အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း (၉၇)
( စစ်ခေါင်းဆောင် ရန်ငြိမ်းအောင် )
အောင်င်္ဂလာနန်းတွင်းမှာတော့ အောင်ဇေယျနိုင်တစ်ယောက် ပြာယာခက်နေပါတယ်။ သူရှေ့မှာ ဒီတစ်ကြိမ်ရဲ့ နိုင်ငံပြိုင်ပွဲဆီ သွားကြတဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ယောက် ရှိနေပါတယ်။
"ဘုရင်မင်းမြတ် မြန်မြန်ပြင်ဆင်မှရမှာပါ၊ ကျိုင်းကောင်နယ်မြေအတွင်းပိုင်းက အဆင့်မြင့်ကျိုင်းကောင်ဘုရင်မတွေ ထွက်ပေါ်လာပါပြီ"
"ဒီနှုန်းနဲ့ဆိုရင် တစ်နှစ်အတွင်း သီရိမင်္ဂလာအင်ပါယာက ကျိုင်းကောင်ကပ်ဘေးကို သေချာပေါက် ရင်ဆိုင်ရတော့မှာပါ"
"ငါကိုယ်တော်လဲ အဲဒါကိုမသိဘူးထင်နေတာလား"
"ဒါပေမဲ့ ငါကိုယ်တော်တို့နိုင်ငံမှာက ချီဧကရာဇ် အထွတ်အထိပ်ရောက်နေတဲ့ အဆင်မြင့်ကျင့်ကြံသူ ဆယ်ဦးထက် ပိုရှိမနေဘူးလေ"
"ပြီးတော့ သူတို့အများစုက မိသားစုဘိုးဘေးတွေနဲ့ ဂိုဏ်းဘိုးဘေးတွေဆိုတော့ ပြောရဆိုရ လက်ပေါက်ကပ်တယ်"
"ဘုရင်မင်းမြတ်၊ ကျွန်တော်တစ်ခုအတင့်ရဲပြီး မေးပါရစေ"
"အင်း၊ မေးပါ"
"စောရန်နိုင်က တကယ်ပဲ ဘုရင်မင်းမြတ်နဲ့ လင်းဝူတို့ရဲ့ သွေးသားပါလား၊ ကျွန်တော်အထင်တော့ အစ်ကိုလတ် ရန်ထက်အောင်ရဲ့ သွေးသားလို့ထင်မိပါတယ်"
"ဘာ"
"မစိုးရိမ်ပါနဲ့ ဘုရင်မင်းမြတ်၊ အမှန်အတိုင်းသိချင်ယုံပါပဲ ဒီကိစ္စမပေါက်ကြားစေရပါဘူး"
" ဟူး ... အချိန်တန်ပြီထင်ပါရဲ့လေ၊ အမှန်ပါပဲ မင်းထင်သလို ညီအစ်ကိုရန်ရဲ့ သွေးသားအရင်းပါ"
ထိုနောက် အောင်ဇေယျနိုင်က လွန်ခဲ့တဲ့အနှစ်၂၀က ကိစ္စတွေကို ပြန်ပြောပြလိုက်ပါတယ်။
"ဟား ... အဲဒါကြောင့် အစ်ကိုကြီးရန်နိုင်စိုးက စောရန်နိုင်ရဲ့ မွေးစားအဖိုးအဖြစ် လက်ခံလိုက်တာကိုး၊ ထင်တော့ထင်မိပါရဲ့လေ"
"ဒါတွေထားပါတော့ဗျာ၊ အခုက ကျိုင်းကောင်ကပ်ဘေးလဲနီးနေပြီ၊ အနောက်ပြည်နယ်မှာလဲ တူလေးစောက မွှေနေတယ်ကြားတယ်၊ အမှန်ပဲလားဗျ"
"ဟား၊ အဲဒီကလေးက သူ့အဖေလိုပဲဟ ရောက်တဲ့နေရာ နာမည်ကြီးတာလွန်ရောဟေ့၊ ဟား ... "
