အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း ( ၁၀၀ )
( ချီဧကရာဇ်အထွတ်အထိပ်အဆင့် ဘိုးဘေးများ )
အောင်မင်္ဂလာနိုင်ငံရဲ့နန်းတွင်းထဲမှာ လူအများအပြား စုစည်းငြင်းခုန်လျက်ရှိပါတယ်။
"ငါတို့ရဲ့ တိုက်မိသားစုက ဒီကာကွယ်ရေးမှာ အင်အားအများအပြားပို့ပေးထားရတယ်၊ တစ်ရာပြည်နယ်စားက လူတစ်ယောက်လေးတောင် စစ်ကူပို့မလာဘူး"
"ဟုတ်တယ်၊ အခုဆိုရင် ငါတို့ရန်မိသားစုဝင် အများအပြားက ပေါ်တယ်ကာကွယ်ရေးမှာ ပေးဆပ်ထားရတယ်၊ ငါတို့ကရှေ့မှာတိုက်နေတယ်၊ သူကနောက်ကနေ ငါတို့ပြည်နယ်ထဲက မြို့တွေကို သိမ်းဖို့ချောင်းနေတယ်"
"အဲဒါဘာသဘောလဲဆိုတာ အားလုံးသိကြမယ်ထင်တယ်"
"ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တစ်ရာပြည်နယ်စားက စစ်ကူတပ်တချို့တော့ ပို့သင့်ပါတယ်ကွာ"
ဘုရင်အောင်ဇေယျနိုင်က လက်ကာပြလိုက်ရင်း
"ဒါသူ့အပြစ်မှမဟုတ်တာ၊ သူနိမ့်ပါးနေတုန်းက ဘယ်သူတွေက အတင်းထိုးချချင်နေတာလဲ ကိုယ့်ဘာသာသိကြမှာပါ"
"အခုအချိန်မှာ သူရဲ့တစ်ရာပြည်နယ်က စစ်ပွဲကြောင့် ပြန်လည်ထူထောင်ရေးတွေ လုပ်နေရတာ အားလုံးအသိပဲမလား"
ရန်မိသားစုခေါင်းဆောင် ရန်န်ုအောင်က ဝင်ပြီးထောက်ပြပါတယ်။
"ဘုရင်မင်းမြတ်၊ အရှင်အနေနဲ့ နန်းတွင်းမှာပဲ ရှိနေတာမလို့ အနောက်ပြည်နယ်နဲ့ တစ်ရာပြည်နယ်ကြား ဒေသမှာရှိတဲ့ ကာကွယ်ရေးတံတိုင်းကို သိနိုင်မှာမဟုတ်ပါဘူး"
"ဟုတ်ပါတယ်ဘုရင်မင်းမြတ်၊ အနောက်ပြည်နယ်နဲ့ တစ်ရာပြည်နယ်ကြားဒေသမှာ တစ်ရာပြည်နယ်စားက တဖက်သတ်ဆန်ဆန် ကာကွယ်ရေးတံတိုင်း တည်ဆောက်နေတာဟာ တစ်ခုခုကို ကြံစည်နေတယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ"
"ဘုရင်မင်းမြတ်၊ တစ်ရာပြည်နယ်စားကို ပေါ်တယ်ကာကွယ်ရေးမှာ ပါဝင်အားဖြည့်ဖို့ ဆင့်ခေါ်သင့်ပါတယ်"
မိသားစုခေါင်းဆောင်များ ဂိုဏ်းကြီးများက တစ်ရာပြည်နယ်ကို ပေါ်တယ်ကာကွယ်ရေးအတွက် စစ်ကူပေးဖို့ အတင်းတောင်းဆိုနေကြသလို အရေးယူဖို့ကိုလဲ မသိမသာ လုပ်ဆောင်နေကြတာပါ။
အခုအချိန်မှာ အနောက်ပြည်နယ်ဆိုတာ အခွံပဲရှိတော့တဲ့ ပေါင်မုန့်လုံးကြီးတစ်လုံးလို ဖြစ်နေပါပြီ။
