အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း။ ၁၆၇
ညဉ့်နက်သော်လည်း ကောင်းကင်ယံတစ်ခုလုံးမှာ လရောင်ကိုပင် ဖုံးလွှမ်းသွားစေသည့် အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။
မိုးကုပ်စက်ဝိုင်းတွင် ဧရာမ ရေဘဝဲနီကြီးတစ်ကောင် ပေါ်ထွက်လာသည့်အလား ၎င်း၏ ရှည်လျားလှသော အနီရောင် လက်တံကြီးများကို ကောင်းကင်ယံအနှံ့ ဆန့်ထုတ်ထားသည်။ အဝေးဆီမှ မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော အသံများ လေထုအတွင်း ပဲ့တင်ထပ်နေပြီး ဓားအလင်းတန်းများစွာ ကောင်းကင်တွင် ပျံသန်းနေကြသည်။ သို့သော် အားလုံးမှာ ရှေ့တန်းသို့ ဦးတည်နေခြင်း မဟုတ်ဘဲ အချို့မှာ နောက်တန်းသို့ အသည်းအသန် ဆုတ်ခွါနေကြခြင်းပင်။
ရှေ့တန်းသို့ သွားနေသူများမှာ အစွမ်းထက်သော ဓားကျင့်ကြံသူများ ဖြစ်ကြပြီး နောက်တန်းသို့ ဆုတ်ခွာလာသူများထဲတွင်မူ အခြေခံအဆင့် တပည့်သစ်များ၊ ကျင့်ကြံမှုအဆင့် မလုံလောက်သေးသော ဓားသမားများနှင့် ဆေးပညာရှင်၊ အဆောင်ပညာရှင်ကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်များ ပါဝင်သည်။
လော့ဝမ်စွန်းကဲ့သို့သော ဘိုးဘေးတစ်ဦး စောင့်ကြပ်ခြင်း မရှိတော့သည့်အတွက် စုမိသားစု၏ ပင်မကျွန်းမှာပင် ဘေးမကင်းတော့ချေ။ ထို့ကြောင့် လက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သူ စုရင်းရန်က မိသားစုဝင်အချို့ကို လျိုရှမြို့ ဝါးကျွန်းဆီသို့ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
အခြားသူများ မသိသော်လည်း စုရင်းရန်မှာမူ ယွီရွှမ်ဝေသည် လက်ရှိတွင် လျိုရှမြို့ ဝါးကျွန်းပေါ်၌ ရှိနေသည်ကို သိထားသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမသည် ခန်းမအတွင်းမှ ထွက်လာပြီး ခံစစ်အစီအရင်များကို စတင်ချမှတ်နေလောက်ပြီ ဖြစ်သည်။ အထပ်ထပ်သော အစီအရင်များအပြင် ကျွန်း၏ သေးငယ်သော အရွယ်အစားကြောင့်လည်း ထိုနေရာမှာ ဘေးကင်းလုံခြုံရာ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။
ဆွန်မိသားးစုဘက်မှ လူများမှာမူ ကြေးနီစာကလေးကျွန်းဆီသို့ ဆုတ်ခွာနေကြသည်။ ရှေ့တန်းတွင်မူ မူလက တစ်စိတ်တစ်ကိုယ်တည်း ဖြစ်ခဲ့သော ဆွန်မိသားးစုနှင့် စုမိသားစုတို့မှာ ယခုအခါ နှစ်ဖက်ကွဲလျက် အချင်းချင်း အဖက်မလုပ်ဘဲ တစ်သီးတခြားစီ တိုက်ခိုက်နေကြတော့သည်။
အကြီးအကဲချုပ်ကြီးနှင့် လော့ဝမ်စွန်းတို့ကြားက တိုက်ပွဲမှာ တကယ့် ထူးကဲချီစွမ်းအားများကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ လော့ဝမ်စွန်း ကျွန်းပေါ်မှ နှင်ထုတ်ခံရခြင်းကပင် သက်သေပင်။ ထိုကဲ့သို့ ဘိုးဘေးအဆင့် ပညာရှင်များကြား တိုက်ခိုက်မှုမှာ မိသားစုနှစ်ခုလုံးမှ အခြားကျင့်ကြံသူများကိုပါ ထိခိုက်စေခဲ့သည်။
ဥပမာအားဖြင့် မြေဓာတ်စွမ်းအင်သုံး အဆောင်ငယ်ကို အသုံးပြုကာ ရေနက်နဂါး အနှစ်သာရသွေးကို ခိုးယူခဲ့သော စုဟုန်ရှန်းမှာ ထိုပဋိပက္ခကြားတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ကျွန်းပေါ်၌ နာလန်ထူရန် ကြိုးစားနေစဉ် ရှေ့တန်းမှ တိုက်ပွဲသံများကို ကြားလိုက်ရသောအခါ သူသည်လည်း နောက်တန်းသို့ အသည်းအသန် ထွက်ပြေးရတော့သည်။
...