"အခုလဲ လက်နက်ဆန်းတွေတီထွင်ပြီး အင်အားသိန်းချီကို ပိုင်ဆိုင်နေပြီလေ၊ အနောက်ပြည်နယ်စောင့်တပ်တောင် တူလေးစောတပ်တွေရဲ့ ပြိုင်ဖက်မဟုတ်တော့ဘူးတဲ့"
"အဲဒါအမှန်ပဲလား၊ အဲဒါကို ရန်နိုင်အောင်က ထိုင်ကြည့်မနေလောက်ပါဘူး"
"ဘယ်ထိုင်ကြည့်နေမလဲ၊ နွယ်ပန်းမြို့မှာ ရန်နိုင်အောင်ရဲ့ မိသားစုတပ်တွေနဲ့ တူလေးစောရဲ့ သစ္စာခံတပ်တွေ အကြီးအကျယ်တိုက်ကြတာ ရန်နိုင်အောင်ရဲ့သစ္စာခံ မိသားစုတပ်တွေ သောက်သောက်လဲသေကြတယ်ဆိုပဲဟေ့"
"ဒါတင်မကဘူးဟေ့ နေရာတကာပါနေတဲ့ ပါကြီးဂိုဏ်းတွေလဲ သောကမြို့တိုက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်နေတာလေ၊ အခုတစ်ကြိမ်တိုက်နေတာနဲ့ဆို သုံးကြိမ်ရှိပေါ့"
"ကြည့်ရတာ တူလေးစောက ဗျတ္တ၊နန္ဒနဲ့ ဒဿတို့ကို အားနာနေပုံရပါရဲ့ကွာ"
အောင်ဇေယျနိုင်က စောရန်နိုင်ရဲ့ တိုက်ပွဲတွေအကြောင်းကို ပြန်ပြောပြနေပြီး သဘောအတွေ့ကြီးတွေ့နေပါတယ်။
"ဘုရင်မင်းမြတ်၊ ကျွန်တော်အနေနဲ့ အကြံတချို့ပေးလိုပါတယ်၊ စဉ်းစားပေးနိုင်မလား"
"ပြောကြည့်ပါ၊ သင့်မသင့် စဉ်းစားရမှာ ငါကိုယ်တော်ရဲ့အပိုင်းပဲ"
"ဟုတ်ကဲ့၊ ကျွန်တော်သိထားသလောက်တော့ အနောက်ပြည်နယ်က ရန်မိသားစု အရှုပ်အထွေးတိုက်ပွဲက အဖြေတစ်ခုလဲ ပေါ်နေပါပြီ"
"အဲဒါအပြင် စောရန်နိုင်ရဲ့ လုပ်ရည်ကိုင်ရည်ကလဲ ထူးချွန်ကြောင်း သက်သေပြနေပါတယ်"
"အဲဒီအတွက် စောရန်နိုင်ကို စစ်ခေါင်းဆောင်သစ် အနေနဲ့ ခန့်အပ်ပြီး ကျိုင်းကောင်သုတ်သင်ရေးတွေမှာ သူရဲ့သဘောဆန္ဒအတိုင်း စီမံခိုင်းတာ ပိုကောင်းမယ်လို့ ယူဆမိပါတယ်"
အောင်ဇေယျနိုင်အနေနဲ့ ခနမျှစဉ်းစားတွေဝေနေပါတယ်။ စောရန်နိုင်အနေနဲ့ ကျင့်ကြံသူဖြစ်နေတာကိုလဲ သူသိထားပါတယ်။
ယခုအချိန်မှာ အရေးပေါ်အခြေအနေ ဖြစ်နေတာကြောင့် သူတစ်ယောက်ထဲအားနဲ့ ဒီကိစ္စကို သူမလုပ်ဆောင်နိုင်ပါဘူး။
"ဒီကိစ္စက မလွယ်လောက်ဘူး၊ မိသားစုသုံးခုက အပြင်းအထန် ကန့်ကွက်မှာ အသေအချာပဲ"
ရန်ငြိမ်းအောင် တစ်ချက်ပြုံးလိုက်၍
"အသက်နှစ်ဆယ်အောက်က ဂိုဏ်းဝင်၊ မိသားစုဝင်တွေနဲ့ သဆ်မှတ်ချက်ပြည့်တဲ့ မည်သူမဆိုပါဝင်မဲ့ စစ်ခေါင်းဆောင်သစ် ရွေးချယ်ပွဲဆိုပြီး လုပ်သင့်ပါတယ်"