ပြည်နယ်စောင့်တပ်ကလဲ ပေါ်တယ်ကာကွယ်ရေးမှာ အားဖြည့်ပေးနေရသလို ကျန်ရှိတဲ့ မြို့စားတပ်တွေကလဲ တစ်ရာပြည်နယ်ရဲ့ စစ်တပ်ကို ခုခံနိုင်မှာမဟုတ်တာ အများက သိထားကြပါတယ်။
ရန်မိသားစုအားကိုးနေတဲ့ ပြည်နယ်ရဲ့တစ်ခုတည်းသော ဂိုဏ်းကြီးဖြစ်တဲ့ တိမ်အရိပ်ဂိုဏ်းအနေနဲ့ကလဲ ဂိုဏ်းဘိုးဘေးအပါအဝင် ကျင့်ကြံဆင့်မြင့်တဲ့ ဂိုဏ်းအကြီးအကဲ အများအပြားက ပေါ်တယ်ကာကွယ်ရေးမှာ တစ်ထောင့်တစ်နေရာက မဖြစ်မနေ ပါဝင်အားဖြည့်ထားရတာပါ။
အကယ်၍သော တစ်ရာပြည်နယ်ကသာ ကျူးကျော်ခဲ့ရင် ရန်မိသားစုဝင်တွေအနေနဲ့ နေစရာအိမ်ပျောက်သွားမှာ သေချာနေပါတယ်။ ရန်မိသားစုရဲ့ လက်ရှိအခြေအနေက ဆုပ်လဲဆူး စားလဲရူး ဖြစ်နေရပါပြီ။
"ရန်မိသားစုဘိုးဘေးက နန်းတွင်းကို အခစားဝင်ပါတယ်"
"တိုက်မိသားစုဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
"အောင်မိသားစုဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
"လင်းမိသားစုဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
"ဓားတထောင်ဂိုဏ်းဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
"ဆေးပညာဂိုဏ်းဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
"တိမ်အရိပ်ဂိုဏ်းဘိုးဘေး နန်းတွင်းကို အခစားဝင်ပါတယ်"
သူတို့ဟာ အောင်မင်္ဂလာနိုင်ငံရဲ့ ထောက်တိုက်တွေဖြစ်ကြတဲ့ ချီဧကရာဇ်အထွတ်အထိပ်အဆင့် ဘိုးဘေးတွေပါ။ လင်းမိသားစု ဘိုးဘေးက
"မင်းတို့တွေက ကလေးတစ်ယောက်နဲ့တုပြီး ရန်ဖြစ်နေကြတာ မရှက်ကြဘူးလား"
"မင်းပြောတဲ့ကလေးက သန်းချီတဲ့စစ်တပ်နဲ့ မိုင်၈ထောင်ကျယ်တဲ့ နယ်မြေတစ်ခုကို အုပ်ချုပ်နေတဲ့ နယ်စားတစ်ယောက်ကွ"
"ဟွန့် ... သူ့ဘာသာနယ်စားဖြစ်ဖြစ် ဘုရင်ဖြစ်ဖြစ် ငါ့မြေးကငါ့မြေးပဲ"
"ဘာလဲ မင်းတို့အောင်မိသားစုက ငါ့သမက်လောင်းကို သတ်ရတာ အားမရလို့ ငါ့မြေးကိုပါ သတ်ချင်နေတာလား"
"ဘာ ... မင်း ... မင်း၊ မင်းမဟုတ်တာတွေလျှောက်မပြောနဲ့"
ရန်မိသားစုဘိုးဘေးက
