← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း ( ၁၂၇ )

( အယုဒ္ဓယအင်ပါယာသို့ ရောက်ရှိကြခြင်း )

အယုဒ္ဓယအင်ပါယာရဲ့ အဓိကလက်ကျန်မြို့တော် မယ်ဆိုင်ခံတပ်ကြီးမြို့ဟာ တောင်ပေါ်ဒေသမှာ တည်ရှိနေတာကြောင့် ကျိုင်းကောင်တွေကို အထက်စီးကနေ ခုခံကာကွယ်ထားနိုင်ကြပါတယ်။

ကြီးမားမြင့်မားလှပြီး ခိုင်ခံ့လှတဲ့ ခံတပ်နံရံကြီးကြောင့် အင်ပါယာစစ်သည် ၂သန်းကျော်ဟာ အဆင့်နိမ့် ကျိုင်းကောင်သားရဲတွေကို ၁၅နှစ်ကြာသည်အထိ ခုခံနိုင်ခဲ့ကြပါတယ်။

အယုဒ္ဓယအင်ပါယာအနှံ့မှာ ဒီလိုခံတပ်ကြီးပေါင်း ၂၅ခုသာ ကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။

ခံတပ်ကြီးများ တည်ရှိရာနေရာတွေက အယုဒ္ဓယအင်ပါယာရဲ့ အဓိကချီကျောက်တုံးမိုင်းတွင်း ၅ခုနဲ့ လူဦးရေထူထပ်ရာ လက်ကျန်မြို့တော်ကြီးတွေရှိရာပဲ ဖြစ်ပါတယ်။ ထိုမြို့တော်ကြီးတွေထဲမှာ လက်အောက်ခံနိုင်ငံ ၁၂ခုက မြို့တော်ကြီးတွေနဲ့ အင်ပါယာရဲ့ အဓိကနယ်မြေအတွင်းက လက်ကျန်မြို့တော်ကြီးတွေပဲ ဖြစ်ပါတယ်။

နိုင်ငံကူးပေါ်တယ်ရှိရာ မြို့တော်ဟောင်း အများအပြားကိုတော့ ကျိုင်းကောင်သားရဲတွေက ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပြန်လည်တိုက်ယူနိုင်ခြင်း မရှိသေးပါဘူး။

တစ်ရာနိုင်ငံတော် နစတအနေနဲ့ အယုဒ္ဓယအင်ပါယာရဲ့ ပင်မမြို့တော်ဖြစ်တဲ့ မယ်ဆိုင်မြို့ရှိ နိုင်ငံကူးပေါ်တယ်ဆီကိုပဲ တိုက်ရိုက်ခုန်ကူးသွားရပါတယ်။

သူတို့ရောက်ရှိလုလုအချိန်မှာတော့ မယ်ဆိုင်မြို့ဟာ ကျိုင်းကောင်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်ပဲ ဖြစ်ပါတယ်။

"မြှားသမားတွေ ပစ်ကြဟေ့"

"ဝှစ် ... ဝှစ် ... ဝှစ် .. တောက် .. တောက်"

"တပ်စုမှူး ဒီဖက်မှာ အဆင့်၅ ဘုရင်မကြီးဗျ"

"လောက်လွဲတွေနဲ့ ပစ်ကြဟေ့"

"သားရဲစွမ်းအင်တွေကို ရှောင်ကြဟေ့ အား "

"ဝီး ... ဝီး .. ဇွတ် .. ဇုတ် .. အင့်"

အဆင့်၅ ကျိုင်းကောင်ဘုရင်မတွေဟာ သားရဲစွမ်းအင်လို့ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို သူတို့ရဲ့ အမြူတေတွေကနေတဆင့် အပြင်ဖက်ကို ထုတ်ဖော်တိုက်ခိုက်နိုင်ကြပါတယ်။

အမဲရောင်ကျိုင်းကောင် ထောင်သောင်းချီဟာ ခံတပ်ကြီးအောက်ခြေကို အတင်းဝင်ဆောင့်နေကြပါတယ်။

"ဒုန်း ... ဒုန်း ကျီး ကျိ ကျိ"

