← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄)

( နန်းတော်ဆီက သတင်းဆိုးတစ်ခု )

"ဟုတ်တယ် ... ပြန်ကြစို့၊ ရန်မိသားစုခေါင်းဆောင် ဘယ်သူဖြစ်ဖြစ် ငါတို့အတွက် ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး"

"မင်း ... မင်းတို့တွေ"

ထိုအခိုက်မှာ ရန်မိသားစု အကြီးအကဲတစ်ဦး တဲခန်းမထဲ အပြေးအလွား ဝင်လာပါတယ်။

"သတင်းဆိုး ... သတင်းဆိုး"

"ဘာ ... ဘာသတင်းဆိုးလဲဟ"

ဘေးမှာရှိတဲ့ မိသားစု ခေါင်းဆောင်တွေ တီးတိုးပြောဆိုတေကြပါပြီ။

"ဘာသတင်းဆိုးလဲဟ"

"အေးလေ ... အခုတောင် တိုက်ပွဲအခြေအနေ မကောင်းရတဲ့အထဲကွာ"

"ဘာသတင်းဆိုးလဲ မြန်မြန်ပြောစမ်း"

"ကျိုင်းကောင် နယ်မြေရဲ့ အပြင်ပိုင်း တားမြစ်စည်း ကျိုးပေါက်သွားပြီး နိုင်ငံကူး ပေါ်တယ်တွေကနေတဆင့် နိုင်ငံပေါင်းစုံကို ကျိုင်းကောင်တွေ ဖျတ်ဆီးနေကြပါပြီ"

"ဘာ"

"ဘယ်လို"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အေးလေ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျိုင်းကောင်နယ်မြေမှာ နိုင်ငံပေါင်းစုံက အစွမ်းထက်ကျင့်ကြံသူ အများအပြား စေလွှတ်ထားတာပဲကို"

ရန်မိသားစု အကြီးအကဲရဲ့ စကားကို ဘယ်သူမှ မယုံချင်ကြပါဘူး။

"မမှားနိုင်ပါဘူး ခေါင်းဆောင်တို့ ဒီသတင်းက နန်းတွင်းက တိုက်ရိုက်လာတာပါ၊ ပြီးတော့"

ရန်နိုင်အောင်က

"ပြီးတော့ ဘာဆက်ဖြစ်လဲ ပြောစမ်း"

"ကျိုင်းကောင်တွေက နိုင်ငံကူး ပေါ်တယ်ကနေတဆင့် အောင်မင်္ဂလာနိုင်ငံထဲ ဝင်လာနိုင်လို့ ပြည်နယ်အသီးသီးက မိသားစုတွေ ဂိုဏ်းတွေ တပ်ဖွဲ့တွေကို ပေါ်တယ်ရှိတဲ့ အောင်မင်္ဂလာ မြို့တော်ဆီ အမြန် ချီတက်လာ ခိုင်းလိုက်ပါတယ်"

"ဟာ ... ဟင် ... ဘယ်လို"

သောကမြို့ ကောင်းကင် ယံမှာတော့ မင်းထင်နော်ရထာ၊ ထွန်းအောင်၊ ချစ်မွှေးတို့နဲ့ ဂိုဏ်းချုပ်တချို့ တိုက်ခိုက်နေကြပါတယ်။

"သစ္စာဖောက်ကောင်ချစ်မွှေး သေစမ်း"

"တချိန်က စစ်ခေါင်းဆောင်ရဲ့ မျက်နှာမှမထောက် ရန်မိသားစုကို သစ္စာဖောက်တဲ့ကောင် သေစမ်းကွာ"

"တော်စမ်းပါကွာ ... မင်းတို့လို ဂိုဏ်းချုပ်ဆိုတဲ့ အကောင်တွေက တိုက်ချင်ခိုက်ချင်တာနဲ့ပဲ မရှိရှိတာ အကြောင်းပြချက် ပေးနေကြတာပဲ"

"ချွမ် ... ချလွင် ... ချွမ်"

"သစ္စာဖောက်ကောင် တချိန်က မင်းတို့နှစ်ယောက် နိုင်ငံကူး ပေါ်တယ်ရှေ့မှာ ဘယ်လိုသစ္စာဆိုခဲ့ သလဲဆိုတာ မေ့နေကြပြီလား"

