အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း ( ၁၁၂ )
( ဆယ်ကြိမ်မြောက် စစ်သည်တော်ပြိုင်ပွဲကြီး )
၁၀နှစ်ဆိုတဲ့ အချိန်အတိုင်းအတာက သာမာန်လူတွေအတွက်ရှည်လျားလှပေမဲ့ ကျင့်ကြံသူတို့အတွက်တော့ တိုတောင်းလှပါတယ်။
လက်ရှိမှာတော့ တစ်ရာနိုင်ငံတော်ရဲ့ အခြေတည်အဆင့် ၂သန်းကျော်၊ ချီစစ်သူကြီး၅သိန်းကျော်၊ ချီဘုရင်အဆင့် ၁သိန်းကျော်၊ ချီဧကရာဇ် ၁ရာကျော်ဟာ စောရန်နိုင်အပေါ် သစ္စာစောင့်သိလျက်ရှိပါတယ်။
နိုင်ငံရဲ့စစ်ရေး စီးပွားရေး ကျင့်ကြံရေးတွေမှာ အရှိန်အဟုန်နဲ့ တိုးတက်နေပေမဲ့ စောရန်နိုင်ရဲ့ အချစ်ရေးကတော့ တိုးတက်မလာခဲ့ပါဘူး။
စောရန်နိုင်အနေနဲ့ ဒီကျင့်ကြံခြင်းကမ္ဘာကို ကူးပြောင်းလာတာ ၁၆နှစ်ရှိပြီပဲဖြစ်ပါတယ်။ သူဇာလွင်အနေနဲ့ စောရန်နိုင်အပေါ် အခုချိန်ထိ စိတ်ဆိုးမပြေသေးတာကတော့ တစ်ရာနိုင်ငံရဲ့ ပြောစမှတ်တွင်စရာ ဒဏ္ဌာရီတစ်ခု ဖြစ်နေဆဲပါ။
ဧဝလွင်ပြင်မှာ ၂သန်းကျော်သော အခြေတည်အဆင့်များ၊ ၅သိန်းကျော်သော ချီစစ်သူကြီးများ၊ တစ်သိန်းကျော်သော ချီဘုရင်များ၊ တစ်ရာသော ချီဧကရာဇ်များ စုဝေးလျက်ရှိပါတယ်။
ထိုအထဲကအများစုက စနစ်ဆီက ထောက်ပံ့ပေးထားတဲ့ စစ်သည်တွေထဲကဖြစ်ပြီး ဒုတိယအများဆုံးကတော့ ထွန်းအောင်နဲ့ ချစ်မွှေးတို့နဲ့အတူ သစ္စာခံလာကြတဲ့ ပထမအသုတ် ၆၄၀၀၀၀သော ပြည်နယ်စောင့်တပ်တွေထဲက ဖြစ်ကြပါတယ်။
"ဒီနှစ်ရဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ စစ်သည်တော်တွေအနေနဲ့ ရဲဘော်ရဲဘက်အခြင်းခြင်း မသတ်ဖြတ်မိကြဖို့ အထူးတိုက်တွန်းလိုတယ်"
"ချီဘုရင်ပွဲစဉ် ပထမအဆင့်တွေကို အဆင့်၅လက်နက်တစ်မျိုး၊ ချီဧကရာဇ်အဆင့်တက်ဆေးပြား ၁၀ပြား၊ နေမျိုးဘွဲ့အမည်တစ်ခု ချီးမြှင့်ပါမယ်"
"ဒုတိယအဆင့်တွေအတွက် အဆင့်၄လက်နက်တစ်မျိုး၊ အဆင့်တက်ဆေးပြား ၇ပြား၊ သီဟဘွဲ့အမည်တစ်ခု"
"တတိယအဆင့်တွေအတွက် အဆင့်၃ လက်နက်တစ်မျိုး အဆင့်တက်ဆေးပြား ၄ပြား သူရဘွဲ့အမည်တစ်ခု"
