← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း ( ၁၃၀ )

( ဝိုင်းဆုံးမကြခြင်း )

"မင်းတို့လုပ်ရဲလားကွ"

M4 carbineကိုင်တပ်သားတွေလဲ တစ်ဖက်ခေါင်းဆောင်ကို ဖမ်းခေါ်ကာ ကျန်သူတွေကို လက်စသတ်ပေးလိုက်ကြပါတယ်။

"ဖောင်း .. ဖောင်း‌ .. ဖောင်း .. အင့် .. အု .. အား"

"မင်းတို့တွေ ဘယ်သူတွေလဲကွ ငါတို့နောက်မှာ ဘယ်သူရှိလဲ မသိဘူးလား"

"မသိဘူး၊ သိလဲမသိချင်ဘူး သတ်ကြစမ်းကွာ"

"ဖောင်း .. ဖောင်း .. ဖောင်း .. အု .. အင့် .. အား"

"မင်းတို့ မင်း‌တို့တွေသေရမယ်ကွ ကျား"

"ဝှစ် .. ဒုတ် .. အင့်"

အာကျယ်နေတဲ့ တိုက်နိုင်စိုးတစ်ယောက် ဇော်ပိုင်လက်ချက် မိသွားရပါတယ်။

"ခေါ်ခဲ့ကြ"

"ဟုတ်"

"ဒူးထောက်ခစားစမ်း"

"ဝှစ် ... အု ... ဒုတ်"

လေယာဉ်ပျံထဲမှာတော့ တိုက်မိသားစုခေါင်းဆောင် ဟာ စောရန်နိုင်ရှေ့မှာ ဒူးမထောက်ချင်ထောက်ချင်နဲ့ ဒူးထောက်လိုက်ရပါတယ်။

တိုက်မိသားစုက စောရန်နိုင်နဲ့ တိုက်ရိုက်အားဖြင့် ရန်ငြိုးရန်စရယ်ဆိုပြီး သီးသန့်မရှိထားပေမဲ့ သူ့ဖခင်ရန်ထက်အောင်ကို လုပ်ကြံတဲ့မှုကိစ္စမှာတော့ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သတ်နေတာပဲ ဖြစ်ပါတယ်။

"စောရန်နိုင် မင်းကငါတို့တိုက်မိသားစုနဲ့ ပြဿနာတက်ရမှာကို မကြောက်ဘူးလားကွ"

"ဟား .. ကြောက်ရမယ်ဟုတ်လား ဘာအတွက်ကြောက်ရမှာလဲဆိုတာကို ပြောပြစမ်းပါဦး"

"ငါတို့လိုမျိုး မိသားစုကြီးတစ်ခုဆိုတာ မင်းလိုမျိုး အပယ်ခံတစ်ဦးက စော်ကာလို့ရတဲ့ အနေအထားမဟုတ်ဘူးကွ ပြီးတော့"

"ဟား ပြီးတော့ဘာဖြစ်လဲ ထပ်ပြောစမ်းပါဦး"

"အခုအချိန်မှာ ငါတို့တိုက်မိသားစုရဲ့ နောက်ကွယ်မှာ ရွှေတစ်ခေတ်နိုင်ငံရှိနေပြီကွ၊ အဲဒါဘာကိုဆိုလိုတာလဲသိလားကွ"

"မသိဘူးလေ"

"ဟား ဟား မင်းလိုကလေကချေ ဘုရင်တစ်ယောက်က ဘယ်သိမလဲ"

"သေချင်နေပြီလား အရှင်စောကို ဘယ်လိုသုံးနှုန်းလိုက်တာလဲ"

"ကြည့်ရတာ တိုက်မိသားစုတော့ တိုက်တန်တောင်ကို မမြင်နိုင်ပုံပဲ"

သမီးတော်၆ပါးနဲ့ ဇော်ပိုင်တို့စကားတွေကြောင့် တိုက်နိုင်စိုးတစ်ယောက် ဟားတိုက်ရီလိုက်ပါတော့တယ်။

