← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း ( ၁၃၃ )

( မသိဘူး ဖြဲခြောက်မှာပဲ )

"ဝှစ် ဝှစ်"

နန်းဆောင်ခန်းမထဲမှာတော့ ပျံလွှင့်လာတဲ့ အော်ရာတွေကို လက်တစ်ချက်ဝှေ့ကာ ဖယ်ရှားလိုက်ရင်း အခါးရည်ကို ဆက်သောက်နေခဲ့ပါတယ်။ တိုက်မိသားစု ထွက်ပြေးသွားမှန်း မြေပြင်ကို မဆင်းသက်ခင်ကထဲက သူသိပြီးသားပါ။ စောရန်နိုင်ပြုံးလျက်

( မဆိုးပါဘူး တာဝန်သိတက်သားပဲ )

"ဆိုတော့ ရွှေတော်ဝင်မိသားစုရဲ့ လက်ရှိဘုရင်က ဘယ်သူလဲပြောပါဦး"

"ဟုတ် ဟုတ်ကဲ့၊ ဒီဂျုနီယာကို ရွှေထူးလို့ခေါ်ပါတယ်၊ လက်ရှိရွှေတစ်ခေတ်နိုင်ငံရဲ့ ဘုရင်ပါခင်ဗျ"

"အင်း ကောင်းပြီ လွန်ခဲ့တဲ့ ၄၆နှစ်ကျော်က နိင်ငံအဆင့်ပြိုင်ပွဲမှာ ရွှေတစ်ခေတ်နိုင်ငံရဲ့ မင်းသားတချို့က စစ်ခေါင်းဆောင်ရန်ထက်အောင်ကို ဆူရာအဆိပ် သုတ်လိမ်းထားတဲ့ဓားနဲ့ လုပ်ကြံခိုင်းခဲ့ကြဖူးတယ်"

"ငါခေါ်ထုတ်ရမလား မိသားစုကိုငှဲ့ပြီး အလိုက်တသိထွက်လာမှာလား"

ရွှေထူးတစ်ယောက် ခနမျှစဉ်းစားလိုက်ရင်း

"ဆူရာအဆိပ်၊ အဲဒါဆိုရင် မင်းသားရွှေခိုင်နဲ့ မင်းသားရွှေနိုင်တို့ပဲ ဖြစ်နိုင်ပါတယ် အရှင် ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ သူတို့ကို မထုတ်ပေးနိုင်လို့လား"

"အာ မဟုတ်ပါဘူးအရှင်၊ ရွှေခိုင်နဲ့ ရွှေနိုင်တို့ကို လွန်ခဲ့တဲ့ ၁၀နှစ်က အမည်မသိလူတချို့ ပြန်ပေးဆွဲသွားတာ အခုထိ ဘာသတင်းမှ မကြားရတော့ပါဘူးခင်ဗျ"

"အော် အဲလိုကိစ္စရှိသေးတာလား၊ ငါ့ကိုလိမ်ရင် ခံစားရမဲ့အကျိုးဆက်ကို သိထားသင့်တယ်"

" ဟုတ် ဟုတ်ကဲ့ ဒီဂျုနီယာတို့ မလိမ်ရဲပါဘူးခင်ဗျ"

စောရန်နိုင် စစ်မေးနေတုန်းမှာပဲ တော်ဝင်ဘိုးဘေးလီရွှေတစ်ယောက် လူအများအပြားကို အင်ပေါ်တယ်စွမ်းအင်နဲ့ ရစ်ပတ်ပြီး ဖမ်းခေါ်လာပါတယ်။

"ဝှစ် .. ဘုန်း .. အုန်း .. အမလေးဗျ"

"ပထမအကြီးအကဲ လူကိုဖမ်းလာခဲ့ပါပြီ"

"အင်း တာဝန်ကျေပါတယ် ရော့ ခရစ်စတယ်ကျောက်တုံး၁တုံး၊ လောလောဆယ်တော့ ငါ့မှာ ဆု‌ပေးစရာဆိုလို့ အဲဒီလောက်ပဲရှိသေးတယ်"