ခံတပ်ကြီးရဲ့နံရံတွေက ခိုင်ခံ့ကျစ်လစ်တဲ့ သတ္တုတစ်မျိုးနဲ့ ဖန်တီးထားတာမလို့ ကျိုင်းကောင်တွေ မထိုးဖောက်နိုင် ဖြစ်နေပါတယ်။ ထိုကဲ့သို့ ကျိုင်းကောင်တွေ ခံတပ်နားစုဝေးပြီး မတိုးပေါက်နိုင် ဖြစ်နေစဉ်မှာပဲ ပေါ်တယ်ထဲကနေ လေတပ်ဗျုဟာရဲ့ လေယာဉ် ၅၂၅စင်း ထွက်ပေါ်လာပါတော့တယ်။

"ဝေး .. သားရဲတွေအများကြီးပဲ ဆော်လိုက်ကြစိုဟေ့"

"ဟုတ်ကဲ့ပါ အရှင်မချုရီ"

ရှေ့ဆုံးကနေ Wulf Fw 190D- 9 ( Wf 190 ) တိုက်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်လာတဲ့ ချူရီတစ်ယောက် ပြောပြောဆိုဆိုနဲ့ မြေပြင်ဆီ ထိုးဆင်းသွားပါတော့တယ်။

"ဟိုမှာ ဘယ်ကငှက်သားရဲတွေ ပျံသန်းလာတာလဲ မသိဘူးဟေ့ သတိထားကြ"

"လေးတပ်တွေ အသင့်ပြင်ထားကြဟေ့"

လေယာဉ်တွေက သူတို့မျှော်လင့်ထားသလို သူတို့ဆီဦးတည်လာနေတာမို့ ကြောက်လန့်တကြား ဖြစ်နေကြချိန်မှာပဲ ခံတပ်တဝိုက်က ကျိုင်းကောင်တွေဆီ ချီစွမ်းအက်ဗုံးများ အဆက်မပြက် ကြဲချကြပါတော့တယ်။

"ရွှီး .. ရွှီး .. ဝုန်း .. ဝုန်း .. အုံး"

P 51 တိုက်လေယာဉ်တွေကလဲ ကျိုင်းကောင်ဘုရင်မတွေကို အဓိကထားပြီး ချေမှုန်းနေကြပါတယ်။

"ဝေါ .. ဝေါ .. ဝေါ .. ကျီး .. ကျိ .. ကျိ"

၁နာရီခန့် ပစ်ခတ်ကြ၊ ဗုံးကြဲချအပြီးမှာတော့ မယ်ဆိုင်ခံတပ်မြို့ ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းရှိ ကျိုင်းကောင်သားရဲအုပ်များစွာဟာ အပိုင်းပိုင်းအစစ ဖြစ်ကုန်ကြပါတော့တယ်။

နိုင်ငံကူးပေါ်တယ်ထဲကနေ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာနေတဲ့ ရာချီတဲ့ CH 47 ရဟက်ယာဉ်တွေဟာ မယ်ဆိုင်ခံတပ်မြို့အနီးမှာ သယ်ဆောင်လာတဲ့ တပ်ရင်းတွေကို တစ်ရင်းပြီးတစ်ရင်း ချပေးနေကြပါတယ်။

ဆူရီယိုဟာ ပေါ်တယ်ထဲက ထွက်ပေါ်လာလာခြင်း သူမဖခင်ဖြစ်သူ အင်ပါယာဘုရင်မင်းမြတ်ဆီ အကြောင်းကြားပြီးသားဖြစ်ပါတယ်။

အင်ပါယာဘုရင်ဖြစ်သူ သက်ဆင်ဟာ ခံတပ်တံခါးဝမှာ ချူရင်နဲ့ တစ်ရာနိုင်ငံက နစတစစ်ဦးစီးတွေကို ကြိုဆိုဖို့ စောင့်နေပြီပဲဖြစ်ပါတယ်။

"အဖေ ဒါက အခုပါလာတဲ့ တပ်ရင်းတွေရဲ့ စစ်ဦးစီးချုပ် အရှင်မချုရင်ပါ"