"ဟား ... ဟား ... ဟား၊ တိုက်တန်တောင် ဟုတ်လား "

"ထွီ ... မင်းတို့ကသာ ရွှေတစ်ခေတ်နိုင်ငံဆိုတဲ့ တိုက်တန်တောင်ကို မမြင်နိုင်တာကွ"

စောရန်နိုင်က ပြုံးလိုက်ရင်း

"မင်းရဲ့တိုက်တန်တောင်ကြီးအကြောင်း ပြောပြပေးပါဦး၊ ပြောမရဘူး ငါတို့လဲကြောက်ချင် ကြောက်သွားမှာပေါ့ ဟဲ .. ဟဲ"

"လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀တုန်းက ရွှေတစ်ခေတ်နိုင်ငံ တော်ဝင်မိသားစုရဲ့ ဘိုးဘေးတစ်ယောက်က ဟင်းလင်းပြင်ဂိုဏ်းကို ဝင်နိုင်ခဲ့ပြီး အခုအချိန်မှာ အဲဒီဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲဖြစ်နေပြီ"

"ဟင်းလင်းပြင်ဂိုဏ်းဆိုတာက ငါတို့ကုန်းမြေမှာ ဒဏ္ဌာရီပဲရှိတဲ့ အင်ပေါ်တယ်အဆင့်အကြီးအကဲတွေ အများကြီးပိုင်ဆိုင်ထားတာတဲ့ ဂိုဏ်းကြီးတစ်ကုန်းပဲကွ"

"မကြာခင်ကပဲ တော်ဝင်ဘိုးဘေးက ဒီကုန်းမြေရဲ့ တစ်ဦးထဲသော အင်ပေါ်တယ်အရှင်မြတ်ကို ဟင်းလင်းပြင် ပင်မဂိုဏ်းဆီ လမ်းပြဖို့ဆိုပြီး ပြန်ရောက်နေတာလေ"

"ပြီးတော့ လမ်းကြုံအနေနဲ့ နိုင်ငံရဲ့ ပြိုင်ဘက်ကိုတွေကို သတ်ဖြတ်သုတ်သင်သွားမှာ၊ သီရိမင်္ဂလာအင်ပါယာအပါအဝင် အင်ပါယာကြီး၃ခုနဲ့ မင်းရဲ့ တစ်ရာနိုင်ငံကိုပါ သုတ်သင်သွားမှာကွ ဟား ... ဟား"

"မင်းတို့ကောင်တွေ သေဖို့သာစောင့်နေကြတော့"

"အော် ၊ အင်ပေါ်တယ် ပထမအဆင့်လေးကိုကွာ ဘာများလဲလို့ကွာ ဟား .. ဟား"

"ဘာ မင်း မင်းစောင့်နေလိုက်၊ စောနကထဲက ငါတော်ဝင်မိသားစုဆီ အသံလွှင့်ကျောက်တုံးကနေ သတင်းပို့ပြီးသားကွ"

"ဟား .. ဟား၊ မင်းနဲ့ မင်းတည်ထောင်ထားတဲ့ တစ်ရာနိုင်ငံဆိုတာကို တော်ဝင်ဘိုးဘေးက ဘယ်လိုဖျတ်ဆီးပစ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်စမ်း"

"ပြီးရင် မင်းရဲ့ဘေးနားက မိန်ခလေးတွေကို တော်ဝင်ဘိုးဘေးဆီ ခစားခိုင်းရမယ် ဟား .. ဟား"

"နင်တို့တိုက်မိသားစုက အခုအချိန်အထိ အရင်လိုပဲ ယုတ်မာနေတုန်းနော်၊ အစောရှိနေသရွေ့ အင်ပေါ်တယ်မကလို့ အင်ပေါ်တယ်အဖေဖြစ်ဖြစ် ဂရုမစိုက်ဘူး"

