အခန်း (၄၀၃-၄၀၄)
Vol. 41 Ch. 403-404
အခန်း (၄၀၃) - အောက်လမ်းရေစီးကြောင်းနှင့် ထူးဆန်းသောပညာရှင်များ ၊ လုံကျူ ၊ လိမ္မော်ရောင်ကြောင်၏ ရှုပ်ထွေးလှသော နောက်ခံသမိုင်း
တည်းခိုခန်းအတွင်း၌ လူများမှာ အဝင်အထွက် အမြဲမပြတ် ရှိနေသည်။
လီယန်ချူသည် ထိုလူအချို့ကို သတိမထားမိဘဲ စုရွှန်းချင်းကို သတ်ပြီးနောက် ရရှိခဲ့သည့် ရှေးဟောင်းကျောက်စိမ်းပြားကို ဆိုင်ရှင်မအား ပေးအပ်ပြီးနောက် ချင်းယွန်းတာအိုကျောင်းသို့ ပြန်သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ရုပ်ရည်သန့်ပြန့်သော လူငယ်လေးတစ်ဦးသည် သူ၏နောက်တွင် ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းလှသော လူသန်ကြီးတစ်ဦးကို ခေါ်ဆောင်၍ ထိုက်ဖင်တည်းခိုခန်းအတွင်းသို့ အေးအေးလူလူ လမ်းလျှောက်ဝင်လာပြန်သည်။
ထိုလူငယ်မှာ အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အထက်တန်းစား မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသူကဲ့သို့ အမူအရာတိုင်းတွင် မြင့်မြတ်သော အရှိန်အဝါများ ကိန်းအောင်းနေသည်။
သူ၏နောက်မှ လူသန်ကြီးမှာမူ အရပ်ကိုးပေခန့် မြင့်ပြီး ခြေလက်များမှာ အလွန်ပင် ကြီးမားလှကာ မျက်ဝန်းများမှာလည်း ကြေးခေါင်းလောင်းများကဲ့သို့ပင်။
ထိုလူသန်ကြီး ထိုင်လိုက်သည်နှင့် တည်းခိုခန်းအတွင်းရှိ လူအများအပြား၏ ဝိုင်းအုံကြည့်ရှုခြင်းကို ခံလိုက်ရတော့သည်။
ဆိုင်ရှင်မသည် ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော သူမ၏မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီနေ့ ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းတဲ့သူတွေ များနေရတာလဲ။
ဝေမြို့သည် နတ်ဘုရားနယ်မြေ နှစ်ကြိမ်တိုင်တိုင် ပေါ်ထွက်ခဲ့ပြီးကတည်းက ကျင့်ကြံသူများ စုဝေးရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ဝပ်နေသောကျား ပုန်းနေသောနဂါး ပညာရှင်များစွာ ရှိနေသည်ဟု ဆိုနိုင်သော်လည်း
ထိုကျင့်ကြံမှု နယ်မြေများ၏ လွှမ်းမိုးမှုမှာ ဝေမြို့တစ်ခုတည်းတင် မကဘဲ ပတ်ဝန်းကျင်ရှိ မြို့နယ်အတော်များများအထိ ပျံ့နှံ့နေခြင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ ထူးခြားသော လူစွမ်းကောင်းများ တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ အတော်လေးကို သိသာထင်ရှားလှသည်။
ထိုလူများမှာ တစ်ဦးနှင့်တစ်ဦး သိကြပုံမရချေ။
သူတို့၏ အကြည့်များ ဆုံမိသည့်အခါတိုင်း လေထုထဲတွင် မသိမသာသော စွမ်းအားလှိုင်းများ စီးဆင်းနေကြသည်။
နန်းတွင်းဝတ်စုံ ဆင်မြန်းထားသော အမျိုးသမီးတစ်ဦး တည်းခိုခန်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်လာသည့်အခါတွင်မူ အခြေအနေများမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။
ဦးထုပ်ဆောင်းထားသော သိုင်းသမား၊ ဖုန်းရွှေဆရာ၊ နွမ်းဖတ်ဖတ် တာအိုအိုကြီး၊ အစိမ်းရောင်ဝတ်စုံနှင့် လူငယ်လေးနှင့် လူသန်ကြီးတို့၏ အကြည့်များမှာ ထိုအမျိုးသမီးထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြသည်။
"ဟင် "
"ဝေမြို့လို နေရာလေးမှာတောင် ကျင့်ကြံသူတွေ ဒီလောက် အများကြီး စုနေပါလား၊ စိတ်ဝင်စားဖို့ကောင်းတယ်"
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးက ပြုံးလျက် ရေရွတ်လိုက်သည်။
"ဒီအရူးမက ဘာလို့ ဒီကို ရောက်နေတာလဲ "
သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားပုံရသော သိုင်းသမားမှာ မျက်နှာပျက်သွားပြီး တိုးတိုးလေး ဆဲရေးကာ ငွေပေးချေ၍ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ချီကဲဘက်ဂိုဏ်း ၏ ကောင်းကင်ဘုရင် လေးပါးထဲမှ တစ်ဦးဖြစ်ပြီး
