← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း ( ၁၁၅) အခန်းရှည်

( သူတို့အမြင် )

"တို့က လိုအပ်သူတွေပဲကွယ် သည်းခံရမှာပေါ့"

"မင်းသမီးကလဲ ဘာပဲပြောပြော တစ်ရာနိုင်ငံတည်ထောင်ထားတာ ၁၅နှစ်ကျော်ကျော်လေးပဲ ရှိသေးတာမလား၊ ကျွန်မတို့အင်ပါယာလို နှစ်ထောင်ချီရှိနေတာမှာမဟုတ်တာ"

"အခြေခံအုတ်မြစ်ခြင်းယှဉ်ရင်လဲ အင်ပါယာတွေကို ဒီလိုနိုင်ငံ အသေးအဖွဲလေးက ဘယ်လိုယှဥ်နိုင်မှာလဲ မင်းသမီးရယ်"

"မဟုတ်သေးဘူးမယ်ဆာ၊ တစ်ရာနိုင်ငံကို အထင်သေးရင် အမှားကြီးမှားသွားမယ်ကွဲ့"

"ဘာလို့လဲ မင်းသမီး၊ တစ်ရာနိုင်ငံက လက်နက်ဆန်းပညာရပ်တွေထွန်းကားတဲ့ လက်နက်နိုင်ငံ ... "

"ခ်ခ် ဘယ်လိုလဲ အခုမှစဉ်းစားမိတာလားကွဲ့"

"ဒါပေမဲ့ မင်းသမီး၊ သူတို့လက်နက်တွေက ဒီလောက်ထိအစွမ်းထက်နိုင်ပါ့မလား"

"အပြင်က အစောင့်အရှောက်တွေရဲ့ ကျင့်ကြံဆင့်တွေကို သတိထားမိလားမယ်ဆာ၊ ပြီး‌တော့ သူတို့ကိုင်ထားတဲ့ လက်နက်ဆန်းတွေက အဆင့်ဘယ်လောက်လဲကော သတိထားမိရဲ့လားကွဲ့"

"ဟင့်အင်း မင်းသမီး"

"ခ်ခ် မယ်ဆာက သူများကိုအထင်သေးနေတော့ ပတ်ဝန်းကျင်ကို သတိမထားမိတာ မဆန်းပါဘူးကွယ်"

"မယ်ဆာကို ပြောပြပါဦး မင်းသမီးရယ်၊ မယ်ဆာက မကျင့်ကြံဖူးတော့ လက်နက်အဆင့်တွေအကြောင်းနဲ့ အဆင့်တွေ‌အကြောင်း သိပ်မသိဘူးရယ်"

"သူတို့အားလုံးက ချီစစ်သူကြီးအဆင့်တွေချည်းပဲကွဲ့၊ ချီစစ်သူကြီးတွေဆိုတာ တို့အင်ပါယာမှာတောင် တပ်မှူးကြီးအဆင့်ရှိတယ်၊ ဒီမှာက အစောင့်သာသာပဲကွဲ့၊ ဒီမြို့တော်တစ်ခုလုံးမှာ ချီစစ်သူကြီးတွေဆိုတာ လက်ညိုးထိုးမလွဲကို ရှိနေကြတာကွဲ့"

"နောက်တစ်ခုက ချီဘုရင်အဆင့်တွေဆိုတာလဲ ဒီမြို့တော်မှာ လက်ညိုးထိုးမလွဲသေးဘူးနော် မယ်ဆာ"

"သူနဲ့တွေ့ဆုံကြတုန်းကြတုန်းက ချီဧကရာဇ်အထွတ်အထိပ်အော်ရာ ၂၀ပေါ်လာတာ မှတ်မိသေးတယ်မလား"

"ဟုတ် မင်းသမီး"

"ချီဧကရာဇ်အထွတ်အထိပ် ၂၀ကိုတောင် အလွယ်တကူ ပွဲထုတ်နိုင်တယ်ဆိုကထဲက တခြားချီဧကရာဇ်တွေ အနည်းနဲ့အများ ရှိသေးတယ်ဆိုတဲ့ သဘောပဲကွဲ့"

"တို့ခန့်မှန်းရရင် တခြား ချီဧကရာဇ်အဆင့်တွေ အယောက်၃၀နဲ့အထက် ရှိနိုင်သေးတယ်"

"လက်နက်အဆင့်တွေအကြောင်း ပြောရရင် အဲဒီအယောက်၂၀လုံးက အဆင့်၅လက်နက်တွေ ကိုင်ဆောင်ထားသေးတယ်ကွဲ့"