"ဟုတ်တယ်မမ သူတို့တိုက်မိသားစုက တကယ်ကိုသေသင့်နေပြီ၊ အရင်ကအကြွေးတွေတောင် မရှင်းရသေးဘူးရယ်"

" အရှင်စော ကျွန်မတို့ကို နဲနဲတော့ ဆုံးမခွင့်ပေးပါနော် ... နော်လို့ နဲနဲပဲ"

" ဟား .. ဟား၊ မသေစေနဲ့ဦးနော် တော်ကြာ သယပြောတဲ့ တော်ဝင်ဘိုးဘေးဆိုသူရောက်လာရင် ဒီမောင်အနေနဲ့ ရှင်းပြရခက်နေမယ်ဗျ ဟဲ"

"ဟုတ်၊ ညီအစ်မတို့ ဆုံးမလိုက်ကြရအောင်"

"သမီးတော်တို့ ခနစောင့်ပါဦး၊ ကျွန်တော်သူ့ကိုအရင် စွမ်းအင်ချိတ်ပိတ်လိုက်ဦးမယ်"

"ဟုတ် ကျေးဇူးပဲ ဗိုလ်ချုပ်ကြီးရှင့် ခစ်ခစ် မြန်မြန်လေးနော်"

"မင်း ... မင်းတို့တွေ ငါ့ကိုထိ .. အား"

" ခွပ် .. ခွပ် ... ခွပ် .. အွင့် .. အု ... အား သေပါပြီဗျ"

အခန်း ( ၁၃၀ ) ပြီး

စာစဉ် 9 အဆုံး

အခန်း ( ၁၃၁ )

( တော်ဝင်ဘိုးဘေး ရောက်ရှိလာခြင်း )

"တောင်းပန်ပါတယ် မရိုက်ပါနဲ့တော့ ဒီအငယ်က အမှားကိုသိပါပြီလို့ ... အမလေးဗျ"

"ကဲဟယ် မိန်းခလေးတွေကို ဖမ်းချင်သေးလား"

"အမလေး ... မလုပ်ရဲတော့ပါဘူး၊ မဖမ်းရဲတော့ပါဘူး၊ တူလေးစောရန်နိုင် တားပါဦး"

"ခင်ဗျားကို ကျွန်ုပ်ကိုယ်တိုင် မဆုံးမချင်လို့ သူတို့ကိုခွင့်ပြုတာပေါ့၊ ဘာတွေလာပြောနေတာလဲ မမတို့ ညီမတို့ ဆက်ချ"

တိုက်နိုင်စိုးတစ်ယောက် ဝက်မျက်နှာကဲသို့ ဖူးယောင်နေတဲ့ မျက်နှာကိုပဲ ကာထားနိုင်ပြီး တစ်ကိုယ်လုံး ကန်ကျောက်ခံနေရပါတယ်။ ထိုအချိန်မှာပဲ အင်ပေါ်တယ်ရောင်ဝါတစ်ခု ပျံလွင့်လာပြီး

"ဘယ်သူက ငါ့ရဲ့ သစ္စာခံကို ဆိုဆုံးမရဲတာလဲ၊ အခုလွှတ်လိုက်စမ်း မင်းတို့အသက်ကို ချမ်းသာပေးလိုက်မယ်"

"တော်ဝင်ဘိုးဘေး ကယ်ပါဦး"

"တိတ်တိတ်နေစမ်း ဝင်ဟောင်မနေနဲ့"

"ဆိုတော့ မင်းက ဟင်းလင်းပြင်ဂိုဏ်းရဲ့ အပြင်အကြီးအကဲ တော်ဝင်ဘိုးဘေးဆိုတာပေါ့"

"မင်းဘယ်သူလဲ ဒီကုန်းမြေမှာ ငါ့ကိုမြင်ရင် ဒူးထောက်ရမယ်ဆိုတာ မသိဘူးလား"