"သူတို့ကတော့ သက်ဆိုင်ရာတပ်ရင်းအလိုက် စစ်ဦးစီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးမင်းရဲကျော်စွာ၊ ဗိုလ်ချုပ်ကြီး မင်းလှစည်သူ၊ ဗိုလ်ချုပ်ကြီးမင်းရဲကျော်ထင်တို့ဖြစ်ပါတယ်"

ထိုနောက် စိတ်အာရုံအသံလွှင့်ဖြင့်

[ အဖေ အရှင်မချုရင်က ဒဏ္ဌာရီလာအင်ပေါ်တယ်အဆင့်ပါ၊ ကျန်သူတွေက ချီဧကရာဇ် အထွတ်အထိပ်တွေပါ၊ မိတ်ဆက်မပေးရသေးတဲ့ ချီဧကရာဇ်အများအပြားလဲ ကျန်နေပါသေးတယ်၊ လေးလေးစားစားဆက်ဆံနော် အဖေ ]

[ အေးပါဟ၊ လွန်ခဲ့တဲ့ ၆လကထဲက သမီးပြောပြထားလို့ အဖေသိထားပါပြီဟ ]

[ အဖေယုံချင်မှယုံနော် တစ်ရာနိုင်ငံကနေ ဒီမြို့အထိ ၂ရက်နဲ့ ရောက်လာခဲ့တာနော် အဖေ ]

[ ဟေ တကယ်လားဟ အဲဒီယာဉ်ပျံတွေက အဲဒီလောက်ထိမြန်တာလားဟ ]

[ ဘယ်ဟုတ်မလဲအဖေရဲ့ ဒီထက်မြန်သေးတယ်၊ ပြီးတော့ လမ်းမှာလဲ ကြုံရင်ကြုံသလို ကျိုင်းကောင်တွေကို ဝင်ရှင်းနေကြတာနဲ့ ၂ရက်လောက်ကြာသွားတာ ]

[ ဟေ ငါ့သမီးတော့ တကယ်တော်တာပဲဟေ့ ]

အခန်း ( ၁၂၇ ) ပြီး

အခန်း ( ၁၂၈ )

"အယုဒ္ဓယအင်ပါယာကနေ အင်ပေါ်တယ်အရှင်မကို ကြိုဆိုပါတယ်"

ချူရင်က ခေါင်းငြိမ့်အသိအမှတ်ပြုလျက်

"ရှင်လက်အောက်မှာ စစ်အင်အား ဘယ်လောက်ရှိသေးလဲ"

"ခင်ဗျာ"

"မဗျာနဲ့ ငါတို့မှာ အချိန်များများစားစား မရဘူး၊ မကြာခင်မှာ အရှင်စောကိုယ်တိုင် ကြွလာတော့မှာ၊ အရှင်စော မကြွလာခင် ဒီကျိုင်းကောင်တွေကို နှိမ်နှင်းပြီးမှဖြစ်မယ်ဆိုတာ သိထားကြပါ"

"စစ်ဦးစီးဗိုလ်ချုပ်ကြီးတွေ အမိန့်နာခံပါ"

" ရှိ "

"ဒီမြို့ပြင်မှာပဲ တပ်ရင်းပေါင်းစုံ စစ်ဌာနချုပ်တည်လိုက်ကြပါ၊ တစ်လအတွင်း အယုဒ္ဓယအင်ပါယာမှာ ဒီသားရဲတွေကို မမြင်ချင်ဘူး၊ သဘောပေါက်နားလည်ကြလား"

"ဟုတ်ကဲ့ပါ အရှင်မ"

စစ်ဦးစီးတွေဟာ ချူရင်ရဲ့အမိန့်ကို တပ်ရင်းမှူးတွေကို ထပ်ဆင့်အမိန့်ပြန်လိုက်ကြပါတယ်။ ကျိုင်းကောင်နှိမ်နှင်းရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို စီမံနိုင်ဖို့ ခေါင်းခြင်းဆိုင် တိုင်ပင်ဆွေးနွေးမှုတွေ စတင်ကြပါတော့တယ်။

"ရှင်တို့အင်ပါယာတပ်တွေလဲ သူတို့နဲ့အတူ လိုက်ဖို့အတွက် ပြင်ထားကြပါ"