"မင်းတို့အဖိုးကြီးတွေက လူစုံတိုင်းရန်ဖြစ်နေကြတာ မရှက်ကြတော့ဘူးလား၊ အငယ်တွေရဲ့ရှေ့မှာ ဒါကဘာသဘောလဲ"
"လင်းဘိုးဘေး၊ စောရန်နိုင်က ဘယ်သူတွေရဲ့ မြေးဆိုတာ မင်းတို့ငါတို့လူအိုကြီးတွေ ခန့်မှန်းနိုင်ကြပြီးသားပဲ"
"ရန်မိသားစုခေါင်းဆောင် ပြောင်းလဲချိန်တန်ပြီလို့ပဲ ငါအသိပေးချင်တယ်"
ရန်ထက်အောင်က အလန့်တကြားဖြင့်
"ဘိုးဘေး ဒါကဘာသဘောလဲဗျ၊ စောရန်နိုင်က အသက် ၂၀တောင်မပြည့်သေးတဲ့ နို့နံ့မစင်တဲ့ ကလေးသာသာပဲ၊ ဘယ်လိုလုပ်ပြီး သူ့ဆီ မိသားစုခေါင်းဆောင်နေရာကို ယုံယုံကြည်ကြည်လွဲပေးရမလဲ"
"တော်စမ်း ... ၊ အဲဒီကလေးဆိုတာကို မင်းထိန်းနိုင်ခဲ့လို့လား၊ သောင်းနဲ့ချီတဲ့ အသက်တွေရင်းခဲ့ရတာတောင် မင်းနိုင်ခဲ့လို့လား"
"ဘိုးဘေးတို့ ကျေးဇူးပြုပြီး မိသားစုအရေးတွေကို သီးသန့် ဖြေရှင်းကြစေချင်တယ်၊ အခုအချိန်က နိုင်ငံအရေးကိစ္စကို ဦးစားပေးသင့်တယ်ထင်ပါရဲ့"
ဘုရင်အောင်ဇယျနိုင်တစ်ယောက် စိတ်ညစ်နေရပါတယ်။ သူ့နန်းတွင်းဆိုတာက လူအိုကြီးတွေစုံတိုင်း စကားနိုင်လုနေကြတဲ့ ဇရပ်သာသာဖြစ်နေရပါတယ်။
"ဟွန့်"
"ဟွန့် ... ငါ့မြေးကိုသာ သူတို့မထိခိုက်ရင် ရပြီ"
"လင်းဘိုးဘေး အခုအခြေအနေမှာ နိုင်ငံအနေနဲ့ ရသလောက် စစ်ကူလိုအပ်နေချိန်ပါ"
"ဘုရင်မင်းမြတ်ဆိုလိုချင်တာ ငါသဘောပေါက်ပါတယ်၊ ငါလဲ ငါ့မြေးကိုမတွေ့ရတာကြာပြီဆိုတော့ ငါကိုယ်တိုင်ပဲ သူ့ဆီအလည်သွား ပါရစေ"
"ဘုရင်မင်းမြတ်၊ ငါကလဲ တစ်ရာပြည်စားရဲ့ အဖိုးတော်စပ်သူတစ်ယောက်ပါ၊ အဲဒါအပြင် ရန်မိသားစု အရေးတွေကို သူနဲ့ဆွေးနွေးချင်တာမို့ ငါလဲလင်းဘိုးဘေးနဲ့ အဖော်လိုက်သွားပါ့မယ်"
"ဟန့် ... ဒီတစ်ခါမှ တစ်ရာပြည်နယ်စားက စစ်ကူမပို့ဘူးဆိုရင် ငါတို့အဆိုးမဆိုနဲ့"
"ငါကိုရောထည့်တွက်လိုက်ကြ"
"ငါ့ကိုရောပဲ"
အောင်၊ တိုက်နဲ့၊ ဂိုဏ်းဘိုးဘေးတွေက တစ်လေသံထဲထွက်ကြတာပါ။
အခန်း ( ၁၀၀ ) ပြီး
စာစဉ် ၇ အဆုံး
အခန်း ( ၁၀၁ ) ပြီးစီး
( ပုန်ကန်တော့မည့်စောရန်နိုင် )
စောရန်နိုင်တစ်ယောက် ပျော်စံရာဆိပ်ကမ်းမြို့ဘက် တပ်စစ်ရောက်နေပါတယ်။
