အခန်း (၁၀၈၉-၁၀၉၂)
Vol. 55 Ch. 1089-1092
Space and Rebirth 1089
ကျင်းယွင်ကျောင်းသည် ရှန်တုန်း၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ဤကိစ္စ၏အလေးနက်ဆုံးအပိုင်းကို ပြောပြရန် ဝန်လေးသွားတော့သည်။
သူမသည် သုန်မှုန်နေသောမျက်နှာဖြင့် တံခါးအပြင်သို့ထွက်ကာ အပြင်ဘက်ရှိ အစေခံများကို စူးစိုက်ကြည့်၍ မေးလိုက်သည်။
“ရှန်ရှီဘယ်မှာလဲ?”
“အခန်းထဲမှာလား မသိဘူး...”
သူတို့ထဲမှတစ်ဦးက ပြောလိုက်သည်။
“မဟုတ်ဘူး သူထွက်သွားတာ မြင်လိုက်တယ်...”
နောက်လူတစ်ဦးမှ တီးတိုးရေရွတ်လိုက်သည်။
ကျင်းယွင်ကျောင်းသည် အေးစက်သောအကြည့်ဖြင့် သူမရှေ့မှောက်ရှိလူများကို အကဲခတ်လိုက်သည်။ သူတို့တစ်ဦးချင်းစီတိုင်းသည် စိတ်လှုပ်ရှားဖြစ်ကာ မလုံမလဲဖြစ်နေသောပုံပေါက်နေ၏။ သူတို့၏အကြည့်များမှာမူ တုန်ယင်နေလေသည်။ သူတို့သည် အချင်းချင်းကြည့်ရင်းဖြင့် စကားကို မပွင့်မလင်းဖြေလိုက်သည်။ ထိန်းကွပ်မှုကင်းမဲ့ကာ ပျင်းရိလေးတွဲနေကြသောလူများပင်ဖြစ်သည်။
ရှုမိသားစုသည် မိသားစုဝင်အရေအတွက် သိပ်မများချေ။ ဤလူများသည် အစေခံများဖြစ်သော်လည်း ရှေးယခင်ခေတ်များကဲ့သို့ မိသားစုတစ်စုတည်းဖြင့် စာချုပ်ချုပ်ဆိုထားသော အစေခံကျွန်များမဟုတ်ပေ။ ထို့ကြောင့် ရှုမိသားစုသည် သူတို့အပေါ် ယဥ်ကျေးကောင်းမွန်စွာ ဆက်ဆံခဲ့၏။
“ဦးလေးအငယ်ဆီ ဆန်ပြုတ်ယူလာတာ ဘယ်သူလဲ?”
ကျင်းယွင်ကျောင်းထပ်မေးလိုက်ပြန်၏။
သူမပြောလိုက်သည်နှင့် လူအများစုသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိသော အစေခံမိန်းကလေးတစ်ဦးကို ကြည့်လိုက်ကြ၏။ သူမသည် ငယ်ရွယ်ပြီး ရှုမိသားစုအစေခံများ၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူမပုံစံမှာ ထက်မြက်မည့်ပုံ ပေါက်လေသည်။
“ကျွန်မပါ...”
ထိုမိန်းကလေးသည် ရှေ့ထွက်လာပြီး ခေါင်းကိုငုံ့၍ သူမဖြစ်ကြောင်း ဝန်ခံလိုက်သည်။
ဒုတိယသခင်လေးသည် အဘယ်ကြောင့် အပေါ်ထပ်မှ ပြုတ်ကျလာကြောင်း သူမမသိခဲ့ပေ။ သူမသိသောအရာဟူ၍ ဆန်ပြုတ်ကိုယူလာပေးပြီး အခြားအစေခံများကို အပြင်ထွက်ခိုင်းကာ အပြင်ဘက်မှ တံခါးကို သော့ခတ်ခဲ့ရန် မဒမ်ရှန်ရှီမှ သူမကို စေခိုင်းခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ဤကိစ္စမှာ ရေးကြီးခွင်ကျယ်မဟုတ်ပါပေ....ဒုတိယသခင်လေး ပြုတ်ကျသည့်ကိစ္စအား သူမအား အပြစ်တင်ကြမည်လော။ သူမတွင် အမှန်တကယ် အပြစ်မရှိပါချေ။ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေလျှင် ဒုတိယသခင်လေးတို့သည် အချက်ပေးခေါင်းလောင်းအား နှိပ်ရမည်မဟုတ်လော...
အချက်ပေးခေါင်းလောင်းအား နှိပ်လိုက်လျှင် အခန်းထဲ၌ မည်သည့်အရာများကို မြင်ရကြမည်ကိုမူ ထိုအစေခံမိန်းကလေး မသိပါချေ။
“ငါက ဒီဆန်ပြုတ်ကို ချက်ထားတာလို့ နင်ပြောလိုက်တာလား?”
ကျင်းယွင်ကျောင်းသည် အဖြေကို သိလျက်ဖြင့်ပင် မေးလိုက်၏။ သူမမျက်လုံးများသည် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။
လွန်ခဲ့သော ၂-၃ နာရီခန့်က ဤလူများအား အမှန်အမှားခွဲခြားတတ်ပြီး စဥ်းစားဉာဏ်ရှိရန် သူမပြောကြားခဲ့သည်။ အချိန်တိုအတွင်းတွင် တစ်စုံတစ်ဦးသည် သူမပြောကြားသည်နှင့် ဆန့်ကျင်ဘက် လုပ်လိမ့်မည်ဟု မထင်ခဲ့ပေ။
ကံကောင်းစွာဖြင့် ဤတစ်ခေါက်တွင် ဘာမှမဖြစ်ခဲ့ချေ။ တစ်ခုခုသာဖြစ်လျှင် ရှုမိသားစု ပြောင်းပြန်ဆန်ခတ်ဖြစ်ရချေတော့မည်။
“ဟုတ်ကဲ့....ဒုတိယသခင်လေးရှုသာ သိရင် စားမှာမဟုတ်ဘူးလို့ မဒမ်ရှန်က ပြောလိုက်ပါတယ်၊ ဒီဆန်ပြုတ်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဆန်ပြုတ်ပါတဲ့...”