"ချီစစ်သူကြီး ပထမအဆင့်တွေအတွက် အဆင့်၄ လက်နက်တစ်မျိူး၊ အဆင့်တက်ဆေးပြား ၁၀ပြား၊ နေမျိုးဘွဲ့အမည်တစ်ခု၊ ဒုတိယအဆင့်တွေအတွက် အဆင့်၃လက်နက်တစ်မျိူး၊ အဆင့်တက်ဆေးပြား ၇ပြား၊ သီဟဘွဲ့အမည်တစ်ခု၊ တတိယအဆင့်တွေအတွက် အဆင့် ၂လက်နက်တမျိုး၊ အဆင့်တက်ဆေးပြား ၃ပြား သူရဘွဲ့အမည်တစ်ခု၊ အဆင့်၄ကနေ အဆင့်၅၀၀အတွင်းဝင်သူတိုင်း အဆင့်၁လက်နက်နဲ့ အဆင့်တက်ဆေးပြားတွေကို အဆင့်အလိုက်ဆုချီးမြင့်မယ်"
"အခြေတည်အဆင့်ပြိုင်ပွဲ ပထမဆုအတွက် အဆင့်၂ လက်နက်တစ်မျိုး၊ အဆင့်တက်ဆေးပြား ၇ပြား မင်းရဲဘွဲ့အမည်တစ်ခု၊ ဒုတိယဆုအတွက် အဆင့်၁လက်နက်တမျိုး၊ အဆင့်တက်ဆေးပြား ၅ပြား၊ မင်းခေါင်ဘွဲ့အမည်တစ်ခု၊ တတိယဆုအတွက် အထွတ်အထိပ်လက်နက်တစ်မျိုး၊ အဆင့်တက်ဆေးပြား ၃ပြား၊ မင်းထင်ဘွဲ့အမည်တစ်ခု၊ အဆင့်၄ကနေ အဆင့်၁ထောင်ဝင်သူတိုင်းကို နေရာအဆင့်အလိုက် အဆင့်တက်ဆေးပြားတွေ ချီးမြှင့်သွားမှာဖြစ်တယ်"
"တစ်ရာနိုင်ငံရဲ့ တစ်လကြာယှဥ်ပြိုင်ကြမဲ့ ၃ကြိမ်မြောက် စစ်သည်တော်ပြိုင်ပွဲကြီး စတင်ကြောင်း ကြေညာလိုက်ပါတယ်"
"ဝေးဟေးဟေး ... ရွှီး .. ဖြောင်းဖြောင်း"
"ဝေါ . ဝေါ ... ဝေါ ... ဝီ ... ဝီ ... ဝီ"
"အုံး ... အုံး ... အုံး"
ပြိုင်ပွဲကျင်းပရာ ဧဝလွင်ပြင်ရဲ့ ကောင်းကင်အထက်မှာ လေယာဉ်တွေရဲ့ ဖြတ်ကျော်ပျံသန်းခြင်း၊ မြေပြင်ရှိ အမြောက်တပ်ရင်းကနေ အမြောက်ပစ်ခတ်ခြင်းများနဲ့အတူ တစ်ရာနိုင်ငံရဲ့ ၃ကြိမ်မြောက် စစ်သည်တော်ပြိုင်ပွဲကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
တချိန်က တိုက်ပွဲမြေပြင်ဖြစ်ခဲ့ရတဲ့ သောကမြို့ငယ်လေးဟာ ယခုအချိန်မှာတော့ ပြိုင်ပွဲလာသူတွေရဲ့ အဓိကနားနေရာ မြို့ကြီးတစ်ခုအဖြစ် စည်ကားနေခဲ့တာ ၁၀နှစ်ကျော်ခဲ့ပါပြီ။
"ဒီနှစ်တော့ အခြေတည်အဆင့် ပထမဆုကို ငါရစေရမယ်ကွ"
"ဟာသတွေ မပြောစမ်းပါနဲ့ကွာ၊ ငါတို့သနက ၁၂၆၇က အခြေတည် အထွတ်အထိပ်ရောက်နေတဲ့ မင်းခန့်က သေချာတယ်ကွ"
"တော်စမ်းပါကွာ ငါတို့မတရ ( မြင်းတပ်ရင်း ) ၅၁၂က ဇွဲမာန်က ဒီပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတာကွ"
"မင်းတို့ငြင်းခုန်နေတာတွေ ရပ်လိုက်ကြတော့ ငါတို့လတဗ ကဒီနှစ်ဆုအတွက် ပြင်ဆင်ပြီးသားပဲ"
