အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း ( ၁၀၆ ) ပြီးစီး
( သနကတပ်ရင်းများအကြောင်း )
တခဏအကြာမှာတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ လေတပ်ဗျုဟာက ဗိုလ်မှူးတစ်ဦး ခန်းမထဲဝင်ရောက်လာပါတယ်။
"ဟေ့ကောင် နေမျိုးရန်နိုင်၊ မင်းအားယားနေသလားကွ"
"ဟဲ မင်းကလဲကွာ စိတ်လျော့ပါဦးဟ လွယ်နန်ကို သားရဲတွေဝင်လုံးနေကြတာကွာ အဲဒါ Ba 17နှစ်စီးလောက်နဲ့ P 51 ၃စင်းလောက် ပျံပေးပါဦး"
"အကုန်မရနိုင်ဘူးနေမျိုး၊ မင်းလဲသိတဲ့အတိုင်းပဲ ခရိုင်တစ်ခုလုံးကိုမှ Ba17 ၁၀စင်း၊ P 51 12 စင်းပါတဲ့ လေတပ်ဗျုဟာလေးတစ်ခုပဲ ချပေးထားတာကွာ"
"ရှိသမျှ လေယာဉ်အကုန်လုံးကလဲ တာဝန်နဲ့ လွန်ခဲ့တဲ့မိနစ်ပိုင်းကတင် ထွက်သွားပြီ"
"လွယ်လှိုင်၊ လွယ်ရဲ၊ လွယ်ခမ်း၊ လွယ်နင်၊ လွယ်ခုံ အိုကွာ ... လွယ်လင်ခရိုင်တစ်ခုလုံး ကာကွယ်ရေးဆင်းနေရတာ ဘယ်ကလေယာဉ်ပိုမှာလဲ"
"ဟူး ... ပြဿနာပဲဟေ့၊ လွယ်နန်မှာ သနက ၂၀၇၁၊ သနက၃၂၂၀ နဲ့ ကကရတပ်က စစ်သည် ၂သောင်းပဲရှိတယ်"
"အမှတ် ၆၀ စိန်ပြောင်းတပ်ရင်းက တစ်ခွဲ တစ်နှစ်ခုကို လွယ်ခုံမြို့ဘက် စေလွှတ်ထားတော့ စိန်ပြောင်းတပ်ခွဲတစ်ခု ( ၁၅လက် ) ပဲကျန်နေတယ်"
သူရမင်းထင်က
"လွယ်နန်မှာ အမြောက်ငယ်တပ်ရင်းတစ်ခု ရှိသေးတယ်မလား၊ အဲဒီကအမြောက်ပစ်ကူနဲ့ဆိုရင် ယာယီတော့ ထိန်းထားနိုင်မှာပါဟ၊ ငါလဲ Ba 17 တစ်စင်းနဲ့ P 51 နှစ်စီးတော့ ပျံပေးပါ့မယ် ... စိတ်မပူပါနဲ့ကွာ"
သူတို့နှစ်ယောက်က စောရန်နိုင်စနစ်ဆီကနေ ဆုလာဒ်အဖြစ်ရထားတဲ့ တပ်ဖွဲ့မှူး ၁၅ဦးထဲက နှစ်ဦးပါ၊ ဒါပေမဲ့ နေမျိုးရန်နိုင်က ချီဘုရင်အဆင့်ကို အရင်တက်သွားတာမလို့သာ ရာထူးမြင့်သွားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းပေါင်း ပေါင်းနေကြဆဲဖြစ်ပါတယ်။
"အင်း ... အဆင့်၅ ကျိုင်းကောင်ဘုရင်မတွေ မပါပါစေနဲ့ ဆုတောင်းရမှာပဲ"
သူရဲ့ဆုတောင်း မပြည့်ဝခဲ့ပါဘူး။ လွယ်နန်မြို့ပြင် တောင်ကုန်းတစ်ခုပေါ်မှာတော့
"ဗိုလ်မှူး မြို့ထဲပြန်ဆုတ်မှရမှာပါ၊ ကျိုင်းကောင်တွေကများလွန်းတယ်"