"ဟာ နှစ်ရောင်စပ် ခရစ်စတယ်ကျောက်တုံး၊ ဒါ ... ဒါက အလယ်အလတ် ခရစ်စတယ်ကျောက်တုံးပဲ"

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် စီနီယာ"

လီရွှေအနေနဲ့ အပြင်စည်းအကြီးအကဲ ဖြစ်လာပြီးနောက် လစာအနေနဲ့ လစဉ်လတိုင်း အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁တုံးကိုသာ ရရှိခဲ့ပါတယ်။

"ဘိုးဘေး ခရစ်ကျောက်တုံးဆိုတာ ချီကျောက်တုံးထက်အဆင့်မြ‌င့်သေးတာလား"

ရွှေထူးက လီရွှေနားကပ်ပြီး တိုးတိုလေးမေးလိုက်ပါတယ်။ လီရွှေက စိတ်ရှည်လက်ရှည်နဲ့ ပြန်ရှင်းပြလိုက်ပါတယ်။ စောရန်နိုင်ကလဲ ထိုအကြောင်းအရာတွေကို မသိသေးတာမလို့ ခပ်တည်တည်ပဲ နားစွင့်နေလိုက်ပါတယ်။

"မြင့်တာပေါ့ဟ အဆင့်မြင့်ချီကျောက်တုံး ၁၀၀တုံးကို အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁တုံးနဲ့ ညီမျှတယ်၊ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀၀ကို အလယ်အလတ်အဆင့် နှစ်ရောင်စပ် ခရစ်စတယ်ကျောက်တုံး ၁တုံးနဲ့ ညီမျှတယ်၊ အဲဒီလိုပဲ သုံးရောင်စပ် အဆင့်မြင့် ခရစ်‌စတယ်ကျောက်တုံး ၁တုံးကို အလယ်အလတ်အဆင့်ကျောက်တုံး ၁၀၀နဲ့ညီမျှတယ်လေ"

"ချီကျောက်တုံးကို အလယ်အလတ်ကုန်းမြေတွေမှာ ချီဧကရာဇ်အဆင့်အောက်တွေပဲ ချီစွမ်းအင်ရဖို့နဲ့ ရောင်းဝယ်ရေးကိစ္စတွေမှာ သုံးကြပြီးတော့ အင်ပေါ်တယ်ရဲ့ အထက်အဆင့်တွေကတော့ အဆင့်တက်ချင်ရင် ချီကျောက်တုံးနဲ့ မလုံလောက်တော့လို့ ခရစ်စတယ်ကျောက်တုံးကို အသုံးပြုကြသလို အင်ပေါ်တယ်အဆင့် ငွေကြေးအနေနဲ့လဲ အသုံးပြုကြတယ်"

" ဖူး .. "

( ငါလခွီး ငါ့ခရစ်စတယ်ကျောက်တုံးလေး )

လီရွှေရဲ့ ရှင်းပြချင်အဆုံးမှာတော့ စောရန်နိုင်တစ်ယောက် သောက်လက်စအခါးရည်အား ထွေးထုတ်လိုက်မိရင်း သွေးအန်ချင်သွားပါတယ်။

စောရန်နိုင် ပိုင်ဆိုင်တဲ့ ခရစ်စတယ် ကျောက်မိုင်းတွင်းကနေ တစ်နာရီကို အဆင့်နိမ့်ခရစ်စတယ်တုံးဆိုရင် ၁၀၀၊ အလယ်အလတ်ဆိုရင် ၁၀၊ အဆင့်မြှင့်ဆိုရင် ၁တုံးကို ထုတ်ယူရရှိနေပါတယ်။

စောရန်နိုင်အနေနဲ့ လွန်ခဲ့တဲ့ ၆လနဲ့ တစ်‌ပတ်ကျော်ကျော်ကာလအတွင်း မိုင်းတွင်းကနေ အဆင့်နိမ့်ခရစ်စတယ်ကျောက်တုံး တစ်ပတ်ကို ၁၆၈၀၀ တုံး ရရှိနေတာမလို့၊ တစ်လကို ၆၇၂၀၀တုံးနှုန်းနဲ့ ၃လစာ ၂၀၁၆၀၀တုံးကို ထုတ်ယူခဲ့ပြီးပါပြီ။