"ဟုတ်တယ်၊ အဲဒါအကောင်းဆုံးပဲ"
"စစ်ခေါင်းဆောင် ရန်ငြိမ်းအောင် အမိန့်နာယူပါ"
"ကျွန်တော် ရန်ငြိမ်းအောင် အမိန့်နာခံနေပါတယ်"
"ရန်ငြိမ်းအောင်အနေနဲ့ စစ်ခေါင်းဆောင်သစ်ရွေးချယ်ပွဲကို ဦးစီးကျင်းပရမယ်၊ စည်းကမ်းအနေနဲ့က ပါဝင်သူတိုင်းဟာ သူတို့ရဲ့သက်ဆိုင်ရာ အသီးသီးကို ကိုယ်စားပြုနိုင်ရမယ်၊ အသက်နှစ်ဆယ်အောက်ငယ်ရမယ်၊ ကျင့်ကြံဆင့် ကန့်သတ်ချက်မရှိဘူး၊ အသက်သေသည်အထိ မတိုက်ရဘူး၊ နေရာဒေသကို ရန်ငြိမ်အောင်က သေသေချာချာပြင်ဆင်ပေးရမယ်၊ အမိန့်တော်ကိုထပ်ဆင့်ထုတ်ပြန်ပါ"
"ဟုတ်ကဲ့"
အခန်း ၉၇ ပြီး
အခန်း ၉၈
( တစ်ရာပြည်နယ်၏ စစ်အင်အား )
အနောက်ပြည်နယ်ရဲ့ ၆လဆက်တိုက် တောက်လောင်ခဲ့တဲ့စစ်မီးတောက်ဟာ ယခုအချိန်မှာ ငြိမ်ကျသွားခဲ့ပါပြီ။
အောင်နိုင်သူကတော့ အသက်၁၉နှစ်အရွယ် သားရဲတစ်ထောင်မြို့အရှင် စောရန်နိုင်ဖြစ်တာကိုတော့ မေးနေစရာမလိုအောင်ကို အောင်မင်္ဂလာနိုင်ငံတဝန်း သိထားကြပါတယ်။
သိန်းချီတဲ့စစ်သည်တွေဟာ သက်ဆိုင်ရာအလိုက် ကိုယ်စားပြုတွေအတွက် စစ်မြေပြင်မှာ အသက်ပေးခဲ့ကြရပါတယ်။
သားရဲတစ်ထောင်မြို့၊ စေတစ်ရာမြို့၊ နွယ်ပန်းမြို့၊ သောကမြို့ စတဲ့မြို့အသီးသီးမှာ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွေကို စောရန်နိုင်က အိတ်ထဲကစိုက်ထုတ်ပြီး ကျင်းပပေးခဲ့ပါတယ်။
အောင်မင်္ဂလာနန်းတွင်းကလဲ စောရန်နိုင်ကို နယ်စားဘွဲ့ ပေးအပ်ခဲ့ပြီး သားရဲတစ်ထောင်မြို့အား မြို့တော်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စောရန်နိုင်အပေါ် သစ္စာခံခဲ့ကြတဲ့ မြို့ကြီးမြို့ငယ်ပေါင်း ၃၆မြို့အား စုပေါင်းကာ တစ်ရာပြည်နယ်အဖြစ် သီးသန့်ဖွဲ့စည်းခွင့်ပြုလိုက်ပြီး အပိုင်စားပေးလိုက်ပါတယ်။
စစ်ပွဲရဲ့ ရလာဒ်အနေနဲ့ အောင်မင်္ဂလာ နိုင်ငံတော်မှာ ပြည်နယ်၅ခု ရှိလာခဲ့ပြီး စောရန်နိုင်ဟာ ကိုယ်ပိုင်စစ်တပ် ကိုယ်ပိုင်ပြည်နယ် တည်ထောင်ခွင့် ရရှိခဲ့ပါပြီ။
ဒီကနေ့ဟာ သွေးစွန်းတိုက်ပွဲကြီး ပြီးဆုံးခဲ့တာ ၁နှစ်ပြည့်ခဲ့ပြီမို့ နယ်စားဘွဲ့ခံ စောရန်နိုင်ဟာ သီဟသီရိ ( သားရဲတစ်ထောင်မြို့ ) မြို့တော်သစ်မှာလဲ အောက်မေ့ဖွယ် နှစ်ပတ်လည်ပွဲတစ်ခုကို ကျင်းပနေခဲ့ပါတယ်။