အတင့်ရဲဆုံးနှင့် အာဏာအရှိဆုံးဖြစ်သော စူးတု ပင် ဖြစ်သည်။
သက်လတ်ပိုင်း ဖုန်းရွှေဆရာမှာလည်း သူမနောက်မှ ကပ်၍ တည်းခိုခန်းအတွင်းမှ ထွက်သွားသည်။
၎င်းနောက်တွင် နွမ်းဖတ်ဖတ် တာအိုအိုကြီး ထွက်သွားပြန်သည်။
အစိမ်းရောင်ဝတ်စုံနှင့် လူငယ်လေးမှာမူ မည်သို့မျှ မလှုပ်ရှားဘဲ လူသန်ကြီးနှင့်အတူ အေးအေးဆေးဆေး အရက်သောက်နေကာ တုန်လှုပ်ခြင်း မရှိချေ။
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် နူးညံ့လှသော ခြေလှမ်းများဖြင့် လူငယ်လေး၏ ဘေးသို့ လျှောက်လာပြီး ထိုင်လိုက်သည်။
"မင်းက ဘယ်မိသားစုကလဲ၊ မြင်ဖူးသလို မရှိဘူးနော်"
လူငယ်လေးက ခေါင်းအသာမော့၍ အမျိုးသမီးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်
"မင်း ငါ့ကို မေးနေတာလား "
အမျိုးသမီးက ပြုံးလျက်
"ဒီမှာ မင်းတို့ နှစ်ယောက်ပဲ ရှိတာလေ၊ ဒါမှမဟုတ် မင်းက နားမကြားလို့လား "
လူငယ်လေးက အေးစက်စွာ ပြောလိုက်သည်
"ငါ့မျိုးရိုးက လုံ ပဲ"
ဤတစ်ကြိမ်တွင်မူ အံ့သြသွားသူမှာ ထိုအမျိုးသမီး ဖြစ်သွားသည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး
"လုံတုံ က မင်းနဲ့ ဘာတော်တာလဲ"
"ငါ့အစ်မ"
လူငယ်လေးက ဖြေသည်။
အမျိုးသမီး၏ အကြည့်များမှာ ရုတ်တရက် စူးရှသွားပြီး လူငယ်၏ မျက်နှာကို စိုက်ကြည့်ကာ
"ကောင်းပြီ၊ ဒါဆို မင်းက နံပါတ်ရှစ်လား၊ ဒါမှမဟုတ် နံပါတ်ကိုးလား "
လူငယ်လေးက အေးစက်စွာ ပြောလိုက်သည်
"ငါက မိသားစုထဲမှာ အငယ်ဆုံးပဲ၊ အဆင့် နံပါတ်ကိုး ပေါ့"
အမျိုးသမီးက ရယ်မောလိုက်သည်။
"မင်းတို့ မိသားစုက မင်းကို အပြင်ထွက်ခွင့် ပေးလိုက်တယ်ပေါ့... မင်း ရှိနေရင်တောင် ဒီပစ္စည်းကိုတော့ ငါ အပိုင်ယူမှာပဲ"
လူငယ်လေး၏ အကြည့်များမှာ တည်ငြိမ်နေပြီး အေးဆေးစွာ ပြောလိုက်သည်
"အခု ခေတ်ကာလက ပြောင်းသွားပြီ၊ ယင်ဝိညာဉ် အထွတ်ထိပ် ကျင့်ကြံသူဆိုတာလည်း သိပ်ပြီး အရာရောက်လှတာ မဟုတ်တော့ဘူး၊ ဒီပစ္စည်းက ဘယ်သူ့ပိုင်လဲဆိုတာ ပြောဖို့ ခက်လိမ့်မယ်"
အမျိုးသမီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ပြောလိုက်သည်
"ကောင်းပြီလေ၊ မင်းတို့ မိသားစုဝင်တွေကတော့ အရင်အတိုင်း မောက်မာနေတုန်းပဲ"
သူမသည် ဤသို့ပြောပြီးနောက် ချက်ချင်းပင် ထရပ်၍ ထွက်ခွာသွားတော့သည်။
သို့သော် သူမ ထွက်ခွာခါနီးတွင် လူသန်ကြီးအား အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်များ အပြည့်ပင်
"ဟွန့် "
အမျိုးသမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ထိုအခါ လူသန်ကြီး၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ အောင့်ထားရပုံ ပေါ်သည်။
ဆိုင်ရှင်မသည် ထိုဖြစ်ရပ်အားလုံးကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
ဤလူနှစ်စုသာ မဆင်မခြင် တိုက်ခိုက်ကြလျှင် သူမ၏ တန်ဖိုးကြီး လှပသော စားပွဲကုလားထိုင်များ ကြေမွသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာပင်
ထိုလူငယ်လေးမှာ နောက်ခံအင်အား တောင့်တင်းပုံရသဖြင့် စကားနာထိုးရုံနှင့်တင် ကိစ္စပြတ်သွားခဲ့သည်။
အခြားတစ်ဖက်တွင်။
လီယန်ချူသည် ချင်းယွန်းတာအိုကျောင်းသို့ ပြန်ရောက်သည့်အခါ ကျောင်းအတွင်းရှိ တိတ်ဆိတ်အေးချမ်းသော အငွေ့အသက်များကြောင့်
ချက်ချင်းပင် စိတ်ကြည်လင်လန်းဆန်းသွားရသည်။
"ဒါနဲ့... ငါ မင်းရဲ့ နာမည်ကို အခုထိ မသိသေးဘူးနော်"
လီယန်ချူက လိမ္မော်ရောင်ကြောင်ကလေးကို ကြည့်ကာ မေးလိုက်သည်။
"ဟေ့... ဟေ့..."
