အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း ( ၁၃၆ )
( ပြန်လည်တင်သွင်းခြင်း )
[ စနစ်ရေ အမြောက်တွေထဲက 2cm flak 30 စက်ရုံတစ်ရုံနဲ့ 7.62cm flak 36r စက်ရုံနှစ်ရုံယူမယ်၊ 15cm Nobelwerfer 41 Rocket Launcher စက်ရုံနှစ်ရုံယူမယ်၊ 7.5cm Pak 40စက်ရုံနှစ်ရုံယူမယ်]
[ ထရပ်ကားတွေထဲက OpeI BIitz Ambulance စက်ရုံတစ်ရုံယူမယ်၊ Mercedes Benz L3000 workshopစက်ရုံ ၅ရုံယူမယ်၊ Fort V3000s Simplifiedစက်ရုံ၃ရုံယူမယ် တွက်ချက်ပေးပါ ]
[ စက်ရုံ ၁၆ရုံအား အဆင့်မြင့်ချီကျောက်တုံး ၁၈၄၀၀၀၀ဖြင့် အကြွေးရယူပြီးပါပြီ။ စက်ရုံတုံကင်ပြားများအား စနစ်သိုလှောင်ခနအတွင်း ထည့်သွင်းပြီးပါပြီ၊ အချိန်မရွေး ထုတ်ယူနေရာချထား နိုင်ပါပြီ ]
( အကြွေးတင်သွားရပြီပဲဟ )
[ စနစ် အကြွေးချေလို့ရမဲ့ နည်းလမ်းလေးများ မရှိတော့ဘူးလား ဟီး ]
[ ရှိပါတယ် ပိုင်ရှင်အဆင့်တစ်ကြိမ်တက်တိုင်း တက်ရောက်တဲ့အဆင့်အလိုက် ရရှိသော စက်ရုံများကို စနစ်ထဲ ပြန်လည်ရောင်းချနိုင်ပါတယ်၊ ထိုအပြင် ရှိပြီးသော စက်ရုံများ၊ လက်နက်များကို စနစ်ထံ ပြန်လည်တင်သွင်းခြင်းဖြင့် ချီကျောက်တုံးနဲ့ ခရစ်စတယ်ကျောက်တုံးများ ရရှိပါမယ် ]
[ စနစ် ဆုလာဒ်ရထားတဲ့ စပေ့ရှစ် ၊ Mg34 ၊ M4carbine ၊ panzer I စက်ရုံတွေကိုချန်ပြီး ကျန်တာ အကုန်လုံးကို ပြန်တင်သွင်းရင် ဘယ်လောက်ရနိုင်မလဲ ]
[ အဆင့်မြင့်ချီကျောက်တုံး ၁သန်းရရှိပါမယ် ပိုင်ရှင် ပြန်လည်တင်သွင်းမည်လား ]
[ စပေ့ရှစ် ၊ Mg34 ၊ M4carbine ၊ panzer I စက်ရုံတွေကိုချန်ပြီး ကျန်တာအကုန် ပြန်တင်သွင်းမယ် ]
[ ဒင် Brown bess musket ထုတ်စက်ရုံ၊ M 1752 musket ထုတ်စက်ရုံ၊ M1 carbine ထုတ်စက်ရုံ၊ PPSH 41 စက်ကလေးထုတ် စက်ရုံ၊ Gatling gun စသနကထုတ်စက်ရုံ၊ ၈၁မမ စိန်ပြောင်းထုတ်စက်ရုံ၊ ၈၁မမ စိန်ပြောင်းချီဗုံးသီးထုတ် စက်ရုံ၊ panzerfaust လောင်ချာထုတ်စက်ရုံ၊ M IV သံချပ်ကာယာဉ်ထုတ်စက်ရုံ၊ Ba 17ဗုံးကြဲလေယာဉ်ထုတ် စက်ရုံ၊ P 51H တိုက်လေယာဉ်ထုတ် စက်ရုံ၊ CH 47 ရဟက်ယာဉ်ထုတ် စက်ရုံ၊ အဆင့်၁ ၂ ၃အစီအရင်ကဒ်ပြားထုတ် စက်ရုံ၊ ရိုက်ဒါစစ်သင်္ဘောကျင်း၊ များကို စနစ်ထံပြန်လည် တင်သွင်းသောကြောင့် အဆင့်မြင့်ချီကျောက်တုံး ၁သန်းအား ရရှိပါတယ် ]