"အဆင့်၅လက်နက်တွေ ကိုင်ဆောင်ထားနိုင်တယ် ဆိုတဲ့အနေအထားက ဒီနိုင်ငံမှာ အဆင့်၅အောက် တခြားလက်နက်တွေ ပေါများတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမလား"

"သက်သေအနေနဲ့ အပြင်ကချီစစ်သူကြီး အစောင့်အားလုံးက အဆင့်၃လက်နက်တွေကို ကိုယ်စီကိုင်ထားကြတာလေ"

( M1 carbine သည် အဆင့်၃ လက်နက်ဖြစ်သည်၊ kar 98k သည် အဆင့်၂ ၊ ppsh sub gun သည် အဆင့်၃၊ M 41 mc gunသည် အဆင့်၄၊ musketများသည် အဆင့်၁ လက်နက်စာရင်းဝင်ပါသည် )

"တို့မျက်မြင်နဲ့တောင် ရာကျော်နေတာကွယ်၊ မမြင်ကွယ်ရာမှာ တခြားအဆင့် လက်နက်တွေ ဘယ်လောက်တောင် များလိုက်မလဲကွယ်"

"ပြီးတော့ ဒီနိုင်ငံမှာ ကြုံခဲ့သမျှ စစ်သည်တိုင်းလိုလိုက အဆင့်၁ သံချောင်းရှည်လက်နက်တွေ ကိုင်ဆောင်ထားကြတာလဲ မမေ့နဲ့နော် မယ်ဆာ"

"တို့အထင် တစ်သောင်းကျော်မယ် ထင်တယ်"

ထိုအချိန်မှာပဲ တည်းခိုဆောင် ခြံဝိုင်း အပြင်ဖက်ကနေ

"အယုဒ္ဓယအင်ပါယာ ကိုယ်စားလှယ်အဖွဲ့များ နေရာရွေ့ပြောင်းဖို့ပြင်ဆင်ပေးကြပါခင်ဗျ၊ တစ်နာရီအတွင်း ယာဉ်ပျံ နဲ့လာခေါ်ပေးပါ့မယ်ခင်ဗျ"

အမည်မသိစစ်သားတစ်ဦးရဲ့အဆင့်ကတောင် ချီဘုရင် အဆင့်မှာရှိနေပြီး အဆင့်၃လက်နက်ကို ကိုင်ဆောင်ထားမှန်း သူတို့တွေ့လိုက်ရပါတယ်။ သီဟသီရိမြို့တော်မှာတော့ ချီစစ်သူကြီးများသည် တပ်သားအဆင့်၊ ချီဘုရင်များသည် တပ်ခွဲမှူးအဆင့် နဲ့ ချီဧကရာဇ်များသည် တပ်ရင်းမှူး အဆင့်များသာ ဖြစ်ကြပါတယ်။ အပြင်ဘက်ခြမ်း တပ်ရင်းဖွဲ့စည်းပုံတွေနဲ့ မတူကွဲပြားနေတာပဲ ဖြစ်ပါတယ်၊၊

"နင်တို့တွေ ငါတို့ကို ဟိုရွှေ့ဒီရွှေ့နဲ့ လူတွေဟဲ့လူတွေ ဟင်းသီးဟင်းရွက်မဟုတ်ဘူး သိလား"

"ငါတို့ကလဲ အရှင်စောရဲ့ အမိန့်အရဆောင်ရွက်ရတာမို့ နားလည်ပေးစေချင်ပါတယ်၊ ပြင်ဆင်ထားပေးပါ"

"မယ်ဆာကလဲကွယ် ထားလိုက်ပါဆိုနေ သည်းခံမှပေါ့"

"ပြင်ထားလိုက်ပါ့မယ်ရှင့်၊ ဘယ်နေရာကိုခေါ်သွားမှာလဲ ဆိုတာနဲ့ ဘာအတွက်လဲဆိုတာ သိခွင့်ရှိမလားရှင့်"

"ဟုတ်ကဲ့ မကြာခင် ထောက်ပို့က Ch 47 ယာဉ်ပျံက လာခေါ်ပေးပါလိမ့်မယ်၊ ရွှေ့ပြောင်းရမဲ့နေရာက အရှင်စောနေထိုင်ရာ သုံးရာသီပန်းခြံလို့တော့ သိထားပါတယ်၊ ငါ့အဆင့်နဲ့ ဒီလောက်ပဲ ပြောခွင့်ရှိတာမို့ ခွင့်ပြုပါဦး"