အလယ်အလတ် ခရစ်စတယ်ကျောက်တုံးကို တစ်နှလစာ ၁၃၄၄၀တုံးကို ထုတ်ယူခဲ့ပါတယ်။ ကျန်တဲ့ တစ်လနဲ့ တပတ်စာကိုတော့ အဆင့်မြင့် ခရစ်စတယ်တုံး ၈၄၀ကို ထုတ်ယူထားခဲ့တာဖြစ်ပါတယ်။

[ စနစ် စနစ်အဆင့် ၆ကိုမြှင့်ဖို့ ခရစ်စတယ်တုံး ဘယ်လောက်လိုမလဲ တွက်ချက်ပေးပါဦး ]

[ ဒင် စနစ်အဆင့်၆ကို မြင့်တင်ချင်ရင် အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံးဆိုရင် ၁သိန်း ၊ အလယ်အလတ်ဆိုရင် ၁ထောင် အဆင့်မြင့်ဆိုရင် ၁၀တုံး လိုအပ်ပါတယ် ]

[ ဟား စနစ်ရေ အဆင့်၆ကိုမြှင့်ရင် အရင်အဆင့်၅ မြှင့်တုန်းကလို တစ်နှစ်ကြာဦးမှာလားဟ ]

[ မဟုတ်ပါဘူး ၇နှစ် ကြာမြှင့်မှာ ဖြစ်ပါတယ်၊ အင်ပေါ်တယ်အဆင့်၉ရောက်မှ မြှင့်တင်လျှင် တစ်နှစ်ကြာမြှင့်မှာ ဖြစ်ပါတယ် အဆင့်၆သို့ မြှင့်တင်လိုပါသလား ]

[ ငါ့လခွီး အဲဒါဆိုရင် မမြှင့်သေးဘူးဟေ့ ]

"သူတို့ကို နောက်မှစစ်မေးမယ်၊ အခုတော့ဖမ်းထားလိုက်ကြ"

"ငါနားချင်တယ်၊ စီစဉ်‌လိုက်ပါ"

"ဟုတ်ကဲ့ပါ ပထမအကြီးအကဲ"

အခန်း ( ၁၃၃ ) ပြီး

အခန်း ( ၁၃၄ )

( စနစ်ဈေးဆိုင်မှ ရရှိနိုင်သော စစ်လက်နက်ပစ္စည်းများ ၁ )

စောရန်နိုင်တစ်ယောက် စနစ်အဆင့်၆ကို မြှင့်တင်ဖို့က အင်ပေါ်တယ်အဆင့်၉ ရောက်မှသာ အချိန်အနည်းဆုံးနဲ့ အဆင်ပြေမှာဖြစ်ပါတယ်။

ခရစ်‌စတယ်ကျောက်တုံး သိန်းချီရှိနေတာမလို့ စနစ်ဈေးဆိုင်မှာ ဈေးဝယ်ထွက်တော့မှာပါ။

[ စနစ်ရေ ဂျာမနီထုတ် tankစက်ရုံတွေထဲက တစ်ရက်ကို ၃စီးအထက် ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံတွေကို ပြပေးပါဦး ]

[ ပိုင်ရှင်သည် အင်ပေါ်တယ်တတိယအဆင့်ကို ရောက်ရှိနေသောကြောင့် ခရစ်စတယ်စွမ်းအင်သုံး အောက်ပါtank စက်ရုံများအား ဝယ်ယူနေရာချထားနိုင်ပါပြီ ]

( ဒီစက်ရုံတွေမှာတော့ ဒုတိယကမ္ဘာစစ်ရဲ့ ဇာတ်ကောင်ကြီး ဂျာမနီထုတ်များကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ်၊ ကြိုက်လို့ကို သီးသန့်ရွေးထုတ်ထားတာပါ၊ သူတို့အကြောင်း အသေးစိတ်သိချင်ရင်တော့ gg or ai ခေါက်ကြပါခင်ဗျ )

[ Sd Kfz 221 Armored Car စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၅သိန်း၊ တစ်ရက်လျှင် ၅၀စီးနှုန်း ]

[ Sd Kfs 231 Armored Car စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၆သိန်း၊ တစ်ရက်လျှင် ၄၅စီးနှုန်း ]