ပျော်စံရာဆိပ်ကမ်းမှာ စောရန်နိုင်ရဲ့ ၁၂၀စီးရှိတဲ့ ရိုက်ဒါစစ်သင်္ဘောတွေ ရှိနေသလို၊ စစ်သင်္ဘောကျင်းကြီးတစ်ခုကိုလဲ တည်ထားတာပါ။ စောရန်နိုင်ရဲ့ ရေတပ်ဆိုက်ရာ ဌာနချုပ်ဆိုလဲ မမှားပါဘူး။
ရေတပ်ဗိုလ်ချုပ်ကြီးအဖြစ် ယာယီတာဝန်ယူနေသူက နွယ်ပန်းမြို့တော်ဝန် ထွန်းအောင်ပါပဲ။
"နယ်စားစော၊ စစ်သင်္ဘောတွေပေါ်ကို အမြောက်ငယ်တွေ တင်ရတာ သိပ်တော့ အဆင်မပြေလှပါဘူး၊ လက်ရှိမှာ အမြောက်တပ်ရင်း ၇ ခုကို ရေတပ်နဲ့ တွဲဖက်ပေးထားပါတယ်"
"စစ်သင်္ဘောတွေအပေါ် ဒီထက်ပိုပြီး တင်လို့မရနိုင်ဘူးလားဗျ"
"တင်လို့ရပေမဲ့ ကြည်းတပ်တွေအတွက် အရန်တွဲဖက်ပေးထားတဲ့ အမြောက်ငယ်အရေအတွက်ကိုတော့ လျော့ချရမှာပါ"
"အင်း၊ ဒီလိုလဲမဖြစ်သေးဘူးဗျ၊ နောင်လာမဲ့တိုက်ပွဲမှာ အမြောက်တွေက အဓိကစစ်ကစားစရာ လက်နက်တစ်ုခဖြစ်လာမှာဗျ"
ထိုအခိုက် တပ်ဗိုလ်တစ်ဦးက
"နယ်စား၊ ရန်မိသားစုဘိုးဘေးနဲ့ လင်းမိသားစုရဲ့ ဘိုးဘေးဆိုသူတွေက နယ်စားနဲ့တွေ့ချင်တယ်ဆိုပြီး နွယ်ပန်းမြို့တော်ဝန်ခန်းမမှာ စောင့်နေပါတယ်"
[ ဒီအဖိုးကြီးတွေ ဒီအချိန်ကျမှ ဘာလို့တွေ့ချင်ကြပါလိမ့် ]
"ကောင်းပြီလေ၊ ဦးထွန်းလဲလိုက်ခဲ့ပါ သွားတွေ့ကြရအောင်"
"ဟုတ်ကဲ့"
နွယ်ပန်းမြို့တော်ဝန်ခန်းမ အတွင်းမှာတော့ လင်းစက်ရောင်နဲ့ ရန်ရှင်းမောင်တို့ နှစ်ယောက်သား ဘေးက တပ်ဗိုလ်မှူးတွေရဲ့ ပြောပြချက်တွေကို နားထောင်ရင်း တအံ့တဩောဖြစ်နေကြပါတယ်။ မင်းရဲကျော်စွာက
"အခုဆိုရင် နယ်စားစောက ကျင့်ကြံနိုင်ယုံတင်မကဘူးခင်ဗျ၊ ချီဧကရာဇ်အဆင့်ကိုပါ ရောက်နေပြီခင်ဗျ"
"အဲဒါအပြင် တစ်နှစ်အတွင်းမှာ ပြောင်းလဲမှုများစွာကိုပါ ဆောင်ကျဉ်းပေးခဲ့တာပေါ့ဗျာ"
သူတို့နှစ်ယောက်သား ပါးစပ်အဟောင်းသား ဖြစ်နေကြပါတယ်။ သေနတ်ဆိုတဲ့ လက်နက်ကိုလဲ စမ်းသပ်ပစ်ခတ်ပြီးကြပါပြီ။
"ရန်အဖိုးကြီးရေ၊ ငါတို့မှာသာ ဒီလိုလက်နက်တွေပိုင်ဆိုင်ထားရင် ဟား ... ကျိုင်းကောင်သားရဲတွေကိုအသာထားဦး၊ အင်ပါယာတစ်ခုကို ကောင်းကောင်း တည်ထောင်နိုင်ပြီဟေ့"
"လင်းအဖိုးကြီး၊ စကားကိုတိုးတိုးပြော မတော်လို အင်ပါယာနားထဲ ရောက်သွားရင်"
မင်းရဲကျော်စွာက တစ်ချက်မျှပြုံးလိုက်ရင်း
