← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း ( ၁၂၁ )

( အဆင့်၆ စစ်လက်နက်စက်ရုံများ )

"လှတယ်ကွာ မိုက်တယ်ဟေ့ အေး .. ဟုတ်တယ် ကပ်ဘေးမိုးကြိုးက အဲဒီလိုလောက်တောင် အားနည်းရသလားဟ"

" အဟွတ် စီနီယာဖိုးဖိုး ကပ်ဘေးမိုးကြိး မြင်ရသလောက် အားမနည်းဘူးထင်တယ်နော်"

"မင်းဘာသိလို့လဲဟ တတိယအင်ပေါ်တယ်အဆင့်ကို ငါဖြတ်ကျော်တုန်းကဆိုရင် ဒီအချိန်ဆို တစ်ကိုယ်လုံးမဲတူးနေပြီလေ၊ သူကြတော့ကြည့်ပါလား ဘာမှမဖြစ်သေးဘူးဟ"

"အဲဒါကို အသားမကျဘူးဟေ့ အဲသောက်မိုးကြိုးက မျက်စိကန်းပြီး ဘက်လိုက်နေ ... နေ ငါ့လခွီး ငါ့မပစ်နဲ့ဟ"

"ဝုန်း .. ဂျိန်း .. ဖူး .. သောက်ကျိုးနည်း မိုးကြိုးကပ်ဘေးပါကွာ"

မဲတူးနေသော ခန္ဓာကိုယ်၊ မိုးပေါ်ထိုးထွက်နေသောဆံပင်များနဲ့ အဖိုးအိုက မီးခိုးတစ်ချက်မှုတ်ထုတ်လိုက်ရင်း ရေရွတ်လိုက်တာပါ။ ထိုနောက်မှာတော့

"ဝုန်း ... ဂျိန်း ... ဂျိန်း ... အုန်း ... ဘုန်း"

"ငါ့လ‌ခွေး စတာလို့၊ စတာပါ‌ဆိုနေကွာ"

"အုန်း ... ဂျိန်း"

"စတာပါဆိုနေကွာ မင်းပါးပါး သူ့ကိုပစ်ကြဟ ကပ်ဘေးကျော်တာသူဟ ငါမဟုတ်ဘူး"

"ဝုန်း .. အုံး .. ဂျလိန်း .. ဂျိန်း"

မိုးကြိုးကပ်ဘေး

[ ငါလဲ စတာပါကွာ အိုကေလား ဘရို ]

[ အပြစ်တင်ချင်ရင် သူကိုပဲအပြစ်တင်လေ ဘယ်သူကအဲဒီလိုလက်နက်တွေနဲ့ အဆင့်တက်ခိုင်းလို့လဲ ဘယ်သူမြောက်ပေးလိုက်တာလဲမေးလိုက်လေ၊ ဒီလိုလက်နက်တွေနဲ့ သူကိုထိအောင် ငါဘယ်လိုပစ်ရမှာလဲဟ ရော့ကွာ မင်းပဲသူ့အစားခံလိုက် အိုကေ ]

"ဝုန်း ... ဂျိန်း ... ဂျိန်း"

မိုးကြိုးကပ်ဘေးအလယ်မှာတော့ စောရန်နိုင်ဟာ Ak 47 ကိုညာဘက်လက်မှာ ကိုင်ထားပြီး ဘယ်ဖက်မှာတော့ RPzB 54 လောင်ချာကို ကိုင်ထားရင်း ကြောင်ပျောက်နေပါတယ်။

"လာစမ်းပါ လာစမ်းပါ လာပါဆိုနေကွာ"

မိုးကြိုးကပ်ဘေး

[ မလာဘူး မလာဘူး ရူးနေရင်တောင် မင်းဆီမလာဘူး ]

မိုးကြိုးကပ်ဘေးတွေက အဖိုးအိုကိုပဲ လိုက်ပစ်နေကြတာဖြစ်ပြီး စောရန်နိုင်ကို ရှောင်ကွင်းနေကြပါတယ်။

[ ဒင် ပိုင်ရှင်မှ အင်ပေါ်တယ်တတိယအဆင့်အား ရောက်ရှိသည့်အတွက် ဂုဏ်ပြုပါတယ် အောက်ပါတို့မှ အဆင့်၆ တမျိုးဆီကို ရွေးချယ်ရယူပါ ]

[ အဆင့်၆ လက်နက်ထုတ်စက်ရုံများ ..

