အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
အခန်း (၄၀၀) - တတိယအဆင့် အလယ်အလတ် ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင် (အပိုင်း ၂)
~၎င်းကို စဉ်းစားပြီးနောက်၊ စုယွီက အခြားသော ပင်မတောင်ထွတ်များကို ဆက်လက် စူးစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို လျှို့ဝှက်ဂူ နယ်မြေထဲမှာ အရင် ထပ်ရှာခိုင်းကြည့်ရမယ်... တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့တွေ ဖန်တီးဖို့ သင့်တော်တဲ့ ဝိညာဉ်ကျောက်စိမ်းတွေ တွေ့နိုင်မလားလို့လေ... တကယ်လို့ မတွေ့ဘူး ဆိုမှ တခြား ပင်မတောင်ထွတ်တွေကို ဆက်ရှာကြတာပေါ့...”
သူ့ဝိညာဉ် ခိုအောင်းရာ ရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် ကြွက်အကောင်ရေ တစ်ထောင်ကို ခေါ်ဆောင်ပြီး ထွက်ခွာသွားပြီ ဖြစ်သည်။
သို့သော် လျှို့ဝှက်ဂူ နယ်မြေထဲတွင် ကောင်းကင်မိုးကြိုး ကြွက် အကောင်ရေ တစ်ထောင်ကျော် ကျန်ရှိနေသေးသည်။
‘ကောင်းတယ်။ သူတို့ကိုလည်း ရှာဖွေခိုင်းလိုက်မယ်’
ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ပစ္စည်းရှာဖွေရန် တာဝန်ပေးအပ်လိုက်ပြီးနောက်၊ စုယွီသည် သူ ပိုင်ဆိုင်ထားသော တတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံး ပစ္စည်းများကို စတင် စုစည်းလိုက်ပြီး၊ အဆင့်တူ ဆေးလုံးများကို ဖော်စပ်ရန် ပြင်ဆင်လိုက်သည်။
ထို့အပြင် တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေးများလည်း ပါဝင်၏။
"သင်္ချိုင်းဂူ ရုပ်သေး နည်းစနစ်" အမွေအနှစ်ကို သူ ပြန်လည် သတိရလိုက်သည်။ ထိုအမွေအနှစ်ထဲတွင် လူပုံစံ ရုပ်သေးနှင့် သားရဲပုံစံ ရုပ်သေးများ အပါအဝင်၊ ကွဲပြားသော တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေး (၁၄) မျိုးအကြောင်း ပါဝင်၏။
“ငါ့ဆီမှာ တတိယအဆင့် အလယ်အလတ်တန်းစား ဝိညာဉ်သတ္တုရိုင်းတွေ လုံလောက်တယ်... ဒါပေမဲ့ တတိယအဆင့် အလယ်အလတ်တန်းစား မိစ္ဆာအမြုတေ လိုနေသေးတာပဲ...”
စုယွီ ခဏမျှ စဉ်းစားလိုက်သည်။ သူ၏ အကြည့်သည် ပြစ်ဒဏ်ပေးသူ ဟု ခေါ်သော လူပုံစံ ရုပ်သေး တစ်မျိုးပေါ်သို့ ရောက်ရှိသွားသည်။
ဒီ "ပြစ်ဒဏ်ပေးသူ" ရုပ်သေးသည် အဓိကအားဖြင့် ခုခံကာကွယ်ရေးကို ဦးစားပေးပြီး၊ ဧရာမ ပုဆိန်ကြီး တစ်လက်နှင့် တူသော ဒိုင်းကာကြီး တစ်ခုကို ကိုင်ဆောင်ထား၏။
သိပ်မသွက်လက်လှသော်လည်း အစွမ်းကုန် ခုခံကာကွယ်လိုက်ပါက၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါးတောင်မှ ၎င်း၏ ကာကွယ်မှုကို အဆင့်ချိုးဖြတ်ဖို့ ခဲယဉ်းပေလိမ့်မည်။
အမွေအနှစ်ထဲတွင် ဖော်ပြထားချက်အရ ဤရုပ်သေးကို ရှေးဟောင်း ဂိုဏ်းတစ်ခုမှ ကျင့်ကြံသူများက ပြစ်ဒဏ်ပေးခြင်း ကိစ္စရပ်များတွင် အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
ဒါဆိုရင် သူ့အနေနှင့် တတိယအဆင့် အလယ်အလတ်တန်းစား မြေကမ္ဘာဓာတ် မိစ္ဆာအမြုတေ တစ်ခု လိုအပ်၏။
သူသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို လျှို့ဝှက်ဂူ နယ်မြေထဲတွင် ရှာဖွေရန် အမိန့်ပေးလိုက်သည်။ သင့်တော်သော တတိယအဆင့် မိစ္ဆာသားရဲ ရှိမရှိ စုံစမ်းခိုင်းလိုက်ခြင်း ဖြစ်၏။
လအနည်းငယ် ကြာပြီးနောက်...