ဟူး... ဟူး... ဟူး
စုန်ယန်သည် မက်မွန်လက်ဖဝါးယပ်တောင်ကို ကိုင်စွဲကာ ဆေးဖိုအတွင်းရှိ သာမန်မီးတောက်များ၏ အပူချိန်မြင့်တက်လာစေရန် လေပင့်ပေးနေသည်။
လွန်ခဲ့သောရက်များအတွင်း သူသည် မီးတောက်များနှင့်ပတ်သက်သော အချက်အလက်အချို့ကို ထပ်မံနားလည်လာခဲ့သည်။ ခရမ်းရောင်နန်းတော်နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်းမှာ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ ၎င်းမှာ ရုတ်တရက် စွမ်းအားများ အဆမတန် တိုးပွားလာခြင်းမျိုး မဟုတ်ဘဲ ထိုအဆင့်သို့ ရောက်သည်နှင့် မိမိ၏ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သောချီမီးလျှံတစ်မျိုး ပေါက်ဖွားလာခြင်းပင်။
ဤစစ်မှန်သော မီးလျှံမှာ သာမန်မီးများထက် များစွာသာလွန်လှသဖြင့် ထူးကဲပစ္စည်းများ သွန်းလုပ်ရာတွင် သေချာပေါက် အောင်မြင်စေရုံသာမက ထူးကဲရတနာများကိုပင် သွန်းလုပ်နိုင်စွမ်းရှိသည်။ ဆေးဖော်စပ်ရာတွင်လည်း ပိုမိုမြင့်မားသော အဆင့်ရှိ ဆေးလုံးများကို စမ်းသပ်ဖော်စပ်နိုင်ပေလိမ့်မည်။ ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်သို့ မရောက်မီတွင် လက်နက်သွန်းလုပ်သူနှင့် ဆေးပညာရှင်ဟူ၍ ကွဲပြားမှုများ ရှိနေနိုင်သော်လည်း ထိုအဆင့်သို့ ရောက်ရှိသွားပါက အရာအားလုံးမှာ မိမိ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုအပေါ်၌သာ လုံးလုံးလျားလျား မူတည်သွားတော့သည်။
အမှန်စင်စစ် ဤအခြင်းအရာကို ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်မှာပင် ဝေဝါးစွာ မြင်တွေ့နိုင်သည်။ အစောပိုင်းအဆင့်တွင်ပင် မိမိ၏လက်ဝါးမှ ပြင်းထန်သောအပူရှိန်ကို ထုတ်လွှတ်ကာ သာမန်သံထည်များကို အရည်ပျော်စေပြီး ပုံသွင်းနိုင်နေပြီဖြစ်ရာ နောက်ဆုံးအဆင့်တွင်မူ ပြောနေစရာပင် လိုတော့မည်မဟုတ်ပေ။
လေတစ်ချက် ထပ်မံဝှေ့ယမ်းလိုက်စဉ် အခန်းပြင်ပမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဦးလေးဘိုင် ဦးလေးဘိုင်"
စုန်ယန် ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ငွေရောင်ဓားဝတ်စုံကို ဆင်မြန်းထားပြီး လေ့ကျင့်ရေးဓားလေးကို ကိုင်စွဲကာ စိုးရိမ်တကြီး ကြည့်နေသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်လေးကို တွေ့လိုက်ရသည်။ သူမမှာ ထျန်းရှောင်ကျို၏ တူမဖြစ်သူ ထျန်းရှောင်လင်ပင်။
သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဘေးနားရှိ အတူတကွ ဆေးဖော်စပ်နေသည့် ပညာရှင်ကို လှမ်းကြည့်လိုက်သည်။ ထိုပညာရှင်က "ညီအစ်ကိုဘိုင်... သွားလိုက်ပါ အခုက ဆေးလုံးအတွက် အရေးကြီးတဲ့အချိန် မဟုတ်သေးပါဘူး။ ဘာမှမဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
စုန်ယန်သည် မက်မွန်လက်ဖဝါးယပ်တောင်ကို ချလိုက်ပြီး အပြင်ဘက်သို့ အမြန်ထွက်လာခဲ့တော့သည်။
ညဉ့်နက်သန်းခေါင်ယံတွင် တိုက်ပွဲအရှိန်မှာ လျော့ကျမသွားဘဲ ပိုမိုပြင်းထန်လာသည်။