[ ချီကျောက်တုံးအကြွေးကို နှိမ်ပြီး ကျန်တာ တွက်ချက်ပေးပါဦး ]
[ ဒင် ချီကျောက်တုံးအကြွေး ၁သန်းအား ပေးချေပြီးပါပြီ လက်ကျန်အကြွေး ၈သိန်း၄သောင်း ]
[ ငါ့လခွေး ဒါလဲ အကြွေးမကျေသေးဘူးဟ၊ အယုဒ္ဓယအင်ပါယာဆီက ၈သောင်း၂ထောင်ရရင်တောင် အကြွေးအကျေနိုင်သေးဘူးဟေ့ မွဲစမ်းဟ ]
[ စဉ်းစားစမ်း ဘယ်ကဖန်ရင်ကောင်းမလဲ ဟဲ .. ဟဲ တော်ဝင်ဘိုးဘေး တစ်ယောက်လုံး ရှိနေတာပဲ ]
"တော်ဝင်ဘိုးဘေးကို နားနေဆောင်ထဲ လာပေးပါဦး"
"ဒီဂျုနီယာ ရောက်ပါပြီ ပထမအကြီးအကဲခင်ဗျ၊ ဘာများခိုင်းချင်တာ ရှိလို့လဲခင်ဗျ"
"ရန်ထက်အောင်က ငါ့ရဲ့ဖခင်ဖြစ်တယ်ဆိုတာ မင်းလဲသိပြီးပြီ၊ ဒါပေမဲ့ လက်သည်တွေက ပျောက်နေတော့ ကျန်ရစ်သူဆက်စပ်မိသားစုဆီကပဲ အကြွေးတောင်းရလိမ့်မယ်"
"ဗျာ .. အဲဒါ .. အဲဒါက"
တော်ဝင်ဘိုးဘေးက ထိတ်လန့်တကြားဖြစ်သွား ဒူးထောက်ကာ ငိုယိုတောင်ပန်ပါတော့တယ်။
"ကြီးမြတ်တဲ့ စီနီယာကြီး ဒီဂျုနီယာ ဧည့်ဝတ်ကျေပွန်တာကို ထောက်ထားပါဦး၊ တစ်ဂိုဏ်းတည်းသားခြင်း ဖြစ်တာကိုလဲ ထောက်ထားပြီး ဒီတစ်ကြိမ်ထဲပဲ ခွင့်လွတ်ပေးပါဗျာ ရွှတ် .. ရွှတ်"
"ကဲ ကဲ ဒီတစ်ကြိမ်တော့ တစ်ဂိုဏ်းထဲသားခြင်းဖြစ်တာရယ် အပြစ်ရှိသူက ပျောက်နေတာရယ်ကြောင့် ရေးကြီးခွင်ကျယ် ထပ်မလုပ်ချင်တော့ဘူး"
"ဒါပေမဲ့ လက်ရှိဘုရင်ရဲ့ အုပ်ထိန်းမှုညံ့ဖျင်းတာကြောင့် ဖြစ်ရတာဆိုတော့ကာ လျော်ကြေးတော့ ပေးရလိမ့်မယ်၊ နှစ်နာကြေးပေါ့ ဘယ်လိုလဲ ကျေနှပ်ရဲ့လား"
"ကျေနှပ်ပါတယ် ကျေနှပ်ပါတယ်၊ ဒါပေမဲ့ ဘာနဲ့လျော်ပေးကမလဲဆိုတာတော့ သိပါရစေ"
"တစ်ခြားမဟုတ်ပါဘူးလေ အဆင့်မြင့်ချီကျောက်တုံး ၁သန်းလောက်ဆိုရင် အဆင်ပြေသွားမှာပါ"
"ဟူး အဲဒီလောက်ကို ဒီဂျုနီယာကပဲ မိသားစုကိုယ်စား လျော်ပေးပါ့မယ် ခင်ဗျ"