"တစ်ရာပြည်နယ်သားအားလုံးက နယ်စားစောရဲ့ နောက်ကို လိုက်ကြမှာပါ၊ ဘယ်သူ့ကိုမှ ကြောက်နေကြမှာမဟုတ်ဘူးဗျ"
"နယ်စား ကြွလာပါပြီ"
"နယ်စားကို နူတ်ဆက်ပါတယ်"
"နယ်စားကို နူတ်ဆက်ပါတယ်"
"နယ်စားကို နူတ်ဆက်ပါတယ်"
"သက်သာသလိုနေကြပါ၊ အဖိုးလင်းနဲ့ အဖိုးရန် ဒီမြေးက ဂါဝရပြုပါရစေ"
"ဟား ... ဒါမှငါ့မြေးကွ"
"ဟေ့ကောင် လင်းအဖိုးကြီး၊ သူကငါ့မြေးဆိုလဲမှန်တယ်ကွ၊ မင်းချည်းအသားမယူနဲ့"
"တော်စမ်းပါကွာ၊ သူရုန်းကန်နေတုန်းက မင်းဘယ်ရောက်နေတာလဲပြောကြည့်စမ်း"
"ဘာကွ မင်းအဲဒီစကားမပြောနဲ့ကွ၊ ငါသာ အောင်အဖိုးကြီးနဲ့ သွားမတွေ့ထားရင် ဒီနေရာမှာ ငါ့မြေးက နယ်စားဖြစ်လာမလားကွ"
"ငါလဲ တိုက်အဖိုးကြီးနဲ့ ရန်သွားမဖြစ်ထားရင် မင်းပြောတဲ့ နယ်စားဆိုတာ ပေါ်လာမလားကွ"
"အဟမ်း ... အဖိုးတို့ ရန်မဖြစ်ကြပါနဲ့ဗျာ၊ အဖိုးတို့ရဲ့ ကူညီဆောင်မမှုတွေကို ဒီမြေးက ကျေးဇူးအမြဲတင်နေတာပါဗျ"
"ဟဲ ... ဟဲ၊ ဒီရန်အဖိုးကြီးက ဂုဏ်ဖော်လွန်းလို့ပါကွာ၊ ငါမြေးလေး စိတ်ထဲမထားနဲ့နော်"
"ဟွန့် .... မင်းကောဘာထူးလဲ လင်းအဖိုးကြီး"
"အဖိုးတို့ကြွလာကြတဲ့ လာရင်းကိစ္စရှိမယ်ထင်ပါတယ်၊ ပြောပြပေးပါဦး၊ အကယ်၍ စစ်ကူကိစ္စဆိုရင်တော့ ဒီမြေးကို ခွင့်လွှတ်ပေးကြပါ"
"ဒီမြေးက အောင်မင်္ဂလာနိုင်ငံတော်ကို ကူညီဖို့ ဆန္ဒမရှိထားပါဘူး"
"ပြီးတော့ ရန်ဖိုးဖိုးကိုလဲ ကြိုတင်ပြီး တောင်းပန်ပါရစေ၊ မကြာခင်မှာ ဒီအပြစ်ရှိတဲ့မြေးက အနောက်ပြည်နယ်ကို သိမ်းပြီး နိုင်ငံတော်သစ်ထူထောင်တော့မှာပါ"
"ဘာ၊ ဒါက"
"ငါ့မြေးသဘောပဲ အဖိုးတို့ လင်းမိသားစုက ငါ့မြေးဘက်မှာရှိမယ်၊ ရန်အဖိုးကြီး အခုထိ တွေဝေနေတုန်းလား"
"အောင်မိသားစုရဲ့ နှစ်ပေါင်းထောင်ချီကြီးစိုးမှုကို မင်းစိတ်ထဲက တကယ်ပဲလက်ခံနေတာလား"
"ဒါက .. "
သူတို့လာရင်းကိစ္စက စစ်ကူအတွက် လာညှိနှိုင်းကြတာပါ၊ ဒါပေမဲ့ အခုတော့ တကယ့်ပုန်ကန်မှု ဖြစ်နေပါပြီ။
"ကောင်းပြီလေ၊ ဒါပေမဲ့ ငါတို့ရန်မိသားစုက တိုက်ရိုက်တော့ ပါဝင်မှာမဟုတ်ဘူး၊ လိုအပ်တဲ့ အနေအထားတွေကို နောက်ကွယ်က ဖြည့်စည်းပေးလို့တော့ရမှာပါ"