"ဟင် ... ရှင့်အဆင့်က ချီဘုရင်အဆင့်မဟုတ်ဘူးလား၊ ရှင့်လိုချီဘုရင်အဆင့်တောင် ပြောရေးဆိုခွင့်မရှိရင် ဘယ်အဆင့်တွေက ပြောရေးဆိုခွင့် ရှိကြတာလဲ"

"ဒီသီဟသီရိမြို့တော်မှာ ချီစစ်သူကြီးဆိုတာ အစောင့်တပ်သားအဆင့်၊ ချီဘုရင်ဆိုတာ တပ်စုမှူးအဆင့်၊ ချီဧကရာဇ်စဦးပိုင်းဆိုတာ တပ်ခွဲမှူးအဆင့်၊ ချီဧကရာဇ်အလယ်အလတ်ဆိုတာ တပ်ရင်းမှူးအဆင့်၊ ချီဧကရာဇ်အထွတ်အထိပ်ဆိုတာက ဗျုဟာမှူးအဆင့်ပဲရှိပါတယ်"

"ဘာတွေလဲ၊ ဘယ်လိုအဆင့်တွေလဲ၊ တပ်ခွဲမှူးတို့ တပ်ရင်းမှူးတို့ ဗျုဟာမှူးတို့ဆိုတာ ဘယ်လိုရာထူးတွေလဲ"

"အချိန်မရလို့ အတိုကောက် ပြောပြပေးလိုက်ပါ့မယ်၊ ဒါမှ သုံးရာသီခြံဝိုင်းထဲရောက်ရင် နေတက်ထိုင်တက်မှာပါ"

"ချီစစ်သူကြီး ၂၁ယောက်ကို တပ်စုမှူးချီဘုရင်အဆင့်တစ်ယောက်၊ တပ်စုမှူး၃ယောက်ကို တပ်ခွဲမှူးချီဧကရာဇ်စဦးအဆင့်တစ်ယောက်၊ တပ်ခွဲမှူး၃ယောက်ကို တပ်ရင်းမှူး ချီဧကရာဇ်အလယ်လတ်တစ်ယောက်၊ တပ်ရင်းမှူး ၃ယောက်ကို ဗျုဟာမှူး ချီဧကရာဇ်အထွတ်အထိပ်တစ်ယောက် အုပ်ချုပ်ပါတယ်"

"သီဟသီရိမြို့တော်နဲ့ အတွင်း၃၆မြို့မှာ ဒီလိုဗျုဟာမျိုး ၂၀ခုမကရှိနေတာမလို့ အစစအရာရာ သတိထားဆင်ခြင်ပေးပါ"

"သုံးရာသီခြံဝန်းမှာဆိုရင် ပိုပြီးဂရုစိုက်ပေးပါ၊ အထူးသဖြင့် အရှင်စောရဲ့အတွင်းရေးမှူး ဗိုလ်ချုပ်မကြီး အရှင်မချူရင် ဦးဆောင်တဲ့ ကိုယ်ရံတော်အရိပ်အစေခံ တပ်ရင်း ကိုပါပဲ"

"နောက်တစ်ခုက သုံးရာသီပန်းခြံကိုရောက်တဲ့အခါ ဧည့်ကြိုသမီးတော် ၆ယောက်က လိုက်ပြီးမိတ်ဆက်ပေးတက်ပါတယ်၊ အရှင် အရှင်မလို့ ခေါ်ဝေါ်မိတ်ဆက်ပေးတဲ့ ပုဂ္ဂိုလ်တွေကို လေးလေးစားစား ဆက်ဆံကြပါ

"အဲဒါအပြင် သမီးတော်၆ပါးကလဲ ချီဧကရာဇ်အဆင့်မှာ ရှိကြတာမလို့ သူတို့ကိုလဲ လေးလေးစားစား ဆက်ဆံဖို့ မမေ့ကြပါနဲ့ ခွင့်ပြုပါဦး"

"အခုလိုရှင်းပြပေးတာ ကျေးဇူးပါပဲ တပ်စုမှူး"

"မင်းသမီး၊ မယ်ဆာတို့သွားမှာက နိုင်ငံငယ်တစ်ခု ခေါင်းဆောင်ရဲ့ အိမ်တော်လား၊ ကြီးမြတ်တဲ့အင်ပါယာကြီးတစ်ခုရဲ့ နန်းတွင်းလားဆိုတာ မသဲကွဲတော့ဘူးဖြစ်နေပြီ"

" ဟင်း ... တို့လဲအတူတူပါပဲကွယ်၊ တို့လုံခြုံရေးအတွက် ပါလာတဲ့သူတွေ ပေါင်းတိုက်ရင်တောင် သူတို့ရဲ့ လုံခြုံရေးတပ်ခွဲတစ်ခုကို မနိုင်နိုင်ဘူးရယ်"