စုယွီသည် သာမန် တတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံး ဖော်စပ်မှု ကျွမ်းကျင်မှုကို (၃၀) ရာခိုင်နှုန်းကျော် အထိ မြှင့်တင်နိုင်ခဲ့သည်။ ဤအဆင့်အတန်းသည် အရည်အချင်း ပြည့်မီသော တတိယအဆင့် ဆေးပညာရှင် တစ်ဦးဟု ပြော၍ ရနေချေပြီ။
ပြဿနာကတော့ သူ့မှာ ရှိသော တတိယအဆင့် အလယ်အလတ်တန်းစား ဆေးဖော်စပ် ပစ္စည်းတွေ ကုန်ခန်းလုနီးပါး ဖြစ်နေခြင်းပင်။
သူ့ ဆေးဥယျာဉ်ထဲတွင် ဝိညာဉ်အရည်များဖြင့် စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များ၏ အခြေအနေကတော့ မဆိုးလှပေ။
ချွေတာ သုံးစွဲမည် ဆိုလျှင်တော့ တစ်နှစ်ကို တတိယအဆင့် အလယ်အလတ်တန်းစား "သမုဒ္ဒရာစိမ်း ဆေးလုံး" ပစ္စည်း (၁၂) စုံလောက် စုဆောင်းနိုင်လောက်၏။
သူ့ကျင့်ကြံခြင်း အဆင့် မြင့်တက်လာသည်နှင့်အမျှ၊ တာ့ချန် ကျင့်ကြံခြင်း လောက အတွင်း၌ သူ့အဆင့်နှင့် ကိုက်ညီသော ပစ္စည်းများကို လုံလောက်အောင် ရှာဖွေဖို့ ခက်ခဲလာခဲ့ပြီပင်။
ဒါက သူ့တစ်ယောက်တည်း ကြုံရသည့် ပြဿနာ မဟုတ်ပါ။ တာ့ချန် နန်းတော် မှာတောင် တတိယအဆင့် ပစ္စည်းတွေ ပိုလျှံနေမှာ မဟုတ်ပေ။
ထို့ကြောင့်လည်း စုယွီက နေ့စဉ် ကျင့်ကြံရင်း တစ်ခါတလေကျလျှင် တာ့ချန် နန်းတော်ကနေ ထွက်ခွာဖို့ စဉ်းစားမိနေခြင်း ဖြစ်သည်။
တာ့ချန် ကျင့်ကြံခြင်း လောကရဲ့ ဗဟိုချက်မကို သွားမလား၊ ဒါမှမဟုတ် အနီးနားက ပင်လယ်ပြင်ကို သွားလည်မလား ဆိုတာကိုတော့ သေချာ စဉ်းစားကြည့်ရဦးမည်။
တကယ်တမ်း တာ့ချန် နန်းတော်ကနေ ထွက်ခွာဖို့ ဆိုတာ မာရှီချင်းကို ပြောခဲ့သလိုပင် ၊ အချိန်နည်းနည်းတော့ လိုပါဦးမည်။
ပြီးတော့ မထွက်ခွာခင် သူ၏ တာအိုရုပ်သေးကို လွှတ်ပြီး လမ်းကြောင်း အခြေအနေကို သေချာ စစ်ဆေးခိုင်းရဦးမည်။
အပြင်ဘက် တာ့ချန် မှောင်ခိုဈေးကွက်...၊
တာအိုရုပ်သေးသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ နယ်မြေမှ ထွက်ခွာလာခဲ့၏။ ထွက်ပြေးခြင်း နည်းစနစ်ကို အသုံးပြု၍ တာ့ချန် တောင်တန်း ဗဟိုချက်မမှ တိတ်တဆိတ် ထွက်လာပြီးနောက်၊ အဆင့်မြင့် ပျံသန်းရေး ယာဉ်ပျံကို စီးနင်းကာ တာ့ချန် မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် မှောင်ခိုဈေးကွက်၏ အပြင်ဘက် ဈေးတန်းသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက်၊ လေထု အခြေအနေ သိသိသာသာ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရ၏။
ဈေးလမ်းမပေါ်ရှိ ကျင့်ကြံသူ အရေအတွက် နည်းပါးသွားပြီး၊ ဆိုင်ခင်းရောင်းချနေသော တသီးပုဂ္ဂလ ကျင့်ကြံသူ အရေအတွက်လည်း သိသိသာသာ လျော့နည်းသွားသည်။
ဤအခြေအနေကို သတိပြုမိလိုက်သောအခါ၊ တာအိုရုပ်သေးသည် တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦး ဖွင့်လှစ်ထားသော ဆိုင်တစ်ဆိုင်ဆီသို့ အမြန် လျှောက်သွားလိုက်၏။
ဒီဆိုင်ကို ဆံပင်ဖြူဖြူ အဘိုးအို တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် မိစ္ဆာသားရဲများ၏ အမွှေးအတောင်များ၊ သွေးများ၊ ခြေသည်းများ စသည့် ပစ္စည်းများကို ရောင်းချနေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မမြင့်မားလှပေ။ ချီစုစည်းခြင်း အဆင့် (၈) သာ ရှိသေး၏။
ဆံပင်ဖြူ ရုပ်သေး ရောက်လာသည်ကို မြင်သောအခါ၊ အဘိုးအို ကျင့်ကြံသူက ရယ်မောလိုက်သည်။
“တာအိုမိတ်ဆွေ... ဘာလိုချင်လို့လဲ... ကြိုက်တာ ကြည့်ပါဗျ...”
ရုပ်သေးက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် တံခါးပိတ် ကျင့်ကြံရာကနေ အခုမှ ထွက်လာတာပါ... ဈေးကွက်ထဲမှာ အပြောင်းအလဲ တချို့ ဖြစ်နေတာ သတိထားမိလို့... ဘာတွေ ဖြစ်နေတာလဲ ခင်ဗျာ...”
အဘိုးအို၏ မျက်မှောင်ကြုတ်လုနီးပါး ဖြစ်သွားသော်လည်း၊ သူ့ရှေ့သို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကျရောက်လာသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်ကျောက်တုံးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာ ချက်ချင်း လင်းလက်သွားပြီး၊ မျက်မှောင်ကြုတ်ထားသည်များ ပျောက်ကွယ်သွားကာ အပြုံးကျယ်ကြီး ပေါ်လာ၏။
သူသည် ဝိညာဉ်ကျောက်တုံးကို သဘာဝကျကျ ကောက်ယူလိုက်ပြီး ချက်ချင်း သိမ်းဆည်းလိုက်သည်။
အဘိုးအိုက ရယ်မောရင်း ပြောလိုက်သည်။
“သိတာပေါ့ဗျာ... လွန်ခဲ့တဲ့ ခြောက်လလောက်ကထိ ဈေးကွက်က အေးဆေးပါပဲ... ဒါပေမဲ့ ကောလာဟလ တစ်ခု ထွက်လာတယ်... ။ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းက အစွမ်းထက် မိစ္ဆာကြီး တစ်ကောင်က တာ့ချန် မှောင်ခိုဈေးကွက်ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်တဲ့... အဲဒါကြောင့် ဒီခြောက်လ အတွင်း ဈေးကွက်က သိပ်မစည်ကားတော့တာ...”
