← Chapters

အခန်း (၁၀၄၅-၁၀၄၈)

Vol. 53 Ch. 1045-1048

အခန်း (၁၀၄၅-၁၀၄၈)

Vol. 53 Ch. 1045-1048

Space and Rebirth 1045

ရှုယွမ်ထက်မျက်နှာသည် တည်သထက် တည်လာပြီး သူ၏စိတ်ထဲတွင် ရှင်းပြရခက်သော ရှုပ်ထွေးမှုအလုံးကြီး ပေါ်ပေါက်လာ၏။

ရှန်ရှီသည် ကျင်းယွင်ကျောင်းကိုမုန်းတီးနေလျှင်ပင် ဤအရာအတွက်နှင့် ရှန်တုန်းအပေါ် ဒေါသပေါက်ကွဲစရာမလိုပါပေ။ ထို့ကြောင့် ယမန်နှစ်ပိုင်းအတွင်း အခြေအနေအရ ဤမတော်တဆမှုသာ သူမလက်ချက်ဆိုလျှင် သူမ၏ရည်ရွယ်ချက်မှာ ကျင်းယွင်ကျောင်းအား တိုက်ခိုက်ရန်မဟုတ်ဘဲ ရှန်တုန်းအား ရှုမိသားစုအိမ်သို့မသွားရန် တားဆီးလိုခြင်းဖြစ်၏။

အဘယ်ကြောင့်နည်း?

အပြန်လမ်းတွင် ရှုယွမ်ထက်သည် စိတ်ဓာတ်ကျနေတော့သည်။ သူမည်သို့ပင်တွေးစေကာမူ အဖြေကိုရှာမတွေ့ချေ။

အိမ်ပြန်ရောက်ပြီးနောက် ကျင်းယွင်ကျောင်းပေးထားသော ဖုန်းနံပါတ်သဲလွန်စများအရ သူသည် ချက်ချင်းဆိုသလို လူလွှတ်စုံစမ်းလိုက်သည်။

အဆုံးတွင် ကျင်းယွင်ကျောင်းပြောထားသလိုဖြစ်နေလေသည်။ ဖုန်းအခေါ်စာရင်းရှိ လူများသည် ယခင်က ရှန်တုန်းအား နှောင့်ယှက်တိုက်ခိုက်ခဲ့သောကြောင့် သက်ဆိုင်ရာနေရာအသီးသီး၌ အပြစ်ဒဏ်ခံနေကြလေပြီ။ သူတို့မှာ စိတ္တဇပရိသတ်များဖြစ်၏။ ဤခေတ်အခါတွင် ငယ်ရွယ်သောအိုင်ဒေါများပင်လျှင် ဤမျှလောက်ထူးဆန်းသောလူများနှင့် ကိစ္စရပ်များစွာကို ကြုံတွေ့လောက်မည်မဟုတ်ပေ။ အနုပညာလောကမှ အငြိမ်းစားယူထားသည်မှာ နှစ် ၂၀ ကျော်ကြာပြီဖြစ်သော ရှန်တုန်းက အဘယ်ကြောင့် ဤသို့လူထူးလူဆန်းများနှင့် ကြုံတွေ့ခဲ့ရသနည်း?

သူသည် ချက်ချင်းဆိုသလိုပင် ထိုလူများအား ကိုင်တွယ်ဖြေရှင်းရန် အင်အားသုံးလိုက်သည်။ သို့သော် ဤလူများသည် လူမိုက်ပုံစံပေါက်နေကြသော်လည်း သူတို့နှုတ်များမှာ တင်းတင်းစေ့နေကြလေသည်။ သူသည် မည်မျှခြိမ်းခြောက်ချော့မော့စေကာမူ မတုံ့ပြန်ကြချေ။ ရှန်ရှီတွင် မည်သို့သောအစွမ်းအစများရှိသဖြင့် ဤလူများကို နှုတ်ပိတ်နိုင်ရသနည်း?

အစက ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းစကားများအတွက် သက်သေလိုချင်ခဲ့ရုံသာ ဖြစ်သော်လည်း ယခုမူ အတွင်းကျကျမစုံစမ်းဘဲ မနေနိုင်တော့ပေ။

ချက်ချင်းဆိုသလိုပင် သူသည် ဤလူများ၏မိသားစုဝင်များကို ပစ်မှတ်ထားတော့သည်။ ထူးဆန်းစွာဖြင့် ရှန်တုန်းအား တိုက်ခိုက်ခဲ့ကြသော ယောက်ျားများတွင် ဘုံတူညီသောအရာတစ်ခုရှိပေသည်။ ထိုလူများသည် မိမိသားသမီးများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး အချင်းချင်းမှီခိုအားထားကြခြင်းပင်။ ဖခင်ဖြစ်သူမှ ထောင်ထဲရောက်လျှင်ရောက် မရောက်ဘဲ စိတ်ကျန်းမာရေးဆေးရုံ ရောက်သွားပါက သားသမီးများသည်လည်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတော့သည်။

ဤလူများ၏မိသားစုများသည် အလွန်ပင်ဆင်းရဲလှပြီး ဆွေမျိုးလည်းမရှိ၊ မိတ်ဆွေလည်းမရှိကြချေ။ သူတို့ပျောက်ဆုံးသွားပြီးနောက် ရဲခေါ်ပေးမည့်သူမရှိသဖြင့် သူတို့သည် အစကတည်းက မရှိခဲ့သလိုဖြစ်သွားတော့၏။

ရှုယွမ်ထက်၏နှလုံးသားသည် ပို၍လေးလံသွားတော့သည်။ ဤကိစ္စသည် တဖြည်းဖြည်းဖြင့် နက်နဲရှုပ်ထွေးလာနေ၏။