"ဒါက အဆင့်မြင့်ချီကျောက်တုံး ၁သန်းပါတဲ့ သိုလှောင်အိတ်ပါခင်ဗျ စီနီယာရေတွက်ကြည့်ပါဦးခင်ဗျ"
[ ငါ့လခွီး နည်းသွားပြီ ဒီလိုမှန်းသိရင် ပိုတောင်းပါတယ်ဟ ]
"အင်း မင်းကိုယုံပါတယ်"
စောရန်နိုင်တစ်ယောက် နောင်တမျက်နှာကြီးနဲ့ လက်ခံလိုက်ရပါတယ်။ ထပ်တောင်းပြန်ရင်လဲ မကောင်းရှိတော့မှာပေါ့လေ။ စောရန်နိုင်လဲ သိုလှောင်အိတ်အား စနစ်သိုလှောင်ခန်းထဲ မသိမသာထည့်လိုက်ရင်း
[ စနစ် အကြွေးချေပေးပါဦး ]
[ အကြွေးချီကျောက်တုံး ၈သိန်း၄သောင်းအား နုတ်ယူပြီးပါပြီ လက်ကျန် ၁သိန်း၆သောင်း ]
( အကြွေးတစ်ခုတော့ ကြေသွားပြီ၊ ခရစ်စတယ်အကြွေးပဲကျန်တော့တယ် )
"တိုက်မိသားစုကို ဘယ်လိုလုပ်လိုက်ရမလဲ စီနီယာ"
"အရှင်ဇော်ပိုင်ကိုခေါ်သွားပြီး တိုက်မိသားစုပိုင်ဆိုင်သမျှ အကုန်သိမ်းခဲ့လိုက်"
"ဟုတ်ကဲ့ပါ"
မကြာခင်မှာတော့ ရွှေသားလိပ်ခံတပ်မြို့တော်အတွင်းရှိ တိုက်မိသားစု ပိုင်ဆိုင်သမျှကို သိမ်းပိုက်ပြီး ဇော်ပိုင်တစ်ယောက် ပြန်ရောက်လာပါတယ်။
"ညီလေးစော ပြန်ရောက်ပါပြီ၊ အဆင့်မြင့်ချီကျောက်တုံး ၅သိန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်"
"ဟား .. ဟား ၊ တစ်လလောက် အနားယူပြီးရင် အယုဒ္ဓယအင်ပါယာဆီ ဆက်သွားကြစို့"
"ဟုတ်ကဲ့"
အခန်း ( ၁၃၆ ) ပြီး
အခန်း ( ၁၃၇ )
( လက်ထပ်ချင်နေတဲ့ ချူရီ )
ရွှေတစ်ခေတ်နိုင်ငံက ထွက်လာကြပြီးနောက် ၃ရက်အကြာမှာ အယုဒ္ဓယအင်ပါယာမြို့တော် မယ်ဆိုင်ခံတပ်မြို့ကို ရောက်လာကြပါတယ်။
အယုဒ္ဓယအင်ပါယာ အပြင်စည်း မှာရှိတဲ့ ကျိုင်းကောင်သားရဲမှန်သမျှကို ရှင်းပြီးပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းက ကျိုင်းကောင်နယ်မြေကိုတော့ စောရန်နိုင်ရောက်လာတာကြောင့် ချူရင်တစ်ယောက် ရှရှင်းလက်စကို ထားခဲ့ကာ ချန်ခဲ့လိုက်ရပါတယ်။
"အရှင်စောကို ကြိုဆိုပါတယ်"
"အင်ပေါ်တယ်အရှင်ကို ဂါဝရပြုပါတယ်"
စောရန်နိုင်တစ်ယောက် ခေါင်းငြိမ့်အသိအမှတ်ပြုရင်း