"ငါ့အစေခံကို လွှတ်ပေးလိုက်၊ ပြီးရင် အမှားကိုဝန်ချတောင်းပန်းစမ်း ဒါဆိုရင် အသက်ရှင်ဖို့ စဉ်းစားပေးမယ် မဟုတ်ရင်တော့ သေရမယ်"

"ဟား .. ဟား၊ မင်းဘာတက်နိုင်သေးလဲ စောရန်နိုင် မင်းဘယ်လောက်အားကြီးကြီး အင်ပေါ်တယ်အရှင်တစ်ယောက်ရှေ့မှာ ပုရွက်ဆိတ်သာသာ ပြန်ဖြစ်သွားတာမလား ဟား .. ဟား"

"ငါ့ကိုအခုချက်ခြင်း စွမ်းအင်ချိတ်ပိတ် ဖွင့်ပေးစမ်း မဟုတ်ရင် တော်ဝင်ဘိုးဘေးဆီမှာ မင်းကိုတောင်းပြီး အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်ကွ"

"ပြီးရင်း မင်းအနားက မိန်းခလေးတွေကို ယင်ယန်ကျင့်ပစ်မယ်ကွ မင်းနားလည် .. အု့"

"ပါးစပ်ပိတ်ထားစမ်း သေချင်နေတာလား တိုက်နိုင်စိုး"

"တော်ဝင်ဘိုးဘေးဆိုတာမင်းပေါ့"

"ဟုတ်တယ်"

"ဟင်းလင်းပြင်ဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲပေါ့"

"အမှန်ပဲ"

"ဒူးထောက်စမ်း"

"ဘာပြော .. အု .. ဝေါ့ .. ဒုတ်"

စောရန်နိုင်ရဲ့ အင်ပေါ်တယ်တတိယအဆင့် အော်ရာကို ပထမအဆင့်က တော်ဝင်ဘိုးဘေးဆိုသူ မခံနိုင်ခဲ့ပါဘူး။ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပါတယ်။

"အင်ပေါ်တယ်အဆင့် မင်း .. မင်းက"

"ရော့ ကိုယ့်ဘာသာယူကြည့်လိုက်"

စောရန်နိုင်က ဟင်းလင်းပြင်ဂိုဏ်းချုပ်အဖိုးအို ပေးသွားတဲ့ တံဆိပ်ပြားကို ပစ်ပေးလိုက်ပါတယ်။ ဘယ်အဆင့်အကြီးအကဲတံဆိပ်မှန်း စောရန်နိုင်သေချာမသိပေမဲ့ တော်ဝင်ဘိုးဘေးက ယူကြည့်လိုက်တဲ့အခါမှာတော့

"ဟာ ဟင်းလင်းပြင်ဂိုဏ်းရဲ့ ပထမအကြီးအကဲတံဆိပ်"

"တော်ဝင်ဘိုးဘေး ဒီအကောင်ကို ဆုံးမပေးပါ သူရဲ့နိုင်ငံကိုလဲ .. "

"ဖြန်း .. အာ့"

"တော်ဝင်ဘိုးဘေး ကျွန်တော့်ကို ဘာလို့ရိုက်ရတာလဲ၊ ဟိုအကောင် .. "

"ဖြန်း .. "

"မင်းအပေါက်ကို ပိတ်ထားစမ်း ငါ့လ‌ခွီးပဲ"

"ပထမအကြီးအကဲ ဒီဂျုနီယာကို ခွင့်လွှတ်ပေးပါဗျာ၊ တိုက်တန်တောင်ကြီးကို ဒီဂျုနီယာ မမြင်မိခဲ့ပါဘူးခင်ဗျာ၊ ခွင့်လွှတ်ပေးပါခင်ဗျ"