"ရှေ့တန်းသနက တပ်ခွဲတွေကို မြို့ထဲပြန်ခေါ်လိုက်တော့၊ အမြောက်တပ်ကဗိုလ်မှူးဇေယျသူ ကို ငါသွားတွေ့လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ ဗိုလ်မှူး"
အရှေ့ဘက်ခြမ်း မြို့အပြင်ဖက်ခံစစ်လိုင်းမှာက သနက၂၀၇၁ တပ်ခွဲ၁ခု၊ သနက ၃၂၂၀က တပ်ခွဲ၂ခုက ကာကွယ်ရေးတပ်က တပ်ရင်းနှစ်ခုနဲ့အတူ ရှိနေကြတာပါ။
brown bess နဲ့ M1752 musket musket သေနတ်ကိုင်တပ်ရင်းတွေက တပ်ရင်းတစ်ရင်းကို စစ်သား ၂၅၀၀ပါဝင်ပါတယ်၊ တပ်ခွဲအားဖြင့် တစ်ရင်းကို တပ်ခွဲ ၅ခွဲပါဝင်ပါမယ်၊ ၆နှစ်ကြာပြီးနောက် musket သေနတ်ကိုင် တပ်ရင်းပေါင်း1110ရှိထားပါပြီ။
M 1752 musket တပ်ရင်းတွေက စောရန်နိုင်ရဲ့ စစ်ဌာနချုပ်တိုက်ရိုက်လက်အောက်ခံတွေဖြစ်ပြီး တပ်ရင်းပေါင်း၃၆၀ရှိပါတယ်။
brown bess musket တပ်ရင်းတွေကတော့ သစ္စာခံလာတဲ့ ပြည်နယ်စောင့်တပ်တွေကို လက်နက်တပ်ဆင်ပေးထားတာဖြစ်ပြီး တပ်ရင်းပေါင်း ၆၀၀ရှိပါတယ်၊၊
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်အောက်ကရဲဌာန မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၁၅၀ ကလဲ brown bess musket ကိုင်ကြပါတယ်။
စောရန်နိုင်ရဲ့ တိုက်ရိုက်လက်အောက်ခံ တပ်ရင်း နံပတ်တွေ အနေနဲ့ ( ၁ ... ) ထိပ်နဲ့စရင် M1 carbine သေနတ်ကိုင်တပ်ရင်း၊ ( ၂ ... ) ထိပ်နဲ့စရင် kar 98k သေနတ်ကိုင်တပ်ရင်း၊ ( ၃ ... ) ထိပ်နဲ့စရင် M 1752 musket သေနတ်ကိုင်တပ်ရင်း၊ ( ၄ ... ) ထိပ်နဲ့စရင် PPSH 41 sub gun ကိုင် တပ်စု၊ ( ၅ ... ) ထိပ်နဲ့စရင် ရဲတပ်ရင်း တွေအနေနဲ့ သတ်မှတ်ပေးထားပါတယ်။
သစ္စာခံထားတဲ့ ကာကွယ်ရေးတပ်ရင်း ( ကကရ ) တွေကိုတော့ ၉ထိပ်နဲ့ စပေးထားပါတယ်။ သစ္စာခံတပ်တွေထဲမှာ အမြောက်တပ်ရင်းတွေ မရှိထားပါဘူး။
ဥပမာ ၁၀၀၁ဆိုရင် m1 cb သေနတ်တပ်၊ ၂၀၀၁ဆိုရင် kar 98k သေနတ်တပ်၊ ၃၀၀၁ဆိုရင် m 1752 musket သေနတ်တပ်၊ ၄၀၀၁ဆိုရင် ppsh 41 sub gun တပ်ဖြစ်ပါတယ်။ ၄ထိပ်စတပ်တွေနဲ့ ၁ထိပ်စတပ်တွေက လက်ရုံးတပ်တွေပါ။
