အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း (၁၆၆) - သူဌေးလေး၏ ဖိတ်ခေါ်မှု....အကြီးဆုံး
သော လေလံခန်းမဆီသို့
~အလယ်ပိုင်းတိုက်ကြီး၏ ထျန်းကျီမြို့တော် အစွန်အဖျားရှိ ဈေးကွက်ကြီးအတွင်း၌... နေမင်းသည် တောင်တန်းများနောက်သို့ ဖြည်းညှင်းစွာ ကွယ်လုနီးပြီ ဖြစ်သည်။
ကစားသမားများမှာ သူတို့၏ ဆိုင်ခန်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေကြသော်လည်း... သူတို့၏ လက်ထဲ၌ တန်ဖိုးအကြီးဆုံး ရတနာတစ်ခုမှာ ရောင်းမထွက်သေးဘဲ ကျန်ရှိနေသေး၏။
ဒါက... ချန်ဝူတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ၌ အားလုံး စုပေါင်းအင်အားဖြင့် အနိုင်ယူခဲ့သော အဆင့် (၂) အထွတ်အထိပ် ‘လေဝံပုလွေဘုရင်’ ထံမှ ရရှိခဲ့သည့် အဆင့်မြင့် လေစွမ်းအင်သုံး မိစ္ဆာအမြုတေ ပင် ဖြစ်ချေတော့သည်။ ဤပစ္စည်းမှာ အလွန်တရာ တန်ဖိုးကြီးလှသဖြင့် သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများမှာ ဝယ်ယူရန် မတတ်နိုင်ကြသလို... ကစားသမားများကလည်း ဈေးနှိမ်လိုသော ပွဲစားများထံတွင် အပေါစား ရောင်းချရန် လုံးဝ (လုံးဝ) ဆန္ဒမရှိကြပေ။
“ဟူး... ဒီပစ္စည်းကောင်းကြီးက ငါ့လက်ထဲမှာတင် သောင်တင်နေပြီ...”
ဝမ်သဲ့ဖာ ဟာ တောက်ပသော အပြာရောင် အလင်းတန်းများ.. ထွက်ပေါ်နေသည့် မိစ္ဆာအမြုတေကို လက်ထဲမှာ ပစ်ကစားရင်း စိတ်ပျက်လက်ပျက်နှင့် ညည်းတွားလိုက်၏။
မျက်နှာကြီး ရှုံ့မဲ့နေရသည်။...
“ငါတို့တွေ ဒါကို ရဖို့ အသက်နဲ့ ရင်းပြီး တိုက်ခဲ့ရတာနော် (သေရင် ပြန်ရှင်လို့ရတာကိုတေ သူ ထည့်မပြောတော့ပါ)... အနည်းဆုံး ဝိညာဉ်ကျောက်တုံး နှစ်ထောင်လောက်တော့ ရသင့်တာပေါ့။ အခု ဒီက ငမွဲကောင်တွေက ငါးရာပဲ ပေးမယ်တဲ့လေ။ သောက်ကျိုးနည်း... မတန်လိုက်တာဟာ...”
ထိုစဉ်... ကြည်လင်ပြတ်သားလှသော ခေါင်းလောင်းသံလေး တစ်ချက် ထွက်ပေါ်လာသည်။
ရှုပ်ထွေးနေသော လူအုပ်ကြီးမှာ အလိုအလျောက် ဘေးသို့ ဖယ်ပေးလိုက်ကြပြီးနောက်... ခမ်းနားထည်ဝါလှသော ဝိညာဉ်သားရဲ နှစ်ကောင် ဆွဲလာသည့် ဇိမ်ခံရထားလုံးကြီး တစ်စင်းသည် ကစားသမားများ၏ ရှေ့မှောက်၌ ဖြည်းညှင်းစွာ ရပ်တန့်သွားတော့၏။
ရထားလုံး၏ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည့်အခါ... ဝတ်ကောင်းစားလှများကို ဆင်မြန်းထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချပ်ကို ခန့်ညားစွာ ကိုင်ဆောင်ထားသော လူငယ်လေးတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားလှသော်လည်း (ချီစုစည်းမှု အဆင့် (၆) မျှသာ ရှိသည်) သူ၏ အသွင်အပြင်မှာမူ မျက်စိကျိန်းမတတ် တောက်ပနေတော့၏။
ခေါင်းပေါ်တွင် စိတ်ကို တည်ငြိမ်စေသည့် ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး... ရွှေချည်ထိုး ချပ်ဝတ်အနုကို ဝတ်ဆင်ကာ၊ ခါးတွင် ဝိညာဉ်သိုလှောင်အိတ် သုံးလုံးတိတိကို ချိတ်ဆွဲထားသည်။ ထို့ပြင် သူ၏ လက်ထဲမှ ယပ်တောင်မှာလည်း အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု၏ အရှိန်အဝါများကို ထုတ်လွှတ်နေသည် မဟုတ်ပါလော။
ဤသူကား... ကျင့်ကြံခြင်းလောက၏ တကယ့် သူဌေးသားလေး တစ်ဦးပင် ဖြစ်ချေတော့သည်။
ထိုသခင်လေးသည် ဝမ်သဲ့ဖာ၏ ရှေ့သို့ တည့်တည့်လျှောက်လာပြီး... ဝမ်သဲ့ဖာ၏ လက်ထဲမှ မိစ္ဆာအမြုတေကို စူးစိုက်ကြည့်ကာ မျက်လုံးများထဲတွင် အံ့သြရိပ်များ ယှက်သမ်းသွား၏။
“သူရဲကောင်းလေး... မင်းလက်ထဲက မိစ္ဆာအမြုတေကို ဒီသခင်လေး.. တစ်ချက်လောက် ကြည့်ခွင့်ရမလား...”
ဝမ်သဲ့ဖာက သတိကြီးစွာဖြင့် မိစ္ဆာအမြုတေကို ဝတ်ရုံထဲ ထိုးထည့်လိုက်ပြီး သခင်လေးကို အကဲခတ်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ...
“ကြည့်လို့တော့ ရပါတယ်။ ဒါပေမဲ့ ဒါက သောက်ရမ်း ဈေးကြီးတယ်နော်။ မင်း ဝယ်နိုင်ပါ့မလား...”
ဘေးနားရှိ ကောင်းကင်ခွင်းဓားတစ်လက် က ဝမ်သဲ့ဖာကို အမြန်လှမ်းဆွဲလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်ရ၏။
“ဖက်တီး... စိတ်မလောနဲ့လေကွာ။ ဒါက တကယ့် ဖောက်သည်ကြီးကွ...”
သခင်လေး ကျောက်ယူချိုင်သည် ဝမ်သဲ့ဖာ၏ ရိုင်းစိုင်းမှုကြောင့် ဒေါသမထွက်ဘဲ... မွေးရာပါ အထက်တန်းဆန်လှသော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“ကျုပ်က ထျန်းကျီမြို့တော်က ကျောက်မျိုးနွယ်စုရဲ့ သခင်လေး ‘ကျောက်ယူချိုင်’ ပါဗျာ။ ပစ္စည်းကသာ အဆင့်မီနေပါစေ... ပိုက်ဆံကတော့ ပြဿနာ မဟုတ်ဘူးလေ...”
ထိုအခါမှသာ ဝမ်သဲ့ဖာသည် မိစ္ဆာအမြုတေကို ပြန်ထုတ်ပေးလိုက်တော့၏။ ကျောက်ယူချိုင်သည် ၎င်းကို သေချာစွာ စစ်ဆေးပြီးနောက် ချီးကျူးစကား ဆိုလာသည်။
“ရတနာစစ်စစ်ပါလား... မိစ္ဆာစွမ်းအင်တွေကလည်း အလွန်သန့်စင်ပြီး လုံးဝ မပျက်စီးသေးဘူး။ အဆင့် (၃) ကို တက်လှမ်းတော့မယ့် အရိပ်အယောင်တွေတောင် ရှိနေပါလား။ ဒါကို ‘အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဆေးလုံး’ ဖော်စပ်တဲ့နေရာမှာ သုံးမလား၊ ဒါမှမဟုတ် ပျံသန်းရေး မှော်ရတနာမှာ တပ်ဆင်မလား... တကယ့်ကို ထိပ်တန်း ပစ္စည်းပဲဗျို့...”
ကျောက်ယူချိုင်သည် မိစ္ဆာအမြုတေကို ဝမ်သဲ့ဖာထံ ပြန်ပေးလိုက်ပြီးနောက် ချက်ချင်းပင် ဈေးဖြတ်လိုက်တော့၏။
“သူရဲကောင်းလေး... ဒီသခင်လေးက ဒီအမြုတေအတွက် ဝိညာဉ်ကျောက်တုံး နှစ်ထောင်နဲ့ ငါးရာ ပေးမယ်လေ... ဘယ်လိုလဲ...”
“နှစ်ထောင်နဲ့ ငါးရာ ဟုတ်လား...”