"မင်းတို့ဘာတွေငြင်းခုန်နေကြတာလဲ၊ အခြေတည်အဆင့် ၂သန်းကျော်ထဲက ဘယ်သူပဲဆုရရ ငါတို့အားလုံးက နစတပဲမလို့ အတူတူတွေပဲလေ"
"ဟုတ်တယ်၊ ဟုတ်တယ်"
"ငါတို့တွေ စင်္ကြာယာဉ်ပျံပြိုင်ပွဲကြီးကျမှ ဂိုဏ်းတွေ၊မိသားစုတွေနဲ့ ယှဉ်ပြိုင်ရမှာ"
"ဟွန့် ... ဒီကောင်တွေက ငါတို့ နစတ၊ကကရ၊ ရတရတပ်ရင်းတွေက ကျင့်ကြံသူစစ်သားတွေကို ယှဉ်နိုင်မှာတဲ့လား"
"ဟား ... ဟား"
တစ်ရာနိုင်ငံမှာရှိတဲ့ စုစုပေါင်းကျင့်ကြံသူတွေထက် စောရန်နိုင်လက်အောက်ခံ နစတ၊ ကကရ၊ ရတရ တပ်ရင်းမှာရှိတဲ့ ကျင့်ကြံသူစစ်သားအရေအတွက်က ပိုများနေတာ အမှန်ပါပဲ။
( စောရန်နိုင်ရဲ့ လက်အောက်မှာ နစတ၊ ကကရ၊ ရတရ အင်အား စုစုပေါင်း ၆သန်း၅သိန်းအထက်မှာ ရှိထားတယ်လို့ မှတ်ထားနိုင်သလို ကျိုင်းကောင်ရှင်းလင်းရေး ပြီးဆုံးပြီးနောက် တစ်ရာနိုင်ငံက ကျင့်ကြံသူစုစုပေါင်းဟာ ၄သန်းကျော်သာ ရှိနေတော့မှာဖြစ်ပါတယ် )
အခန်း ( ၁၁၂ ) ပြီး
အခန်း ( ၁၁၃ )
( အင်ပါယာကိုယ်စားလှယ်များ )
ဒါကြောင့်လဲ တစ်ရာနိုင်ငံမှာ ချမှတ်ထားတဲ့ဥပဒေက အပြည့်အဝစိုးမိုးနိုင်ပြီး ပြစ်မှုကျူးလွန်ရင် ဘယ်ဂိုဏ်း၊ဘယ်မိသားစု ဘယ်သူဖြစ်ဖြစ် သက်ဆိုင်ရာရဲတပ်ရင်းက ထိုသူကို ဘယ်နောက်ခံမှ ဂရုစိုက်နေစရာ ကြောက်နေစရာမလိုပဲ နားရင်းအုပ်ပြီး ထောင်ထဲဆွဲထည့်နိုင်ပါတယ်။
ဧဝလွင်ပြင်ထဲက မီတာ၁၀၀အသီးသီးရှိတဲ့ ပြိုင်ပွဲစင်မြင့်ထက်မှာတော့ အဆင့်အသီးသီးက ပြိုင်ပွဲဝင်တွေ အကျိတ်အနှယ် ယှဉ်ပြိုင်နေကြပါတယ်။
ထိုစစ်သည်တော်ပြိုင်ပွဲကို ချီဧကရာဇ်အထွတ်အထိပ် ၅ဦးက ဦးဆောင်ကျင်းပပေးနေခြင်းဖြစ်ပြီး ဧဝလွင်ပြင်အထက် လေထုထဲမှာရှိတဲ့ စပေ့ရှစ်စစ်ယာဉ်ပျံကြီးထဲမှာတော့ ချီဧကရာဇ်အဆင့် ပြိုင်ပွဲကို စောရန်နိုင်ကိုယ်တိုင်ကြီးမှူးပြီး ကျင်းပပေးနေပါတယ်။
ချီဧကရာဇ် စဦးနဲ့ အလယ်လတ်ရောက်နေကြတဲ့ ကျင့်ကြံသူ ၉၀က ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ထိုသူတွေက ကကရဗိုလ်ချုပ်ကြီးတွေ၊ နစတဗိုလ်ချုပ်ကြီးတွေ၊ ရတရဗိုလ်ချုပ်ကြီးတွေ ဖြစ်ကြပါတယ်။ သူဇာလွင်၊ စံပယ်ဦးနဲ့ သမီးတော်၆ဦးအပါအဝင် ချီဧကရာဇ်စဦးအဆင့် လူ၆၀နဲ့ လွင်မိုး၊ ချူရီ၊ ဇင်ဝိုင်း၊ ဇော်ပိုင်၊ တို့အပါအဝင် ချီဧကရာဇ်အလယ်အလတ်အဆင့် ၃၀ဦးတို့ပါ။
