက်ချင်း မှတ်မိပေလိမ့်မည်။

ယခင်က ယူမင်တောင် မှ လယ်သမားအို ဝမ်ရွှယ်အန်းသည် လျှို့ဝှက်နည်းလမ်းဖြင့် ဤအမျိုးသမီး၏ ရုပ်အလောင်းကို ဆင့်ခေါ်ခဲ့ဖူးသည်။

ထိုစဉ်ကပင် သူမမှာ အလွန်ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဖုန်းတူး ဝိညာဉ်နယ်မြေ၌ သတိပြန်လည်လာပြီးနောက် တစ်ခဏချင်းမှာပင် တတိယအဆင့်ရှိသော မရဏကမ္ဘာ၏ အရှင်သခင်ကြီး တစ်ပါး ဖြစ်လာခဲ့သည်။

သူမ၏ အမည်မှာ စုရွှန်းချင်း ဖြစ်သည်။

All Chapters