“ဪ... ပြီးတော့ ထိုက်ရွှီ နယ်မြေ လက်အောက်ခံ ဂိုဏ်းခွဲတစ်ခုက မြောက်ဘက်မှာ ပုန်းအောင်းနေတဲ့ ချန် မိသားစု နဲ့ စစ်ခင်းနေတယ်တဲ့...”
“ဖုန်းလော့ နယ်မြေက ဖီးနစ် တောင်ကြား ဆိုတဲ့ အင်အားစု တစ်ခုကလည်း ရုတ်တရက် ပိုင်ယွဲ့ကို တိုက်ခိုက်လာတယ်...”
“လက်ရှိ အခြေအနေ အရ ကြည့်ရင်တော့... ထိုက်ရွှီ အင်မော်တယ် နယ်မြေ နဲ့ ဖီးနစ် နယ်မြေ တို့က စစ်တိုက်ဖို့ ပြင်ဆင်နေကြပုံပဲ...”
“ဒါကြောင့် လူအများစုက သူတို့ သက်ဆိုင်ရာ မိသားစုတွေ၊ ဂိုဏ်းတွေကို ပြန်သွားကြကုန်ပြီ...”
“တာ့ချန် နန်းတော် ကလည်း စုဆောင်းရေး အမိန့် ထုတ်ပြန်ထားတယ်... တသီးပုဂ္ဂလ ကျင့်ကြံသူတွေ နဲ့ တခြား ဂိုဏ်းက ကျင့်ကြံသူတွေကို အကျိုးခံစားခွင့် အများကြီး ပေးပြီး ခေါ်ယူနေတယ်... လက်ရှိ အခြေအနေကို တုံ့ပြန်ဖို့ စစ်ပြင်နေကြတာလေ...”
“ဒါကြောင့် အခုတလော ဈေးကွက်ထဲမှာ လူနည်းနေတာပါ...”
တာအိုရုပ်သေး၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွား၏။
‘ထိုက်ရွှီ နယ်မြေ နဲ့ ဖီးနစ် နယ်မြေ တို့ လှုပ်ရှားလာကြပြီလား’
ကျေးဇူးတင်စကား ပြောဆိုပြီးနောက် သူ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
မကြာမီ အချိန်အတွင်းမှာပင်...
မှောင်ခိုဈေးကွက် အတွင်း၊ ကောင်းကင် အပျက်အစီး ခန်းမဆောင် ၏ ဧည့်ခန်းမဆောင်ငယ် တစ်ခုထဲ၌...
တာအိုမိတ်ဆွေ ရှုယွီ နှင့် စုယွီ တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တာအိုမိတ်ဆွေ ရှုယွီ သည် ဝိညာဉ်လက်ဖက်ရည် ဖျော်စပ်ရင်း စုယွီကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“ခင်ဗျား ဒီလိုအချိန်ကျမှ ဒီမိတ်ဆွေဟောင်းကို သတိရလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး...”
သူ၏ နောက်ပြောင်မှုကို ကြားသောအခါ စုယွီ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော် မာမိသားစုရဲ့ မီထျန် တောင်တန်းမှာ ပေါ်လာတုန်းက... ခင်ဗျားတို့ ကောင်းကင် အပျက်အစီး ခန်းမဆောင် က မသိဘဲ နေမယ်လို့ ကျွန်တော် မထင်ဘူးနော်...”
တာအိုမိတ်ဆွေ ရှုယွီ သည် သူ့ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်၏။
“သိတာပေါ့ဗျာ... သိပြီးတာနဲ့ ခင်ဗျားက ချက်ချင်း ပျောက်သွားတာကိုး…”
အခန်း (၄၀၁) - တတိယအဆင့် အလယ်အလတ် ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင် (အပိုင်း ၃)
~“ကျွန်တော်သာ ရှာချင်တယ် ဆိုရင်တော့... ခင်ဗျားကို တွေ့ဖို့က မခက်ခဲပါဘူး...”
စကားကို ခေတ္တရပ်လိုက်ပြီး တာအိုမိတ်ဆွေ ရှုယွီသည် စုယွီကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား နဲ့ တာအိုမိတ်ဆွေ မာ တို့က မိစ္ဆာခေါင်းဆောင် သုံးကောင်ကို မီယွင် တောင်တန်း အပြင်ဘက်မှာ သတ်ပစ်ခဲ့ကြတာကိုး... လွန်ခဲ့တဲ့ ခြောက်လလောက်က ရှေးဟောင်း မိစ္ဆာဘုရင် ဝင်စားသူလို့ ကြွေးကြော်ထားတဲ့ တာအိုမိတ်ဆွေ ရွှမ်မင် ဆိုတဲ့ကောင် မီယွင် တောင်တန်းကို ရောက်လာခဲ့သေးတယ်...”
စုယွီ မျက်နှာပျက်သွားပြီး အလျင်အမြန် မေးလိုက်၏။
“တာအိုမိတ်ဆွေ မာ အဆင်ပြေရဲ့လား...”
တာအိုမိတ်ဆွေ ရှုယွီက ခေါင်းညိတ်လိုက်သည်။
“သူ အဆင်ပြေပါတယ်... မာမိသားစုက မီယွင် တောင်တန်းကနေ စောစောစီးစီး ပြောင်းရွှေ့သွားပြီး... အခု တာ့ယွဲ့ အင်မော်တယ် မြို့တော်မှာ ယာယီ ခိုလှုံနေကြပါတယ်...”
“တာအိုမိတ်ဆွေ ရွှမ်မင် က မီယွင် တောင်တန်းကို ရောက်သွားပေမယ့် ဘယ်သူ့ကိုမှ မတွေ့တော့ဘူး... အဲဒါကြောင့် မီယွင် တောင်တန်းကို ဖျက်ဆီးပစ်လိုက်ပြီး တာ့ယွဲ့ မှောင်ခိုဈေးကွက် ဘက်ကို ရောက်လာခဲ့တာ...”
“ဒါပေမဲ့ ရွှေအမြုတေ အဆင့်လောက်ပဲ ရှိတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်က တာ့ယွဲ့ မှောင်ခိုဈေးကွက်မှာ ဘယ်လိုလုပ် ထင်ရာစိုင်းလို့ ရပါ့မလဲ...”
စုယွီ မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
“သူ သေသွားပြီလား...”
