← Chapters

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း (၁၄၈-၁၅၀)

Vol. 10 Ch. 148-150

အခန်း ( ၁၄၈ )

( ဇင်းမယ်နိုင်ငံ ဇင်းကျုံးမြို့တော် )

အကြီးအကဲဆိုသူက မိမိကိုယ်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့်

"ကောင်းပြီလေ ငါတို့လဲမကြာခင် မြင့်မြတ်နယ်မြေကို ပြန်ရတော့မှာ၊ မပြန်ခင် ဒီတစ်ယောက်ကို သတ်ပြီး ဟံသာဝတီရဲ့ ဒီသေနာပတိကနေတဆင့် တောင်ငူအင်ပါယာအရှင်ကို နူတ်ဆက်လက်ဆောင်ပေးခဲ့လိုက်မယ်"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

တစ်ဖက်မှာလဲ သီရိပျံချီက အင်ပေါ်တယ်အာရုံတစ်ခုကို ခံစားမိလိုက်ပါတယ်။

"တပ်ရင်းတွေကို ရောက်လေရာနေရာမှာ ခနရပ်ခိုင်းထားကြ၊ တစ်ဖက်မှာ အင်ပေါ်တယ်အရှင်တစ်ယောက်ကို အာရုံခံမိတယ်"

ကကရစစ်ဦးစီးချုပ် ရန်ပိုင်ထွေးက

"ညီအစ်ကိုပျံချီ စစ်ပွဲက မြင်ရကြားရသလောက် မရိုးရှင်းဘူးထင်တယ်"

"ကျွန်တော်ကတော့ ထင်သလောက်မရိုးရှင်းဘူးဆိုတာတော့ သေချာပြောရဲတယ် အစ်ကိုကြီးရန်"

စည်သူကျော်စွာကလဲ

"ဟုတ်တယ်အစ်ကိုကြီးရန်၊ တစ်ဖက်မှာ အင်ပေါ်တယ်အဆင့်တစ်ဦး ပါလာပုံထောက်ရင် အင်ပါယာအဆင့် တိုက်ပွဲကြီးတစ်ခုကို အစပျိုးကြတော့မယ်ထင်တယ်"

ရန်ပိုင်ထွေးဆိုတာကတော့ ယခင်အနောက်ဖက်ပြည်နယ်စောင့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး စေတစ်ရာမြို့အပြင်မှာ စည်သူကျော်စွာနဲ့ စစ်တုရင်ကစားရင်း တိုက်ပွဲသတင်းနားစွင့်ရင်း ပနာသင့်နေသူဖြစ်ပါတယ်။

ဓားတာအိုလျှောက်လှမ်းသူ ထွန်းအောင်နဲ့ မင်းထင်နော်ရထာတို့က နောက်ပိုင်းမှာ အတွဲညီနေခဲ့သလို လှံတာအိုကို လိုက်စားတဲ့ ရန်ပိုင်ထွေးနဲ့ စည်သူကျော်စွာတို့ကလဲ ညီအစ်ကိုအရင်းပမာ အတွဲညီကြပါတယ်။ အသက်အရွယ်နဲ့ကျင့်စဉ်ဝါအရ ရန်ပိုင်ထွေး ပိုပြီးစီနီယာကျပါတယ်။

( အသက်အရွယ်နဲ့ ကျင့်စဉ်ကိုပြောတာပါ )

သီရိပျံချီက စပေ့ရှစ်စစ်ယာဉ်ပျံကြီးရဲ့ ထိန်းချုပ်ရေးအခန်းအား

"ယာဉ်ပျံကို ဇင်းမယ်မြို့တော်ဆီ ဦးတည်လိုက်ပါ"

အယုဒ္ဓယနိုင်ငံသား လမ်းပြဗိုလ်ချုပ်တစ်ဦး ပါရှိလာတာမလို့ မိနစ်အနည်းငယ်အကြာမှာတော့ ဇင်းမယ်နိုင်ငံရဲ့မြို့တော် ဇင်းကျုံးမြို့ကို ရောက်ရှိသွားပါတယ်။

"ဟေ့ ကြည့်ကြစမ်း နဲနဲနောနောယာဉ်ပျံကြီးမဟုတ်ဘူးဟေ့ ၊ ရန်သူတွေလားမိတ်ဆွေလား မသိရသေးဘူး ဘုရင်ခံဆီ မြန်မြန်သတင်းသွားပို့ကြစမ်းဟေ့"