လို့ပဲ အမြဲ ခေါ်နေလို့ မဖြစ်ဘူး မဟုတ်ပါလား။
"တောင်နတ်ဘုရား"
ဟု ၎င်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ဘယ်က တောင်နတ်ဘုရားလဲ၊ မင်းအမေကတောင် မင်းကို အဲဒီရာထူး လက်ဆင့်မကမ်းခဲ့ပါဘူး။
"ဒါမှမဟုတ် ငါ မင်းကို နာမည်တစ်ခု ပေးရမလား "
လီယန်ချူက စမ်းသပ်မေးမြန်းလိုက်သည်။
လီယန်ချူသည် အိမ်မွေးတိရစ္ဆာန် မွေးရသည်ကို ဝါသနာမပါသော်လည်း ထိုကြောင်ကလေး၏ လက်သီးချက်များမှာ မြန်ဆန်ပြီး ပြင်းထန်လှသဖြင့် သူမကို အနားတွင် ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဟွန့်... နင်က ဘာနာမည်များ ပေးနိုင်မှာမို့လို့လဲ"
ဟု လိမ္မော်ရောင်ကြောင်ကလေးက အထင်သေးစွာ ပြောလိုက်သော်လည်း ခဏအကြာတွင် လေသံအနည်းငယ် ပျော့သွားသည်
"ကဲ... ပေးကြည့်လေ၊ လက်ခံမခံဆိုတာကတော့ ငါ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်မယ်"
"သူတို့ ပြောတာကို နားထောင်ရသလောက်တော့ မင်းက ကြောင်မလေးပဲ၊ ပြီးတော့ မင်းရဲ့ အမွှေးအမျှင် ပုံစံအရ... မင်းကို ပန်းပု လို့ ခေါ်ရင် ဘယ်လိုလဲ"
"အော့ နင့်မှာ စိတ်ဝေဒနာတစ်ခုခု ရှိနေတာလား၊ နာမည်အသစ် ပြန်ပေးစမ်း "
လိမ္မော်ရောင်ကြောင်က မြေပြင်ကို ခြေသည်းဖြင့် အပြင်းအထန် ကုတ်ခြစ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
လီယန်ချူက နှာခေါင်းရှုံ့လိုက်သည်။
ဤကြောင်၏ စရိုက်မှာ အတော်လေး ဆိုးလှသော်လည်း သူက အရေးမလုပ်ဘဲ ဆက်ပြောလိုက်သည်
"မင်းက ပန်းပု ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာမရှိဘူး ထင်နေတာလား၊ ဒါဆိုရင် ခဏစဉ်းစားဦးမယ်... ကြောင်ကိုး ဒါမှမဟုတ် ကြောင်တောင်မြောက် လို့ ခေါ်ရင်ရော၊ ဒီနာမည်နှစ်ခုလည်း မဆိုးဘူးနော်"
သူက နာမည်နှစ်ခုကို တစ်ပြိုင်နက်တည်း ပြောလိုက်သည်။
ကြောင်ကိုး ဆိုသည့် နာမည်မှာ တောင်နတ်ဘုရားက ခေါ်ဆောင်သွားပြီး ကျင့်ကြံနေသော သူ၏ တပည့်ဖြစ်သူ ဖုန်းကျိုး ၏ အမည်ကို အစွဲပြု၍ ပေးလိုက်ခြင်း ဖြစ်သည်။
လိမ္မော်ရောင်ကြောင်မှာ ခဏတာ မှင်သက်သွားပြီး
"ကြောင်တောင်မြောက် ဆိုတဲ့ နာမည်က မဆိုးဘူးပဲ "
လီယန်ချူက မျက်လုံးများ တောက်ပသွားပြီး ရှင်းပြလိုက်သည်
"ဟုတ်တယ်မလား၊ သာမန်လူတွေက ခွေးတွေကို ခွေးမသား လို့ ခေါ်ကြတာဆိုတော့၊ မင်းကို ကြောင်တောင်မြောက် လို့ ခေါ်လိုက်ရင် တကယ့်ကို လိုက်ဖက်ညီသွားတာပေါ့"
လိမ္မော်ရောင်ကြောင်မှာ ဒေါသထွက်သွားပြီး လီယန်ချူကို ကုတ်ရန် ခုန်တက်လိုက်တော့သည်။
သို့သော်လည်း
၎င်းမှာ အလွန်ပင် လျင်မြန်လှသော်လည်း လီယန်ချူမှာ နတ်ဘုရားခြေလှမ်း အတတ်ကို ကျင့်ကြံထားသော ကျွမ်းကျင်သူဖြစ်ရာ တစ်ယောက်နှင့်တစ်ကောင်မှာ ခြံဝင်းအတွင်း၌ အရိပ်များ ထင်ကျန်ရစ်သည်အထိ ပြေးလွှားနေကြသည်။
အချိန်အတော်ကြာသည့်တိုင်အောင် ကြောင်ကလေးမှာ လီယန်ချူကို မဖမ်းမိချေ။
"ဒီလို စတိုင်မျိုးကို မကြိုက်ရင်လည်း ကိစ္စမရှိပါဘူး၊ ဥပမာ အသီနာ ၊ ဆိုင်ဝင်ကျီ၊ ဝမ်ကျောက်ကျွင်း... ဒီလို နာမည်မျိုးတွေကရော ဘယ်လိုလဲ "
လီယန်ချူက အော်ပြောလိုက်သည်။
"အင်း... ဒါမှမဟုတ် မုန့်ချီ လို့ ခေါ်ရင် ပိုကောင်းမလား"
လီယန်ချူမှာ အချိန်အတော်ကြာအောင် နာမည်ပေးနေသော်လည်း မာနကြီးသော ကြောင်ကလေးထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိသဖြင့် လှည့်ကြည့်လိုက်ရာ ၎င်းမှာ နေရာတွင်ပင် ရပ်နေပြီး တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
လီယန်ချူသည် သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှု၊ နောင်တရမှုနှင့် အားကိုးရာမဲ့မှု စသည့် ခံစားချက်ပေါင်းစုံကို မြင်လိုက်ရသည်။
"ဒီလောက်ထိတော့ မဟုတ်ပါဘူး၊ နာမည်ပေးရုံတင်ပါ၊ မင်းရဲ့ အမူအရာက သိပ်ပြီး လေးလံနေပြီ"
လီယန်ချူက သူမ၏ ခေါင်းကို အသာပွတ်ပေးရန် ရှေ့သို့ တိုးသွားသော်လည်း သူတို့မှာ ထိုမျှအထိ မရင်းနှီးသေးကြောင်း သတိရသဖြင့်
နောက်ပြောင်ရုံသာ နောက်ပြောင်လိုက်သည်။
လိမ္မော်ရောင်ကြောင်မှာ နားရွက်ကလေးများ လှုပ်ခတ်သွားပြီး သတိပြုမိသွားပုံရသည်။
သူမသည် လှည့်ကြည့်လိုက်ပြီး လီယန်ချူ၏ ဘေးတွင် ထိုင်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်
"တကယ်တော့...ငါ့မှာ နာမည်ရှိပါတယ်၊ ငါ့ရဲ့ နာမည်ရင်းက လီကျွေ့ဟွာ တဲ့"
လီယန်ချူ၏ နှုတ်ခမ်းများမှာ မသိမသာ တုန်ခါသွားသည်
"လီကျွေ့ဟွာ "
ဒါက လူနာမည် မဟုတ်ဘူးလား။
မင်းက ကြောင်တစ်ကောင်လေ။
"နင်က ငါ့ရဲ့ နာမည်ရင်းကို သိခွင့်ရတဲ့ ပထမဆုံးလူပဲ..."