လုံခြုံရေးအနေနဲ့ လိုက်ပါလာတဲ့ အင်ပါယာအကြီးအကဲတွေကလဲ

"ဗျုဟာဆိုတဲ့ ဖွဲ့စည်းပုံအင်အားနဲ့၊ သူတို့ရဲ့ လက်နက်ဆန်းတွေနဲ့ဆိုရင် တစ်နန်းတွင်းလုံး ပေါင်းတိုက်မှပဲ ရတော့မယ်"

"ပေါင်းတိုက်မှရမယ်တဲ့လားဟ ခုခံနိုင်ဖို့တောင်အနိုင်နိုင်ဟ၊ ဒါတောင်တပ်ရင်းဆိုတဲ့ ဖွဲ့စည်းမှုနဲ့ပဲနော်၊ ဗျုဟာဆိုရင် အဝေးကြီး"

"ချီစစ်သူကြီးအဆင့်တွေကို တပ်သားအဆင့်သာသာ ထားနိုင်တာဆိုလို့ သီရိမင်္ဂလာအင်ပါယာ တစ်ခုထဲပဲ တက်နိုင်တယ်၊ ဒါတောင် တစ်ရာနိုင်ငံရဲ့ အင်အားနဲ့စာရင် အပြက်အသတ် ရှုံးနေပြီနော် ၊ ဒါတောင် လက်နက်‌ဆန်းတွေ မပါသေးဘူး"

"မင်းသမီး ဒီနိုင်ငံရဲ့ခေါင်းဆောင်က ဒီလောက်ထိအင်အားနဲ့၊ လက်နက်ဆန်းတွေ ပိုင်ဆိုင်ထားတာတောင် ဘာဖြစ်လို့ နယ်မြေမချဲ့ထွင်သလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်"

မင်းသမီး ဆူရီယိုက ခနမျှစဉ်းစားလိုက်ပြီး တစ်ခုခုအား အတွေးပေါက်သွားသည့်သဘော ပြုံးလိုက်ရင်း

"သူတို့က နယ်မြေသိမ်းစရာ လိုသေးလို့လား၊ ကျွန်မတို့လို အင်ပါယာငယ်တစ်ခုတောင် သူတို့ဆီမှာ ပြန်ပြီး လက်နက် ဝယ်နိုင်ဖို့အတွက်နဲ့ ခစားရတော့မတက်ဖြစ်နေပြီလေ၊ နောက်ပြီး ကျန်တဲ့ အင်ပါယာနှစ်ခုကကော ကျိုင်းကောင်သားရဲတွေကို ဘယ်အတိုင်းအတာအထိ ခုခံနိုင်မယ်ထင်လို့လဲ၊ အထူးသဖြင့် ကုန်းမြေတစ်ဖက်ခြမ်းက လက်နက်အင်ပါယာကြီး တစ်ခုဖြစ်တဲ့ မီးတောက်အင်ပါယာနဲ့ စစ်ဖြစ်နေဆဲ သီရိမင်္ဂလာအင်ပါယာပေါ့"

သူတို့အဖွဲ့က တစ်ရာနိုင်ငံအကြောင်း ပြော‌ဆိုနေကြတုန်းမှာပဲ အခေါ်လာတဲ့ CH 47 ရဟတ်ယာဉ် ရောက်ရှိလာပါတယ်။

စောနက အသိလာပေးတဲ့ တပ်ခွဲမှူးကပဲ

"အယုဒ္ဓယအင်ပါယာ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နေရာရွှေ့ပြောင်းဖို့ အရှင်လွင်မိုးကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးဖို့ ရောက်နေပါပြီ"

"ကောင်းပါပြီ၊ ကျွန်မတို့လဲ အဆင်သင့်ပါပဲ"

အခန်း ( ၁၁၅ ) ပြီး

စာစဉ် 8 အဆုံးသတ်

အခန်း ( ၁၁၆ ) ပြီးစီး

( စက်ရုံများအား လိုက်လံပြသခြင်း )

"ကောင်းပါပြီ၊ ကျွန်မတို့လဲ အဆင်သင့်ပါပဲ"

"ကြွပါ"

"ဝိုး ခမ်းနားလှပါလား"

"ဒီယာဉ်ပျံမှာ နေရာလွတ်အစီအရင် ပါမယ်လို့တောင်မထင်ထားဘူး"

"ဟား .. နေရာလွတ်အစီအရင်တင် ဘယ်မကလဲ ကာကွယ်ရေးပိုင်းမှာ ချီဧကရာဇ်စဦးအဆင့်လောက်မှ ဒီရဟက်ယာဉ်ကို ဖျတ်ဆီးနိုင်မှာလေ"