စောရန်နိုင်ရဲ့ တိုက်ရိုက်လက်အောက်ခံ တပ်ရင်းတွေကို နိုင်ငံစစ်တပ် ( နစတ ) လို့ခေါ်ပြီး၊ သစ္စာခံတပ်ရင်းတွေကိုတော့ ( ကကရ ) လို့ခေါ်ကြပါတယ်။
မြို့ရိုးပေါ်ရှိ အမြောက်ကွပ်ကဲရေးခန်းမအတွင်းမှာ အမြောက်ငယ်တပ်ရင်းမှူး ဗိုလ်မှူး ဇေယျသူ၊ စိန်ပြောင်းတပ်ရင်းမှူး ဗိုလ်မှူး ဇေယျနိုင်၊ သနက၂၀၇၁တပ်ရင်းမှူး ဗိုလ်မှူး သီဟထက်အောင်၊ သနက ၃၂၂၀တပ်ရင်းမှူး ဗိုလ်မှူး သီဟရဲမာန်၊ ကကရတပ်က တပ်ရင်းမှူး၈ယောက်ဖြစ်ကြတဲ့ လင်းမျိုး၊ လင်းခိုင်၊ လင်းကို၊ လင်းထွန်း၊ ရန်ခိုင်၊ ရန်မောင်၊ ရန်ထွဋ်၊ ရန်ကြီး စတဲ့မြို့ရဲ့ အဓိကတပ်ရင်းမှူးတွေစုစည်းပြီး ဆွေးနွေးပွဲ တစ်ခုလုပ်နေကြပါတယ်။
ကျင့်ကြံဆင်အမြင့်ဆုံး( ချီစစ်သူကြီး အထွတ်အထိပ် ) ဖြစ်သူဇေယျသူက
"ခရိုင်တပ်ရုံးကနေ မကြာခင်ကပဲ အကြောင်းကြားစာ ( အသံလွှင့်ကျောက်တုံးမှ )ဝင်လာတယ်၊ ငါတို့လွယ်နန်မြို့ခံစစ်လိုင်းမှာ လေတပ်ကူ အနေနဲ့ B1 17 တစ်စီး၊ P 51 နှစ်စီးပဲ ပို့ပေးနိုင်တယ်တဲ့"
သီဟထက်အောင်က မကျေမနှပ်ဖြင့်
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်တော်တို့မှာ ကြီးကြီးမားမား အားကိုးစရာဆိုလို့ အမြောက်တပ်နဲ့ လေတပ်ပဲရှိတာ၊ လေတပ်က အကူနဲနဲပဲရမှတော့ ဘယ်လိုလုပ်ပြီး ဒီသားရဲအုပ်တွေကို ခုခံနိုင်မှာလဲ"
ကကရ တပ်ရင်းမှူးတွေကလဲ
"ဟုတ်တယ်၊ သေချာတာတစ်ခုကတော့ ဒီတစ်လအတွက် ငါတို့ရထားတဲ့ ချီခဲယမ်းကလဲ လုံလောက်မှာမဟုတ်ဘူး"
အခန်း ( ၁၀၆ ) ပြီး
အခန်း ( ၁၀၇ )
"ဟုတ်တယ်၊ သေချာတာတစ်ခုကတော့ ဒီတစ်လအတွက် ငါတို့ရထားတဲ့ ချီခဲယမ်းကလဲ လုံလောက်မှာမဟုတ်ဘူး"
"အမှန်ပဲ ... ငါတို့စစ်သည်တွေက ချီခဲယမ်းမရှိရင် ကိုယ်တွင်းချီနဲ့ ပစ်လို့ရတယ်ဆိုပေမဲ့ အခြေခံတည်ဆောက်ခြင်း အထက်အဆင့်တွေချည်းပါတဲ့ နစတတပ်ရင်းတွေလို ဆက်တိုက်နီးပါး မပစ်နိုင်ကြဘူးလေ"
"အင်း ... ဟုတ်တယ်၊ ကိုယ်တွင်းချီနဲ့သာ ပစ်နေရရင် အဆင့်၂နဲ့ အထက်အဆင့်က ဘုရင်မတွေကို သတ်နိုင်တော့မှာ မဟုတ်ဘူး"
"ဟူး ... ဒီကြားထဲ တခြားသားရဲတွေပါ ဝင်ဝင်တိုက်နေကြတော့ တကယ်ကို ခက်ခဲတော့မှာ"
