← Chapters

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း (၃၀၁)

Vol. 31 Ch. 301

မီးတောက်များမှထွက်ပေါ်နေသောဖိအားသည် ကျုံးရှန်၏ လက်ဖဝါးအတွင်း၌ ဝိညာဉ်စွမ်းအင်များကို စုပ်ယူခဲ့သည့် ဝိညာဉ်ဝါးမြိုသတ္တဝါများ ပေးစွမ်းသည့် ခံစားချက်နှင့် ထပ်တူပင် ဖြစ်သည်။ သို့သော်လည်း ယခု ခံစားနေရသော ဖိအားသည် အဆပေါင်း မြောက်မြားစွာ ပိုမို ပြင်းထန်လှပေသည်။

အကယ်၍ ထိုမီးတောက်သည် သူ၏ ခန္ဓာကိုယ်သို့ ကူးစက်လောင်ကျွမ်းခဲ့လျှင် သူကိုယ်တိုင်သည်လည်း မီးရှူးတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း ကျုံးရှန်သည် အနည်းငယ်မျှ သံသယ မရှိပေ။

'ဒီမီးတောက်က ဝိညာဉ်စွမ်းအင်ကို လောင်စာအဖြစ် အသုံးပြုပြီး လောင်ကျွမ်းနေတာပဲ...'

ကျုံးရှန်သည် သူ၏ စိတ်အတွင်း၌ မှတ်ချက်ပြုလိုက်သည်။

မီးတောက်များ လောင်ကျွမ်းနေသည်နှင့်အမျှ ပင်လယ်ငါးများသည် တစ်ကောင်ပြီး တစ်ကောင် ဝမ်းဗိုက်များလှန်ကာ ရေမျက်နှာပြင်ထက်သို့ ပေါလောပေါ်လာကြသည်။ ထိုပင်လယ်ငါးများ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးသည် စုပ်ယူခြင်း ခံလိုက်ရသဖြင့် သူတို့သည် ခြောက်ကပ်နေသော ငါးခြောက်များကဲ့သို့ဖြစ်သွားကြလေသည်။

ထိုသို့ဖြစ်ရခြင်းသည် ထူးဆန်းသော မီးတောက်သည်ပင်လယ်ရေမျက်နှာပြင်အထက်တွင်လောင်ကျွမ်းနေခြင်းကြောင့်ဖြစ်ကာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော စွမ်းအား ဖြစ်သည်။

ထိုမီးတောက်များသည် ဂျောက်ကျိ၏ ခန္ဓာကိုယ်မှ စီးကျလာသော သွေးစက်များ ပင်လယ်ရေနှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဂျောက်ကျိသည် ကမ္ဘာဦး ခေတ်မှ သားရဲတစ်မျိုး ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်လေသည်။

သို့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးရှိ ရှေးဟောင်း မှတ်တမ်းများနှင့် ဒဏ္ဍာရီများအတွင်း၌မူ သူတို့နှင့် ပတ်သက်သော အကြောင်းအရာများကို မြောက်မြားစွာ ရေးသားထားကြလေသည်။

ကျုံးရှန်သည် စိတ်ဝိညာဉ် စွမ်းအား ကြီးမားသဖြင့် တစ်ချိန်တည်း၌ အာရုံ၈၁၀ သန်းအထိ ခွဲဖြာကာ မြောက်မြားစွာသော ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုခဲ့ဖူးလေသည်။ သူသည် ဗဟုသုတ ကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး အနည်းငယ်မျှ အာရုံစူးစိုက်လိုက်ရုံဖြင့် ဂျောက်ကျိနှင့် ပတ်သက်သော မှတ်တမ်းများကို ပြန်လည် သတိရလာလေသည်။