ထျန်းရှောင်လင်သည် ပြေးလာပြီး သူမအား ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်ခေါ်ဆောင်ပေးခဲ့သည့် လူကြီး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ "ဦးလေးဘိုင်... ဦးလေးဘိုင်" ဟု ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ စုန်ယန်သည် ကလေးမလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ကောင်းကင်ယံရှိ ဓားအလင်းတန်းများကို အကဲခတ်နေမိသည်။ ထိုစဉ် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် "စီနီယာအစ်မကျန်း... ခဏလောက် စောင့်ပါဦး" ဟု လှမ်းအော်လိုက်သည်။
အဝေးမှ ဓားအလင်းတန်းမှာ ရပ်တန့်သွားပြီး စုန်ယန်ကို မှတ်မိသွားသောအခါ လမ်းကြောင်းပြောင်း၍ ကြေးနီစာကလေးကျွန်းအပေါ်ယံသို့ ပျံသန်းလာခဲ့သည်။ ဤစီနီယာအစ်မကျန်းမှာ ယခင်က ထျန်းရှောင်ကျို လိုက်ပါပို့ဆောင်ပေးခဲ့ပြီး စုန်ယန် ဆေးကုသပေးခဲ့ဖူးသော စုမိသားစုမှ ချောမောသည့် ကျင့်ကြံသူမလေးဖြစ်သည်။ သူမသည် လက်ရှိတွင် စုမိသားစုတပည့်များကို လျိုရှမြို့ ဝါးကျွန်းဆီသို့ လိုက်လံပို့ဆောင်ပေးနေခြင်းပင်။ သို့သော် သူမသည် စုမိသားစုဝင်တစ်ဦး ဖြစ်သည့်အတွက် ရန်ဘက်ဖြစ်နေသော ဆွန်မိသားးစုပိုင်နက်ထဲသို့ ခြေမချလိုဘဲ လေထဲတွင်သာ ရပ်တန့်နေခဲ့သည်။
"မောင်လေးဘိုင်... ဘာကိစ္စရှိလို့လဲ"
သူမက မေးလိုက်သည်။
စုန်ယန်က "ညီမလေးအန်လီကို တွေ့မိသေးလား" ဟု မေးရာ သူမက "အန်လီက ငါတို့စုမိသားစုရဲ့ အရေးကြီးတဲ့ ဆေးပညာရှင်ပဲလေ။ သူမကို လျိုရှမြို့ ဝါးကျွန်းဆီ ဘေးကင်းကင်း ပို့ပေးပြီးပါပြီ" ဟု ပြန်ဖြေသည်။
စုန်ယန် စိတ်အေးသွားကာ ရင်ခွင်ထဲက ကလေးမလေးကို ကြည့်ပြီး "ဒါက ညီမလေးရှောင်ကျိုရဲ့ တူမလေးပါ။ သူမကိုပါ လျိုရှမြို့ ဝါးကျွန်းဆီ ခေါ်သွားပေးပါဦး" ဟု အကူအညီတောင်းလိုက်သည်။ စီနီယာအစ်မကျန်းမှာ အံ့ဩသွားသော်လည်း အောက်သို့ ဆင်းသက်လာခဲ့သည်။ စုန်ယန်က ထျန်းရှောင်လင်ကို "မင်းအဒေါ်ရဲ့ သူငယ်ချင်းဟောင်းနောက်ကို လိုက်သွားလိုက် အဲဒီကျွန်းက ပိုဘေးကင်းတယ်" ဟု မှာလိုက်သည်။
ထျန်းရှောင်လင်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းညိတ်ပြီး ရှေ့သို့ တိုးသွားစဉ် ဘေးနားရှိ ဆွန်မိသားးစုကျင့်ကြံသူတစ်ဦးက "ဒါ ငါတို့ဆွန်မိသားးစုရဲ့ ကျင့်ကြံခြင်းမျိုးစေ့ပဲလေ။ ဘိုင်ရှို့ဟု... မင်းက ဘာသဘောနဲ့ စုမိသားစုနောက် ထည့်ပေးလိုက်တာလဲ" ဟု ငေါက်ငမ်းလိုက်သည်။ စုန်ယန်က သူ့ကို တစ်ချက်ကြည့်ကာ လက်ဖျစ်တစ်ချက်တီးလိုက်ရာ ဓားလွယ်အိတ်ထဲမှ ဓားမှာ ဝူးခနဲ ထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် ဝဲပျံနေတော့သည်။ သူက အေးစက်သော မျက်လုံးများဖြင့် "ဆွန်မိသားးစု... စုမိသားစု... ဒီရန်ပွဲတွေက ဘယ်တော့မှ မပြီးနိုင်တော့ဘူးလား" ဟု ပြောကာ ကလေးမလေးကို "သွားတော့" ဟု အချက်ပေးလိုက်သည်။
စီနီယာအစ်မကျန်းသည် စုန်ယန်ကို လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် ထျန်းရှောင်လင်ကို ခေါ်ဆောင်ကာ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ ဆွန်မိသားးစု ကျင့်ကြံသူမှာတော့ စုန်ယန်ကို ရန်လိုစွာ ကြည့်နေသော်လည်း အဝေးက တိုက်ပွဲအရှိန်နှင့် ဆေးဖော်စပ်ခန်း၏ အခြေအနေကို ထောက်ထားကာ တစ်ချက်နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။