အဆင့်၆ အစီအရင်ကဒ်ပြားထုတ်စက်ရုံများ ..

အဆင့်၆ စက်ရုံများ ..

အဆင့်၆ ဆေးပြားထုတ် စက်ရုံများ .. ]

[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်တတိယကို ရောက်ရှိလာသောကြောင့် အင်ပေါ်တယ်အထက်အဆင့်သို့ တက်ရန်လိုအပ်သော ခရစ်စတယ်ကျောက်တုံး မိုင်းတွင်း တစ်ခု ၊ အင်ပေါ်တယ်အဆင့် အာကာပြင်ဖြတ်ကျော်ခြင်း ကျင့်စဉ်၊ အင်ပေါ်တယ်အထက်အဆင့် လောကအလင်းရောင် ဓားသိုင်းကျင့်စဉ် တို့အားဆုချလိုက်ပါသည် ]

[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့တာကြောင့် စနစ်ကို အဆင့်၆ သို့မြှင့်တင်နိုင်ပါပြီ၊ လိုအပ်ချက် အဆင့်နိမ့် ခရစ်စတယ်‌အမြူတေ ၁သောင်း ၊ နေ့စဉ်ဝင်ရောက်မှတ်ပုံတင်ခြင်း ဆုလာဒ်များမှ လက်နက်များနှင့် ပစ္စည်းများအား အဆင့်နှင့် ပမာဏတိုးမြှင့်လိုက်ပါပြီ ]

[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်တတိယအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သည့်အတွက် ချိတ်ပိတ်ခံထားရသော အင်ပေါ်တယ်အထက်အဆင့်က သွေးမျိုးဆက်တစ်ခုဖြစ်သော အဆင့်၁ သွေးမျိုးဆက် လောကအလင်းရောင် သွေးမျိုးဆက်ကို နိုးထနိင်ခဲ့ပါသည် ]

[ စနစ် အင်ပေါ်တယ်အဆင့်ရဲ့ အထက်အဆင့်က ဘာလဲဆိုတာကို ဘာလို့တစ်ခါထဲမပြောပြရတာလဲဟ ]

[ သိရှိရန် အဆင့်မမှီသေးပါ ]

[ ထားပါတော့ ဟိုအဖိုးကြီးကို မေးကြည့်ရမှာပဲ ]

[ အဆင့်၆ လက်နက်အနေနဲ့ သေနတ်စက်ရုံထဲက M4 carbine ထုတ်စက်ရုံကို ယူမယ်စနစ်၊ အဆင့်၆ အစီအရင်ကဒ်ပြားထုတ်စက်ရုံထဲက ကာကွယ်ရေးအစီအရင်တစ်ခုဖြစ်တဲ့ ဖီးနစ်အရိပ် အကာအကွယ်ကဒ်ပြားထုတ် စက်ရုံကိုရွေးမယ်၊ စက်ရုံတွေထဲက Panzer I တင့်ကားထုတ်စက်ရုံကိုယူမယ်၊ အဆင့်၆ ဆေးပြားထုတ်စက်ရုံတွေထဲက အင်ပေါ်တယ်အဆင့်တက် ဆေးပြားထုတ် စက်ရုံကိုယူမယ် ]

တစ်ပတ်ခန့် အကြာမှာတော့ မြေပြင်ထက်မှာ မဲတူးနေတဲ့ လူတစ်ဦးကို မိန်းခလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက နှစ်သိမ့်ပေးနေကြပါတယ်။