လတ်တလောမှာ လွယ်နန်မြို့ရဲ့ တပ်ရင်းတွေက အင်အားပြည့် မရှိကြတော့ပါဘူး။ တစ်နှစ်အတွင်းမှာ ရာဂဏန်း သို့မဟုတ် ဆယ်ဂဏန်းလောက်တော့ ဆုံးရှုံးမှုတွေ ရှိထားကြပါတယ်။ တပ်ဗိုလ်တစ်ယောက် ခန်းမထဲဝင်လာချိန်မှာတော့
"ဗိုလ်မှူး မြို့ပြင်ခံစစ်လိုင်းတွေကနေ တပ်ရင်းအသီးသီး ဆုတ်ခွာလာပါပြီ"
"ဘာ ... ဘယ်သူဆုတ်မိန့်ပေးလိုက်တာတဲ့လဲ"
သီသထက်အောင်က ဝင်ရောက်ပြီးဖြေလိုက်ပါတယ်
"ကျွန်တော် ပေးလိုက်တာပါ"
"ဘာကွ ... ဒီခံစစ်လိုင်းတွေ တည်ဆောက်နိုင်ဖို့ နစတနဲ့ ကကရတပ်ရင်းတွေ ဘယ်နှစ်ခုလောက် ရင်းခဲ့ရလဲမင်းသိလားကွ"
သီဟထက်အောင် တကယ်လဲ မသိပါဘူး၊ သူ့တပ်ရင်းက ယခင်သနကတပ်ရင်း ၃၁၃၁နဲ့ တာဝန်ချိန်းထားတာ လပိုင်းပဲရှိပါသေးတယ်။
"အခုချက်ခြင်း ခံစစ်လိုင်းမှာ ပြန်နေရာယူဖို့ အမိန့်ထုတ်လိုက်ကြစမ်း"
"မမှီတော့ပါဘူး ဗိုလ်မှူး၊ သူတို့ဆုတ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ခံစစ်လိုင်းတွေကို ကျိုင်းကောင်သားရဲတွေ ပြန်ကြီးစိုးသွားပါပြီ"
"ဘာ ... မဖြစ်ရဘူး၊ အဲဒီလို အဖြစ်ခံလို့မရဘူးကွ၊ ဗိုလ်ချုပ်နေမျိုးက ငါ့ကိုအရေခွံဆုတ်လိမ့်မယ်"
မြို့အပြင်ဖက်ပိုင်းမှာ ခံစစ်လိုင်းတွေ တည်ဆောက်နိုင်ဖို့ ဗိုလ်ချုပ်နေမျိုးရန်နိုင်က သနက တပ်ရင်းများစွာရင်းထားရမှန်း သူသိထားပါတယ်၊ ဒါအပြင် အပြင်ဖက်ခံစစ်လိုင်းကြောင့် လွယ်နန်မြို့က တစ်နှစ်ကျော်အထိ ခုခံနိုင်နေတာလဲ သူသိပါတယ်။
"မဖြစ်ဘူး ... အခုချက်ခြင်း အမြောက်နဲ့ စိန်ပြောင်းတပ်ရင်းကို ခံစစ်လိုင်း ပတ်ဝန်းကျင်ကို ဆက်တိုက်ပစ်ခိုင်းထား၊ သနကတပ်ရင်းတွေလဲ ပြင်ထားကြတော့"
"ကောင်းပါပြီ"
ခနအကြာ
"အုန်း .... အုန်း .... အုန်း"
"ပေါင် ... ပေါင် ... ပေါင်း"
မြို့အပြင်ဖက်က ပတ်လည်ခံစစ်လိုင်းမှာတော့ ကျိုင်းကောင်သားရဲတွေက ခံစစ်လိုင်းထဲမှာ မွှေနှောက်နေကြပါပြီ။
"ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ဝုန်း ... အုန်း"
"ဖောက် ... ဖောက် ... ဖောက် ... ဖောက်"