( စံမိသားစုက စံပယ်ဦးနဲ့ သူမရဲ့မိသားစုဝင်တွေကလဲ စောရန်နိုင်ဆီမှာ ခိုလှုံနေတာ သားရဲတိုက်ပွဲမပြီးခင်ကထဲကဖြစ်ပါတယ် )
ချူရင်၊ မေသူဇာ၊ ထွန်းအောင်၊ ချစ်မွှေး၊ ရန်ပိုင်ထွေး တို့ကတော့ ချီဧကရာဇ်အထွတ်အထိပ် ရောက်နေကြပြီမို့ ပြိုင်ပွဲဝင်လို့မရတော့ပါဘူး။
စနစ်ကဆုပေးထားတဲ့ လူတွေကထဲကနေ ချီဧကရာဇ်အထွတ်အထိပ် ရောက်ရှိနေသူ ၁၀ဦးကျော် ရှိနေတာကိုလဲ မမေ့သင့်ပါဘူး။ ဥပမာ မင်းထင်နော်ရထာ၊ လဂွန်းအိမ် သီရိပျံတို့ဆိုရင် ချီဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေတာ ကြာနေပြီပဲဖြစ်ပါတယ်။
( စနစ်ပေးတဲ့သူတွေက အဆင့်တက်မြန်သလို အဆင့်တက်ဆေးပြားတွေကလဲ ဘေးထွက်ဆိုးကျိုးလုံးဝ မရှိပါဘူး )
[ ဟူး ... ဘာလိုလိုနဲ့ ကျင့်ကြံခြင်းကမ္ဘာကို ရောက်လာတာ ၁၆နှစ်တောင်ရှိပြီပဲ ]
ပြိုင်ပွဲများကိုကြည့်ရှုရင်း စောရန်နိုင်တစ်ယောက် အတွေးနက်နေပါတယ်။
"ဒီတစ်ခါ ယှဉ်ပြိုင်မဲ့သူတွေကတော့ ဗိုလ်ချုပ်ကြီး သူဇာလွင်နဲ့ ဗိုလ်ချုပ်ကြီး လင်းမောင် ဖြစ်ပါတယ်"
"ဟား ... ဟား၊ လင်းမောင်ရေ ကြိုအရှုံးပေးထားဟ"
"ဟုတ်တယ်ဟေ့ ဒီလင်းမောင်တော့ နိုင်လဲရှုံး၊ ရှုံးလဲရှုံးဖြစ်မှာပဲဟေ့"
"ဟား ... ဟား"
သူဇာလွင်နဲ့ပတ်သတ်ရင် စောရန်နိုင်တစ်ယောက် ဆက်ဆက်ထိမခံနိုင်တဲ့ အကြောင်းကို သူနဲ့နီးစပ်သူတိုင်း သိထားကြပါတယ်။ ဒီအတွက် သူဇာလွင်နဲ့ကျတဲ့ ပြိုင်ပွဲဝင်တိုင်းက အရှုံးပေးသွားကြတာများနေပါတယ်။ ဒါကြောင့်စောရန်နိုင်က
"ပြိုင်ပွဲက ပြိုင်ပွဲပဲ၊ ကျွန်တော့်အနေနဲ့ မျှတမှုကို အလေးထားတဲ့အတွက် တစ်စုံတရာကို မထိခိုက်ရင် ဝင်စွတ်ဖက်မှာ မဟုတ်ဘူး"
လင်းမောင်ကလဲ
"စိတ်ချပါ အရှင်စော၊ တရားမျှတတဲ့ ပြိုင်ပွဲဖြစ်စေရပါမယ်"
"ငါလဲအတူတူပဲ၊ သူ့ကိုအားကိုးနေမှာမဟုတ်ဘူး"
တစ်ရာနိုင်ငံတစ်ခုလုံးမှာ စောရန်နိုင်ကိုပြန်ရန်တွေ့ရဲတာက သူဇာလွင်တစ်ယောက်ပဲရှိပါတယ်။