"အဖိုး ဒါကအဆင့်၅ အနာကျက်ဆေးပြားပါ သောက်လိုက်ပါနော်"

"မသောက်ဖူးကွာ ရူးနေရင်တောင်မသောက်ဖူး"

"ဝါး ငါ့လ‌ခွီးမိုးကြိုးကပ်ဘေး မင်းကိုသေတောင် မကျေနှပ်ဘူးကွ .. "

"မင်းကိုလဲ မကျေနှပ်ဖူးဟေ့ မင်းကြောင့် မင်းရဲ့ လက်နက်တွေကို မထိုးဖောက်နိုင်လို့ ငါကို မဲပစ်တာကွ"

မိုးကြိုးကပ်ဘေး

[ အေး ငါလဲ မကျေနှပ်ဘူးဟေ့ ]

"အဆင့်၅ လက်နက်တစ်ခုကို လက်ဆောင်ပေးမယ်ဗျာ"

"ဟေ တကယ်လားဟ ဟဲ ဟဲ ဒီအစ်ကိုကြီးက ညီလေးကို စနေတာပါကွာ ဘယ်မှာလဲ ပေးပေး"

[ အရှက်ကို မရှိဘူး ]

"ဒါနဲ့ အဖိုးက"

" တော်တိတ် အစ်ကိုကြီးလို့ခေါ်စမ်းပါ ညီလေးရ အခုအချိန်မှာ ညီလေးနဲ့အစ်ကိုကြီးက ကျင့်ကြံဆင့်ကြီး တစ်ဆင့်ပဲ ကွာတော့တာပါကွာ"

အခန်း ( ၁၂၁ ) ပြီး

အခန်း ( ၁၂၂ )

( ဒဏ္ဌာရီလာ ကျင့်ကြံအဆင့်များ )

"ဟုတ်ကဲ့အစ်ကိုကြီး၊ အစ်ကိုကြီးက ဘယ်ကလာတာလဲဗျ၊ ပြီးတော့ အင်ပေါ်တယ် အထက်အဆင့်မှာ ဘယ်လိုအဆင့်တွေ ရှိနေသေးတာလဲ"

"ဟိုး ဟိုး ဖြည်းဖြည်းမေးပါကွ၊ ဒီအစ်ကိုကြီးကို အာရုံမနောက်စမ်းပါနဲ့"

စောရန်နိုင်ယခုလိုမေးရတာက စနစ်က အင်ပေါ်တယ်ရဲ့ အထက်အဆင့်ကို မဖော်ပြပေးလို့ပါပဲ။ အဖိုးအိုက အဆင့်၅ သေနတ်တစ်လက်အား လည့်ပတ် စပ်စုနေရင်း

"အင်း အင်ပေါ်တယ်၉ဆင့် အထက်မှာ အင်ပေါ်တယ်ဘုရင်အဆင့်ရှိတယ်ကွ ဒီအစ်ကိုကြီးက အင်ပေါ်တယ်ဘုရင် ဒုတိယအဆင့်မှာပဲ"

"သူ့အထက်မှာတော့ အင်ပေါ်တယ်ဧကရာဇ်အဆင့်ပေါ့ကွာ၊ ငါတို့ဒဿနကုန်းမြေရဲ့ ဘိုးဘေးကြီးတွေသာ ရောက်နိုင်တဲ့ ဒဏ္ဌာရီလာ အဆင့်တစ်ခုပေါ့"

"အဲ ငါရဲ့ ဟင်းလင်းပြင်ဂိုဏ်းမှာတော့ အဲဒီအဆင့်က ဘိုးဘေးတွေ ရှိတယ်ကွ"

"အဲဒီအထက်က အင်ပေါ်တယ်သူတော်စဉ်အဆင့် ဆိုတာက ရှေးကျမ်းစာတွေထဲမှာပဲ ကျင့်ကြံခြင်းအဆင့်နာမည်ပါတဲ့ ဒဏ္ဌာရီထဲက ဒဏ္ဌာရီအဆင့်ပေါ့ကွာ"