“အဲ...”
တာအိုမိတ်ဆွေ ရှုယွီ စကားမပြောနိုင် ဖြစ်သွားပြီး ရယ်မောကာ ခေါင်းယမ်းလိုက်၏။
“တကယ်တမ်းတော့ သူ မသေပါဘူး... ဒဏ်ရာရပြီး ထွက်ပြေးသွားတာပါ...”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ သဘောပေါက်သွားသည်။ ကောင်းကင် အပျက်အစီး ခန်းမဆောင်၏ အင်အားအစစ်အမှန်ကို သူ မသိသော်လည်း၊ ဒီခန်းမဆောင်ထဲမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး ရှိနေနိုင်ခြေ များသည်ဟု သူ ခန့်မှန်းမိသည်။
‘စာကြည့်တိုက် မှာတောင် စီနီယာ တစ်ယောက် ရှိနေတာပဲ... ကောင်းကင် အပျက်အစီး ခန်းမဆောင်မှာလည်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ မရှိဘဲ နေပါ့မလား။
တကယ်လို့ ကောင်းကင် အပျက်အစီး ခန်းမဆောင်ကသာ တကယ် လှုပ်ရှားခဲ့မယ် ဆိုရင်၊ တာအိုမိတ်ဆွေ ရှုယွီ ပြောသလို ရွှေအမြုတေ အဆင့်မှာပဲ ရှိနေသေးတဲ့ မိစ္ဆာကျင့်ကြံသူ ရွှမ်မင်က လွတ်မြောက်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူး ထင်တာပဲ’
လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး စုယွီက မေးလိုက်၏။
“ထိုက်ရွှီ အင်မော်တယ် နယ်မြေ နဲ့ ဖီးနစ် နယ်မြေ တို့ အခြေအနေက ဘယ်လိုလဲ... ဘာလို့ ရုတ်တရက်ကြီး ပြန်လှုပ်ရှားလာကြတာလဲ...”
တာအိုမိတ်ဆွေ ရှုယွီက ပြန်ဖြေသည်။
“ရုတ်တရက်တော့ မဟုတ်ပါဘူး... ခန့်မှန်းပြီးသားပါ...”
“ပြီးတော့ လက်ရှိ အခြေအနေကို ကြည့်ရတာ... ထိုက်ရွှီ အင်မော်တယ် နယ်မြေ နဲ့ ဖီးနစ် နယ်မြေ တို့က သိသိသာသာ သတိထားနေကြပုံပဲ... စစ်ပွဲကြီး ဖြစ်မယ့် ပုံစံမျိုးထိ မလုပ်ကြသေးဘူး...”
“လက်ရှိ အနေအထား အရ ဆိုရင်တော့ အားလုံး အဆင်ပြေနေပါသေးတယ်...”
“မိစ္ဆာဘုရင် ရွှမ်မင် လည်း ထွက်ပြေးသွားပြီ ဆိုတော့... သူ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကို ပြန်ရောက်သွားလောက်ပြီ... အနည်းဆုံးတော့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် အနေနဲ့ ထင်ရာစိုင်းရဲတော့မှာ မဟုတ်ဘူး...”
ထိုစကားကို ကြားလိုက်ရမှ စုယွီ နည်းနည်း နားလည်သွားရသည်။
‘ရွှမ်မင် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကို ပြန်သွားပြီ ဟုတ်လား။
ဆိုလိုတာက... သူတို့က မိစ္ဆာဘုရင် ရွှမ်မင် ကို အသုံးချပြီး ကိုးဝိညာဉ် မိစ္ဆာ နန်းတော်ရဲ့ အင်အားကို ထိန်းချုပ်ခိုင်းလိုက်တာများလား။
တကယ်လို့ ဒီလိုသာ ဆိုရင်တော့... ဒါက တကယ့်ကို ပြောင်မြောက်တဲ့ နည်းလမ်းပဲ’
ခဏမျှ စဉ်းစားပြီးနောက် စုယွီက မေးလိုက်သည်။
“ကျွန်တော် ကြားတာတော့ ထိုက်ရွှီ အင်မော်တယ် နယ်မြေ နဲ့ တိုက်ခိုက်နေတာက... ပုန်းအောင်းနေတဲ့ အင်မော်တယ် ကျင့်ကြံသူ မိသားစု ဖြစ်တဲ့ ချန် မိသားစု ဆို...”
တာအိုမိတ်ဆွေ ရှုယွီက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... မှန်ပါတယ်... ချန် မိသားစု ဆိုတာ တာအိုဆရာ ရှုဟိုင် ရဲ့ မိသားစု ပေါ့...”
“ချန် မိသားစုက ထိုက်ရွှီ အင်မော်တယ် နယ်မြေရဲ့ ပဉ္စမ ဂိုဏ်းခွဲ ဖြစ်တဲ့ လန်ယွီ ဂိုဏ်းခွဲ နဲ့ တိုက်ခိုက်နေကြတာ... သူတို့ရဲ့ အဓိက အားသာချက်က အဆောင်လက်ဖွဲ့တွေ ဖန်တီးတာပဲ... တာအိုဆရာ ရှုဟိုင်ရဲ့ မိသားစုကလည်း အဲဒီပညာရပ်မှာ ကျွမ်းကျင်ပြီး တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သွေးကြော တစ်ခုကို ပိုင်ဆိုင်ထားတယ်...”
“အဲဒီ လန်ယွီ ဂိုဏ်းခွဲက ချန် မိသားစု လက်ထဲက တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သွေးကြောကို မျက်စိကျနေတာ ဖြစ်လောက်တယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ စိတ်လှုပ်ရှားသွား၏။
‘တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သွေးကြော လား။
ဒါဆိုရင် ချန် မိသားစု လက်ထဲမှာ တတိယအဆင့် အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်းတွေ အများကြီး ရှိနေမှာ သေချာတယ်’
စုယွီက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“လက်ရှိ တိုက်ပွဲ အခြေအနေက ဘယ်လိုလဲ...”