စောရန်နိုင်ဟာ တစ်ရာပြည်နယ်စားဖြစ်ပြီးတဲ့နောက် ၃၆မြို့သော လက်အောက်ခံမြို့တွေကို တစ်နှစ်အတွင်းမှာပဲ စနစ်တကျဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မြို့စားဆိုတဲ့ အမည်အစား မြို့တော်ဝန်ဆိုတဲ့ နာမည်သစ်တစ်ခုကို အစားထိုးပြီး အသုံးပြုခဲ့ပါတယ်။
သီရိသီဟမင်္ဂလာခန်းမထဲမှာ သီရိသီဟမြို့တော်ရဲ့ မြို့တော်ဝန် လွင်မိုး၊ ဆေးပင်တစ်ရာ မြို့တော်ဝန် ချစ်မွှေး၊ နွယ်ပန်းမြို့တော်ဝန် ထွန်းအောင်တို့အပါအဝင် စောရန်နိုင်ရဲ့ သစ္စာခံများအားလုံး တစ်စုတစ်စည်းထဲရှိနေပါတယ်။ စောရန်နိုင်က
"ပွင့်လင်းသောလေလံစံအိမ်က ပေးထားတဲ့သတင်းတွေအရ ကျွန်းမြေအနှံ့ ကျိုင်းကောင်သားရဲတွေ ပျံ့နှံ့နေပြီလို့သိရတယ်၊ အဲဒါအမှန်ပဲလားဗျ"
ထွန်းအောင်က
"အမှန်ပါပဲ နယ်စားစော၊ သတင်းအချက်အလက် တချို့ကို ထပ်ဖြည့်ရရင် အဲဒါတင်မကသေးပါဘူး"
"အောင်မင်္ဂလာ နိုင်ငံကူးပေါ်တယ်ထဲကနေ ကျိုင်းကောင်တွေ တရပ်စက် ဝင်လာနေကြလို့ အခုဆိုရင် ထိန်းရခက်တဲ့အနေအထား တစ်ခုကို ရောက်နေပါပြီ"
"ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာဘက်ကကော ကျွန်တော့်ညွှန်ကြားထားတာတွေ စီစဉ်ပြီးပြီလား"
"တင်ပြပါတယ် နယ်စားစော၊ နယ်စားစောရဲ့ ညွှန်ကြားချက်အရ"
မင်းထင်နော်ရထာက စာလိပ်တစ်ခုအားကြည့်၍
" တစ်တပ်ကို ၅ထောင်နှုန်းနဲ့ နော်မန်ကနိုက်မြင်းတပ်နဲ့ သံချပ်ကာမြင်းတပ်ပေါင်း၃၀ဆီ၊ တစ်တပ်ကို ၄၅၀၀နှုန်းနဲ့ တော်ဝင်နိုင်ဗယ်ကနိုက်မြင်းတပ်ပေါင်း ၂၅တပ်၊ တစ်တပ်ကို ၆ထောင်နှုန်းနဲ့ လေဟုန်ခွင်းမြင်းတပ်ပေါင်း ၅၀တပ်၊ စုစုပေါင်း မြင်းတပ် ၁၃၅တပ် အဖြစ် ၇သိန်းသောမြင်းတပ်သားတွေကို ပြန်ဖွဲ့စည်းပြီးပါပြီ"
"သူတို့ကို ဗိုလ်ချုပ်စည်သူကျော်စွာ၊ ဗိုလ်ချုပ်မင်းရဲကျော်စွာ၊ ဗိုလ်ချုပ်သီဟနော်ရထာတို့က ယာယီအုပ်ချုပ်နေကြပါတယ်"
