အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း ( ၁၄၂ )
( အသိပညာဉာဏ်အလင်းပွင့်ခြင်း )
သူတို့နှစ်ယောက်သား မြေနီလမ်းလေးအတိုင်း နင်းလျှောက်လာခဲ့ရင်း စောရန်နိုင်တစ်ယောက် ထူးအိမ်သင်ရဲ့ လေလွှင့်ခြင်းလမ်းမများ သီချင်းတစ်ပုဒ်ကို ဆိုညည်းလိုက်မိပါတယ်။
"အဝေးက၊ လမ်းဟောင်းလေးကို ငါဟာနူတ်ဆက် .. အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနူတ်ဆက် .. အပြာရောင်ကျောပိုးအိတ်တစ်ထဲခု ဒဏ်ရာအဟောင်းလေးကိုထည့် .. သွားရတော့မယ်၊ အဆုံးမဲ့မိုးသားထဲကို ငါပျံသန်းခဲ့ ... ငါ့ရဲ့နှလုံးသားထဲမှာ လေလွင့်ခြင်းငှက် ဘယ်ကိုသွားရဦးမှာလဲ ဘယ်မှာအဆုံးသတ်မှာလဲ .. "
စောရန်နိုင်ကတော့ ဘာရယ်မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ စိတ်ကူးပေါက်လို့ သီချင်းလေးညည်းလိုက်မိယုံပါပဲ။
ဒါပေမဲ့ ဘေးကဇင်မာအောင်လို ကျင့်ကြံခြင်းကို ရူးသွပ်နေသူ မိန်းမပျိုတစ်ဦးအနေနဲ့ကတော့ တာအိုတေးတစ်ပုဒ်ကို ကြားလိုက်ရသလိုပါပဲ။
( ဟုတ်တယ် နှလုံးသားထဲက ကျင့်ကြံခြင်းလမ်းစဉ်ဆိုတဲ့ လေလွင့်ခြင်းတာအို ငှက်ကြီးနဲ့ ဘယ်ကိုဆက်သွားရမှာလဲ ဘယ်လောက်ထိရှေ့ဆက်ရမှာလဲ၊ အဆုံးသတိကဘယ်မှာလဲ၊ အတိတ်ကဒဏ်ရာတွေ ပြည့်နှက်နေတဲ့ အသိပညာဉာဏ်ဆိုတဲ့ ကျောပိုးအိတ်ကြီးကလဲ ကျင့်ကြံရင်း ဖြစ်ပေါ်လာတက်တဲ့ အတွင်းနတ်ဆိုးကို သတိပေးနေသလိုပဲ )
ဇင်မာအောင်ရဲ့ ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာ စူးရှအဖြူရောင်အလင်းတန်းတွေက သိပ်သည်းစွာဖြစ်ပေါ်လာပါတယ်။ စောရန်နိုင်ထိန့်လန့်သွားပြီး
[ စနစ်၊ သူမဘာဖြစ်တာလဲ၊ စိုးရိမ်ရလား ]
[ သူမက ကျင့်ကြံခြင်းလမ်းစဉ်မှာ ဖြစ်ပေါ်လာတက်တဲ့ ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းနှစ်မျိူထဲက အသိပညာဉာဏ်အလင်းပွင့်ခြင်း ဖြစ်ပေါ်နေတာပါ၊ စိုးရိမ်စရာမလိုအပ်ပါ ]
[ ဘယ်လောက်ကြာတက်လဲ စနစ် ]
[ အသိပညာဉာဏ်ပွင့်သူရဲ့ စိတ်အနေအထားကို ဖမ်းဆုပ်နိုင်မှုအပေါ်မူတည်နေတက်ပါတယ်၊ သတိ သွားရောက်မထိတွေ့ရ၊ မနှောက်ယှက်ရပါ ]
( ငါလခွေး မိန်းခလေးတစ်ယောက်နဲ့ ရိုရမလားမှတ်တယ်၊ လာပြီး အသိပညာဉာဏ်ထပွင့်နေသေးတယ်၊၊ ဒီသောက်ပါးစပ်ပါကွာ )