"အကြွေးအရင်ဆပ်ကြပါလေ ကျန်တာနောက်မှ ပြောကြတာပေါ့"
ဆူရီယိုက
"ဟုတ်ကဲ့ပါရှင့် ပေးဖို့ကျန်နေတဲ့ ချီကျောက်တုံး ၈သောင်းကျော်အပြင် အပိုအနေနဲ့ ဂါဝရပြုလက်ဆောင် ချီကျောက်တုံး ၅သိန်းကို ပြင်ဆင်ထားပါတယ်ရှင့် "
"ကောင်းတာပေါ့ အဲလေ ကောင်းပြီ"
"ကျိုင်းကောင်ကာကွယ်ရေး အောင်ပွဲအထိမ်းအမှတ်အနေနဲ့ စားသောက်ပွဲ ပြင်ဆင်ထားတာမလို့ ကြွရောက်ပြီး ချီးမြှင့်ပေးပါဦးရှင့် "
"အင်း ကောင်းပါပြီ"
"အစ်ကိုကြီး မေ့မေ့ကို သတိကော ရသေးရဲ့လား မေ့မေ့ကိုချီပေးပါ"
"ကောင်းပါပြီဗျာ၊ လာလာ ဒီအစ်ကိုကြီးက သတိရနေပါတယ်တဲ့ဗျား .. "
အပြေးဝင်ရောက်လာတဲ့ ချူရီကို ပွေ့ချီပြီးနောက် ဆူရီယို လမ်းပြရာနောက်ကို လိုက်လာလိုက်ပါတယ်။
"အစ်ကိုကြီး အမှန်အတိုင်းပြော၊ မေ့မေ့ကိုမေ့ပြီး မမချူကို သတိရနေတာမလား ဟွန့် "
"အဟမ်း ဒီကောင်မလေးကတော့ မဟုတ်တာတွေ လျှောက်ပြောနေပြန်ပြီကွယ်"
( ဒီကလေးတော့ မွှေပြန်ပြီဟ တော်သေးတယ် သူ့အသံကြားကထဲက အင်ပေါ်တယ်စွမ်းအင်နဲ့ စကားပြောသံတွေကို ကာထားမိလို့ ဟူး .. မလွယ်ပါလားနော် ]
အဆင့် ၆သားရဲတစ်ကောင်ရဲ့ အလေးချိန်က တော်တော်လေး လေးလံနေမှာပဲ ဖြစ်ပါတယ်။ အင်ပေါ်တယ်တတိယအဆင့် စောရန်နိုင်တောင် ကြာကြာမချီမထားနိုင်ပါဘူး။ ဒါကလဲ စောရန်နိုင်က ခန္ဓာကိုယ်ကျင့်စဉ်ကို အဓိကထားတာမဟုတ်လို့ပါ။
[ ဟူး လေးလိုက်တာကွာ ဝက်ကြီးကျနေတာပဲ တော်သေးတယ် ၁၄နှစ်အရွယ်ပဲရှိသေးလို့ ]
လမ်းတစ်လျှောက်မှာတော့ ချူရီတစ်ယောက် တီတီတာတာ ပြောဆိုရင်း လိုက်ပါလာပါတယ်။
"အစ်ကိုကြီး မမသူဇာနဲ့ မမချူကို ဘယ်တော့ လက်ထပ်ယူမှာလဲဟင်"
"သူတို့တတွေ အင်ပေါ်တယ်အဆင့် ၉ကို ရောက်ရင် ယူမှာပေါ့မေ့မေ့ရဲ့"
"မေ့မေ့ကိုကော ဘယ်တော့လက်ထပ်မှာလဲ အစ်ကိုကြီး"
"အဟွတ် အဟွတ် မေ့မေ့က ကလေးပဲရှိသေးတယ်လေ အဲဒီလိုတွေ လျှောက်မပြောရဘူးကွဲ့"
"မရပါဘူး မေ့မေ့က အခုဆိုရင် အဆင့်၅သားရဲဖြစ်နေပြီကို အချိန်မရွေး အဆင့်၆သားရဲ အဆင့်ကို တက်နိုင်ပါတယ်နော်"
