← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း ( ၁၂၄ )

( အယုဒ္ဓယအင်ပါယာစစ်သည်များကို လေ့ကျင့်ပေးခြင်း )

( ဒီအခန်းဟာ လေ့ကျင့်ရေးပိုင်းကို ဦးစားပေးရေးမှာမို့ လေ့ကျင့်ရေးသဘာဝအရ နည်းနည်းကြမ်းတမ်းတဲ့ အဆဲအဆိုစာသားတွေ ပါတာမို့ သည်းခံနားလည်ပေးစေချင်ပါတယ် )

"ဘယ်လိုလုပ်နေတာလဲ မင်းတို့ကကျင့်ကြံသူတွေမဟုတ်ကြဘူးလားကွ"

"ဟိုဘက်ကကောင် သေနတ်ကိုဘယ်လို ချီခဲယမ်းဖြည့်နေတာလဲကွ၊ ပေါက်ကွဲကုန်ရင် မင်းတပ်ခွဲတစ်ခုလုံး မသာပေါ်ကုန်မယ်ဆိုတာ မှတ်ထားစမ်း"

"ဟိုအတန်းက ၆ယောက်မြောက်အကောင် သေနတ်ကို မင်းအဘဆီ ချိန်နေတာလားကွ"

"မင်းအဘလိုပဲ ပစ်မှတ်က မင်းအရှေ့တည့်တည့်မှာကွ မိုးပေါ်မှာမဟုတ်ဘူး သေချာပြန်ပြီး ချိန်ပစ်စမ်း"

ခြောက်ထောင့်ကြယ်ခံတပ်ဟောင်းရဲ့ ခြံဝိုင်းထောင့်ချွန်တစ်ခုထဲမှာ အမှတ်၁ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း တည်ရှိပါတယ်။

ကွင်းပြင်ထဲမှာတော့ အယုဒ္ဓအင်ပါယာရဲ့ အစွမ်းထက်လှပါပေ့ဆိုတဲ့ လက်ရွေးစင်စစ်သည်တွေကို ကြယ်တစ်ပွင့်ဗိုလ်ချုပ်ကြီး မင်းလှစည်သူကိုယ်တိုင် ဦးစီးပြီး လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။

စုစုပေါင်း စစ်သည်တစ်သောင်းနဲ့ နှစ်ရာတိတိဖြစ်ပြီး ၆လကြာ လေ့ကျင့်ရေးဆင်းရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း တပ်ရင်း၄ရင်းနဲ့ တပ်ခွဲတစ်ခွဲစာရှိမှာဖြစ်ပါတယ်။

"တပ်ရင်း၁ကကောင်တွေ မင်းအဘလိုတလွဲတွေ လုပ်နေတာလား၊ သေချာပြန်ချိန်ပြီးပစ်ကြစမ်း"

"ဒီသေနတ်ကလေးကိုတောင် တည့်အောင်မချိန်နိုင် မှန်အောင်မပစ်နိုင်ရင် မင်းအဘကျိုင်းကောင်တွေကို မင်းတို့နှမတွေနဲ့ ပေးစားလိုက်ကြ"

"တပ်ရင်း၂နဲ့ တပ်ရင်း၄ ဒိုက်အခါ၁သောင်း တပ်ရင်းလိုက်ထိုးစမ်း၊ ချီခဲယမ်းတွေကို မင်းအဘက အလကားလာပေးနေတာ မဟုတ်ဘူးကွ"

"တပ်ရင်း ၃ကို ကြည့်စမ်း ဘယ်လောက်တော်လိုက်လဲ ကျန်တဲ့တပ်ရင်း၃ခုကကောင်တွေ ညနေတန်းဖြုတ် သူတို့တပ်ရင်းရဲ့ အိမ်သာတွေကို သွားဆေးကြစမ်း"

"ကြားလား"

"ဟုတ်"

"တပ်ရင်း၃ တပ်ရင်းမှူး တောက်လီ"

" ရှိ"

"မနက်ဖြန်တစ်ရက်နဲ့သဘက်ခါတစ်ရက် မင်းတို့တပ်ရင်းလိုက် အနားရမယ်၊ လကရမှူး ဗိုလ်ချုပ်ကြီးမင်းရဲကျော်ထင်ကို မင်းကိုယ်တိုင်သတင်းသွားပို့ပြီး သီဟသီရိမြို့တော်ဆီ နှစ်ရက်တာ အလည်အပတ် သွားကြပါပေါ့ကွာ"