[ စနစ် ဉာဏ်အလင်းပွင့်ခြင်း နှစ်မျိုးကို ရှင်းပြပါဦး ]
[ ဉာဏ်အလင်းပွင့်ခြင်း နှစ်မျိုး၊ အတက်ပညာဉာဏ်အလင်းပွင့်ခြင်း၊ အသိပညာဉာဏ်အလင်းပွင့်ခြင်း၊ အတက်ပညာဉာဏ်အလင်းပွင့်ခြင်းကို မကြာခနကြုံရနိုင်ပေမဲ့ အသိပညာဉာဏ်အလင်းပွင့်ခြင်းသည် အလွန့်အလွန်ရှားပါးပါသည် ]
[ ဒါပဲလားဟ၊ ဘာဘာညာညာတွေ မပါတော့ဘူးလားဟ ]
[ စနစ်က လူသားစင်စစ်မဟုတ်၍ အလုံးစုံအသေးစိတ်အား ကိုယ်တွေ့မကြုံဖူး၍ မရှင်းပြနိုင်ပါ ]
[ အေးပါကွာ ]
စောရန်နိုင်တစ်ယောက် ဇင်မာအောင်ပြီးဆုံးတာစောင့်ရင်း လောကအလင်းရောင်ဓားကျင့်စဉ်ကို ပြန်လည်ဆန်းစစ်နေပါတယ်။
သမာရိုးကျ ဓားကျင့်စဉ်တွေနဲ့ မတူကွဲပြားတာကတော့ အင်ပေါ်တယ်အဆင့် ကျင့်စဉ်တွေဟာ သူတို့ရဲ့သွေးမျိုးဆက်က သန့်ရှင်းလေလေ ကျင့်စဉ်ကို အသုံးပြုရ လွယ်လေလေပဲ ဖြစ်ပါတယ်။
စောရန်နိုင်က လောကအလင်းရောင် သွေးမျိုးဆက်ကို နှိုးထစေလိုက်ပြီး ဓားသိုင်းကျင့်စဉ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပုံမှန်ထက် အစွမ်းထက်နေတာ တွေ့လိုက်ရပါတယ်။
တစ်ပတ်အကြာမှာတော့ ဇင်မာအောင်တစ်ယောက် ဉာဏ်အလင်းပွင့်ရာကနေ နှိုးထလာပါတယ်။ လက်ဟန်တစ်ချို့ကို ဖန်တီးပြုလုပ်အပြီးမှာတော့
"ခရီးအစကဘယ်နေရာမှာလဲ ခရီးရဲ့အဆုံးသတ်ကရော ဘယ်မှာလဲ လေနှင်ရာကို ငါဖြတ်သန်းရင်း တာအိုမြစ်မှာငါရုန်းကန်ခဲ့ အဆုံးအဆမဲ့ လေလွင့်ခြင်းတာအို ပွင့်စမ်း"
ဇင်မာအောင်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဖြူရောင်လင်းစက်များက တဖြည်းဖြည်းခြင်းစုစည်းလာကာ သူမရဲ့ နောက်ကျောပြင်အထက် ဦးခေါင်းနားတဝိုက်မှာ စက်ဝိုင်းပုံသဏ္ဌာန် သွားရောက်စုစည်းနေကြပါတယ်။
"စနစ် အဲဒါဘာဖြစ်ရပြန်တာလဲဟ"
"တာအိုရဲ့ သင်္ကေတအမှတ်အသား တစ်ခုဖြစ်တဲ့ တာအိုရောင်ဝါ တစ်ခုပါ ပိုင်ရှင်"
" အဲဒါဆိုရင် သူမက"
"သူမက အင်ပေါ်တယ်သူတော်စဉ်တွေသာ ရရှိနိုင်တဲ့ တာအိုသူတော်စဉ် ဘွဲ့အမည်တစ်ခုကို ပိုင်ဆိုင်သွားမှာပါ ပိုင်ရှင်"
စနစ်က ဖြေကြားနေစဉ်မှာပါပဲ ဒါသကမ္ဘာတစ်ခုလုံးကို မြင်ရစေမဲ့ တာအိုရောင်ဝါတစ်ခု ပေါ်ထွက်လာပြီး