ချစ်မွှေးကလဲ

"ဟား ... ငါ့တို့သစ္စာ ငါတို့တည်တယ်ကွ မင်းတို့သာ စစ်ခေါင်းဆောင်ရဲ့ မျိုးဆက်ကို ဆန့်ကျင်ပြီး အမှားကို အမှန်လုပ်နေ ကြတာကွ"

"မင်းရူးနေလား ချစ်မွေးရ စောရန်နိုင်က ဘယ်လိုလုပ်ပြီး စစ်ခေါင်းဆောင်ရဲ့ မျိူးဆက်ဖြစ်မှာလဲ"

"ဟား ... ဟား ... ဖြစ်မဲ့ဖြစ်၊ စစ်ခေါင်းဆောင် သေတာနဲ့ အိမ်ထောင်တန်းပြုတဲ့ သစ္စာမဲ့တဲ့ လင်းဝူးရဲ့ သစ္စာမဲ့ မျိုးဆက်ပဲ ဖြစ်မှာပေါ့ကွ"

"အပိုတွေ တော်တော့ ဗျတ္တ၊ တိုက်စရာရှိတာတိုက်၊ သတ်စရာရှိတာ သတ်ပစ်တော့ကွာ၊ ဒီသစ္စာမရှိတဲ့ အကောင်ကို ငါ အမြင်ကတ်နေတာ ကြာပြီ"

"ဝှစ် ... ဝှစ် ... ချွင် ... ချွင် .. "

"ဝုန်း ... ချလွမ် ... အား"

သူတို့ကတော့ ရန်ထက်အောင်ရဲ့ သွေးသောက်ညီအစ်ကို တွေထဲက နှစ်ဦးဖြစ်တဲ့ ဗျတ္တ နဲ့ နန္ဒ တို့ပဲ ဖြစ်ကြပါတယ်။

သူတို့ဟာ လင်းဝူကို အမုန်းကြီး မုန်းတီးနေ ကြပါတယ်။ဘာလို့လဲဆိုတော့ စစ်ခေါင်းဆောင် သေဆုံးတာနဲ့ မကြာခင်မှာ အိမ်ထောင်ပြုလိုက်လို့ပါပဲ။

လင်းဝူပေါ်ထားတဲ့ အမုန်းတရားဟာ သူမသား စောရန်နိုင် အပေါ် လမ်းလွဲကျ ရောက်နေတာပါ။

လင်းထက်၊အောင်ဇေယျနိုင်၊ ထွန်းအောင် နဲ့ လင်းဝူတို့ရဲ့ အစီအစဉ်ကို သူတို့မသိ ခဲ့ကြသလို ထိုအချိန်က လင်းဝူးမှာ ရန်ထက်အောင်ရဲ့ ရင်သွေးကို လွယ်ထားရမှန်း သူတို့ မသိခဲ့ကြပါဘူး။

သူတို့နှစ်ဦးက ဂိုဏ်းပြသနာတွေ ကိုယ်စီနဲ့မို့ လင်းဝူတို့က မရှင်းပြခဲ့ကြတာပါ။

ဒါကပဲ လင်းဝူနဲ့ အောင်ဇေယျနိုင်တို့အပေါ် မုန်းတီးနေစေခဲ့ပြီး စောရန်နိုင်ကိုလဲ သူတို့ရဲ့ သွေးသားလို့သာ ထင်နေခဲ့ကြတာဖြစ်ပါတယ်။

အောင်ဇေယျနိုင်ဟာ လင်းဝူကို လက်ဖျားနဲ့တောင် မထိခဲ့ပဲ အမတစ်ယောက်လို ဂရုစိုက်ခဲ့ပြီး စောရန်နိုင်ကို မိမိ‌သွေးသားအရင်းကဲ့သို့ ဆက်ဆံပေးခဲ့သူပါ။

( မမရဲ့ မောင်လေးပေါ့လေ )

ချီဇကရာဇ်အလယ်ဆင့် ရောက်နေတဲ့ ဗျတ္တရဲ့ ဓားတစ်ချက်ဟာ ချစ်မွှေးရဲ့ လက်တစ်ဖက်ကို ပြတ်ထွက်သွား စေခဲ့ပါတယ်။

"တော်ကြတော့ ခင်ဗျားတို့မှားနေပြီ"

အခန်း (၉၄)ပြီး

အခန်း(၉၅)