လိမ္မော်ရောင်ကြောင်က သူ့ကို စိုက်ကြည့်ရင်း အမူအရာ ပြောင်းလဲသွားသည်
"ဒီနာမည်က ငါ့အမေ ပေးထားတာ၊ နားထောင်လို့ ကောင်းလား "
"ကောင်းတာပေါ့၊ နားထောင်လို့ အရမ်းကောင်းတယ်"
လီယန်ချူက စိတ်ရင်းမဟုတ်သော်လည်း ခေါင်းကို အတင်းငြိမ့်ပြလိုက်သည်။
သို့သော်လည်း သူ၏ မျက်နှာပေါ်မှ အပြုံးက သူ၏ စိတ်ရင်းကို ဖော်ပြနေတော့သည်။
လိမ္မော်ရောင်ကြောင်က သူ့ကို စိုက်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်
"ငါ ပြန်စဉ်းစားကြည့်လိုက်တာ... နာမည် မပြောင်းတော့ပါဘူး၊ ဒါဟာ ငါ့အမေ ပေးထားတဲ့ နာမည်ပဲ၊ ဒီအတိုင်းပဲ ခေါ်ပါတော့"
လိမ္မော်ရောင်ကြောင်၏ အမူအရာမှာ အတိတ်ကို လွမ်းဆွတ်နေပုံ ရသည်။
လီယန်ချူက စပ်စုလိုက်သည်
"မင်းက ဘာဖြစ်လို့ မျိုးရိုးအမည် လီ ဖြစ်နေရတာလဲ၊ မင်းအဖေက လူသားလား "
လိမ္မော်ရောင်ကြောင်က ခေါင်းခါလိုက်သည်
"ငါ့အမေက တစ်ခါမှ မပြောဖူးဘူး၊ ငါ့အဖေက တန်ခိုးအာဏာ အရမ်းကြီးတယ်၊ အရင်က ကိစ္စကြီးတစ်ခု လုပ်ဖို့ ထွက်သွားတာလို့ပဲ ပြောတယ်၊ မဟုတ်ရင် ငါတို့ကို လာခေါ်ပြီးပြီတဲ့"
ကြောင်တစ်ကောင်မှာတောင် ဒီလောက် ရှုပ်ထွေးတဲ့ နောက်ခံသမိုင်း ရှိနေပါလား... လီယန်ချူက ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
အခန်း (၄၀၄) - လက်ရည်စမ်းခြင်း ၊ သမိုင်းတစ်လျှောက် အမြန်ဆုံး ဗရမ်းဗတာလက်သီး ၊ မှုခင်းရုံးတော် ၊ အမျိုးသမီးများ ပျောက်ဆုံးမှုအမှု
နတ်ဘုရားကျင့်ကြံခြင်းလောကတွင် လူနှင့် မိစ္ဆာတို့၏ အချစ်ဇာတ်လမ်းများမှာ အခြေခံကိစ္စရပ် တစ်ခုသာ ဖြစ်သည်။
ကျင့်ကြံသူအတော်များများမှာပင် ထိုသို့သောကိစ္စမျိုးကို ဂုဏ်ယူစရာတစ်ခုအဖြစ် မှတ်ယူထားကြသည်။
မြေခွေးမလေးတွေက ညှို့ဓာတ်ပြင်းသလို၊ ယုန်မလေးတွေကလည်း မဆိုးလှချေ၊ အို... ကြောင်မလေးတွေကလည်း မဆိုးလှပါပေ။
ထိုကဲ့သို့သော ကိစ္စရပ်များကို မည်သူကမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြချေ။
အထူးသဖြင့် လူအဖြစ်သို့ လုံးဝဥဿုံ အသွင်ပြောင်းနိုင်သည့် တန်ခိုးကြီးသော မိစ္ဆာကြီးများအတွက်ဆိုလျှင် ပို၍ပင် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် လိမ္မော်ရောင်ကြောင်ကလေး၏ အဖေမှာ လူသားလား၊ မိစ္ဆာလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဖြစ်နိုင်သည်မှာ မိစ္ဆာကြီးတစ်ကောင်က လူ့လောကထဲတွင် လှည့်လည်သွားလာရင်း နာမည်အတုတစ်ခု အသုံးပြုခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
တစ်ယောက်နှင့်တစ်ကောင် ပြောစရာစကား သိပ်မရှိသဖြင့် လီယန်ချူသည် သူမအား သူမအတွက် ပြင်ဆင်ပေးထားသော အခန်းသို့ ခေါ်သွားခဲ့သည်။
ထို့နောက် သူကိုယ်တိုင်လည်း မိမိအခန်းထဲသို့ ပြန်လာခဲ့တော့သည်။
ယခုတစ်ခေါက် မိစ္ဆာနှင်ရန် ထွက်ခွာခဲ့စဉ်က အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာအင်အားစုတစ်ခုနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသည်။
သူတို့သည် လူ့လောကထဲတွင် မိစ္ဆာနိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
“နုကျွင်းကျွယ် ရှိနေမှတော့... ဒါဟာ ချီချင်း ( ခံစားချက် ၇ မျိုး ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ လိုချင်တပ်မက်ခြင်း) အလိုက် အစဉ်လိုက် သတ်မှတ်ထားတာလား မသိဘူး”
(နုကျွင်းကျွယ်က တရုတ်လို ဒေါသအရှင်ပါ)