လာခေါ်သူ တပ်ခွဲမှူးက မိတ်ဆက်ပေးပါတယ်။

"သူကတော့ အရှင်လွင်မိုးပဲဖြစ်ပါတယ်၊ လက်ရှိမှာ ညှိနှိုင်းရေးနဲ့ လက်နက်ထုတ်လုပ်ရေး ဝန်ကြီးပါ"

"လက်ရှိနေရာရွှေ့ပြောင်းမှုကို တာဝန်ယူထားသူပါခင်ဗျ၊ သုံးရာသီပန်းခြံအလယ်ခြံဝိုင်းအထိ သူပဲလိုက်ပါ ပို့ဆောင်ပေးမှာပါဗျ"

ချီဧကရာဇ်အလယ်လတ် အဆင့်ပဲရှိသူမလိုဆိုပြီး သူတို့အနေနဲ့ အထင်မသေးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ထုတ်လုပ်ရေးဝန်ကြီးမလို့ အနည်းဆုံး အဆင့်၅လက်နက် ပညာရှင် ဖြစ်နေနိုင်လို့ပါပဲ။

"နူတ်ဆက်ပါတယ် အရှင်လွင်"

CH 47 ရဟက်ယာဉ်ဆိုတာက သူတို့အမြင်မှာ အပြင်ပန်းပုံစံအရ သေးငယ်တယ်ထင်ရပေမဲ့ အတွင်းပိုင်းမှာ နေရာလွတ်အစီအရင် ရေးဆွဲထည့်သွင်းထားမယ်လို့ မထင်ထားကြပါဘူး။

ဆူရီတစ်ယောက် မျက်လုံးများ အရောင်ထွက်လုမတက်ဖြစ်နေပါတယ်။

"ဒီလိုယာဉ်ပျံမျိုးကို တစ်ရာနိုင်ငံ ဘယ်နှစ်ခုပိုင်ဆိုင်ထားလဲ အရှင်လွင်"

"အင်း ... ပြီးခဲ့တဲ့ ၁၀နှစ်မတိုင်ခင်က အထိတော့ အစင်းရေ ၁ထောင်ကျော် ပိုင်ဆိုင်ထားတာပဲ အဲဒီနောက်ပိုင်းတော့ ငါလဲလက်နက်စက်ရုံတွေဘက် အာရုံစိုက်နေရတာနဲ့ အတိအကျ မသိရတော့ဘူး"

"ရှင် ... အဲဒါဆိုရင် ကျိုင်းကောင်သားရဲတွေကို ဘယ်အချိန်လောက်က အပြီးသတ်ရှင်းလင်း နိုင်ခဲ့တာလဲ"

"အင်း ... အဲဒါလဲ လွန်ခဲ့တဲ့၁၀နှစ် မတိုင်ခင်ကထဲကပဲလေ"

"အော် ဒါနဲ့ အဲဒီတုန်းက ဒီရဟက်ယာဉ်တွေက စစ်တပ် သယ်ယူပို့ဆောင်ရေးနဲ့ ချီခဲယမ်း ထောက်ပို့လောက်ပဲ အသုံးပြုခဲ့တာ အဓိကတိုက်ပွဲဝင် လေယာဉ်တွေက သပ်သပ်ရှိတာပေါ့လေ"

"အဲဒီယာဉ်ပျံတွေကို ကြည့်လို့ရမလားရှင့်"

"ရပါတယ် တူလေးစောက ကိုယ်စားလှယ်အဖွဲ့ သိချင်တာတွေရှင်းပြပေးဖို့နဲ့ လိုက်ပြပေးဖို့ ငါ့ကိုစေလွှတ်လိုက်တာပဲ"

"ယာဉ်မှူး အလယ်ခြံဝိုင်းဖက် အရင်သွားမယ်ဟေ့"

"ဟုတ်ကဲ့ပါ အရှင်လွင်မိုး"

"ဒါက kar 98k အဆင့်၂လက်နက်ထုတ် စက်ရုံတွေပါ၊ သားရဲတစ်ထောင်မြို့စားဘဝ ၆သိန်းကျော်တဲ့ သားရဲလှိုင်းတွေကို ရင်ဆိုင်နေရစဉ်က တူလေးစောဖန်တီးထားတဲ့ အသိပညာ၊ အတက်ပညာတွေပါပဲ၊ လက်ရှိ ၁သန်း၅သိန်းရှိတဲ့ နစတပြည်နယ်စောင့် တပ်ရင်းတွေကိုင်ဆောင်နေပါတယ်"