"ဟုတ်ပါပြီကွယ် မေ့မေ့ အဆင့်၆သားရဲ အဆင့်ကိုရောက်ရင် အစ်ကိုကြီးပြန်စဉ်းစားပေးမယ်၊ ဟုတ်ပြီလား အခုတော့ကြိုစားကျင့်ကြံရမယ်နော်"
"အွန်း ကတိနော်"
"အင်း ကတိ"
ဘေးနားရောက်နေတာ ကြာပြီဖြစ်တဲ့ ချူရင်တစ်ယောက် ထိုစကားတွေအကုန်လုံးကို ကြားနေရတာပဲ ဖြစ်ပါတယ်။ စောရန်နိုင်ရဲ့ အင်ပေါ်တယ်အကာအကွယ်က ချီဧကရာဇ်အဆင့်နဲ့ အောက်ကိုသာ ကာကွယ်ထားတာမလို့ အင်ပေါ်တယ်အဆင့်က ချူရင်ကိုတော့ မကာဆီးထားမိပါဘူး။
[ အရှင်စော ကျွန်မရောက်နေတာ ကြာပါပြီ၊ မေ့မေ့လဲ တကယ်ဆိုရင် အသက်အရွယ်ကို စိတ်ကြိုက်ပြောင်းလဲလို့ ရနေပါပြီ ]
[ အရှင်သာ လိုအပ်မယ်တယ်ဆိုရင် ကျွန်မနဲ့မေ့မေ့ ဒီညတင်ပဲ အရှင်စောဆီ လာခဲ့ပေးနိုင်ပါတယ် ]
[ ရပါတယ် မလိုအပ်ပါဘူး မေ့မေ့ အဆော့မက်နေလို့ ကြိုးစားကျင့်ကြံရအောင် မက်လုံးပေးလိုက်ယုံပါပဲ ဒီကိစ္စကို စိတ်ထဲမထည့်ထားပါနဲ့ ]
[ ကျွန်မအင်ပေါ်တယ်အဆင့်၉ ရောက်ရင် လက်ထပ်မယ်ဆိုတာကကောဟင် အရှင်စော ]
[ အင်း အဲဒီအဆင့်ရောက်မှ ထပ်ပြောကြတာပေါ့လေ အခုတော့ ခရီးပန်းလာမှာပဲ စားသောက်ပွဲမှာ ဝင်ရောက်ပျော်လိုက်ပါဦး မိန်းခလေးချူ ]
စားသောက်ပွဲမှာတော့ အခြေအနေကို မသိတဲ့ချုရီတစ်ယောက် စောရန်နိုင်နားမှာ အပျော်ကြီးပျော်နေပါတယ်။
"မမချူ လာလေ၊ မေ့မေ့အဆင့်၆ရောက်ရင် အစ်ကိုကြီးက မေ့မေ့နဲ့ လက်ထပ်ဖို့ စဉ်းစားပေးမယ်တဲ့ ခ်ခ်"
"အင်းပါ ကောင်းကောင်းကျင့်ကြံနော်မေ့မေ့ ၊ မမအပြင်ဖက်ထွက်ပြီး လေကောင်းလေသန့်ရှုလိုက်ဦးမယ်"
"ဟုတ်ကဲ့ မမချူ"
ချူရင်အနေနဲ့ စောရန်နိုင်အနားမှာ နှစ်နဲ့ချီနေခဲ့တာမလို့ စောရန်နိုင်ရဲ့စိတ်ထဲက အတွင်းနတ်ဆိုးကို သိရှိနေတာပဲ ဖြစ်ပါတယ်။
စောရန်နိုင်အနေနဲ့ အယုဒ္ဓယအင်ပါယာကို လာရတဲ့အဓိကရည်ရွယ်ချက်က သူ့မိခင်သတင်းကြောင့်ဆိုတာလဲ သူမသိထားပါတယ်။
သူမအနေနဲ့ ဒီတစ်လအတွင်း အဆိုပါကိုယ်စားလှယ်ပြောခဲ့တဲ့ ခံတပ်ရှိရာကိုလဲ သွားခဲ့ပါပြီးပါပြီ၊ ဒါပေမဲ့ ခံတပ်က ပျက်ဆီးထားတာ မကြာသေးတဲ့ပုံစံနဲ့ တွေ့ခဲ့ရပါတယ်။