“တကယ်လို့ အချစ်အရှင် သာ ရှိခဲ့ရင်... အဲဒါက တော်တော်လေးတော့ ကလေးဆန်တဲ့ အမည်မျိုး ဖြစ်နေမှာပဲ”
လီယန်ချူက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
၎င်းအပြင် မော့ယွန်းတာအိုဆရာ၏ နောက်ကွယ်ရှိ အင်အားစုမှာလည်း အတော်လေး ကြီးမားပုံရသည်။
တာအိုဂိုဏ်း၏ ထင်ရှားသော ပညာရှင်ကြီးတစ်ဦးကိုပင် မိစ္ဆာလမ်းစဉ် ထဲသို့ လိုလိုလားလား ကျဆင်းသွားအောင် လုပ်နိုင်သည်ဆိုလျှင် နောက်ကွယ်ရှိ အကျိုးအမြတ်မှာ မည်မျှပင် ကြီးမားလိုက်ပါသနည်း။
ယင်ဝိညာဉ် အထွတ်အထိပ် အဆင့်မှာတင် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရသည့် ပညာရှင်ကြီးပေါင်း မည်မျှများများမှာ ထိုသွေးဆောင်မှုအောက်တွင် ဒူးထောက်ဝင်ရောက်သွားကြပြီနည်း။
ဤအချက်မှာ တွေးကြည့်လေ၊ ကြောက်စရာကောင်းလေ ဖြစ်နေသည်။
လီယန်ချူသည် ပို၍ပင် စိုးရိမ်လာမိသည်။
ယခုခေတ်ကာလမှာ ပို၍ပို၍ မငြိမ်မသက် ဖြစ်လာနေသဖြင့် မိမိ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်မှာ လက်ငင်းလုပ်ဆောင်ရမည့် အရေးကြီးကိစ္စ ဖြစ်လာပြီဖြစ်သည်။
အရာအားလုံးကို အမြဲတမ်း အားကိုးချက် တွေနဲ့ပဲ အနိုင်ယူနေလို့ မဖြစ်ချေ။
အဲဒါကလည်း အရမ်းလွယ်ကူလွန်းနေသလိုပဲ။
သူသည် ယခုတစ်ခေါက်တွင် မိုးကြိုးငါးပါးအဆောင် ကို အသုံးပြု၍ ဖုန်းတူး မှ လာသော ထူးဆန်းသည့် အမျိုးသမီးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး နောက်ဆုံးတွင် ရှေးဟောင်းကျောက်စိမ်းပြား တစ်ခုကို ရရှိခဲ့သည်။
ထိုကျောက်စိမ်းထဲတွင် စစ်မှန်သော ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေပြီး တောင်စဉ်တောင်တန်းများကဲ့သို့ ခိုင်ခံ့လေးနက်လှသည်။
၎င်းမှာ စစ်မှန်သောယန် သဘောသဘာဝ ရှိသည်။
အောက်လမ်းလောက မှ တားမြစ်ထားသော ဖြစ်တည်မှုတစ်ခုက အဘယ်ကြောင့် ထိုကဲ့သို့သော ယန်သဘောဆောင်သည့် ရတနာကို ထိန်းသိမ်းထားနိုင်ရသနည်းဆိုသည်မှာမူ စဉ်းစားစရာပင်။
မည်သို့ပင်ဖြစ်စေ၊ ထိုအရာမှာ ကျင့်ကြံခြင်းအတွက် အလွန်ပင် အကျိုးရှိလှသည်။
သူသည် ဆိုင်ရှင်မကို ပေးအပ်လိုက်ခြင်းမှာလည်း သူမ၏ ခွန်အားများကို မြှင့်တင်စေလိုသောကြောင့် ဖြစ်သည်။
မဟုတ်လျှင် ထိုမငြိမ်မသက်ဖြစ်နေသော ခေတ်ကာလတွင် မည်သည့် ထူးဆန်းသော ကိစ္စရပ်များ ဖြစ်လာဦးမည်ကို မည်သူမျှ မသိနိုင်သောကြောင့်ပင်။
ဤရတနာမှာ သူ၏ စိတ်ကြည်လင် ကျောက်စိမ်းပြားနှင့် လုပ်ဆောင်ချက်ချင်း အနည်းငယ် တူညီလှသည်။
သူ့အတွက်မူ ကျင့်ကြံမှုကို ထိခိုက်စေမည်ကို စိုးရိမ်စရာ မလိုချေ။
“နောက်ပိုင်းကျရင် တာအိုပညာရပ်တွေကို ကောင်းကောင်းကျင့်ကြံပြီး ဟွမ်ထင်တာအိုကျမ်း ထဲက အတတ်ပညာတွေကို စောစောစီးစီး နားလည်အောင် ကြိုးစားရမယ်”
လီယန်ချူက စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
မကြာသေးမီက ဝေမြို့တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအားများမှာ ဒီရေတက်သကဲ့သို့ မငြိမ်မသက် ဖြစ်နေသည်။
တစ်ခါတစ်ရံတွင် စွမ်းအားများ ပြည့်လျှံနေသော်လည်း တစ်ခါတစ်ရံတွင်မူ အလွန်ပင် ပါးလျသွားတတ်သည်။
လီယန်ချူသည် တရားထိုင်ရန် ထိုင်လိုက်သည့်အခါတွင် သူ၏ မျက်မှောင်မှာ မသိမသာ တွန့်ချိုးသွားတော့သည်။
ယခုအခါ သူ၏ မူလဝိညာဉ် အဆင့်နှင့်ဆိုလျှင် ထိုပြောင်းလဲမှုများကို အလွန်ပင် ရှင်းလင်းစွာ ခံစားမိနေခြင်း ဖြစ်သည်။