ဤအရာများကို ရှုယွမ်ထက်မှစုံစမ်းပေးသဖြင့် ကျင်းယွင်ကျောင်းသည်လည်း များစွာအားထုတ်ရသက်သာသွားသည်။ နောက်တစ်နေ့မနက်စောစောတွင် သူမသည် ရှန်ဟုန်နှင့်အတူ ဆေးရုံမှ အမတကြိုးကြာခန်းမသို့ သွားလိုက်သည်။

ကျင်းယွင်ကျောင်းမှ အမတကြိုးကြာနီခန်းမသို့ ရောက်ရှိသည်နှင့် သမားတော်အိုကြီးများသည် ချက်ချင်းဆိုသလို တက်ကြွလှုပ်ရှားကြတော့သည်။ သူတို့လူနာများကို ကြည့်ရှုပြီးနောက် သူတို့သည် သုတ်သီးသုတ်ပြာဖြင့် သူမအား နှုတ်ဆက်ရန် ‌ရောက်လာကြ၏။

“သမားတော်ကျင်း၊ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လူနာတစ်ယောက်တွေ့ခဲ့တယ်၊ သူက ပန်းနာရင်ကြပ်ဖြစ်နေတာ နှစ်ချီပြီတဲ့၊ နေ့တိုင်းလိုလို မနက်ရောက်တဲ့ထိ ချောင်းဆိုးရလို့ အိပ်တောင် မအိပ်နိုင်ရှာဘူး၊ အဲ့အမျိုးသမီးက နေမကောင်းဖြစ်တာ ဆယ်နှစ်ရှိပြီ သူ့ကိုတစ်ချက်ကြည့်ပေးလို့ရလား?”

“သမားတော်လေးကျင်း...ငါ့ဟာကို အရင်ကြည့်ပေးပါလား၊ စွမ်းအင်ကြောတွေမှာ အေးပြီး စိုစွတ်တဲ့ အကြောသေမှုတစ်မျိုးဖြစ်နေလို့ အကြောတွေက ကျုံ့ကုန်ပြီး လှည့်မရဖြစ်နေတာလေ၊ လောလောဆယ်တော့ ငါ တိဝုတ်အခေါက်ကို သုံးထားတယ်၊ ဆေးညွှန်းပေးတာမှန်လား စစ်ပေးလို့ရမလား?”

…

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများတွန့်သွားပြီး ရှန်ဟုန်လည်း ကြောက်အားလန့်အားဖြင့် အနောက်သို့ဆုတ်သွားသည်။

လူနာများသည် သမားတော်အိုကြီးများ၏ ဖြစ်ပျက်နေပုံကို မြင်လိုက်ရသောအခါ သူတို့သည်လည်း သိချင်စိတ်ဖြင့် လှမ်းကြည့်ကြ၏။ အမတကြိုးကြာနီခန်းမသို့ လူငယ်သမားတော်တစ်ဦး ရောက်လာကြောင်း သူတို့ကြားထားသည်မှာ ကြာပေပြီ။ သူမ၏ကုသရေးစွမ်းရည်များသည် အထူးပင်ကောင်းမွန်သည်ဟု ပြောကြသည်။ ထိုမိန်းကလေးမှာ ဤတစ်ယောက်သာဖြစ်ပေမည်။ အလွန်ပင် လှပသောမိန်းကလေးပင်။

“သမားတော်ကြီးတို့၊ ထပ်ပြသာနာမရှာပါနဲ့တော့ မဟုတ်ရင် ကျွန်မအခုချက်ချင်းထွက်သွားရပါလိမ့်မယ်”

ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်နှာဖြင့် စကားတစ်ခွန်းကို လွှတ်ခနဲပြောလိုက်၏။

ထိုအရာကိုကြားသောအခါ သူမအနီးရှိ သမားတော်ကြီးများသည် ချက်ချင်းငြိမ်ကျသွားပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ချေ။

“သမားတော်လေးကျင်းက တကယ်အပျင်းကြီးတာပဲ၊ အနားယူတဲ့ရက်က တော်တောကြာနေပြီလေ၊ အခုမှရောက်လာတာမှတ်လား အားလုံးက သမားတော်လေးကျင်းကို တကယ်သတိရနေကြလို့ပါ....”

သူတို့ထဲမှတစ်ဦးသည် ခြောက်ကပ်စွာရယ်မောပြီး ပြောလိုက်၏။

ကျင်းယွင်ကျောင်း ဟင်းချလိုက်သည်။

သူမသည် ဤသမားတော်အိုကြီးများအပေါ် အလွန်ယဥ်ကျေးပေးခဲ့၏။ အဓိကပြသာနာမှာ ဤသမားတော်အိုအုပ်စုသည် အားမနာလျှာမကျိုးနေတတ်ခြင်းဖြစ်သည်။ သူမသာ ဒေါသမထွက်လျှင် သူတို့သည် သူမအား မေးခွန်းများ တရစပ်မေးပေတော့မည်။

သူတို့၏အဆင့်အတန်းမှာ မသေးလှချေ။ သူတို့မေးသောမေးခွန်းအများစုမှာ စိတ်ထဲတွင်အဖြေရှိနှင့်ကြပြီးသားဖြစ်၏။ ကျင်းယွင်ကျောင်းအား စမ်းသပ်ချင်၍သာ မေးလိုက်ခြင်းဖြစ်သည်။ သူမသည် သဗ္ဗညုတဉာဏ်ရှိသလော စစ်ဆေးချင်နေကြသလိုပင်။ အမြဲတစေ သူမအား ကြိုးစားအားထုတ်စရာ အနည်းငယ်မျှပင်မလိုသော ပြသာနာအချို့ကို အချိန်ယူဖြေရှင်းခိုင်းတတ်ကြ၏။ အလွန်ပင် သည်းမခံနိုင်စရာကောင်းလှသည်။