မြို့စောင့်တပ်မှူးက အဝေးကလာနေတဲ့ ယာဉ်ပျံကြီးနှစ်စင်းကိုကြည့်ပြီး မြိုစောင့်စစ်သည်တစ်ချို့ကို အမိန့်ပေးလိုက်တာပါ။

ဇင်းကျုံးဘုရင်ခံဖြစ်သူ သုဘရက်က တစ်ချိန်တုန်းက ကျိုင်းကောင်နှိမ်နှင်းရင်းတွေက တစ်ရာနိုင်ငံစစ်တပ်ရဲ့ နိုင်ငံတော်အလံကို မှတ်မိနေပါတယ်။

"ရပ်ကြ မပစ်ကြနဲ့ အကုန်သေကုန်လိမ့်မယ်၊ အဲဒါတစ်ရာအင်ပါယာက စစ်ယာဉ်ပျံကွ"

သုဘရက်က ပစ်ချဖို့ပြင်ဆင်နေတဲ့ 88cm အမြောက်ကြီးသုံးလက်ကို လှမ်းဟန့်တားလိုက်ရပါတယ်။

"အဲဒါကြီးက တစ်ရာအင်ပါယာရဲ့ စစ်ယာဉ်ပျံတဲ့ဟ"

"အဲဒါဆိုရင် တစ်ရာအင်ပါယာက စစ်ကူတွေပေါ့၊ ဟေး အင်ပါယာက စစ်ကူတွေလာပြီဟေ့ "

"ဝေး .. အင်ပါယာရဲ့တပ်ရင်းတွေက အစွမ်းထက်တယ်တဲ့ဟ၊ ဟိုဟံသာဝတီသားတွေကို ပြန်တိုက်နိုင်တော့မယ်ကွ"

တစ်ရာနိုင်ငံဆိုတဲ့အသုံးအနှုန်းက အင်အားကြီးနိုင်ငံနဲ့ အင်ပါယာတွေက သုံးနှုန်းကြတာဖြစ်ပြီး အယုဒ္ဓယနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတွေကတော့ တစ်ရာအင်ပါယာလို့ပဲ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ကျိုင်းကောင်နှိမ်နှင်းရေးတွေမှာ တစ်ရာနိုင်ငံရဲ့ အစွမ်းအစနဲ့ အကူအညီကို သိထားကြပြီး လေးစားကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါအပြင် လက်ရှိသူတို့သုံးနေကြတဲ့ အဆင့်မြင့် စစ်လက်နက်ထောက်ပံ့မှုမှာ တစ်ရာနိုင်ငံက အဓိကထောက်ပံ့ပေးထားတယ်ဆိုတာ သူတို့သိထားကြပါတယ်။

ဒါအပြင် သူတို့နိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Ch 47 ၁၀စင်းနဲ့ 88 cmအမြောက်ကြီး ၃လက်ကလဲ စောရန်နိုင်က အခမဲ့ထောက်ပံ့ပေးထားခြင်းဖြစ်ပါတယ်။

စောရန်နိုင်က ဒီသုံးနှစ်အတွင်းမှာ သူ့ရဲ့လက်အောက်ခံ နိုင်ငံတစ်ခုတိုင်း‌ဆီကို Ch47 ၁၀စင်းဆီနဲ့ 88 cm အမြောက်ကြီး၃လက်ဆီ ထောက်ပံ့ပေးထားခြင်းဖြစ်ပါတယ်။

ဇင်းမယ်နိုင်ငံကို အယုဒ္ဓယအင်ပါယာဟောင်းနိုင်ငံရဲ့ လက်အောက်ခံအနေနဲ့ပဲ ကိုယ်စားပြုထားလို့ အယုဒ္ဓယနိုင်ငံကို 88 cm အမြောက်ကြီးပေါင်း ၄၁လက်တိတိနဲ့ Ch 47 ရဟက်ယာဉ် ၁၃၂စင်းကို အခမဲ့ကူညီပေးထားတာဖြစ်ပါတယ်။