“ဒီလို ဝိညာဉ်စွမ်းအား ဒီရေလှိုင်းတွေ ဖြစ်နေတာဟာ... နတ်ဘုရားနယ်မြေ တစ်ခု ထွက်ပေါ်လာတော့မှာမို့လို့လား ”
လီယန်ချူက မျက်မှောင်ကြုတ်မိပြန်သည်။
ဝေမြို့ဆိုသော ထိုနေရာက ဘာများ ထူးခြားနေလို့ နတ်ဘုရားနယ်မြေတွေရဲ့ ဝင်ပေါက်တွေက ဒီနေရာမှာပဲ ခဏခဏ ပေါ်လာနေရတာလဲ။
နောက်ထပ် ပေါ်လာမည့် နတ်ဘုရားနယ်မြေမှာ မည်သို့သော ပုံစံမျိုး ဖြစ်လာမည်ကို သူ အနည်းငယ် စပ်စုချင်လာမိသည်။
တာအိုကျောင်းသို့ ပြန်ရောက်လာခြင်းမှာ လီယန်ချူအတွက် ရှားရှားပါးပါး စိတ်အပန်းပြေမှုကို ပေးစွမ်းသဖြင့် သူ၏ စိတ်အခြေအနေမှာ မသိမသာ တက်ကြွလာပြီး
မူလဝိညာဉ် ကျင့်ကြံမှုတွင် အောင်မြင်မှုသစ် တစ်ခုကို ရရှိခဲ့သည်။
ထိုကိစ္စအတွက် သူကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားရသည်။
ယခင်က သူသည် ဤကမ္ဘာ၏ ကျင့်ကြံခြင်း နည်းလမ်းများမှာ ခြေလှမ်းတစ်လှမ်းချင်းစီ မှန်မှန်သွားရသည်ဟု ယူဆခဲ့သော်လည်း
ယခုအခါတွင်မူ အလျင်စလို လုပ်ခြင်းက ခရီးမရောက်စေဘဲ ဟူသော အမှန်တရားမှာ ကျင့်ကြံခြင်းတွင်လည်း အကျုံးဝင်ကြောင်း သိလိုက်ရသည်။
တာအိုကျင့်ကြံသူတစ်ဦးသည် စိတ်အခြေအနေ တိုးတက်ပြောင်းလဲသွားပါက ကျင့်ကြံမှု အဆင့်အတန်းမှာလည်း လိုက်ပါ မြင့်တက်လာတတ်ခြင်း ဖြစ်သည်။
ဧပြီလ (၁၈) ရက်၊ လေပြေအေးလေး တိုက်ခတ်နေသည်။
လီယန်ချူ ချင်းယွန်းတာအိုကျောင်းသို့ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့ ဖြစ်သည်။
ယခုအခါ ရာသီဥတုမှာ နွေးထွေးလာပြီ ဖြစ်သဖြင့် အပြင်ထွက် လည်ပတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
သို့သော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်း ဝေမြစ်အတွင်းရှိ အလှပြလှေများနှင့် ဖျော်ဖြေရေးလှေများမှာ အတော်လေး နည်းပါးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝေမြို့ အစိုးရရုံးမှ ကြေညာချက်တစ်ခု ထုတ်ပြန်ထားသောကြောင့် ဖြစ်သည်။
ကျန်းကျီယိ ဦးဆောင်သော ရေဓားပြတစ်သိုက်မှာ ဝေမြို့နယ်မြေအတွင်းသို့ စိမ့်ဝင်ရောက်ရှိနေသဖြင့် ခရီးသွား ကုန်သည်များနှင့် အပန်းဖြေနေသော ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ဖြစ်သည်။
ဤ ကျန်းကျီယိ ဆိုသူမှာ မူလက ဖေးယွန်းစီရင်စု ကမ်းရိုးတန်းမှ ပင်လယ်ဓားပြ တစ်ဦးဖြစ်သည်။
ဖေးယွန်းစီရင်စုတွင် ဆိပ်ကမ်းများရှိပြီး ကုန်သွယ်ရေး ထွန်းကားလှသကဲ့သို့
ပင်လယ်ဓားပြများမှာလည်း အလွန်ပင် သောင်းကျန်းလှသည်။
အင်အားစု အကြီးအငယ်ပေါင်းစုံမှာ အချင်းချင်း ရှုပ်ထွေးစွာ ပတ်သက်နေကြပြီး အချို့မှာ နန်းတွင်းရှိ မင်းစိုးရာဇာများ၏ နောက်ကွယ်မှ ထောက်ပံ့မှုကိုပင် ရရှိထားကြသည်။
ထို ကျန်းကျီယိမှာ ထိုအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး၊ မူလက ယန့်ရှန့်အတတ် ကို ကျွမ်းကျင်သော စွန်းကတော် ၏ လက်အောက်ခံ တစ်ဦးဖြစ်သည်။
စွန်းကတော် ကွယ်လွန်သွားပြီးနောက်တွင် လက်အောက်ခံများမှာ အချင်းချင်း တိုက်ခိုက်ကြပြီး အုပ်စုငယ်များစွာ ကွဲထွက်သွားခဲ့သည်။
ထိုစဉ်က ကျန်းကျီယိမှာ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပျောက်ဆုံးသွားခဲ့ရာ မည်သည့်နေရာသို့ ရောက်သွားသည်ကို မည်သူမျှ မသိရှိခဲ့ချေ။