ပတ်ဝန်းကျင်ရှိ ကစားသမားများမှာ အံ့သြလွန်းသဖြင့် ပါးစပ်များပင် အဟောင်းသား ဖြစ်သွားကြသည်။
ဒါက သူတို့ မျှော်လင့်ထားသည့် ဈေးထက် ငါးရာတောင် ပိုများနေသည် မဟုတ်ပါလော။
ဝမ်သဲ့ဖာသည် သဘောတူရန် ခေါင်းညိတ်တော့မည့် ဆဲဆဲမှာပင်... ဘေးနားရှိ ဂိုဏ်းချုပ်ကြီး ကျန်းချန်က သူ၏ ပခုံးကို လှမ်းဖိလိုက်၏။
အရိပ်ထဲတွင် ရပ်နေခဲ့သော ကျန်းချန်သည် ဖြည်းညှင်းစွာ ရှေ့သို့ ထွက်လာခဲ့သည်။
သူသည် သတိမထားမိစေရန် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း... သူ၏ တည်ငြိမ်လှသော အရှိန်အဝါကြောင့် ကျောက်ယူချိုင်မှာ မျက်မှောင်ကြုတ်ကာ သတိထားလိုက်မိတော့၏။
“သခင်လေးကျောက်က အမြင်စူးရှသားပဲ...”
ကျန်းချန်က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း သူ၏ အသံမှာ တည်ငြိမ်လှသည်။
“ဒါပေမဲ့... ကျွန်တော်တို့က ဒီမိစ္ဆာအမြုတေကို အခုချက်ချင်း တိုက်ရိုက်ရောင်းဖို့ အစီအစဉ် မရှိသေးဘူးဗျ...”
“အို... ဒါဆိုရင် မင်းက ဘာကို ဆိုလိုတာလဲ...”
ကျောက်ယူချိုင်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးလိုက်၏။
“ဒီည ထျန်းကျီခန်းမမှာ အဆင့်မြင့် လေလံပွဲတစ်ခု ကျင်းပမယ်လို့ ကျွန်တော်တို့ ကြားထားတယ်လေ...”
ကျန်းချန်က မြို့လယ်ရှိ အမြင့်ဆုံးသော မျှော်စင်ကြီးကို လက်ညှိုးထိုးပြလိုက်ရင်း ဆက်ပြောလိုက်သည်။
“အဲ့ဒီမှာ ဒီအမြုတေကို လေလံတင်ကြည့်ချင်သေးတယ်ဗျာ။ ဘာပဲဖြစ်ဖြစ်... ရှားပါးတဲ့ ပစ္စည်းဆိုတာကတော့ ပိုပြီး တန်ဖိုးတက်လာတတ်တာ ထုံးစံပဲ မဟုတ်လား...”
ကျန်းချန်၏ တကယ့် ရည်ရွယ်ချက်မှာ လေလံပွဲအတွင်းသို့ ခိုးဝင်ရန်ပင် ဖြစ်ချေ၏။
အကြောင်းမူကား... စနစ်မှ နေ၍ ထိုလေလံပွဲတွင် သူ၏အတွက် အလွန် အရေးကြီးသော အထူးတာဝန် ပစ္စည်း တစ်ခု ရှိနေကြောင်း အချက်ပေးထားသောကြောင့်ပင် ဖြစ်သည်။
ကျောက်ယူချိုင်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက်... တဟားဟား အော်ရယ်လိုက်လေတော့၏။
“လေလံပွဲ ဟုတ်လား... မင်းတို့ မသိသေးဘူး ထင်တယ်နော်။ ထျန်းကျီခန်းမရဲ့ အဆင့်မြင့် လေလံပွဲတွေဆိုတာ စည်းကမ်းတွေ သောက်ရမ်း ကြီးတာဗျ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ မဟုတ်ရင်၊ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံး တစ်သောင်းထက် ပိုမချမ်းသာရင်... တံခါးဝတောင် နင်းခွင့်မရှိဘူးလေ...”
သူသည် ထူးဆန်းသော ဝတ်စုံများဖြင့် ‘ဒုက္ခသည်’ များကဲ့သို့ ဖြစ်နေသော ကစားသမား အုပ်စုကြီးကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
“မင်းတို့ရဲ့ အစွမ်းအစနဲ့ဆိုရင်တော့... ဝင်ကြေး လက်မှတ်တောင် ဝယ်နိုင်ပါ့မလား ဒီသခင်လေး သံသယ ဖြစ်မိတယ်...”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကစားသမားများမှာ မကျေမနပ် ဖြစ်သွားကြတော့၏။
“ဟေ့... မင်းက ဘာမို့လို့လဲကွ...”
“ငါတို့ဆီမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်နော် (ခုနကမှ ရှာထားခြင်းဖြစ်သည်)။ ဝင်ကြေး လက်မှတ်လောက်ကတော့... အေးဆေးပဲကွ။ အခုပဲ ဝယ်ပြလိုက်ရမလား...”
ကျန်းချန်မှာမူ တုန်လှုပ်ခြင်းမရှိဘဲ... ကျောက်ယူချိုင်ကို ပြုံးလျက်သာ ကြည့်နေသည်။
“အကယ်၍ သခင်လေးကျောက်ကသာ ကျွန်တော်တို့ကို အထဲခေါ်သွားပေးမယ်ဆိုရင်... ဒီမိစ္ဆာအမြုတေကို သခင်လေးဆီ အရင်ဆုံး ရောင်းပေးမယ်လေ။ ဈေးကိုလည်း ဆယ်ရာခိုင်နှုန်းလောက် ထပ်လျှော့ပေးဦးမှာပေါ့...”
ဤကမ်းလှမ်းချက်မှာ ကျောက်ယူချိုင်အတွက် အလွန် ဆွဲဆောင်မှု ရှိနေတော့၏။
ဆယ်ရာခိုင်နှုန်း လျှော့ပေးမည်ဆိုပါက ဝိညာဉ်ကျောက်တုံး နှစ်ရာကျော်ကို သက်သာသွားစေရုံတင်မကဘဲ... မိသားစုဝင်များနှင့် လူကြီးသူမများ၏ ရှေ့တွင်လည်း မျက်နှာပန်း လှသွားစေနိုင်သည် မဟုတ်ပါလော။
“ကောင်းပြီလေ... တကယ့်ကို သဘောထားကြီးတဲ့ လူပဲဗျာ...”
ကျောက်ယူချိုင်သည် သူ၏ ယပ်တောင်ကို တစ်ချက် ပိတ်လိုက်ရင်း...
“မင်းတို့က ဒီလောက်တောင် ရက်ရောနေမှတော့... ဒီသခင်လေးကလည်း ကူညီပေးရမှာပေါ့ဗျာ...”
သူသည် အိတ်ကပ်ထဲမှ ရွှေရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ကျန်းချန်ထံသို့ ပစ်ပေးလိုက်သည်။
“ဒါက ထျန်းကျီခန်းမရဲ့ အထူးဧည့်သည်တော် တံဆိပ်ပြားပဲ။ လူအယောက် နှစ်ဆယ်အထိ ခေါ်သွားလို့ ရတယ်ဗျို့။ ဒီည ခုနစ်နာရီမှာ ထျန်းကျီခန်းမရှေ့မှာ မင်းတို့ကို စောင့်နေမယ်...”
စကားအဆုံးတွင် သူက ထို ‘တောသား’ အုပ်စုကြီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း...
“ဒါပေမဲ့ ဒီသခင်လေး ကြိုပြောထားပါရစေဦး။ အဲ့ဒီလို နေရာမျိုးမှာ... ပစ္စည်းတစ်ခုတည်းရဲ့ တန်ဖိုးကတင် မင်းတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဝယ်လို့ ရတယ်နော်။ ဒါကြောင့် ဈေးကို ရမ်းမခေါ်ကြနဲ့ဦး။ အရှက်ကွဲတာကတော့ ထားပါတော့... ပိုက်ဆံမပေးနိုင်လို့ အပြင်ကို ကန်ထုတ်ခံရရင်တော့... ကြည့်လို့ သိပ်လှမှာ မဟုတ်ဘူးနော်...”
ကျောက်ယူချိုင်သည် ပြုံးလျက် ရထားလုံးပေါ်သို့ ပြန်တက်ကာ ထွက်ခွာသွားတော့၏။
ရထားလုံးကြီး ဝေးကွာသွားသည်နှင့် ကစားသမားများမှာ ပွဲဆူကုန်ကြလေပြီ။
“တောက်... ကြွားလိုက်တဲ့ကောင်...”
“ငါတို့ကို အထင်သေးတယ် ဟုတ်လား။ လေလံပွဲကျမှ ကြည့်ထားလိုက်စမ်း... တကယ့် သူဌေးကြီးတွေ ဆိုတာ ဘယ်လိုလဲဆိုတာကို ပြလိုက်မယ် (အားလုံး ပိုက်ဆံ စုရမည်ကို ဆိုလိုခြင်းဖြစ်သည်)”
“ညီအစ်ကိုတို့ရေ... ဒါဟာ အဆင့်မြင့် တိုက်ပွဲကြီးပဲဗျို့။ လူတိုင်း ကိုယ့်မှာ ရှိသမျှ အကောင်းဆုံး ပစ္စည်းတွေကို ထုတ်ဝတ်ကြစမ်း။ ဂိုဏ်းရဲ့ သိက္ခာကို မကျစေနဲ့ဦးဟေ့...”
ဝမ်သဲ့ဖာ ဟာ လက်ထဲက လေးလံလှသော ရွှေရောင် တံဆိပ်ပြားကို ပွတ်သပ်ရင်း... စိတ်လှုပ်ရှားလွန်း၍ မျက်နှာက အဆီတွေတောင် တုန်ခါနေတော့၏။
“အဆင့်မြင့် လေလံပွဲကြီး တဲ့လားဗျာ။ ဘယ်လောက်တောင် အံ့မခန်းတဲ့ ပစ္စည်းတွေ ပါမလဲ မသိဘူးနော်...”