"ဒီကမ္ဘာမြေမှာ တာအိုလမ်းစဉ် ၃၀၀၀ထဲက တစ်ခုဖြစ်တဲ့ အဆုံးမဲ့လေလွင့်ခြင်းတာအို ပေါ်ထွက်လာခဲ့ပြီလို့ ဒီဒါသကမ္ဘာမြေမှာ တာအိုစွမ်းအင် ပြန်လည်ပေါ်ပေါက်လာခဲ့ပါပြီ သူမရဲ့တာအိုသူတော်စဉ်ဘွဲ့ အမည်နာမကို အဆုံးမဲ့လေလွှင့်ခြင်း တာအိုအရှင်မလို့ ခေါ်တွင်ပါစေ"
ကမ္ဘာ့တာအို ကြေညာမှုက ဒါလေးပါပဲ၊ ဒါပေမဲ့ နှစ်ပေါင်းသိန်းချီကြာ အသက်ရှင်သန်နေကြသူများကတော့ ဘာကိုဆိုလိုသွားမှန်း သဘောပေါက်သွားကြပါတယ်။
"ဟား ဟား တာအိုစွမ်းအင် ပြန်ပေါ်ထွက်လာပြီကွ ငါတို့တွေ အထက်ကမ္ဘာကို တက်နိုင်တော့မယ်ကွ ဟား ဟား"
ဒီလိုကြုံးဝါးသံတွေက ဒါသကမ္ဘာရှိ အဆင့်မြှင့်ကုန်းမြေကြီးတွေမှာ ထွက်ပေါ်လာကြပါတယ်။ ဒါတွေကိုတော့ စောရန်နိုင်တစ်ယောက် မသိနိုင်သေးပါဘူး။ သူ့အဆင့်က နိမ့်ပါးနေပါသေးတယ်။
ဇင်မာအောင်အနေနဲ့ အဖြူရောင်အဆင်းရှိပြီး အနားသတ်အချွန်ထောင့်များ ပါဝင်တဲ့ အဆုံးမဲ့လေလွင့်ခြင်းတာအို စက်ဝိုင်းကို ဖွဲ့စည်းပြီးချိန်မှာတော့
"အစ်ကို ညီမဘာဖြစ်သွားတာလဲဟင်"
အခန်း ( ၁၄၂ ) ပြီး
အခန်း ( ၁၄၃ )
( အဆင့်ငယ် ၆ဆင့် ခုန်တက်သွားခြင်း )
"အစ်ကို ညီမဘာဖြစ်သွားတာလဲဟင်"
"ညီမကို အခုအချိန်ကစပြီး အဆုံးမဲ့ လေလွှင့်ခြင်း တာအိုအရှင်မလို့ ခေါ်ရတော့မယ်"
"ဟင် ဒါပေမဲ့ ညီမ ချီဘုရင် .. ဟင် ဘယ်လိုဖြစ်ပြီး ညီမက အင်ပေါ်တယ်အဆင့်ကို ရောက်လာတာလဲ ဘာဖြစ်ခဲ့တာလဲ"
စောရန်နိုင်အနေနဲ့ ထိုအကြောင်းကို စနစ်ဆီက သိထားပြီးပါပြီ။ ဇင်မာအောင်က အခုအချိန်မှာတော့ အင်ပေါ်တယ်ဘုရင်အဆင့်၁ကို ခုန်ကျော်ရောက်ရှိနေပါတယ်။ စုစုပေါင်း အဆင့်ကြီး ၂ဆင့် ( အဆင့်ငယ် ၁၈ဆင့် ) ကို ခုန်တက်ခဲ့တာပဲ ဖြစ်ပါတယ်။
"အဆုံးမဲ့ လေလွှင့်ခြင်းတာအိုကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့လို့ ဒီကမ္ဘာမြေရဲ့ ကောင်းကင်တာအိုက ညီမကို တာအိုစွမ်းအင်နဲ့ အဆင့်မြှင့်တင်ပေးလိုက်တာပါ၊ ဆုချီးမြှင့်တဲ့ သဘောမျိုးပေါ့"
ဇင်မာအောင်က စောရန်နိုင်ကို ကြည့်လိုက်ပြီး
"ဟင် အစ်ကို့ကရော တာအိုက ဆုချီးမြှင့်လိုက်တာလား"
စောရန်နိုင်အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရာမှာတော့ အင်ပေါ်တယ်ဘုရင် အဆင့်၁ ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
[ စနစ် ဒါကဘယ်လိုဖြစ်တာလဲ ]