Space and Rebirth 1046

ကျင်းယွင်ကျောင်းသည် သူမခုံရှိရာသို့ လျှောက်သွားသောအခါ သမားတော်အိုများသည် သူမအနောက်သို့ နာခံကျိုးနွံစွာဖြင့် လိုက်လာကြ၏။ သူတို့မျက်နှာတွင် အရှက်ရသည့်ဟန်တစ်စက်မှ မပေါ်ချေ။ သူတို့မျက်လုံးထဲတွင် ကျင်းယွင်ကျောင်း၌ ဆေးပညာစွမ်းရည်ရှိသည်က လုံလောက်ပေပြီ။ သူတို့သည် ဆေးပညာမှတဆင့် သိကျွမ်းကြသော မိတ်ဆွေများသာဖြစ်သည်။ အသက်အရွယ်ဟူသည်မှာ အာရုံထားစရာမလိုပေ။

ကျင်းယွင်ကျောင်းမှာ သူတို့တွေးနေသည်များကို သိနေသဖြင့် သူတို့ကို သတိပေးချင်မိသည်။ ဤနေရာသို့ သူမပထမဆုံးရောက်လာစဥ်က အချိန်ကို ပြန်လည်စဥ်းစားကြည့်လိုက်လျှင် သူတို့၏စိတ်သဘောထားများသည် ဤကဲ့သို့မဟုတ်ခဲ့ကြပေ။

ရှန်ဟုန်သည် အနောက်မှလိုက်သွားသော်လည်း သမားတော်အိုကြီးများ၏ လျစ်လျူရှုခြင်းကို ခံလိုက်ရ၏။

ကျင်းယွင်ကျောင်းထိုင်ချလိုက်သည်နှင့် သမားတော်အိုကြီးများသည် ချက်ချင်းဆိုသလို လက်တလောတွင် ကုရခက်သော အထွေထွေရောဂါများကို ထုတ်ပြကာ သူမကိုအကြံတောင်းကြတော့၏။ သူတို့ပါးစပ်မှ “ယင်နဲ့ယန်” ဟူသောစကားများကို မချသဖြင့် ရှန်ဟုန်သည် အလွန်ပင် ဇဝေဇဝါဖြစ်နေတော့သည်။ သူသည် အလွန်ပင်ထူးဆန်းသော ဂိုဏ်းတစ်ခုထဲသို့ ဝင်လိုက်ရသလိုပင်။

ဤ “ဂိုဏ်း” ထဲတွင် ကျင်းယွင်ကျောင်းမှာ ခေါင်းဆောင်ဖြစ်မှန်း သိသာ၏။ လူအချို့သည် သူမအနီးတွင် ဝန်းရံပြီး သူတို့နားမလည်သော ဆေးဖက်ဝင်အပင်များအကြောင်း ကျင်းယွင်ကျောင်းမှပြောနေသည်ကို နားထောင်နေကြသည်။ ခေတ္တအကြာတွင် သူတို့အားလုံးသည် နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြ၏။ သူမဆီမှ မြောက်များစွာ သင်ယူလိုက်ရသကဲ့သို့ပင်။

ဤနေရာတွင်သာ လူနာများ ရှိမနေခဲ့လျှင် ဤလူများအားလုံးကို ကျင်းယွင်ကျောင်းငှားခဲ့ခြင်းဖြစ်မည်ဟု ရှန်ဟုန်ထင်ခဲ့မိပေမည်။

ကျင်းယွင်ကျောင်းရှင်းပြနေစဥ်တွင် လူနာများကို အရင်ကြည့်ပေးနေသော အလုပ်သင်အချို့ရှိနေ၏။ သူတို့ပြီးသောအခါ သမားတော်အိုကြီးများသည် လူနာများထံသွားပြီး စမ်းသပ်စစ်ဆေးပေးကာ ဆေးညွှန်းများကို ရေးပေးလိုက်ကြသည်။ ထို့နောက် ဆေးခန်းတွင် လူနာအရေအတွက်နည်းနေသည်ကို အခွင့်ကောင်းယူပြီး သူတို့၏ဆွေးနွေးခန်းကို ပြန်ဆက်လိုက်ကြသည်။

ရှန်ဟုန်သည် သူမနံဘေးတွင်ထိုင်ပြီး စကားတစ်ခွန်းမှမဟဘဲ ကြည့်ရှုနေ၏။ သူစောင့်ကြည့်လေလေ ကျင်းယွင်ကျောင်းမှာ အလွန်ပင်ထူးခြားသောအလင်းတစ်ခု ရှိနေကြောင်း ခံစားရလေလေဖြစ်သည်။

ယမန်နေ့က သူတို့သည် အခြားအကြောင်းအရာများကို ပြောနေစဥ်တွင် သူမသည် အလွန်ပင်တည်ငြိမ်ပြီး စကားနည်းခဲ့၏။ သို့သော် ဤအခိုက်အတန့်တွင်မူ သူမသည် အလွန်ပင် ထက်မြက်တက်ကြွနေပြီး စကားပြောသောလေသံမှာ ယုံကြည်ချက်ပြည့်ဝနေသည်။ သူမအကြည့်များထဲမှ ဆေးပညာကိုစွဲလမ်းချစ်မြတ်နိုးခြင်း အရိပ်အယောင်များကို ရှန်ဟုန်ခံစားနေရ၏။