ဂျောက်ကျိသည် လူသားပုံစံနှင့် ငါးအမြီး ရှိသော သတ္တဝါ ဖြစ်ကာ ရေသူမျိုးနွယ်ဟုလည်း ခေါ်ဆိုကြလေသည်။ သူတို့ ရက်လုပ်သော ဂျောက်ရှောင် ပိုးထည်သည် ရေထဲ၌ စိုစွတ်ခြင်း မရှိသကဲ့သို့ သူတို့ ငိုကြွေးသောအခါ ထွက်လာသော မျက်ရည်များသည်လည်း ပုလဲများအဖြစ်သို့ ပြောင်းလဲသွားတတ်လေသည်။ ထို့ပြင် ဂျောက်ကျိအဆီသည် တစ်ကြိမ် လောင်ကျွမ်းခဲ့လျှင် နှစ်ပေါင်းတစ်သောင်းတိုင်အောင် မငြိမ်းသတ်နိုင်ဘဲ တောက်လောင်နိုင်စွမ်းရှိပေသည်။

ကျင်မင်းဆက်၏ ကန်းပေါင်မှတ်တမ်း စောရှန်ကျိ အတွဲ ၁၂ ၌ အောက်ပါအတိုင်းဖော်ပြထားသည်။

"တောင်ဘက်ပင်လယ်၏ အပြင်ဘက်တွင် ဂျောက်လူသားများ ရှိကြသည်၊ သူတို့သည် ရေထဲ၌ ငါးကဲ့သို့ နေထိုင်ကြပြီး ရက်ကန်းလုပ်ငန်းကို မစွန့်လွှတ်ကြပေ၊ သူတို့ ငိုကြွေးလျှင် မျက်ရည်များမှာ ပုလဲ ဖြစ်လာသည်"

ဘိုဝူကျိနှင့် ရှုယိကျိ ကျမ်းများတွင်လည်း အလားတူ အကြောင်းအရာများကို အနည်းငယ် ကွဲပြားစွာ ရေးသားထားကြလေသည်။

ရှုယိကျိ ပထမတွဲ၌

"ဂျောက်လူသားသည် ချွမ်ရှန်း ဖြစ်သည်၊ ချွမ်ခေါ့ ဟုလည်း ခေါ်သည်၊ တောင်ဘက်ပင်လယ်မှ ဂျောက်ရှောင် ပိုးထည်များ ထွက်ရှိကာ ယင်းကို နဂါးပိုးထည်ဟုလည်း ခေါ်သည်၊ ယင်း၏ တန်ဖိုးသည် ရွှေချိန်တစ်ရာကျော် ရှိပြီး ရေထဲ၌ စိုစွတ်ခြင်း မရှိချေ၊ တောင်ဘက်ပင်လယ်၌ နဂါးပိုးထည် နန်းတော် ရှိသည်" ဟု ရေးသားထားလေသည်။

ထို့အပြင် ထိုက်ဖိန်ယုလန့် အတွဲ ၈၀၃ ၏ ဘိုဝူကျိကျမ်းမှ ကိုးကားချက်အရ

"ဂျောက်လူသားသည် ရေထဲမှ ထွက်လာကာ လူသားများ၏ အိမ်၌ ခေတ္တ နေထိုင်၍ ရက်လုပ်ထားသော ပိုးထည်များကို ရောင်းချတတ်သည်၊ မထွက်ခွာမီ အိမ်ရှင်ထံမှ ခွက်တစ်ခု တောင်းခံကာ ငိုကြွေးပြရာတွင် မျက်ရည်များသည် ပုလဲများ ဖြစ်လာပြီး ခွက်အပြည့် ရရှိသွားသဖြင့် အိမ်ရှင်ကို ပေးအပ်ခဲ့သည်" ဟု ပါရှိလေသည်။

ဘိုဝူကျိကျမ်း၌လည်း

" တောင်ပင်လယ်ရဲ့ ဂျောက်လူသား ၊ ငါးများကဲ့သို့ရေထဲ၌ နေထိုင်ပြီး ငိုကြွေးသောအခါ ပုလဲမျက်ရည်ခသည်" ဟု ဖော်ပြရေးသားထားသည်။