[ Sd Kfs 232 Armored Car စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၇သိန်း၊ တစ်ရက်လျှင် ၄၀စီးနှုန်း ]

[ Sd Kfs 234 Armored Car စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၉သိန်း၊ တစ်ရက်လျှင် ၃၀စီးနှုန်း ]

[ Panzer I စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း၊ တစ်ရက်လျှင် ၂၄စီးနှုန်း ]

[ Panzer II စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၂သိန်း၊ တစ်ရက်လျှင် ၁၂စီးနှုန်း ]

[ Panzer III စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၄သိန်း၊ တစ်ရက်လျှင် ၆စီးနှုန်း

[ Tiger I စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၆သိန်း၊ တစ်ရက်လျှင် ၃စီးနှုန်း ]

စောရန်နိုင်တစ်ယောက်စဉ်းစားရပါပြီ။

လောလောဆယ်မှာ အသုံးပြုနေတဲ့ Armored Car ( AC ) တစ်မျိုးဖြစ်တဲ့ M IV ရှိနေတာဖြစ်ပေမဲ့ ရေရှည်အသုံးပြုဖို့ မရည်ရွယ်ထားပါဘူး။ ဒါကြောင့် သူ့ထက်အဆင့်မြင့်တဲ့ ACထဲက Sd Kfs 232နဲ့ 234 စက်ရုံနှစ်ခုကို ရွေးချယ်လိုက်ပါတယ်။

Sd Kfs 221နဲ့ 231ကို ပယ်လိုက်တာကတော့ စောရန်နိုင်အနေနဲ့ သူတို့ဒီဇိုင်းတွေကို မကြိုက်လို့ပါ။

ပြင်ပကိုရောင်းထုတ်ဖို့နဲ့ မြို့ကြီးတွေကာကွယ်ဖို့အတွက် Panzer I tank စက်ရုံတစ်ရုံနဲ့ tankတပ်ရင်း ရှိပြီးသားမလို့ ရွှေ့လျားတိုက်ခိုက်ရေးအတွက် Tiger I တင့်ကား စက်ရုံနှစ်ရုံကို ဝယ်ယူလိုက်ပါတယ်။

[ စနစ်ရေ Sd Kfs 232နဲ့ 234 စက်ရုံနှစ်ရုံဆီယူမယ်၊ Tiger I tankစက်ရုံနှစ်ရုံယူမယ်၊ အဆင့်မြှင့် ခရစ်စတယ်ကျောက်တုံးနဲ့ ပေးချေမယ် ]

[ ဒင် Sd Kfs စက်ရုံ၄ရုံ၊ Tiger I စက်ရုံနှစ်ရုံအား အဆင့်မြှင့်ခရစ်စတယ် ကျောက်တုံး ၆၄၀ဖြင့် ဝယ်ယူပြီးပါပြီ၊ စက်ရုံတုံကင်ပြားများအား စနစ်သိုလှောင်ခန်းအတွင်း ထည့်သွင်းပြီးပါပြီ၊ အချိန်မရွေး ထုတ်ယူနေရာချထား နိုင်ပါပြီ ]

[ စနစ်ရေ ဂျာမနီထုတ် လေယာဉ်စက်ရုံတွေ ပြကြည့်ပါဦး ]

[ ပိုင်ရှင်သည် အင်ပေါ်တယ်တတိယအဆင့်ကို ရောက်ရှိနေသောကြောင့် ခရစ်စတယ်စွမ်းအင်သုံး အောက်ပါလေယာဉ်ပျံ စက်ရုံများအား ဝယ်ယူနေရာချထားနိုင်ပါပြီ ]

[ Bf 109 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၅ရက်လျှင် ၆စီး နှုန်း ]

[ Bf 109 E ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၁ရက်လျှင် ၃စီး နှုန်း ]

[ Bf 110 ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၁သိန်း ၅ရက်လျှင် ၆စီး နှုန်း ]

[ Focke Wulf ( FW ) 190 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၃သိန်း ၂ရက်လျှင် ၃စီး နှုန်း ]

[ Focke Wulf ( FW ) 190 F ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၂သိန်း ၅ရက်လျှင် ၆စီး နှုန်း ]