“အဟီး..ကျွန်တော် ကြားတာတော့ လေလံတင်တဲ့ ကောင်မလေးတွေက အဝတ်အစား ခပ်နုနုလေးတွေ ဝတ်ထားတာတဲ့ဗျ... တကယ်လား...”
ကျန်းချန်ကတော့ စိတ်လှုပ်ရှားလွန်းနေကြသည့် တပည့်တွေကို ကြည့်ပြီး အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်မိတော့သည်။
ဒီည ထျန်းကျီခန်းမမှာတော့... တကယ့်ကို အကြီးအကျယ် ဖရိုဖရဲတွေ ဖြစ်တော့မယ်ဆိုတာကို သူ ကြိုတင် အာရုံရနေပါ၏။
“သွားကြစို့... အရင်ဆုံး ဗိုက်ဖြည့်ကြဦးစို့လေ။ ပြီးမှ ဒီည... ငါတို့ အမြင်ကျယ်အောင် သွားကြည့်ကြတာပေါ့…”
အခန်း (၁၆၇) - အဝင်ဝက အငြင်းပွားမှု.... ဒါကိုမှ ဝတ်ကောင်းစားလှလို့ ခေါ်တာလားဗျာ
~ညဉ့်ဦးယံ၏ မှောင်ရီပျိုးစ အချိန်၌... အလယ်ပိုင်းတိုက်ကြီး၏ ဂုဏ်ဆောင် ထျန်းကျီမြို့တော်ကြီးမှာမူ မီးရောင်စုံတို့ဖြင့် ဖိတ်ဖိတ်တောက်လျက် လင်းထိန်နေတော့၏။
ထိုစဉ်... ကျင့်ကြံခြင်းလောကတွင် အခမ်းနားဆုံးနှင့် အကြွယ်ဝဆုံးဟု ကျော်ကြားလှသည့် ‘ထျန်းကျီခန်းမဆောင်ကြီး’ ၏ ပင်မတံခါးဝရှေ့ဝယ်... လူသူအပေါင်းတို့ဖြင့် စည်ကားသိုက်မြိုက်လျက် ရှိနေသည်။
တန်ဖိုးကြီးလှသော ဝတ်ကောင်းစားလှများကို ဆင်မြန်းထားကြပြီး... ရှားပါးလှသည့် ဝိညာဉ်သားရဲများကို စီးနင်းလာကြသော အဆင့်မြင့် ကျင့်ကြံသူ အမြောက်အမြားမှာ... ဆယ်ပေခန့် မြင့်မားသော မှန်စီရွှေချ တံခါးကြီးအတွင်းသို့ ဖိတ်စာကိုယ်စီဖြင့် တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်နေကြသည် မဟုတ်ပါလော။
လေထုအတွင်း၌လည်း... အဆင့်မြင့် ဝိညာဉ်လက်ဖက်ရည်နံ့နှင့် ဈေးကြီးလှသော အမွှေးနံ့သာနံ့တို့မှာ သင်းပျံ့လျက် ရှိနေသည်။
သို့သော်ငြား... ထိုကျက်သရေရှိလှသော မြင်ကွင်းကြီးမှာ မကြာမီမှာပင် အဆင်အခြင်မဲ့လှသော ဧည့်သည် တစ်စုကြောင့် လုံးဝ (လုံးဝ) ပျက်စီးသွားရတော့၏။
“မြန်မြန်လုပ်ကြစမ်းပါကွာ... ဖင့်မနေကြနဲ့ဦး။ လေလံပွဲက စတော့မှာဗျို့”
ပွက်လောညံနေသော အော်ဟစ်သံများနှင့်အတူ... လမ်းထောင့် တစ်ခုမှ နေ၍ ထူးဆန်းအံ့သြဖွယ် ကောင်းလှသော လူအုပ်ကြီး တစ်ခုမှာ ခန့်ညားစွာ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ... ယနေ့ည၏ ‘အနီရောင် ကော်ဇောပြပွဲ’ အတွက် အထူးတလည် ပြင်ဆင်ခြယ်သထားကြသော ‘ကွေ့ယွမ်ဂိုဏ်း’ ကိုယ်စားလှယ်အဖွဲ့ပင် ဖြစ်ချေတော့၏။
ကစားသမားများမှာ... အဆင့်မြင့်ပွဲကြီးတစ်ခုသို့ သွားရမည်ဖြစ်ရာ၊ လူတိုင်းကို အထင်ကြီးသွားစေမည့် တန်ဖိုးအကြီးဆုံးနှင့် အမိုက်စားဆုံးသော ပစ္စည်းများကို အားရပါးရ ထုတ်ကြွားရန် ဆုံးဖြတ်ထားကြပုံ ရသည်။
ရှေ့ဆုံးမှ လျှောက်လာသော ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) မှာမူ... လမ်းလျှောက်ရာတွင် နှေးကွေးသည်ဟု ယူဆကာ သူ၏ အမြဲတမ်းအမှတ်အသားဖြစ်သော အမည်းရောင် သံမဏိ ချပ်ဝတ်ကြီးကိုပင် ချွတ်ပစ်ဝောာ့၏။ သူသည် ဘယ်ကနေ ဘယ်လို ရှာလာသည်မသိသော နီနီစိမ်းစိမ်း ပိုးထည်ဝတ်ရုံကြီးကို လွှားခနဲ ခြုံထားပြီး... လည်ပင်းတွင်လည်း (လူ့ပြည်က ရွှေဆိုင်မှ ဝယ်လာသော၊ တန်ဖိုးမရှိသော်လည်း အရောင်တလက်လက် တောက်နေသည့်) ရွှေကြိုးအထူကြီး သုံးလုံးကို ဆွဲထားသေး၏။ သူ၏ လက်ချောင်း ဆယ်ချောင်းစလုံးတွင်လည်း အရောင်စုံ ကျောက်မျက်ရတနာ လက်စွပ်များက ပြည့်နှက်နေတော့သည်။ အဆိုးရွားဆုံး ကိစ္စကတော့... သူ၏ ‘ကြွယ်ဝမှု’ ကို ထုတ်ကြွားရန်အတွက် ခါးပတ်ပတ်လည်တွင် ဝိညာဉ်သိုလှောင်အိတ် ခုနစ်လုံး၊ ရှစ်လုံးခန့်ကို စည်းနှောင်ထားခြင်းပင် ဖြစ်သည်။ လမ်းလျှောက်လိုက်တိုင်း ထိုအိတ်များမှာ တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာ “ခလောက်... ခလောက်...” မြည်နေသဖြင့်... အသက်ဝင်နေသော ရွှေ့လျား ပစ္စည်းအရောင်းစင်ကြီးတစ်ခုနှင့်ပင် တူနေတော့၏။
“ဟေ့... ဘယ်လိုလဲဗျာ... ငါ့ရဲ့ ‘သူဌေးကြီး ဝတ်စုံ’ က လူတိုင်းကို လန့်သွားစေဖို့ လောက်ပါ့မလားဟ” ဝမ်သဲ့ဖာ က (စေးကပ်နေသော သစ်စေးများဖြင့်) အတင်း ထောင်ထားသည့် သူ၏ ဆံပင်ပုံစံကို ဂုဏ်ယူစွာဖြင့် တစ်ချက် ခါယမ်းလိုက်သည်။
သူ၏ အနောက်တွင် လိုက်ပါလာသော ကောင်းကင်ခွင်းဓားတစ်လက် မှာမူ ‘အေးစက်လှသော ဓားသမား’ ပုံစံကို ဖမ်းထား၏။
သူသည် ကျောတွင် ဓားသုံးလက်၊ ခါးတွင် ဓားနှစ်လက်နှင့် ခြေထောက်များတွင်လည်း ဓားမြှောင် နှစ်လက်တိတိကို ချိတ်ဆွဲထားသဖြင့်... အတောင်ဖြန့်ထားသော ဖြူကောင်ကြီး တစ်ကောင်နှင့်ပင် တူနေတော့သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ကိုယ်ပေါ်ရှိ လက်နက်များမှာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိကာ နားငြီးစရာကောင်းသော အသံများကို ထုတ်လွှတ်နေလေ၏။
မိန်းကလေး ကစားသမားများ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားလှသည်။ သူတို့သည် ယခင်က မှောင်ခိုဈေးကွက်တွင် ဝယ်ယူထားသော ကချေသည် ဝတ်စုံများနှင့် ဖြောင့်မတ်သော လမ်းစဉ်မှ ပစ္စည်းများကို ရောထွေးဝတ်ဆင်ထားကြ၏။