ဒီအကူအညီတွေနဲ့ပဲ အယုဒ္ဓယနိုင်ငံက ဒီသုံးနှစ်အတွင်း အင်အားပြန်ကောင်းလာတာဖြစ်ပါတယ်။

"ဒီချို့တဲ့နေတဲ့ ဇင်းမယ်နိုင်ငံကို လာရောက်ကူညီပေးတဲ့အတွက် အင်ပါယာဗိုလ်ချုပ်ကြီးကို ကြိုဆိုပါတယ်ခင်ဗျ"

သုဘရက်က ခရီးဦးကြိုဆိုရင်း နူတ်ဆက်လိုက်ပါတယ်။ သီရိပျံချီက ခေါင်းငြိမ့်အသိအမှတ်ပြုရင်း

"ခန်းမထဲပြောကြတာပေါ့ ဘုရင်ခံ"

"ဟုတ်ကဲ့ပါ အင်ပါယာဗိုလ်ချုပ်ကြီးတို့ လာမယ်မှန်းမသိလို့ စားပွဲလေးမပြင်ထားမိတာ ခွင့်လွှတ်ပေးပါဦးခင်ဗျာ"

"အင်း ... နားလည်ပါတယ်၊ စစ်ပွဲပြီးမှ စားသောက်ပွဲလုပ်လဲ နောက်မကျသေးပါဘူးဗျာ၊ အခုတေယ့ လမ်းပြပါဦး"

"ဟုတ်ကဲ့ ကြွပါခင်ဗျ"

တစ်လက်စထဲ ဘုရင်ခံက

"ဇင်မယ်နိုင်ငံက အကြီးအကဲတွေကို နာရီဝတ်အတွင်း ခန်းမထဲစုစည်းဖို့ အသိပေးလိုက်ကြ"

" ဟုတ်"

အခန်း ( ၁၄၈ ) ပြီး

အခန်း ( ၁၄၉ )

( ရှေ့တန်းခံစစ် ကျိုးပျက်ခြင်း )

" ဟုတ်"

နာရီဝတ်ကြာပြီးနောက်

"လက်ရှိတိုက်ပွဲရဲ့ အခြေအနေနဲ့ တစ်ဖက်ကရန်သူအင်အားနဲ့ ကျင့်ကြံဆင့်ကိုတွေကို ပြောပြပါဦးဘုရင်ခံကြီး"

"ဟုတ်ကဲ့ တစ်ဖက်ရန်သူက ဟံသာဝတီနိုင်ငံပါ၊ တောင်ငူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံကြီးတစ်ခုပါပဲ၊ ဒါပေမဲ့ တောင်ငူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံတွေထဲမှာတော့ အလယ်အလတ်အင်အားသာရှိတဲ့ နိုင်ငံကြီးတစ်ခုပါ"

"တစ်ဖက်မှာ အင်ပေါ်တယ်အရှင်တစ်ဦးရဲ့ စိတ်အာရုံဖြန့်ကျက်မှုကို ကြုံတွေ့ခဲ့တယ် အဲဒါကကောဘယ်သူလဲသိလား"

"ဒဏ္ဌာရီလာအင်ပေါ်တယ်အဆင့်၊ ဟုတ်လား ဒီဂျူနီယာတို့မသိထားပါဘူး"

"ဒါပေမဲ့ တိုင်းလန်နိုင်ငံ ကျဆုံးရတာ ဂိုဏ်းသားတစ်ချို့ကြောင့်လို့တော့ ကောလဟာလတွေ ကြားမိတယ်"

"အဲဒါဆိုရင် အင်ပေါ်တယ်အရှင်အကြောင်း ဘာမှမသိရသေးဘူးပေါ့"

"အမှန်ပါပဲ အရှင်အင်ပေါ်တယ်ခင်ဗျ"

"ဟံသာဝတီနိုင်ငံရဲ့ စစ်အင်အားကရော ဘယ်လောက်ထိရှိလဲ"

"ဟံသာဝတီနိုင်ငံရဲ့ ပင်မစစ်အင်အားကတော့ ၃သန်းလောက်ပဲရှိမယ်ဗျ၊ ဒါပေမဲ့ တောင်ငူအင်ပါယာရဲ့ အလံတော်ပုံစံတွေကအရ တောင်ငူအင်ပါယာကလဲ စစ်သည်၆သန်းကျော်နဲ့ ပါဝင်တိုက်ခိုက်နေကြပါတယ်"