တာအိုမိတ်ဆွေ ရှုယွီက အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်၏။
“လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်... ထိုက်ရွှီ အင်မော်တယ် နယ်မြေက တာ့ယွဲ့ နန်းတော်ရဲ့ တုံ့ပြန်မှု နဲ့ တာ့ယွဲ့ နယ်မြေရဲ့ အင်အားကို စမ်းသပ်နေတာ... တာ့ယွဲ့ နယ်မြေကလည်း သူတို့ အင်အားကို ပြန်စမ်းသပ်နေတာပါ...”
“ဒီလို အခြေအနေက အချိန်အတော်ကြာ ဆက်ဖြစ်နေနိုင်တယ်...”
“ဘယ်တော့ ပြီးမလဲ ဆိုတာတော့ ပြောဖို့ ခက်တယ်...”
သူတို့နှစ်ဦး စကားစမြည် ပြောဆိုကြရင်း၊ စုယွီသည် ချန် မိသားစု အကြောင်းနှင့် လက်ရှိ အခြေအနေများကို တာအိုမိတ်ဆွေ ရှုယွီ ထံမှ အများအပြား သိရှိလိုက်ရသည်။
ထို့နောက် စကားဝိုင်းသည် သဘာဝကျကျ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ဘက်သို့ ရောက်ရှိသွားသည်။
တာအိုမိတ်ဆွေ ရှုယွီက ပြောပြသည်။
“ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က လောလောဆယ် ဝိုင်းရံပိတ်ဆို့ ခံထားရတယ်... ဖီးနစ် အင်မော်တယ် တောင်ကြား ရဲ့ အင်အားက မသေးလှဘူး... သူတို့က ဖီးနစ် နယ်မြေ လက်အောက်ခံ အင်အားစုတွေထဲမှာ သွေးဖီးနစ် အင်မော်တယ် ဂိတ်တံခါး ပြီးရင် ဒုတိယ အကြီးဆုံးပဲ... သူတို့ဆီမှာ ရွှေအမြုတေ အဆင့် (၈) ရှိတဲ့ ဝါရင့် အရှင်သခင်ကြီး တစ်ပါး ရှိတယ်...”
“အရှင်သခင် ပိုင်ယွဲ့ ကတော့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို အမှီပြုပြီး ခုခံနေရတယ်... အနည်းဆုံးတော့ လောလောဆယ် ဖီးနစ် အင်မော်တယ် တောင်ကြားရဲ့ တိုက်ခိုက်မှုတွေကို သူတို့ တောင့်ခံထားနိုင်ပါသေးတယ်...”
စဉ်းစားသုံးသပ်ပြီးနောက် စုယွီက မေးလိုက်သည်။
“တာ့ယွဲ့ နန်းတော်ရဲ့ သဘောထားကရော ဘယ်လိုလဲ... သူတို့ကို ဒီအတိုင်း လွှတ်ထားပြီး ခံစစ်ပဲ ကစားနေတော့မှာလား...”
တာအိုမိတ်ဆွေ ရှုယွီက ပြုံးပြီး ခေါင်းယမ်းလိုက်၏။
“ကျွန်တော်တော့ အဲဒီကိစ္စကို သိပ်စိတ်မပူပါဘူး... မိုးပြိုရင် အရပ်ရှည်တဲ့သူ အရင်ထိမှာပဲလေ... ဘယ်လိုထင်လဲ တာအိုမိတ်ဆွေ စု...”
တာအိုမိတ်ဆွေ ရှုယွီ၏ စကားကို ကြားသောအခါ စုယွီ အံ့သြသွားပြီး ရယ်မောလိုက်သည်။
‘ဟုတ်သားပဲ။
အသေးအမွှား ကိစ္စတွေကို တွေးပူနေစရာ မလိုပါဘူး။
တာ့ယွဲ့ နန်းတော်တောင် စိတ်မပူမှတော့၊ သူက ဘာလို့ ပူပန်နေရမှာလဲ။ အဆိုးဆုံး အခြေအနေ ရောက်လာရင်တောင်မှ၊ သူက စုမိသားစုကို ခေါ်ပြီး လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေလိုက်ရုံပဲ။ အခြေအနေ ငြိမ်သက်သွားမှ ပြန်ထွက်လာလို့ ရတာပဲ။
ဒါမှမဟုတ် သူ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်လာတဲ့ အချိန်ထိ စောင့်လိုက်လို့ ရသည်။ အဲဒီအချိန်ကျရင် ဘယ်သူကများ စုမိသားစုကို ရန်စရဲဦးမှာလဲ။
တာ့ယွဲ့ နန်းတော်၊ ထိုက်ရွှီ အင်မော်တယ် နယ်မြေ၊ သွေးဖီးနစ် အင်မော်တယ် ဂိတ်တံခါး စတဲ့ အင်အားကြီး ဂိုဏ်းတွေ အနေနဲ့ ပဋိပက္ခ ဖြစ်တိုင်း အသေအကြေ တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး။ မဟုတ်ရင် သူတို့ ဒီလောက်ကြာကြာ ရပ်တည်နိုင်ခဲ့မှာ မဟုတ်ဘူး။
ဆယ်နှစ်၊ ရှစ်နှစ်လောက် စစ်ခင်းပြီးရင် အားလုံး ပြန်ငြိမ်သက်သွားကြမှာပါ’
သူတို့နှစ်ဦး အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက်...
စုယွီက တာအိုမိတ်ဆွေ ရှုယွီကို ကြည့်ကာ ပြောလိုက်၏။
“တာအိုမိတ်ဆွေ... ခင်ဗျား ချန် မိသားစု နဲ့ ဆက်သွယ်လို့ ရမလား... သူတို့ အဆောင်လက်ဖွဲ့တွေ လိုမလို မေးပေးလို့ ရမလား... ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ၊ ခရမ်းရောင် လမင်း အဆောင်လက်ဖွဲ့ ၊ ဝိညာဉ်အိုး အဆောင်လက်ဖွဲ့ စသဖြင့်ပေါ့... ဒုတိယအဆင့် နဲ့ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့တွေ လိုသလောက် ရနိုင်တယ်လို့ ပြောပေးပါ...”
“ကျွန်တော် လိုချင်တာက တတိယအဆင့် အဆင့်နိမ့် နဲ့ အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ...”