[ Focke Wulf ( FW ) 109E တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၅ရက်လျှင် ၁၀စီး နှုန်း ]

[ Focke Wulf ( FW ) TA 152

[ Focke Wulf ( FW ) 189 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၀သိန်း ၂ရက်လျှင် ၁စီး နှုန်း ]

[ Focke Wulf ( FW ) 200 Conder ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၅သိန်း ၄ရက်လျှင် ၁စီး နှုန်း ]

[ HE 162 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၁ရက်လျှင် ၂စီး နှုန်း ]

[ ME 163 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၄သိန်း ၁ရက်လျှင် ၂စီး နှုန်း ]

[ ME 209 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၁ရက်လျှင် ၂စီး နှုန်း ]

[ ME 210 ဗုံးကြဲတိုက်လေယာဉ် ( Navy ) စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၂သိန်း ၂ရက်လျှင် ၃စီး နှုန်း ]

[ ME 262 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၀သိန်း ၁ရက်လျှင် ၁စီး နှုန်း ]

ME 262 A2A ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၀သိန်း ၁ရက်လျှင် ၁စီး နှုန်း ]

[ ME 323 ထောက်ပို့လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၀သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

[ ME 410 ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၇သိန်း ၁ရက်လျှင် ၁စီး နှုန်း ]

[ HE 111 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၀သိန်း ၂ရက်လျှင် ၁စီး နှုန်း ]

[ HE 177 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၉သိန်း ၂ရက်လျှင် ၁စီး နှုန်း ]

[ HE 219 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၉သိန်း ၁ရက်လျှင် ၁စီး နှုန်း ]

[ DO 17 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၆သိန်း ၃ရက်လျှင် ၂စီး နှုန်း ]

[ DO 215 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၅သိန်း ၃ရက်လျှင် ၂စီး နှုန်း ]

[ DO 217 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၇သိန်း ၅ရက်လျှင် ၂စီး နှုန်း ]

[ DO 335 တိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၅သိန်း ၂ရက်လျှင် ၃စီး နှုန်း ]

[ JU 52 ထောက်ပို့လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၇သိန်း ၁ရက်လျှင် ၃စီး နှုန်း ]

[ JU 87 ဗုံးကြဲတိုက်လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၅သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

[ JU 88 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၈သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

[ JU 188 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၉သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

[ JU 215 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၀သိန်း ၂ရက်လျှင် ၁စီး နှုန်း ]

[ AR 232 ထောက်ပို့လေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၃သိန်း ၁ရက်လျှင် ၂စီး နှုန်း ]

[ AR 234 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၂သိန်း ၅ရက်လျှင် ၆စီး နှုန်း ]

[ BV 141 ဗုံးကြဲလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၃သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

[ BU 181 လေ့ကျင့်ရေးလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၅သိန်း ၁ရက်လျှင် ၁၀စီး နှုန်း ]

[ SI 204 ထောက်ပို့/ လေ့ကျင့်ရေးလေယာဉ် စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၁၂သိန်း ၂ရက်လျှင် ၅စီး နှုန်း ]

( ငါ့လခွီး ... အဲဒီလောက်ကြီးများရသလားဟ )

[ ပိုင်ရှင်က မကန့်သတ်ထားတဲ့အတွက် လက်ရှိအဆင့်နဲ့ရနိုင်တဲ့ ဂျာမနီထုတ်သီးသန့် လေယာဉ်စက်ရုံတွေကို ပြပေးလိုက်တာပါ ]

( ခရစ်စတယ်ကျောက်တုံး မလုံလောက်တာ ပြဿနာပဲဟေ့ လိုချင်တာတွေက အများသား )

[ ဒင် အကြွေးစနစ်နဲ့ ဝယ်ယူနိုင်ပါပြီ ]

( အေးပါကွာ )

အခန်း ( ၁၃၄ ) ပြီး

အခန်း ( ၁၃၅ )

( စနစ်ဈေးဆိုင်မှ ရရှိနိုင်သော စစ်လက်နက်ပစ္စည်းများ ၂ )

( အေးပါကွာ )