ထိုအခါ ရှန်ဟုန်သည် သူမအား ယုံကြည်လုနီးပါးရှိနေလေပြီ။

ကျင်းယွင်ကျောင်းသည် တစ်မနက်လုံး အခြားသူများနှင့် ပြောဆိုဆွေးနွေးရင်း အချိန်ကုန်သွား၏။ နေ့လယ်ခင်းတွင် လွယ်ကူရိုးရှင်းသောမနက်စာကို ပြင်ဆင်စားသောက်ပြီးနောက် သူမသည် လူနာများကို စတင်ကုသတော့သည်။

ထိုအချိန်တွင် သူမရှေ့မှောက်ရှိလူနာမှာ ယောင်ကိုင်းနေသော မျက်နှာနှင့် ခေါင်းကို ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်။ ထိုလူ၏မျက်လုံးများမှာ ပါးလျသောအကြောင်းလေးနှစ်ခုသဖွယ် ဖြစ်နေတော့၏။ သူသည် မျက်လုံးဖွင့်ကြည့်ရန်ပင် ခက်ခဲနေသည်။ ကျင်းယွင်ကျောင်းသည် ထိုလူအား လျင်မြန်စွာ စစ်ဆေးပြီးနောက် ချက်ချင်းဆိုသလို ဆေးကြိုရန် လူတစ်ယောက်ကိုခိုင်းလိုက်သည်။ ခေတ္တအကြာတွင် ထိုလူ၏မျက်နှာပေါ်သို့ ရွှံ့စေးကဲ့သို့ အရာတစ်မျိုးကို သုတ်လူးလိုက်၏။ အလွန်ပင် ရယ်ချင်စရာကောင်းလှလေသည်။ လူနာများစွာသည် ၎င်းကိုမြင်ပြီးနောက် ရယ်ချင်စိတ်ကို ထိန်းမရတော့ချေ။

ဤကုသရေးနည်းလမ်းမှာ အမျိုးသမီးတစ်ယောက်မှ မျက်နှာကပ်ခွာတစ်ခု ကပ်နေသလိုပင် အလွန်ပင်ရယ်ချင်စရာကောင်းလှ၏။ ထိုလူမှာ အရယ်ခံနေရသည်ကို မကျေနပ်သော်လည်း ရောဂါပျောက်ချင်ဇောဖြင့် အောင့်အည်းသည်းခံနေလေသည်။

သို့သော် ဆေးလိမ်းပြီး မကြာခင်တွင် ထိုလူ၏မျက်နှာမှ အခိုးငွေ့များထွက်လာသည်ကို ရှန်ဟုန်မြင်လိုက်ရ၏။ လိမ်းဆေးပေါ်သို့ ချွေးများ စီးကျလာတော့သည်။ ဆေးအလုပ်သင်ကောင်လေးသည် ၎င်းကိုမြင်သောအခါ ချက်ချင်းဆိုသလို ဆေးကိုပြန်လိမ်းလိုက်ပြီး ထိုသို့ဖြင့် သံသရာလည်နေ၏။

၇ ကြိမ်- ၈ ကြိမ်ခန့် ထိုသို့ထပ်တလဲလဲလိမ်းပြီးနောက် နှစ်နာရီကြာသွားတော့သည်။ ထိုအချိန်တွင် ဘာမှမမြင်နိုင်လောက်သည်ထိ ဖူးယောင်နေခဲ့သောမျက်နှာသည် အလွန်ပင်ချောမောပြေပြစ်သွားချေပြီ။ သူ၏အသားအရေမှာ နဂိုအတိုင်း နီမြန်းသွားပြီး သူ၏မျက်လုံးများမှာ တောက်ပတက်ကြွနေ၏။ အခြားလူတစ်ဦးအသွင်ပြောင်းသွားလိုပင်။

ရုတ်ချည်းဆိုသလို ရှန်ဟုန်သည် အံ့အားသင့်သွားသည်။

ရောဂါအခြေအနေ စစ်ဆေးရာမှအစ ဆေးကြိုသည့်လုပ်ငန်းစဥ်အထိ သူသည် အရာအားလုံးကို မြင်ခဲ့လေသည်။ ဤအရာများအားလုံးကို ဟန်ဆောင်ရန် မဖြစ်နိုင်ချေ။ ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အံ့ဖွယ်သမားတော်တစ်ဦး၏ အရည်အချင်းမျိုးကို ပိုင်ဆိုင်လေ၏။

ထို့ကြောင့်လည်း ထိုသမားတော်အိုကြီးများသည် သူမအား အလွန်ယဥ်ကျေးနေကြခြင်းဖြစ်သည်။ သူမဆီသို့ပင် ခေါင်းငုံ့အသနားခံ၍ အကြံဉာဏ်တောင်းခဲ့ကြလေသည်!