"ဒိုင်း ... ဒိုင်း ... ဒိုင်း ကျီး ... ကျိ ... ကျိ"
နစတတပ်ရင်းနှစ်ခုနဲ့ ကကရတပ်ရင်း ၈ခုဟာ မြို့ပတ်လည်ရှိ ခံစစ်လိုင်းကို ပြန်တိုက်နေကြရပါတယ်။
"မင်းအနောက်မှာ ... ဒိုင်း"
"ကျီး ... အား ... ဇွတ် ... ဇွတ် ... အု"
"ဒီဖက်မှာ အဆင့်၂ ဘုရင်မ တစ်ကောင်ဟေ့"
"ဘာလုပ်နေတာလဲ ပစ် ... ပစ် ... ပစ်ကြ"
"စက်သေနတ်ကြီးတွေ ဘုရင်မရှိတဲ့ဖက်ကို ဦးစားပေးပစ်ကြ"
နေ့တစ်ပိုင်းခန့် အရောက်မှာတော့ အဆင့်၂ ကျိုင်းကောင်ဘုရင်မများသာဦးဆောင်နေတဲ့ ကျိုင်းကောင်သားရဲတွေကို နှိမ်နှင်းပြီး ရာချီတဲ့ တပ်သားတွေအဆုံးရှုံးခံကာ အပြင်ဖက် ခံစစ်လိုင်းကို ပြန်ထိန်းနိုင်ခဲ့ကြပါတယ်။
လွယ်နန်မြို့မှာ gatling gunတပ်ရင်း ၁ခု ( ၂၇လက်၊ နောက်ပိုင်းတွင် ၅၅လက်တပ်ရင်းတစ်ရင်းဖြစ် ) အထိုင်ချထားတာမလို့ သူတို့ခံသာနေပါသေးတယ်။
ဒီလိုမျိုး တိုက်ပွဲတွေက တစ်ရာနိုင်ငံရဲ့ ကာကွယ်ရေးတံတိုင်း အပြင်ဖက်ပိုင်းမှာရှိတဲ့ မြို့ကြီးမြို့ငယ်တိုင်း ကြုံတွေ့နေကြရတာပါ။
ခေတ်မှီသေနတ်တွေနဲ့ ဖွဲ့စည်းထားပေမဲ့ မြို့တွေလက်မလွှတ်ရအောင် နေ့စဉ်နဲ့အမျှ တပ်သား ရာချီတော့ အသက်ပေးနေကြရဆဲပါ။ နေ့စဉ်နဲ့အမျှ ထောင်သောင်းချီ အသက်စွန့်ကာကွယ်နေရတဲ့ တခြားအင်ပါယာနဲ့ နိုင်ငံတွေနဲ့စာရင် တစ်ရာနိုင်ငံက အပြတ်အသတ်သာနေပါတယ်။
နောက်တစ်ခုက အတွင်း ၃၆ မြို့ကဖြန့်ချီတဲ့ ရိက္ခာတွေကြောင့် တစ်ရာနိုင်ငံမှာ အငတ်ဘေးကို လုံးဝမခံစားရပါဘူး။ ဒါအပြင် တချို့ပြည်သူတွေဆိုရင် မြို့အပြင်မှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိကြသေးပဲ ရောင်းဝယ် ဖောက်ကားခြင်းနဲ့ အလုပ်အကိုင်တွေမပျက်ကြပါဘူး။ တခြားသော နိုင်ငံငယ်တွေမှာတော့ အငတ်ဘေးကို ရန်ဆိုင်နေကြရပြီပဲ ဖြစ်ပါတယ်။
ကျိုင်းကောင်တွေရဲ့ အဓိကမိတ်လိုက် သားဖောက်ရာသီက နွေဦးကာလဖြစ်ပြီး နွေနဲ့မိုး ၈လ လုံးလုံးအစာရှာကြပါတယ်။ ဆောင်းရာသီအဝင် နှင်းကျတာနဲ့ တချို့တလေသော ကျိုင်းကောင်ငယ်လေးတွေသာ အပြင်ထွက်ကြပြီး အများစုက ဂူတွေထဲမှာ ဆောင်းခိုတက်ကြပါတယ်။