စုန်ယန်သည် အဝေးသို့ ငေးကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ နှစ်ပေါင်းများစွာအတွင်း ဓားဂိုဏ်းသည် အပြင်ပယောဂမျိုးစုံကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း ယခုအခါ အတွင်းရေးမတည်ငြိမ်မှုများကြောင့် အပြင်ရန်ကို မတွန်းလှန်နိုင်တော့ပေ။ ယနေ့တွင် သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်စရာပင် မလိုတော့ဘဲ ဓားဂိုဏ်းမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် မြောက်ဘက်ရှိ အစီအရင်အကာအကွယ်ကြီး၏ အလယ်ဗဟိုမှ တဖြန်းဖြန်းနှင့် ကွဲအက်သံကြီး ထွက်ပေါ်လာသည်။ ပွင့်လင်းမြင်သာသော အကာအကွယ်ကြီး၏ အလယ်မှ ငွေဖြူရောင် အက်ကြောင်းတစ်ခု စတင်ပေါ်ပေါက်လာပြီး ပင့်ကူအိမ်ကဲ့သို့ နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ဓားဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကောင်းကင်ယံကြီးမှာ ပြိုလဲတော့မည့်အလား ဖြစ်နေတော့သည်။
အခန်း။ ၁၆၈
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ...
ဓားဂိုဏ်း၏ အစီအရင် အကာအကွယ်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပွင့်ထွက်သွားတော့သည်။ ပြင်ပမှ စောင့်ဆိုင်းနေသော မိစ္ဆာအရိပ်များ၊ ရုပ်သေးရုပ်များ၊ စက္ကူအရုပ်များနှင့် သွေးအလောင်းများအပြင် အမျိုးမျိုးသော မိစ္ဆာကောင်များသည် ဒီရေပမာ ကျွန်းစုများအတွင်းသို့ အလုအယက် တိုးဝင်လာကြသည်။
ကြေးနီစာကလေးကျွန်းပေါ်ရှိ ဆေးဖော်စပ်ခန်းအတွင်း၌မူ အခြေအနေမှာ ပရမ်းပတာ ဖြစ်နေတော့သည်။ ဆွန်မိသားးစုမှ ဆေးပညာရှင်မှာ စိုးရိမ်လွန်းသဖြင့် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ သို့သော် ဆေးအိုးကြီးအတွင်း၌ ရေနက်နဂါး အနှစ်သာရသွေးကို ဖော်စပ်နေဆဲဖြစ်ရာ အခုရပ်လိုက်လျှင် အရာအားလုံး ပျက်စီးသွားမည်ကို သူသိနေသည်။
"ဘယ်လိုလုပ်ရမလဲ... ငါတို့ ဘာလုပ်ကြမလဲ"
သူက တုန်တုန်ယင်ယင်နှင့် ရေရွတ်နေမိသည်။ သို့သော် သူ မည်မျှပင် ထိတ်လန့်နေပါစေ၊ သူ၏ဘေးနားရှိ ညီငယ်ဘိုင်မှာမူ အလွန်တည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့ဩနေမိသည်။
အပြင်ဘက်မှ သတ်ဖြတ်အော်ဟစ်သံများမှာ တစ်စတစ်စ နီးကပ်လာပြီး ကြေးနီစာကလေးကျွန်း၏ အပြင်ဘက်သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။ ကျွန်းပေါ်ရှိ ဆွန်မိသားးစု အကြီးအကဲမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျွန်းပေါ်ရှိ အခြားသော ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့် အကြီးအကဲ နှစ်ဦးနှင့်အတူ ဓားများကို ကိုင်စွဲကာ ကောင်းကင်သို့ ပျံတက်သွားကြသည်။
ဆေးပညာရှင်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ကိုယ့်ကိုကိုယ် နှစ်သိမ်သည့်အလား တိုးတိုးလေး ရေရွတ်နေသည်။
"အကြီးအကဲချုပ်ကြီးရယ်၊ အကြီးအကဲကျောက်နဲ့ ဝမ်တို့လည်း ရှိနေတာပဲ... အားလုံး အဆင်ပြေသွားမှာပါ အဆင်ပြေမှာပါ..."