"ဒါကတော့ စောနကလိုပဲ မြို့စားဘဝက တည်ဆောက်ထားတာပါပဲ 88 cm အမြောက်ကြီးလို့ခေါ်တဲ့ အဆင့်၅လက်နက်တမျိုးပါ၊ သူကတော့ အကွာအဝေးအများကြီးပစ်လို့ရသလို ပေါက်ကွဲအားကလဲ ထည့်သွင်းပစ်ခတ်တဲ့ ချီစွမ်းအင်အလိုက်ထိမှန်ခံရရင် ချီဧကရာဇ်အထွတ်အထိပ်တောင် အသက်မရှင်နိုင်ပါဘူး"

"မေးစရာရှိတာနောက်မှမေးပါ၊ တခြားပြစရာတွေ အများကြီးရှိနေပါသေးတယ်"

"ယာဉ်မှူး နစတစစ်ဌာနချုပ်ဖက် သွားမယ်"

"ဟုတ်ကဲ့ပါ အရှင်လွင်မိုး"

မေးရန်ပါးစပ်ဟ ဟနေတဲ့ ဆူရီယိုကို ကြိုပိတ်လိုက်ပြီး လွင်မိုးနဲ့ ဆူရီယိုတို့အဖွဲ့ဟာ လေတပ်ဌာနချုပ်ရှိရာ ခြောက်ထောင့်ကြယ်ခံတပ်ဆီ ဦးတည်ခဲ့ကြပါတယ်။

"အဲဒါက နစတစစ်ဌာနချုပ် အခြေပြုထားတဲ့ ခြောက်ထောင့်ကြယ်ခံတပ်ပဲ"

"အဲဒီခံတပ်ထဲမှာ သေနတ်၊ အမြောက်၊ သံချပ်ကာကား၊ လေယာဉ်နဲ့ ဟိုး‌ဝေဟင်တွေမှာ မြင်နေရတဲ့ စပေ့ရှစ်စစ်ယာဉ်ပျံကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ သူ့နေရာ၊ သူ့ဌာနချုပ်နဲ့သူ ရှိတယ်လေ"

လွင်မိုးက သီဟသီရိမြို့တော်ရဲ့ ကောင်းကင်ယံမှာ တည်ရှိနေတဲ့ စပေ့ရှစ်စစ်ယာဉ်ပျံကြီးတွေကို လက်ညိုးထိုးပြပြီး ပြောလိုက်တာပါ၊ အစကတော့ ဖုံးကွယ်အစီအရင်ကြောင့် မမြင်ရပေမဲ့ အခုအချိန်မှာ အစီအရင်ကို ခနမျှ ဖယ်ရှားပေးထားတာမို့ ကြီးမာလှတဲ့ စစ်ယာဉ်ပျံကြီး ၁၀စင်းကို သူတို့တွေ့မြင်လိုက်ရပါတယ်။

"ဟာ အကြီးကြီးတွေပဲဟ"

"ဘယ်တုန်းကထဲက ရှိနေတာလဲဟ ငါလိုချီဧကရာဇ် အထွတ်အထိပ်တောင် ရှိနေမှန်းမသိလိုက်ဘူးဟ"

"ငါရောသတိမထားမိလိုက်ဘူး"

အံ့ဩောတုန်လှုန်သွားတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကိုကြည့်ရင်း

"အောက်ရောက်ရင် တစ်ခုခြင်း လိုက်ပြပေးပါ့မယ်၊ အော် ကန့်သတ်နေရာတွေကိုတော့ ပြသပေးလို့မရသလို မသိအောင်သွားမယ်လို့လဲ မကြံစည်ဖို့ အကြံပေးပါရစေ၊ အသက်ကို အာမခံမှာမဟုတ်ဘူး"

"အဲဒီယာဉ်ပျံကပစ်တဲ့ အမြောက်ကြီးက မြို့ကြီးတစ်မြို့လောက်တော့ အသာလေးပျောက်တယ်ရယ်"

"ဟုတ်ကဲ့ရှင့်"

အခန်း ( ၁၁၆ ) ပြီး

အခန်း ( ၁၁၇ )

( ဒဏ္ဌာရီလာ အင်ပေါ်တယ်အဆင့် )

"ဝိုး မထင်ရဘူးဟေ့"

ခြောက်ထောင့်ကြယ်စစ်ဌာနချုပ် သေနတ်များထုတ်လုပ်တဲ့ စက်ရုံ‌များတည်ရှိရာ ခြံဝိုင်းအတွင်း လွင်မိုးတစ်ယောက် အာပေါင်ရင်းသန်သန် ရှင်းပြနေပါတယ်။