ထိုမိန်းကလေးသည် သတိတကြီးဖြင့် ပြောလိုက်၏။
“မဒမ်ရှန်က ပြောလိုက်တယ်တဲ့လား? ထပ်ပြီး ဘာပြောလိုက်သေးလဲ? အိမ်ထဲက အစေခံတွေကို ခေါ်သွားပြီး တံခါးကိုသော့ခတ်လိုက်တဲ့လား?”
ကျင်းယွင်ကျောင်း၏အသံသည် ပို၍ပင် အေးစက်သွားသည်။
“အဲဒါက...ဘာမှမဟုတ်ပါဘူး...ဒီတိုင်း...ဒုတိယသခင်လေးရှုနဲ့ မဒမ်ရှန်တုန်းကြားမှာ အထင်လွဲမှုတစ်ခုရှိနေလို့ သူတို့နှစ်ယောက်တည်း စကားပြောပြီး အထင်လွဲမှုကိုဖြေရှင်းဖို့ အခွင့်အရေးပေးချင်လို့ပါတဲ့...သခင်မလေး၊ ဒုတိယသခင်လေးရှု ပြုတ်ကျတာ ကျွန်မအပြစ်မဟုတ်ပါဘူးနော်?”
ထိုမိန်းကလေးသည် ရှင်းပြပြီးသည့်တိုင် မျက်နှာပြောင်ပြောင်ဖြင့် မေးရဲသေး၏။
သူမအပြစ်မဟုတ်သလော? ဟက်! သူမသည် အမှန်တကယ်ပင် မေးရဲပေသည်!
ရှုမိသားစုအစေခံများသည် အရည်အချင်းမြင့်မားသူများဖြစ်သည်။ ယေဘုယျအားဖြင့် အသက် ၂၅ နှစ်ကျော်သောလူများကိုသာ ခေါ်ယူလေ့ရှိသော်လည်း သူမရှေ့မှောက်ရှိ အစေခံမှာ အသက် ၂၀ အစောပိုင်းဝန်းကျင်တွင်ဖြစ်သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ယခင်ကတည်းကပင် သူမနှင့်ပတ်သတ်၍ အခြားအစေခံများကို မေးခဲ့ဖူး၏။ ထိုအမျိုးသမီး၏မိဘများမှာ ရှုမိသားစုအိမ်မှ အစေခံဟောင်းများဖြစ်ကြောင်း သိလိုက်ရလေသည်။ သို့ရာတွင် သူတို့သည် ကျန်းမာရေးမကောင်းသဖြင့် အလုပ်ထွက်လိုက်ကြပြီး များမကြာမီတွင် ကွယ်လွန်သွားခဲ့ကြ၏။ သူမမိဘများက ရှုမိသားစုအိမ်၌ အလုပ်လုပ်စဥ်တွင် သူမသည်လည်း ရှုမိသားစုအိမ်ဘေးရှိ ဝန်ထမ်းအိမ်ရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပေသည်။ ထိုအရာကြောင့် သူမသည် ရှုမိသားစုလည်ပတ်ပုံနှင့် ပတ်သတ်၍ ရင်းနှီးကျွမ်းဝင်နေသဖြင့် သူတို့သည် သူမအား ခြွင်းချက်အနေဖြင့် ငှားရမ်းကာ လစာပေးခေါ်ယူခဲ့ပေသည်။
“စဥ်းစားဉာဏ်ရှိကြပါလို့ ငါသတိပေးခဲ့တယ်မှတ်လား? အဲဒါတောင် သိရက်နဲ့ လုပ်ခဲ့သေးတယ်၊ ငါ့နာမည်ကို အသုံးချပြီး အဆိပ်ခတ်ထားတဲ့ ဆန်ပြုတ်ကို ဒုတိယသခင်လေးဆီ ပို့ခဲ့တယ်၊ ဦးလေးခမျာ အသက်ရှင်နိုင်ဖို့ ဒုတိယထပ်ကနေ ခုန်ချခဲ့ရတယ်၊ ဒါတောင် နင်နဲ့ မဆိုင်ဘူးလို့ ထင်တုန်းလား?”
ကျင်းယွင်ကျောင်းသည် အေးစက်စွာ ပြောလိုက်၏။
ထိုအစေခံမိန်းကလေးသည် ၎င်းကိုကြားလိုက်သောအခါ ချက်ချင်းဆိုသလို ပြာပြာသလဲဖြစ်သွားသည်။
“မဖြစ်နိုင်တာ မဒမ်က ဘယ်လိုလုပ် အဆိပ်ခတ်ထားတဲ့ဆန်ပြုတ်ကို ပို့ခိုင်းမှာလဲရှင့်?”