"ရှင်တို့ တပ်ရင်း၄ရင်းနဲ့၁ခွဲကိုလဲ ခေါ်သွားမှာပါ၊ ဘာမရှင်းတာရှိသေးလဲ"

"မရှိ .. မရှိပါဘူး အရှင်မ"

"မရှိရင် ရှင်တို့အင်ပါယာစစ်တပ်ရဲ့ စစ်ဦးချုပ်ကို ငါတို့နဲ့ တပါတည်းထည့်ပေးထားပါ၊ အင်ပါယာစစ်တပ်လုပ်ဆောင်ရမဲ့ အခန်းကဏ္ဌတွေကို သူကနေတဆင့်ပဲ သွားမယ် မရှင်းတာရှိလား"

"ဟုတ်ကဲ့ မရှိပါဘူးအရှင်မ ဒီဂျုနီယာရဲ့ သမီးဖြစ်သူ ဆူရီယိုကိုပဲ စစ်ဦးချုပ်အနေနဲ့ ထည့်ပေးထားပါ့မယ်ခင်ဗျ"

"ပြီးတော့ အင်ပါယာကနေ စစ်သည်ဘယ်လောက် ကူညီပေးရမလဲခင်ဗျ"

"မလိုဘူး ငါတို့တပ်ရင်းတွေကို လမ်းပြဖို့ ကျိုင်းကောင်သားရဲတွင်းတွေရှိရာ လမ်းညွှန်နိုင်သူ စစ်သည်၁၀၀ နဲ့ မလိုအပ်၊ မခွင့်ပြုပဲ မသွားသင့် မလာသင့်တဲ့နေရာကို မသွားမလာရင်ရပြီ"

"ဟုတ်ကဲ့ပါအရှင်မ ခင်ဗျ အခုတော့ ကြိုဆိုပွဲအနေနဲ့ စားပွဲလေးပြင်ထားပါတယ်ခင်ဗျ"

Wf 190Dကို မြေ‌မာတစ်ခုပေါ် ဆင်းသက်ရင်း ချုရင်ဆီအပြေးလာနေတဲ့ ချူရီက ထိုစကားကိုကြားသည်နှင့်

"ခ်ခ် သမီးစားမယ် သမီးစားမယ် ဘယ်မလဲ"

"မေ့မေ့ စည်းကမ်းမရှိ မလုပ်စမ်းနဲ့ကွယ်"

"ဝါး ... အစ်ကိုကြီးလာရင်တိုင်ပြောမယ် မေ့မေ့စားချင်တာ မစားခိုင်းဘူလို့ ဝါး"

"ကဲပါ သွား၊ သွား လေတပ်က ယာဉ်မှူးတွေကိုပါခေါ်ပြီး စားသောက်ပွဲ တက်လိုက်ကြပါနော်၊ မမကတော့ ပတ်ဝန်းကျင်ကို ခနတဖြုတ်လည့်ပတ်စစ်ဆေးပြီးမှ လာခဲ့မယ် ဟုတ်ပြီလား"

"ယေး ... လေယာဉ်မှူးတွေ လာကြဟေ့ စားသောက်ပွဲတက်ကြမယ်၊ ဟေ့လူကြီး လမ်းပြလေ ဘယ်မလဲစားသောက်ပွဲက"

"အန် ဒီကကလေးမက အရှင်မရဲ့ မွေးစားသမီးများလားခင်ဗျ"

"ဘာပြောတယ် သေချင်နေပြီလားဟဲ့ ငါက မမချူရင်ရဲ့ ညီမအရင်းဟဲ့ နင်အသက်မရှင်ချင်တော့ဘူးလား"

ဆူရီယိုက ကပြာကယာဝင်ပြီး သူ့ဖခင်ကို ရှင်းပြလိုက်ရပါတယ်။

[ အဖေ အဖေ အမလေးနော် ဒုက္ခတွေရောက်ကုန်တော့မှာပဲ၊ အဲဒါ အရှင်မချူရီတဲ့ စစ်ဦးစီးတွေထဲက တစ်ယောက်ပဲအဖေရဲ့၊ အင်ပေါ်တယ်အရှင်မရဲ့ ညီမအရင်း၊ အင်ပေါ်တယ်အရှင်စောရဲ့ အချစ်ဆုံးနဲ့ အလိုအလိုက်ဆုံး တစ်ယောက်ပဲအဖေရဲ့ ]