"အဆင့်မြင့် ကုန်းမြေတွေမှာ သူတို့တွေရှိနေနိုင်သေးတယ်လို့ ကောလဟာလတွေရှိကြပေမဲ့ ဘယ်သူမှ လက်တွေ့မျက်မြင် မမြင်ဖူးကြတော့ဘူးလေ"

"အစ်ကိုကြီးလာခဲ့တဲ့ကုန်းမြေအကြောင်း ပြောပြပေးပါလားဗျ"

"အင်း ငါလာခဲ့တဲ့ကုန်းမြေက အလယ်လတ်ကုန်းမြေတွေထဲက တစ်ခုပေါ့ကွာ ဒဿနကုန်းမြေလို့ခေါ်တယ်"

"ငါက ဟင်းလင်းပြင်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပေါ့ကွာ၊ ဂိုဏ်းအကြီးအကဲအားလုံးက အင်ပေါ်တယ်အဆင့်တွေချည်းပဲ"

"ဒဿနကုန်းမြေလိုမျိူး အလယ်လတ်ကုန်းမြေတွေက ၁၀ခုကျော်ရှိတယ်တဲ့ ငါလဲအစုံမရောက်ဖူးသေးဘူး"

"မီးတောက်အင်ပါယာအကြောင်းကော ကြားဖူးလားဗျ"

"အင်း ကြားဖူးယုံတင်ဘယ်ကမလဲ အဲဒီအင်ပါယာက မင်းသားမင်းသမီးတွေက သီဟိုဠ်ကုန်းမြေက ငါတို့ရဲ့ ဂိုဏ်းခွဲကြီးမှာ ပညာလာသင်နေကြတာပဲလေ"

"ဘာလို့လဲ ညီလေးနဲ့ ပြဿနာရှိလို့လား ဒီအစ်ကိုကြီး ကိုင်တွယ်ပေးရမလား"

"ကျွန်တော့်ဘာသာပဲ ကိုင်တွယ်လိုက်ပါ့မယ် သူတို့ကုန်းမြေအကြောင်း ရှင်းပြပေးပါဦး"

"မီးတောက်အင်ပါယာတည်ရှိတဲ့ ကုန်းမြေကို သီဟိုဠ်ကုန်းမြေလို့ခေါ်တယ်၊ ညီလေးတို့ရဲ့ လင်္ကာဒီပကုန်းမြေလို အဆင့်နိမ့် ကုန်းမြေလေးတစ်ခုပါပဲ၊ အင်ပါယာကြီး ၂ခုနဲ့အင်ပါယာငယ်၆ခုနဲ့ နိုင်ငံငယ်ပေါင်း ရာချီရှိတဲ့ ကုန်းမြေပေါ့၊ နယ်မြေကျယ်တာပဲရှိတာပါကွာ ညီလေးတို့ကုန်းမြေလိုပဲ ချီဧကရာဇ်အထွတ်အထိပ်အဆင့်က အဆင့်အမြင့်ဆုံး ဖြစ်နေဆဲပါပဲ"

ဒီလိုနဲ့ စောရန်နိုင်ဟာ ထိုအဖိုးအိုနဲ့ အချိန်အတော်ကြာ စကားစမြည်ပြောဆိုခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ တစ်ရာနိုင်ငံဆီ ဖိတ်ခေါ်ခဲ့ပေမဲ့ အဖိုးအိုက မအားသေးတာမို့ ခရီးဆက်သွားပါပြီ။

စောရန်နိုင်ကိုလဲ ဟင်းလင်းပြင်ဂိုဏ်းအကြီးအကဲအဖြစ် အသိအမှတ်ပြုကာ ဂိုဏ်းအကြီးအကဲတံဆိပ်ပြားကို အတင်းထိုးပေးခဲ့ပါတယ်။