“ဒါဆို ငါ့ဦးလေးက စိတ်မမှန်ဘူးလို့ ပြောလိုက်တာလား? အဲဒါကြောင့်မို့ သူက ရူးကြောင်ကြောင်နဲ့ ဒုတိယထပ်ကနေ ခုန်ဆင်းခဲ့တာပေါ့လေ?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို သူမအသံကို မြှင့်လိုက်သည်။
ထိုမိန်းကလေးသည် ချက်ချင်းဆိုသလို အနောက်သို့ တွန့်ဆုတ်သွားသည်။
“ငါထင်တာမမှားဘူးဆိုရင် အဲဒီဆန်ပြုတ်ကို နင်ချက်ထားတာမှတ်လား၊ ရှန်ရှီက တစ်ချက်မှ ထိခဲ့မှာမဟုတ်ဘူး ဟုတ်တယ်မလား?”
ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို လှောင်ရယ်သံပြုကာ ဆက်မေးလိုက်၏။ ထိုမိန်းကလေးသည် အနည်းငယ် ဇဝေဇဝါဖြစ်နေပြီး နားမလည်နိုင်သေးသော်လည်း ခေါင်းငြိမ့်လိုက်သည်။
“တော်တော့ အစ်ကို မနက်ဖြန် အလုပ်သွားရင် သူ့ကိုပါ ရဲစခန်းကို တစ်ခါတည်းခေါ်သွားလိုက်ပါ!”
Space and Rebirth 1090
ကျင်းယွင်ကျောင်းသည် သူမရှေ့မှောက်ရှိ မိန်းကလေးအား ခြောက်ပြောနေခြင်းမဟုတ်ပေ။ ရှန်ရှီသည် ယခင်ကတည်းကပင် စေ့စပ်သေချာစွာ လုပ်ဆောင်တတ်သူဖြစ်၏။ နေ့ခင်းကြောင်တောင်တွင် တစ်စုံတစ်ဦးအား အန္တရာယ်ပြုလျှင်ပင် မည်သည့်သက်သေမျိုးကိုမှ ချန်ထားခဲ့မည်မဟုတ်ပေ။ ရှန်ရှီ၏လက်ချက်ဖြစ်ကြောင်း ဤမိန်းကလေးမှ သက်သေထွက်ဆိုလျှင်ပင် မည်သူက သူမကို ယုံကြည်မည်နည်း? ရှန်ရှီသည် ထိုစကားလုံးများကို သူမကို ပြောရုံသာပြောပြခဲ့၏။ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထားမရှိချေ။
ထိုတင်မက သူမသည် ဆန်ပြုတ်ကို ကိုယ်တိုင်ပို့ဆောင်ပြီး တံခါးကို သော့ခတ်ခဲ့လေသည်။ သူတို့သည် အမှန်တကယ်ပင် တရားခံရှာလိုပါက သူမအပြင် အခြားမည်သူရှိနိုင်ဦးမည်နည်း?
အစေခံမိန်းကလေးသည် ၎င်းကိုကြားသောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။
“ကျွန်မကို စွပ်စွဲလို့မရဘူးနော် ကျွန်မလုပ်ခဲ့တာမဟုတ်ဘူး! မဒမ် ကျွန်မကို ဆန်ပြုတ်ပို့ခိုင်းလို့သာ ပို့ခဲ့ရတာ!”
“ငါ့ကိုပြောပြလို့လည်း အကျိုးမရှိဘူး ရဲတွေကိုသာ ပြောပြလိုက်တော့၊ ရှန်ရှီရဲ့လက်ချက်ဖြစ်ကြောင်း သက်သေပြနိုင်ရင် နင်ကံကောင်းတာပဲ”
ကျင်းယွင်ကျောင်းသည် အေးစက်စွာ ပြောလိုက်ပြီး သူမဦးလေးအငယ်ကို လှည့်ကြည့်လိုက်သည်။
ဒုတိယအထပ်မှာ မမြင့်မားလှသော်လည်း ထိုကဲ့သို့ပြုတ်ကျရခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ ကံကောင်းစွာဖြင့် သူမဦးလေးအငယ်သည် မိမိခေါင်းအား ကာကွယ်ရကောင်းမှန်း သိခဲ့၏။ ထို့ကြောင့် သူ၏လက်မောင်းမှအပ ပြသာနာများများစားစား မရှိချေ။ သူ၏ခန္ဓာကိုယ်ထဲမှ ဆေးများကို ဖယ်ရှားလိုက်ပြီး သူ၏လက်မှ ဒဏ်ရာကိုလည်း ပတ်တီးစည်းလိုက်ချေပြီ။ သို့ရာတွင် သူမဦးလေးအငယ်ကို ဤပုံစံဖြင့် မြင်ရသောအခါ သူမရင်ဘတ်ထဲရှိ ဒေါသသည် တစ်လွှာပြီးတစ်လွှာ ကြီးထွားလာတော့၏။
“ဒုတိယဦးလေးရှုက အန်တီရှန်ရှီကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီး အခန်းထဲက ပေးမထွက်ဘူးလို့ ကြားတယ်၊ အဲဒါကို အန်တီရှန်ရှီက ဘယ်လိုလုပ်...”