အချိန်က ငွေနှင်းစက်ကလေးများ လေမှာဝဲတဲ့ ဆောင်းဦးသို့ ဝင်လာပြီပဲဖြစ်ပါတယ်။ ဒီလိုကာလဟာ စောရန်နိုင်အတွက် စစ်ဆင်ရေးပြန်လည်စတင်ချိန်ပဲ ဖြစ်ပါတော့တယ်။
အခန်း ( ၁၀၇ ) ပြီး
အခန်း ( ၁၀၈ )
( တစ်ရာနိုင်ငံရဲ့ ဆောင်းရာသီဝန်ဆောင်မှုများ )
တစ်ရာနိုင်ငံရဲ့ ဝေဟင်အနှံ့မှာ CH 47 ရဟတ်ယာဉ် ၈၁၀၀ ဟာ သွားချည်လာချည် လှုပ်ရှားနေကြပါပြီ။ ၄၀၀၀ရဲ့တာဝန်က စစ်တပ်ရဲ့နေရာရွှေ့ပြောင်းမှုတွေ ချီခဲယမ်းကို စက်ရုံတွေကထုတ်ယူလာပြီး ပြည်နယ်အလိုက် ဖြန့်ခွဲမှုတွေ လုပ်ဆောင်ကြပါတယ်။ ၂၀၀၀က ပြည်လည်တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းအမျိုးမျိုးတို့ကို သယ်ယူပို့ဆောင်ကြပါတယ်။ ၂၁၀၀ကတော့ အရပ်သားတွေရဲ့ ရိက္ခာ၊ ဒုက္ခသည်ရွှေ့ပြောင်းမှု စသည်တို့ကို ကူညီပေးပါတယ်။
ဒါဟာ တခြားသောနိုင်ငံတွေမှာ မရရှိနိုင်တဲ့ နိုင်ငံအဆင့် ကူညီထောက်ပံ့မှုတွေဖြစ်ပါတယ်။ အစပိုင်းမှာ လုပ်ငန်းဆိုင်ရာ ပြည်သူနဲ့အသားမကျမှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ကကရတပ်တွေရဲ့ ကူညီမှု၊ နစတတွေရဲ့ သင်ပြမှုတွေကြောင့် နောက်ပိုင်းနှစ်တွေမှာ အသားကျလာကြပါတယ်။
တစ်မြို့နဲ့တစ်မြို့ ရွှေ့ပြောင်းအခြေချချင်သူတွေ၊ ခရီးသွားလာလိုသူတွေက သက်ဆိုင်ရာမြို့ရဲ့ ညှိနှိုင်းရေးဌာန ( ညရန ) ဆီက ထောက်ခံစာယူပြီး အဆိုပါမြို့မှာရှိနေတဲ့ နစတ လေယာဉ်ကွင်းတွေက ထောက်ပံ့ရေးတပ်ဆွယ် ( ထပရ ) ဆီ အဆိုပါထောက်ခံစာကို ပြသပြီး စောင့်ဆိုင်းယုံပါပဲ။
ဒီလိုထောက်ပံ့ကူညီမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ဆောင်းရာသီတိုင်း ကြုံနေကြ သားရဲရန်တွေကို ရှောင်ရှားပြီးသား ဖြစ်သွားပါတယ်။
ကျင့်ကြံသူတွေအနေနဲ့ သွားရင်းလာရင်း လုပ်ကြံခံရမှာကိုလဲ စိတ်ပူနေစရာ မလိုအပ်တော့ပါဘူး။ CH 47 တွေက တစ်ရာနိုင်ငံတစ်ဝန်း ပြေးဆွဲပျံသန်းနေခြင်း ဖြစ်တဲ့အပြင် ချီဘုရင်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိနေပါတယ်။ ချီဧကရာဇ်အဆင့်အောက်က အဆင့်အားလုံးကို ပြန်သတ်နိုင်တဲ့အထိ လုံခြုံရေးကောင်းမွန်ပါတယ်။