[ ဟာ ၁၄နှစ်အရွယ်ခလေးလေးကလဲ အရှင်မတစ်ယောက်ဆိုပေမဲ့ နောက်ခံကြောင့် အရှင်မလို့ ခေါ်ကြတာမဟုတ်ဘူးလား သမီး ]

[ ဘယ်ကသာအဖေကလဲ အရှင်မချုရီကိုယ်တိုင်က ချီဧကရာဇ် အထွတ်အထိပ်မှာ ရှိနေတာ ]

[ ဟေ ဒီခလေးသာသာလေးက ချီဧကရာဇ် အထွတ်အထိပ် ဟုတ်လား ]

"ဒီဂျုနီယာက တောင်းပန်ပါတယ် အရှင်မချူရီ၊ အဖေက အရှင်မကို မသိသေး၊ မမြင်ဖူးသေးလို့ ခွင့်လွှတ်ပေးပါနော်၊ အရှင်မအတွက် စားသောက်ပွဲအကြီးကြီးနဲ့ အယုဒ္ဓယအင်ပါယာရဲ့ နာမည်အကျော်ကြားဆုံး စားသောက်ပွဲတွေကို ပြင်ဆင်ထားပါတယ်ရှင်"

"ဟွန်း နင်ကမှအလိုက်သိသေးတယ် စားသောက်ပွဲဆီ သွားကြမယ်ဟေ့"

"ဟုတ်ကဲ့ပါ အရှင်မ"

[ အဖေ တစ်ရာနိုင်ငံမှာ သမီးတို့ ပစ်မှားလို့မရတဲ့ အရှင်မ၃ယောက်ရှိတယ်၊ ထိပ်ဆုံးက အရှင်မသူဇာလွင်၊ အရှင်မ ချူရင်၊ အရှင်မချုရီတို့ပဲ နောင်ကို သတိထားဦးနော်၊ တော်ကြာ‌ အင်ပေါ်တယ်အရှင်စောရဲ့ ဒေါသနဲ့ ရင်ဆိုင်ရရင် သမီးတို့လို အင်ပါယာတွေ၁၀ခုရှိတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ]

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး စောရန်နိုင်ကတော့ သမီးတော်ဘွဲ့ရ မိန်းမပျို ၆ယောက် ခြံရံပြီး သာသာယာယာ ခရီးထွက်လာနေလေရဲ့။

( အစက သူဇာလွင်အပါမှ ၆ယောက်ပါ နောက်ပိုင်း စံပယ်ဦးကိုပါ သမီးတော်ဘွဲ့ပေးထားတာမို့ ၇ယောက်ဖြစ်သွားပါတယ်၊ သူတို့အကုန်လုံးက ချီဧကရာဇ် စဦးပိုင်းအဆင့်ကို ရောက်နေကြတာပါပြီ စံပယ်ဦးကတော့ အလယ်လတ်ကိုတက်ဖို့ ပြင်နေတာကြောင့် မပါလာခဲ့သေးပါဘူး ]

အခန်း ( ၁၂၈ ) ပြီး

အခန်း ( ၁၂၉ )

( ရန်သူတော်နှင့် ပြန်ဆုံခြင်း )

ရွှေတစ်ခေတ်နိုင်ငံအထက် ဝေဟင်ထဲမှာတော့ ၁၉၉၀ခုနှစ်ထုတ် Boeing VC 12A Air Force One လေယာဉ်တစ်ဦး ပျံသန်းလျက်ရှိပါတယ်။

လေယာဉ်ပေါ်မှာတော့ M4 carbineကိုင် တပ်ရင်းတစ်ရင်းနဲ့အတူ စောရန်နိုင်ဟာ သမီးတော်၆ပါး ခြံရံလျက် လိုက်ပါလာပါတယ်။