ရှန်ဟုန်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
သူ၏အဒေါ်ဖြစ်သူမှာ ပေါ့သေးသေးမဟုတ်ကြောင်း သူပြောနိုင်ပေသည်။
ယခင်က သူ၏မိခင်သည် အဒေါ်ဖြစ်သူအပေါ် အလွန်ရိုကျိုးလေးစားခဲ့သော်လည်း ယခုမူ ထိုအရာလည်း ပြောင်းလဲသွားချေပြီ။ အစောပိုင်းကအဖြစ်အပျက်မှာလည်း သူမ၏လက်ချက်ဖြစ်သည်။ သူတို့အိမ်ပြောင်းလာသောအချိန်မှစ၍ သူ၏အဒေါ်သည် အပြင်ပန်းနှင့် အတွင်းစိတ်မှာ တခြားစီဖြစ်ကြောင်း ခံစားခဲ့ရသည်။ ယခုမူ သူမသည် သူမ၏မြေခွေးအမြီးကို ထုတ်ဖော်ပြသလိုက်ပေပြီ။
ကျင်းယွင်ကျောင်းသည် ရှန်ဟုန်၏စကားများကို ကြားလိုက်သောအခါ သူမမျက်နှာသည် တဖြည်းဖြည်းဖြင့် ကြောက်မက်ဖွယ်ကောင်းသွားတော့၏။
အစေခံများနှင့် လုံခြုံရေးအစောင့်များအား ရှုမိသားစုမှ လစာပေးထားသော်လည်း သူတို့သည် ရှုမိသားစုအတွက် ဘာတစ်ခုကိုမှ အကျိုးရှိရှိမလုပ်ပေးခဲ့ကြချေ။
ဒုတိယသခင်လေးဖြစ်သော ရှုဝမ်ချန်း၏အမိန့်ကို မနာခံကြသူများ ရှိနေပေသည်။ သူတို့သည် ဤမျှလောက် ရှန်ရှီ၏လွှမ်းမိုးမှုကို ခံနေရကြောင်း သိသာပေ၏!
ကျင်းယွင်ကျောင်းသည် ညသန်းခေါင်အထိ ရှုဝမ်ချန်း၏နံဘေးတွင် နေပေးတော့သည်။ သူမအိပ်ပျော်လုနီးပါးတွင် ကားများချည်းကပ်လာသောအသံကို ဝိုးတဝါးကြားလိုက်ရ၏။ ကားတစ်စီးထက်မကပေ။
ယုတ္တိရှိရှိပြောရလျှင် ဦးလေးအကြီးမှ အချိန်ပိုဆင်းနေလျှင်ပင် သူမအား ကြိုတင်အသိပေးခဲ့ရပေမည်။ သို့ရာတွင် သူသည် ယခုအချိန်ထိ စာမလာ အကြောင်းမကြားဖြင့် ပြန်မရောက်သေးသောကြောင့် သူမစိတ်ပူနေလေပြီ။ ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံများကို ကြားလိုက်ရသည်။ ရှန်ရှီသည် ထပ်မံ၍ တစ်ခုခုလုပ်လိုက်ကြောင်း သူမသိလိုက်ပေသည်။
“သခင်မလေး...အပြင်မှာ စုံစမ်းရေးမှူးတွေ ရောက်နေပါတယ်၊ တစ်ယောက်ယောက် သခင်ကြီးကို...အကျင့်ပျက်ခြစားမှုနဲ့ ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှုနဲ့ တိုင်ထားပါတယ်တဲ့...”
အစေခံမှ လျင်မြန်စွာ ရှင်းပြလိုက်သည်။
ကျင်းယွင်ကျောင်းသည် ထိုသူ၏ရှင်းပြချက်ကို ကြားပြီးနောက် ခေါင်းကိုငြိမ့်ကာ စကားတစ်ခွန်းမှမဟဘဲ စတိုခန်းဆီသို့ သွားလိုက်သည်။ သူမသည် တံခါးကိုဖွင့်လိုက်သည်နှင့် အထဲတွင်ရှိနေသော ရှုယုသည် သူမကိုမြင်လိုက်ပြီး ချက်ချင်းဆိုသလို အရူးမီးလောင်တော့သည်။ သူ၏လည်ပင်းကို လက်ညှိုးထိုးပြကာ တရစပ် အော်ငေါက်တော့၏။
………….
ရှုယုလည်ပင်းမှာ သွေးထွက်နေသော်လည်း ခြစ်ရာတစ်ခုမျှသာဖြစ်သည်။ ကြမ်းပြင်သည် အလွန်သန့်ရှင်းနေသဖြင့် သန့်ရှင်းရေးလုပ်စရာမလိုပေ။
လူများမှ စတိုခန်းကို ချည်းကပ်လာသောအခါ ကျင်းယွင်ကျောင်းသည် ရှုယုအား နေရာလွတ်နယ်မြေထဲသို့ ပို့လိုက်၏။ ရှန်ရှီသည် ထိုလူအုပ်ကြီးအား ဦးဆောင်ခေါ်လာခဲ့ပေသည်။ သူမမျက်လုံးများမှာ နီမြန်းနေပြီး စိတ်လှုပ်ရှား ကြောက်ရွံ့နေသည့်ပုံစံပေါက်၏။ သူမသည် နစ်နာသူအသွင်ကို ဆောင်နေပေသည်။
သူမအနောက်တွင် အနောက်တိုင်းဝတ်စုံများနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားသော ယောက်ျားအုပ်ကြီးပါလာလေ၏။ စတိုခန်းထဲတွင် မည်သူမှမရှိကြောင်း ရှန်ရှီမြင်လိုက်ရသောအခါ သူမသည် ကျင်းယွင်ကျောင်းကို ချက်ချင်းစူးစိုက်ကြည့်ပြီး မေးလိုက်သည်။
“ငါ့သားဘယ်မှာလဲ?!”
“အန်တီရှန် ဒါဘာအဓိပ္ပာယ်လဲ? အစ်ကို့မှာ သူ့ခြေသူ့လက်ရှိနေတာပဲ သူဘယ်သွားလဲဆိုတာ ကျွန်မဘယ်လိုသိမှာတုန်း?”