စောရန်နိုင်လဲ နှစ်၅၀အတွင်း လာရောက်ပါ့မယ်လို့ ကတိပေးလိုက်ရပြီး သားရဲတစ်ထောင် တောအုပ်ထဲကနေ ပြန်လာခဲ့ပါတယ်။

ချူရင်ကို အရင်ပြန်ခိုင်းလိုက်ပြီး ခြောက်ထောင့်ကြယ်ခံတပ်က စက်ရုံဝိုင်းထဲမှာ အဆင့်၆ စက်ရုံအသစ်တွေကို နေရာချလိုက်ပါတယ်။

စောရန်နိုင်အနေနဲ့ ခရစ်စတယ် မိုင်းတွင်းကို နေရာချပြီးနောက် စစ်ဆေးလိုက်ရာမှာ တစ်နာရီမှာ အဆင့်နိမ့် ခရစ်စတယ်ကျောက်တုံး တစ်ရာသာ ထုတ်လုပ်ပေးနိုင်တာတွေ့ရပါတယ်။ အလယ်အလတ်ဆိုရင် ၁၀တုံးနဲ့ အဆင့်မြင့်ဆိုရင် ၁တုံးသာ ထုတ်ပေးနေပါတယ်။ ချီကျောက်တုံးမှာပါဝင်တဲ့ ချီစွမ်းအင်ထက် ချီစွမ်းအင်ပါဝင်မှုပမာဏ အဆတစ်ရာ များပြားတာလဲ တွေ့ရပါတယ်။

ချီကျောက်တုံးမိုင်းတွင်းကတော့ တစ်နာရီကို အဆင့်နိမ့်ချီကျောက်တုံးဆိုရင် ၁၀၀၀၊ အလယ်အလတ်ချီကျောက်တုံးဆိုရင် ၁၀၀၊ အဆင့်မြင့်ချီကျောက်တုံးဆိုရင် ၁၀တုံးအထိ ထုတ်လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

( ထုတ်ယူမဲ့ ကျောက်တုံးအဆင့်နဲ့ အချိန်ကို စောရန်နိုင်က သတ်မှတ်ပေးနိုင်တာပဲ ဖြစ်ပါတယ် )

M4 carbineထုတ် စက်ရုံကို စစ်ဆေးရမှာတော့ တစ်နာရီ ၁၀လက်နှုန်းအထိ ထုတ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ အဆင့်၆လက်နက်တစ်ခုကို တစ်နာရီတစ်ခု ထုတ်လုပ်နိုင်တာကို တခြားသူတွေသိသွားရင် သွေးပွတ်ပွတ် အန်သွားနိုင်ပါတယ်။

ဖီးနစ်အရိပ် ကာကွယ်ရေး အစီအရင်ကဒ်ပြားထုတ် စက်ရုံကတော့ ၂နာရီ တစ်ကဒ်နှုန်း၊ အဆင့်၆ အင်ပေါ်တယ်အဆင့်တက် ဆေးပြားထုတ်စက်ရုံကနေ တစ်လကိုဆေးပြား၃၀ပြား ထုတ်ယူနိုင်ပြီး၊ Panzer 1 တင့်ကားတွေကိုတော့ ၁ရက် ၂၄စီးနှုန်းနဲ့ တစ်လကို ၆၇၂စီးထုတ်ယူနိုင်မှာဖြစ်ပါတယ်။

[ ဟူး ခြောက်ထောင့်ကြယ် ခံတပ်ထဲမှာလဲ ငါ့စက်ရုံတွေနဲ့ပြည့်နေတော့မှာပဲ မဖြစ်ဖူး၊ စက်ရုံတွေအတွက် နေရာသီးသန့် ထပ်ရှာဦးမှပါ ]