"ဒါက တူလေးစောကိုယ်တိုင် တီထွင်ထားတဲ့ brown bess musket လို့ခေါ်တဲ့ အဆင့်၁ လက်နက်ထုတ် စက်ရုံတွေပါ၊ အဆင့်၁ လက်နက်ဆိုပေမဲ့ ထည့်သွင်းပစ်ခတ်တဲ့ ချီစွမ်းအင်အလိုက် ချီဘုရင်အဆင့်ကိုတောင် သေစေနိုင်ပါတယ်၊ လက်ရှိမှာ ၁သန်း၈သိန်းရှိတဲ့ ကကရ တပ်ရင်းတွေနဲ့ ရဲတပ်ရင်းတချို့မှာ ကိုင်ဆောင် အသုံးပြုနေပါတယ်"

"ဒီဖက်ကလဲ M1752 musket လို့ခေါ်တဲ့ အဆင့်၁ လက်နက်ထုတ် စက်ရုံတွေပါပဲ၊ သူတို့ရဲ့စွမ်းဆောင်ရည်က brown bessနဲ့ သိပ်မကွာလှဘူး၊ ပစ်ခတ်ရတဲ့အပိုင်းလေးပဲ သာသွားတာပါ၊ လက်ရှိမှာ၁သန်း၃သိန်း အင်အားရှိတဲ့ နစတလက်အောက်ခံ တပ်ရင်းတွေနဲ့ ရဲတပ်ရင်းတချို့မှာ အသုံးပြုနေပါတယ်"

"ဒီဖက်ကတော့ M1 carbine အဆင့်၃လက်နက်ထုတ်စက်ရုံပါ၊ ၅သိန်းသော နစတပင်မတပ်တွေနဲ့ နစတလက်အောက်ခံ တပ်ရင်းတချို့မှာ အသုံးပြုနေကြပါတယ်"

"ဒီဖက်ကတော့ Ch 47 လို့ခေါ်တဲ့ မင်းတို့ကိုသယ်ဆောင်လာတဲ့ ယာဉ်ပျံထုတ် စက်ရုံတွေပဲ၊ အထဲကိုဝင်ရောက်ဖို့တော့ ကန့်သတ်ထားတယ်"

"ကဲ မေးချင်ရာမေးလို့ရပါပြီ"

"ဒီလက်နက်တွေ အားလုံးကို ရောင်းချပေးနိုင်မလား"

"အကုန်‌လုံးတော့ မရနိုင်ဘူး မိန်းခလေး၊ သေနတ်တွေကိုတောင်မှ အဆင့်၁လက်နက်နဲ့ အဆင့်၂လက်နက်လောက်ပဲ ရောင်းချပေးနိုင်လိမ့်မယ်၊ CH 47 ယာဉ်ပျံ ၁၀စီးတော့ ရောင်းချပေးမယ်လို့တော့ တူလေးစောဆီက အမိန့်ရထားပါတယ်"

"အဆင့်၁သေနတ်ဆိုတဲ့ လက်နက်ကို ဘယ်လောက်လောက်ရောင်းပေးနိုင်မလဲရှင့်၊ တန်ဖိုးကကော"

"အဲဒါတွေကိုတော့ တူလေးစောနဲ့တွေ့မှပဲ ညှိနှိုင်းကြပါ၊ အခုတော့ အတွင်းပိုင်းခြံဝိုင်းဆီ ဆက်သွားကြတာပေါ့"

"ဟိုသံငှက်တွေကကော ဘယ်နေရာမှာ သုံးတာလဲပြောပြလို့ရမလား"

"နောက်တော့ သိလာရမှာပါ မိန်းခလေး"

မကြာခင်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ စောရန်နိုင်နေထိုင်ရာ သုံးရာသီအတွင်းခြံဝိုင်းဖက်ကို ရောက်လာကြပါတယ်။ လွင်မိုးက

"အထဲရောက်ရင် ဘာပဲမြင်မြင် ဘာပဲကြားကြား မသိသလို၊ မမြင်သလိုနေပေးကြပါဦး"

"ဘာဖြစ် ... "

"ဝှီး .. ဝှစ် .. ဝှစ် ... ဂလုန်း .. ဂလွမ်း ... ဝုန်း"

"ငါ့လခွေး ရှောင်ကြဟ"

"ဘာတွေလဲဟ"

"ဘုရား ဘုရား နဲနဲပဲလိုတယ်ဟ"