ထွန်းအောင်ဆီက နေရာမေးထားတဲ့ ရန်ထက်အောင်လုပ်ကြံခံခဲ့ရတယ်ဆိုတဲ့ ဂူထဲကိုလဲ အတွင်းပိုင်း နယ်မြေအဆုံးထိ သူမရောက်ခဲ့ပြီးပါပြီ။
သူမ ( လင်းဝူ ) အကြောင်း ဘာမှထပ်မသိရသလို ဘာသဲလွန်စမှလဲ မရှိတာကိုတွေ့ခဲ့ရပါတယ်။
အခန်း ( ၁၃၇ ) ပြီး
အခန်း ( ၁၃၈ )
( အမည်မသိ သမီးရဲ့ သတင်း )
စောရန်နိုင်ရဲ့ အော်ရာနဲ့ရင်းနှီးတဲ့ ချူရင်တစ်ယောက် စောရန်နိုင်ကဲ့သို့ အော်ရာတစ်စွန်းတစ်စရှိတဲ့ အသက်၁၇နှစ်အရွယ် မိန်းခလေးတစ်ဦးကို ရှာတွေ့ခဲ့တာကလွဲရင် သူမနဲ့ ပတ်သတ်တဲ့ ဘာသတင်းမှ ရှာမရခဲ့ပါဘူး။ ချူရင်တစ်ယောက် ရုတ်တရက်
( နေပါဦး အသက်၁၇နှစ်အရွယ် မိန်းခလေးတစ်ဦး၊ အရှင်စောရဲ့ အော်ရာ တစ်စွန်းတစ်စနဲ့ လွန်ခဲ့၁၇နှစ်က ပထမဆုံးအကြိမ် မဟုတ်မှလွဲရော )
ချူရင်တစ်ယောက် တစ်စုံတစ်ရာကို သဘောပေါက်သွားတဲ့ပုံစံနဲ့ စားသောက်ပွဲကျင်းပရာ ခန်းမထဲကို အပြေးဝင်သွားပါတယ်။
"အရှင်စော အရှင်စော၊ အရေးတကြီး တင်ပြစရာရှိပါတယ် ကျွန်မအနောက် ခနလိုက်ခဲ့ပေးစေချင်ပါတယ်"
သေရည်သောက်နေသော စောရန်နိုင်တစ်ယောက် မျက်ခုံးပင့်လိုက်ကာ ခေါင်းငြိမ့်ပြလျက် ချူရီကိုချီလိုက်ပြီး အနောက်ကလိုက်ခဲ့လိုက်ပါတယ်။
ခန်းမအပြင်ဖက်မှာတော့
"အရှင်စော အရှင်စောမှာ အမည်မသိသူမနဲ့ အမည်မသိတဲ့ သမီးတစ်ယောက် ရှိနေပြီထင်ပါတယ်"
"ဘယ်လို ဘယ်လိုဖြစ်ပြီး ဘာကိုကြည့်ပြီးပြောတာလဲဆိုတာ ကျွန်တော့်ကို ရှင်းပြပါဦး"
"ဘာပြောတယ်မမ၊ ဘယ်က မိန်းမနဲ့သမီးလဲ အစ်ကိုကြီးက အခုချိန်အထိ အိမ်ထောင်မပြုရသေးဘူးလေ"
ချူရီတစ်ယောက် အံ့အားသင့်သွားပါတယ်။
"ဟုတ်တယ်မမ မေ့မေ့တောင် အစ်ကိုကြီးနဲ့ လက်မထပ်ရသေးဘူး ဘယ်က မိန်းမနဲ့ သားသမီးကပေါ်လာရမှာလဲ"
"ဟုတ်ပါတယ် မိန်းခလေးချူ သေချာရှင်းပြပါဦး"
ချူရင်က လွန်ခဲ့တစ်လက သူမကြုံခဲ့ရတာကို ပြန်ရှင်းပြလိုက်ပါတယ်။
" သူမကို လွန်ခဲ့တဲ့တစ်လက ခံတပ်ဟောင်းနားမှာ နောက်ဆုံးတွေ့ခဲ့တာပါပဲ အရှင်စော"