လက်ရှိမှာတော့ ခြောက်ထောင့်ကြယ်ခံတပ်ရဲ့ ၃ပုံ ၂ပုံက စက်ရုံတွေနဲ့ ပြည့်နေတာပဲ ဖြစ်ပါတယ်။ သူအနေနဲ့ စက်ရုံတွေတည်ဆောက်ဖို့ ပထမဆုံးစဉ်းစားမိတာက ဟူးကောင်းလွင်ပြင်ပါပဲ။ မိုင်ထောင်ချီကျယ်ပြန်တဲ့ မြေပြန့်လွင်ပြင်တစ်ခု ဖြစ်တာကြောင့် အဲဒီကိုပဲရွှေ့ဖို့ စီစဉ်လိုက်ပါတော့တယ်။

[ ဗိုလ်ချုပ်ကြီးမင်းထင်နော်ရထာ ဟူးကောင်းလွင်ပြင်မှာ စက်ရုံတွေအတွက် ခံတပ်ကြီးတစ်ခုတည်ဆောက်ချင်တယ်၊ တပ်ရင်းတပ်ဖွဲ့တွေကို ခေါ်သွားပြီး ထောက်ပို့တပ်က CH 47တွေရဲ့အကူအညီနဲ့ တစ်လအတွင်းပြီးအောင်တည်ဆောက်ပါ လိုအပ်တဲ့ရွှေပြားပမဏကို အကိုဝင်းဆီက ထုတ်ယူသွားပါ ]

[ ခံတပ်ပုံစံက ရှိပြီးသား ခြောက်ထောင့်ကြယ်ခံတပ် အတိုင်းပဲကို ပတ်လည်မိုင်တစ်ရာအကျယ် လိုချင်တယ် ]

[ ဟုတ်ကဲ့ပါ အရှင်စော ]

အခန်း ( ၁၂၂ ) ပြီး

အခန်း ( ၁၂၃ )

( လက်နက်များစတင်ရောင်းချပြီ )

ကျင့်ကြံသူတပ်ရင်းတွေနဲ့ ကျွမ်းကျင်သော ကြီးကြပ်သူများရဲ့ ကြိုးပမ်းမှုကြောင့် တစ်လအကြာမှာ စက်ရုံခံတပ်ကြီး ပြီးစီးခဲ့ပါပြီ။ စုစုပေါင်း မိုင်တစ်ရာ ပတ်လည်ရှိပြီး အလည်က မိုင် ၅၀ မြေကွက်လပ်မှာတော့ စပေ့ရှစ်စစ်ယာဉ်ပျံ တည်ဆောက်ရေး စက်ရုံကြီးကို ရွှေ့ပြောင်းချထားပေးလိုက်ပြီး လေတပ်ဌာနချုပ်နဲ့ လေယာဉ်ထုတ် စက်ရုံတွေကိုပါ တပြိုင်နက်တည်း ရွှေ့ပြောင်းပေးလိုက်ပါတယ်။

ဘေးဖက်အချွန်က ၂၅မိုင်ဆီကျယ်တဲ့ မြေကွက်လပ်တွေထဲမှာတော့ သက်ဆိုရင်ရာ စက်ရုံများကို နေရာရွှေ့ပြောင်းပေးလိုက်ပါတယ်။

လွတ်သွားတဲ့ ယခင်ခံတပ်အဟောင်းက မြေနေရာတွေမှာတော့ သံချပ်ကာတပ်ရင်းနဲ့ အထူးတပ်ရင်းတွေကို နေရာပြန်ချထားပေးလိုက်တာပဲ ဖြစ်ပါတယ်။

[ အရှင်စော အယုဒ္ဓယအင်ပါယာ ကိုယ်စားလှယ်အဖွဲ့က တွေ့ခွင့်ပြန်တောင်းနေပါ‌တယ် ]

{ ဟုတ်သားပဲ သူတို့နဲ့ စီးပွားရေးလုပ်ဖို့ ပြောဆိုရဦးမှာပဲ }

[ သူတို့က အခုဘယ်မှာ ရှိနေတာလဲ အကိုဇော်ပိုင် ]