ကျင်းယွင်ကျောင်းသည် သဘာဝဆန်လှသော မျက်နှာထားဖြင့် တံခါးဝထံလျှောက်သွားလိုက်သည်။
“ကျင်းယွင်ကျောင်း! သူအရင်က ဒီအထဲမှာ ပိတ်ခံထားရတာလေ သူအခုဘယ်မှာလဲ?!”
ရှန်ရှီသည် ဒေါသတကြီးပြောလိုက်၏။
Space and Rebirth 1091
ကျင်းယွင်ကျောင်းသည် မပြုံးမိဘဲ မနေချေ။ သူမသည် ရန်စသောအကြည့်ဖြင့် ရှန်ရှီကို ကြည့်လိုက်သည်။
“စတိုခန်းက ဘယ်လောက်ကျယ်လို့လဲ တစ်ချက်ကြည့်လိုက်တာနဲ့ သူမရှိမှန်း သိသာနေတာကို၊ အန်တီရှန် ကျွန်မကိုမယုံရင်တောင် ကိုယ့်မျက်လုံး ကိုယ်ယုံမှပေါ့ ဟုတ်တယ်မလား? အစ်ကိုက သက်ရှိလူသားတစ်ယောက်လေ သူ့ကိုကျွန်မဘယ်လိုဝှက်ထားနိုင်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမသိဘူးလို့ ပြောပြီးပြီ ကောင်းကင်ကြီးကျကွဲတဲ့အထိ ကျွန်မကို ထိုင်မေးနေရင်တောင် သိမှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် အေးစက်စွာ ပြောလိုက်၏။
ရှန်ရှီသည် သူတို့နောက်ကွယ်တွင် ရှုမိသားစုတစ်စုလုံးအား ချောက်တွန်းဉာဏ်ဆင်ရဲ၏။ သူမသည် ရှန်ရှီအား ညှာတာနေတော့မည်မဟုတ်ပေ။
မိမိသားကို တွေ့ချင်သည်လော? ဤဘဝတွင် မတွေ့စေရပေ။
ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သည်နှင့် ရှန်ရှီ၏မျက်နှာသည် ချက်ချင်းဆိုသလို သွေးဆုပ်သွားတော့သည်။ သူမသည် စစ်ဆေးရေးမှူးများထံသို့ လှည့်ကာပြောလိုက်၏။
“ရှင်တို့ကိုပဲ သေချာရှာဖွေပေးဖို့ ပြောပါရစေ၊ ဒီမှာ စတိုခန်းတချို့နဲ့ ဆေးသိုလှောင်ရုံတစ်ခုရှိပြီး မြေအောက်ခန်းလည်းရှိပါတယ်...ကျွန်မသားကို သူသတ်လိုက်ပြီလားတောင်မသိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူအသက်ရှိနေသေးရင် သူ့ခန္ဓာကိုယ်ကို မြင်ချင်ပြီး သေပြီဆိုရင်လည်း အလောင်းကို တွေ့ချင်ပါတယ်...”
စစ်ဆေးရေးမှူးများသည် အတန်ငယ် ဇဝေဇဝါဖြစ်သွား၏။ ရှုမိသားစုသည် အမှန်တကယ်ပင် ဤမျှလောက်ရက်စက်ကြသလော? ရှုယွမ်ထက်သည် မည်မျှပင် ဆိုးစေကာမူ ရှုယုမှာ သူ၏သားဖြစ်နေသေး၏။ ဤမိန်းကလေးငယ်တစ်ဦးက အဘယ်သို့ သူ့အားသတ်နိုင်မည်နည်း?
“စိတ်မပူပါနဲ့ နေရာတိုင်းမှာ ကျွန်တော်တို့လူတွေက ရှာနေကြပါပြီ”
စစ်ဆေးရေးမှူးမှ နူးညံ့စွာ ပြောလိုက်၏။
ကျင်းယွင်ကျောင်းမှ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်မဦးလေးကို အကျင့်ပျက်ခြစားမှုနဲ့ တိုင်ခဲ့တယ်လို့ ကြားပါတယ် ဟုတ်လားရှင့်?”