အပေါ်ဝတ်စုံမှာ စုတ်ပြတ်နေပြီး ဆံပင်များပေါ်တွင်လည်း (တောင်နောက်ဘက်မှ ဖမ်းမိလာသော) ရောင်စုံ တောကြက်မွှေးများကို အခင်းအကျင်းအတိုင်း ထိုးစိုက်ထားကြသည်။ မျက်နှာတွင်လည်း ဆေးဖော်စပ်ခန်းမှ ရလာသော အလင်းထွက်အမှုန့်များကို လိမ်းကျံထားသဖြင့်... မှောင်မည်းနေသော ည၌ အစိမ်းဖန့်ဖန့် အရောင်များ ထွက်ပေါ်နေကာ၊ လမ်းပေါ်ထွက်လာသည့် တစ္ဆေမများနှင့် လုံးဝ (လုံးဝ) မခြားနားတော့ပေ။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း ကတော့ သူ၏ အလုပ်အကိုင် သိက္ခာကို စောင့်ထိန်းသောအားဖြင့်... ရွှံ့များနှင့် ဖုန်များ ပေကျံနေဆဲ ဖြစ်သော လက်တိုအင်္ကျီကိုသာ ဝတ်ဆင်ထားသည်။ သို့သော်လည်း သူ၏ လက်ထဲမှ ဂေါ်ပြားကိုမူ အရောင်တလက်လက် တောက်နေအောင် တိုက်ချွတ်ထားပြီး... အချိန်မရွေး အတွင်းထဲသို့ ဝင်ကာ တူးဆွရန် အသင့်ဖြစ်နေသည့်အလား ပခုံးပေါ်တွင် ထမ်းထားတော့၏။
ထိုအခိုက်... ဤလူအုပ်ကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်... စည်ကားနေသော ထျန်းကျီခန်းမ အဝင်ဝကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားဝောာ့၏။ ဖြတ်သန်းသွားလာနေကြသော ကျင့်ကြံသူများမှာ နေရာ၌ပင် ရပ်တန့်သွားကြပြီး... ဂြိုဟ်သားများကို မြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်ကာ စိုက်ကြည့်နေကြတော့၏။
“ဟို... ဟိုဟာက ဘယ်ကလာတဲ့ ပြဇာတ်အဖွဲ့လဲဗျ”
“တောနံ့တွေကလည်း သောက်ရမ်း ပြင်းလိုက်တာဟာ။ ငါ့မျက်လုံးတွေ... ငါ့ရဲ့ အသိစိတ်တွေတောင် ညစ်ညမ်းကုန်ပြီ”
“ဟို လူဝကြီးက ဘာလို့ အိတ်အလွတ်တွေကို အဲ့ဒီလောက် အများကြီး ဆွဲထားရတာလဲ။ အမှိုက်ကောက်တဲ့ သူများလား”
ပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို ရင်ဆိုင်နေရသော်လည်း ကစားသမားများမှာမူ အရှက်တရားဟူ၍ အလျဉ်းမရှိကြပေ။
ထိုအစား... သူတို့၏ ကြီးမားလှသော အရှိန်အဝါကြောင့် လူတိုင်း အံ့သြသွားကြသည်ဟုသာ သူတို့က ထင်မှတ်နေကြပြီး၊ ခေါင်းကို မော့၊ ရင်ကိုဇော်ကာ မာနထောင်လွှားစွာဖြင့် လျှောက်လှမ်းနေကြသည်။ မကြာမီမှာပင် သူတို့သည် ပင်မတံခါးဝသို့ ရောက်ရှိလာကြတော့၏။
ဧည့်ကြိုအဖွဲ့မှာ... ကျက်သရေရှိလှသော ဝတ်စုံရှည်များကို ဆင်မြန်းထားပြီး၊ စနစ်တကျ လေ့ကျင့်ထားသော ကျင့်ကြံသူ မိန်းကလေး နှစ်တန်းပင် ဖြစ်သည်။ သူမတို့သည် ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦးချင်းစီကို စံသတ်မှတ်ချက်မီ ပြုံးရွှင်သော မျက်နှာများဖြင့် ကြိုဆိုနေကြခြင်း ဖြစ်၏။ သို့သော်ငြား... ထို ‘မိစ္ဆာများနှင့် မွန်းစတားများ’ ပေါင်းထားသလို ဖြစ်နေသည့် အုပ်စုကြီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ... သူတို့၏ အပြုံးများမှာ မျက်နှာပေါ်၌ပင် အေးခဲသွားကြပြီး နှုတ်ခမ်းများမှာလည်း ထိန်းမရအောင် တုန်ယင်လာကြသည်။
“နေပါဦး... နေပါဦးရှင်။ ရပ်လိုက်ကြပါဦး”
ဧည့်ကြိုမိန်းကလေးများ၏ ခေါင်းဆောင်ဖြစ်သူမှာ အစောင့်များကို ခေါ်ချင်စိတ်ကို အတင်းအဓမ္မ ဖိသိပ်လိုက်ပြီး... လေကို တစ်ချက် အဝရှူကာ ဝမ်သဲ့ဖာ ကို တားဆီးလိုက်ရရှာ၏။
“ခွင့်လွှတ်ပါ... လူကြီးမင်းတို့ရှင်။ ခေတ္တလောက် စောင့်ပေးပါဦး”
“ဘာလဲဗျ”
ဝမ်သဲ့ဖာ က ရပ်လိုက်ပြီး သူ၏ လည်ပင်းမှ ရွှေကြိုးကြီးများကို တစ်ချက် ခါလိုက်သည်။
“ငါတို့က ပစ္စည်းလာဝယ်မလို့ ဝင်မှာလေ... မင်း မမြင်ဘူးလား။ ဘာလဲ... ငါ့လို ဖက်တီးကိုများ အထင်သေးနေတာလား”
“မဟုတ်... မဟုတ်ပါဘူးရှင်။ ကျွန်မတို့ မဝံ့ရဲပါဘူး”
ကျင့်ကြံသူ မိန်းကလေးမှာ ယဉ်ကျေးမှုကို မနည်း ထိန်းသိမ်းထားရသော်လည်း... သူမ၏ မျက်လုံးများကမူ သူ၏ ပန်းပွင့်ပုံ ဘောင်းဘီတိုဆီသို့ ခဏခဏ ရောက်ရှိနေတော့၏။
“အကြောင်းကတော့... ထျန်းကျီခန်းမမှာ စည်းကမ်းတစ်ခု ရှိပါတယ်ရှင်။ ဝတ်စားဆင်ယင်မှု မသေသပ်တဲ့သူတွေကို ဝင်ခွင့်မပြုပါဘူး”
“ဝတ်စားဆင်ယင်မှု မသေသပ်ဘူး ဟုတ်လား”
ဝမ်သဲ့ဖာ က သူ၏ ကိုယ်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်ပြီး အနောက်က ညီအစ်ကိုတွေကိုပါ လှမ်းကြည့်ကာ... မယုံနိုင်စရာ ကောင်းလှသည့် မျက်နှာပေးဖြင့် ဆိုလိုက်သည်။
“ငါ့ကို နောက်နေတာလား အလှလေးရာ”
သူသည် သူ၏ နီရဲတောက်ပနေသော ဝတ်ရုံနှင့် ရွှေကြိုးကြီးများကို ညွှန်ပြလိုက်ရင်း…
“ဒါဟာ ငါ တကယ့်ကို အရင်းအနှီး အများကြီး စိုက်ထုတ်ပြီး ဝယ်ထားရတဲ့ ‘အထူးဧည့်သည်တော်’ ဝတ်စုံကွ။ ဒါဟာ ဖက်ရှင်လေ... ဒါဟာ ခေတ်ရေစီးကြောင်းပဲ။ မင်းက အလှအပကို နားမလည်တာများလား”
ထို့နောက် သူသည် အနောက်မှ အစိမ်းရောင် အလင်းများ ထွက်နေသော မိန်းကလေး ကစားသမားကို လက်ညှိုးထိုးပြလိုက်ပြန်၏။
“ဟိုမှာ ကြည့်စမ်း... အဲ့ဒီ ညီမလေးရဲ့ မိတ်ကပ်က အလိုအလျောက် အလင်းထွက်နိုင်တဲ့ အာနိသင် ပါဝင်တယ်။ အဲ့ဒါကို ‘နတ်ဘုရားမရဲ့ အရှိန်အဝါ’ လို့ ခေါ်တာလေ။ မင်းတို့ဆီမှာ ဘာလို့ အဲ့ဒီလို မပြင်ထားရတာလဲ”
ဧည့်ကြိုမိန်းကလေးမှာ... ငိုချင်လုမတတ် ဖြစ်သွားရရှာလေပြီ။
(ဒါဟာ ဖက်ရှင် မဟုတ်ဘူး... ဒါဟာ နတ်ဘုရားမရဲ့ အရှိန်အဝါလည်း မဟုတ်ဘူး။ ဒါဟာ သေချာပေါက် အဆိပ်တွေပဲ မဟုတ်လားဟယ်။)
“တကယ်ကို စိတ်မကောင်းပါဘူးရှင်... ဒါပေမဲ့ တကယ်ကို ပေးဝင်လို့ မရလို့ပါ...”