သို့သော် သူ၏စကားပင် မဆုံးသေးမီမှာပင် ကောင်းကင်ယံထက်မှ အကြီးအကဲ၏ ထိတ်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"သွေးကမ်းပါးယံ ပြီးတော့ ကြေးနီမုတ်ဆိတ် ရုပ်သေးဂိုဏ်းရဲ့ တောင်ထွတ်သုံးခုထဲက သခင်နှစ်ယောက်လုံး ရောက်လာတာပေါ့ ဟား... ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့် မိစ္ဆာလေးတွေလည်း အများကြီးပါလား။ ငါ့ကို တကယ်ပဲ အထင်ကြီးပေးကြတာပဲ လာကြစမ်း"
ဆေးဖော်စပ်ခန်းအတွင်းရှိ ဆွန်မိသားးစု ဆေးပညာရှင်မှာ မျက်နှာပျက်သွားပြီး တည်ငြိမ်နေသော စုန်ယန်ကို ခါးသီးစွာ ကြည့်လျက် "ညီလေးဘိုင်... ငါတို့ အကြီးအကဲတွေ... အကြီးအကဲတွေ နိုင်ပါ့မလားဟင်" ဟု မေးမြန်းလိုက်သည်။
စုန်ယန်က အေးဆေးစွာပင် "နိုင်မှာပေါ့ အဓမ္မဆိုတာ ဓမ္မကို ဘယ်တော့မှ မနိုင်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဓမ္မက အမြဲနိုင်ရမယ်"
ဆေးပညာရှင်မှာ အသက်ကို ဝဝရှူရင်း ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံထက်မှ အသည်းခိုက်မတတ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဆေးပညာရှင်မှာ လန့်ဖြန့်သွားပြီး "အကြီးအကဲကျောက်... အကြီးအကဲကျောက် သေသွားပြီ" ဟု အော်ဟစ်လိုက်တော့သည်။
ခဏအကြာတွင် နောက်ထပ် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ဆွန်မိသားးစု ဆေးပညာရှင်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
"နောက်တစ်ယောက်... နောက်တစ်ယောက် ထပ်သေပြန်ပြီ"
ထိုစဉ် အပြင်ဘက်မှ အကြီးအကဲချုပ်ကြီး၏ ရှတတနှင့် ဝမ်းနည်းပူဆွေးမှုတို့ ရောပြွမ်းနေသော ရယ်မောသံနှင့်အတူ ပြင်းထန်သော မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
"ဒီရေနက်နဂါးက မင်းတို့ ရုပ်သေးဂိုဏ်းက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာ မဟုတ်လား"
"မဟုတ်ဘူး"
အသံတစ်ခုက ပြန်လည်ဖြေကြားလိုက်သည်။
အကြီးအကဲချုပ်ကြီးမှာ ခဏတာ မှင်သက်သွားပြီးနောက် ကောင်းကင်ယံကို ကြည့်ကာ အရူးတစ်ယောက်လို တဟားဟား ရယ်မောတော့သည်။ သူသည် လေထဲတွင် ရပ်တန့်လျက် မြူပင်လယ်အတွင်းရှိ အဓိကကျွန်းစုကြီးများ ပျက်စီးပြိုလဲနေသည်ကို ကြေကွဲဖွယ်ရာ မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။
"ငါ့အမှားပဲ... အားလုံးက ငါ့အမှားတွေပဲ အချိန်ခဏတာ မှားယွင်းခဲ့မိတာကြောင့်သာ မဟုတ်
ရင် ငါ့ရဲ့ ဓားနှလုံးသားဆန္ဒကို ဆန့်ကျင်ပြီး ဓားမထုတ်ခဲ့မိရင် ငါ့ရဲ့ ညီအစ်ကိုတွေနဲ့ အချင်းချင်း ရန်မဖြစ်ခဲ့ဘဲ ဒဏ်ရာမရခဲ့ဘူးဆိုရင်... အခြေအနေတွေက ဒီလိုမျိုး ဘယ်ဖြစ်လာပါ့မလဲ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ..."