"ခြေလျင်သေနတ်ကိုင် တပ်ရင်းသစ်တွေအဖြစ် တစ်ရင်းကို၆၀၀ပါ m1ကာဘိုင်သေနတ်ကိုင် တပ်ရင်း ၁၀၀ရင်း၊ တစ်ရင်းကို၂၅၀၀ပါ M1752 musket သေနတ်ကိုင်တပ်ရင်း ၆၀ရင်း၊ တစ်ရင်းကို၂၅၀၀ပါ brown bess သေနတ်ကိုင်တပ်ရင်း ၁၂၈ရင်း၊ တစ်ရင်းကို ၁၀၀၀ပါ kar 98k သေနတ်ကိုင်တပ်ရင်း ၉၀ရင်း၊ PPSH 41 Submachine gun ကိုင်တပ်သား ၆၅ဦးပါ တပ်စုကြီး ၁၀၀စု၊ စုစုပေါင်းခြေလျင်တပ်သား ၆၂၆၅၀၀ကို ကျွန်တော်က ယာယီအနေနဲ့ အုပ်ချုပ်ထားပါတယ်"
"လက်ရှိမှာ သင်္ဘောအစင်း၁၁၅၀ပါတဲ့ ရေတပ်ကို မြို့တော်ဝန် ထွန်းအောင်က ယာယီအုပ်ချုပ်နေပါတယ်"
"လောလောဆယ်တော့ လေတပ်ကို တပ်မှူးဇော်ပိုင်နဲ့ တပ်မှူးဇင်ဝိုင်း၊မမလေးချူရီ တို့က အုပ်ချုပ်နေပါတယ်၊ သူတို့လက်အောက်မှာ Ba 17လေယာဉ် ၆၀စင်း၊ P 51 လေယာဉ် ၇၅စင်းရှိပါတယ်"
"အမြောက်တပ်ကို အသစ်ပြန်လည်ဖွဲ့စည်းရာမှာ 88 cm အမြောက်ကြီး ၁၈လက်ကို တပ်ရင်းတစ်ရင်းအနေနဲ့ ၂၅ရင်း၊ ၈၁မမ စိန်ပြောင်း၄၅လက်ကို တပ်ရင်းတစ်ရင်းအနေနဲ့ ၁၃၅ရင်း၊ အမြောက်ငယ် ၃၆လက်ကို တပ်ရင်းတစ်ရင်းအနေနဲ့ ၄၀ရင်း၊ လောင်ချာ ၆၃လက်ကို တပ်ရင်းတစ်ရင်းအနေနဲ့ ၃၀ရင်း၊ စုစုပေါင်းနဲ့ အမြောက်တပ်ရင်း၂၃၀ တို့ကို စနစ်တကျ ပြန်ဖွဲ့စည်းပြီး မြို့အချို့မှာ နေရာချပေးပြီးပါပြီ"
"စက်သေနတ်ကြီးတွေကိုလဲ တပ်ရင်းတွေအဖြစ် ပြန်လည်စုဖွဲ့ရာမှာ Gatling gun စက်သေနတ်ကြီး
၂၇လက်နှုန်း တပ်ရင်း ၃၅ရင်း၊ M 34 machine gun
၄၅လက်နှုန်း တပ်ရင်း ၁၃၅ရင်း၊ စုစုပေါင်း စက်သေနတ်ကြီးတပ်ရင်း ၁၇၀ တို့ကိုလဲ မြို့အလိုက် နေရာချပေးပြီးပါပြီ"
"စစ်ဖက်ဆိုရင်ရာ သယ်ယူပို့ဆောင်ရေးတပ်ဆွယ် အနေနဲ့ တပ်ဆွယ်တစ်ခုကို ၁၅စင်း ၇၀ခု၊ အရပ်ဖက် သယ်ယူပို့ဆောင်ရေး တပ်ဆွယ်တစ်ခုကို ၅စင်း ၆၀ခု ကိုလဲ မြို့အလိုက် နေရာချပေးပြီးပါပြီ"
{ ဒါတွေအကုန်လုံးက စာရေးသူ လျှောက်ရေးခြင်းမျိုး မဟုတ်ပါ၊ စနစ်ကရတဲ့ အနေအထားတွေကို ပြန်လည်ဆန်းစစ်ပြီး ၁၈လစာ တွက်ချက်ထားခြင်းဖြစ်ပါတယ်၊ ဒီအခန်းရေးဖို့အတွက် ၇နာရီအချိန်ယူ စစ်ဆေးပြီးမှ ရေးခြင်းဖြစ်ပါကြောင်း )
"သိပ်ကောင်းတယ်ဗျာ၊ ဒီတစ်နှစ်ပတ်လုံး ကြိုးစားထားသမျှ မကြာခင် အကျိုးအမြတ်ရတော့မှာပါ"