(နန်းတော်ဆီက သတင်းဆိုး-၂)

"စောရန်နိုင်က စစ်ခေါင်းဆောင်နဲ့ အမလင်းတို့ရဲ့ သွေးသားအရင်းပဲ"

"ဘာကွ ... မဖြစ်နိုင်တာတွေ ပြောမနေနဲ့"

"ချွမ် ... ချွမ် ... ဝှစ် ... ဇုတ် ... အု"

နန္ဒရဲ့ဓားကလဲ ချစ်မွှေးရဲ့တခြားပုခုံး တစါဖက်ကို ထိုးဖောက်ဝင်နေပါပြီ။

မင်းထင်နော်ရထာလဲ မနေနိုင်တော့ပါဘူး။ သူကလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ။

"သူတို့ ပြောတာ အမှန်တွေပဲဗျ၊ အရှင်စောက သူတို့ရဲ့ သားအရင်းပဲ"

"မင်း ... မင်းတို့တွေပြောတာ ငါတို့က ယုံမယ်ထင်နေလား"

ပြက်ထွက်သွားတဲ့ လက်မောင်း တစ်ဖက်အား ဖိထားရင်းနဲ့ ချစ်မွှေးက

"ငါတို့ မင်းတို့ကိုမလိမ်ပါဘူး၊ မယုံရင် သခင်လေးစောနဲ့ တွေကြည့်ပါ၊ သူ့မှာစစ်ခေါင်းဆောင်ရဲ့ အော်ရာ ရှိတယ်"

သွေးတစ်လုတ်အန်လိုက်ရင်း ချစ်မွှေးက ဆက်ပြီးတော့

"ငါလဲ အစက မယုံချင်ပေမဲ့ လူကိုယ်တိုင်မြင်မှ ယုံသွားတာပါ၊ မင်းတို့လဲ မယုံရင် သခင်လေးစောနဲ့ တွေ့ကြည့်ပါ"

"ဟွန့် ... ကောင်းပြီ မင်းတို့တွေ ဒီလောက်ပြောနေမှတော့ ငါတို့တွေ့ကြည့်ကြ သေးတာပေါ့ ၊ မဟုတ်ရင်တော့လား"

ဒီလိုနဲ့ သောကမြို့ရဲ့ တိုက်ပွဲဟာ ခနမျှယာယီ ရပ်နားလိုက်ကြပါတယ်။

ကျင့်ကြံဆင့်မြင့်သူကြားက တိုက်ပွဲမှာ ဗျတ္တတို့ နိုင်နေသော်လည်း ချီဘုရင်အောက် တိုက်ပွဲတွေမှာတော့ ဗျတ္တ တို့ အရှုံးများလှပါတယ်။

တိုက်လေယာဉ်တွေကလဲ ဝင်ပြီးကူကြတာမို့ မင်းထင်နော်ရထာတို့ ခံသာနေတာပါ။

မင်းထင်နော်ရထာတို့ကို ကူရင်း မြေပြင်ကိုပါ ဝင်ပြီးကူနေတာမို့ ဗျတ္တ တို့ရဲ့ ကျင့်ကြံဆင့်နိမ့်တဲ့ ဂိုဏ်းသားတွေ အထိအခိုက် များလှပါတယ်။

ပိုဆိုးတာက စောရန်နိုင်ဘက်မှာက မဟာမိတ်တွေ အပါအဝင် မြေပြင်တပ်ဖွဲ့ အတော်များများဟာ လေးမြှားအစား

brown bess နဲ့ kar 98 k ကိုသုံးနေကြတာပါ။

ဒါဟာ စောရန်နိုင်အနေနဲ့ သိမ်းပိုက်ပြီး မြို့တွေဆီကနေ သံရိုင်းတွေကို CH 47 ရဟတ်ယာဉ်တွေနဲ့ သယ်ကာ စက်ရုံတွေဆီ အများအပြားပို့ဆောင်နိုင်ခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ။

ဒါကြောင့်လဲ နှစ်ပတ်အတွင်းမှာ လက်နက်အများအပြားကို ထုတ်လုပ်နိုင်ခဲ့ကြပြီး ခြေလျင် တပ်ဖွဲ့ဝင်တိုင်းနီးပါးကို လက်နက်တပ်ဆင် ပေးနိုင်ခဲ့ကြပါတယ်။