"ငါက ဂိုဏ်းအပေါ်မှာရော ဆရာ့အပေါ်မှာပါ မျက်နှာပျက်ခဲ့ရပြီ"
"မိစ္ဆာတွေ... မင်းတို့က ငါ့ရဲ့ ရုပ်အလောင်းကိုယူပြီး သွေးအလောင်း စက္ကူအရုပ်လုပ်ချင်နေတာလား အိပ်မက်တောင် မမက်နဲ့ ပြီးတော့ ဟိုမိစ္ဆာစုန်... မင်းက ငါ့ဝိညာဉ်ကို တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲချင်နေတာလား အလကားပဲ ငါ အသက်ရှင်စဉ်မှာ ငါ့အိမ်ကို မကာကွယ်နိုင်ခဲ့ပေမဲ့... သေသွားရင်တောင် မင်းတို့ရဲ့ အသုံးချခံ အဖြစ်မခံဘူး"
ပြင်းပြလှသော အော်ဟစ်သံကြီးနှင့်အတူ လေထဲတွင် ဗုန်းခနဲ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းမှာ ခဏတာ ပဲ့တင်ထပ်ပြီးနောက် ငြိမ်သက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် သွေးအဘွားအို၏ တခစ်ခစ်ရယ်သံနှင့်အတူ ရှတတ ထူးဆန်းသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးမယ့် အစီအစဉ်အတွက် ငါက ကြိုတင်ပြင်ဆင်ထားပြီးသားပါ"
သူမ ခဏမျှ တွေးတောလိုက်ပြီးနောက် အလွန်အမင်း အင်အားချည့်နဲ့နေသော အကြီးအကဲချုပ်ကြီး၏ နောက်ကွယ်တွင် ဖြူဖွေးသော အမွေးအမှင်များ ဖုံးလွှမ်းနေသည့် သွေးအလောင်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏လည်ပင်းကို အသာအယာ လိမ်ချိုးလိုက်သည်။ ထို့နောက် အရေးကြီးသော အလောင်းအရင်းအမြစ်များကို သိမ်းဆည်းသည့် ခေါင်းတလားအတွင်းသို့ ပစ်ထည့်လိုက်တော့သည်။
အကြီးအကဲချုပ်ကြီး သေဆုံးသွားသည်နှင့် တပြိုင်နက် ကြေးနီစာကလေးကျွန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် မရေမတွက်နိုင်သော ဓားအလင်းတန်းများမှာ အသက်လုကာ ထွက်ပြေးကြတော့သည်။ သို့သော် မြောက်မြားစွာသော မိစ္ဆာရိပ်များက နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေကြသည်။
ဆေးဖော်စပ်ခန်းအတွင်းရှိ ဆွန်မိသားးစု ဆေးပညာရှင်မှာလည်း ထိတ်လန့်တကြား အော်ဟစ်လျက် ဆေးဖော်စပ်ခြင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စွန့်ပစ်ကာ ထွက်ပြေးတော့သည်။ အကြီးအကဲချုပ်ကြီး သေဆုံးသွားခြင်းမှာ သူ၏ အားကိုးရာ တိုင်ကြီးကျိုးသွားသလို ဖြစ်သွားသဖြင့် လမ်းပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ တောင်ဘက်ရှိ လျိုရှမြို့ ဝါးကျွန်းဆီသို့ ဦးတည်ပြေးတော့သည်။
ကြေးနီစာကလေးကျွန်းပေါ်ရှိ လူအားလုံးမှာ ပျံလွှားငှက်များကဲ့သို့ အရပ်ရပ်သို့ ကွဲလွင့်ကုန်ကြပြီ ဖြစ်သည်။ ကျွန်းပေါ်ရှိ အိမ်ဂေဟာများနှင့် နန်းဆောင်များမှာ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးနေတော့သည်။ ဆေးဖော်စပ်ခန်းအတွင်း၌လည်း ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ငွေရောင်ဓားဝတ်စုံကို ဆင်မြန်းထားသော ကျင့်ကြံသူတစ်ဦးတည်းသာ ဆေးအိုးအောက်ရှိ မီးတောက်ကို စိတ်မပါလက်မပါနှင့် လေပင့်ပေးနေဆဲပင်။
ဒေါက်... ဒေါက်... ဒေါက်...