စောရန်နိုင်တစ်ယောက် နောက်တစ်ကြိမ် ခေါင်းစားသွားပြန်ပါတယ်။ အထပ်ထပ်အခါခါ ကြည့်ရှုပြီးနောက်

[ စနစ် ထောက်ပို့လေယာဉ်ထဲက AR 232နှစ်ရုံ၊ တိုက်လေယာဉ်စစ်စစ်ထဲက HE 219နှစ်ရုံ၊ ဗုံးကြဲတိုက်လေယာဉ်ထဲက ME 262 A2Aနှစ်ရုံ၊ ဗုံးကြဲလေယာဉ်ကြီးထဲက Focke Wulf ( FW ) 200 Conder စက်ရုံ ၁ရုံကိုယူမယ်၊ လေ့ကျင့်ရေးအတွက် SI 204စက်ရုံ ၁ရုံယူမယ်၊ အကြွေးမှတ်ထားလိုက် ဟီး ]

[ လေယာဉ်ပျံစက်ရုံ ၈ရုံစာ ၁၄၁သိန်းအား အကြွေးနဲ့ ရရယူပြီးပါပြီ။ စက်ရုံတုံကင်ပြားများအား စနစ်သိုလှောင်ခနအတွင်း ထည့်သွင်းပြီးပါပြီ၊ အချိန်မရွေး ထုတ်ယူနေရာချထား နိုင်ပါပြီ ]

[ စနစ် ဂျာမနီထုတ် ခြေလျင်ပစ်ကူပေးနဲ့ တာဝေးပစ်အမြောက်ထဲက ပြပေးပါဦး ]

[ ပိုင်ရှင်သည် အင်ပေါ်တယ်တတိယအဆင့်ကို ရောက်ရှိနေသောကြောင့် ချီစွမ်းအင်သုံးနှင့် ခရစ်စတယ်စွမ်းအင်သုံး အောက်ပါအမြောက်စက်ရုံများအား ဝယ်ယူနေရာချထားနိုင်ပါပြီ ]

[ 2cm flak 30 စက်သေနတ်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၁၀သိန်း၊ ၁ရက်လျှင် ၂၅လက် နှုန်း ]

[ 2cm flak 38 စက်သေနတ်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၂၀သိန်း၊ ၁ရက်လျှင် ၂၅လက် နှုန်း ]

[ 3.7cm flak 36 အမြောက်ငယ် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၃၀သိန်း၊ ၁ရက်လျှင် ၁၅လက် နှုန်း ]

[ 7.62cm flak 36r အမြောက်ငယ် ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၄၀သိန်း၊ ၁ရက်လျှင် ၁၀လက် နှုန်း ]

[ 8.8cm flak 36 အမြောက်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၅၀သိန်း၊ ၃ရက်လျှင် ၁လက် နှုန်း ]

[ 12.8cm flak 40 အမြောက်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၈၀သိန်း၊ ၃ရက်လျှင် ၁လက် နှုန်း ]

[ 3.7cm Pak 36 အမြောက်ငယ် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၅သိန်း၊ ၁ရက်လျှင် ၁၅လက် နှုန်း ]

[ 5cm Pak 38 အမြောက် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၁၀သိန်း၊ ၁ရက်လျှင် ၁၂လက်နှုန်း ]

[ 7.5cm Pak 40 အမြောက် ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၂၀သိန်း၊ ၁ရက်လျှင် ၁၀လက် နှုန်း ]

[ 7.5cm IeIg အမြောက် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၂၀သိန်း၊ ၁ရက်လျှင် ၁၀လက် နှုန်း ]

[ 10.5cm IeFH 18M အမြောက် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၄၀သိန်း၊ ၁ရက်လျှင် ၈လက် နှုန်း ]

[ 10.5cm IeFH 16 အမြောက် ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၃၅သိန်း၊ ၁ရက်လျှင် ၉နှုန်း ]

[ 15cm sig 33 အမြောက်ကြီး ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၅၀သိန်း၊ ၂ရက်လျှင် ၁လက်နှုန်း ]

[ 15cm sFH 36 အမြောက်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၅၀သိန်း၊ ၂ရက်လျှင် ၁လက် နှုန်း ]

