အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အခန်း ( ၁၃၉ )
( ရန်သူဂိုဏ်းနဲ့ ပြန်ဆုံတွေ့ခြင်း )
မဲဆောင်မြို့ခံတပ်ဟာ ယခင်က အယုဒ္ဓယအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံ တစ်ခုဖြစ်တဲ့ မဲဆောက်နိုင်ငံရဲ့ မြို့တော်ကြီးဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ မြို့ပျက်ခံတပ်ဟောင်းကြီး တစ်ခုသာဖြစ်ပါတော့တယ်။
ကျိုင်းကောင်သားရဲ ရန်စွယ်ကို ပထမဆုံးခံစားခဲ့ရတဲ့ နိုင်ငံငယ်ဖြစ်တာကြောင့် ပထမဆုံးပျက်ဆီးသွားတဲ့ နိုင်ငံငယ်တွေထဲမှာ ထိပ်ဆုံးကပါဝင်ခဲ့ပြီး လူသူကင်းမဲ့လျက်ရှိကာ တချို့သော စူးစမ်းရှာဖွေသူ အနည်းငယ်ကိုသာ ဟိုတစ်စု ဒီတစ်စုနဲ့တွေ့မြင်ရမှာ ဖြစ်ပါတယ်။
စောရန်နိုင်တစ်ယောက် မြို့ရိုးဟောင်းထက် ဝေဟင်ပြင်မှာ ခနရပ်လိုက်စဉ် မြို့ဟောင်းထဲမှာ သေးငယ်တဲ့ အော်ရာအကြွင်းအကျန်တစ်ခုကို ခံစားမိတာကြောင့် မြို့ဟောင်းထဲကို ဆက်လက်ဝင်ရောက်လိုက်ပါတယ်။
မြို့တော်ဝန်ခန်းမတည်ရှိရာ ရင်ပြင်အနီးမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတဲ့ လူနှစ်စုကို တွေ့လိုက်ရပါပြီ။ တစ်ဖက်ကတော့ စုစုပေါင်း လူ၂၀ကျော် ပါဝင်နေတာဖြစ်ပြီး မိန်းခလေးတစ်ချို့ကို ဝန်းရံထားကြပါတယ်။
နှစ်ဖက်စလုံးဟာ ဂိုဏ်းသားဂိုဏ်းသူဝတ်စုံများ ဝတ်ဆင်ထားကြတာကြောင့် ဂိုဏ်းနှစ်ခုရဲ့ ဂိုဏ်းဝင်တွေဖြစ်ကြမှန်း သိရှိကြမှာဖြစ်ပါတယ်။
ဝန်းရံနေတဲ့ နှစ်ဖက်လုံးက ဂိုဏ်းဝတ်ရုံကိုတော့ စောရန်နိုင်သိထားပါတယ်။တဖက်က ပန်းတစ်ရာဂိုဏ်းဝတ်စုံဖြစ်ပြီး နောက်တစ်ဖက်ကတော့ ရန်သူတော်ဟောင်း တိမ်အရိပ်ဂိုဏ်းရဲ့ ဂိုဏ်းဝတ်စုံပါပဲ။
စောရန်နိုင် ရောက်ရှိလာတာကို ပန်းတစ်ရာဂိုဏ်းသူများ တွေ့လိုက်ရချိန်မှာတော့ အော်ဟစ်အကူအညီ တောင်းလိုက်ကြပါတယ်။
"အင်ပေါ်တယ်အရှင် ဂျုနီယာတို့ကို ကယ်ပေးပါဦးရှင့်"