"လက်ရှိရှေ့တန်းစစ်မြေပြင်မှ ဇင်းမယ်နိုင်ငံရဲ့ အင်အားနဲ့ ဦးဆောင်သူရဲ့ ကျင့်ကြံဆင့်ကကော ဘယ်လောက်လံ"

"ကျွန်တော်တို့ဇင်းမယ်နိုင်ငံရဲ့ စစ်သည် ၃သိန်းကျော်နဲ့ အယုဒ္ဓယအင်ပါယာက စစ်သည် ၂သိန်းကျော်ပဲရှိနေပါတယ်၊ အယုဒ္ဓယအင်ပါယာရဲ့ ခေါင်းဆောင်စစ်ဦးစီးကတော့ ချီဧကရာဇ်အလယ်အလတ်အဆင့်က မင်းသားဆူရင်ဘိုပါ ဇင်းမယ်နိုင်ငံရဲ့ စစ်ဦးစီးကတော့ ချီဧကရာဇ်အစောပိုင်းအဆင့် ဗိုလ်ချုပ်ကြီး သက်ချာနွန်ပါ"

"အင်း .. "

စောရန်နိုင်တစ်ယောက် ခတ္တခဏမျှ စဉ်းစားလိုက်ပြီးနောက် တိုက်ပွဲအစီအစဥ်တစ်ခုကို ရေးဆွဲပေးလိုက်ပါတယ်။

ဇင်းကျိုက်ခံတပ်မြို့ရဲ့ ရှေ့တန်းစစ်မြေပြင်အထက် ဝေဟင်ပြင်မှာတော့ ချီဧကရာဇ်အဆင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသလို မြေပြင်မှာလဲ ကြမ်းတမ်းရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ကြလျက်ရှိပါတယ်။

"ဝုန်း .. ရွှီး .. ဝှစ် .. ဝှစ် ... ချွမ် .. ချလွမ်"

"အား ... "

"သတ်ကြ .. သတ်ကြစမ်း ကျူးကျော်သူတွေကို တိုက်ခိုက်ကြ"

"အရှုံးမပေးကြနဲ့ ရန်သူတွေကို တစ်ခါတည်းအပါခေါ်ကြ၊ ဇင်းမယ်သားကွ ကျား .. "

" ဝုန်း .. အား "

ထိုသူကပြောပြောဆိုဆိုနဲ့ မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်ပြီး အနီးနားက ရန်သူတချို့ကို သေသွားစေပါတယ်။

"ဟား ... ဟား၊ အရှုံးပေးလိုက်တော့သက်ချာနွန် မင်းအောက်ကိုလဲ လှမ်းကြည့်လိုက်ပါဦး"

"မင်းတို့လိုနိုင်ငံပေါက်စလေးက ဟံသာဝတီနိုင်ငံလို အင်အားကြီးနိုင်ငံတစ်ခုကို ဘယ်လောက်ထိ ခုခံနိုင်မှာတဲ့လဲ ဟား ... ဟား"

သက်ချာနွန်က ရရှိထားတဲ့ အတွင်းဒဏ်ရာကို တိတ်တဆိတ်ပြန်ကုသရင်း ကုသဆေးတစ်လုံးကို မျိုချလိုက်ရပါတယ်။ ထိုနောက် အောက်ဖက်ရှိ ရှုံးနိမ့်နေပြီဖြစ်သော တိုက်ပွဲမြေပြင်အားကြည့်လိုက်ရင်း အံကျိတ်လျက်

"မင်းသာ ဆုတောင်းနေလိုက် ဒေါပုံကြီး၊ ငါတို့ကတော့ သေတဲ့အထိ ဇင်းမယ်ကိုရအောင်ကာကွယ်ပေးမှာပဲ"

"မင်းမှတ်ထားဖို့က ငါတို့ဇင်းမယ်သားတွေက လူသေရင်တောင် မင်းကိုတော့ အပါခေါ်သွားမှာကွ ဟား .. ဟား"

"ဟွန့် .. မင်းရဲ့ကျင့်ကြံဆင့်လောက်နဲ့ ငါ့ကိုသေစေနိုင် .. မင်း .. မင်းဘာလုပ်တာလဲကွ"