"အစော ညီမလေးစံပယ်ဦးနဲ့ ဗခကမင်းရဲကျော်စွာကို ဒီလိုကြီးခွဲခြားထားတာ မကောင်းပါဘူး၊ သူကျတော့ကြည့်ဦး ဘယ်သွားသွား သမီးတော်တွေနဲ့ကို"

"ဟား .. ဘာများလဲလို့သူဇာရယ် ၁၀နှစ်လောက်စကားလာမပြောတဲ့သူက လာပြောမဲ့ပြောတော့လဲ သူများအကြောင်းက အရင်ပါလားဗျ၊ ဘာလဲ ဒီအစောကို အခုထိစိတ်ဆိုးစိတ်ကောက် မပြေသေးဘူးလားဗျ"

"ဟွန်း မပြေဘူး မပြေဘူး၊ အဲဒီကိစ္စဘယ်သူနဲ့ဆိုတာ မပြောပြရင် အခုထိမပြေပေးနိုင်ဘူးဆိုတာ သိထားလိုက်"

"ဟောဗျာ .. အစောကိုယ်တိုင်တောင် မမှတ်မိတာ ဘယ်လိုလုပ်ပြောပြရမှာလဲဗျ"

တကယ်ကတော့ သူလဲ အတိအကျ တကယ်မသိတာပါ၊ ဇင်မာအောင်နဲ့လားဆိုတာလဲ သူသေချာမသဲကွဲသေးပါဘူး။ အောင်မင်္ဂလာနိုင်ငံ ပြိုကွဲသွားပြီး အောင်မိသားစု ထွက်ပြေးသွားကထဲက ဇင်မာအောင်လဲ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။

"လာပါဦး အစောနားကို"

"ဟာကွာ မလာပါဘူးဆိုနေ၊ စိတ်ဆိုးမပြေသေးပါဘူးဆိုနေကွာ"

"အယုဒ္ဓယခရီးစဉ်ပြီးရင်တော့ သူဇာနဲ့လက်ထပ်ဖို့ ဦးလေးလွင်ဆီ ခွင့်တောင်းတော့မလားလို့လေ"

"တော်ပါ ဘယ်သူက သူရဲ့ ဇနီးလုပ်မယ် ပြောထားလို့လဲ၊ ဘယ်သူကကော သဘောတူထားလို့လဲပြော"

စောရန်နိုင်က ကျန်သမီးတော်၅ယောက်ဖက်ကို စစ်ကူလှမ်းတောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သမီးတော်တွေကလဲ

"မမရယ် အရှင်စောကို စောင့်ရအောင်ထပ်ပြီးမလုပ်ပါနဲ့တော့နော်"

"ဟုတ်ပါတယ်မမရယ် မမအတွက် အရှင်စောခမျာ ၁၆နှစ်တိတိ ကြင်ယာတော်ရွေးခဲ့တာ မဟုတ်ဘူးရယ်၊ လက်ခံလိုက်ပါနော်"

"မမလက်ခံလိုက်မှ ညီမလေးတို့အလည့်ရောက်မှာသိလား"

"အရူးမလေးတွေ နင်တို့လိုချင်ရင် နင်တို့ဘာသာယူကြပေါ့ ဟွန်း မယုံမရှိနဲ့ အဲဒီကိစ္စကို မရှင်းပေးနိုင်မခြင်း လက်မခံဘူး ဒါပဲ"

သူဇာလွင်တစ်ယောက် ပြောရင်းဆိုရင်းနဲ့ပဲ ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားပါတယ်။ သမီးတော် ၅ယောက်လဲ ပခုံးတစ်ချက်သာ တွန့်ပြနိုင်ပါတော့တယ်။

၁၆နှစ်ကြာမြင့်ပြီးနောက် နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာပြီး အင်ပေါ်တယ်တတိယအဆင့်ကို‌ ရောက်ရှိခဲ့ပါတယ်။ တခြားသူများကို စေလိုရာစေနိုင်သော်လည်း သူဇာလွင်ကိုတော့ စိတ်ပြေအောင် မလုပ်နိုင်ခဲ့သေးပါဘူး။