ကျင့်ကြံသူ မိန်းကလေးက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်တော့၏။
“ဒါဟာ စည်းကမ်းပါရှင်။ ပြီးတော့... ဒီလောက်များပြားတဲ့ လက်နက်တွေနဲ့ ဂေါ်ပြားတွေကို ယူလာတာက... တခြား ဧည့်သည်တော်တွေကို ထိတ်လန့်သွားစေနိုင်ပါတယ်ရှင်”
“ဟေး... ဒီ ကောင်မလေးကတော့ကွာ”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း မှာ မကျေမနပ် ဖြစ်သွားပြီး သူ၏ ဂေါ်ပြားကို မြေပြင်ပေါ်သို့ ဒုန်းခနဲ မြည်အောင် စိုက်ချလိုက်သည်။
“ဒါက ငါ့ရဲ့ ထမင်းအိုး။ ဒါက ငါ့ရဲ့ အသက်သွေးကြော မှော်ရတနာလေ။ ဘာလို့ ယူဝင်လို့ မရရမှာလဲ။ ကျင့်ကြံသူတွေက မှော်ရတနာ ယူလာတာဟာ သာမန်ကိစ္စ မဟုတ်ဘူးလားကွ”
နှစ်ဖက်စလုံး တံခါးဝတွင် အခြေအတင် ဖြစ်နေကြစဉ်... ကြည့်နေသူများ ပိုမို များပြားလာပြီး လက်ညှိုးထိုး ပြောဆိုသံများမှာလည်း ပို၍ပင် ကျယ်လောင်လာတော့၏။ အဖွဲ့၏ နောက်ဆုံးတွင် လိုက်ပါလာပြီး၊ မျက်နှာကို ဖုံးကွယ်ရန် ကောက်ရိုးဦးထုပ် တစ်လုံးကို ဆောင်းထားသော ကျန်းချန် မှာမူ... နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ချေ။ ဤ လူပြက်တစ်အုပ်ကြောင့်... သူ၏ သိက္ခာများမှာ မြေခလုနီးပါး ဖြစ်နေပြီ မဟုတ်ပါလော။
အစကတည်းက သူတို့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့် မပေးခဲ့သင့်ဘူးလေ... ဒါဟာ လေလံပွဲ မဟုတ်တော့ဘူး၊ ဘေးဒုက္ခတစ်ခု ဆိုက်ရောက်နေသလို ဖြစ်နေပြီ။
ကျန်းချန် သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက်... ရှေ့သို့ ခပ်သွက်သွက် လျှောက်လှမ်းသွားကာ ငြင်းခုံနေဆဲ ဖြစ်သော ဝမ်သဲ့ဖာ ကို ဘေးသို့ တွန်းဖယ်လိုက်သည်။
“တော်တော့... ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေကြနဲ့တော့”
သူ၏ အသံမှာ အေးစက်ပြီး ကြည်လင်နေကာ... ငြင်းဆန်၍ မရနိုင်သော အာဏာစက်များ ပါဝင်နေတော့၏။
ထို့နောက်... သတိကြီးစွာဖြင့် စိုက်ကြည့်နေသော ဧည့်ကြိုမိန်းကလေး၏ အကြည့်အောက်တွင်ပင်... ကျန်းချန် သည် သခင်လေးကျောက် ပေးထားခဲ့သော ရွှေရောင်တံဆိပ်ပြားကို လက်ထဲမှ ထုတ်ယူကာ ညင်သာစွာ ပြသလိုက်သည်။
“ငါတို့က... သခင်လေးကျောက် ကိုယ်တိုင် ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေပဲ”
အရောင်တလက်လက် တောက်နေသော ထျန်းကျီ အထူးဧည့်သည်တော် တံဆိပ်ပြားကို မြင်လိုက်ရသည့်အခါ... ဧည့်ကြိုမိန်းကလေး၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
ဒါက အလွန်တရာ မြင့်မားလှသော အဆင့်အတန်းရှိသည့် တံဆိပ်ပြား ဖြစ်သည်။ ၎င်းကို ပိုင်ဆိုင်ထားသူမှာ အလွန်တရာ ကြွယ်ဝသူ သို့မဟုတ် အာဏာရှိသူသာ ဖြစ်နိုင်ပြီး... ကျောက်မျိုးနွယ်စုဝင်များပင်လျှင် ဤတံဆိပ်ပြားမျိုးကို ခဲယဉ်းစွာ ပိုင်ဆိုင်ကြရသည် မဟုတ်ပါလော။
သူမသည် ဒုက္ခသည်များနှင့် တူနေသော ဤလူအုပ်ကြီးကို သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီး... ထူးထူးခြားခြား ထက်မြက်ပုံရသည့် ကျန်းချန်ကို တစ်ချက် ပြန်ကြည့်ကာ၊ နောက်ဆုံးတွင်တော့ သူမ၏ အလုပ်အကိုင် သိက္ခာကိုသာ ရှေ့တန်းတင်လိုက်ရလေတော့သည်။
“အော်... သခင်လေးကျောက်ရဲ့ အထူးဧည့်သည်တော်တွေ ကိုး”
ဧည့်ကြိုမိန်းကလေးမှာ အမြန်ပင် ခါးညွတ် ဂါရဝပြုလိုက်ရရှာ၏။
သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းနေဆဲ ဖြစ်သော်လည်း၊ သူမ၏ လေသံမှာမူ အဆပေါင်းများစွာ ပိုမို ရိုသေသွားဝောာ့၏။
“အထူးဧည့်သည်တော် တံဆိပ်ပြား ရှိနေမှတော့... သေချာပေါက် ဝင်လို့ ရပါတယ်ရှင်။ စောစောက ကျွန်မရဲ့ ရိုင်းစိုင်းမှုတွေအတွက် တောင်းပန်ပါတယ်ရှင်... ကြွပါ... ကြွကြပါရှင်”
“ဟွန်း... အစကတည်းက ဒီလို ပြောလိုက်ရင် ပြီးနေတာကို။ ငါ့ရဲ့ ဇာတ်ရုပ်အစစ်ကို ထုတ်ပြမှပဲ မင်းတို့က ကြောက်တတ်ကြတာလား”
ဝမ်သဲ့ဖာ က မာနတခွဲသားဖြင့် နှာခေါင်းရှုံ့လိုက်ပြီး... သူ၏ လူမိုက်ဟန်ပန်များကို ပြန်လည် ဖမ်းလျက် အတွင်းထဲသို့ ခန့်ညားစွာ ဝင်ရောက်သွားတော့၏။
ဧည့်ကြိုမိန်းကလေး၏ ဘေးမှ ဖြတ်သွားစဉ် သူသည် ခေါင်းကို တစ်ချက် ခါယမ်းလိုက်ရာ... သစ်စေးနံ့များမှာ လေနှင့်အတူ လွင့်ပျံ့သွားတော့၏။
ထိုစဉ်... လူအများ၏ အံ့သြမှု၊ ဇဝေဇဝါဖြစ်မှုနှင့် အထင်သေးမှုများ ပြည့်နှက်နေသော အကြည့်များကြားမှနေ၍... လူအုပ်ကြီးမှာ ထျန်းကျီခန်းမအတွင်းသို့ အုတ်အော်သောင်းနင်း ဝင်ရောက်သွားကြလေတော့သည်။
ထွက်ခွာသွားသော သူတို့၏ ကျောပြင်များကို ကြည့်ရင်း... ဧည့်ကြိုမိန်းကလေးမှာ သူမ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“သခင်လေးကျောက်ရဲ့ အကြိုက်တွေက... ဘယ်တုန်းက ဒီလောက်အထိ ထူးခြားသွားရတာလဲဟယ်..”
ခန်းမအတွင်းသို့ ရောက်ရှိသွားသော ကစားသမားများမှာမူ... သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ချက်ချင်းပင် မှင်တက်သွားကြရသည်။
ဒါဟာ လေလံခန်းမ မဟုတ်တော့ဘူး... ဒါဟာ ဧရာမ အိမ်တွင်း နတ်ဘုရား နယ်မြေကြီး တစ်ခုလို ဖြစ်နေတာပဲကိုး။
အမိုးခုံးပေါ်တွင်မူ မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများမှာ... ကြယ်တာရာများပမာ ထွင်းထု စီခြယ်ထားကြသည်။
ဧရာမ စက်ဝိုင်းပုံစံ ခန်းမကြီးအတွင်း၌ လူပေါင်း ထောင်ချီ၍ ဆံ့နိုင်ပြီး... ဗဟိုလေလံ စင်မြင့်မှာမူ လေထဲတွင် လွင့်မျောနေကာ၊ ၎င်း၏ ပတ်လည်၌ ကြိုးကြာငှက်များနှင့် မင်္ဂလာရှိသော တိမ်တိုက်များ၏ ပုံရိပ်ယောင်များက ဝန်းရံထားသည် မဟုတ်ပါလော။
“အိုးရှစ်... အဆင့်မြင့်လိုက်တာ။ တကယ့်ကို အဆင့်မြင့်လွန်းတယ်ဗျာ”
“ဒီ အဆောက်အဦးကို ပြုပြင်ဖို့ ပိုက်ဆံ ဘယ်လောက်တောင် ကုန်ထားမလဲ မသိဘူးနော်”
“ညီအစ်ကိုတို့ရေ... ဒီတစ်ခါတော့ ပစ္စည်းကောင်းလေးတွေ အိမ်ပြန်သယ်သွားမှ ဖြစ်မယ်ဟေ့။ အလကားတော့ အဖြစ်မခံနိုင်ဘူးဗျို့”
ကျန်းချန် သည် သူ၏ ဦးထုပ်ကို ငိုက်စိုက် ဆောင်းလိုက်ပြီး... စိတ်လှုပ်ရှားနေသော တောသားတစ်အုပ်ကို ဦးဆောင်ကာ ဝန်ထမ်းတစ်ဦး၏ လမ်းပြမှုဖြင့် ဒုတိယထပ်ရှိ အထူးဧည့်သည်တော် အခန်းဆီသို့ ခပ်သွက်သွက် ဦးတည်သွားတော့၏။ သူကတော့ လူမမြင်သော နေရာတစ်ခုမှာ ပုန်းနေချင်ရုံ သက်သက်သာ ဖြစ်သည်။ ဤ ပြဿနာကောင်များမှာ လူတိုင်း၏ အာရုံစိုက်မှုကို အလွန်အမင်း ရရှိနေသည် မဟုတ်ပါလော။