"ဘာကွ"
အခန်း ( ၁၀၁ ) ပြီး
အခန်း ( ၁၀၂ )
( အောင်ဇယျနိုင် ထီးနန်းစွန့်ခြင်း )
"ဘာကွ၊ မင်းရူးနေလား ရန်အဖိုးကြီး၊ မင်းကြောက်နေတာမလား"
စောရန်နိုင်က တဖန်ဝင်တားလိုက်ရင်း
"ရန်ဖိုးဖိုး၊ အနောက်ပြည်နယ်ကို သိမ်းပိုက်တဲ့ အစီအစဉ်မှာ ရန်မိသားစုကို မထိခိုက်စေလိုဘူး"
"ဒါပေမဲ့ ရန်မိသားစုခေါင်းဆောင်အနေနဲ့ ဝင်စွတ်ဖက်မယ်ဆိုရင် ဒီမြေးကို နားလည်ပေးပါ"
"ကောင်းပါပြီ၊ ဒီအဖိုးကြီး ဒီပြဿနာတွေကနေ မျက်စိမှိတ်လိုက်ရုံပါပဲလေ"
"အဲဒီလူလွန်မသား ရန်နိုင်အောင်ကို ဖိုးဖိုးတားနိုင်မှာမဟုတ်တာ သေချာနေပါတယ်၊ ဒီအဖိုးကို ခွင့်လွတ်ပါကွာ"
ဒီလိုနဲ့ပဲ စောရန်နိုင်က အဖိုးဖြစ်သူတွေကို သီသသီရိမြို့တော်ဆီ ဖိတ်ပြီး စားသောက်ပွဲကျင်းပပေးလိုက်ပါတယ်။ စောရန်နိုင်ရဲ့ စီမံဆောင်ရွက်မှု ထောင့်စေ့ပုံတွေကို နှစ်ဦးသားသဘောကျနေကြသလို တစ်ရာပြည်နယ်ရဲ့ စစ်တပ်ကိုလဲ အလွန်အမင်း အားကျနေကြပါတယ်။
ဒီလိုပြဿနာများနေတဲ့ အချိန်ကာလမှာ စောရန်နိုင်သာ အနောက်ပြည်နယ်ကို တိုက်ရင် ဘယ်သူမှထိန်းနိုင်မှာမဟုတ်တာ သေချာနေပါပြီ။
လင်းစက်ရောင်လဲ ပြင်စရာရှိတာပြင်ဖို့ မြောက်ပိုင်းပည်နယ်ကို တန်းပြန်သွားသလို၊ ရန်ရှင်းမောင်လဲ အနောက်ပြည်နယ်မြို့တော်ဆီ ပြန်သွားခဲ့ပါပြီ။
တစ်လအကြာမှာတော့ စနစ်တကျစုဖွဲ့ထားတဲ့ တစ်ရာပြည်နယ်ရဲ့ စစ်တပ်တွေဟာ အနောက်ပြည်နယ်ရဲ့ မြို့တွေကို စတင်တိုက်ခိုက်ကြပါတော့တယ်။
"ဘုရင်မင်းမြတ် တစ်ရာပြည်နယ်စားက တရားဝင်ပုန်ကန်နေပါပြီ"
အောင်ဇေယျနိုင်လဲ အကြီးအကျယ် ဒေါသထွက်နေပါတယ်။
"စောရန်နိုင် ... မင်းက ငါ့မျက်နှာမှမထောက် ပုန်ကန်ရတယ်လို့ကွာ၊ ကြည့်ရတာ ငါမျက်နှာပေးထားတာ များသွားပုံပဲ"
မိန်းမစိုးချုပ်လိုင်လိုင်က
"အရှင်၊ ဒီပြဿနာကို သေသေချာချာဖြေရှင်းသင့်ပါတယ်၊ စောရန်နိုင်ရဲ့ စစ်အင်အားကို လက်ရှိမှာ ဘယ်ပြည်နယ်မှ မထိန်းထားနိုင်ပါဘူး"
"နောက်ထပ်ပြဿနာတစ်ခုက လင်းမိသားစုပါ"
"သူတို့က ဘာပြဿနာရှာပြန်ပြီလဲ"