ယခင်က ဂိုဏ်းတွေနဲ့ ပြဿနာတက်မှာ စိုးရိမ်ရဝာာကြောင့် ထိန်းထိန်းသိမ်းသိမ်း လုက်ဆောင်နေရပေမဲ့ အခုအချိန်မှာတော့ ဂရုမစိုက်နေတော့ပါဘူး။
"ဘာဖြစ်ကြတာလဲ ဂျုနီယာညီမလေး တို့"
စောရန်နိုင်ကို မသိကြတဲ့ တိမ်အရိပ်ဂိုဏ်းသားတချို့က လှောင်ရယ်လိုက်ကြပါတယ်။
"ဟား .. ဟား၊ အင်ပေါ်တယ်အရှင်ဆိုပဲဟ ကြောက်စရာကြီး ဟီး .. ဟီး ဘာတွေပြောနေတာလဲ"
"အေးလေကွာ ကြောက်လန့်ပြီး အရှင်အင်ပေါ်တယ်တွေ ဘာတွေနဲ့ ဘယ်သူ့ကို အရူးလုပ်နေတာလဲကွ"
"ငါတို့တိမ်အရိပ်ဂိုဏ်းက ဒီလိုနေရာမှာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲကွ"
"ဟုတ်တယ် ဝင်အာချောင်တဲ့ အဲဒီအကောင်ကိုရော ပန်းတစ်ရာဂိုဏ်းသူတွေကိုပါ သတ်ကြစမ်းကွာ"
"ဟိုအာချောင်တဲ့အကောင်ကတော့ သေချင်သေပါစေကွာ ဒါပေမဲ့ ပန်းတစ်ရာဂိုဏ်းသူလေးတွေကိုတော့ မသေခင်ကစားကြစို့ဟေ့"
"ဟား ဟား၊ အယ် ... စီနီယာအကိုတို့နဲ့ ဂိုဏ်းအကြီးအကဲတို့ ဘာတွေဖြစ်နေတာလဲဗျ၊ ဘယ်သူ့ကိုကြောက်နေတာလဲ"
"ဟုတ်သားပဲဗျာ၊ ဘာကြောက်စရာရှိလဲ သူရဲကောင်းဝင်လုပ်ချင်တဲ့ ငနဲတစ်ကောင်နဲ့ ပြန်တောင်မတိုက်နိုင်တော့တဲ့ မိန်းကလေးတစ်စုပဲကိုဗျာ"
အငယ်တွေက အာချောင်နေသလောက် စောရန်နိုင်ရုပ်ပုံနဲ့ လူကိုယ်တိုင်ကို တွေ့ဖူးမြင်ဖူးထားတဲ့ စီနီယာတွေနဲ့ ဂိုဏ်းအကြီးအကဲတွေကတော့ ကြောက်ဒူးတုန်ပြီး တချို့ဆို သေးပါထွက်ကျကုန်ပါပြီ။
"အာ စီနီယာအကို၊ ဘာလို့ဘောင်းဘီတွေ စိုရွှဲနေတာလဲ ဗျ၊ အော် .. သိပြီ စိတ်ချပါဗျာ ဒီမိန်းကလေးတွေကိုဖမ်းပြီးရင် စီနီယာတွေနဲ့ အကြီးအကဲတို့ကိုအရင် ဦးစားပေးမှာပါဗျ ဟဲ ဟဲ"
မနေနိုင်တော့တဲ့ အကြီးအကဲတစ်ဦးက
"မင်းရဲ့ဝက်ဖင်ကြီးကို ပိတ်ထားစမ်း၊ အသက်ရှင်လျက် ဂိုဏ်းကို မပြန်ချင်တော့ဘူးလားကွ"
"ငါ့လခွီးမသား အသက်ရှင်လျက် မင်းမပြန်ချင်လဲ ငါတို့ပြန်ချင်တယ်ကွ မင်းအပေါက်ကြီးကို အခုပိတ်ထားလိုက်တော့"
"အရှင်စော၊ အရှင်စော ဒီဂျုနီယာတို့ တိုက်တန်တောင်ကြီးကို မမြင်ပဲရမ်းကားမိတာ ခွင့်လွှတ်ပေးပါ၊ နောက်မလုပ်တော့ပါဘူးခင်ဗျာ"