သိပ်မကြာခင်မှာပဲ မင်းထင်နော်ရထာရဲ့ စိတ်အာရုံနဲ့ အသိပေးစကားအရ စောရန်နိုင်ဟာ သောကမြို့‌ဆီ ဗျည်းနွဲ့ဓား စီးပြီး ရောက်ချလာပါတယ်။

သူဟာ သားရဲတစ်ထောင်မြို့ဆီကို ဆုအဖြစ်ရထားတဲ့ စက်ရုံအချို့ကို နေရာချဖို့ ပြန်သွားတာပါ။

"အရှင်စောကို ဂါဝရ ပြုပါတယ်"

လက်ပြက်နေတဲ့ ချစ်မွှေးနဲ့ ဒဏ်ရာအသီးသီး ရနေကြတဲ့ သူ့လူတွေ ကိုကြည့်ရင်း

"ဆိုတော့ ... ကျွန်တော်နဲ့ တွေ့ချင်တဲ့ အဖေရဲ့ သွေးသောက်ညီအစ်ကို နှစ်ယောက်ဆိုတာက၊ တယ်လဲ အစွမ်းထက်ပါလားဗျ၊ ဟမ်"

"သခင်လေးစောကို နုတ်ဆက်ပါတယ်"

"ဒီဦးလေးတို့က သခင်လေးအဖရဲ့ သွေးသောက်ညီအစ်ကိုတွေပါ၊ အစကမယုံခဲ့ပေမဲ့ အခုတော့ ယုံသွားပါပြီ"

"အော် ... တွေ့ရတာ ဝမ်းသာပါတယ်ဗျ၊ ဒီတူလေးက အရင်ဆုံးလာမနုတ်ဆက်ခဲ့မိလို့ ခွင့်လွှတ်ပေးပါ ဗျ"

ဗျတ္တနဲ့ နန္ဒတို့ မျက်နာများ ဖျတ်ခနဲ နီရဲသွားပြီး

"ရပါတယ် ... ရပါတယ်၊ အရင်က သခင်လေးကို ညီအစ်ကိုရန် ရဲ့ သွေးသားမှန်း မသိခဲ့ပဲ အောင်ဇေယျနိုင်နဲ့ လင်းတူတို့ရဲ့ သားလို့တွေးပြီး ပြဿနာရှာမိခဲ့ကြတာပါ၊ အဟဲ တူလေးက နားလည်‌ပေးပါဦး"

"ရပါတယ်ဗျ ... လူဆိုတာ အမှားနဲ့ဘယ်ကင်းမလဲဗျ လောလောဆယ်တော့ ဂိုဏ်းတွေကို ပြန်လွှတ်လိုက် ကြပါတော့လား"

"ပြီးတော့ ကျွန်တော့် လူတွေကိုလဲ တစ်ခုခု"

"ဒါပေါ့ ... ဒါပေါ့၊ အစကထဲက ဒီတိုက်ပွဲမှာ ဒီလူကြီးတို့က မှားနေခဲ့တာပါ"

ထိုနောက်

"လာကြစမ်း ... ဂိုဏ်းချုပ်တွေကို ဆင့်ခေါ်လိုက်ကြ၊ အရင်စစ်ခေါင်းဆောင်ရဲ့ မျိုးဆက်ကို လာနူတ်ဆက် ကြရမယ်လို့ ၊ မဟုတ်ရင် ဓားတထောင်ဂိုဏ်းရဲ့ အကြောင်းပြရလိမ့်မယ်လို့ ကြေညာလိုက်"

"ဟုတ်"

[ ဒင် ... အရန်မစ်ရှင်အောင် မြင်ပါတယ်။ ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်လာတဲ့ ရန်သူ့တပ်များကိုအောင်နိုင်ပါ၊ ဆုလာဒ်

CH_47 CHINOOK ၁၀ စီး

CH_47 CHINOOK လေယာဉ်ထုတ်စက်ရုံ ၁ရုံ

( ၆နာရီ ၁ စင်း နှုန်း )

အစီအရင်‌ ရေးဆွဲနေရာချ သတ်မှတ်နိုင်သော အဆင့်၁

ကဒ်ပြားထုတ် စက်ရုံ ၁ရုံ

( ၁ နာရီ ၅၀ ကဒ်နှုန်း)

PPSH_41 submaching gun ထုတ်စက်ရုံ ၃ရုံ

( ၃၀ မိနစ် ၁ လက် -နှုန်း )