"တော် .. တော်ဝင်ဘိုးဘေး၊ ဒီစောရန်နိုင်က ဘယ်လိုလုပ် ဟင်းလင်းပြင်ဂိုဏ်းရဲ ပထမအကြီးအကဲ ဖြစ်သွားရတာလဲ ပြီးတော့ ဂိုဏ်းရဲ့ပထမအကြီးအကဲဆိုရင် သူ့ကျင့်ကြံဆင့်က အင်ပေါ်တယ် .. "

"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး၊ လွန်ခဲ့တဲ့ ၆နှစ် မတိုင်ခင်ကအထိ သူလုံးဝကို မကျင့်ကြံနိုင်ဘူးလေ ဘယ်လိုလုပ် ဘယ်လိုဖြစ်ပြီး"

"ဟွန်း နင်မဖြစ်နိုင်တာနဲ့ပဲ အစောက မဖြစ်နိုင်ရဘူးတဲ့လား၊ နင့်တစ်ဘဝလုံးမှာ ကောင်းကင်ကိုအံတုတဲ့ ပါရမီရှင်ဆိုတာကို မကြားဖူးခဲ့ဘူးလား"

"တော်သင့်ပြီ၊ ဒီကိစ္စကိုဒီမှာပဲ ရပ်လိုက်ကြရအောင်"

တော်ဝင်ဘိုးဘေးက

"ကျေးဇူးတင်ပါတယ် ပထမအကြီးအကဲ၊ ဂိုဏ်းချုပ်ကြီးက ပထမအကြီးအကဲကို ဂိုဏ်းဆီလာရာလမ်း သေချာမသိမှာဆိုးလို့ ဒီဂျုနီယာကို လမ်းပြရအောင် လွှတ်ပေးလိုက်တာပါခင်‌ဗျ"

"အင်း ကောင်းပြီ၊ အခုတော့ တိုက်မိသားစုကို လက်ခံထားတဲ့ ရွှေတစ်ခေတ်နိုင်ငံဘုရင်နဲ့ ကိစ္စတစ်ချို့ရှင်းရဦးမယ်"

"ဒီဂျုနီယာက အတင့်ရဲပြီးမေးပါရစေ ပထမအကြီးအကဲ၊ ရွှေတစ်ခေတ်နိုင်ငံနဲ့ တိုက်မိသားစုက ပထမအကြီးအကဲကို ဘယ်လိုအပြစ်တွေများ လုပ်ခဲ့ကြတာလဲခင်ဗျ၊ ဒီဂျုနီယာက သေသေချာချာ ဖြေရှင်းပေးပါရစေခင်ဗျ"

"ကောင်းပြီလေ ဒီတစ်ခါတော့ ခင်ဗျားကို မျက်နှာသာပေးတဲ့အနေနဲ့ ဖြေရှင်းခွင့်ပေးလိုက်မယ်၊ နောင်ဆိုတာ မရှိဘူးမှတ်ပါ မဟုတ်ရင် ရွှေတစ်ခေတ်နိုင်ငံတစ်ခုလုံးကို ဖျတ်ဆီးပစ်ဖို့ ဝင်မလေးဘူးဆိုတာ သိထားပေး"

"ဟုတ်ကဲ့ခင်ဗျ ကျေးဇူးတင်ပါတယ်ခင်ဗျ၊ ရွှေတစ်ခေတ်နိုင်ငံနန်းတွင်းရှိရာ ရွှေသားလိပ်ခံတပ်ဆီ လမ်းပြခွင့်ပြုပါခင်ဗျ"

"ကောင်းပြီ အကိုဇော်ပိုင် လေယာဉ်ကို သူ့နောက်ကလိုက်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ ညီလေးစော"

အခန်း ( ၁၃၁ ) ပြီး

အခန်း ( ၁၃၂ )

( တိုက်မိသားစု ထွက်ပြေးသွားခြင်း )

"ဟုတ်ကဲ့ပါ ညီလေးစော"