"စပါ"
အသည်းခြွေလက်ဝါး
နှင်းပန်းလွင့်ကြွေ
အနှိုင်းမဲ့ဓား
တစ်လခန့်အကြာမှာတော့ စစ်သည်တော်ပြိုင်ပွဲနဲ့ ချီဧကရာဇ်အဆင့်ပြိုင်ပွဲနှစ်ခု ပြီးဆုံးခဲ့ပါပြီ။
ချီဧကရာဇ်စဦးအဆင့်ပြိုင့ပွဲမှာ မင်းရဲကျော်ထင်ကပထမ၊ လင်းမောင်ကဒုတိယနဲ့ သူဇာလွင်ကတတိယရရခဲ့ကြပါတယ်။
ချီဧကရာဇ်အလယ်အလတ်ပြိုင်ပွဲမှာ ချူရီ၊ ဇင်ဝိုင်း၊ ဇော်ပိုင်တို့က အစဉ်လိုက် ပဒုတ ဆွဲခဲ့ပါတယ်။
ချီဘုရင်အဆင့်၊ ချီစစ်သူကြီးအဆင့်နဲ့ အခြေတည်အဆင့်ပွဲစဉ်တွေရဲ့ ပဒုတကို ခြေလျင်သနကတပ်ရင်းတွေရဲ့ ပြိုင်ပွဲဝင်အများစုက သိမ်းပိုက်သွားကြပါတယ်။
ဆုချီးမြှင့်မှုကို စပေ့ရှစ်စစ်ယာဉ်ပျံကြီးတွေပေါ်မှာ ပြုလုပ်နေပါတယ်။ ထိုအခိုက် ဗိုလ်ချုပ်တစ်ဦးက စောရန်နိုင်အနားကပ်ပြီး တီးတိုးပြောနေခဲ့ပါတယ်။
"အရှင်စော တောင်ငူအင်ပါယာရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အယုဒ္ဓယအင်ပါယာကိုယ်စားလှယ်အဖွဲ့က တွေ့ခွင့်တောင်းနေပါတယ်"
"အင်း၊ သီဟခန်းမဆီ ဆင့်ခေါ်လိုက်ပါ "
တောင်ငူအင်ပါယာရဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ တစ်လကျော်ကျော် အချိန်ကထဲက လာတွေ့ကြခြင်းဖြစ်ပါတယ်။ အယုဒ္ဓယအင်ပါယာရဲ့ ကိုယ်စားလှယ်အဖွဲ့လဲ ထို့အတူပါပဲ။
သောကမြို့တော် သီဟခန်းမထဲမှာ အင်ပါယာတွေရဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ တစ်ဖက်နဲ့တစ်ဖက် ရန်စောင်ရင်း တွက်ထိုးနေကြပါတယ်။
"အရှင်စောရန်နိုင် ရောက်ရှိလာပါပြီ"
"နိုင်ငံခေါင်းဆောင်ကို နူတ်ဆက်ပါတယ်"
တစ်ရာနိုင်ငံမှာ ဘုရင်စနစ်မရှိတော့ပါဘူး။ စောရန်နိုင်က နိုင်ငံခေါင်းဆောင် ရာထူးဖြင့်သာ အုပ်ချုပ်နေခြင်း ဖြစ်ပါတယ်။
အခန်း ( ၁၁၃ ) ပြီး
အခန်း ( ၁၁၄ )
( ကိုယ်စားလှယ်များ ကြောက်ရွံကြခြင်း )
"ပြိုင်ပွဲကာလမို့ တန်းပြီးမတွေ့ပေးနိုင်တာ နားလည်ပေးကြပါ"
"ဟွန့် ဘုရင်တောင်မရှိတဲ့ နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်က ငါတို့လိုအင်ပါယာရဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖြိ့အချိန်ဆွဲနေတာက ငါတို့တောင်ငူအင်ပါယာ အရှင်မင်းမြတ်ကို စော်ကားတာပဲ"