ဆုလာဘ်များကို အချိန်မရွေး နေရာချနိုင်ပါပြီ ]

"ဂိုဏ်းချုပ် ... ဂိုဏ်းချုပ်"

"သတင်းဆိုးပါ ... သတင်းဆိုး"

အခန်း (၉၅)ပြီး

စာစဉ် ၇ အလယ်

အခန်း (၉၆) ပြီးစီး

( စစ်ပွဲများအား အောင်နိုင်ခြင်း )

"သတင်းဆိုးပါ.. သတင်းဆိုး"

"ဘာဖြစ်နေတာလဲဟ၊ ဒီလောက်ပြာယာခက် နေရအောင်"

"ဂိုဏ်းချုပ် ... စောနကတင်ပဲ ဂိုဏ်းရဲ့ အသံလွင့်‌ ကျောက်ပြားကနေတဆင့် နန်းတော်ရဲ့ သတင်းတစ်ခု ဝင်လာပါတယ်"

"ဘာသတင်းမို့လဲ"

"ကျိုင်းကောင်နယ်မြေရဲ့ အပြင်ပိုင်း အကာအကွယ် ကျိူးပေါက်ပြီး နိုင်ငံကူး ပေါ်တယ်တွေကနေ တဆင့် နိုင်ငံတချို့ဆီ ကျိုင်းကောင်တွေ ဝင်ဖျတ်ဆီး နေကြပါတယ်တဲ့"

"ဘာကွ"

"အဲဒါ၊ နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံထဲက အင်အားစု အသီးသီးက နိုင်ငံကူးပေါ်တယ် ရှိတဲ့ မြို့တော်ဆီ အမြန်လာပြီး ပူးပေါင်းပေးကြပါတဲ့"

"ဟေ"

ထိုအခိုက် နွယ်ပန်းမြို့မှာရှိတဲ့ သီဟနော်ရထာကလဲ စိတ်အာရုံနဲ့ သတင်းစကားတစ်ခု ပါးလာပါတယ်။

[ အရှင်စော ... ရန်သူတပ်တွေ ဘာကြောင့်မှန်းမသိပဲ ရုတ်တရက် ပြန်ဆုတ် သွားကြပါပြီ၊ ဘာဆက်လုပ်ရမလဲ ]

[ နေမြဲအတိုင်း နေထားပြီး နောက်ထပ် အမိန့်ကို ထပ်စောင့်နေပါ၊ အခြေအနေက ကျွန်းမြေတစ်ခုလုံးအတွက် ခက်ခဲနေပြီ ]

[ ဟုတ် ]

စေတစ်ရာမြို့ပြင်မှာ တပ်ဆိုင်ထားရင်း ကျားကစားပြီး သေရည်သောက်နေကြတဲ့ စည်သူကျော်စွာနဲ့ ရန်ပိုင်ထွေး တို့လဲ ဒီသတင်းကို ရရှိခဲ့ကြပါတယ်။ ရန်ပိုင်ထွေးက

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကျိုင်းကောင်သားရဲတွေက အဲဒီလောက်ကို ကြောက်စရာကောင်း တာလားဗျ"

ကျားစေ့တစ်စေ့အား အကွက်ထဲချလိုက်ရင်း‌ စည်သူကျော်စွာ ကမေးလိုက်ပါတယ်။

ရန်ပိုင်ထွေးက ကျားကွက်အားကြည့်ကာ နှစ်တစ်ရာ ပျားရည်ဝိုင်အား တစ်ကျိုက်မော့လိုက်ရင်း

"ဆိုးတာထက် ပိုတယ်ဟ"

"ဘာလို့လဲ"

"ကျိုင်းကောင်သားရဲတွေရဲ့အပေါ်အခွံက မာသလို မျိုးပွားနှုန်းကလဲ အင်မတန်မြန်တယ် မောင်ရေ"

"အဆင့် ၁ ကျိုင်းကောင် ဘုရင်မ တစ်ကောင်က နွေဦးကနေ မိုးအဝင်ထိ ကျိုင်းကောင်ပေါင်း ၁သိန်းကျော်ကို မွေးထုတ်နိုင် စွမ်း ရှိသဟ"