"ဟုတ်ပါတယ်၊ ဒီတစ်ကြိမ်လေးပဲ မမြင်ချင်ယောင်ဆောင်ပြီး ခွင့်လွှတ်ပေးပါခင်ဗျာ"
"ဗျာ အရှင်စော၊ စောရန်နိုင်ဆိုတာသူလား"
တိမ်အရိပ်ဂိုဏ်းသားတွေ မြေပေါ်ဒူးထောက်ရင်း အသဲအသန် တောင်းပန်နေကြရပါပြီ။ တိမ်အရိပ်ဂိုဏ်းမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ သေချင်ရင် စောရန်နိုင်ကိုရှာပါတဲ့။
ဒီဆိုရိုးက စောရန်နိုင်နဲ့ စစ်တိုက်ဖူးတဲ့ ဂိုဏ်းကြီးဂိုဏ်းငယ်တိုင်းမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပန်းတစ်ရာဂိုဏ်းသူများက
"အရှင်စော သူတို့ကို လုံးဝခွင့်မလွတ်ပါနဲ့ရှင့်၊ သူတို့က ရမ်းကားလွန်းပါတယ်"
"ကောင်းပြီ၊ ငါ့မှာအချိန်မရှိဘူး၊ မင်းတို့အားလုံးကို မေးခွန်းနှစ်ခုပဲမေးမယ်"
"ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါရှင်"
"ပထမမေးခွန်းက ဟိုဂျုနီယာညီမလေး လက်မှာကိုင်ထားတဲ့ဓားက ဘယ်ကရတာလဲ"
"ဒုတိယမေးခွန်း အခုပြဿနာက ဘယ်လိုဖြစ်ကြတ။လဲ"
ဓားကိုင်ထားသူ မိန်းမပျိုက စောရန်နိုင်ကို ဦးညွန့်လိုက်ရင်
"ဒီဂျုနီယာ ဖြေကြားပါတယ် အရှင်စော၊ ဒီဓားကို လွန်ခဲ့တဲ့ ၃ရက်က ခနငှားထားတာပါရှင့် အခုကပိုင်ရှင်ကို ပြန်ပေးတော့မှာပါရှင့်၊ ဒါပေမဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂျုနီယာညီမလေးကို သူတို့ဂိုဏ်းသားတော်က ဖမ်းဆီးသွားပါတယ်ရှင့်"
"ဒုတိယမေးခွန်းရဲ့ အဖြေကလဲ အဲဒီဂျုနီယာညီမလေးကို သူတို့ဖမ်းသွားလို့ ဒီဂျုနီယာတို့ လိုက်ရှာရင်းနဲ့ သူတို့ကဒီဓားနဲ့ ဂျုနီယာညီမကို ပြန်ရွေးခိုင်းလို့ အချင်းများရင်း တိုက်ခိုက်ကြရတာပါရှင့်"
"ကျေးဇူးပြုပြီး အဖမ်းခံရတဲ့ ဂျုနီယာညီမလေးကို ကယ်ပေးပြီး တရားမျှတမှု ရှာပေးပါရှင့်"
အခန်း ( ၁၃၉ ) ပြီး
အခန်း ( ၁၄၀ )
( ကယ်တင်ခြင်း )
စောရန်နိုင်တစ်ယောက် အင်ပေါ်တယ်အော်ရာများနဲ့ တိမ်အရိပ်ဂိုဏ်းသားတွေကို ရစ်ပတ်လိုက်ပြီး
"သူမဘယ်မှာလဲ ပြောစမ်း"