ဤလူနာအပြင် ကျင်းယွင်ကျောင်းသည် တစ်ပြိုင်နက်တည်းဖြင့် အခြားလူနာအချို့ကိုလည်း ကြည့်ရှုပေးခဲ့သည်။ အချို့လူများသည် ချက်ချင်းဆိုသလို ရလဒ်ကိုမြင်လိုက်ရသော်လည်း အနည်းငယ်ထပ်ကုသရန် လိုသေးသော လူနာများလည်း ရှိသေး၏။ မည်သို့ပင်ဖြစ်စေ သူမပြောသောစကားတိုင်းသည် လူနာများအား ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူစေသည်။ လူနာတစ်ယောက်ချင်းစီတိုင်းမှာ အလွန်ရိုးသားကာ ယဥ်ကျေးကြသည်။

မကြာသေးမီကပင် ကြိုးကြာနီခန်းမ၌ လူနာများစွာ ရောက်ရှိလာခဲ့သည်။ အများစုမှာ ကျင်းယွင်ကျောင်းကြောင့် လာရောက်ကြခြင်းဖြစ်သည်။

ကုရခက်သောရောဂါအချို့ကို သူမအောင်အောင်မြင်မြင်ကုနိုင်ခဲ့သော သတင်းသည် ပျံ့နှံ့သွားခဲ့လေသည်။ ထို့အပြင် ဆေးရုံကြီးတစ်ခုဘေးတွင်ရှိနေသဖြင့် လူများစွာသည် လာရောက်ကြည့်ရှုကြရန် ဆုံးဖြတ်လိုက်ကြ၏။

ရှန်ဟုန်သည် ကျင်းယွင်ကျောင်းအပေါ် လုံးဝယုံကြည်နေလေပြီ။ သူထွက်သွားရမည့်အချိန်ထိ တုံဏှိဘာဝေဖြစ်နေဆဲဖြစ်သည်။ သူသည် လေးစားမှုများ၊ အံ့သြမှုများ ရောပြွန်းနေသောအကြည့်ဖြင့် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာ သူ၏စိတ်ကို တည်ငြိမ်အောင်မလုပ်နိုင်ပါချေ။

Space and Rebirth 1047

တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းသည် ပုံမှန်အတိုင်း ပြုမူသွားလာနေဆဲဖြစ်သည်။ သူမအပြုအမူများသည် ပုံမှန်ထက် ထူးခြားနေသောအရာမရှိပေ။ ကြိုးကြာနီခန်းမမှ ထွက်ပြီးနောက်တွင်ပင် သူမသည် အလွန်ပင် ဣန္ဒြေရနေ၏။ သူမ၏ချောမောလှသော ရုပ်ရည်အသွင်အပြင်မှအပ သူမ၏စကားနည်းသောစရိုက်ကြောင့် သူမအား ရုတ်တရတ်ကြည့်လျှင် သာမန်မိန်းကလေးတစ်ဦးနှင့် တူစေသည်။

“ညီမလေး၊ မေမေ့ကို ညီမလေးလက်ထဲပဲ အပ်ရတော့မှာပဲ”

ရှန်ဟုန်သည် သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။

“ဒါဆို ပြန်ရောက်ရင် ဆေးတွေကိုရပ်ပေးပါ၊ မနက်ဖြန်မနက်ကျရင် ကုသရေးကျင့်စဥ်ကို တရားဝင်စဖို့ လာခဲ့ပေးမယ်၊ ဒါပေမယ့် ဆေးရုံကတော့ လွယ်လွယ်လက်လျှော့မှာ မဟုတ်လောက်ဘူး”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

ထိုအခါ ရှန်ဟုန်ခေါင်းငြိမ့်လိုက်၏။ နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းသည် ဆေးရုံသို့ မနက်စောစောစီးစီး ရောက်လာတော့သည်။

သို့ရာတွင် သူမရောက်လာသောအခါတွင် သူမနှင့်ဆန့်ကျင်ဘက်ဦးတည်ရာမှ သူနာပြုငယ်တစ်ဦး အလင်းနှုန်းဖြင့် ပြေးလာသည်ကို မြင်လိုက်ရ၏။ သူမသည် လူနာဆောင်ထဲတွင် ၂-၃ မိနစ်မျှရှိ‌သေးသော်လည်း အနောက်မှ သူနာပြုများ၊ ဆရာဝန်များ ဝေါခနဲ ပြုံဝင်လာကြတော့သည်။

လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသော ရှန်တုန်းမှာ မျက်နှာမကောင်းသေးချေ။ ရှန်ဟုန်မှာ စိတ်ပြင်ဆင်ထားသော်လည်း ဆရာဝန်များစွာ ရောက်ချလာသည်ကို မြင်ရသောအခါ သူသည် အနည်းငယ်မကျေမနပ်ဖြစ်မိ၏။

ကျင်းယွင်ကျောင်းမှ သူ၏မိခင်အား ကုသနိုင်သည်ဟု ပြောပြီးသောအခါ သူနာပြုများစွာသည် သူ့ထံသို့ ကြိမ်ဖန်များစွာ လာရောက်ကာ နားချဖျောင်းဖျခဲ့၏။ ထိုသူနာပြုများသည် စေတနာဖြင့်သာ ပြောကြကြောင်း သူသိပေသည်။ ထို့ကြောင့် သူသည် လိုက်လျောနားထောင်ပေးခဲ့သည်။

ယမန်နေ့ညက သူသည် ဆရာဝန်များအား ဆေးအသွင်းရပ်ရန် အကြံပြုလိုက်သောအခါ ဆရာဝန်များ၊ သူနာပြုများသည် အလွန်ပင် ဒေါသထွက်သွားကြပြီး ကျင်းယွင်ကျောင်းကိုပင် ဆဲဆိုကြိမ်းမောင်းကြတော့သည်။ သို့ရာတွင် မိသားစုဝင်ဖြစ်သူ၏ တောင်းဆိုချက်ဖြစ်သဖြင့် ဤလူများသည် ဘာမှမလုပ်နိုင်ချေ။ ကျင်းယွင်ကျောင်းလာလျှင်သာ ပြသာနာရှာရန် အားခဲထားကြ၏။

“ကိုယ့်ကိုယ်ကိုဆရာဝန်လို့ လိုက်ပြောနေတဲ့ မိန်းကလေးက မင်းလား?”