“ကျွန်မတို့ရှုမိသားစုက ဘိုးဘေးတွေချန်ခဲ့တဲ့ အမွေရတနာတွေ အများကြီးရှိပါတယ် ငွေကြေးချို့တဲ့တဲ့မိသားစု မဟုတ်ပါဘူး၊ ဦးလေးက တခြားပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုရင်တောင် ကျွန်မယုံချင်ယုံဦးမယ် ဒါပေမယ့် သူက ငွေလောဘတက်ခဲ့တယ်တဲ့လား? ဟက် ဒါမဖြစ်နိုင်ပါဘူး”
ကျင်းယွင်ကျောင်းသည် အေးအေးလူလူဖြင့် ပြောလိုက်သော်လည်း ထိုစကားလုံးများသည် သူမ၏ရင်တွင်းဖြစ်စကားများ ဖြစ်လေ၏။
ဦးလေးအကြီးသည် အလွန်စည်းကမ်းသေဝပ်သောသူဖြစ်သည်။ ထို့အပြင် သူသည် နှစ်ပေါင်းများစွာ အစိုးရထဲတွင် အလုပ်လုပ်ခဲ့၏။ မည်သည့်အရာကို မလုပ်သင့်ကြောင်း သူကောင်းကောင်းသိပေသည်။ ထိုသို့သောလူက ငွေလောဘတက်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါချေ။
“ပြီးတော့ ရှာနေတဲ့အချိန်မှာ လက်ထိန်းဖို့ ပြောချင်ပါတယ်၊ အကယ်၍များ ဒီအိမ်ကနေ ပစ္စည်းတစ်ခုခုပျောက်ခဲ့ရင် ကျွန်မ ရှင်တို့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် လူအုပ်ကြီးထဲမှ တည်ငြိမ်စွာ လမ်းလျှောက်ထွက်သွားရင်းဖြင့် ပြောလိုက်သည်။
သူမအနောက်ရှိလူများမှာမူ ထိုအရာကို အလေးအနက်မထားဘဲ သုတ်သုတ်ပြာပြာဖြင့်သာ ရှာဖွေကြ၏။ ရှန်ရှီမှာ ရှုယွမ်ထက်၏ ဇနီးဖြစ်သည်။ သူမကိုယ်တိုင် တိုင်ကြားခဲ့သည်ဖြစ်၍ ရှုမိသားစုအိမ်အတွက် အလွန်အထိနာစရာကောင်းသောအရာဖြစ်ရမည်။
ထိုအချိန်တွင် သူမဦးလေးအကြီး အဘယ်ကြောင့် ပြန်မလာရသေးကြောင်းကို ကျင်းယွင်ကျောင်းနားလည်သွားချေပြီ။ သူသည် စစ်ကြောမေးမြန်းခံနေရခြင်း ဖြစ်လောက်မည်။
ရှုမိသားစု၏ အိမ်အိုကြီးသည် ကျယ်ဝန်းလှပြီး အိမ်ထဲတွင်လည်း ပိုင်ဆိုင်မှုများစွာ ရှိနေလေသည်။ စစ်ဆေးကြည့်ရှုပြီးနောက် ထိုစစ်ဆေးရေးမှူးအုပ်စုသည် ပစ္စည်းများကြောင့် လန့်ဖျပ်၍သေလုမတတ်ဖြစ်သွားတော့သည်။
ဤမျှလောက် ရုတ်ရုတ်သဲသဲဖြစ်နေသဖြင့် အကြီးအကဲရှုသည် မသိချင်၍ မရတော့ချေ။ သူသည် အလွန်ဒေါသပုန်ထနေလေသည်။ စစ်ဆေးရေးမှူးများမှာ ဆေးသိုလှောင်ရုံထဲရှိ ရှားပါးရတနာများကို ပြူးကြည့်နေကြသည် မဟုတ်လော။
“ဒီပစ္စည်းတွေကို မြို့တော်ဝန်ရှုက လာဘ်အနေနဲ့ လက်ခံခဲ့တာလားဗျ?”
သူတို့ထဲမှတစ်ဦးသည် အကြီးအကဲရှုအား စူးစိုက်ကြည့်ကာ မေးလိုက်သည်။
အကြီးအကဲရှုသည် ၎င်းကိုကြားသောအခါ သူပုံမှန်သုံးနေကျမရှိသော လက်ကိုင်တုတ်ကို ရုတ်ချည်းဆိုသလို ဝှေ့ယမ်းကာ ထိုလူ၏ခေါင်းကို ခေါက်ရိုက်လိုက်သည်။
“ကန်းနေကြတဲ့လူတွေပဲ! ပစ္စည်းဘေးက စာရင်းစာအုပ်ကို မတွေ့ဘူးလား? ရှုမိသားစုက ဘယ်တုန်းကမှ ငွေကြေးအားမနည်းဖူးဘူး ငါတို့ကဘာကို လောဘတက်စရာရှိမှာလဲ? အရူးကောင်တွေ!”
သူတို့သည် ပညာရှင်တစ်ဦးအား ခေါ်ယူပြီး စာရင်းစာအုပ်ကို စစ်ဆေးကြည့်သည်နှင့် ဤပစ္စည်းများသည် ရှုမိသားစု၏ပိုင်ဆိုင်မှုဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုလူသည် သူ၏ခေါင်းကိုအုပ်ပြီး ထိတ်လန့်အံ့အားသင့်သွားသည်။ သူ၏နဖူးမှာ ချက်ချင်းဆိုသလို ညိုမည်းစွဲသွားသော်လည်း အကြီးအကဲရှု၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် မဆင်မခြင်မလုပ်ရဲချေ။ ထိုအချိန်တွင် သူ၏နံဘေးတွင် ထိုင်နေသော ကျင်းယွင်ကျောင်းမှ တိုးညင်းစွာ မေးလိုက်သည်။
“ကျွန်မဦးလေးကြီးကို လာဘ်ယူတယ်လို့ စွပ်စွဲရအောင် ရှင်တို့မှာ ဘာသက်သေများရှိလဲ သိချင်မိတယ်”
“မြို့တော်ဝန်ရှုက ခင်ဗျားကို လက်ကောက်တစ်ကွင်း ဝယ်ပေးဖို့ ငွေအများကြီးသုံးခဲ့တယ်မှတ်လား?”