"တိမ်အရိပ်ဂိုဏ်းသားတော်က သူမကို လွန်ခဲ့တဲ့၁နာရီကပဲ အရိပ်တောအုပ်ဆီ ယာဉ်ပျံနဲ့ ခေါ်ဆောင်သွားပါပြီခင်ဗျ"
"လမ်းပြစမ်း"
"ဟုတ် ဟုတ်ကဲ့"
ထိုအချိန်မှာပဲ နောက်လိုက်လာတဲ့ မင်းရဲကျော်စွာတို့ မှီလာပါတယ်။ စောရန်နိုင်က
"တပ်စုတစ်က တိမ်အရိပ်ဂိုဏ်းသားတွေကိုဖမ်းပြီး အင်ပါယာမြို့တော်ဆီပို့လိုက်ကြ၊ ကျန်သူတွေကိုတော့ အရှင်မင်းရဲကျော်စွာဦးဆောင်ပြီး ပန်းတစ်ရာဂိုဏ်းသူတွေကို ကာကွယ်ရင်း အနောက်ကလိုက်ခဲ့"
"ဟုတ်ကဲ့"
တိမ်အရိပ်ဂိုဏ်းအကြီးအကဲရဲ့ လမ်းပြမှုနဲ့ မိနစ်ပိုင်းမျှ ပျံသန်းလာအပြီးမှာတော့ လွန်ခဲ့တဲ့ တစ်နာရီကထွက်ခွာသွားတဲ့ တိမ်အရိပ်ဂိုဏ်းရဲ့ ယာဉ်ပျံကြီးကို မှီလာပါတယ်။
တိမ်အရိပ်ဂိုဏ်းရဲ့ ယာဉ်ပျံကြီးဆိုတာက ဟန်တရုတ်ခေတ်က စစ်သင်္ဘောပုံစံနဲ့ ရွက်တိုင်ကြီးများပါတဲ့ လေသင်္ဘောတစ်စီးဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် အခုခေတ် လေယာဉ်တင်သင်္ဘောကြီး တစ်စီသာသာရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကျင့်ကြံခြင်းကမ္ဘာမှာတော့ အရွယ်အစားက အရေးမပါတော့ပါဘူး။ ရေးဆွဲထည့်သွင်းထားတဲ့ အစီအရင်အဆင့်တွေကသာ သင်္ဘောတစ်စီးရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးတာပဲ ဖြစ်ပါတယ်။
စောရန်နိုင်က ယာဉ်ပျံကို မှီလာချိန်မှာတော့ အင်ပေါ်တယ်စိတ်အာရုံကို ဖြန့်ကြည့်လိုက်တဲ့အခါမှာ
( သူမပဲ )
ဟုတ်ပါတယ်။ ဇင်မာအောင်တစ်ယောက် အခန်းကျယ်တစ်ခုထဲမှာ အကျဉ်းအကြပ်အနေအထားနဲ့ ရှိနေတာကိုတွေ့လိုက်ရပါတယ်။
ဂိုဏ်းသားတော်က သူမကို ယင်ယန်ကျင့်ကြံဖို့ ကြိုးစားနေခြင်းဖြစ်ပြီး စောရန်နိုင်သာ မိနစ်ပိုင်မျှထပ်နောက်ကျခဲ့မယ်ဆိုရင် သူမဘဝတော့ မတွေးရဲစရာပါ။
"အတင့်ရဲလိုက်တာ သူမကိုအခုလွတ်လိုက်စမ်း"
"ဝုန်း ... အုန်း ... ခွလပ် ... ခွလပ် .. အုံး"
ယာဉ်ပျံမှာကို အဆင့်၂ အကာအကွယ်တစ်ခုနဲ့ ကာရံထားတယ်ဆိုပေမဲ့ အင်ပေါ်တယ်အဆင့် စောရန်နိုင်ရဲ့ တိုက်ခိုက်မှုကိုတော့ မကာနိုင်ခဲ့ပါဘူး။