[ အရှင်သီရိပျံချီရဲ့ အမိန့်အရ သုံးရာသီ အလယ်ခြံဝိုင်း ဧည့်ခန်းမဆောင်မှာ ရှိနေပါတယ် အရှင်စော ]

[ ဟုတ်ပြီ ကျွန်တော်ပဲ သွားတွေ့လိုက်တော့မယ် ]

စောရန်နိုင်တစ်ယောက် စနစ်ကရတဲ့ အာကာပြင်ဖြတ်ကျော်ခြင်းကျင့်စဉ်ကို လေ့လာပေါင်းစပ်ပြီးနောက် သုံးရာသီ အလယ်ခြံဝိုင်းဆီ ထွက်လာခဲ့ပါတယ်။

{ မဆိုးဘူးပဲ ဟူးကောင်းလွင်ပြင်နဲ့ မြို့တော်ဆီကို ၁မိနစ်စွန်းစွန်းပဲ သွားလိုက်ရတယ်ဟ }

"အရှင်စောကို အရိုအသေပြုပါတယ်ရှင့်"

"အရှင်စောကို အရိုအသေပြုပါတယ်ခင်ဗျ"

"အင်း နေသာသလိုနေကြပါ၊ လက်နက်အရောင်းကိစ္စ ပြန်ဆွေးနွေးကြတာပေါ့ဗျာ"

"အရင်က ရုတ်တရက်အဆင့်တက်ဖို့ ဖြစ်လာတော့ ကိစ္စတွေ နှောင့်နှေးသွားစေမိတယ် နားလည်ပေးကြပါဦး"

"အရှင်စောက နောက်နေပါပြီ၊ ပြန်မိတ်ဆက်ပါရစေရှင့်"

"အရှင်စော ဒီဂျုနီယာမက အယုဒ္ဓယအင်ပါယာရဲ့ တတိယမင်းသမီး ဆူကီယို ဖြစ်ပါတယ်"

"ကျွန်တော်တို့ကတော့ မင်းသမီးရဲ့ လမ်းခရီးလုံခြုံရေးကို တာဝန်ယူလိုက်ပါလာတဲ့ လူအိုကြီးတွေပါခင်ဗျ"

"မိတ်ဆက်တာတွေ ကျော်လိုက်‌ပါ၊ အဓိကကိစ္စကိုပဲ သွားကြတာပေါ့လေ"

"ဟုတ်ကဲ့ ဒီဂျုနီယာကိုအင်ပါယာက အရှင်စောရဲ့ နိုင်ငံတော်ဆီကနေ လက်နက်တချို့ကို ဝယ်ယူလိုနေပါတယ်ရှင့်"

"အင်း ဟုတ်ပြီ ကျွန်တော်ဖက်ကနေ အဆင့်၂လက်နက်တွေအထိပဲ ရောင်းချပေးနိုင်တယ်နော်၊ အဆင့်၃အထက်ကိုတော့ အငှားပဲချပေးနိုင်တယ်"

"အဆင့်၁နဲ့၂ လက်နက်တွေထဲက ဘယ်တမျိုးကို ဝယ်ချင်တာလဲ ပြောပါဦး၊ အဆင့်၁လက်နက်တစ်ခုကို အဆင့်မြင့် ချီကျောက်တုံး ၁၀တုံး၊ ခရစ်စတယ်ကျောက်တုံး ၁တုံးနဲ့ ယူသွားပါ၊ ရွှေပြားတော့ မလိုချင်ဘူး"

"ခရစ်စတယ်ကျောက်တုံး ဆိုတာတော့ မကြားဖူးဘူးစီနီယာ၊ ချီကျောက်တုံးနဲ့ပဲ ပေးချေပါရစေရှင့်

" ရပါတယ် အဆင်ပြေသလိုပေါ့လေ"