ထိုလူမှ သူမကို သတိပေးလိုက်သည်။
မြို့တော်ဝန်ရှုမှာ အခြားပြည်နယ်ခေါင်းဆောင်များနှင့် တစ်တန်းတည်းဖြစ်သည်။ လူများစွာရှေ့တွင် သာမန်မြို့တော်ဝန်တစ်ဦးကသာ ယွမ် ၂ သိန်းတန် နာရီတစ်လုံးဝတ်ပါက ဆွေးနွေးဝေဖန်ခံရမည်မှာ သေချာပေသည်။ သို့သော် ရှုယွမ်ထက်သည် ယွမ် ၁၀ မီလီယံတန်သော ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ဝယ်ယူခဲ့၏။ ထိုကျောက်စိမ်းအတွက် ပြေစာမှာလည်း စစ်ဆေးရေးထံသို့ ထည့်သွင်းထားသဖြင့် ထိုပြေစာမှာ အစစ်ဖြစ်ကြောင်း သက်သေရှိလေသည်။
“ကျောက်စိမ်းလက်ကောက်ကြောင့်ကိုး...”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ပြုံးလိုက်၏။
Space and Rebirth 1092
“စစ်ဆေးချင်သပဆိုလည်း ကျွန်မသိထားသလောက်ကို ပြောပြတာပေါ့၊ ကျွန်မတို့ရှုမိသားစုက ချမ်းသာတာကို ရှင်တို့လည်း သိထားမှာပဲ၊ ကျွန်မဦးလေးကြီးက ရှုမိသားစုရဲ့ သားအကြီးဆုံးဖြစ်တာမို့ သူ့မှာ ငွေကြေးချမ်းသာတယ်ဆိုတာ မူမမှန်တဲ့ကိစ္စမဟုတ်ဘူး၊ သူသာ ငွေတကယ်လိုရင် ကျွန်မအဘိုးဖြစ်ဖြစ် ကျွန်မဦးလေးအငယ်ဆီကဖြစ်ဖြစ် ချေးနိုင်တာပဲ၊ သူတို့မပြောနဲ့ ကျွန်မကိုယ်တိုင်တောင် သူလိုချင်သလောက် ပမာဏကို ပေးနိုင်တဲ့အစွမ်းရှိတယ်၊ ကျွန်မတို့ ဘယ်မိသားစုဝင်မဆို ကူညီနိုင်တဲ့အနေအထားမှာ သူက အဲ့လိုမျိုးစွန့်စားစရာလိုတယ်တဲ့လား?”
ယခုအချိန်တွင် ကျင်းယွင်ကျောင်းသည် လုံးဝအေးဆေးတည်ငြိမ်နေလေပြီ။
ဤကိစ္စသည် မလေးနက်ပါချေ။ ပုံမှန်စစ်ဆေးရေးတစ်ခုသာဖြစ်၏။ ရှန်ရှီ၏ရည်ရွယ်ချက်အစစ်အမှန်မှာ ဤစစ်ဆေးရေးကို အသုံးပြုပြီး ရှုယုအား ခေါ်ထုတ်ရန်ဖြစ်သည်။
သူမဦးလေးအကြီး၏ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အာဏာနှင့် လွှမ်းမိုးမှုမှာ ပမွှားမဟုတ်ချေ။ နောက်ကွယ်မှလူတစ်ဦးဦးသည် ဤအခွင့်အရေးကိုယူပြီး သူ၏နာမည်ကိုဖျက်လိုသော်လည်း သူတို့အောင်မြင်နိုင်ချေ မရှိသလောက်နီးပါးဖြစ်၏။
ကျောက်စိမ်းလက်ကောက်အတွက် ပြေစာတစ်ခုသည် မည်သည့်အရာကို သက်သေပြနိုင်မည်နည်း?
သူမဦးလေးအကြီးသည် အခြားသူများထံမှ ငွေလက်ခံထားကြောင်း သက်သေအခိုင်အလုံမပြနိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ပါချေ။
“မင်း? မင်းကများ မြို့တော်ဝန်ရှုကို ဘယ်လိုကူညီနိုင်မှာလဲ?”
စစ်ဆေးရေးကို ဦးဆောင်သောလူသည် ဤမိန်းကလေးစနောက်နေသည်အထင်နှင့် အလေးအနက်မထားဘဲ မေးလိုက်သည်။
“ရှင်တို့အစိုးရအရာရှိတွေက တကယ်မေ့လွယ်တာပဲ၊ မကြာသေးခင်ကတင် ကျွန်မဦးလေးအကြီးအတွက် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီနာမည်နှင့် ရှင်တို့ဆီကို ယွမ် ၈ မီလီယံလှူထားခဲ့တယ်လေ၊ အခုတော့ ရှင်တို့က ကျွန်မဦးလေး နောက်ကြောင်းကို လိုက်စုံစမ်းနေပြီ၊ တကယ် တတ်လည်းတတ်နိုင်ကြတာပဲ”
ကျင်းယွင်ကျောင်းသည် အေးစက်စွာဖြင့် ဟမ့်ခနဲ အသံပြုလိုက်သည်။
ထိုလူသည် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီဟု ကြားလိုက်သည်နှင့် မျက်နှာပြောင်းသွား၏။
အစိုးရ၏အမြင်အရ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီမှာ စစ်တပ်၏ကာကွယ်မှုအောက်တွင်ရှိသော ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီက စာရိတ္တမဖောက်ပြားသရွေ့ သူတို့အား သွားရောက်စော်ကား၍မဖြစ်ပါပေ။
ဧကန္တ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီနောက်ကွယ်မှ သူဌေးမှာ အမှန်တကယ်ပင် မြို့တော်ဝန်ရှု၏တူမဖြစ်နေသလော?
ဤမိန်းကလေးမှာ သာမန်မိန်းကလေးဖြစ်ဟန်မတူချေ။ ယုတ္တိကျကျပြောရလျှင် ဤကဲ့သို့ အုတ်သောင်းအုတ်နင်းဖြစ်နေသည်ကို သူမသည် ပြာယာခတ်နေရမည်မဟုတ်လော။ သို့ရာတွင် သူမသည် အစမှအဆုံးထိ အလွန်ပင် တည်ငြိမ်နေခဲ့ပြီး သူမ၏အရှိန်အဝါသည် လူများစွာကိုပင် ဖိနှိပ်နိုင်စွမ်းရှိ၏...