ယာဉ်ပျံရဲ့ အကာအကွယ်က ပျက်ဆီးသွားတဲ့အပြင် ယာဉ်ပျံပါ ပျက်ဆီးသွားပြီး လက်ကျန်အင်ပေါ်တယ် စွမ်းအင်တွေက ဇင်မာအောင်ရှိရာ ခန်းမအထိရောက်သွားတာကြောင့် စောရန်နိုင်တစ်ယောက် ကပြာကယာနဲ့ အင်ပေါ်တယ်စွမ်းအင်ထုတ်ပြီး ကာကွယ်ပေးလိုက်ရပါတယ်။
အင်ပေါ်တယ်စွမ်းအင်ဖြင့် သူမကို လွမ်းခြုံလိာက်ရင်း မြေပြင်ဆီချပေးလိုက်ပါတယ်။
"အစ်ကို ... အစ်ကိုညီမကို လာကယ်တယ်နော် အဟင့် အဟင့်၊ ညီမသိပ်ဝမ်းသာတာပဲ"
"အင်းပါ အခုတော့ အဆင်ပြေသွားပါပြီကွယ်"
ဟုတ်ပါတယ်၊ ချူရင်ရရှိခဲ့တဲ့ စောရန်နိုင်ရဲ့ အော်ရာတစ်စွန်းတစ်စဆိုတာက ဇင်မာအောင် အမြဲဆောင်ထားတဲ့ စောရန်နိုင်ရဲ့ငယ်ဘဝက ကိုင်ဆောင်လေ့ရှိသော လက်ကိုင်ပဝါ တစ်ထည်သာ ဖြစ်ပါတော့တယ်။
တိမ်အရိပ်ဂိုဏ်းသားများကတော့ ယာဉ်ပျံနဲ့အတူ အင်ပေါ်တယ် စွမ်းအင်အောက်မှာ အငွေ့ပျံသွားခဲ့ပါပြီ။
စောရန်နိုင်က စနစ်ဈေးဆိုင်ကနေ အမျိုးသမီးဝတ်တစ်ထည်ကို တိတ်တဆိတ်ဝယ်လိုက်ကာ ဇင်မာအောင်ကို ထုတ်ပေးလိုက်ပါတယ်။
သူမရဲ့ ဂိုဏ်းအဝတ်အစားကတော့ ရုန်းကန်နေရင်း ပြဲရာများနဲ့ အပြည့်ဖြစ်နေပြီး ဖြူဖွေးသော အတွင်းသားတချို့ကိုတောင် မြင်နေရပြီပဲဖြစ်ပါတယ်။
( တော်သေးတယ်၊ ဟိုတဏှာရူးက ဆိုက်ကိုရှိလို့ ဆေးခပ်ပြီးသာ ကြံစည်ရင် ငါလာချိန်မှာ ပွဲတောင်ပြီးနေလောက်ပြီ )
ဇင်မာအောင်က ရှက်သွေးဖြာသွားတဲ့ မျက်နှာနဲ့ အဝတ်အစား လှဲလှယ်ဝတ်ဆင်ပြီးမှာတော့
"ကျေးဇူးတင်ပါတယ်အစ်ကို ညီမကိုခွင့်ပြုပါဦး"
( အာ ငါ့ရှေ့မှာ အဝတ်လာလဲရသလားဟ အိုက်ယား ဟုတ်သားပဲ ငါကအင်ပေါ်တယ်အဆင့်ဆိုတာ သူမ မသိသေးဘူးပဲ )
ဇင်မာအောင် မတွေးမိခဲ့တာက စောရန်နိုင်က အင်ပေါ်တယ်အဆင့် ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် သူမရဲ့ ချီဘုရင်စွမ်းအင်တွေကာရံပြီး အဝတ်လဲရင် ချီစစ်သူကြီးအဆင့်က စောရန်နိုင် မမြင်နိုင်ဘူး ထင်လိုက်မိယုံပါ။