မထင်မှတ်ဘဲ ယခုအခါ ဝေမြို့နယ်မြေတွင် ရေဓားပြတစ်ဦးအဖြစ် ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုသဲလွန်စကို ရှာဖွေတွေ့ရှိရခြင်းမှာလည်း ပိုင်ကျဲမိစ္ဆာနိုင်ငံ မှ ထို မြေခွေးဝါမိစ္ဆာ က သူ၏ လက်ချက်ဖြစ်ကြောင်း မသိရအောင်၊ သတို့သားနှင့် သတို့သမီး အသစ်စက်စက် နှစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ရေဓားပြတစ်သိုက်ကို ငှားရမ်းခဲ့သောကြောင့် ဖြစ်သည်။
ထိုမှတစ်ဆင့် သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ချန်နိုင်ငံ၏ ရေတပ်မှာ အလွန်အမင်း အင်အားတောင့်တင်းလှသည် မဟုတ်သော်လည်း ဤကဲ့သို့သော ဓားပြအုပ်စုများကို နှိမ်နင်းရန်မှာ လုံလောက်လှသည်။
မြို့ဝန်ရှု သည် မြို့တော်သို့ စာပို့ကာ အစိုးရစစ်တပ်ကို စေလွှတ်၍ ဝိုင်းဝန်းနှိမ်နင်းရန် တောင်းဆိုထားပြီး ဖြစ်သည်။
မြို့ဝန်ရှုသည် အန္တရာယ်များလှသော ဝေမြို့တွင် အမြဲတမ်း မယိုင်မလဲ ရပ်တည်နေနိုင်ခြင်းမှာ သူ၏ အလွန်တည်ငြိမ်ပြီး သတိရှိသော လုပ်ဆောင်ချက်များကြောင့်ပင် ဖြစ်သည်။
လီယန်ချူသည် နံနက်ပိုင်းတွင် ကျောင်းအတွင်း၌ လက်သီးပညာ လေ့ကျင့်ပြီး တာအိုတရား ကျင့်ကြံနေသည်။
သူ၏ ထျန်းကန်းလက်ဝါး ပညာမှာ ယခုအခါတွင် ပုန်း ၊ ဖီ ၊ ဖောက် ဟူသော ပညာရပ်ကြီး သုံးမျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းတို့အနက် အမြောက်ဆန်လက်သီးအရှိန်အဝါမှာ အပြင်းထန်ဆုံး ဖြစ်သည်။
လီယန်ချူ၏ ကိုယ်တွင်းရှိ စစ်မှန်သောယန်အတွင်းအား ဖြင့် အသုံးပြုလိုက်သည့်အခါတွင်မူ တကယ့်ကို နတ်ဘုရားနှင့် မိစ္ဆာများပင် အနားမကပ်ရဲလောက်အောင် အစွမ်းထက်လှသည်။
ဘေးနားမှ ကြောင်ကလေး မှာလည်း မှင်သက်စွာဖြင့် ကြည့်နေမိတော့သည်။
"လာလေ... ငါနဲ့ လက်ရည်တစ်ချက်လောက် စမ်းကြည့်မလား "
လီယန်ချူက စိန်ခေါ်လိုက်သည်။
သမိုင်းတစ်လျှောက် အမြန်ဆုံး ဗရမ်းဗတာလက်သီး ပိုင်ရှင်ဖြစ်သော လိမ္မော်ရောင်ကြောင်မလေး ကျွေ့ဟွာသည် ထိုကဲ့သို့သော စိန်ခေါ်မှုကို ငြင်းပယ်မည် မဟုတ်ချေ။
ထို့ကြောင့်
ချင်းယွန်းတာအိုကျောင်း၏ နောက်ဖေးခြံဝင်းအတွင်း၌။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ ဗုန်းဗုန်းဒိုင်းဒိုင်း နှင့် ရိုက်နှက်တိုက်ခိုက်နေကြတော့သည်။
သူတို့၏ လှုပ်ရှားမှုများကို လုံးဝ ရှင်းလင်းစွာ မမြင်ရဘဲ အရိပ်များစွာ ဖြတ်သန်းသွားသည်ကိုသာ မြင်တွေ့ရသည်။
မြည်မည်း ကြီးမှာမူ ဇရပ်အောက်တွင် ပျင်းရိစွာဖြင့် မြက်စိမ်းများကို စားနေပြီး တစ်ခါတစ်ရံတွင် မောက်မာရိုင်းစိုင်းသော အပြုံးမျိုးကို ပြုံးပြတတ်သည်။
“ဟဲဟဲ... အညတရ အမှိုက်တွေပါလား”
ဟု ပြောနေသကဲ့သို့ပင်။
ဗုန်း ဗုန်း ဗုန်း ဗုန်း ဗုန်း
လူနှင့် ကြောင်တို့၏ လက်ရည်စမ်းမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။
ကျွေ့ဟွာသည် ယခုအခါ သူမ၏ ကိုယ်လုံးကို သာမန် ကျားတစ်ကောင် အရွယ်အစားခန့်သာ ထိန်းသိမ်းထားသည်။
သူမ၏ ခန္ဓာကိုယ်ခွန်အားမှာ သူမ၏ အမြင့်ဆုံးအဆင့် နှင့်ဆိုလျှင် အနည်းငယ် ကွာခြားနေပေဦးမည်။
သို့သော်လည်း ၎င်းမှာ လီယန်ချူနှင့် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်ကထက် များစွာ ပိုမိုအစွမ်းထက်နေသေးသည်။
ထိုစဉ်က သူမသည် ဟုန်ဆန်းခြင်္သေ့မိစ္ဆာ ၏ စွမ်းအား ဖြင့် နှိမ်နင်းခြင်းခံရကာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ခွန်အားများ အတော်လေး ကျဆင်းနေခဲ့သည်။
သူမအား အံ့သြသွားစေသည့်အချက်မှာ လီယန်ချူသည် ယခုအခါတွင် သူမ၏ အရှိန်အဟုန်ကို မပြတ် လိုက်ပါနိုင်နေခြင်းပင်။
သူ...