အသက်အပိုင်းအခြားတစ်ခုရှိသော်လည်း ရှုမိသားစုသည် အမြဲတစေ ပါရမီရှင်များကို မွေးထုတ်ပေးတတ်သည်။
ရှုယွမ်ထက်သည်လည်း ဆယ်ကျော်သက်အရွယ်တွင် နာမည်တစ်လုံးရခဲ့လေသည်။ သူသည် အသက် ၂၀ ဝန်းကျင်တွင် အရာရှိတစ်ဦးဖြစ်လာစဥ်က အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးနှင့်လေပြီ။ သူသည် အခြားသူများ၏အမြင်တွင် နိုင်ငံရေးလောက၏ ဂုဏ်ယူစရာလူတစ်ဦးဖြစ်ခဲ့သည်။
ရှုဝမ်ချန်းမှာလည်း စီးပွားရေးလောကတွင် ဆရာတစ်ဆူဖြစ်လေသည်။ ထို့ကြောင့် ရှုမိသားစုတွင် နောက်ထပ် ဉာဏ်ကြီးရှင်တစ်ဦး ရှိနေသည်မှာ အံ့သြစရာမရှိပါချေ။
ပြောရလျှင်မူ ရှုယွမ်ထက်မှ လာဘ်ပေးလာဘ်ယူရှိကြောင်း တိုင်ကြားချက်ကို သူတို့သည်လည်း မယုံကြည်ပါပေ။ သူ့တွင် ချမ်းသာကြွယ်ဝသော ညီတစ်ဦးရှိနေသဖြင့် ထိုသို့လုပ်ရန် မလိုသောကြောင့်ဖြစ်သည်။
ဤတစ်ခေါက်တွင် ပုံမှန်စစ်ဆေးရေးဝင်ခြင်းသာဖြစ်၏။ သူတို့သည် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအခိုင်အမာ မရှိသရွေ့ ကျောက်စိမ်းလက်ကောက်တစ်ကွင်းတည်းဖြင့် ရှုယွမ်ထက်အား စွပ်စွဲဖမ်းဆီးရန် မဖြစ်နိုင်ပါချေ။ ရှုယွမ်ထက်၏ မိသားစုပိုင်ဆိုင်မှုများမှာ အခြားသူများနှင့် အလွန်ကွာခြားလှသည်မဟုတ်လော...
ဤလူများသည် မေးခွန်းအနည်းငယ်ခန့် ထပ်မေးပြီး နောက်ဆုံးတွင် ရှုယုအကြောင်း မေးပြန်သည်။
သို့သော် ကျင်းယွင်ကျောင်းသည် မူလကပြောခဲ့သလိုပင် ရှုယုမည်သည့်နေရာတွင် ရှိနေသည်ကို မသိကြောင်းသာ ပြန်ဖြေခဲ့၏။
ရှုယုအား ပိတ်လှောင်ထားခဲ့သူမှာ ကျင်းယွင်ကျောင်းဖြစ်ကြောင်း လာရောက်သက်သေထွက်ဆိုကြသော အစေခံများ ရှိကြသော်လည်း သူတို့သည် ရှုမိသားစုအိမ်အား မြေလှန်ရှာလျှင်ပင် ရှုယုအား မတွေ့ကြချေ။ ထို့ကြောင့် မည်သူကမှ သူမကို ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေကြ၏။
ဤရှာဖွေမှုသည် အသံသာကျယ်ပြီး အဆံမရှိသောကြောင့် မကြာမီတွင် လူစုခွဲလိုက်ရတော့သည်။
ရှန်ရှီ၏မျက်နှာသည် စိတ်ပျက်ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အစက ဤအခွင့်အရေးကိုအသုံးချပြီး ရှုယုအား ခေါ်ထုတ်ချင်မိသည်။ ထိုတင်မက ရှုယွမ်ထက်အား ခြစားမှုဖြင့် မစွပ်စွဲနိုင်လျှင်ပင် သူသည် ရက်စက်သောယောက်ျားတစ်ဦးဖြစ်ကြောင်း လူအများအား သူမပေးသိနိုင်ပေသည်။ ထိုသို့ဆိုလျှင် သူမသည် မီဒီယာရှေ့တွင်ဖြစ်စေ သူငယ်ချင်းများရှေ့တွင်ဖြစ်စေ ပြောဆိုသောအရာမှန်သမျှသည် အလွန်ယုံကြည်စရာကောင်းပေမည်။ သို့သော် ယခုတွင် ရှုယု၏အရိပ်အယောင်ကိုပင် မတွေ့ရချေ!
ရှောင်တခင်ဝင်ရောက် ရှာဖွေခြင်းဖြစ်သောကြောင့် ကျင်းယွင်ကျောင်းသည်လည်း သူ့အား ဝှက်ထားရန် အချိန်မရှိလောက်ပါပေ!
“ကျင်းယွင်ကျောင်း ဒါမပြီးသေးဘူး၊ အားယု ပျောက်နေတယ် သူ့ကိုရှာဖို့ ငါလူတွေလွှတ်ဦးမှာ နင်စောင့်နေလိုက်၊ အားယု တစ်ခုခုဖြစ်ရင် နင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်မှတ်”
ရှန်ရှီ၏တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ သူမအနာဂတ်သည် မှုန်ရီဝိုးတဝါးဖြစ်နေကြောင်း သူမခံစားမိလိုက်၏။
သူမသည် တစ်လှမ်းမျှသာ လိုတော့ပေသည်။ တစ်လှမ်းမျှသာလို၏!