သက်လတ်ပိုင်းယောက်ျားကြီးတစ်ဦးက ကျင်းယွင်ကျောင်းကို စူးစိုက်ကြည့်ပြီး မကျေမနပ်ဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“ဘာလိုချင်လို့လဲ?”

ကျင်းယွင်ကျောင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

ဤလူအုပ်ကြီးသည် ရှန်တုန်းအား နိုးထစေနိုင်သောအရည်အချင်းမျိုး လုံးဝမရှိချေ။ ထိုသို့ဆိုလျှင် အရည်အချင်းရှိသူ နောက်တစ်ဦးအား ကြိုးစားခွင့်ပေးသင့်ပေသည်။ ဆရာတစ်ဦးအနေဖြင့် ဤသို့အပြုအမူအား မုန်းနိုင်သော်လည်း ယခုခေတ် ဆေးရုံအများစုသည် လူနာရှင်၏ဆန္ဒအတိုင်း လိုက်လျောလုပ်ဆောင်ပေးနေကြလေပြီ။

ထို့အပြင် ရှန်တုန်းအတွက် ဆေးရုံမှ ညွှန်းပေးထားသော ဆေးများမှာ သူမ၏ကိုယ်တွင်းအင်္ဂါများကို အားဖြည့်ပေးသော်လည်း တကယ်တမ်းတွင် ၃၀% လောက်မှာ အဆိပ်အတောက်ဖြစ်စေပေသည်။ နေ့စဥ်ရက်ဆက် ဆေးသွင်းရသောကြောင့် ဘေးထွက်ဆိုးကျိုးကြီးမား၏။ သူမသာ အချိန်တိုအတွင်း ပြန်လည်မနိုးထလာလျှင် ဤဆေးများကို အနာဂတ်တွင် ရပ်တန့်ရပေမည်။

သူတို့လက်ရှိတွင် ဂရုစိုက်သောအရာမှာ ဆေးနှင့်ပိုက်ဆံဖြစ်သည်။ ရှန်တုန်း၏ခန္ဓာကိုယ်မဟုတ်ပေ။

“မိန်းကလေး၊ ဘယ်လိုဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူများကို လိုက်ဒုက္ခပေးနေတာလဲ? မင်းဘာလုပ်နေလဲဆိုတာရော မင်းသိလား? ဒီညီလေးရှန်က အခုမှ နိုင်ငံခြားကပြန်လာတာမို့ ပြည်တွင်းရေးကိစ္စတွေကို သိပ်မသိဘူးဆိုတာနဲ့ပဲ သူ့ကိုလှည့်စားဖို့ ကြိုးစားရဲတယ်ပေါ့? ရှန်တုန်းသာ တစ်ခုခုဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာလဲ? မင်းလား?”

ခေါင်းဆောင်ဆရာဝန်မှ ဒေါသတကြီးပြောလိုက်၏။

“ကျွန်မသူ့ကိုလိမ်နေတယ်လို့ ဘယ်လိုတပ်အပ်ပြောနိုင်တာလဲ? ပြောချင်တိုင်း ပြောလို့ရတယ်ဆိုရင် ဒီဆေးရုံက လူနာမလိုတဲ့ဆေးတွေပေးပြီး လူနာရှင်ကို အနိုင်ကျင့်နေတယ်လို့လည်း ကျွန်မပြောလို့ရတာပဲ”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်ကာ အေးအေးလူလူဖြင့် ပြန်ဖြေလိုက်သည်။

သူမသာ အပ်စိုက်ကုသရေးမလုပ်လျှင် ဆေးဝါးကို သေချာပေါက်သုံးပေမည်။ သို့တိုင်အောင် သူမသည် များများစားစားသုံးမည်မဟုတ်သလို ပမာဏလည်းကြီးမည်မဟုတ်ပေ။

ဤအုပ်စုသည် အနည်းနှင့်အများဆိုသလို အခြားလူများအား ငွေညှစ်ချင်ကြသူများဖြစ်၏။ အများစုအနေဖြင့် ဆေးအနည်းငယ်စား၍ အကျိုးအာနိသင်မရှိလောက်ဟု ခံစားကြသဖြင့် သူတို့သည် အာရုံသိပ်မထားကြပေ။

သို့သော် လက်တွေ့တွင် ထိုဆေးများသည် ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းစုပုံလာလိမ့်မည်။ အထူးသဖြင့် ယခုကဲသို့ ခန္ဓာကိုယ်ခုခံအားနည်းနေသော ရှန်တုန်း၏ကိုယ်ထဲသို့ ဆေးများစွာသွင်းပါက သူမခန္ဓာကိုယ်အတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် သူမနိုးထလာနိုင်ရန် ခက်ခဲပေမည်။

Space and Rebirth 1048

ဆေးရုံသည် ရှန်တုန်းနှင့်ပတ်သတ်လာလျှင် အလွန်ပင် အလေးပေးဂရုစိုက်၏။

သူမသာ သူတို့ဆေးရုံတွင် အမှန်တကယ်နိုးထလာပါက ဤအခွင့်အရေးကိုအသုံးချပြီး သူတို့ဆေးရုံနာမည်ကို ကြေညာနိုင်သည်မဟုတ်လော။ အထူးသဖြင့် သူတို့သည် ရှန်တုန်းမှာ နိုးလာရန်ခက်ခဲကြောင်း သတင်းထောက်များကို အရိပ်အယောင်ပြထားသောကြောင့်ဖြစ်သည်။ သူမနိုးလာသည်ဖြစ်စေ မနိုးဘဲနေသည်ဖြစ်စေ ဆေးရုံဘက်မှ အရှုံးမရှိချေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းပေါ်လာသောကြောင့် ဆေးရုံထဲရှိ ဆရာဝန်များ အထိနာသွားတော့သည်။