သို့သော်ငြား... သူ လုံးဝ (လုံးဝ) မသိထားသည်မှာ... တတိယထပ်ရှိ အဆင့်မြင့် ဇိမ်ခံ သီးသန့်ခန်းတစ်ခု အတွင်း၌... ယခင်က သူတို့၏ လှည့်စားမှုကို ခံခဲ့ရသော သခင်လေး ကျောက်ယူချိုင် သည်... မှန်သားပြင်မှတစ်ဆင့် ယခုလေးတင် ဝင်ရောက်လာသော ထိုလူအုပ်ကြီးကို စူးစိုက်ကြည့်နေ၏။
သူ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာလှသော အပြုံးတစ်ခု ပေါ်လာတော့သည်။
“နောက်ဆုံးတော့ ရောက်လာကြပြီပေါ့... တောသား တစ်အုပ်”
“ဒီနေ့ညတော့... ပစ္စည်းကို ဝယ်နိုင်ပေမယ့် အသက်ရှင်လျက်နဲ့ ယူမသွားနိုင်ဘူး ဆိုတာ ဘာလဲဆိုတာကို... ဒီသခင်လေးက မင်းတို့ကို ကောင်းကောင်းကြီး ပြသပေးရမှာပေါ့…”
အခန်း (၁၆၈) - လေလံပွဲ စတင်ခြင်း.... ဒါဟာ ပိုက်ဆံရှိသူတွေပဲ စိုးမိုးတဲ့ ကမ္ဘာကြီးလားဗျာ
~အလယ်ပိုင်းတိုက်ကြီး၏ ထျန်းကျီခန်းမ လေလံအိမ်တော်။ ဒုတိယထပ်ရှိ အထူးဧည့်သည်တော် သီးသန့်ခန်းအတွင်း၌ ဖြစ်သည်။
“ဘုရားရေ... ဒီကုလားထိုင်က တကယ့်သားရေစစ်စစ်ပဲ မဟုတ်လား။ အိစက်နေတာပဲဗျို့”
ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် အခန်းထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက်... နှင်းပွင့်ပမာ ဖြူဖွေးလှသော ဝိညာဉ်သားရဲအမွှေးများ ခင်းကျင်းထားသည့် ကုလားထိုင်ကြီးပေါ်သို့ ပစ်လှဲချလိုက်ကာ သာယာနာကျင်စွာ ညည်းတွားလိုက်တော့၏။ သူဝတ်ဆင်ထားသော လေးလံလှသည့် အမည်းရောင် သံမဏိ ချပ်ဝတ်ကြီးက ကုလားထိုင်ကို ဖိချလိုက်သဖြင့်... နားငြီးစရာကောင်းသော ကျွိကျွိမြည်သံများပင် ထွက်ပေါ်လာသည်။
“ထိုင်ပဲ နေမနေနဲ့ဦးလေ... စားပွဲပေါ် ဟဟာတွေကိုလည်း ကြည့်ဦးဗျ”
ကျောက်ကပ်ကြော် က သူ၏ရှေ့မှ စန္ဒကူးနီသားဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်ဝိုင်းလေးကို လက်ညှိုးထိုးပြလိုက်ရာ... သူ၏မျက်လုံးများမှာ အရောင်တလက်လက် တောက်နေတော့၏။
ထိုစားပွဲလေးပေါ်တွင်... အမျိုးမျိုးသော ဝိညာဉ်သစ်သီးများ ထည့်ထားသည့် လက်ရာမြောက်လှသော ကျောက်စိမ်းပန်းကန်ပြားများ ရှိနေပြီး... ဘေးနားတွင်မူ အဖြူရောင် မီးခိုးငွေ့များ သဲ့သဲ့မျှ ထွက်ပေါ်နေသည့် အဆင့်မြင့် ဝိညာဉ်လက်ဖက်ရည်အိုး တစ်လုံးပင်။
“ဒီသစ်သီးတွေက... ငါတို့ တောင်နောက်ဘက်က ချဉ်စုတ်စုတ် တောသီးတွေထက် အဆပေါင်းများစွာ ပိုပြီး အဆင့်မြင့်တဲ့ပုံပဲ နော်...”
ကျောက်ကပ်ကြော်က ဖန်သားပမာ ကြည်လင်နေသော စပျစ်သီးပုံသဏ္ဍာန် ဝိညာဉ်သီးတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး အားရပါးရ ကိုက်လိုက်သည်။
“အင်း... ချိုလိုက်တာဗျာ။ အရည်တွေကလည်း စိမ့်ထွက်လာတာပဲ။ ဒါတွေအကုန်လုံးက ဝိညာဉ်စွမ်းအင်တွေချည်းပဲဗျို့။ စားလိုက်တာနဲ့ ရင်ထဲကို အေးမြသွားတာပဲလေ...”
“ဒါတွေက အလကားလားဗျ။ စိတ်ကြိုက်စားလို့ ရတာလားဟေ့”
“သေချာတာပေါ့ဗျာ... အထူးခန်းထဲ ရောက်နေပြီဆိုမှတော့ အလကားပေါ့။ အမြတ်ရတုန်း နှိပ်ကြစို့ဗျို့”
ထိုခဏ၌... အခန်းထဲရှိ ကစားသမား အယောက်နှစ်ဆယ်ကျော်မှာ ငတ်မွတ်နေသော တစ္ဆေများအလား ပြောင်းလဲသွားကြတော့၏။
“ဂွတ်... ဂွတ်...ဂျွတ်...ဂျွတ်...”
သူတို့သည် စားပွဲပေါ်မှ ဝိညာဉ်သစ်သီးများနှင့် လက်ဖက်ရည်များကို မုန်တိုင်းတစ်ခုပမာ ဝါးမြိုပစ်ကြတော့သည်။ အချို့က ပန်းကန်များကို မကာ ပါးစပ်ထဲသို့ အကုန်လောင်းထည့်ကြပြီး... အချို့ဆိုလျှင် ဗိုက်ပြည့်စေရန်အတွက် သစ်သီးအစေ့များကိုပင် ကြိတ်ဝါးကာ မျိုချနေကြလေ၏။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း ကတော့ ပို၍ပင် ပါးနပ်လှသည်။ သူသည် သစ်သီးများကို စားရင်းနှင့်ပင်... အလွတ်ဖြစ်သွားသော ကျောက်စိမ်းပန်းကန်ပြားများကို အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထိုးထည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒီပန်းကန်တွေက အဆင့်မြင့် ကျောက်စိမ်းတွေနဲ့ လုပ်ထားတာ။ ငါ ဂိုဏ်းရဲ့ ထမင်းစားဆောင်အတွက် ယူသွားမှ ဖြစ်မယ်။ ပန်းကန်ခွက်ယောက်တွေက အဆင့်မြင့်နေမှ ဂိုဏ်းက သိက္ခာရှိမှာ မဟုတ်လား...”
စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသော ကျန်းချန်မှာမူ... လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားရင်း နေရာ၌ပင် ကျောက်ရုပ်ပမာ တောင့်ခဲသွားရရှာသည်။ သူသည် စားပွဲတော် လာသောက်သည့်အလား ပြုမူနေကြသော သူ၏တပည့်များကို တစ်ချက်ကြည့်လိုက်ပြီး... ဘေးနားတွင် ရပ်နေသည့် ထျန်းကျီခန်းမမှ ဝန်ထမ်းကောင်မလေးကို လှမ်းကြည့်လိုက်မိ၏။
ထိုကောင်မလေး၏ မျက်လုံးများထဲတွင်မူ... အစေခံတစ်ဦး ဖြစ်လင့်ကစား ဖုံးကွယ်မရသော အထင်သေးမှုများ ပြည့်နှက်နေသည် မဟုတ်ပါလော။ ကျန်းချန်မှာ အနေရခက်စွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်ရိပ်ပြကာ သတိပေးလိုက်ရတော့၏။
(ငါ့ကို နည်းနည်းလောက် မျက်နှာသာ ပေးကြစမ်းပါဦးကွာ...)
ကံကောင်းထောက်မစွာဖြင့် လေလံပွဲကြီးမှာ နောက်ဆုံး၌ စတင်သွားဝောာ့၏။
“ဒေါင်...”
ကြည်လင်ပြတ်သားလှသော ခေါင်းလောင်းသံလေး တစ်ချက်သည် နေရာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့၏။
ပွက်လောညံနေသော လေလံခန်းမကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားဝောာ့၏။ မီးရောင်များ အားလုံး ငြိမ်းသွားပြီး... လေထဲတွင် လွင့်မျောနေသော ဗဟိုလေလံစင်မြင့်ပေါ်သို့သာ တောက်ပလှသော အလင်းတန်းတစ်ခု ကျရောက်လာတော့သည်။
သူမသည် မီးနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး... ဆွဲဆောင်မှုရှိသော ကောက်ကြောင်း ရှိ၏။
ညှို့ယူဖမ်းစားနိုင်သည့် မျက်ဝန်းများရှိသော လေလံဆရာမလေး တစ်ဦး... ပန်းရောင်ကြာပန်း မှော်ရတနာကို စီးနင်းကာ စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာခြင်းပင်။
“မင်္ဂလာရှိသော ညချမ်းလေးပါ တာအိုရောင်းရင်းတို့ရှင်။ ကျွန်မကတော့ ဟုန်ယွီ ပါ... ဒီညရဲ့ လေလံပွဲကို ကျွန်မက တာဝန်ယူ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်...”