"ဟုတ်"

"ကျန်တဲ့တပ်ရင်း၃ခုက အကောင်တွေ သေချာမှတ်ထားကြ၊ ဒါဟာတစ်ရာနိုင်ငံ နစတလေ့ကျင့်ရေးရဲ့ ဆုပေးဒဏ်ပေး စနစ်ပဲဖြစ်တယ်"

"ဒီလကရခြောက်လအတွင်းမှာ မင်းတို့သုံးသမျှ ချီခဲယမ်းတွေရဲ့တန်ဖိုးကို မင်းတို့ရဲ့ အယုဒ္ဓယအင်ပါယာက ပေးချေရတယ်ဆိုတာ မမေ့ပါနဲ့ ကြားလား"

"ဟုတ်"

"ဒိုင်ထိုးပြီးရင် တစ်နာရီ အနားရမယ်၊ မြန်မြန်ထိုးကြစမ်း၊ ဟိုအကောင် အခြောက်လိုလုပ်မနေနဲ့ ဒါစစ်တပ်ကွ ကြားလား"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

၆လတာလေ့ကျင့်မှုဟာ ပထမ ၄လသည် ကျင့်ကြံသူစစ်သည်တွေကို ချီစွမ်းအားချိတ်ပိတ်ပြီး သာမန်လူပုံစံနဲ့ လေ့ကျင့်ပေးတာမလို့ အင်မတန် ပင်ပန်းလှပါတယ်။

တစ်ရာနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုဟာ တခြားသောကျင့်ကြံသူစစ်တပ်များနဲ့ မတူကွဲပြားနေတာပဲ ဖြစ်ပါတယ်။

ပထမ၄လအတွင်း စစ်တပ်ပုံစံရိုက်သွင်းခြင်း၊ သေနတ်အား ချီခဲယမ်းဖြင့် ပစ်ခတ်လေ့ကျင့်ခြင်းကို အဓိကထား လေ့ကျင့်ကြရပါတယ်။ ဒုတိယ၂လအတွင်းမှာတော့ သေနတ်အား ကိုယ်တွင်းချီထည့်သွင်း ပစ်ခတ်ခြင်းနဲ့ စစ်ရေးပြကို ဆက်လက်လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ M 1752 musketတွေက အဆင့်၁ လက်နက်ဖြစ်တာကြောင့် အန္တရယ်များလှပါတယ်။ ချီခဲယမ်းနဲ့ ပစ်ခတ်စဉ်က အန္တရယ်အကင်းဆုံးမို့ သေနတ်နဲ့ အသားကျအောင် အရင်ပြုလုပ်တဲ့နေရာမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သေနတ်ကိုမရင်းနှီးခင် ကိုယ်တွင်းချီဖြည့်သွင်း ပစ်ခတ်ရာမှာ အခက်မစသင့်ရင် ချီပေါက်ကွဲမှု ဖြစ်သွားနိုင်ပြီး တပ်ခွဲ၊တပ်စုလိုက် အသက်ပျောက်သွားနိုင်ပါတယ်။

သေနတ်နဲ့အသားကျပြီ ကောင်းကောင်းချိန်ရွယ်ပစ်ခတ်နိုင်ပြီဆိုရင် ကိုယ်တွင်းချီနဲ့ ပစ်ခတ်စဉ်ကို ဂရုတစိုက်လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ လကရသင်တန်းတွေရဲ့ မပါမဖြစ် ကျောင်းဆင်းစစ်ရေးပြအတွက်လဲ သီးသန့်၂ပတ်တာ လေ့ကျင့်ပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ရေးလုပ်ငန်းစဉ်အကြောင်း စောရန်နိုင်ရှင်းပြစဉ်က ဆူရီယိုနဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နားမလည်နိုင်ဖြစ်ခဲ့ရပါသေးတယ်။

"ဝိုး သီဟသီရိမြို့တော်ကြီးက ငါတို့အင်ပါယာမြို့တော်ထက်တောင် ကြီးကျယ်ခမ်းနားလိမ့်မယ်လို့ မထင်ထားဘူးကွာ"

"အေးဟ အစတုန်းက နိုင်ငံငယ်လေးတစ်ခုက ငါတို့ကို လေ့ကျင့်ပေးမယ်ဆိုတော့ စောဒကတက်လိုက်မိသေးတယ်ဟေ့"