ဝေဟင်ပျံသန်းနေတဲ့ ရဟက်ယာဉ်၊ လေယာဉ်အားလုံးမှာ တူညီတဲ့ဝတ္တရားတစ်ခုက မြေပြင်မှာတွေ့ရှိရတဲ့ ထူးဆန်းတဲ့အခြေအနေအားလုံးကို နီးစပ်ရာ ထပရတပ်ဆွယ်တွေဆီ သတင်းပို့ပေးရပါတယ်၊ တက်ကြွတဲ့ယာဉ်မောင်းတချို့ကတော့ တစ်ခါထဲဖြေရှင်းတက်ကြသလို ထိုအတွက်လဲ သက်ဆိုင်ရာလေတပ်ဆွယ်မှာ သက်သေပြပြီး ဆုငွေထုတ်ယူနိုင်ပါသေးတယ်။
ဒါကြောင့်လဲ ဆောင်းရာသီကာလ ခရီးစဉ်တွေမှာ အဆင့်နိမ့်ကျင့်ကြံသူ အများအပြားနဲ့ ချမ်းသာချင်တဲ့ သာမာန်ပြည်သူတချို့က ရဟတ်ယာဉ်မှူးတွေနဲ့ ပူးပေါင်းပြီး သားရဲနှိမ်နင်းခြင်း၊ အလောင်းကောင်ကောက်ပေးခြင်းတွေ ပြုလုပ်ပေးကြပြီး ရလာတဲ့ဆုလာဒ်တွေကို ပါဝင်အားဖြည့်မှုအလိုက် ခွဲဝေယူတက်ကြပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံကူးပေါ်တယ်နှစ်ခုတည်ရှိရာ နန်းစောခရိုင်ရဲ့ ဝေဟင်အထက်မှာ လေတပ်ဗျူဟာ ( လဗတ ) ၃ခုစုဖွဲ့ပြီး ပျံသန်းနေကြပါတယ်။
သူတို့ရဲ့တာဝန်က ခြေလျင်တပ်ရင်းကို ပစ်ကူပေးရန်နဲ့ သားရဲဂူတွေကို ဖြိုချဖျတ်ဆီးဖို့ပါပဲ။
"ဗိုလ်မှူး မြေပြင်မှာ သားရဲဂူတွေရှိကြောင်း သတင်းလှမ်းပို့နေပါပြီ"
"ကောင်းပြီ အသင့်ပြင်ကြ မြင်းတပ်ရင်းတွေ ကင်းလွတ်တာနဲ့ စွမ်းအင်ဗုံးကြဲချဖို့ပြင်ထား၊ တိုက်လေယာဉ်တွေကို အနီးကပ်ထိုးဆင်းဖို့ ပြင်ခိုင်းထားလိုက်တော့"
"ဟုတ်"
နန်းစောခရိုင်ထဲက ပေါ်တယ်နဲ့ မိုင်၅၀၀အကွာရှိ တောအုပ်တစ်ခုထဲမှာတော့ အမှတ် ၄၁၉၁ မြင်းတပ်ရင်းနှစ်ခုဟာ ကျိုင်းကောင်လက်ကျန်၂ထောင်ခန့်ကို ရှာဖွေတွေ့ရှိထားကြပါတယ်။
မြင်းတပ်ရင်းမှာလဲ ၁ထိပ်သည် နိုဗယ်ကနိုက်မြင်းတပ်ရင်း၊ ၂ထိပ်သည် အနက်ရောင်သံချပ်ကာ မြင်းတပ်ရင်း၊ ၃ထိပ်သည် တော်ဝင်နိုဗယ်ကနိုက် မြင်းတပ်ရင်း၊ ၄ထိပ်သည် လေဟုန်ခွင်းမြင်းတပ်ရင်း၊ ၉ထိပ်သည် ကကရမြင်းတပ်ရင်းတွေဖြစ်ကြပါတယ်။
သံချပ်ကာကား ( M IV ) တပ်ရင်း တွေကိုတော့ ၅ထိပ်တွေအဖြစ် သတ်မှတ်ပေးထားပါတယ်။