"မဟာမိတ်တပ်ရဲ့ တိုးတက်မှုကကော ဘယ်လိုရှိကြလဲ တင်ပြပါဦး"
အခန်း ( ၉၈ ) ပြီး
အခန်း ( ၉၉ )
( အပြောင်းအလဲများနဲ့ ပြင်ဆင်မှုများ )
"မဟာမိတ်တပ်ရဲ့ တိုးတက်မှုကကော ဘယ်လိုရှိကြလဲ တင်ပြပါဦး"
"ဟုတ်ကဲ့ပါမြို့စား၊ လက်ရှိမှာတော့ ဂိုဏ်းတွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်က ထွက်ခွာပေးပြီး သီးသန့်နေကြဖို့ အမိန့်ထုတ်ထားပါပြီ"
"တစ်နှစ်တစ်ကြိမ်ပြိုင်ပွဲ ကျင်းပပြီး၊ ထူးချွန်တဲ့ဂိုဏ်းသားတွေကို သက်ဆိုင်ရာမြို့တော်ဝန်တွေက ကျင့်ကြံရေးအထောက်အပံ့ပေးဖို့ ပြင်ဆင်ထားပါတယ်"
"မိသားစုတွေအနေနဲ့လဲ သက်ဆိုင်ရင်မြို့တွေမှာ ဥပဒေထိန်းသိမ်းရေးဆိုင်ရာနဲ့ တခြားကဏ္ဍတွေမှာ ပါဝင်ကူညီနေကြပါပြီ၊ တချို့ကလဲ ပြည်နယ်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြပါပြီ"
"ကောင်းပြီ၊ မကြာခင်မှာ အနောက်ပြည်နယ်မြို့တော်ကို သိမ်းပိုက်မှာမလို့ တပ်ရင်းတွေအနေနဲ့ အသင့်ပြင်ထားစေလိုတယ်"
"ဒီတိုက်ပွဲတွေမှာ မိသားစုတပ်ဖွဲ့တွေအနေနဲ့ အကူအညီကောင်းကောင်း ပေးနိုင်အောင်ပြင်ဆင်ထားရလိမ့်မယ်"
"အထူးသဖြင့် စစ်လက်နက်ဆိုင်ရာ ကိုအထူးဂရုစိုက်ပေးရလိမ့်မယ်"
"ဟုတ်ကဲ့ပါ နယ်စား"
ဒီနှစ်အတွင်းမှာ စောရန်နိုင်အနေနဲ့ ပြင်ဆင်မှုများစွာ၊ ပြောင်းလဲမှုများစွာကို မြို့အသီးသီးဆီ ယူဆောင်ပေးခဲ့ပါတယ်။
မြို့စားတပ်ဆိုတာတွေအကုန် ဖျတ်သိမ်းခဲ့ပြီး တပ်ရင်းအသစ်တွေဖွဲ့ကာ သေနတ်တွေတပ်ဆင်ပေးပြီး လေ့ကျင့်စေခဲ့ပါတယ်။
မြို့အသီးသီးကိုလဲ ပြည်နယ်ဥပဒေတစ်ခု ပြဌာန်းပြီး ကြပ်မတ်ခဲ့ပါတယ်။
လုံခြုံတဲ့အရိပ်အောက်မှာ ပြည်သူအများရဲ့ ဘဝတွေလဲ စိုပြေသာယာခဲ့ပါပြီ။
နောက်ထပ်ပြောင်းလဲမှု တစ်ခုကတော့ စနစ်ဟာ ပုံစံအသစ်ဖြစ်သွားတာပါပဲ။ လယ်ဗယ် ၅ စနစ်မှာ တာဝန်ပေးတာတွေ လုံးဝရှိမှာမဟုတ်တော့ပဲ နေ့စဉ်ဝင်ရောက်မှတ်ပုံတင်ရတဲ့ ပုံစံဖြစ်သွားပါတယ်။