"အခုတော့ကွာ ငါ့လခွီး ပင်ပန်းလိုက်တာမှလွန်ရော ချီစစ်သူကြီးအဆင့်ငါတောင် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တွေ ပေါက်မိသားဟေ့"

"ဟား ... ဟား တပ်ရင်းမှူးက တော်ပါသေးတယ်ဗျာ ကျွန်တော့်တုန်းကဆို ချီစွမ်းအားချိတ်ပိတ်လျက်သားနဲ့ သေနတ်ကြီးထမ်းပြီး ကွင်း၁၀ပတ်ပြေးရတုန်းက တကယ်ပါဗျာ ကြုံဖူးသမျှထဲ ပထမဆုံးအကြိမ် သေချင်စိတ်ပေါက်သွားတာပဲဗျို့"

"ဟား ... ဟား ကဲကဲ ငါတို့အနားရတုန်း မြို့တော်ထဲ လည့်ပတ်ကြည့်ရအောင်ကွာ၊ သိပ်မကြာခင်ကစပြီး ပစ်ခတ်စဉ်နည်းအသစ်နဲ့ လေ့ကျင့်ရတော့မှာတဲ့ဟေ့"

အခန်း ( ၁၂၄ ) ပြီး

အခန်း ( ၁၂၅ )

( သူတို့ရဲ့ ခိုင်မာသောရည်ရွယ်ချက် )

တပ်ရင်း ၄က တပ်သားတွေနဲ့ တပ်ရင်းမှူးတောက်လီဟာ လကရသင်တန်းကျောင်းက သင်တန်းဆရာတစ်ဦးနဲ့အတူ သီဟသီရိမြို့တော်ဆီ အလည်အပတ် ထွက်ခဲ့ကြပါတယ်။

တစ်ခုထူးဆန်းတာက သူတို့ဝင်ရောက်တဲ့နေရာတိုင်းက သူတို့တတွေက သင်တန်းသားတွေမှန်းသိသွားတာနဲ့ လျော့ဈေးတွေပေးကြ၊ အခမဲ့ကျွေးမွေးကြနဲ့ ဖော်ရွေနေကြတာပဲဖြစ်ပါတယ်။

မြို့တော်ရဲ့ မိသားစုကြီးတွေနဲ့ ဂိုဏ်းတွေဆီကိုလဲ ဧည့်သည်တော်တွေအဖြစ် အကြိမ်ကြိမ်အခါခါဖိတ်ကြားခံခဲ့ရပါသေးတယ်။

သွားလာချင်တဲ့နေရာတိုင်းကို CH 47 ရဟက်ယာဉ်နဲ့ ပို့ပေးနေတာမို့ နေရာစုံကို သွားဖြစ်ခဲ့ကြပါသေးတယ်။

အထူးသဖြင့် မြို့တော်အလည်က အမှတ်တ‌ရ သူရဲကောင်းကျောက်တိုင် တည်ရှိရာ အာဇာနည်ရင်ပြင်ကိုပါပဲ။ ထိုကျောက်တိုင်မှာတော့ သားရဲ၆သိန်း ကျူးကျော်စဉ်က ကာကွယ်ရင်း ကျဆုံးခဲ့တဲ့ သိန်းချီသော သူရဲကောင်းတွေကို နာမည်တွေကို မော်ကွန်းတင် ရေးသားထားတာပဲဖြစ်ပါတယ်။

ထိုကျောက်တိုင်ပါ ရေးသားဖော်ပြချက်များအရ လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားဧည့်သည်တော်တိုင်းဟာ သားရဲ၆သိန်း ကာကွယ်ရေးတိုက်ပွဲကြီး အကြောင်းနဲ့ သားရဲတစ်ထောင် နယ်စပ်မြို့ငယ်လေး အဖြစ်ကနေ သီဟသီရိမြို့တော်ကြီးရယ်လို့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို တခမ်းတနား ပြန်လည်ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

Musket စစ်သည် ၃သောင်း အဓိကပါဝင်တဲ့ အခန်းမှာတော့ တောက်လီတို့ တပ်ရင်းစစ်သည်တွေရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ကြပါတယ်။

[ သူတို့တောင် စစ်သည်၃သောင်းနဲ့ တိုက်ပွဲကို အောင်မြင်ခဲ့ရင် ငါတို့ လူ၁သောင်းက ဘာလို့ကျိုင်းကောင်တွေကို မခုခံနိုင်ရမှာလဲ ]