ဆေးဖော်စပ်ခန်း အပြင်ဘက်မှ ယဉ်ကျေးပျူငှာပြီး အတော်လေး သတိထားနေပုံရသည့် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ အထဲရှိလူ စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်
သကဲ့သို့ မကြားရမည်ကိုလည်း ပူပန်နေပုံရသဖြင့် တံခါးခေါက်သံမှာ အနေတော်ပင်။
သုံးကြိမ်တိတိ ခေါက်ပြီးသည့်နောက်တွင် မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးသဖြင့် ဆက်လက်မခေါက်တော့ဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ အခန်းထဲမှ “ဝင်ခဲ့ပါ” ဟူသော ခပ်တိုးတိုးအသံ ထွက်ပေါ်လာတော့မှသာ အပြင်မှလူများက တံခါးကိုတွန်းဖွင့်၍ အထဲသို့ ဝင်ရောက်လာကြသည်။
အလယ်တွင် မျက်နှာ၌ အဖုအပိမ့်များဖြင့် အရုပ်ဆိုးလှသော အဘွားအိုတစ်ဦး၊ ဘယ်ဘက်တွင် ဆံပင်တိုတိုနှင့် ခက်ထန်သောအမူအရာရှိသည့် လူသန်ကြီးတစ်ဦး၊ ညာဘက်တွင်မူ မျက်နှာဖြူလျော့လျော့နှင့် ပါးနပ်သောမျက်ဝန်းများရှိသည့် လူငယ်တစ်ဦးတို့ ဖြစ်ကြသည်။
ဤသုံးဦးမှာ အခြားသူများမဟုတ်ဘဲ လက်ရှိ ရုပ်သေးဂိုဏ်းကို အပြင်ပန်း၌ ဦးဆောင်နေကြသည့် သွေးအလောင်းတောင်ထွတ်သခင် သွေးအဘွားအို သွေးကမ်းပါးယံ၊ စက်မှုတောင်ထွတ်သခင် ကြေးနီမုတ်ဆိတ်နှင့် စက္ကူအရုပ်တောင်ထွတ်သခင် ကုန်းလီပိုင်တို့ပင်။
သူတို့၏ အကြည့်များသည် ယပ်တောင်ခတ်နေသော အမျိုးသားထံသို့ ရောက်ရှိသွားသည့်အခါ တစ်ဦးနှင့်တစ်ဦး အမူအရာများ ကွဲပြားသွားကြသည်။ ထိုအချိန်တွင် ဘိုင်ရှို့ဟု၏ ရုပ်သွင်မှာ ပျောက်ကွယ်သွားပြီး စုန်ယန်အဖြစ် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သုံးဦးစလုံးက ရိုသေကိုင်းရှိုင်းစွာဖြင့် “သခင်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ” ဟု ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
စုန်ယန်က သူတို့ကို တစ်ချက်ကြည့်၍ ပြုံးလျက် “ငါကတော့ မင်းတို့တွေ ဒီရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့ကို သတ်ကြမလားလို့ ထင်နေတာ” ဟု ပြောဆို လိုက်သည်။
သွေးအဘွားအိုက တုန်တုန်ရင်ရင်ဖြင့် “မလုပ်ရဲပါဘူး... ကျွန်မတို့ လုံးဝမလုပ်ရဲပါဘူး” ဟု ချက်ချင်း ပြန်ဖြေသည်။
ကြေးနီမုတ်ဆိတ်ကလည်း သူ၏ထွားကျိုင်းလှသော ကိုယ်ထည်ကြီးကို အသာအယာ နှိမ့်ချလိုက်ပြီး သာမန်လူတစ်ဦးကဲ့သို့ ထင်ရသော စုန်ယန်ကို သတိဖြင့် အကဲခတ်ရင်း ရိုးသားသူတစ်ဦးကဲ့သို့ ရယ်မောကာ “တခြားသူတွေ မသိရင်သာနေမယ်။ ကျွန်တော်တို့ သုံးယောက်ကတော့ သိတာပေါ့။ သခင်ကြီးရဲ့လက်ထဲမှာ ရေခဲငရဲလက်ပတ်ရှိနေသလို ချန်ဝမ်ကျားမျိုးနွယ်ရဲ့ သွေးအရှိန်အဝါတွေ ကိန်းအောင်းနေတာကို ဘယ်သူက မသိဘဲ နေမှာလဲ။ ကျွန်တော်တို့ရဲ့ အသက်က သခင်ကြီးရဲ့ စိတ်ကူးတစ်ချက်အပေါ်မှာပဲ မူတည်နေတာပါ။ ဒါ့အပြင် ဒီလက်ပတ်က ဝိညာဉ်အာရုံကို ပြုစုပျိုးထောင်ပေးနိုင်တာက တကယ့်ကို အသုံးဝင်လှပါတယ်။ သခင်ကြီးရဲ့ အစွမ်းအစနဲ့ဆိုရင် ကျွန်တော်တို့အားလုံးအတွက် အလားအလာတွေက အကန့်အသတ်မရှိဘူးဆိုတာ မြင်သာနေတာပဲလေ... ဟီးဟီး” ဟု ပြောလိုက်သည်။