တစ်ရက်တာရဲ့ မှတ်ပုံတင်အပြီးမှာ စောရန်နိုင်ဟာ သူရရှိထားတဲ့ စက်ရုံထုတ်တွေထဲက လိုချင်တဲ့အရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ kar 98k၊ brown bess၊ 81 mm စိန်ပြောင်း၊ 88 cm အမြောက်ကြီး၊ helepolis အမြောက်၊ CH 47 ၊ P 51၊ BA 17 စတဲ့စက်ရုံထုတ်တွေထဲက တစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ ပစ္စည်းတန်ဖိုးအလိုက် အရေအတွက်ရရှိမှာပါ။
စနစ်စတိုးမှာ ပစ္စည်းဝယ်ဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်ငွေကြေးကို စနစ်ဆီ ဖြည့်သွင်းရတော့မှာပါ။ ဥပမာ kar 98k တစ်လက်ကို ငွေပြား ၁၀၀၀နဲ့ ဝယ်မယ်ဆိုပါက အပြင်က သူ့ကိုယ်ပိုင်ငွေပြားတစ်ထောင်ကို စနစ်ဆီ ဖြည့်သွင်းရပါလိမ့်မယ်။
သူ့ကိုယ်ပိုင်အနေနဲ့ ဆုလာဒ်ရထားတဲ့ စက်ရုံတွေကိုလဲ အဆင့်မြှင့်တင်နိုင်ပါပြီ။ အပြင်ကမ္ဘာသုံး ငွေကြေးတော့ လိုပါလိမ့်ယ်။
သူအနေနဲ့ စနစ်ဆီမှာ ဝယ်ယူသုံးစွဲတဲ့ ပမာဏအလိုက် သူ့ကျင့်ကြံဆင့်လဲ တက်နေမှာပါ။ သုံးစွဲရမဲ့ပမာဏ များနေတာတစ်ခုပါပဲ။ သူအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ ရွှေပြား တစ်ဆယ်သန်း စနစ်ဆီမှာ သုံးစွဲရပါလိမ့်မယ်။
နောက်တစ်နည်းက နောက်တစ်ဆင့်ကို စနစ်ဆီကနေ တိုက်ရိုက်ဝယ်ယူဖို့ပါ။ ရွှေပြား သန်း၂၀ တော့ လိုပါလိမ့်မယ်။
[ ငါဒီငွေတွေရဖို့ ဓားပြတိုက်ရတော့မှာလား ]
စောရန်နိုင်ရဲ့ စစ်တပ်တွေက လစာပေးနေရတဲ့ စစ်တပ်တွေချည်းပါ။ ဒါကလဲ သူ့ရဲ့ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။ သူ့ပြည်နယ်မှာ ကျွန်ဆိုတာ လုံးဝမရှိရပါဘူး။ ဘာခိုင်းခိုင်း၊ ဘာပဲလိုချင်လိုချင် တန်ဖိုးတစ်ခုနဲ့ ပြန်ပေးချေရမှာပါ။
ကျင့်ကြံသူတွေအနေနဲ့လဲ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်အတွက်ပဲဖြစ်ဖြစ် ဘာအတွက်ပဲဖြစ်ဖြစ် လူသတ်ရင် အဖမ်းခံ၊ ထောင်ကျခံရနိုင်ပါတယ်။ မဖြစ်မနေဆိုတာတွေအတွက် မြို့အသီးသီးမှာ သေခြင်းရှင်ခြင်းစင်မြင့်တွေ ဆောက်ပေးထားပါပြီ။ အလကားတော့ အသုံးပြုလို့မရပါဘူး။ ကျင့်ကြံဆင့်အလိုက် အခွန်ဆောင်ရပါသေးတယ်။
လမ်းပန်းဆက်သွယ်ရေးအတွက် မြေသားလမ်းတွေအစား ကျောက်ချောခင်းလမ်းမကြီးတွေ ဖောက်ပေးထားပါသေးတယ်။