နှစ်ရက်ကြာ လည်ပတ်မှူအပြီး ညနေခင်းတစ်ခုမှာတော့ လိုက်ပါပို့ဆောင်ပေးသူ သင်တန်းဆရာ ဗိုလ်မှူးသူရလင်းနိုင်က

"ဘယ်လိုလဲကွ မင်းတို့တတွေ ဘယ်လိုခံစားရလဲ"

"ဘာကိုလဲ ဆရာကြီး"

"မင်းတို့တတွေ အစပိုင်းမှာ တစ်ရာနိုင်ငံကို အထင်အမြင်သေးနေကြတာမလား၊ အခုကော"

"ဟူး ... အမှန်ပဲဆရာကြီး အစကအထင်သေးခဲ့ပေမဲ့ လက်တွေ့မှာ တစ်ရာနိုင်ငံဆိုတာက အယုဒ္ဓယအင်ပါယာထက်တောင် စည်ကားဖွံဖြိုးပြီး အသိပညာ၊ အတက်ပညာ သာလွန်တဲ့ နိုင်ငံတစ်ခုပဲဆိုတာ သိလိုက်ရပါပြီဗျာ"

"ဟား ဟား ကဲကဲ နားကြတော့ မနက်ဖြန်ကစပြီး မင်းတို့တပ်ရင်းတွေက သင်တန်းကျောင်း တစ်ခုဆီမှာခွဲပြီး ပစ်ခတ်စဉ်အသစ်ကို လေ့ကျင့်ရတော့မှာ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

နောက်တစ်နေ့မှာတော့ Ch 47 ရဟက်ယာဉ် ၅စင်းက သင်တန်းသားတွေကို နောက်ထပ်လကရကျောင်း အသီးသီးဆီ ခေါ်ဆောင်သွားကြပါတယ်။

Kar 98k သေနတ်အား လေ့ကျင့်ရမည့် တပ်ခွဲကတော့ နွယ်ပန်းမြို့ကြီးနားက အမှတ်၂၀ လကရကျောင်းမှာ ထပ်မံပြီး လေ့ကျင့်ရေးဆင်းရမှာဖြစ်ပြီး M1752 musket သေနတ်အား လေ့ကျင့်ရမည့် တပ်ရင်းတွေကတော့ အမှတ်၁၁၊ အမှတ်၁၂၊ အမှတ်၁၃ ၊ အမှတ်၁၄ အခြေခံတန်းမြှင့် လကရကျောင်းတွေမှာ ထပ်မံပြီး လေ့ကျင့်‌ရေးဆင်းရမှာပဲ ဖြစ်ပါတယ်။

ထိုအထဲမှာမှ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးနဲ့ တပ်စိတ်မှူးအသီးသီးဖြစ်လာမဲ့ သူတွေကတော့ သက်ဆိုင်ရာ တပ်ရင်းမှူးသင်တန်း၊ တပ်ခွဲမှူးသင်တန်း၊ တပ်စုမှူးသင်တန်း တပ်စိတ်မှူးသင်တန်းတွေကို သွားရောက်ကြရမှာပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာ သင်တန်းကျောင်းတွေရဲ့ ခက်ခဲပင်ပန်းသော သင်ကြားပို့ချမှုများကို ၆လတာ သင်ယူအပြီးမှာတော့ နော်ဒင်လွင်ပြင်မှာရှိတဲ့ နစတ စစ်ရေးပြကွင်းကြီးမှာ နစတ M4 carbineကိုင် တပ်ရင်းသစ် ၂၆ရင်း၊ အယုဒ္ဓယအင်ပါယာတပ်ရင်း၄ရင်းနဲ့ တစ်ခွဲဟာ စုပေါင်းပြီး သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြပါတယ်။ စုစုပေါင်း အင်အား ၄၉၂၀၀ ရှိတဲ့ သင်တန်းဆင်းပွဲတစ်ခု ဖြစ်ပါတယ်။