[ တာအိုတစ်ခု ပြန်လည်ပေါ်ထွက်လာမှုမှာ ကူညီထောက်ပံ့ပေးခဲ့လို့ ကောင်းကင်တာအိုက ပိုင်ရှင်ကို အင်ပေါ်တယ်စွမ်းအင်တချို့ကို ဆုချီးမြှင့်ပေးလိုက်တာပါ ]
စောရန်နိုင်တစ်ယောက် ကျေနှပ်သွားပါတယ်။ ဇင်မာအောင်ရဲ့ ဉာဏ်အလင်းပွင့်မှုကနေ သူပါအကျိူးအမြတ် ရခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ စုစုပေါင်း အဆင့်ငယ် ၆ဆင့်ကို ခုန်ကျော်သွားတာပဲ ဖြစ်ပါတယ်။
"ဟုတ်မယ်ညီမ၊ အခုတော့ အဆင့်တည်ငြိမ်အောင် အရင်လုပ်လိုက်ပါဦး"
"ဟုတ် အစ်ကို"
စောရန်နိုင်အနေနဲ့လဲ စနစ်ရဲ့အသိပေးသံတွေကို ဆက်လက် စောင့်ကြည့်နေလိုက်ပါတယ်။
[ ဒင် ပိုင်ရှင်မှ အင်ပေါ်တယ်ဘုရင် ပထမအဆင့်အား ရောက်ရှိသည့်အတွက် ဂုဏ်ပြုပါတယ် အောက်ပါ အဆင့်၆တို့မှ တစ်မျိုးကို ရွေးချယ်ရယူပါ ]
[ အဆင့်၆ လက်နက်ထုတ်စက်ရုံများ ..
အဆင့်၆ အစီအရင်ကဒ်ပြားထုတ်စက်ရုံများ ..
အဆင့်၆ စက်ရုံများ ..
အဆင့်၆ ဆေးပြားထုတ် စက်ရုံများ .. ]
[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်ဘုရင် ပထမအဆင့်ကို ရောက်ရှိလာသောကြောင့် အင်ပေါ်တယ်အဆင့် ဟင်းလင်းပြင်ခွဲထုတ်ခြင်းကျင့်စဉ်၊ ဟင်းလင်းပြင် ခုန်ကူးခြင်းကျင့်စဉ်၊ အင်ပေါ်တယ်ဘုရင်အဆင့် မပျက်ဆီးနိုင်သော အာဠာဝကခန္ဓာကိုယ် ကျင့်စဉ် တို့အားဆုချလိုက်ပါသည် ]
[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်ဘုရင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့တာကြောင့် စနစ်ကို အဆင့်၆ သို့မြှင့်တင်နိုင်ပါပြီ၊ လိုအပ်ချက် အဆင့်နိမ့် ခရစ်စတယ်အမြူတေ ၁သောင်း ၊ ကြာမြှင့်ချိန် နှစ်၅၀၊ နေ့စဉ်ဝင်ရောက်မှတ်ပုံတင်ခြင်း ဆုလာဒ်များမှ လက်နက်များနှင့် ပစ္စည်းများအား ပမာဏကန့်သတ်လိုက်ပါပြီ ]
[ ဒင် ပိုင်ရှင်သည် အင်ပေါ်တယ်ဘုရင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့သည့်အတွက် အင်ပေါ်တယ်အဆင့် သွေးမျိုးဆက်တစ်ခုဖြစ်သော အဆင့်၁၆ နတ်ဘီလူးသွေးမျိုးဆက်ကို ရရှိခဲ့ပါသည် ]
စနစ်ရဲ့ ဆုပေးစံနှုန်းက ပုံစံတစ်မျိုး ပြောင်းလဲသွားပြန်ပါတယ်။ အဆင့်တစ်ခုတက်လေလေ ရရှိတဲ့ ဆုလာဒ်က နည်းပါးလာကာ အဆင့်မြှင့်တင်ချိန် ကြာမြှင့်လာလေလေ ဖြစ်တော့မှာပါ။