၁၂လလုံးလုံး သွားလာနိုင်မဲ့အပြင် အခကြေးငွေပေးရင် ဘယ်နေရာဖြစ်ဖြစ် အရောက်ပို့ဆောင်ပေးမဲ့ မြို့တော်ရထားလုံး အသင်းတွေကိုလဲ မြို့အသီးသီးမှာ တည်ထောင်ပေးထားပါတယ်။ ယခင်က လူချမ်းသာတွေပဲ စီးနိုင်တဲ့ရထားလုံးတွေက အခုတော့ လူတန်းစားမရွေး စီးနိုင်နေပါပြီ။
မြို့တွေထဲမှာ ယခင်ကလို ဓားပျံတကားကားနဲ့ လမ်းသလားခွင့်ကိုလဲ ပိတ်ထားပါသေးတယ်။ အရူးထပြီး ပျံတဲ့သူတွေကို အများပြည်သူအခေါ် သံငှက်တွေက စွမ်းအင်လုံးတွေနဲ့ လိုက်ပစ်တက်ပါတယ်။ ချီဘုရင်အဆင့်တောင် အခုဆိုရင် မြို့တွေပေါ်ကနေ လမ်းသလားပြီး ဓားပျံ မစီးရဲ၊ မပျံသန်းရဲတော့ပါဘူး။
တချို့နေရာတွေမှာ စည်းကမ်းတင်းကြပ်ထားပေမဲ့ တချို့နေရာတွေမှာ ဖြေလျော့ထားတာတွေကြောင့် စောရန်နိုင်ရဲ့ တစ်ရာပြည်နယ်ဟာ တဖြည်းဖြည်းနဲ့ လူနေစည်ကားလာပြီး စီးပွားရေးဖွံဖြိုးလာခဲ့ပါတယ်။
တခြားသောပြည်နယ်တွေက တစ်ရာပြည်နယ်အပေါ် မျက်စိကျနေကြပေမဲ့ သူတို့လဲ သူတို့ဒုက္ခနဲ့သူတို့ပါ။ ရှိသမျှသော လူအင်အားကို ကျိုင်းကောင်ရန် ကာကွယ်ဖို့ နိုင်ငံကူး ပေါ်တယ်အဝက ခံတပ်ဆီ ပို့ပေးနေရပါတယ်။ ကျိုင်းကောင်တွေကလဲ နေ့စဉ်ရက်ဆက် တိုးပွားပြီးကျူးကျော်နေသလို သူတို့လူအင်အားလဲ တစ်နေ့တစ်နေ့ ထောင်သောင်းချီ ဆုံးရှုံးနေရပါတယ်။
ဒီပုံစံနှုန်းနဲ့ဆိုရင် အဆင့်၅ ကျိုင်းကောင်ဘုရင်မတွေပေါ်လာခဲ့ရင် ခံတပ်က သေချာပေါက် ပြိုလဲသွားမှာပါ။ ဒါတွေကို စောရန်နိုင်က ကြိုတွေးပြီးသားပါပဲ။ အောင်မင်္ဂလာ နိုင်ငံမှာ ချီဧကရာဇ်အထွတ်အထိပ်က ၁၀ယောက် မပြည့်တာ သူသိထားပါတယ်။
စစ်ကူမလွတ်ပေးတဲ့အပြင် သူအပိုင်စားရထားတဲ့ မိုင် ၆ထောင်ကျယ်တဲ့ ပြည်နယ်အတွင်းက မြို့အသီးသီးကို ကာကွယ်ဖို့ နယ်စပ်တစ်လျှောက်မှာ အမြင့် ပေတစ်ရာ အကျယ် ပေ၃၀ရှိတဲ့ ခံတပ်တံတိုင်းရှည်ကြီး တစ်ခုကို ဆောက်လုပ်နေတာ ၁၀လ ကျော်လာခဲ့ပါပြီ။
လူအင်အား သိန်းချီအသုံးပြုထားတာမို့ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီပဲ ဖြစ်ပါတယ်။ ကျန်နေတာက သားရဲတစ်ထောင် တောအုပ်ဖက်ခြမ်းပဲ ဆောက်လက်စ ဖြစ်နေတုန်းပါ။
အခန်း ( ၉၉ ) ပြီး