ကုန်းလီပိုင်မှာမူ သူနှင့် အကြိမ်အနည်းငယ်သာ ဆုံတွေ့ဖူးသည့် ဤစီနီယာညီလေး၏ ရှေ့မှောက်၌ ချက်ချင်း ဒူးထောက်လိုက်ပြီး ဝမ်းသာအားရဖြင့် “သခင်ကြီးကို ဂုဏ်ယူပါတယ် ဝမ်းမြောက်ကြောင်း ဖော်ပြအပ်ပါတယ် သခင်ကြီး” ဟု ပြောလိုက်သည်။
စုန်ယန်က နားမလည်သကဲ့သို့ “ဘာကို ဂုဏ်ပြုရမှာလဲ” ဟု မေးမြန်းလိုက်ရာ ကုန်းလီပိုင်က
“အရင်က ဂိုဏ်းချုပ်အဆက်ဆက်က ရေခဲငရဲလက်ပတ်ကိုပဲ ပိုင်ဆိုင်ခဲ့ကြတာပါ။ ချန်ဝမ်ကျားမျိုးနွယ်ရဲ့ သွေးကို ဘယ်တုန်းကမှ မရရှိခဲ့ဖူးပါဘူး။ အခုတော့ သခင်ကြီးက နှစ်မျိုးစလုံးကို ထိန်းချုပ်ထားနိုင်ပြီလေ။ ဟိုတစ္ဆေကြီး ကူးဟွမ်ကျီတောင်မှ ဘိုးဘေးကြီး အားနည်းနေတဲ့ အချိန်ကို ချောင်းပြီး တိုက်ခိုက်ခဲ့လို့သာ အောင်မြင်ခဲ့တာပါ” ဟု ပြန်ဖြေလိုက်သည်။
တိုက်ပွဲသံများမှာ အပြင်ဘက်တွင် ဆူညံနေဆဲဖြစ်သော်လည်း ဆေးဖော်စပ်ခန်းအတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းမိုးထားသည်။ စုန်ယန်သည် ဘိုင်ရှို့ဟုအဖြစ် ဟန်ဆောင်ခဲ့စဉ်ကထက် ပိုမိုလေးနက်သော အရှိန်အဝါမျိုး ပေါက်ဖွားနေပြီး ရုပ်သေးဂိုဏ်း၏ ထိပ်သီးသုံးဦးမှာလည်း သူ့ရှေ့တွင် ခယနေကြသည်။
ဆွန်မိသားးစုနှင့် စုမိသားစုကြား ရန်တိုက်ပေးခဲ့သည့် မြေခွေးနှင့် ဝံပုလွေမိစ္ဆာများ၏ အစွမ်းမှာ သူထင်ထားသလောက် မမြင့်မားသေးသော်လည်း သူတို့တွင် ထူးခြားသော တိုက်ခိုက်မှုပုံစံများ ရှိနေသည်ကို စုန်ယန် သတိပြုမိလိုက်သည်။ အထူးသဖြင့် အသံလှိုင်းတိုက်ခိုက်မှုဆိုသည်မှာ တိုင်းပြည်သုံးခုအတွင်းရှိ ကျင့်ကြံသူများကြားတွင် တွေ့ရခဲသော ပညာရပ်တစ်ခုပင်။
စုန်ယန်သည် လျှို့ဝှက်အစီအရင်လံတံများကို အသုံးပြုကာ ဆေးဖော်စပ်ခန်းအတွင်း၌ ခြေရာဖျောက်အစီအရင်ကို ခိုင်မာစွာ ချမှတ်လိုက်သည်။ သူသည် ရုပ်သေးဂိုဏ်းသားများကို သတိပေးလိုက်သည်မှာ ယနေ့သည် သူ၏ကျင့်စဉ်အတွက် အရေးကြီးဆုံးအချိန်ဖြစ်ရာ မည်သူမျှ တွန့်ဆုတ်နေ၍ မရကြောင်းပင်။
စုန်ယန်သည် အစီအရင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ၏ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူသည် အမှောင်ထဲတွင် ပုန်းကွယ်လျက် သူလိုအပ်နေသော နန်းတော်ကိုးခုအတွက် နောက်ဆုံးသော သွေးနှင့် ဆေးလုံးကို ရယူရန် အသင့်ပြင်ထားလိုက်ပြီ ဖြစ်သည်။