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ရှန်တုန်းအား ကယ်တင်နိုင်ပါက ဆေးရုံတာဝန်ရှိသူများကို မျက်နှာအိုးမည်းသုတ်ရာကျတော့မည်။ သူမမနိုးလာလျှင်မူ ဆေးရုံသည် တင်းကြပ်မှုမရှိဘဲ လူနာရှင်အား လုပ်ချင်သလို ပေးလုပ်ထားသည်ဟု လူအများက ကဲ့ရဲ့ကြပေတော့မည်။

ကျင်းယွင်ကျောင်းသည် ရန်လိုနေသောဆရာဝန်အား ကြည့်လိုက်ပြီးနောက် အခြားလူတစ်ဦး၏နယ်မြေတွင် လှုပ်ရှားရသည်မှာ ခက်ခဲကြောင်း သူမသိလိုက်တော့သည်။ ထို့ကြောင့် သူမပြောလိုက်၏။

“အစ်ကိုရှန်၊ ဆေးရုံဆင်းဖို့ လုပ်စရာရှိတာတွေလုပ်ပြီး အန်တီတုန်းကို ကြိုးကြာနီခန်းမဆီ လွှဲဖို့ပြင်လိုက်တော့”

ထိုသို့ပြောလိုက်သောအခါ ဆရာဝန်များအားလုံး ကြောင်အမ်းသွားကြသည်။

သူတို့သည် ကြိုးကြာနီခန်းမအကြောင်း သိထားလေသည်။

ယခင်က ‌ဆေးခန်းများစွာရှိသော်လည်း ၎င်းတို့အထဲတွင် ကြိုးကြာနီခန်းမသည် အခြေအနေအလွန်ဆိုးရွားသွားသော ဆေးခန်းဖြစ်သည်။ ထိုခန်းမသည် ယခင်က နာမည်ဂုဏ်ဒြပ်ကြီးမားသော်လည်း လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ဖြည်းဖြည်းချင်း ပြိုလဲငြိမ်ကျသွားခဲ့လေသည်။ ထို့ကြောင့် သူတို့၏ဆေးရုံကြီးနှင့် အဘယ်သို့ယှဥ်နိုင်မည်နည်း။

လူများစွာ၏အမြင်အရ လက်အင်အားသုံးပြီး သွေးခုန်နှုန်းကိုစမ်းသည်မှာ ဆေးဝါးစက်ကိရိယာများကို သုံးခြင်းလောက် အာနိသင်မရှိပေ။ ထို့အပြင် ဆေးရုံကြီးများ၏ တိုးတက်မှုနှုန်းသည်လည်း မြန်သထက်မြန်လျက်ရှိ၏။ ကြိုးကြာနီခန်းမကဲ့သို့ ရှေးကျသောနေရာမျိုးအား လက်ခံနိုင်သောလူများ သိပ်မရှိတော့ပေ။

“ကြိုးကြာနီခန်းမ? အဲ့လိုနေရာမျိုးက ရောဂါတွေ ကုနိုင်တယ်တဲ့လား? မင်းတို့သာ အဲဒီနေရာဆီ လူနာကိုပို့လိုက်ရင် လူနာက ချက်ချင်းသေမှာ မြေကြီးလက်ခတ်မလွဲဘူး!”

ဆရာဝန်ဖြစ်သူသည် မထီလေးစားဟန်ဖြင့် ခြိမ်းခြောက်လိုက်၏။

စကားတစ်ခွန်းနှစ်ခွန်းဖြင့် သူတို့အလုပ်ကို လာရောက်လုယူနိုင်သည်ဟု ထင်နေသလော? မည်သူ့အားကိုးဖြင့်နည်း?

တစ်စုံတစ်ယောက်မှ ကြိုးကြာနီခန်းမအား စော်ကားလိုက်သည်ကို ကြားသောအခါ ကျင်းယွင်ကျောင်း၏မျက်နှာသည် ချက်ချင်းဆိုသလို အေးစက်သွားသည်။

“ကြိုးကြာနီခန်းမကို လိမ်စားတဲ့နေရာလို့ ပြောလိုက်တာလား?”

ကျင်းယွင်ကျောင်းသည် ထိုလူ၏ရင်ဘတ်ပေါ်မှ နာမည်ကတ်ပြားကိုဝေ့ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ဆရာဝန်ဖန် ဟုတ်တယ်မလား? ကျေးဇူးပြုပြီး ဒီစကားကိုမှတ်ထားပေးပါ၊ ဆေးခန်းလွှဲပြောင်းပြီးလို့ အန်တီတုန်းကမသေဘဲ ပြန်နိုးလာရင် ခုနကစကားတွေကို ရှင်ပြန်ရုတ်သိမ်းပေးရမယ်၊ မဟုတ်ရင် ကျွန်မအဆိုးမဆိုနဲ့ ပြီးတော့...အမတကြိုးကြာခန်းမသာ မရှိခဲ့ရင် ဒီကမ္ဘာပေါ်မှာ ရှင်လိုလူမျိုးလည်း ရှိလာမှာမဟုတ်ဘူး၊ ရှင့်ဘိုးဘေးတွေအသက်ရှိတုန်းက ဒီကမ္ဘာပေါ်မှာ ဘာခေတ်မီတဲ့စက်ကိရိယာမှ မရှိသေးဘူး၊ ရှင်ကလူလိမ်လို့ ခေါ်နေတဲ့ လူတွေရဲ့ကျေးဇူးကြောင့် ရှင်ဒီမှာရပ်ပြီး ဆေးကုဖို့အကြောင်းပြောနိုင်တာ”