လေဟုန်ခွင်းမြင်းတပ် တစ်တပ်မှာ မြင်းသည်၆ထောင်ပါဝင်ပြီး M 1752 musketကိုင် တပ်ခွဲတစ်ခွဲနဲ့ ဓားလှံကိုင်တပ်ခွဲ သုံးခွဲ ပါဝင်ပါတယ်။ ချီစစ်သူကြီးအဆင့်က ဗိုလ်မှူးတစ်ဦးက တပ်ရင်းမှူးအနေနဲ့ အုပ်ချုပ်ပါတယ်။
"ဗိုလ်မှူး ဟိုမှာ လေတပ်ဗျုဟာတွေ"
"ဆုတ် ... ကွင်းပြင်ထဲကိုဆုတ်ကြ"
"ကျီး ... ကျီ ... ကျိ ... ကျိ"
"ခွပ် ... ခွပ် ... ခွပ် ... ဟီး ... ဟီး"
( ရယ်မောနေတာမဟုတ်ပါဘူး မြင်းခွာသံနဲ့ မြင်းဟီသံတွေပါ )
ဆုတ်ခွာတဲ့ မြင်းတပ်ရင်းတွေရဲ့ အနောက်ကနေ ကျိုင်းကောင်အုပ်ကြီးက အသဲအသန် လိုက်လာကြပါတယ်။
"ဝေါ ... ဝေါ ... ဝေါ ... ဝှစ် ... ဝှစ်"
"ရွှီး ... ရွှီး ... ဝုန်း ... အုံး ... ကျီး"
"နင့်မေကလွား အဲဒီထိလောက်နီးအောင် ဗုံးချရသလားဟ"
စွမ်းအင်ဗုံးတွေက ကမ္ဘာမြေမှာ ဗုံးကြဲသလို လေတိုကိနှုန်းဘာညာ ချိန်ညှိနေစရာမလိုပါဘူး၊ ပစ်မှတ်အပေါ် တည့်တည့်ချယုံပါပဲ၊ လေတိုက်နှုန်းကြောင့် ဗုံးလမ်းကြောင်းပြောင်းသွားမှာ စိတ်ပူစရာမလိုတော့ပါဘူး။
"ဟား ... ဟား"
မကြာခင် မြေပြင်မှာပြန့်ကျဲနေတဲ့ သားရဲအလောင်းတွေကို CH 47 တစ်စီးက လမ်းကြုံဝင်တင်သွားပါတယ်။
သူတို့က နီးစပ်ရာတပ်ဆွယ်မှာ ပြန်အပ်နှံပြီး ရရှိတဲ့ဆုလာဒ်ကို မြင်းတပ်နဲ့ လေတပ်ဗျူဟာဆီ စနစ်တကျ ပြန်လည်ခွဲပေးကြပါတယ်။
"တပ်ရင်းပြန်ကြမယ်ဟေ့၊ ဒီနားတဝိုက်မှာ သားရဲတွင်းတွေ မရှိတော့ဘူး"
"ဟုတ်"
သူတို့က တပ်ရင်းကိုပြန်ကာ နောက်ထပ်အမိန့်သစ်တစ်ခုကို ထပ်စောင့်ရမှာဖြစ်ပြီး လေတပ်ဗျူဟာတွေကတော့ သတ်မှတ်မစ်ရှင်ဆက်လုပ်ဆောင်ဖို့ ဆက်လက်ပျံသန်းသွားပါပြီ။
သူတို့တပ်ရင်းတွေက နန်းစောခရိုင်ထဲက နန်းကျိုင်မြို့မှာ အခြေပြုထားကြပါတယ်။ နန်းကျိုင်မြို့မှာ စုစုပေါင်း နစတမြင်းတပ်ရင်း ၂ရင်း၊ ကကရမြင်းတပ်ရင်း၁ရင်း ရှိနေပါတယ်။
( ကျွန်တော်ပေးထားတဲ့ ခရိုင်နဲ့မြို့နာမည်တွေက ရှမ်းဘာသာစကားနဲ့ ဘယ်လိုအဓိပ္ပာယ်ရလဲ မသိပေမဲ့ နာမည်တွေမှာ အမှားတစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်ဗျ၊ ရှမ်းနာမည်ဆိုပြီး သီးသန့်ရွေးပေးထားတာတော့ မဟုတ်ပါဘူး )
အခန်း ( ၁၀၈ ) ပြီး