"ဟား ဟား ဒါကငါတို့ဇင်းမယ်ကို ကျူးကျော်ရဲတဲ့အတွက် အပြစ်ဒဏ်ပဲကွ ကျား .. "

"ဝုန်း .. အုန်း"

"အွတ် .. ဝှီး .. ဘုန်း"

သက်ချာရဲ့ မိမိကိုယ်ကို စတေးခံကာ ဖောက်ခွဲခြင်ူကနေ ပျံလွင့်လာတဲ့ ချီစွမ်းအင်တွေကို ဒေါပုံကြီးတစ်ယောက် ကပြာကယာကာကွယ်လိုက်ပေမဲ့ မမှီလိုက်ပဲ ထိမှန်ခံရကာ မြေပြင်ဆီ လွင့်စင်သွားရပါတယ်။

"ဝေါ့ ... ဒီကောင်ရူးသွားပြီလားဟ"

"သက်ချာနွန် .. မလုပ်နဲ့"

အဝေးတစ်နေရာက ပျံသန်းလာတဲ့ ဆူရင်ဘိုတစ်ယောက် ထိုမြင်ကွင်းအား မြင်တွေ့ရလိုက်ရပြီး တားဆီးလိုက်ချင်ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။

"ဒေါပုံကြီး သေသင့်တဲ့ကောင် သေပေတော့"

"မိုးစင်္ကြာတံဆိပ် ပွင့်စမ်း"

"ဝီ .. ဝီ .. ဝီ .. ဝေါ .. ဝှစ် .. ဝှစ် .. ဝှစ်"

ဒေါပုံကြီးဆိုသူက ချီဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိနေသူဖြစ်ပေမဲ့ သက်ချာနွန်ရဲ့ အသေခံဖောက်ခွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိနေခဲ့ပါပြီ။

"မာန်ဖီတဲ့ကျား အကာအကွယ်"

"ဝုန်း .. အုန်း .. ဝေါ့"

ဒေါပုံကြီးတစ်ယောက် မြေပြင်မှာစွတ်ကြောင်းကျယ်ကြီးတစ်ခုကို ချန်ခဲ့ရင်း အနောက်ဖက်ကို လွင့်စင်သွားပါတယ်။

"မင်းလုပ်ရဲလား .. "

အခန်း ( ၁၄၉ ) ပြီး

အခန်း ( ၁၅၀ )

(

"မင်းလုပ်ရဲလား"

"ဝှစ် .. ရွှီး .. အုံး .. ဝုန်း .. အင့်"

ရုတ်တရက်ဆိုသလို လေဟာပြင်အက်ကွဲကြောင်းကြီးတစ်ခုပေါ်ပေါက်လာပြီး လူအိုကြီးတစ်ယောက် ထွက်ပေါ်လာပါတယ်။ ထိုလူအိုကြီးက ရုတ်တရက်ဆိုသလို တိုက်ခိုက်လိုက်တာကြောင့် ဆူရီဘိုတစ်ယောက် အနောက်ဖက်ကို လွင့်စင်သွားပြန်ပါတယ်။

"ဝေါ့ မင်းဘယ်သူလဲ၊ ဘာလို့ တိုက်ခိုက်တာကို တားဆီးရတာလဲ"

"သေသူတွေနဲ့ စကားမပြောဘူး၊ ငါ့ရဲနယ်ရုပ်အဖြစ် နေလိုက်တော့"

ထိုလူအိုကြီးက ပြောပြော‌ဆိုဆိုနဲ့ လက်ဟန်‌တွေကို ထုတ်ဖော်လိုက်ပါတယ်။

"သေဆုံးခြင်းက ရှင်သန်ခြင်း၊ အမှောင်ထဲကထိုးထွက်ပြီး လူတစ်ယောက်လို အသက်ဝင်မယ် စက္ကောမရုပ်သေးဖန်တီးခြင်းအစီအရင် ပွင့်စမ်း"

"ဝုန်း .. ဝှစ် .. ဝှစ် .. အား"

ဆူကီဘိုတစ်ယောက် ဖန်တီးခြင်းအစီအရင်မှ လေဟာပြင်ဆီဆွဲခေါ်ခြင်းကို ခံလိုက်ရပါတယ်။

"မလုပ်နဲ့ မင်း .. မင်း .. မင်းက ဘယ်သူလဲ"