တော်ဝင်ဘိုးဘေး လီရွှေက တိုက်နိုင်စိုးကို ဂုတ်ပိုးကဆွဲပြီး ရှေ့ကနေလမ်းပြအဖြစ် ပျံသန်းသွားပါတယ်။

"ငါ့လခွေးမသား ပြဿနာကောင် လာ .. လိုက်ခဲ့စမ်း၊ မင်းလုပ်လို့ ရွှေတစ်ခေတ်နိုင်ငံကြီး ပျက်ဆီးလုလုပဲ သေသင့်တဲ့အကောင် မင်းတို့အပြစ်နဲ့ မင်းတို့ခံကြ"

မိနစ်ပိုင်းခန့် ပျံသန်းကြပြီးနောက်မှာတော့ ရွှေတစ်ခေတ်နိုင်ငံရဲ့ နန်းတွင်းတည်ရှိရာ ရွှေသားလိပ်ခံတပ်ဆီ ရောက်သွားကြပါတယ်။

"တော်ဝင်ဘိုးဘေးကို ဂါဝရပြုပါတယ်"

"တော်ဝင်ဘိုးဘေး ဘယ်များကြွသွားတာလဲမှတ်တယ် လူသွားခေါ်တာထင်တယ်"

"ဟုတ်ပါ့ နောက်ကယာဉ်ပျံက လှလိုက်တာနော် အထဲမှာ ဘယ်သူများပါလာပါလိမ့်"

"အေးကွ တော်ဝင်ဘိုးဘေးကတောင် တကူးတကသွားခေါ်လာရတာဆိုတော့ အဆင့်မြှင့်ပုဂ္ဂိုလ် တစ်ဦးဦးဖြစ်လိမ့်မယ်ထင်တယ်"

တော်ဝင်ဘိုးဘေးက နန်းရင်ပြင်အထက် ဝေဟင်မှာရပ်လျက် အင်ပေါ်တယ်အော်ရာ ထုတ်လွှတ်ရင်း အသံနက်ကြီးဖြင့်

"ဟင်းလင်းပြင်ဂိုဏ်းရဲ့ ပထမအကြီးအကဲ အရှင်စောရန်နိုင်ကို ကြိုဆိုကြစမ်း၊ ပြီးတော့ အပြစ်သား တိုက်မိသားစုဝင် အကုန်လုံးကို ဖမ်းခေါ်လာခဲ့ကြစမ်း"

"ဟုတ်ကဲ့ပါ တော်ဝင်ဘိုးဘေး"

စောရန်နိုင်ရဲ့ လေယာဉ်က ကျယ်ဝန်းလှတဲ့ နန်းရင်ပြင်မှာပဲ တိုက်ရိုက်ဆင်းသက်လိုက်ပါတယ်။ လေယာဉ်ထဲကနေ ဇော်ပိုင်ခေါင်းဆောင်တဲ့ M4 carbine ကိုင်တပ်ရင်းက လုံခြုံရေးအနေနဲ့ အရင်ဆင်းလာကြပါတယ်။

အဆင့်၆ လက်နက်ကိုင် စစ်သည်တော်များကိုကြည့်ပြီး ပရိတ်သတ်က အံ့အားသင့်နေတုန်းမှာပဲ ချောမောလှပတဲ့ သမီးတော်၆ယောက် ခြံရံပြီး ဇာတ်လိုက်ကျော်ကြီး စောရန်နိုင် ဆင်းလာတာကို တွေ့လိုက်ရချိန်မှာတော့

"ဝါး နတ်သမီးလေးတွေပါလား၊ အရမ်းလှတယ်ဟေ့"

"ဝိုး မြေပြင်ပေါ်က နတ်သမီးတွေကို မြင်လိုက်ရပြီဟေ့"

"တောက်ကွာ သူတို့ထဲက တစ်ယောက်နဲ့သာရရင် တစ်လလုံးလုံး အိမ်အပြင်မထွက်ဘူးဟေ့"