( M4 carbine ကိုင်တပ်ရင်းသစ်မှာက လူအသစ်တွေမဟုတ်ပါဘူး ရှိပြီးသား တပ်ရင်းတွေထဲက လူကောင်းတွေကို ရွေးထုတ်ပြီး တပ်ရင်းအသစ်တွေအနေနဲ့ ပြန်လည်ဖွဲ့စည်းလေ့ကျင့်ပေးလိုက်တာပါ၊ လူထွက်လို့လူနည်းတဲ့တပ်ရင်းတွေကို ပြန်အစားထိုးပေးတာမလို့ ယခင်ရှိပြီးသား တပ်ရင်းတွေကတော့ ယခင်အတိုင်းပဲ ကျန်နေမှာဖြစ်ပါတယ်၊ ယခုတပ်ရင်းအသစ်တွေမှာ တပ်ရင်းတစ်ခုကို စစ်သည် ၁၅၀၀ပါဝင်နေမှာဖြစ်ပြီး တပ်ခွဲ၅ခွဲပါဝင်လာပြီး ပင်မတိုက်ပွဲဝင်တပ်ရင်း ပုံစံအသစ်ဖြစ်လာပါတယ် )

ထိုသင်တန်းဆင်းပွဲကို ကြယ်သုံးပွင့် ကြည်းတပ်ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာက မိန့်ခွန်းပြောပေးခဲ့ပါတယ်။

အဲဒါအပြင် လက်ရှိသင်တန်းဆင်းတဲ့ တပ်ရင်း၃၀နဲ့ တစ်ခွဲဟာ အယုဒ္ဓအင်ပါယာကို ချီတက်ကြရမှာပဲ ဖြစ်ပါတယ်။

အခန်း ( ၁၂၅ ) ပြီး

စာစဉ် ၉ အလယ်

အခန်း ( ၁၂၆ )

( တပ်ရင်းများကို အငှားချပေးခြင်း )

"ကဲ ဆိုစမ်းပါဦး မင်းသမီး ဘာတွေအလိုရှိသေးလို့လဲ"

"အရှင် အယုဒ္ဓယအင်ပါယာ အရှင်မင်းမြတ်ဖြစ်တဲ့ ဒီဂျုနီယာရဲဖခင်က အရှင်တို့နိုင်ငံနဲ့ မဟာမိတ်ဖွဲ့လိုကြောင်း အကြောင်းကြားလာပါတယ်အရှင် အဲဒါ"

"ထိုက်တန်လို့လား မင်းသမီးဆူရီယို"

စောရန်နိုင်က ပြောလက်စ စကားလုံးများကို ခနမျှရပ်ထားလျက် ဆူရီယိုအား စိုက်ကြည့်လိုက်ရင်း

"လက်အောက်ခံမယ်ဆိုရင်တော့ စဉ်းစားပေးနိုင်မယ်လို့ အကြောင်းပြန်လိုက်ပါ"

"အဆင့်နိမ့် ကုန်မြေတွေရဲ့ အင်ပါယာတွေက တစ်ရာနိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့ မထိုက်တန်သေးဘူးဆိုတာ မင်းသမီးသိထားသင့်တယ်၊ အတိုင်းအတာတစ်ခုထက် ပိုတောင်းဆိုနေမယ်ဆိုရင် အယုဒ္ဓယအင်ပါယာကို တစ်ရာနိုင်ငံတော်က ဖျတ်ဆီးပစ်နိုင်တယ်ဆိုတာ သိထားပါ"

ဆူရီယိုတစ်ယောက် အထိတ်တလန့် ဖြစ်သွားရပြီး ဒူးထောက်တောင်းပန်လိုက်ရပါတယ်။

"ခွင့်လွှတ်ပေးပါ အရှင်အင်ပေါ်တယ်၊ အခုအချိန်မှာ အယုဒ္ဓယအင်ပါယာက အကူအညီအများအပြား လိုအပ်နေတာအမှန်ပါ၊ အဲဒါကြောင့် ဖခင်ဘုရင်မင်းမြတ်က မဟာမိတ်ဖွဲ့စာချွန်လွှာ ပို့ခိုင်းလိုက်တာပါ"

"ဟွန်း မင်းသမီးရဲ့အင်ပါယာ ဒုက္ခရောက်နေတာက ကျွန်တော်တို့ တစ်ရာနိုင်ငံနဲ့ ဘာဆိုင်လို့လဲ၊ မဖြစ်နိုင်တာတွေ မတောင်းဆိုပါနဲ့ ကျွန်တော့်ရဲ့ သည်းခံမှုမှာ အကန့်အသတ်ရှိတယ်ဆိုတာ ပြန်အသိပေးလိုက်"