ကျင်းယွင်ကျောင်းသည်လည်း ပြည်ပနိုင်ငံများ၏ ဆေးပညာစွမ်းဆောင်ရည်ကို အထင်ကြီးမိပေသည်။ သူမသည် အနောက်တိုင်းဆေးပညာကိုလည်း ကိုယ်တိုင်လေ့လာခဲ့၏။ အနောက်တိုင်းဆေးပညာကို မကျွမ်းကျင်သော်ငြား သူမသည် သူတို့၏အနုစိတ်လှသော ခွဲစိတ်မှုလုပ်ငန်းစဥ်များကို မလေးစားမိဘဲမနေချေ။ ထိုလုပ်ငန်းစဥ်များသည် လျင်မြန်ပြီး အသေးစိတ်ကျ၏။ သို့ရာတွင် ထိုအနောက်တိုင်းဆေးပညာသည် တိုင်းရင်းဆေးပညာထက် သာလွန်နေသည်ဟု သူမတစ်ခါမှ မထင်ဖူးချေ။

တိုင်းရင်းသမားတော်များ၏ အစွမ်းမှာ ဤကမ္ဘာပေါ်ရှိလူများ သိသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်နက်နဲ၏။ တိုင်းရင်းသမားတော်အများစုများ မျိုးဆက်ပျောက်ပြီး ပညာအမွေများလည်း ပျောက်ဆုံးသွားသဖြင့် မတွင်ကျယ်ကြခြင်းဖြစ်သည်။

ဆရာဝန်ဖန် မျက်နှာပျက်သွားသည်။ ဤမိန်းကလေးငယ်တစ်ဦးသည် ဤမျှခေါင်းမာနိုင်လောက်မည်ဟု မထင်ခဲ့ချေ။

“ညီလေးရှန်၊ မင်းသေချာစဥ်းစားတာကောင်းမယ်၊ မင်းသာ အမတကြိုးကြာခန်းမဆီသွားလို့ လူနာတစ်ခုခုဖြစ်သွားရင် ငါတို့ဆက်တာဝန်ယူမှာမဟုတ်ဘူး!”

ဆရာဝန်ဖန်သည် လေးနက်သောမျက်နှာဖြင့် ပြောလိုက်၏။

ရှန်ဟုန် ခေါင်းငြိမ့်လိုက်၏။

“ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပါပြီ၊ ခင်ဗျားတို့ဆေးရုံက ဝင်စွက်ဖက်ခွင့်မပေးမှတော့ ကျွန်တော့်မေမေကို တခြားဆေးခန်းဆီလွှဲရတာပေါ့၊ ဒါရိုက်တာဖန် ကျွန်တော်အခုဆေးရုံဆင်းဖို့ လုပ်ပါမယ်”

ဒါရိုက်တာဖန်သည် ထိုအရာကိုကြားလိုက်သောအခါ အသက်ရှူမှားမတတ်ဖြစ်သွားသည်။

သူ၏မူလရည်ရွယ်ချက်မှာ ဤမိန်းကလေးနောက်ဆုတ်သွားစေရန်ဖြစ်သည်။ သို့ရာတွင် ယခု၌ နောက်သို့ခြေတစ်လှမ်းဆုတ်ရမည့်သူမှာ သူဖြစ်နေချေပြီ။

“မင်းတို့စိတ်ရှိသလိုသာလုပ်ကြ! ဟမ့်!”

ဒေါက်တာဖန်သည် ဒေါသတကြီးဖြင့် အံကိုကြိတ်လိုက်သည်။ သူသည် နှာကိုရှုံ့ကာ လှည့်ထွက်သွားတော့၏။ အချို့ဆရာဝန်များသည် ၎င်းကိုမြင်သောအခါ နေရခက်သွားကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းအား စားမတတ်ဝါးမတတ်ကြည့်လိုက်ကြ၏။

ကျင်းယွင်ကျောင်းဂရုမစိုက်ချေ။ သူတို့လူအုပ်ထဲတွင် အချို့ဆရာဝန်များမှာ အမှန်တကယ်ပင် စေတနာနှင့်ပြောကြသူများဖြစ်ပေသည်။ ထို့ကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်စရာမလိုပါပေ။

ရှန်ဟုန်သည် ဆေးရုံဆင်းသောလုပ်ငန်းစဥ်ကို အလွန်လျင်မြန်စွာပင် အပြီးသတ်လိုက်၏။ နှစ်နာရီမျှကြာသောအခါ လူနာအား ဆေးရုံလွှဲလိုက်ပေသည်။

“ကောင်မစုတ်လေး! ငါတို့က လူနာတွေကို မဆင်မခြင် ဆေးတွေသွင်းနေတယ်လို့ ပြောနေတာလား? မင်းမိဘတွေဘယ်မှာလဲ? မင်းကို အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်!”

ထိုဆရာဝန်မှ ဒေါသတကြီးဖြင့် ပြောလိုက်၏။

ရှန်တုန်းသည် ယခင်က အလွန်နာမည်ကြီးခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။ ယခုတလောတွင် ရှန်တုန်းကဲ့သို့ နာမည်ကြီးတစ်ဦးက သူတို့ဆေးရုံတွင်ရှိနေသဖြင့် ပြည်သူလူထုသည် သူတို့ဆေးရုံအား တဖြည်းဖြည်းယုံကြည်လာကြသည်။ ဆေးရုံသို့ ရောက်လာသော လူနာအရေအတွက်လည်း များလာခဲ့၏။

All Chapters