[ 17cm Kanone 18 အမြောက်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၆၅သိန်း၊ ၃ရက်လျှင် ၁လက် နှုန်း ]

[ 21 cm Morser 16 အမြောက်ကြီး ( ချီနှင့် ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၂၇သိန်း၊ ၄ရက်လျှင် ၁လက် နှုန်း ]

[ 25cm kanonအမြောက်ကြီး ( ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၃၀သိန်း၊ ၁၀ရက်လျှင် ၁လက် နှုန်း ]

[ 80cm Schwerer Gustav heavliy Connon အမြောက်ကြီး ( ခရစ်စတယ်စွမ်းအင်သုံး ) စက်ရုံ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး ၄၀သိန်း၊ ၃၀ရက်လျှင် ၁လက် နှုန်း ]

[ 15cm Nobelwerfer 41 Rocket Launcher ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၁၅သိန်း၊ ၁ရက်လျှင် ၆လက်နှုန်း ]

[ 21cm Nobelwerfer 42 Rocket Launcher ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၁၇သိန်း၊ ၁ရက်လျှင် ၆လက်နှုန်း ]

[ 30cm Nobelwerfer 42 Rocket Launcher ( ချီစွမ်းအင်သုံး ) စက်ရုံ အဆင့်မြှင့်ချီကျောက်တုံး ၂၀သိန်း၊ ၁ရက်လျှင် ၄လက်နှုန်း ]

[ ကုန်ပြီလား ကျန်သေးလား စနစ် ]

[ ဂျာမနီထုတ် တခြားအမြောက်တွေကျန်နေသေးပေမဲ့ ပိုင်ရှင်မတက်နိုင်မဲ့အတူတူ တက်နိုင်သလောက်ကိုပဲ ပြပေးလိုက်ပါတယ်၊ ယူမှာသာယူစမ်းပါ မဟုတ်လဲအကြွေးပဲကို ]

[ ငင့် ဖဲ့ပြီစနစ်က၊ အကြွေးပြန်ဆပ်မှာပါဟ ]

[ တလက်စထဲ သယ်ယူပို့ဆောင်ရေး ထရပ်ကားတွေပါပြပေးတော့ ]

[ ပိုင်ရှင်သည် အင်ပေါ်တယ်တတိယအဆင့်ကို ရောက်ရှိနေသောကြောင့် ချီစွမ်းအင်သုံးနှင့် အမြူတေစွမ်းအင်သုံး အောက်ပါစက်ရုံများအား ဝယ်ယူနေရာချထားနိုင်ပါပြီ ]

[ OpeI BIitz Ambulance 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၅သောင်း၊ ၁ရက်လျှင် ၅စီးနှုန်း ]

[ OpeI BIitz A 2 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၁သောင်း၊ ၁ရက်လျှင် ၃၀စီးနှုန်း ]

[ OpeI BIitz 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၂သောင်း၊ ၁ရက်လျှင် ၂၅စီးနှုန်း ]

[ ML 4500 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၂သောင်း၊ ၁ရက်လျှင် ၂၅စီးနှုန်း ]

[ Krupp L3H163 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၂သောင်း၊ ၁ရက်လျှင် ၂၅စီးနှုန်း ]

[ Mercedes Benz L3000 workshop 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၂သောင်း၊ ၁ရက်လျှင် ၂၅စီးနှုန်း ]

[ Mercedes Benz L4500A Airfiend 4 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၃သောင်း၊ ၁ရက်လျှင် ၁၀စီးနှုန်း ]

[ Mercedes Benz L3000s Late Variant 3 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၂သောင်း၊ ၁ရက်လျှင် ၂၀စီးနှုန်း ]

[ Chevrolet G7107 4 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၃သောင်း၊ ၁ရက်လျှင် ၁၅စီးနှုန်း ]

[ Fort V3000s Simplified 4 ton ထရပ်ကား ( ချီနှင့်အမြူတေစွမ်းအင်သုံး ) စက်ရုံ အဆင့်မြင့်ချီကျောက်တုံး ၃သောင်း၊ ၁ရက်လျှင် ၁၅စီးနှုန်း ]

အခန်း ( ၁၃၅ ) ပြီး

စာစဉ် ၉ ပြီး

All Chapters