"ပြီးတော့ သာမာန် အရွယ်ရောက်ပြီး ကျိုင်းကောင် တစ်ကောင်ရဲ့ အပြင်ခွံကို အခြေတည် အဆင့်တောင် မဖျတ်ဆီးနိုင်ဘူးလေ"

"အဲဒါကြောင့် ကျိုင်းကောင်နယ်မြေကို လူပို့ကြရင် အနည်းဆုံး ချီစစ်သူကြီး အဆင့်ပဲ ပို့ကြတာပေါ့"

"ပုံမှန်ဆို ကျိုင်းကောင်နယ်မြေဆီ နိုင်ငံအလိုက် ကျင့်ကြံသူ တွေ ပို့ပေးနိုင်ကြပေမဲ့ အခု‌တစ်ကြိမ်မှာ မပို့နိုင်ကြတော့ဘူးလေ"

"ဘာလို့လဲဗျ"

စည်သူကျော်စွာက ဝိုင်အားတကျိုက်မော့ရင်း မေးလိုက်ပါတယ်။

"ဟူး ... ဒီကျွန်းမြေရဲ့ တစ်ဖက်ကမ်းဆီက အင်အားကြီး လက်နက်အင်ပါယာကြီး တစ်ခုနဲ့ ငါတို့ကျွန်းမြေက အင်ပါယာနိုင်ငံတွေ စစ်ဖြစ်ထားတာ မကြာသေးဘူးလေ"

"အဲဒီအတွက် သူတို့ရဲ့ ကျူးကျော်မှုကို ကြိုတင်ကာကွယ်ဖို့ရော ကျိုင်းကောင်နယ်‌မြေဆီပါ အင်အားတွေ ခွဲပို့နေရတော့ ဟူး"

"အော်"

"ကဲ ... ငါ့တူရေ၊ အခုတော့ ငါတို့လဲ မြို့တော်ဆီ ပြန်‌ပြီးပူးပေါင်းရဦးမယ်၊ အဲဒီတော့ ဒီတိုက်ပွဲမှာ သခင်လေးစော အနိုင်ရပါတယ်လေ"

"ဟဲ ... ဗိုလ်ချုပ်ကြီး၊ ကတိစကားကို မမေ့ပါနဲ့ဗျ"

"ဟား ... ဟုတ်ပါပြီ၊ သခင်လေးစောဆီ သတင်းစကား ပါးပေးပါဦး၊ ဒီလူအိုကြီးနဲ့ စစ်သည် ၆သိန်း၂သောင်းက သခင်စော လိုအပ်ချိန်မှာ အသင့်ရှိပါမယ်လို့"

"နောက်မှပဲ သခင်စောကို လာတွေ့မှာမို့ အခုတော့ ငါတူရေ .. ခွင့်ပြုဦးကွယ်၊ နောင်တစ်ချိန် အေးဆေးမှပဲ ကျားကစားရင်း ပြန်ဆုံကြတာပေါ့"

ထိုနောက် အနားက သူ့စစ်သူကြီးတွေကို အမိန့်ပေးလိုက်ပါတယ်။

"လာကြစမ်း၊ အမိန့်ပြန်လိုက်ကြ၊ မြို့တော်ဆီ အရောက်ချီတက်ရမှာမလို့ အခုချက်ခြင်း ထွက်ခွာမယ်လို့"

"ဟုတ်"

[ ဒင် ... အရန်မစ်ရှင် အောင်မြင်ပါပြီ၊ အောင်ပန်းခရိုင်သို့ လျို့ဝှတ်ချီတက်ကာ တပ်စွဲနေသော ရန်သူပင်မတပ် ကိုအောင်နိုင်ပါ၊

ဆုလာဒ်

၈၁ mm စိန်ပြောင်း ၁၀၀ လက်

၈၁ mm စိန်ပြောင်းထုတ် စက်ရုံ ၃ရုံ

( ၁ နာရီ ၁လက်နှုန်း)

၈၁ mm စိန်ပြောင်းဗုံးသီး ထုတ်စက်ရုံ ၁ရုံ

( ၅ မိနစ် ၁ လုံးနှုန်း )

Mg_34 maching gun ထုတ်စက်ရုံ ၂ရုံ

( ၁ နာရီ ၁ လက်နှုန်း )

ဆုလာဒ်များကို အချိန်မ‌ရွေး နေရာချနိုင်ပါပြီ ]

အခန်း ( ၉၆ )ပြီး

All Chapters