စောရန်နိုင် မျက်နှာတည်သွားပြီး ခနမျှစဉ်းစားလိုက်ကာ သူ့ရဲ့စိတ်အာရုံကို ဖြန့်ကျက်လိုက်ပါတယ်။ မိုင်းပေါင်း ၁သိန်းခွဲအထိ သူရဲ့စိတ်အာရုံက ပျံနှံ့သွားပေမဲ့ သူနဲ့ရင်းနှီးတယ်ဆိုတဲ့ ဘယ်အော်ရာတစ်စွန်းတစ်စကိုမှ ရှာမတွေ့ခဲ့ရပါဘူး။
"သူမက မိုင်တစ်သိန်းခွဲအတွင်း မရှိတော့ဘူး ထင်တယ်"
စောရန်နိုင်က ခေါင်းရမ်းပြလျက် ပြောလိုက်ပါတယ်။
( ထားလိုက်ပါတော့ သူမသာ တွေ့ချင်ရင် အရင်ကထဲက လာတွေ့မှာပေါ့ ဟင်း .. )
သက်ပြင်းချလျက်
"ဒီကိစ္စကို သူဇာကို အသိပေးလိုက်ပါ ကျန်တာကိုတော့ သူမဆုံးဖြတ်ပါစေလေ"
"ဒါက အရှင်နဲ့ သူမရဲ့ဆက်ဆံရေးက "
"သူမသာ ကျွန်တော့်ကို တကယ်ချစ်ခင်ရင်"
"ထားလိုက်ပါ၊ အဲဒီလိုပဲ အသိပေးလိုက်ပါ၊ ကျွန်တော်အပြင်ခန သွားလိုက်ဦးမယ်"
စောရန်နိုင်တစ်ယောက် လေပြင်ကို ခြေလှမ်းလိုက်ကာ
[ ဗိုလ်ချုပ်ကြီး မင်းရဲကျော်စွာ ဒီကနေ မိုင်တစ်သိန်းခွဲအကွာက မဲဆောင်မြို့ခံတပ်မှာ M4 တပ်ရင်းတစ်ရင်းခေါ်ခဲ့ပြီး လာတွေ့ပါ၊ ဘယ်သူမှ မသိပါစေနဲ့ ]
[ ဟုတ်ကဲ့ပါ အရှင်စော ]
ခနအကြာမှာတော့ စားသောက်ပွဲထဲကနေ မသိမသာနဲ့ M4 ကိုင် ချီစစ်သူကြီး တပ်သားအဆင့် အနိမ့်ဆုံးပါတဲ့ တပ်ရင်းတစ်ရင်းဟာ မင်းရဲကျော်စွာ နောက်ကနေ လိုက်ပါပျံသန်း သွားကြပါတယ်။
ဒါကိုတော့ အဝေးတစ်နေရာမှာ ချူရင်နဲ့အတူရှိနေတဲ့ သူဇာလွင်လဲ မြင်လိုက်ရတာပဲ ဖြစ်ပါတယ်။
"ကျွန်မ ဘယ်လိုလုပ်သင့်လဲ မမချူ၊ တစ်ခုခုပြောပြပါဦး"
"အရှင်စောက အင်ပေါ်တယ်အရှင်တစ်ပါးပါ ညီမသူဇာ အရှင်တစ်ပါးမှာ ကြင်ယာဇနီးများတာ မဆန်းဘူးမလားကွဲ့"
"ဒါပေမဲ့ သူမက မင်းသမီးတစ်ပါးလို့ ညီမသိထားတယ်လေ၊ သူမနဲ့ညီမက အဆင့်အတန်းခြင်း"
"ခ်ခ် ညီမသူဇာက သူမထက်စောပြီး အရှင့်နဲ့ မနေခဲ့ရပေမဲ့ သူမထက်စောပြီးတော့ လက်ထပ်နိုင်သေးတယ်မလားကွဲ့၊ အဲဒီအချိန်ကျရင် အဆင့်အတန်းကို ဘယ်သူက ကြည့်ရဲတော့မှာလဲ"
"ဟုတ်တယ် မမချူပြောတာမှန်တယ်၊ အယုဒ္ဓယကပြန်ရင် အစောနဲ့ လက်ထပ်ရမယ်"
"ပြန်မှဆိုရင် နောက်ကျနေမှာပေါ့ကွဲ့၊ အရှင်စောပြန်လာတာနဲ့ ညဖက်မှာ "
"ဟာ မမလဲ မသိဘူးကွာ ရှက်စရာကြီး"
အခန်း ( ၁၃၈ ) ပြီး