တာအိုမိတ်ဆွေ ရှုယွီ အံ့သြသွားပြီး မေးလိုက်၏။
“တတိယအဆင့် အလယ်အလတ်တန်းစား ကုန်ကြမ်းပစ္စည်းတွေ ဟုတ်လား... ခင်ဗျားက အခု တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်သွားပြီလား...”
စုယွီ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
“မဖြစ်သေးပါဘူး... ဒါပေမဲ့ ပစ္စည်းတချို့ စုဆောင်းထားချင်လို့ပါ... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... တတိယအဆင့် ပစ္စည်းတွေ ရှာရတာ အရမ်း ခက်တယ်လေ...”
ခဏအကြာတွင်...
စုယွီသည် ဝန်ဆောင်ခ အဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀) ပေးချေခဲ့ပြီး၊ ချန် မိသားစုနှင့် အရောင်းအဝယ် ကိစ္စကို ကူညီ စီစဉ်ပေးရန် ကောင်းကင် အပျက်အစီး ခန်းမဆောင်ကို အကူအညီ တောင်းလိုက်၏။
လက်ရှိအချိန်တွင် ချန် မိသားစု ဘက်၌ စစ်ပွဲဖြစ်ပွားနေသဖြင့်၊ သူ ကိုယ်တိုင် အဲဒီကို မသွားချင်ပေ။
နောက်တစ်နေ့တွင်...
တာ့ယွဲ့ မှောင်ခိုဈေးကွက်၊ ယွီ မိသားစု နေအိမ်၌...
တာအိုဆရာ ရှုဟိုင်၊ တာအိုမိတ်ဆွေ ရှုယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ သုံးဦး ရောက်ရှိလာကြသည်။
တာအိုဆရာ ရှုဟိုင် သည် ပုံမှန်အတိုင်း ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ စွမ်းအားအရှိန်အဝါကို ထိန်းသိမ်းထားကာ သာမန်လူ ပုံစံဖြင့် နေထိုင်လေ၏။
အခန်း (၄၀၂) - တတိယအဆင့် အလယ်အလတ် ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင် (အပိုင်း ၄)
~တာအိုဆရာမ ချင်းချွမ်သည် အပြာနုရောင် ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာလေးသည် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း၊ သဘာဝအတိုင်း လှပလွန်းနေသဖြင့် မည်သူမဆို၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်။ သူမ၏ မျက်ခုံးမွေးလေးများသည် ပန်းချီကား တစ်ချပ်ပမာ လှပပြီး၊ နှုတ်ခမ်းနီနီလေးများသည် သူဌေးအိမ်မှ ကျောက်စိမ်းရတနာ တစ်ပါး ကဲ့သို့ပင်။
သူမ၏ အမည်နှင့် လိုက်ဖက်စွာပင်၊ သူမထံမှ ကြည်လင်သော စမ်းချောင်းလေး တစ်ခု ကဲ့သို့သော အရှိန်အဝါ ထွက်ပေါ်နေ၏။ သန့်စင်ကြည်လင်ပြီး ဟန်ဆောင်မှု ကင်းမဲ့လှသည်။
သို့သော် ထိုအရှိန်အဝါကပင် သူမကို ပိုမို ထင်ရှားပေါ်လွင်စေပြီး၊ အင်မော်တယ် လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသော နတ်သမီးလေး တစ်ပါး ကဲ့သို့ ဖြစ်နေစေသည်။
စုယွီသည် ဝိညာဉ်တောင် ပေါ်ရှိ စံအိမ်တွင် ဧည့်သည် သုံးဦးကို ဧည့်ခံနေ၏။
အဆောင်လက်ဖွဲ့ လဲလှယ်ခြင်းနှင့် ကုန်ကြမ်းပစ္စည်း လဲလှယ်နှုန်းထားများ အကြောင်းကို တာအိုဆရာ ရှုဟိုင် နှင့် သဘောတူညီမှု ရယူပြီးနောက်၊ သူတို့ သုံးဦးသည် ပေါ့ပေါ့ပါးပါး ရောက်တတ်ရာရာ ပြောဆိုနေကြသည်။
ထိုစဉ် တာအိုဆရာမ ချင်းချွမ်က လိုရင်းကို မေးလိုက်၏။ ယခင်က ဖြစ်ပွားခဲ့သော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ ချီမြစ် ဂိုဏ်းခွဲနှင့် ပတ်သက်သည့် ကိစ္စကို စုယွီအား မေးမြန်းလိုက်ခြင်း ဖြစ်သည်။
စုယွီသည် ထိုကိစ္စကို ဝန်ခံခြင်း မပြုဘဲ သက်ပြင်းချကာ ရှောင်လွှဲလိုက်၏။
တာအိုဆရာ ရှုဟိုင်၊ တာအိုမိတ်ဆွေ ရှုယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည် ယွီမိသားစု၏ ဂူစံအိမ်မှ အတူတကွ ထွက်ခွာလာကြသည်။ ဂူဝမှ အပြင်သို့ ခြေလှမ်းလိုက်သည့် အချိန်တွင်၊ တာအိုဆရာမ ချင်းချွမ်က တာအိုမိတ်ဆွေ ရှုယွီ ဘက်သို့ လှည့်ကာ မေးလိုက်၏။
“ဘယ်လိုထင်လဲ... သူ အမှန်တိုင်း ပြောတာ ဟုတ်ရဲ့လား...”
တာအိုမိတ်ဆွေ ရှုယွီ ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
“မသိဘူးလေ...”
“ဒါပေမဲ့ တာအိုမိတ်ဆွေ စု က အဲဒီလို ပြောမှတော့... အဲဒါ အမှန်ပဲပေါ့...”
ဒီစကားက တော်တော် စိတ်ဝင်စားစရာ ကောင်းသည်။
ခဏအကြာတွင် တာအိုမိတ်ဆွေ ရှုယွီ ထွက်ခွာသွားလေသည်။
တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှုဟိုင် တို့သည် တာ့ယွဲ့ နန်းတော်သို့ ပြန်လာခဲ့ကြ၏။
တာအိုဆရာမ ချင်းချွမ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“သူတို့အားလုံး လျှို့ဝှက်ချက်တွေ သိပ်များကြတာပဲ... တခြားလူတွေသာ ဒီလောက် စွမ်းအားရှိရင်၊ ကမ္ဘာတစ်ခုလုံး သိအောင် ကြွားလုံးထုတ်နေလောက်ပြီ...”