"ဟုတ် ဟုတ်ကဲ့ပါ၊ အရှင်အင်ပေါ်တယ် ဒါပေမဲ့ ဒီဂျုနီယာတို့အင်ပါယာရဲ့ အရှင်အင်ပေါ်တယ်အပေါ် လေးစားမှုကို အသိအမှတ်ပြုသောအားဖြင့် အရှင်အင်ပေါ်တယ်ရဲ့ နစတတပ်ရင်းတချို့ကိုတော့ အငှားအနေနဲ့ ထည့်ပေးဖို့ အတင့်ရဲပြီး တောင်းဆိုပါရစေ"

"အဖိုးအခအနေနဲ့ အဆင့်မြင့်ချီကျောက်တုံး ၁သောင်းနဲ့ ဒီဂျူနီယာက အရှင်အင်ပေါ်တယ်အနားမှာ အစေခံအဖြစ်ခစားပါ့မယ်"

"ကျေးဇူးပြုပြီး အယုဒ္ဓအင်ပါယာကို ကယ်တင်ပေးပါ အရှင်"

"မင်းသမီးတို့အင်ပါယာကိုပြန်မဲ့ တပ်ရင်း၄ရင်းအပြင် ကျွန်တော့်ရဲ့ နစတတပ်ရင်းအသစ် ၂၆ရင်းကို လက်တွေ့လေ့ကျင့်ရေးအနေနဲ့ တစ်ပါတည်းထည့်ပေးလိုက်မှာမို့ ကျိုင်းကောင်ကာကွယ်ရေးမှာ အထောက်အကူဖြစ်ပါလိမ့်မယ်"

"ခနစောင့်ပါ၊ မင်းသမီးနဲ့အတူ နောက်ထပ် နစတပင်မတပ်ရင်းတချို့ကို ထည့်ပေးလိုက်ပါ့မယ်"

"အငှားချတဲ့ တပ်ရင်းတွေအတွက် ချီကျောက်တုံး ၂သောင်းကိုတော့ ပေးဆောင်ရလိမ့်မယ်၊ ကျန်တာတော့ မင်းသမီးတို့ရဲ့ သဘောဆန္ဒအတိုင်း ဆောင်ရွက်ကြပါ"

[ အမြောက်တပ်ဗိုလ်ချုပ်ကြီး မင်းရဲကျော်ထင်၊ လေတပ်ဗိုလ်ချုပ်မကြီး ချူရီ၊ မြင်းတပ်ရင်းဗိုလ်ချုပ်ကြီး သီရိပျံချီ၊ ခြေလျင်တပ်ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာ ခန်းမထဲ လာခဲ့ပါ ]

[ ဟုတ်ကဲ့ပါအရှင်စော ]

စက္ကန့်ပိုင်းအတွင်းမှာပဲ ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီးတွေ ရောက်ရှိလာကြပါတယ်။

"ဂါဝရပြုပါတယ်အရှင်စော"

စောရန်နိုင်က ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်ရင်း

"အမြောက်တပ်ဗိုလ်ချုပ်ကြီး မင်းရဲကျော်ထင် အမိန့်နာခံပါ စပတနဲ့အမင တပ်ရင်း၂၀ဆီ၊ လခတပ်ရင်း၁၀ရင်း အသင့်ပြင့်ထားပြီး အယုဒ္ဓယတပ်ရင်းတွေနဲ့ တပါတည်းလိုက်ပါသွားပါ"

"မြင်းတပ်ဗိုလ်ချုပ်ကြီး သီရိပျံချီ အမိန့်နာခံပါ၊ မတတပ်ရင်း၅၀၊ M IV သံချပ်ကာယာဥ်တပ်ရင်း ၅ရင်းကို အသင့်ပြင်ထားပြီး ဗိုလ်ချုပ်ကြီးမင်းရဲကျော်စွာဦးစီးနဲ့ တပါတည်းလိုက်ပါခိုင်းလိုက်ပါ"

"ခြေလျင်တပ်ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာ အမိန့်နာခံပါ၊ ဗိုလ်ချုပ်ကြီး မင်းလှစည်သူဦးစီးနဲ့ M1 carbineကိုင် တပ်ရင်း၅၀၊ kar 98kကိုင် တပ်ရင်း၁၀၀၊ M1752 musketကိုင် တပ်ရင်း ၁၅၀၊ M4 carbineကိုင် တပ်ရင်း၂၆ရင်း၊ Mg 34 စသနကတပ်ရင်း ၂၀ရင်း၊ စသနလ တပ်စု ၅၀ ကို အယုဒ္ဓယတပ်ရင်းတွေနဲ့ တပါတည်းလိုက်ပါသွားဖို့ ပြင်ဆင်ပါ"