ဟုတ်ပါတယ်။ အောင်မင်္ဂလာနိုင်ငံ မပျက်ဆီးခင် သူမနောက်ဆုံးရတဲ့ သတင်းအရ စောရန်နိုင်က ချီစစ်သူကြီး အလယ်အလတ် အဆင့်မှာပဲ ရှိနေသေးတာပါ။ အခုချိန်မှာ အလွန်ဆုံးရှိမှ အထွတ်အထိပ်လို့သာ ထင်မိပြီး ယခုလိုမျိုး ရဲတင်းမိခြင်းဖြစ်ပါတယ်။
"ဘယ်သွားဦးမှာလဲ အနောက်မှာ ပန်းတစ်ရာဂိုဏ်းသူတွေ လိုက်လာပါပြီ၊ ခနစောင့်လိုက်ပေါ့"
"ဟုတ် အစ်ကို"
အနောက်က လိုက်လာသူတွေကို ခနစောင့်ကြရင်း စောရန်နိုင်တစ်ယောက် မိန်းမရှိုးနေပါတယ်။ သူ့မှတ်ဉာဏ်ထဲမှာ ဇင်မာအောင်နဲ့ ပတ်သတ်ပြီး သိပ်မရှိထားပါဘူး။ သူမကိုနောက်ဆုံး မြင်ခဲ့ရတာက သူ့မိခင်လင်းဝူရဲ့ နာရေးမှာပါ။
အခုအချိန်မှာတော့ ၁၉နှစ်အရွယ်သာ ရှိနေသေးတဲ့ ဇင်မာအောင်ဟာ တော်ဝင်သွေးဖြစ်တဲ့အတွက် သူဇာလွင်နဲ့ချူရင်တို့ထက် ပိုပြီးနန်းဆန်ကာ တစ်မျိုးလေး လှပနေသူဖြစ်ပါတယ်။
စောရန်နိုင်ရဲ့ စိတ်ထဲမှာတော့ သူဇာလွင်က အိန္ဒြေရှင်မမအလှမျိုးဖြစ်ပြီး၊ ချုရင်ကတော့ တည်ငြိမ်ရင့်ကျက်တဲ့အလှမျိုးပါ၊ ဇင်မာအောင်ကတော့ နန်းဆန်တဲ့ အလှတစ်မျိုးဖြစ်နေပါတယ်။
"အာ အစ်ကိုကလဲ ညီမကိုအဲဒီလောက်ကြီး စိုက်ကြည့်မနေနဲ့လေ၊ မနေတက်တော့ဘူး သိလား အရင်ကလဲမမြင်ဖူးတာကြနေတာပဲကို"
နောက်ဆုံးစကားကို ပြောချိန်မှာတော့ သူမမျက်နှာမှာတော့ ပန်းသီးတစ်လုံးနှယ် နီးမြန်းလျက်ရှိပါတယ်။
"အဟမ်း .. အဟမ်း၊ တောင်းပန်ပါတယ်၊ ညီမအလှမှာ မျောသွားမိတယ် စိတ်မရှိပါနဲ့"
"ရပါတယ် အစ်ကို၊ အစ်ကိုက ညီမကိုမေ့သွားမှာကိုပဲ စိုးရိမ်တာပါ"
"ဒါနဲ့ အစ်ကိုက ညီမဒီလိုအခြေအနေမျိုး ရောက်နေမှန်း ဘယ်လိုသိတာလဲဟင်"
အခန်း ( ၁၄၀ ) ပြီး
စာစဉ် ၁၀ အလယ်
အခန်း ( ၁၄၁ )
( နတ်သူငယ်နိုင်ငံငယ်ဆီ အလည်သွားခြင်း )
စောရန်နိုင်က သူ့ခရီးစဉ်အကြောင်း အကျဉ်းချုပ် ရှင်းပြအပြီးမှာတော့
"ညီမကကော အောင်မိသားစုနဲ့အတူရှိမနေပဲ ဘယ်လိုလုပ်ပြီး ပန်းတစ်ရာဂိုဏ်းထဲ ရောက်နေရတာလဲ"
ဒီတစ်ခါတော့ သူမရှင်းပြရမဲ့အလည့်ပါပဲ။