တာအိုဆရာ ရှုဟိုင်က သူ့ညီမငယ်လေးကို ခိုးကြည့်လိုက်ပြီး အေးအေးလူလူ ပြောလိုက်၏။
“အဲဒီလို မပြောပါနဲ့... မင်းကိုယ်မင်း ဝေဖန်နေသလို ဖြစ်နေပြီ...”
တာအိုဆရာမ ချင်းချွမ်က ပြန်ပြောလိုက်သည်။
“ဝေဖန်တာ မဟုတ်ပါဘူး... သူတို့က အရာရာကို ဖုံးကွယ်ထားရာမှာ သိပ်တော်လွန်းလို့ ပြောတာပါ...”
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲရလောက်အောင် မအဘူးလေ။
တာအိုဆရာ ရှုဟိုင် ခါးသက်သက် ပြုံးလိုက်သည်။
တာအိုဆရာမ ချင်းချွမ် ခဏမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလာ၏။
“ဒါပေမဲ့... ဒီတစ်ခါ သူပေါ်လာတာ အချိန်ကိုက်ပဲ... နောက်ဆိုရင် သူ့ဆီက ကြေးမုံလမင်း အဆောင်လက်ဖွဲ့တွေ ပိုရနိုင်တော့မယ်... ဟွန့်... ဒီလူကလေ... ဒါတွေက ကြေးမုံလမင်း အဆောင်လက်ဖွဲ့တွေမှန်း သိသိကြီးနဲ့၊ နာမည်ကို 'စိတ်ကူးယဉ် လမင်း အဆောင်လက်ဖွဲ့' လို့ ပေးထားတယ်...”
“ဒီအဆောင်လက်ဖွဲ့က တကယ် အသုံးဝင်တာတော့ မှန်ပါတယ်... ဒါပေမဲ့ နှမြောစရာ ကောင်းတာက တတိယအဆင့် အဆင့်နိမ့် အဆင့်ပဲ ရှိသေးတာ...”
“တကယ်လို့သာ တတိယအဆင့် အလယ်အလတ်တန်းစား ၊ဒါမှမဟုတ် အဆင့်မြင့် အဆောင်လက်ဖွဲ့တွေသာ ရှိခဲ့ရင်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၊ ဖီးနစ် နန်းတော် နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် တို့ ပေါင်းတိုက်ရင်တောင်မှ၊ သူတို့ကို အသေအလဲ ပြန်တိုက်ပြီး အထိနာသွားအောင် လုပ်နိုင်မှာ...”
“အစ်ကိုကြီး... ရှင်တို့ ချန် မိသားစု အနေနဲ့ သူ့ဆီကနေ စိတ်ကူးယဉ် လမင်း အဆောင်လက်ဖွဲ့တွေ ပိုပြီး လဲလှယ်သင့်တယ်... တကယ်လို့ တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အခု (၁၀၀) သို့မဟုတ် (၈၀) လောက် ရခဲ့ရင်... လန်ယွီ ဂိုဏ်းခွဲ ကများ ရန်စရဲရင်၊ သူတို့ကို သက်ညှာမနေနဲ့... အကုန်လုံးကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ...”
ထိုအခါ၊ တာအိုဆရာ ရှုဟိုင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြောလိုက်သည်။
“ဒါပေမဲ့ မိသားစုထဲမှာ တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်းတွေ သိပ်မကျန်တော့ဘူး... အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမှာပဲ...”
*
ယွီမိသားစု၏ ဂူစံအိမ်ဝယ်၊
စုယွီ စိတ်အခြေအနေ တော်တော်လေး ကောင်းမွန်နေပါသည်။ တာ့ယွဲ့ နန်းတော်၊ ချန် မိသားစု တို့နှင့် သဘောတူညီမှု ရရှိထားသော လဲလှယ်ရေး နှုန်းထားများကို တွက်ချက်နေလေ၏။
ဒုတိယအဆင့် အဆင့်မြင့်
ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုလျှင်၊ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်း တစ်ခု သို့မဟုတ် ဒုတိယအဆင့် အဆင့်မြင့် ကုန်ကြမ်းပစ္စည်း (၆) ခုနှင့် လဲလှယ်နိုင်သည်။
တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုလျှင်၊ တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်း တစ်ခုနှင့် လဲလှယ်နိုင်၏။
ထို ကုန်ကြမ်းပစ္စည်း လဲလှယ်မှုမျိုးက ဈေးကွက်တန်ဖိုးကို ထည့်မတွက်ပါ။
တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကိုပဲ ကြည့်ခြင်းပင်။
သူက တတိယအဆင့် ကုန်ကြမ်းပစ္စည်းတွေ လိုချင်သည်။ တာ့ယွဲ့ နန်းတော်နှင့် ချန် မိသားစုက အဆင့်မြင့် အဆောင်လက်ဖွဲ့တွေ လိုချင်၏။ သဘောတူညီမှု ရပြီဆိုတာနှင့် လဲလှယ်၍ ရပြီပင်။
ဈေးကွက်တန်ဖိုးကို ကြည့်မယ် ဆိုလျှင်တော့...၊ဈေးကွက်ထဲမှာ တချို့ပစ္စည်းတွေက ဈေးနှုန်း သတ်မှတ်ထားပေမယ့် ဝယ်မည့် သူ မရှိတတ်ပါ။ တချို့ကျတော့ ဝယ်လိုအား ရှိပေမယ့် ဈေးနှုန်း သတ်မှတ်၍ မရတာမျိုး ရှိတတ်သည်။
ယခုလို အချိန်မျိုးမှာ တန်ဖိုးချင်း လဲလှယ်တာထက်၊ ပစ္စည်းချင်း လဲလှယ်တာက ပိုလိုအပ်၏။
"လေ့ထင်း ဈေးကွက်" ပေါ်ပေါက်လာတာ ဒီအကြောင်းကြောင့်ပင်။
“ငါက ဒုတိယအဆင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ကို သုံးပြီး တတိယအဆင့် အဆင့်နိမ့် ကုန်ကြမ်းပစ္စည်းတွေ လဲမယ်... ပြီးရင် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ကို သုံးပြီး တတိယအဆင့် အလယ်အလတ်တန်းစား ကုန်ကြမ်းပစ္စည်းတွေ လဲမယ်...”