"ဟုတ်ကဲ့ပါ အရှင်စော"

"လေတပ်ဗျုဟာ ၁၅ခု၊ ထပတပ်ဆွယ် ၂၀ခုကိုတော့ ညီမလေးချုရီကပဲ စီစစ်ရွေးချယ်သွားပါ"

"ဟုတ်ကဲ့ အစ်ကိုကြီးစော"

"တပ်ရင်းအားလုံးကို ကိုယ်ရံတော်မှူး ချုရင်က ဦးစီးဦးဆောင်ရမယ်"

"ကျွန်တော်ကိုယ်တိုင်ကတော့ သမီးတော်၆ယောက်နဲ့ နောက်မှအေးဆေးလိုက်ခဲ့ပါမယ်"

"ကျေးဇူးတင်ပါတယ် အရှင်၊ ကျေးဇူးတင်ပါတယ်အရှင်၊ အယုဒ္ဓယအင်ပါယာက ဒီကျေးဇူးကို လုံးဝမမေ့စေရပါဘူး"

"ဟား ဘယ်အရာမှအခမဲ့ မပေးထားပါဘူးဗျာ၊ အချိန်တန်ရင် ချီကျောက်တုံးနဲ့ ပေးချေဖို့သာ မမေ့ကြပါနဲ့လေ"

တစ်ပတ်အကြာမှာတော့ အင်အားသိန်းချီတဲ့ နစတတပ်ရင်းတွေ၊ အယုဒ္ဓယတပ်ရင်းတွေကို တင်ဆောင်လျက် ရာချီသော CH 47 ရဟက်ယာဉ်များဟာ လေတပ်ဗျုဟာများ ခြံရံလျက် နိုင်ငံကူးပေါ်တယ်မှတဆင့် အယုဒ္ဓယ အင်ပါယာဆီ ချီတက်သွားကြလေသည်။

စစ်သည်အင်အားအနေနဲ့ မြင်းတပ်သား၃သိန်း ၊ M IV သံချပ်ကာယာဉ် ၁၂၅စီး ( တပ်သား ၃၇၅ဦး ) ၊ helepolis အမြောက်ငယ် ၃၆၀လက် ( တပ်သား ၁၀၈၀ဦး) ၊ ၈၁မမ စိန်ပြောင်းကြီး ၉၀၀လက် ( တပ်သား ၂၇၀၀ဦး ) ၊ လောင်ချာ ၁၂၃၀လက် ( တပ်သား ၂၄၆၀ဦး ) ၊ M1 carbineတပ်သား ၃သောင်း၊ kar 98k ကိုင်တပ်သား ၁သိန်း၊ M 1752 musketကိုင် တပ်သား ၃၇၅၀၀၀၊ M4 carbineကိုင် တပ်သား၃၉၀၀၀၊ MG စသနက အလက် ၉၀၀ ( တပ်သား ၂၇၀၀ဦး ) ၊ PPSH စကလ အလက် ၃၂၅၀လက် ( တပ်သား ၃၂၅၀ဦး ) ၊ BA 17 ဗုံးကြဲလေယာဉ် ၂၂၅စင်း ( တပ်သား ၁၃၅၀ဦး ) ၊ P 51 တိုက်လေယာဉ် ၃၀၀ ( တပ်သား ၃၀၀ဦး) ၊ CH 47 ရဟက်ယာဉ် ၅၀၀စင်း ( တပ်သား ၂၅၀၀ဦး ) ပါဝင်မှာဖြစ်ပါတယ်။ စုစုပေါင်း အယုဒ္ဓယချီ တပ်အင်အား ၈၆၀၇၁၅ ဦးရှိမှာဖြစ်ပါတယ်။ ဦးစီးဗိုလ်ချုပ်ကြီး၅ဦးကိုပါ ထည့်ရေတွက်ရရင် ၈၆၀၇၂၀ တိတိ ရှိနေမှာပဲ ဖြစ်ပါတယ်။

အခန်း ( ၁၂၆ ) ပြီး

All Chapters