[ စနစ် ဆုလာဒ်တွေက ဘာလို့နည်းသွားရတာလဲ ]
[ ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့် မြင့်လာလေလေ ကောင်းကင်တာအိုရဲ့ ဖိနှိမ့်မှု များလေလေဖြစ်လာပါတယ်၊ ဒါကြောင့် ပိုင်ရှင်အနေနဲ့ အဆင့်များခုန်မတက်ဖို့သာ ဂရုစိုက်ပေးပါ ]
( ဟင့် ဘာမှလဲမဆိုင်ပဲနဲ့ )
တစ်လတာကြာမြင့်အပြီး ဇင်မာအောင်တစ်ယောက် အဆင့်တည်ငြိမ်အောင် ကျင့်ကြံအပြီးမှာတော့ သူတို့နှစ်ဦးသား နတ်သူငယ်နိုင်ငံရှိရာ တောအုပ်ကြီးအတွင်းကို ခရီးဆက်ခဲ့ကြပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ စောရန်နိုင်ရဲ့ ဟင်းလင်းပြင်ခုန်ကူးခြင်းနဲ့ မင်းရဲကျော်စွာ တည်ရှိရာနေရာကို တိုက်ရိုက်ခုန်ကူးသွားလိုက်ပါတယ်။
မင်းရဲကျော်စွာနဲ့ နတ်သူငယ်ဘုရင်မ အရီယာ တို့ကတော့ တိမ်အရိပ်ဂိုဏ်းတည်ရှိရာ တောအုပ်အလည်က တောင်ကုန်းတစ်ခုအပေါ်မှာ စောင့်နေကြတာပဲ ဖြစ်ပါတယ်။ တိမ်အရိပ်ဂိုဏ်းကြီးကတော့ ဆိုးရွှားစွာ ထိခိုက်ပျက်ဆီးပြီးသား ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့တစ်လအတွင်း မင်းရဲကျော်စွာနဲ့ စောရန်နိုင်ဟာ စိတ်အာရုံခြင်း ဆက်နွယ်မှုရှိခဲ့ကြပြီး စောရန်နိုင်အမိန့်အရ နတ်သူငယ်ဘုရင်မကို ကယ်တင်ဖို့ တိမ်အရိပ်ဂိုဏ်းကို ရုတ်ချည်းတိုက်ခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။
"အင်ပေါ်တယ် အရှင်စောကို ကြိုဆိုပါတယ်"
"အရှင်စောကို ဂါဝရပြုပါတယ်"
စောရန်နိုင်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း ဇင်မာအောင်ကို ပြန်လည်မိတ်ဆက်ပေးလိုက်ပါတယ်။
"သူမက ပြီးခဲ့တဲ့တစ်လကျော်က ဖြစ်ပေါ်ခဲ့တဲ့ အဆုံးမဲ့လေလွှင့်ခြင်းတာအို ကြေညာမှုရဲ့ တာအိုအရှင်မ ဇင်မာအောင်ပါပဲ လက်ရှိမှာတော့ ငါနဲ့အဆင့်တူ အင်ပေါ်တယ်ဘုရင်အဆင့်ကို တက်လှမ်းထားသူ တစ်ယောက်လဲ ဖြစ်တယ်"
"ဟာ ... ဟင်"
အခန်း ( ၁၄၃ ) ပြီး
အခန်း ( ၁၄၄ )
( စေ့စပ်ကြောင်းလမ်းခြင်း )
"ဟာ ... ဟင်"
"အဲဒါဆိုရင် ဂျုနီယာညီမ မဟုတ်ဘူး စီနီယာ မဟုတ်ဘူး တာအိုအရှင်မက ငါတို့ပန်းတစ်ရာ ဂိုဏ်းကပေါ့"