( ဒီအစီအရင်က ဒီကုန်မြေမှာပေါ်လာတက်တဲ့ အစီအရင်ပညာမျိုးမဟုတ်ဘူး သူဘယ်သူလဲ ဘယ်ကလာတာလဲ )

ဆူရီဘိုတစ်ယောက် ရှိသမျှစွမ်းအားတွေနဲ့ ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ အရာမထင်ခဲ့ပါဘူးး။

"ဟား .. ဟား၊ မင်းတို့လိုအဆင့်နိမ့်ကုန်းမြေက ကျင့်ကြံအဆင့်လောက်နဲ့ အဆင့်၅ဖန်တီးခြင်း အစီအရင်တစ်ခုကို ချိုး‌ဖြတ်နိုင်မှာတဲ့လား ဟား .. ဟား"

ဒေါပုံကြီးက ပါးစပ်ကသွေးများကို လက်ခုံနဲ့သုတ်လိုက်ရင်း

"ဟဲ ဟဲ မြင့်မြတ်နယ်မြေတစ်ခုရဲ့ ပညာရပ်ကျင့်စဉ်တစ်ခုလို့မပြောရဘူးဗျာ၊ တကယ်လဲ အစွမ်းထက်ပါတယ်ဗျာ ဟား .. ဟား"

"ဂုဏ်ပြုပါတယ်အကြီးအကဲ မကြာခင်မှာ အဆင့်မြင့်ရုပ်သေးတစ်ခုကို ပိုင်ဆိုင်ရတော့မှာပါ"

"ဟား .. ဟား အခံယူထိုက်ပါဘူးလေ သာမာန်ရုပ်သေးလေးတစ်ခုပါပဲ ဟား .. ဟား"

"ရွှီး ... ဝေါ .. ဝေါ .. ဝေါ... ဝုန်း .. အွတ်"

ရုတ်တရက်ဆိုသလိုပဲ ဖန်တီးခြင်းအစီအရင်ဟာ ကျိုးပျက်သွားပြီး လူအိုကြီးကို တန်ပြန်ထိခိုက်သွားစေပါတယ်။

"ဝေါ့ .. ဘယ်သူလဲကွ၊ ဘယ်သူက မြင့်မြတ်နယ်မြေကို ရန်စရဲတာလဲ"

မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းကနေပြီး ရုတ်တရက်ဆိုသလိုပဲ တိုက်လေယာဉ်တွေပေါ်ထွက်လာပြီး လူအိုကြီးကို ဝိုင်းဝန်းပစ်ခတ်လိုက်ကြတာပါ။

လေးငါးစီးလောက်ဆိုရင် အင်ပေါ်တယ်ပထမအဆင့်က လူအိုကြီးအနေနဲ့ ဂရုစိုက်စရာမလိုပေမဲ့ ထောင်ချီတဲ့ တိုက်လေယာဉ်အုပ်ကြီးရဲ့ ပစ်မှတ်ထားမှုကိုတော့ မခုခံနိုင်လိုက်ပါဘူး။

ပြီးတော့ တိုက်လေယာဉ်တွေက ဖန်တီးခြင်းအစီအရင်ကိုသာ အဓိကရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။

"ရာရာစစ ဘာမဟုတ်တဲ့ အဆင့်နိမ့်ယာဉ်ပျံတွေကများ"

"ပျံသန်းသားရဲ ရုပ်သေးတွေ ထွက်လာပြီး ငါ့အတွက် တိုက်ခိုက်ပေးကြစမ်း"

လူအိုကြီးက လက်ဟန်တချို့ကို ပြုလုပ်လိုက်ပြီး သူဖန်တီးထားတဲ့ အတောင်ပံပါ သားရဲရုပ်သေးထောင်ချီကို ဆင့်ခေါ်လိုက်ပါတယ်။

"ဝေါင်း ... ဂရား "

"ဝေါ .. ဝေါ .. ဝေါ .. ဂါး .. အုံး .. ဗုန်း"

အဆင့်၃သားရဲ အဆင့်ရှိတဲ့ သားရဲရုပ်သေးပျံတွေက တိုက်လေယာဉ်အုပ်ကြီးနဲ့ တိုးဝင်လာကြပါတယ်။ ချူရီကလဲ သူမရဲ့တိုက်လေယာဉ်အုပ်ကြီးကို ဦးဆောင်ပြီး ကြီးမားတဲ့ ဝေဟင်တိုက်ပွဲကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါတယ်။