"သူတို့ထဲက တစ်ယောက်ကိုသာ ရလိုက်ရရင် သေပျော်ပြီဟေ့"

တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာကြည့်ပြီး တော်ဝင်ဘိုးဘေးက ဟိန်းဟောက်လိုက်ရပါတယ်။

"မင်းတို့ကောင်တွေ သေချင်နေတာလား သွားကြစမ်း တိုက်မိသားစုကိုသာ မြန်မြန်ဖမ်းပြီး နန်းဆောင်ခန်းမထဲခေါ်ခဲ့ကြ"

"ဟုတ် ဟုတ်"

"ကြွပါ ပထမအကြီးအကဲခင်ဗျ"

"အင်း တချို့လူတွေရဲ့ မျက်လုံးတွေက လောဘတက်နိုင်လွန်းတယ်၊ ကိုယ်အဆင့်ကိုယ် မသိကြဘူး"

"ဟုတ်ကဲ့"

"ဝှစ် .. ဇွတ် .. အု .. အင့် .. အား"

တော်ဝင်ဘိုးဘေးက လက်တစ်ချက်မျှ ဝေ့ရမ်းလိုက်ချိန်မှာတော့ စောနက ပြောဆိုခဲ့တဲ့ လူတချို့မှာ မိမိလည်ပင်းအား မိမိပြန်ကိုင်ထားကြရင်း အသက်ထွက်သွားကြပါတယ်။

"မဆိုးဘူး တော်တယ် လမ်းပြပေး"

"ဟုတ်ကဲ့ အသေးအမွှားလေးပါခင်ဗျ၊ ကြွပါခင်ဗျ"

တစ်နာရီခန့် စောင့်ဆိုင်းအပြီးမှာတော့ စောရန်နိုင်တစ်ယောက် စိတ်မရှည်တော့ပါဘူး။

"ကြည့်ရတာ ရွှေတစ်ခေတ်တော်ဝင်မိသားစုက ငါ့ရဲ့စိတ်ရှည်မှုကို စမ်းသပ်ချင်နေပုံပဲ"

"ဘယ်မလဲ တိုက်မိသားစုက"

တော်ဝင်ဘိုးဘေး လီရွှေက ထိတ်ထိတ်ပြာပြာနဲ့

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဒီဂျုနီယာကို ခနအချိန်ပေးပါဦး"

"ကောင်းပြီ နာရီဝတ်အချိန်‌အတွင်း ငါ့အရှေ့ကို ရောက်နေတာမြင်ချင်တယ်၊ မဟုတ်ရင် ငါကိုယ်တိုင် ဖမ်းဆီးရလိမ့်မယ်၊ အဲဒီအချိန်ကြရင် တော်ဝင်မိသားစုလဲ အပြစ်လွတ်မယ် မထင်နဲ့နော်"

"ဟုတ်ကဲ့ စိတ်ချပါ၊ ဒီဂျုနီယာ ရအောင်ဖမ်းခေါ်လာခဲ့ပါ့မယ်ခင်ဗျ"

( ဒီတိုက်မိသားစုကတော့ကွာ သေချင်ရင်လဲ ကိုယ့်ဘာသာ မိသားစုလိုက် သွားသေလိုက်ကြပါတော့လားကွာ၊ ငါ့မိသားစုကို ဆွဲထည့်ရသလားဟ )

လီရွှေတစ်ယောက် နန်းရင်ပြင်ဆီ ပျံသန်းသွားကာ မိုင်တစ်သိန်းအထိကျယ်ပြန့်တဲ့ အင်ပေါ်တယ်အော်ရာတွေကို ဖြန့်ထုတ်လိုက်ပါတယ်။

"ရာရာစစ ဒင်းတို့က ပြေးရဲတယ်လား"

"ဝှစ် ဝှစ်"

အခန်း ( ၁၃၂ ) ပြီး

All Chapters