"ဟုတ်တယ် ဒါကလက်ခံနိုင်စရာမရှိဘူး"
"မင်းတို့ရောက်နေတာ တစ်ရာနိုင်ငံတော်ပါ မင်းတို့ရဲ့ ကိုယ့်လက်အောက်ခံနိုင်ငံတွေကိုတောင် ကာကွယ်နိုင်ဖို့ခက်ခဲနေတဲ့ တောင်ငူအင်ပါယာမဟုတ်ဘူး"
"စကားကို ဆင်ခြင်ပြောပါ၊ ဒါတစ်ရာနိုင်ငံတော်ကွ မင်းတို့ရဲ့ ပေါတောတော တောင်ငူအင်ပါယာမဟုတ်ဘူးကွ"
"ဘာကွ မင်းတို့က ငါတို့တောင်ငူအင်ပါယာကို စော်ကားနေတာလား"
"မင်းတို့လို ပြည်နယ်အဆင့်သာသာပဲရှိတဲ့ အောက်တန်းစား နိုင်ငံလေးတစ်ခုက တောင်ငူအင်ပါယာလို အင်ပါယာတစ်ခုကို အာခံနိုင်ပြီထင်နေတာလား"
မင်းထင်နော်ရထာတို့ကတစ်ဖက် တောင်ငူအင်ပါယာကိုယ်စားလှယ်တွေကတစ်ဖက်နဲ့ အကြီးအကျယ် စကားများနေကြပါတယ်။
စောရန်နိုင်က ထိုအခြေအနေကို လျစ်လျုရှုပြီး
"ကိုယ်စားလှယ်တွေ လာရောက်ရတဲ့ အကြောင်းအရင်းကို သိပါရစေ"
အယုဒ္ဓယအင်ပါယာ ကိုယ်စားလှယ်ခေါင်းဆောင်က
"တစ်ရာနိုင်ငံမှာ ထုတ်လုပ်နေတဲ့ လက်နက်ဆန်းတွေကို ကျိုင်းကောင်နှိမ်နှင်းရေးတွေမှာ အသုံးပြုချင်နေပါတယ်"
"အဲဒီအတွက် ထိုက်တန်တဲ့အဖိုးအခတွေနဲ့ ပြန်လည်ဝယ်ယူချင်ပါတယ်၊ အထူးသဖြင့် ဝေဟင်သွားယာဉ်ပျံတွေကိုပါပဲ"
"ငါတို့တောင်ငူအင်ပါယာကတော့ ရိုးရိုးရှင်းရှင်းနဲ့ တည့်တိုးပြောရရင် တစ်ရာနိုင်ငံကို ငါတို့တောင်ငူအင်ပါယာလက်အောက်ခံအဖြစ် ရှိစေချင်ပြီး လက်နက်ဆန်းတွေထုတ်လုပ်တဲ့ အသိပညာကျမ်းတွေကို အပ်စေချင်တာပဲ"
"ကောင်းပြီလေ၊ အယုဒ္ဓယအင်ပါယာရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ့မယ်၊ ဒါပေမဲ့ တချို့သော လက်နက်တွေက ရောင်းချဖို့မဖြစ်နိုင်တာမလို့ ငှားရမ်းမှုပဲ လုပ်ပေးပါ့မယ်၊ အသေးစိတ်ကို နောက်နှစ်ရက်အကြာမှာ ပြန်ဆွေးနွေးကြတာပေါ့"
"တောင်ငူအင်ပါယာရဲ့ တောင်းဆိုချက်က ရုတ်တိမဆန်တာမို့ ပြန်လို့ရပါပြီ"
"ဘာကွ မင်းတို့လို နိုင်ငံငယ်လေးတစ်ခုက ငါတို့လိုအင်ပါယာကြီးတစ်ခုရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုရဲတယ်လား"