ဒီလိုအခြေအနေတစ်ခုနဲ့ဆိုရင် ပန်းတစ်ရာဂိုဏ်းက မြင့်တက်လာတော့မှာပါ။ ကုန်းမြေတစ်ခုလုံးရဲ့ နံပတ်တစ် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာတော့မှာပါ။
"လူသားတွေက အစွမ်းထက်လွန်းတယ်၊ နတ်သူငယ်ဘုရင်မ အရီယာက စီနီယာကို ဂါဝရပြုပါရစေ"
ဇင်မာအောင်က နန်းဆန်တဲ့အပြုံးလေးနဲ့
"သက်သာသလိုပဲနေကြပါ၊ အရမ်းကြီးအနေခက်နေစရာမလိုပါဘူး"
"ပေါ့ပေါ့ပါးပါးပဲနေကြပါ"
"ဟုတ်ကဲ့ပါ အရှင်နဲ့ အရှင်မ"
မင်းရဲကျော်စွာက အရိုအသေပြုရင်း
"အရှင်မြတ်စော တင်ပြစရာရှိပါတယ်ခင်ဗျ"
"အင်း ခန်းမထဲရောက်မှ ဆက်တင်ပြပါ၊ အခုတော့ လမ်းပြပါဦး"
"ဟုတ်ကဲ့ပါ အရှင်မြတ်စော"
ခန်းမအတွင်း မင်းရဲကျော်စွာက တင်ပြစရာ တင်ပြအပြီးမှာတော့
"အရှင်မြတ်စော ဒီငယ်သားက အရှင့်နောက်ပါကနေ လိုက်ပါလာတာ နှစ်တစ်ချို့ကြာခဲ့ပါပြီ၊ အခုအချိန်မှာ ဒီငယ်သားက အရှင်ဆီက အတင့်ရဲစွာနဲ့ တစ်စုံတစ်ခုကို တောင်းဆိုခွင့်ပြုပါခင်ဗျ"
စောရန်နိုင်က ပြုံးလျက်ပင်
"ဆိုပါဦး ငါ့ဗိုလ်ချုပ်ကြီးရဲ့ ထူးထူးဆန်းဆန်းပါလား၊ မဟုတ်မှလွဲရော ဟဲ .. ဟဲ၊ သမီးတော်၇ပါးထဲက မိန်းခလစံပယ်ဦးနဲ့ လက်ထပ်ချင်ပြီထင်ပါရဲ့ဗျာ"
"ဟင် အရှင်စောက သိနေတာလားခင်ဗျ၊ အရှင်စောက အရာရာကို သိနိုင်ပါတယ်အရှင်၊ ကျေးဇူးပြုပြီး ခွင့်ပြုပေးစေချင်ပါတယ်ခင်ဗျ"
"ဟား ... ဟား၊ မိန်းခလေးစံပယ်ဦးကသာ လက်ခံမယ်ဆိုရင် ငါအရှင်စော ခွင့်ပြုရမှာပေါ့ဗျာ၊ သူမကိုခေါ်မေးလိုက်ပါ့မယ်"
စောရန်နိုင်က လက်တစ်ချက်အရမ်းမှာတော့ ခန်းမအတွင်းရှိ လေဟာပြင်က နှစ်ခြမ်းကွဲထွက်သွားပြီး စံပယ်ဦးတစ်ယောက် သတိကြီးတဲ့ အနေအထားနဲ့ ထွက်ပေါ်လာပါတယ်။
"ဟင် အစ်ကိုကျော်စွာ"
စံပယ်ဦးတစ်ယောက် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ထွက်လာခြင်းခြင်း ပြောလိုက်တဲ့စကားလုံးပါပဲ။
"အရှင်စောကို ဂါဝရပြုပါတယ်"
( အဟမ်း အဟမ်း၊ အချစ်တို့မည်သည် တယ်လဲခွဲခြားပါလား၊ ငါ့အရှေ့လာပြီး အခွက်ပြောင်နေတယ် ငါလုပ်လိုက်ရ ငါနော် )
စိတ်ကူးထဲမှ တွေးမိယုံသာဖြစ်ပြီး အပြင်ပန်းကတော့ ပြုံးပြလျက်ပင်
"အင်း နေသာသလိုနေပါ၊ အခုလိုခေါ်လိုက်ရတာက အတည်ပြုစရာ တစ်ခုရှိနေလို့ပဲ မိန်းခလေးစံ"
"ဟုတ်ကဲ့ရှင့်"