စစ်ကျိအတွဲ ၆ရှိ အင်ပါယာ ချင်ရှီဟွမ်၏ မှတ်တမ်း၌လည်း ရေသူမျိုးနွယ်နှင့် ပတ်သက်သော အကြောင်းအရာများ ရှိလေသည်။ အင်ပါယာ ချင်ရှီဟွမ်နန်းတက်စဥ်တွင် သူ၏ဂူသင်္ချိုင်းကို လီတောင်၌စတင်တည်‌ဆောက်ခဲ့သည်။ အင်ပါယာတစ်ခုလုံးကို ပေါင်းစည်းပြီးနောက်တွင် လုပ်သား ၇၀၀၀၀ ကို ဂူသင်္ချိုင်းတည်ဆောက်ရာသို့ စေလွှတ်ခဲ့သည်။

သူတို့သည် နွေဦးသုံးခါဖြတ်သန်းလျက် ဂူသင်္ချိုင်းတူးဖော်တည်ဆောက်ခဲ့ရကာ ဂူသင်္ချိုင်းအပြင်ဘက်ကို ကြေးသွန်းပြုလုပ်ခဲ့ပြီး အဖိုးတန်ရတနာများ ၊ ထူးခြားပစ္စည်းများကို ဂူသွင်းမြှုပ်နှံခဲ့သည်။ အင်ပါယာချင်ရှီဟွမ်သည် သူ၏ ဂူသင်္ချိုင်းအနီးသို့ချဉ်းကပ်လာသူမှန်သမျှကို သတ်ဖြတ်ရန်အတွက် ဒူးလေးတပ် ၊ မြားတပ်များလည်း ခန့်အပ်စောင့်ကြပ်စေခဲ့သည်။ ပင်လယ်များနှင့် မြစ်များကို ကိုယ်စားပြုရန်အတွက် ပြဒါးများကို အသုံးပြုခဲ့ကာ အစဉ်ထာဝရလည်ပတ်နေစေရန် စက်ယန္တရားများစီမံပြုလုပ်ရန်မိန့်ကြားခဲ့သည်။

ထို့အပြင် ရေသူမျိုးနွယ်တို့၏ အဆီကို အသုံးပြု၍ မီးအိမ်များကို ပြုလုပ်ခဲ့ကာ ထိုမီးအိမ်များသည် နှစ်ပေါင်း မြောက်မြားစွာတိုင်အောင် မငြိမ်းသတ်ဘဲ လောင်ကျွမ်းနေစေရန် စီစဉ်ခဲ့လေသည်။

ထိုက်ဖိန်ကွမ်းကျီ မှတ်တမ်း၌

"ရေသူတို့သည် အရှေ့ပင်လယ်အတွင်း၌နေထိုင်ကာ အရွယ်ရောက်ပြီးရေသူတစ်ကောင်သည် ခြောက်ပေခန့်ရှည်လျားပြီး လူသားနှင့်တူညီသည် သူတို့ရဲ့ မျက်လုံး ၊ မျက်ခုံး၊ ‌နှာခေါင်း ၊ ပါးစပ်၊ လက်ချောင်းများနှင့် ခေါင်းတို့သည် အလှပဆုံးသော မိန်းမတစ်ယောက်၏အသွင်ရှိကာ ချောမောလှပမှု၏ပြီးပြည့်စုံခြင်းတို့ကို ပိုင်ဆိုင်ထားသည်၊ ကျောက်စိမ်းကဲ့သို့အသားအရေရှိပြီး အကြေးခွံများမရှိဘဲ ရှည်လျားသောဆံနွယ်များကိုပိုင်ဆိုင်ထားသည်" ဟုရေးသားဖော်ညွှန်းထားသည်။

ထို့အပြင် ဝမ်ရှန်ရှန်ဟိုင်ကျင်း၌လည်း

"တီရန်နိုင်ငံသည် ကျန့်မုသစ်ပင်၏ အနောက်ဘက်တွင် ရှိသည်၊ ထိုသူတို့သည် လူမျက်နှာနှင့် ငါးခန္ဓာ ရှိကာ ခြေထောက် မရှိကြချေ" ဟု ဖော်ပြထားလေသည်။