သူမ၏ အသံမှာ သိမ်မွေ့ပြီး ဆွဲဆောင်မှု အပြည့်ရှိကာ... သူမ၏ အလှတရားနှင့် ပေါင်းစပ်လိုက်သည့်အခါ ခန်းမတစ်ခုလုံးရှိ လေထုကြီးမှာ ချက်ချင်းပင် ပူနွေးတက်ကြွလာတော့၏။
“ဘုရားရေ... ဒီဇာတ်ကောင်ရဲ့ ရုပ်ထွက်ကတော့ အလန်းစားကြီးပဲဗျာ”
“ကြည့်စမ်း... ဟိုခြေတံတွေ၊ ဟိုခါးလေးတွေကို... ကျုပ်တော့ မခံနိုင်တော့ဘူးဗျို့၊ ကျုပ်မှာ ရှိသမျှ လက်ဆောင်တွေ အကုန်ပေးချင်လာပြီ”
ကစားသမားများမှာ အခန်း၏ လက်ရန်းများကို မှီကာ သွားရည်တစက်စက် ကျလျက် စိုက်ကြည့်နေကြသည်။
“စကားတွေကို အများကြီး မပြောတော့ဘဲ... ပထမဆုံး လေလံပစ္စည်းကို တင်ဆက်ပေးပါရစေရှင်...ဒါကတော့ အလယ်အလတ်အဆင့် ဝိညာဉ်လှေကြီး ပဲ ဖြစ်ပါတယ်ရှင်”
ဟုန်ယွီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ခန်းမအလယ်တွင် ဧရာမ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။ ဒါက ငွေရောင်များ တဖိတ်ဖိတ် တောက်နေသော ပျံသန်းရေး လှေကြီးတစ်စင်း ဖြစ်ပြီး... ကျန်းချန်၏ လှေထက်ပင် ပိုမို အဆင့်မြင့်ပုံ ရသည်။
“ဒီလှေကြီးကိုတော့ လက်နက်ထုတ်လုပ်ရေး မဟာဆရာကြီး အုယဲ့ကျီ ကိုယ်တိုင် သွန်းလုပ်ထားတာ ဖြစ်ပါတယ်ရှင်။ တစ်နေ့ကို မိုင်ပေါင်း တစ်သောင်းအထိ ခရီးနှင်နိုင်ပြီး... ကိုယ်ပိုင် ခံစစ်အခင်းအကျင်းတွေလည်း ပါဝင်သလို၊ အတွင်းခန်း အပြင်အဆင်တွေကလည်း အလွန်တရာ ဇိမ်ကျလှပါတယ်ရှင်။ နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ခရီးသွားဖို့ပဲဖြစ်ဖြစ်... တကယ့်ကို မရှိမဖြစ် ပစ္စည်းကောင်းလေးပါပဲရှင်”
“အခြေခံ လေလံဈေးကတော့... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ဖြစ်ပါတယ်ရှင်”
“ဝုန်း...”
ဈေးနှုန်းကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက်... အထူးခန်းထဲရှိ ကစားသမားများမှာ နေရာ၌ပင် ငြိမ်ကျသွားကြတော့၏။
ခုနလေးတင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော ဝမ်သဲ့ဖာမှာ... လက်ထဲမှ ဝိညာဉ်သစ်သီးပင် မြေပြင်ပေါ်သို့ “ဘုတ်” ခနဲ ပြုတ်ကျသွားရှာသည်။
“ဘယ်... ဘယ်လောက်လဲဗျာ” သူက အသံတွေ တုန်ယင်လျက် မေးလိုက်မိ၏။
“တစ်သောင်း ဟုတ်လား။ အဲ့ဒါက အခြေခံဈေးပဲ ရှိသေးတာလားဗျ”
“တစ်သောင်းနဲ့ တစ်ထောင်”
“တစ်သောင်းနဲ့ နှစ်ထောင်”
“တစ်သောင်းနဲ့ ငါးထောင်”
အောက်ဘက်မှ ဈေးခေါ်သံများမှာ နားအူမတတ် ဆူညံနေတော့၏။
ခန်းမအတွင်းရှိ ကျင့်ကြံသူများမှာ ဝိညာဉ်ကျောက်တုံးများကို မြေပြင်ပေါ်မှ ကျောက်ခဲများပမာ သဘောထားကာ မဆိုင်းမတွပင် ဈေးမြှင့် ခေါ်နေကြသည် မဟုတ်ပါလော။
မိနစ်အနည်းငယ်အတွင်းမှာပင် ထိုဝိညာဉ်လှေကြီး၏ ဈေးနှုန်းမှာ နှစ်သောင်း ရှစ်ထောင်အထိ တက်သွားခဲ့ပြီး... နောက်ဆုံးတွင် အမည်မသိ ဂိုဏ်းတစ်ခုမှ အကြီးအကဲ တစ်ဦးက လေလံအောင်သွားခဲ့သည်။
“နှစ်သောင်း ရှစ်ထောင် တဲ့လား...”
ကောင်းကင်ခွင်းဓားတစ်လက် သည် သူ၏ ရင်ဘတ်ကို ဖိထားရင်း နှလုံးသွေးတွေ ယိုစီးနေသလို ခံစားလိုက်ရရှာ၏။
“ငါတို့တွေ မှောင်ခိုဈေးကွက်မှာ အသေအလဲ လုပ်ကိုင်ပြီး ရှာထားတာတောင် ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါးပဲ ရတာလေ။ တခြားလူတွေကျတော့... ငါတို့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုထက် အဆပေါင်းများစွာ များတဲ့ ငွေတွေကို ယာဉ်တစ်စီး ဝယ်ဖို့အတွက်တင် သုံးပစ်နေကြတာပါလား...”
“ဒါဟာ ပိုက်ဆံရှိသူတွေပဲ ဆော့နိုင်တဲ့ ကမ္ဘာကြီးလားဗျာ”
“အီးဟီးဟီး..အရမ်း ရက်စက်လွန်းတယ်... ဒီဂိမ်းထဲက ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကြားက ကွာဟချက်က ကြီးလွန်းတယ်”
“ဟို ဝိညာဉ်လှေ ဝယ်သွားတဲ့ အဘိုးကြီးကို ငါ ဓားပြတိုက်ချင်လာပြီ...”
နောက်ထပ် တင်သွင်းလာသော ပစ္စည်းများကတော့ ကစားသမားများကို ပို၍ပင် စိတ်ပျက်သွားစေတော့၏။
ရွှေအမြုတေအဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးကို တိုးမြှင့်ပေးသော ဆေးလုံးတစ်လုံးကို ငါးသောင်းဖြင့် ရောင်းထွက်သွားသည်။
ထူးခြားဆန်းပြားလှသော အဆင့်မြင့် ကျင့်စဉ်စာအုပ် အပြတ်အသတ် တစ်အုပ်မှာမူ ရှစ်သောင်းဖြင့် ရောင်းထွက်သွားပြန်၏။
ရှေးဟောင်း သွေးမျိုးဆက် ပါဝင်သော ဝိညာဉ်သားရဲ ကလေးတစ်ကောင် (မျက်လုံးပင် မပွင့်သေးပါ) မှာမူ... တစ်သိန်းအထိ ဈေးပေါက်
သွားလေတော့သည်။
ကစားသမားများမှာ အခန်းထောင့်တွင် စုရုံးကာ... တစ်ဟုန်ထိုး တက်နေသော ကိန်းဂဏန်းများကို ကြည့်ရင်း ဆင်းရဲလွန်းသဖြင့် မျက်ရည်များပင် ကျလာကြတော့၏။
သူတို့၏ ခါးတွင် အသစ်ဝယ်ယူ ချိတ်ဆွဲထားသော အလယ်အလတ်အဆင့် ဝိညာဉ်သိုလှောင်အိတ်လေးများကို စမ်းကြည့်လိုက်ကြပြီးနောက်... ရုတ်တရက် ထိုအိတ်လေးများမှာလည်း တန်ဖိုးမရှိသလို ခံစားလိုက်ကြရသည်။
“ပြန်ကြစို့ဗျာ”
ဝမ်သဲ့ဖာ က လုံးဝကို စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် ဆိုလိုက်၏။
“ဒီနေရာက အရမ်း အန္တရာယ် များလွန်းတယ်။ ပိုက်ဆံရှိတဲ့ သူတွေချည်းပဲလေ။ ငါတို့လို ကြိုးစားပမ်းစား ရှာဖွေနေရတဲ့ ကစားသမားတွေ အတွက်တော့... ဒီမှာဆိုရင် အဖိနှိပ်ခံရရုံပဲ ရှိမှာဗျို့”
ကျန်းချန်သည်လည်း အနည်းငယ် အကူအညီမဲ့နေမိသည်မှာ အမှန်ပင်။ သူသည် မူလဝိဉာဉ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း... ငွေကြေးဓန အင်အားပိုင်းတွင်မူ ကွေ့ယွမ်ဂိုဏ်းမှာ ကလေးသူငယ်အဆင့်သာ ရှိနေသေးသည် မဟုတ်ပါလော။
လူတိုင်း စိတ်ကုန်သွားကြပြီး အလုပ်ပြန်လုပ်ရန် စောစောထွက်ခွာဖို့ ပြင်ဆင်နေကြစဉ်မှာပင်...