"ဟုတ်ကဲ့ အဲဒါဆိုရင်လဲ M 1752 ဆိုတဲ့ သေနတ်အမျိုးအစားကို အဓိက ဝယ်ယူခွင့်ပြုပါရှင့်၊ ဖြစ်နိုင်ရင် အလက် ၁‌ထောင်လောက် လိုချင်ပါတယ်"

"ဟား ဟား အလက်၁သောင်းဆိုလဲ ရနိုင်ပါတယ် ကိုယ်စားလှယ်ဖက်က တက်နိုင်သလောက် လက်နက်အရေအတွက်ကို ထုတ်ပေးနိုင်ပါတယ်"

"အဆင့်၁ လက်နက်တစ်ခုကို အဆင့်မြင့်ချီကျောက်တုံး ၁၀တုံးနဲ့ အလက်တစ်သောင်း ၁သိန်းဖိုး ယူလို့ရမလားရှင့်"

"အင်း ပထမဆုံးဖောက်သည်ဆိုတော့ လျော့ပေးနိုင်ပါတယ် အဆင့်၁လက်နက် တစ်ခုကို ၈တုံးနဲ့ ၆လတိတိ ကျွန်တော့်ဘက် လေ့ကျင့်ရေး ဆင်းပေးမယ်ဆိုရင်ကော"

"အဲဒါဆိုရင် ပိုအဆင်ပြေပါတယ် စီနီယာ ၊ ဒါပေမဲ့ လောလောဆယ်မှာ အဆင့်၁လက်နက် အခုတစ်ထောင်စာ ၈ထောင်တုံးကိုပဲ လက်ငင်းပေးချေ နိုင်ပါဦးမယ်ရှင့်"

"အင်း ရတယ်လေ၊ အလက်၁ထောင်စာအတွက် ၈ထောင် ကျသင့်မယ်ဆိုတော့ကာ ၇သောင်း၂ထောင်အကြွေးပေါ့လေ၊ ရပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်စီနီယာ အခုတော့ လက်ငင်းအနေနဲ့ အဆင့်မြင့်ချီကျောက်တုံး ၈ထောင်ကို တစ်ခါထဲပေးချေသွားပါ့မယ်ရှင့်"

"နောက်ထပ်ကော ဘာလိုချင်သေးလဲ ပြောပါဦး အကြွေးစနစ်နဲ့ ယူသွားပေါ့ ၆လပြည့်လို့ သင်တန်းသားတွေကို အင်ပါယာဆီ လာပို့တဲ့အခါမှ ပေးချေကြပေါ့"

"အဲဒါဆိုရင် kar 98k ဆိုတဲ့ အဆင့်၂လက်နက် အခု ၂ရာလဲ လိုချင်ပါတယ် စီနီယာ၊ ပြီးတော့ ဂျုနီယာတို့ကို ခေါ်ဆောင်လာတဲ့ ယာဉ်ပျံ၁ စီးလောက်ကိုလဲ တစ်ခါထဲ ဝယ်သွားချင်ပါသေးတယ်ရှင့်"

"အင်း kar 98k ကတစ်လက်ကို ၂၅တုံး ကျသင့်လိမ့်မယ်၊ အလက်၂ရာဆိုတော့ ၅ထောင်ပေါ့လေ ၊ CH 47 တစ်စီးကို အဆင့်မြင့်ချီကျောက်တုံး ၅၀၀၀တော့ ကျသင့်လိမ့်မယ်"

"ဟုတ်ကဲ့ စုစုပေါင်း နောက်၆လအကြာမှာ အပြီးချေပေးပါ့မယ်ရှင့်"

"အင်း အဆင်ပြေပါတယ်၊ အကြွေးအနေနဲ့ စုစုပေါင်း အဆင့်မြင့်ချီကျောက်တုံး ၈၂၀၀၀ကျန်မယ်ပေါ့"

"ဟုတ်ကဲ့"

အခန်း ( ၁၂၃ ) ပြီး

All Chapters