ဤသို့ဖြင့် ဂျောက်ကျိသည် ဝမ်ရှန်တိုက်ကြီးအတွင်း၌ ထင်ရှားသော အမှတ်အသားများကို ချန်ထားခဲ့ကြဖူးလေသည်။

သို့သော်လည်း ကျုံးရှန် နေထိုင်သော ယခုခေတ်ကာလတွင်မူ သူတို့သည် လုံးဝ ကွယ်ပျောက်သွားခဲ့ကြပြီး မည်သည့် အရိပ်အယောင်မျှ မတွေ့ရှိရတော့ပေ။

ထိုသို့သော သတ္တဝါမျိုးသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ ထူးဆန်းသော ပင်လယ်အတွင်း၌ ရှိနေလိမ့်မည်ဟု ကျုံးရှန်ပင် ထင်မှတ်ထားခြင်းမရှိခဲ့ချေ။ ထို့ထက် ပို၍ ထူးခြားသည်မှာ သူတို့၏ သွေးများသည် ဝိညာဉ်စွမ်းအင်ကို ဝါးမျိုနိုင်သော ဂုဏ်သတ္တိများ ရှိနေခြင်း ဖြစ်သည်။

ကျုံးရှန်သည် ဂျောက်ကျိ တစ်ကောင်ကို အရှင်ဖမ်းဆီးကာ စမ်းသပ်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုမီးတောက်၏ ဂုဏ်သတ္တိသည် အလွန်ပင် ထူးခြားသဖြင့် အနာဂတ်တွင် တစ်စုံရာ အသုံးဝင်လာနိုင်၏။

ထို့အပြင် ဤပင်လယ်အတွင်းရှိ ထူးဆန်းသော သတ္တဝါများနှင့် ဂျောက်ကျိတို့သည် အဘယ်ကြောင့် ဝိညာဉ်စွမ်းအင်ကိုဝါးမြိုနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသနည်း ဟူသော အချက်ကိုလည်း ကျုံးရှန်တစ်ယောက် စိတ်ဝင်စားနေမိသည်။

'အဓိက အကြောင်းအရင်းက ဒီပင်လယ်ထဲမှာပဲရှိရမယ်...'

ပင်လယ်သည် ရေသူမျိုးနွယ်တို့၏ပိုက်နက်ပင်ဖြစ်သည်။

ဒဏ်ရာရသွားသော ဂျောက်ကျိသည် ရေထဲသို့ ပြုတ်ကျသွားပြီးနောက် အလွန် လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားလေသည်။ ယင်း၏ အရှိန်သည် သစ်သားဖောင်ကို ဆွဲခဲ့သော မျက်လုံးသုံးလုံး ဖျံထက်ပင် အဆပေါင်း မြောက်မြားစွာ ပို၍ လျင်မြန်လှပေသည်။ သို့သော်လည်း ကျုံးရှန်သည် အလျင်စလို လိုက်လံဖမ်းဆီးခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

ပင်လယ်ရေမျက်နှာပြင်ထက်၌ လောင်ကျွမ်းနေသော မီးတောက်လမ်းကြောင်းသည် ဝေးကွာလှသော အရပ်ဆီသို့ တဖြည်းဖြည်း ဝေးကွာသွားသည်။ မီးတောက်သွားရာလမ်းကြောင်းသည် ထွက်ပြေးသွားသော ဒဏ်ရာရနေသည့်ရေသူချန်ထားခဲ့ခြင်းပင်ဖြစ်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ကျုံးရှန်သည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို အမိန့်ပေးကာ ရေထဲ၌ ရှိနေသော မျက်လုံးသုံးလုံး ဖျံကို ရေပေါ်သို့ ပြန်လည် ဆွဲတင်လိုက်သည်။

တိုက်ပွဲအတွင်း၌ မျက်လုံးသုံးလုံး ဖျံသည် ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိချေ။ ဂျောက်ကျိသည် သန်မာသော်လည်း မျက်လုံးသုံးလုံး ဖျံ၏ သန်မာလှသော အမွေးအမျှင်များကို ကျော်လွန်၍သူ၏အရေပြားကိုကိုက်ဖောက်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော်လည်း ဖျံလေးသည် ရေမျက်နှာပြင်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များကိုမူ အလွန်ပင် ကြောက်ရွံ့နေဟန်ဖြင့် သစ်သားဖောင်အနီး၌ ကပ်၍ ကူးခတ်နေလိုက်သည်။

''အဲဒီ မီးတောက်လမ်းကြောင်းနောက်ကို လိုက်... မကြောက်နဲ့... ငါ ရှိတယ်...''