"ပေါ်တယ်ကာကွယ်ရေးကနေ တပ်ဆုတ်ပြီး တစ်ရာပြည်နယ်စားရဲ့ စစ်တပ်နဲ့ ပူးပေါင်းလိုက်ကြပါတယ်"
"ဘာ၊ ဘာဖြစ်တယ်၊ အဲဒါ ... အဲဒါဆိုရင် ရန်မိသားစုကရော"
"ရန်မိသားစုကတော့ ပေါ်တယ်ကာကွယ်ရေးမှာပဲ ဆက်ရှိနေပေမဲ့ ရန်ဘိုးဘေးတော့ ပျောက်ချင်းမလှ ပျောက်နေပါတယ်"
"ဘာ ... အဲဒါဆိုရင်ပေါ်တယ်ကာကွယ်ရေးမှာ ထောက်တိုင်နှစ်ခု လျော့သွားပြီပေါ့ ဟုတ်လား"
"မှန်ပါတယ် အရှင်၊ ပေါ်တယ်ထဲကနေ အဆင့်၆ ကျိုင်းကောင်ဘုရင်မ တစ်ကောင်လောက်ပေါ်လာရင်ပဲ ... "
အောင်ဇေယျနိုင်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ပဲ ပလ္လင်ပေါ် ပစ်ထိုင်ချလိုက်ပါတယ်။ သူ့မှာရွေးချယ်စရာ နှစ်ခုသာရှိပါတော့တယ်။
တစ်ခုက အနောက်ပြည်နယ်ကို အဆုံးရှုံးခံပြီး ပေါ်တယ်ကို ဆက်လက်ကာကွယ်ထားဖို့ပါ၊ နောက်တစ်ခုက ပေါ်တယ်ကာကွယ်ရေးမှာရှိနေတဲ့ ပြည်နယ်စောင့်တပ်တွေကို အနောက်ပြည်နယ်ဆီ စစ်ကူလွတ်ဖို့ပါ။
ဘယ်တစ်ခုကိုပဲရွေးရွေး ကျန်တစ်ခု သေချာပေါက် လက်လွှတ်ရပါပြီ။
အနောက်ပြည်နယ်ကို အခုချိန်လက်လွတ်လိုက်ရင် သိပ်မကြာခင်ကာလမှာ စောရန်နိုင်က မြို့တော်ကိုသေချာပေါက် ခြိမ်းခြောက်လာမှာပါ၊ စောရန်နိုင်မှာ အဲဒီလိုအင်အား ရှိထားမှန်း သူသတင်းရပြီးပါပြီ။
ပေါ်တယ်ကို လက်လွတ်ရင်လဲ ကျိုင်းကောင်ကပ်ဘေး တစ်ခုကိုဖိတ်ခေါ်လိုက်တဲ့ သမိုင်းတရားခံ ဖြစ်သွားမှာပါ။
သူမတက်နိုင်တော့ပါဘူး။ သူတတိယတစ်ခုကို ရွေးချယ်လိုက်ပါတယ်။
တခဏမျှ စဉ်းစားပြီးနောက် အရာရာကို လွတ်ချလိုက်သော အပြုံးတစ်ခုဖြင့်
"ကြေညာလိုက်ပါ၊ ငါဘုရင် ထီးနန်းစွန့်မယ်"
" .... "
ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ လိုင်လိုင်က
"အရှင်မင်းမြတ် သေချာပြန်စဉ်းစားပါဦး"
"ငါကိုယ်တော်အနေနဲ့ ဘာကိုပြန်စဉ်းစားနေရမှာလဲကွယ်၊ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်မပိုင်တဲ့ ရုပ်သေးဘုရင်တစ်ယောက်ရဲ့ဘဝကို စွန့်လွှတ်ရယုံပါပဲ"
"တူလေးစောကို အားကျလိုက်တာ၊ ဒီဘုရင်နေရာကို ရယူဖို့အတွက် လျှောက်လမ်းပုံခြင်း သိပ်ကွာတာပဲ၊ ငါကိုယ်တော် သိပ်ရှက်တယ်"
အခန်း ( ၁၀၂ ) ပြီး