စုယွီ တိတ်တဆိတ် တွေးတောလိုက်၏။
“နည်းနည်းတော့ ရှုပ်ထွေးပေမယ့်... ယေဘုယျအားဖြင့် ကြည့်ရင်တော့ တတိယအဆင့် အလယ်အလတ်တန်းစား ပစ္စည်းတွေ ရနိုင်သေးတာပဲ...”
သူ လိုချင်တာ ရနေသမျှ သူ့အတွက် အရှုံးမရှိပါချေ။
သူ့လိုအပ်ချက်နှင့် ကိုယ့်လိုအပ်ချက် မျှတသွားသည်ပေါ့။
တာ့ယွဲ့ မှောင်ခိုဈေးကွက်တွင် ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက်၊ တာအိုဆရာ ရှုဟိုင်သည် ယွီမိသားစု၏ ဂူစံအိမ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာ၏။
သူသည် တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ပစ္စည်း အစုံ (၈၀) ၊ တတိယအဆင့် အဆင့်နိမ့် ပစ္စည်း အစုံ (၁၅၀) နှင့် ဒုတိယအဆင့် အဆင့်မြင့် ပစ္စည်း အစုံ (၆၀၀) ယူဆောင်လာခဲ့သည်။
စုယွီ၏ လက်ထဲမှ တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ (၈၀) ၊ ဒုတိယအဆင့် အဆင့်မြင့် အဆောင်လက်ဖွဲ့ (၂၀၀) နှင့် အခြား ဒုတိယအဆင့် အလယ်အလတ်၊ အဆင့်နိမ့် အဆောင်လက်ဖွဲ့ အချို့ကို လဲလှယ် ယူဆောင်သွားသည်။
နောက်တစ်ကြိမ် လဲလှယ်ရေး အချိန်ကို တစ်နှစ်လျှင် တစ်ကြိမ်ဟု သတ်မှတ်လိုက်ကြ၏။
အရေးပေါ် ကိစ္စ ရှိလျှင်တော့
ထိုအချိန်ကျမှ ထပ်ပြီး ဆက်သွယ်ကြမည်။
တာအိုဆရာ ရှုဟိုင် ထံမှ ပစ္စည်းများ ရရှိပြီးနောက်၊ တာအိုရုပ်သေးသည် ထိုညမှာပင် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်ဂူ နယ်မြေသို့ ပြန်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ယွင်ကျန်းဂိုဏ်း နယ်မြေသို့ ဦးတည် ထွက်ခွာသွားလေ၏။
တာ့ယွဲ့ တောင်တန်းမှ ယွင်ကျန်းဂိုဏ်း နယ်မြေသို့ ပြန်ရောက်ရန်၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည်။
တာအိုရုပ်သေးသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နယ်မြေ၏ အစွန်းဘက်မှ ကွေ့ပတ်သွားပြီး၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ဝင်ရောက်ပြီး ပြဿနာ မရှာခဲ့ပေ။
သူနှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကြား ဆက်ဆံရေးသည် သေစေနိုင်လောက်သော ရန်သူများ မဟုတ်သော်လည်း၊ ကောင်းမွန်သော ဆက်ဆံရေးတော့ မဟုတ်ပေ။
မီးလောင်ရာ လေပင့် မလုပ်တာကပဲ တာ့ယွဲ့ နန်းတော်နှင့် တန်းတူ အင်အားကြီး ဂိုဏ်းတစ်ခု အနေနှင့် လုံလောက်သော ဂုဏ်သိက္ခာ ရှိနေပြီပင်။
“ရွှမ်း…”
ကောင်းကင်ယံ အမြင့်တွင်...
တာအိုရုပ်သေးသည် ပျံသန်းရေး ယာဉ်ပျံကို မောင်းနှင်၍ ယွင်ကျန်းဂိုဏ်း နယ်မြေထဲသို့ ဝင်ရောက်လာပြီး၊ ဆေးလုံးမျှော်စင် တောင်တန်း ရှိရာသို့ ဦးတည်သွားလေသည်။ ယခုအခါ ဖီးနစ် နန်းတော်နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှစ်ခုစလုံးသည် စစ်ဖြစ်မည့် အရိပ်အယောင်များ ပြသနေသဖြင့်၊ သူ၏ မိသားစု ဘေးကင်းရေး အတွက် စိုးရိမ်ပူပန်နေမိ၏။
အကယ်၍ အနာဂတ် အခြေအနေ မကောင်းလျှင်၊ စစ်ဘေးစစ်ဒဏ်မှ ရှောင်ရှားနိုင်ရန် မိသားစုကို ဤနေရာမှ သေချာပေါက် ခေါ်ထုတ်သွားမည် ဖြစ်သည်။
သို့သော် တာအိုရုပ်သေးသည် ဆေးလုံးမျှော်စင် တောင်တန်း အနီးသို့ ရောက်ရှိလာသောအခါ၊ ရုတ်တရက် အလွန် အစွမ်းထက်သော အရှိန်အဝါ တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး လမ်းပိတ်လိုက်၏။
တာအိုရုပ်သေး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး၊ ယာဉ်ပျံကို ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများ အေးစက်သွားသည်။
တစ်ချိန်တည်းမှာပင်...
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်" ၏ အသံပင် ဖြစ်၏။
“နေပါဦး မိတ်ဆွေ...”
ယာဉ်ပျံ ရပ်တန့်သွားပြီး တာအိုရုပ်သေး ထွက်လာသောအခါ၊ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
ဆံပင်ဖြူဖြူ အဘိုးအို ပုံစံဖြင့် ရှိနေသော တာအိုရုပ်သေးကို စိုက်ကြည့်ရင်း မေးလိုက်၏။
“မိတ်ဆွေက စိမ်းနေသလိုပဲ... နာမည်လေးများ သိခွင့်ရှိမလား…”