[ ညီလေးစော လူတစ်စု လေယာဉ်ပျံဆီ ပျံသန်းလာပါတယ်၊ ဘယ်လိုလုပ်လိုက်ရမလဲ ]

စောရန်နိုင်တစ်ယောက် အင်ပေါ်တယ်အာရုံနဲ့ကြည့်လိုက်စဉ်မှာတော့

( ရန်သူတွေက ကံစုံတက်သားပဲဟ )

[ ရပ်စရာမလိုဘူး ရှေ့ဆက်သွား၊ လေယာဉ်ကို ဖီးနစ်အရိပ်အစီအရင်နဲ့ ကာထားလိုက်တော့ ]

[ ဟုတ်ကဲ့ ]

ခနအကြာမှာတော့ ချီဧကရာဇ်အာရုံတစ်ခု လေယာဉ်ပျံဆီ ပျံ့လွင့်လာပါတယ်။ ဒါပေမဲ့လေယာဉ်ကို အင်ပေါ်တယ်အဆင့် ဖီးနစ်အရိပ်အစီအရင်နဲ့ ကာပေးထားတာမလို့ မတိုးပေါက်နိုင်ပါဘူး။

"ရပ်ကြစမ်း ရွှေတစ်ခေတ်နိုင်ငံထဲကို ကျူးကျော်လာတာဘယ်သူတွေလဲ၊ ယာဉ်ပျံထဲပုန်းမနေနဲ့ ကိုယ်ယောင်ထွက်ပြကြစမ်း"

သူဇာလွင်တစ်ယောက် ဒေါသအကြီးအကျယ်ထွက်သွားပါတယ်။

( ဒီတိုက်မိသားစုနဲ့ကို မလွတ်နိုင်ဘူး၊ တွေ့ကြသေးတာပေါ့ )

"ငါတို့ကတစ်ရာနိုင်ငံကပဲ၊ နင်တို့လို ကိုယ်ကျိုးကြည့်ပြီး ပြည်သူတွေကို ကပ်ဘေးထဲပစ်ထားခဲ့ပြီး သူများခြေထောက် ပြေးဖတ်သူတွေက တားရဲသေးတာလား"

"ဘာပြောတယ်၊ မင်းကဘယ်သူလဲပြောစမ်း"

"သီဟသီရိမြို့တော် လွင်မိသားစုက သူဇာလွင်ပဲ၊ ဘယ်သူက ငါ့ယာဉ်ပျံကို တားရဲလဲ"

"ဟား .. ဟား၊ လက်စသတ်တော့ မြို့သေးသေးလေးရဲ့ မိသားစုဝင်တစ်ဦးပဲကိုး ဟား ဟား"

"ဒီကောင်မကို ဖမ်းကြစမ်း၊ ပြီးရင်ငါတို့ညီအစ်အကိုတွေအတွက် ပျော်တော်ဆက်ခိုင်းရမယ် ဟား ... ဟား"

"သူမကို နူတ်နဲ့စော်ကားရဲရအောင် သေချင်နေကြတာလား"

" ဝုန်း .. အာ့ .. ဗုန်း .. ဗုန်း .. အုန်း"

စောရန်နိုင်ရဲ့ အင်ပေါ်တယ်အော်ရာတွေက တစ်ဖက်သူတွေ ခုခံနိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။ ပါသမျှလူအကုန် မြေပြင်ပေါ် ထိုးကျကုန်ပါတယ်။

"သူတို့ခေါင်းဆောင်ကို ဖမ်းပြီးခေါ်ခဲ့လိုက်"

"ဟုတ်ကဲ့ပါညီလေးစော"

[ ချီးပဲ သူကဘာအဆင့်မလို့ ငါ့လိုချီဧကရာဇ်အထွတ်အထိပ်တောင် သူ့အော်ရာကို မခုခံနိုင်ရတာလဲ ]

"သူတို့ခေါင်းဆောင်ကို ဆင်းပြီးဖမ်းခဲ့ကြစမ်း၊ ကျန်တဲ့သူတွေကိုသတ်လိုက်ကြတော့"

"ဟုတ်ကဲ့ပါအရှင်"

အခန်း ( ၁၂၉ ) ပြီး

All Chapters