ကျုံးရှန်သည် မီးတောက်လမ်းကြောင်းကို ညွှန်ပြကာ မျက်လုံးသုံးလုံး ဖျံကို အမိန့်ပေးလိုက်သည်။

''ကျိ... ကျိ...''

ကျုံးရှန်၏ ကတိပေးမှုကို ရရှိလိုက်သောအခါ မျက်လုံးသုံးလုံး ဖျံသည် ကြောက်ရွံ့ခြင်း မရှိတော့ဘဲ ဒဏ်ရာရထားသော ဂျောက်ကျိ ချန်ထားခဲ့သည့် မီးတောက်လမ်းကြောင်းအတိုင်း သစ်သားဖောင်ကို အရှိန်အဟုန်ဖြင့် ဆွဲခေါ်သွားလေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ထိုမီးတောက်လမ်းကြောင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ မျက်လုံးသုံးလုံး ဖျံသည်လည်း ရှေ့သို့ ဆက်မသွားဘဲ ရပ်တန့်သွားကာ အရှေ့ဘက်ဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။

သူတို့၏ ရှေ့မှောက်၌ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးသည် အစိမ်းပုပ်ရောင် ဝိညာဉ်ဝါးမြိုမီးတောက်များဖြင့် ဖုံးလွှမ်းခြင်း ခံထားရ၏။ ယခင်က တွေ့ခဲ့ရသော မီးတောက်လမ်းကြောင်းသည်လည်း ဤမီးပင်လယ်ကြီးအတွင်းသို့ ရောက်ရှိသွားကာ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

အစိမ်းရောင် ဝိညာဉ်ဝါမြိုမီးတောက်ပင်လယ်ကိုကြည့်ကာ ကျုံးရှန်သည် သူတို့ရောက်လာခဲ့သောနေရာ၌ ဂျောက်ကျိ တစ်ကောင်တည်း ရှိနေခြင်း မဟုတ်ဘဲ သူတို့၏ မျိုးနွယ်စုတစ်ခုလုံး ရှိနေနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

ဂျောက်ကျိများသည် ဉာဏ်ရည် မြင့်မားကြသူများ ဖြစ်ပေလိမ့်မည်။ သူတို့၏ ရှေ့၌ ရှိနေသော မီးပင်လယ်ကြီးသည် ဂျောက်ကျိမျိုးနွယ်စုမှ တည်ဆောက်ထားသော ခံစစ်တစ်ခု ဖြစ်နိုင်၏။ သူတို့သည် ပင်လယ်အတွင်း၌ နေထိုင်ကြကာ ဝိညာဉ်စွမ်းအင်ကိုဝါးမြိုနိုင်သောစွမ်းရည်ကို အသုံးချနိုင်ကြသဖြင့် မိမိတို့၏ သွေးနှင့် အဆီကို ပင်လယ်ရေနှင့် ဓာတ်ပြုစေကာ ကြောက်မက်ဖွယ် မီးတောက်များကို ဖန်တီးထားကြခြင်း ဖြစ်လေသည်။

မီးတောက်များသည် မည်သည့် သက်ရှိကိုမဆို ဝိညာဉ်စွမ်းအင်စုပ်ယူမှုသည် အလွန်ပြင်းထန်ကာ ခမ်းခြောက်သေဆုံးသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသဖြင့် ပင်လယ်အတွင်းရှိအခြားဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သောသတ္တဝါများပင် ကျူးကျော်ရဲခြင်းမရှိပေ။ အလွန်ပင် ထိရောက်လှသော အကာအကွယ်တစ်ခုပင်ဖြစ်ပေတော့သည်။

All Chapters