"အဲဒါက လေတပ်ဗိုလ်ချုပ်မကြီး ချူရီတဲ့၊ အမြဲတမ်းလက်နက်တစ်ခုခုကို သူ့လေယာဉ်မှာတပ်ဖို့ စမ်းသပ်နေတက်တယ်လေ၊ နစတထောက်တိုင် ချီဧကရာဇ်အထွတ်အထိပ် တွေထဲကတစ်ယောက်ပေါ့"

"ဟေ့ ကောင်မလေး၊ နင့်လေယာဉ်မှာ အဲဒီလောက်လက်နက်အများကြီး ဘယ်လိုလုပ်တပ်လို့ရမှာလဲဟ"

"ဟာ ဦးလေးကလဲ ဒီလေယာဉ်ဒီလောက်ကြီးတာ ဘာလို့မရရမှာလဲ ရကိုရတယ်၊ အကိုကြီးက ရနိုင်တယ်ပြောထားတာပဲကို"

အသံလာရာသူတို့လှည့်ကြည့်လိုက်ချိန်မှာတော့ အသက်၁၃နှစ်အရွယ် မိန်းခလေးတစ်ဦး ကြီးမားတဲ့ယာဉ်ပျံတစ်ခုအောက်က ထွက်လာတာကို တွေ့လိုက်ရပါတယ်။

ယာဉ်ပျံမှာတော့ အမြင်သေးငယ်သလောက် သူ့မှာတပ်ဆင်ထားတဲ့ လက်နက်နဲ့ ကိုယ်ထည်က မမျှမတ ဖြစ်နေရှာပါတယ်။ သူမရဲ့ တိုက်လေယာဉ်ကတော့ စနစ်ကနေ စောရန်နိုင်သီးသန့် ဝယ်ယူပေးထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော် ဂျာမနီနိုင်ငံထုတ် Wulf Fw 190D- 9 တိုက်လေယာဉ်ပဲ ဖြစ်ပါတယ်။

လက်နက်ဆိုရင် စိတ်ပါဝင်စားတက်သူ ဆူရီယိုက

"အရှင်မ အဲဒါဘယ်အဆင့်လက်နက်တွေလဲ ပြောပြလို့ရမလားရှင့်"

"အွန်း အဆင့်၅ လက်နက်တွေလေ အစ်ကိုကြီးက တစ်လတစ်ခုပေးထားတာလေ ငါ့ဆီမှာပိုနေတာနဲ့ ငါ့လေယာဉ်မှာ လျှောက်တပ်ကြည့်နေတာ၊ နင်စိတ်ဝင်စားလို့လား"

"ဟုတ်ကဲ့ ကျွန်မက အဆင့်၃ လက်နက်ပညာရှင်ပါ၊ အစ်ကိုကြီးဆိုတာဘယ်သူလဲ သိလို့ရမလားအရှင်မ၊ သူ့ရဲ့ လက်နက်ပညာရှင်အဆင့်က ဘယ်လောက်လဲ သိလို့ရမလားရှင့်"

"အော် ... အစ်ကိုကြီးဆိုတာ ဒီနိုင်ငံရဲ့ လေးစားရတဲ့ပုဂ္ဂိုလ်ကြီးလေ၊ အစ်ကိုကြီး စောရန်နိုင်ပေါ့"

"ဘာ ... သူက အဆင့်၅ လက်နက်ပညာရှင်တဲ့လား၊ အဲဒါဆို သူရဲ့ကျင့်ကြံဆင့်က အားနည်းမှာပေါ့နော် အရှင်မ"

"ဟင့်အင်း မမချူရင်နဲ့ ဦးလေးတို့တောင် အစ်ကိုကြီးကို မနိုင်ဘူးလေ ခွီး"

လွင်မိုးက အနေရခက်သောမျက်နှာနဲ့

"တူလေးစောကို ဒီနိုင်ငံမှာ ယှဉ်တိုက်နိုင်တဲ့ ကျင့်ကြံသူ မရှိတော့ဘူးမိန်းခလေး၊ အထူးသဖြင့် ယှဉ်မတိုက်ရဲကြတာပဲ"

"ဘာလို့လဲ၊ သူ့ကျင့်ကြံဆင့်က မြင့်နေလို့လား"

"မြင့်နေယုံတင်မဟုတ်ဘူးမိန်းခလေး၊ ကျော်လွန်နေတာ ဒဏ္ဌာရီလာ အင်ပေါ်တယ်အဆင့် ရောက်နေပြီ"

"ဘာ ဒဏ္ဌာရီလာ အင်ပေါ်တယ်အဆင့်"

"အင်း အမှန်ပဲ မိန်းကလေး"

အခန်း ( ၁၁၇ ) ပြီး

All Chapters