"ရွှီး ... ဝေါ .. ဝေါ .. ဝေါ ... ဝုန်း .. ဂါး"

ဝေဟင်ထက်ဆီကနေ တိုက်လေယာဉ်တချို့ ပြုတ်ကျလာသလို သားရဲပျံတွေလဲ မြေပြင်ထက်ဆီ ဆက်တိုက်ဆိုသလို ပြုတ်ကျသေဆုံးနေပါတယ်။

အဆင့်၁ယာဉ်ပျံ အမျိုးအစားတစ်မျိုးဖြစ်တဲ့ P 51 တိုက်လေယာဉ်‌တွေက အဆင့်၃သားရဲပျံတွေကို ထိပ်တိုက်ရင်ဆိုင်လို့မရပါဘူး။ ဒါကြောင့် သူတို့လေယာဉ်တွေက သားရဲပျံတွေကို ရှောင်ရှားပြီး မြေပြင်တိုက်ပွဲကိုသာ အဓိကထားနိုင်ကြပါတယ်။

ရုပ်သေးသားရဲပျံတွေကို အဓိကထိပ်တိုက်ရင်ဆိုင်နေကြတာက အဆင့်၂ယာဉ်ပျံ အမျိုးအစားဖြစ်တဲ့ He219 တိုက်လေယာဉ်နဲ့ အဆင့်၃ယာပျံအမျိုးအစား FW 200 conder တိုက်လေယာဉ်တွေပဲဖြစ်ကြပါတယ်။

အရေအတွက်အရ ရာဂဏန်းသာပါတာမို့ ထောင်ချီတဲ့ ရုပ်သေးသားရဲပျံတွေကို ထိန်းထားရုံပဲ တက်နိုင်ကြပါတယ်။

မြင့်မြတ်သောမီးတောက်နယ်မြေက အကြီးအကဲတစ်ဦးဖြစ်တဲ့ လူအိုကြီးမူဝူရန်တစ်ယောက် တိုက်လေယာဉ်တွေနဲ့ အလုပ်များနေစဉ် ဆူရီဘိုတစ်ယောက် လွတ်မြောက်သွားပါတယ်။

"အရှုပ်ထုတ်တွေ သေကြစမ်းကွာ"

အင်ပေါ်တယ်တစ်ယောက်ရဲ့ဒေါသကို အဆင့်၁နဲ့ ၂ တိုက်လေယာဉ်တွေ မယှဉ်နိုင်ခဲ့ပါဘူး။ မိုင်၁၀၀အတွင်းမှာရှိတဲ့ ရာချီတဲ့တိုက်လေယာဉ်တွေဟာ ပေါက်ကွဲကုန်ပါတယ်။ ပေါက်ကွဲမှုက ဝေဟင်တစ်ခွင်မှာ ကျယ်ပြန့်လှတာမလို့ အမှတ်တမဲ့ဖြစ်သွားရတဲ့ နောက်ထပ်တိုက်လေယာဉ်ရာချီကလဲ ပေါက်ကွဲမှုကြောင့် ပျက်ကျပျက်ဆီးကုန်ပါတယ်။

Bf 109 တိုက်လေယာဉ်ကို မောင်းနှင်နေတဲ့ ချူရင်လဲ တိုက်လေယာဉ်ကိုစွန့်ပြီး ပေါက်ကွဲမှုတွေကနေ အမြန်ရှောင်တိမ်းလိုက်ရပါတယ်။

"အား .. ငါ့ယာဉ်ပျံလေး ... အဟင့် .. အဟင့်၊ အဖိုးကြီး ငါ့ယာဉ်ပျံကို ပြန်ပေးစမ်း"

ချူရင်တစ်ယောက် သူမအနှစ်နှစ်အလလ ယုယထားတဲ့ Bf 109 တိုက်လေယာဉ်ပါ ပျက်ဆီးသွားတာမလို့ အကြီးအကျယ် ဒေါသပုန်ထသွားပါတော့တယ်။

"အဖိုးကြီး သေပေတော့"

အခန်း ( ၁၅၀ ) ပြီး

စာစဉ် ၁၀ ပြီး

All Chapters