"ဟုတ်အစ်ကို အဖေ့ကြောင့်ပါ"
( ဒီနေရာမှာတော့ သူမအကြောင်းကို နောက်အခန်းတွေမှာမှ ဖြည်းဖြည်းချင်း ရေးသားသွားပါမယ်၊ အခုတော့ကျော်ပါရစေခင်ဗျ- စာရေးသူ )
အရိပ်တောအုပ်ဆိုတာက သားရဲနိုင်ငံတော်တစ်ခုဖြစ်တဲ့ ( ) နဲ့ မဲဆောက်နိုင်ငံနှစ်နိုင်ငံကြားမှာ တည်ရှိနေတဲ့ သားရဲတစ်ထောင်တောအုပ်ထက် အဆများစွာ ကြီးမားကျယ်ပြန့်တဲ့ တောအုပ်ကြီးတစ်ခုဖြစ်ပါတယ်။
တောအုပ်ထဲမှာတော့ တောအုပ်ကိုအမှီပြုရင်း ရှင်သန်ကျက်စားကြတဲ့ ဒေါသမှင်စာမျိုးနွယ်တစ်ခုနဲ့ နတ်သူငယ်မျိုးနွယ်စု နှစ်ခုတည်ရှိနေထိုင်ကြပါတယ်။
မှင်စာဆိုပေမဲ့ သေးငယ်တယ်လို့ အတွေးမှားရင် နောင်တရသွားပါလိမ့်မယ်။ အရပ်အားဖြင့် ၇ပေကျော်ကျော်မြင့်တဲ့ ဘီလူးနွယ်များ ဖြစ်ကြပြီး စိမ်းဖန့်သော အသားအရည်၊ ငေါထွက်နေသောအစွယ်နှစ်ချောင်း ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ရှိသူ ဘီလူးနွယ်ဝင် မှင်စာမျိုးနွယ်တစ်ခု ဖြစ်ပါတယ်။
အများအားဖြင့် တောအုပ်ကြီးက အပင်ကြီးများအပေါ်မှာသာ အိုးအိမ်တည်ဆောက်ကာ မြို့သဖွယ်စုပေါင်းနေထိုင်ကြပြီး ပြင်ပလောကနဲ့ အဆက်အသွယ်သိပ်မရှိကြပါဘူး။
နတ်သူငယ်မျိုးနွယ်စုကတော့ နားရွက်နှစ်ဖက်က အနည်းငယ်ချွန်ပြီး ရှည်လျားကာ အမျိုးသမီး၊ အမျိုးသားအားလုံးက ဆံပင်ရှည်များကို သပ်ရပ်စွာ ပုခုံးထက်ဝယ် အရှည်ချထားတက်ကြပါတယ်။
တောအုပ်အပြင်ဖက်က လူသားများနဲ့ အဆက်အသွယ် မကင်းကြတာမို့ သွားလာရောင်းဝယ်ဖောက်ကားခြင်းမျိုး ရှိတက်ကြပါတယ်။
ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြတာမို့ နိုင်ငံအဆင့်နဲ့ ဘုရင်မတစ်ဦးက အုပ်ချုပ်လျက်ရှိပါတယ်။ မှော်စွမ်းအင်ဆိုတဲ့ ထူးကဲစွမ်းအင်တစ်မျိုးကို လေ့ကျင့်ကြပြီး အပြင်ဖက်လူသားတွေနဲ့ မတူကွဲပြားနေတာလဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒါက တိမ်အရိပ်ဂိုဏ်းဆိုတဲ့ ယင်ယန်ကျင်ကြံခြင်းကို အသားပေးတဲ့ ဂိုဏ်းကြီးတစ်ခု လာရောက်အခြေမချခင်ထိပါပဲ။