"ဘာလဲ သီရိမင်္ဂ်လာအင်ပါယာကို ကြောက်နေရလို့လား၊ အခုအချိန်မှာ ... "
တောင်ငူအင်ပါယာ ကိုယ်စားလှယ်ခေါင်းဆောင်ရဲ့စကားကို စောရန်နိုင်ကကြားဖြတ်ပြီး
"တစ်ရာနိုင်ငံတော်က ဘယ်အင်ပါယာရဲ့ လက်အောက်ခံမှ မဟုတ်ဘူးဆိုတာ သိထားပါ"
"နောက်တစ်ချက်က မင်းတို့လို တောင်ငူအင်ပါယာမပြောနဲ့ အင်ပါယာ ၃ခုပေါင်းတိုက်ရင်တောင် တစ်ရာနိုင်ငံက ကြောက်ရွံ့နေမှာမဟုတ်ဘူး"
"မင်းတို့အခုအချိန်ထိ အသက်ရှင်နေသေးတာက သံတမန်ကို လေးစားရမယ်ဆိုတဲ့ တစ်ရာနိုင်ငံရဲ့ စည်းမျဉ်းကြောင့်ပဲဆိုတာ သိထားကြ"
"အခုအချိန် ပြန်မသွားရင် မင်းတို့ရဲ့ခေါင်းတွေသာ တောင်ငူအင်ပါယာဆီ ပြန်သွားရလိမ့်မယ်"
စောရန်နိုင်ရဲ့ စကားအဆုံးမှာပဲ အနီးနားက ၂၀ကျော်တဲ့ ချီဧကရာဇ်အထွတ်အထိပ်အဆင့် အော်ရာတွေ ထွက်ပေါ်လာပါတယ်။
"ဝှစ် .. ဝှစ် .. ဝှစ် .. ဝှစ်"
"ဟာ ချီဧကရာဇ်အထွတ်အထိပ်တွေဟ"
"ငါ့လခွေး အယောက်၂၀ ကျော်တယ်ဟ"
သူတို့လိုအင်ပါယာတွေမှာတောင် ချီဧကရာဇ်အထွတ်အထိပ်ဆိုတာ ဆယ်ယောက်မပြည့်ကြပါဘူး။
"အယုဒ္ဓယအင်ပါယာရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို သီသသီရိမြို့တော်ဆီ ခေါ်သွားပြီး ကောင်းကောင်းဧည့်ခံပေးလိုက်"
"တောင်ငူအင်ပါယာရဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ၁ရက်အတွင်း တစ်ရာနိုင်ငံမှာ မမြင်ချင်ဘူး"
"ဟုတ်"
မင်းထင်နော်ရထာတို့က အော်ရာတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို အသီးသီး ခေါ်ဆောင်သွားကြပါတယ်။
သီဟသီရိမြို့တော်ခန်းမရဲ့ နားနေဆောင်မှာ အယုဒ္ဓယကိုယ်စားလှယ်အဖွဲ့ တည်းခိုနေတာ ၃ရက်မြောက်နေ့ပဲဖြစ်ပါတယ်။
"မင်းသမီး၊ ဒီနိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူကိုကြည့်ရတာ တော်တော်မာန်မာနကြီးပုံပဲ"
"ဟွန်း၊ ပြောတော့ ၂ရက်တဲ့ အခုပဲ၃ရက်မြောက်နေ့ ဖြစ်နေပြီ"
"လေးစားမှုကိုမရှိဘူး"
"အော် မယ်ဆာရယ် သူ့အသက်အရွယ်နဲ့ ဒီလိုနိုင်ငံကြီးတစ်ခုကို ထူထောင်ထားရတာလေ၊ သူလဲ အလုပ်များနေမှာပဲမလား"
"တို့က လိုအပ်သူတွေပဲကွယ် သည်းခံရမှာပေါ့"
အခန်း ( ၁၁၄ ) ပြီး