"ဗိုလ်ချုပ်ကြီး မင်းရဲကျော်စွာက မိန်းခလေးစံကို လက်ထပ်လိုကြောင်း ငါအရှင်ဆီမှာ ခွင့်တောင်းထားတယ်၊ မိန်းခလေးစံ ဘယ်လိုသဘောရသလဲ"
"လက်ခံပါတယ်အရှင်စော ကျွန်မလက်ခံပါတယ်"
( နည်းနည်းပါးပါး မူယာမာယာ များပါဦးလားဟ )
"အဲဒါဆိုရင် ကောင်းပြီလေ ၊ အခုတော့ တာအိုအရှင်မဇင်မာအောင်နဲ့ငါအရှင်စောကို သက်သေထားပြီး မျက်မြင်အနေနဲ့ နတ်သူငယ်ဘုရင်မနဲ့ နတ်သူငယ်တိုင်းပြည်က ရှိနေပြီဆိုတော့ စေ့စပ်ထားကြတာပေါ့"
"တစ်ရာနိုင်ငံကို ပြန်ရောက်မှပဲ လက်ထပ်ရက်ကိုရွေးပြီး လက်ထပ်ကြပေါ့ ဟုတ်ပြီလား"
စံပယ်ဦးနဲ့ မင်းရဲကျော်စွာနှစ်ယောက်သား တဈ်ယာက်ကိုတစ်ယောက်ကြည့်လျက် စိတ်အာရုံနဲ့
[ အစ်ကို ဖြစ်နိုင်ရင်လေ ညီမတို့ရဲ့ လက်ထက်ပွဲအခမ်းအနားကို သားရဲနိုင်ငံမှာပဲ လုပ်ဆောင်ချင်တယ်ရှင့် ]
[ အင်းပါ အစ်ကို အရှင်စောဆီ တင်ပြပေးပါ့မယ် ]
စောရန်နိုင်နဲ့ ဇင်မာအောင်တို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်လိုက်မိကြပါတယ်။ ဇင်မာအောင်က
"မိန်းခလေးနဲ့ ဗိုလ်ချုပ်ကြီးတို့၊ ငါနဲ့အစ်ကိုတို့ရှေ့မှာ စိတ်အာရုံနဲ့ ပြောဆိုတာက အသုံးမဝင်ဘူးဆိုတာ သိထားစေချင်တယ်"
စောရန်နိုင်ကလဲ ရယ်ဟောလျက်
"ဟား .. ဟား အမှန်ပဲဗျ၊ ကဲကဲ မိန်းခလေးစံရဲ့ သဘောထားကို ငါအရှင်စော ခွင့်ပြုပေးတယ်"
"နောက်ပြီးတော့ သားရဲတစ်ထောင်တောအုပ်ကို ကျော်ဖြတ်ပြီး သားရဲနိုင်ငံကို တိုက်ခိုက်ဖို့ကိုလဲ ကိုယ်ရံတော်မှူးချူရင်၊ လေတပ်စစ်ဦးစီးချုပ် ချူရီနဲ့ မြင်းတပ်ဦးစီးမှူး သီရိပျံချီ တို့နဲ့အတူ ဗိုလ်ချူပ်ကြီးမင်းရဲကျော်စွာလဲ လိုက်ပါသွားပါ၊ မိန်းခလေးစံကတော့ ချီဧကရာဇ်အလယ်အလတ်ကိုရောက်ဖို့ အရင်ကြိုးစားကျင့်ကြံထားပေါ့"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်စော"
"သွားနိုင်ပြီ"
စောရန်နိုင်က စံပယ်ဦးကို ဟင်းလင်းပြင် အက်ကွဲကြောင်းကနေတစ်ဆင့် ပြန်ပို့ပေးလိုက်ပြီး မင်းရဲကျော်စွာကိုတော့ မယ်ဆိုင်မြို့ဆီပြန်ကာ သတင်းစကား အမှာပါးခိုင်းပြီး တစ်ရာနိုင်ငံဆီ ပြန်စေလွတ်လိုက်ပါတယ်။
( သူတို့နှစ်ယောက်ကို ဒီအတိုင်း လက်ထပ်ပေးလိုက်လို့တော့ မဖြစ်ဘူး။ အနည်းဆုံး သူတို့ရဲ့ကျင့်ကြံဆင့်ကို အင်ပေါ်တယ်အဆင့်ထိ မြှင့်ပေးမှကောင်းမယ် )
အခန်း ( ၁၄၄ ) ပြီး