စောရန်နိုင်တစ်ယောက် ပန်းတစ်ရာဂိုဏ်းသူများ ရှင်းပြနေသည်ကို နားထောင်ရင်း နတ်သူငယ်မျိုးနွယ်စုကို တွေ့ချင်စိတ် ပျင်းပြလာပါတယ်။
"ကဲ .. အရှင်မင်းရဲကျော်စွာရေ၊ နတ်သူငယ်မျိုးနွယ်ဆီ အလည်တစ်ခေါက်သွားရင်း တိမ်အရိပ်ဂိုဏ်းဆီလဲ လမ်းကြုံဝင်ပြီး လည်ပတ်ကြတာပေါ့ဗျာ"
"ဒါနဲ့ လက်နက်ခဲယမ်းကော လုံလုံလောက်လောက်ပါရဲ့လားဗျ"
"ဟုတ်ကဲ့ ချီခဲယမ်း၃ရက်စာ ကိုယ်စီတော့ ပါပါတယ်အရှင်စော"
"ကောင်းပြီ အရှင်မင်းရဲကျော်စွာက ပန်းတစ်ရာဂိုဏ်းသူတွေကို ဖမ်းပြီးသွားရောင်းတဲ့ အနေအထားနဲ့ တပ်ခွဲ၂ခုကို ခေါ်သွားပါ သေနတ်တွေကိုတော့ ဖွတ်သွားကြ"
"ကဲ ပန်းတစ်ရာဂိုဏ်းက မမတို့၊ ညီမတို့ ပူးပေါင်းဆောင်ရွက်ပေးကြပါဦး"
"ဟုတ်ကဲ့ရှင့်"
"ညီမဇင်မာအောင်ကတော့ အစ်ကိုနဲ့လိုက်ခဲ့ပါ၊ နတ်သူငယ်တွေကို သွားတွေ့ကြည့်ရအောင်"
"ဟုတ်အစ်ကို"
"အားလုံးနဲ့ နတ်သူငယ်နိုင်ငံမှာ ပြန်ဆုံကြတာပေါ့"
"ဟုတ်ကဲ့ပါအရှင်စော"
"ဟုတ်ကဲ့ပါ အင်ပေါ်တယ်အရှင်မြတ်ရှင့်"
လမ်းခရီတစ်လျှောက်ကိုတော့ ခြေလျင်နဲ့ပဲ တောတိုးခဲ့ကြပါတယ်။ မြေသားလမ်းတစ်ခုကို မတွေ့ခင်အထိပဲ ဖြစ်ပါတယ်။
"ညီမ အစ်ကို့ကို တစ်ခုခုမေးချင်တာ ရှိနေလား"
တစ်လမ်းလုံး နူတ်ဆိတ်လာရင်း တစ်ခုခုကို မေးချင်ဟန်နဲ့ တွန့်ဆုတ်နေသော ဇင်မာအောင်ကိုကြည့်ပြီး မေးလိုက်ပါတယ်။
"အစ်ကိုရဲ့ ကျင့်ကြံဆင့်က အခုဘယ်အဆင့်မှာလဲဟင်"
"ချီဧကရာဇ်စဦးပိုင်းမှာပါ၊ ဘာဖြစ်လို့လဲ ညီမ"
ဇင်မာအောင်တစ်ယောက် မျက်နှာရုတ်ချည်းနီရဲသွားလျက်
"အား ... ရှက်လိုက်တာ၊ အစ်ကိုမကောင်းဘူး ညီမအဝတ်အစားလဲတာ ခိုးကြည့်တယ်"
( ဟင့် သူဘာသာ လူရှေ့လာလဲပြီးတော့ လူကိုခိုးကြည့်တယ်လေး ဘာလေးနဲ့ဟ )
"အဲတုန်းက ဘာမှမမြင်လိုက်ပါဘူးဗျာ၊ ဟုတ်ပြီလား"
"တကယ်လား"
"အင်း တကယ်"
စောရန်နိုင်ရဲ့ စိတ်ထဲမှာတော့ One moe၊ Two again၊ There reply တွေဖြစ်နေတာကို ဇင်မာအောင်သာ သိခဲ့ရင် ။
အခန်း ( ၁၄၁ ) ပြီး