“နောက်ထပ် တင်ဆက်ပေးမယ့် လေလံပစ္စည်းလေးကတော့... အနည်းငယ် ထူးခြားပါတယ်ရှင်”
စင်ပေါ်မှ လေလံဆရာမလေး ဟုန်ယွီက သိမ်မွေ့စွာ ပြုံးလိုက်ပြီး... လျှို့ဝှက်ဆန်းကြယ်လှသော လေသံဖြင့် (တကယ်တော့ လူများကို လမ်းလွဲအောင် လုပ်နေခြင်းဖြစ်သည်) ဆိုလိုက်သည်။
“ဒါကိုတော့ ကျွန်မတို့တွေ ရှေးဟောင်း စစ်မြေပြင် အပျက်အစီး တစ်နေရာကို စူးစမ်းရှာဖွေရင်း ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်ရှင်”
သူမသည် လင်ဗန်းပေါ်မှ အနီရောင် ပိတ်စကို လှန်လိုက်၏။
ထိုလင်ဗန်းထဲတွင်... လက်ဖဝါးခန့် အရွယ်အစားရှိပြီး၊ မှောင်မည်းကာ အသွားအထစ်များ ပါဝင်နေသည့် ကျိုးပဲ့နေသော သံစုတ်တုံးလေး တစ်တုံး ငြိမ်သက်စွာ ရှိနေသည်။
ဒါက သံချေးများ တက်နေပြီး မည်သည့် ဝိညာဉ်စွမ်းအင် တုန်ခါမှုမှလည်း မရှိချေ။ အမှိုက်ပုံထဲမှ ကောက်ရလာသော သံစုတ် တစ်တုံးနှင့်ပင် တူနေတော့၏။
ပရိသတ် တစ်ခုလုံးမှာ လှောင်ပြောင် သံများ ထွက်ပေါ်လာတော့သည်။
“ဒါက ဘာအမှိုက်လဲ။ ထျန်းကျီခန်းမက အခုတော့ အမှိုက်တွေပါ လိုက်ရောင်းနေပြီလား”
“ဖယ်လိုက်စမ်းပါ... ငါတို့က အကောင်းဆုံး မှော်ရတနာတွေကိုပဲ ကြည့်ချင်တာ”
ဟုန်ယွီမှာမူ အရှက်ရခြင်း မရှိဘဲ ဆက်လက် မိတ်ဆက်ပေးနေတော့၏။
“အားလုံးပဲ စိတ်မလောကြပါနဲ့ရှင်။ ဒီပစ္စည်းက ကြည့်ရတာ သာမန်လို့ ထင်ရပေမယ့်... အင်မတန်မှ မာကျောလှပါတယ်ရှင်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ မီးတောက်နဲ့တောင်မှ ဒါကို အရည်ဖျော်လို့ မရနိုင်ပါဘူးရှင်။ ကျွန်မတို့ရဲ့ ပစ္စည်းစစ်ဆေးသူတွေကတော့... ဒါဟာ ရှေးဟောင်း နတ်ဘုရားလက်နက်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်နိုင်သလို၊ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်နိုင်တဲ့ သော့ချက်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်ရှင်”
“ဒါပေမဲ့ ဒါဟာ ခန့်မှန်းချက် သက်သက်ပဲ ဖြစ်တဲ့အတွက်... ဒီပစ္စည်းရဲ့ အခြေခံဈေးကိုတော့ အများကြီး မသတ်မှတ်ထားပါဘူးရှင်... ဝိညာဉ်ကျောက်တုံး တစ်ထောင် သာ ဖြစ်ပါတယ်ရှင်”
“ဟွန်း... သံစုတ်တစ်တုံးကို ဝိညာဉ်ကျောက်တုံး တစ်ထောင် တဲ့လား။ အရူးပဲ ဝယ်လိမ့်မယ်”
“ဟုတ်ပဗျာ... နတ်ဘုရားလက်နက်ရဲ့ အစိတ်အပိုင်း ဖြစ်နေဦးတော့၊ ဒီလောက် အပိုင်းအစလေးက ဘာလုပ်လို့ ရမှာလဲ။ ပြန်ဆက်လို့မှ မရတာကိုး”
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားဝောာ့၏။ မည်သူမျှ ဈေးမခေါ်ကြပေ။
သို့သော်ငြား...
ထိုသံစုတ်တုံးလေး ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင်...
ကျန်းချန်၏ အခန်းအတွင်းရှိ ကစားသမား အားလုံး၏ ဦးနှောက်ထဲတွင်... အလွန်တရာ စူးရှပြီး အရေးကြီးလှသော စနစ်၏ အချက်ပေးသံကြီး မြည်ဟည်းသွားတော့၏။
(တီ..တီ..စွမ်းအင် အလွန်မြင့်မားသော တုံ့ပြန်မှုကို တွေ့ရှိရပါတယ်။)
(ဆာဗာတစ်ခုလုံးဆိုင်ရာ လျှို့ဝှက်တာဝန် စတင်ပါပြီ - ပျောက်ဆုံးနေသော နတ်ဘုရားလက်နက်။)
(ပစ္စည်းအမည် -...... ရှေးဟောင်း နတ်ဘုရားလက်နက် ‘ကောင်းကင်ဖန်ဆင်းရှင် ပုဆိန်’ ၏ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။)
(စနစ်၏ မှတ်ချက် - ၎င်းသည် ဂိုဏ်းစနစ်ကို ပြုပြင်ရန်၊ ပိုမိုမြင့်မားသော အခွင့်အရေးများကို ရရှိရန်နှင့်... ကစားသမားများ၏ အဆင့်ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ရန်အတွက် အလွန်အရေးကြီးသော ပစ္စည်းဖြစ်ပါသည်။ ၎င်း၏ တန်ဖိုးမှာ အတိုင်းအဆ မရှိပါ။)
(တာဝန်၏ ရည်မှန်းချက် - ဘယ်လို နည်းလမ်းနဲ့မဆို ဒါကို ရအောင်ယူပါ။)
“ဝုန်း...”
ကစားသမားများ၏ မျက်လုံးများမှာ ချက်ချင်းပင် ငါးသေမျက်လုံးများမှသည် ဆလိုက်မီးကြီးများအလား ပြောင်းလဲသွားတော့၏။
“နတ်ဘုရားလက်နက်ရဲ့ အစိတ်အပိုင်း ဟုတ်လား”
“ဖန်ဆင်းရှင် ပုဆိန် တဲ့လား... အဲ့ဒါ ဒဏ္ဍာရီထဲက အရာ မဟုတ်ဘူးလားဗျ”
“အဆင့်ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မယ် ဟုတ်လား။ ဘုရားရေ... ဒါကို ကျုပ်တို့ ရအောင် ယူရမယ်ဗျို့”
ခုနလေးတင် စိတ်ဓာတ်ကျနေသော အုပ်စုကြီးမှာ ချက်ချင်းပင် အသက်ဝင်လာကြပြီး... လက်ရန်းများကို မှီကာ ထိုသံစုတ်တုံးလေးကို သွားရည်တစက်စက်ကျလျက် စိုက်ကြည့်နေကြတော့၏။
“ဝယ်မယ်... ငါတို့ သေချာပေါက် ဝယ်ရမယ်”
“ဘယ်လောက်လဲ... တစ်ထောင် ဟုတ်လား။ ငါတို့ဆီမှာ အဲ့ဒီလောက်တော့ ရှိပါတယ်”
ဝမ်သဲ့ဖာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဈေးခေါ်ရန် ပလ္လင်ပြားကို မြှောက်တော့မည့် ဆဲဆဲမှာပင်...
ကျန်းချန်က သူ၏လက်ကို လှမ်းဖမ်းထားလိုက်ပြီး နက်ရှိုင်းသော မျက်ဝန်းများဖြင့် တိုးတိုးလေး ဆိုလိုက်သည်။
“မလောနဲ့ဦးလေ... အခု ဘယ်သူမှ ဈေးမခေါ်သေးဘူး မဟုတ်လား။ ငါတို့ကသာ အသည်းအသန် ဖြစ်နေရင်... တခြားလူတွေ သံသယ ဝင်သွားလိမ့်မယ်။ အဲ့ဒီအခါကျရင် ဈေးတွေ တက်ကုန်လိမ့်မယ် နော်...”
“ဒါဆိုရင် ဘယ်လိုလုပ်ရမလဲဗျ”
“စောင့်ကြည့်ဦးလေ”
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ပါးနပ်လှသော အပြုံးတစ်ခု ပေါ်လာတော့၏။
“ပစ္စည်းက မရောင်းရတော့မယ့် အခြေအနေ ရောက်တဲ့ အချိန်ကျမှ... ငါတို့က ဝုန်းခနဲ ဈေးခေါ်ပြီး ယူပစ်လိုက်တာပေါ့”
“ပြီးတော့လည်း...”
ကျန်းချန်သည် လမ်းတစ်ဖက်ရှိ ဒုတိယထပ်မှ ဇိမ်ခံသီးသန့်ခန်း တစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှနေ၍ စိတ်မသက်သာစရာ ကောင်းသော အရှိန်အဝါတစ်ခု (သခင်လေး ကျောက်ယူချိုင်) ထွက်ပေါ်နေသည် မဟုတ်ပါလော။
“ဒီနေ့ကိစ္စက... ထင်သလောက်တော့ ချောမွေ့မှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်...”
အရောင်တလက်လက် တောက်နေသော ဤလေလံအိမ်တော်အတွင်း၌... ‘ဈေးနှိမ်ဝယ်ယူခြင်း’ နှင့် ‘လုယက်ဖျက်ဆီးခြင်း’ တို့ကြားမှ လျှို့ဝှက်တိုက်ပွဲကြီး တစ်ခုမှာ မကြာမီ ပေါက်ကွဲထွက်လာတော့မည် ဖြစ်ချေတော့၏။