နှစ်ဦးစလုံးမှာ ခွန်အားကို ထိန်းညှိထားကြသော်လည်း လီယန်ချူ၏ တိုးတက်မှုကို အထင်အရှား ခံစားနေရသည်။
“ဒီတာအိုဆရာလေးက သိုင်းပညာ လေ့ကျင့်တဲ့နေရာမှာ တကယ်ကို ပါရမီပါတာပဲ”
ဟု ကျွေ့ဟွာက စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုကာလအတွင်း လီယန်ချူသည် တာအိုအတတ်ပညာများကို ကျင့်ကြံနေသော်လည်း သိုင်းပညာကိုလည်း လျစ်လျူမရှုခဲ့ချေ။
ထို့ပြင် ဗုဒ္ဓဘာသာ၏ နတ်ဆေးဖြစ်သော ဗောဓိဆေးလုံး ကို သောက်သုံးပြီးနောက်
သူ၏ ခန္ဓာကိုယ်မှာလည်း အမြဲတမ်း ပိုမိုသန်မာလာနေခဲ့သည်။
ကျန်းထင်ရှန်း အသီး၊ ခန္ဓာကိုယ်သန့်စင်ဆေးလုံး စသည့် ခန္ဓာကိုယ်ကို သန်မာစေသော ရတနာများစွာအပြင်
"ကုသိုလ်အမှတ် အဆင့်မြင့်ထားသော တုနှိုင်းမဲ့သိုင်းပညာရပ်များပါ ပေါင်းစပ်လိုက်သည့်အခါ ထိုကဲ့သို့ တိုးတက်လာခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
ရှေ့ဘက်မှ ခြေသံများ ကြားရသည့်အခါမှသာ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ လက်ရည်စမ်းခြင်းကို ရပ်တန့်လိုက်ကြသည်။
"ဘယ်လိုလဲ... ငါ အရင်ကထက် ပိုပြီး တိုက်နိုင်ခိုက်နိုင်လာပြီ မဟုတ်လား "
လီယန်ချူက ပြုံးလျက် မေးလိုက်သည်။
ကျွေ့ဟွာက သူမ၏ ခေါင်းကို ၄၅ ဒီဂရီခန့် မော့လိုက်ပြီး မာနကြီးစွာ ပြောလိုက်သည်
"မဆိုးပါဘူး... ဒါပေမဲ့ အဲဒီ အစီရင်ဝတ်စုံ ရဲ့ အစွမ်းမပါရင်တော့ နင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
လီယန်ချူမှာ အားမလိုအားမရ ရယ်မောလိုက်မိသည်။
သူသည် အရိုက်ခံရပြီးသည့်တိုင်အောင် ဂုဏ်ယူဝင့်ကြွားနေဆဲဖြစ်သော ဤမာနကြီးသည့် လိမ္မော်ရောင်ကြောင်ကလေးနှင့်
ထပ်ပြီး အငြင်းမပွားတော့ဘဲ အသက်ရှူနှုန်းကို ထိန်းညှိကာ ကျောင်း၏ ရှေ့ဘက်သို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။
အစိုးရ လုံခြုံရေးရဲမင် ဝတ်စုံကို ဝတ်ဆင်ထားသော ကိုယ်လုံးကိုယ်ထည် တောင့်တင်းလှသည့် လူငယ်တစ်ဦးက အလျင်အမြန် ခရီးဦးကြိုပြုလာသည်။
"တာအိုဆရာ"
"မင်းပါလား ဘာကိစ္စရှိလို့လဲ "
လီယန်ချူက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
သူသည် ထိုဖမ်းဆီးရေးသမားကို အမှတ်ရနေဆဲ ဖြစ်သည်။
ကျောက်ချန်း
သိုင်းပညာ ကိန်းအောင်းနေသော လူငယ်တစ်ဦးပင်။
" တာအိုဆရာ... အမှန်အတိုင်း ပြောရရင် ကျနော်က ဝေမြို့ရဲ့ ရဲမက် မဟုတ်ပါဘူး၊ ကျနော် က ပေ့ဖုန်းစီရင်စု မြို့တော်ရဲ့ မှုခင်းရုံး က လူတစ်ယောက်ပါ၊ ဝေမြို့ကို လာတာက လူပျောက်မှုတွေကို လိုက်လံစုံစမ်းဖို့အတွက် လာတာပါ"
"ဟင်"
လီယန်ချူ၏ မျက်မှောင်များ ကြုံ့သွားသည်။
"မြို့တော်မှာ အမျိုးသမီး ပျောက်ဆုံးမှု အမှုပေါင်း ဆယ်ခုထက်မက ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်၊ ပျောက်ဆုံးသူတွေအားလုံးက ငယ်ရွယ်တဲ့ မိန်းကလေးတွေချည်းပါပဲ။ စီရင်စုမှူးကြီးက အလွန်အမင်း ဒေါသထွက်ပြီး လူလွှတ်လိုက်လံစုံစမ်းခိုင်းတာကြောင့် ကျနော် လည်း သဲလွန်စနောက်ကို လိုက်ရင်း ဒီကို ရောက်လာတာပါ။ အခု ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေကို ဖုံးကွယ်ထားတယ်လို့ ယူဆရတဲ့ နေရာတစ်ခုကို ရှာတွေ့ထားပါတယ်၊ ဒါကြောင့် တာအိုဆရာကို ကူညီပေးဖို့ အထူး တောင်းပန်လာတာပါ"
ကျောက်ချန်းက ဖြစ်စဉ်အားလုံးကို အစအဆုံး ပြောပြလိုက်တော့သည်။