အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
🫧 Chapter 11
[Host ကတော့ နတ်ဘုရားလိုပဲဗျာ]
[ကျွန်တော့်အဘွားက အခုလေးတင် သင်္ဂြိုဟ်ပြီးတာ၊ အချိန်တန်ရင် ကျွန်တော်လည်း အမွှေးတိုင်ထွန်းပြီး စမ်းကြည့်ဦးမယ်]
[Host ရေ... အိပ်မက်ပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်တော့်အဖေက အမြဲပြောတယ်၊ ကျွန်တော်တို့ ဘိုးဘွားတွေက အရာရှိကြီးတွေ ဖြစ်ခဲ့တာတဲ့]
တုတု ရက်လည်ကျင်းပပြီးနောက် Live ထဲက လူများမှာ လူစုမကွဲကြသေးပေ။
သူတို့သည် Host ၏ ကင်မရာမှတစ်ဆင့် နက်ရှိုင်းလှသော အဝါရောင်ရေပန်းလမ်း လမ်းမကြီးကို နောက်တစ်ကြိမ်မြင်တွေ့လိုက်ရပြန်သည်။
ထို့နောက် တုတု တစ်ယောက် 'နိုင်းဟယ်' တံတားပေါ်သို့ လျှောက်လှမ်းကာ မုန်ပိုဟင်းရည်သောက်သည်ကို အတူတူ လိုက်၍ကြည့်ခဲ့ကြသည်။
မထွက်ခွာမီ တုတုသည် သူမ ရင်ခွင်ထဲက ဝက်ဝံရုပ်လေးကို ကျန်းလင်အား လက်ဆောင်ပေးခဲ့၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဒါလေးကို အစ်ကိုကြီးအတွက် လက်ဆောင်ပေးမယ်"
ကျန်းလင်သည် လက်ထဲက ဝက်ဝံရုပ်လေးကို ကြည့်ကာ သိမ်းဆည်းထားလိုက်သည်။
အကယ်၍ တုတုမိခင်မှ နောက်ပိုင်းကုသိုလ်များအမှန်တကယ်လုပ်ခဲ့မည်ဆိုလျှင် တုတု၏ ဘဝကူးပြောင်းမှုလမ်းမှာ ပိုမိုချောမွေ့လာမည်မှာ သေချာပါသည်။
သူသည် လိုက်ဖ်မှ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ရာ ဤလူများမှာ 'မုန့်ပေါ်' အကြောင်းကို ဝိုင်းဝန်းပြောဆိုနေကြသည်ကို တွေ့လိုက်ရ၏။
[ဟ... ခုနက မြင်လိုက်တာ 'မုန့်ပေါ်' မဟုတ်လား Host ရေ... 'မုန့်ပေါ်' ကို ပြပါဦး]
[ကျောပြင်ကိုပဲ မြင်ရသေးတာဆိုပေမဲ့ ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ လူအကဲခတ်ခဲ့တဲ့ အတွေ့အကြုံအရ ဒါဟာ တကယ့်အလှပိုင်ရှင်ကြီးပဲ]
[အပေါ်ကလူ... အရိုးစုအလှလေးလည်း ဖြစ်နိုင်တယ်နော်၊ ဒါက ငရဲဘုံလေကွာ]
[ဆံပင်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှချက်ပဲ။ တကယ့်ကို မိန်းမချောလေးပါပဲလား]
[Host ရေ... အပေါ်က အရူးတွေကို ဂရုမစိုက်နဲ့၊ 'မုန့်ပေါ်' ရဲ့ ပုံကိုပဲ ကျွန်တော့်ဆီ သီးသန့်ပို့ပေးပါ]
သူတို့သည် နိုင်းဟယ်တံတား၏ အခြားတစ်ဖက်တွင် ဟင်းရည်အိုးတစ်လုံးကို မွှေနေသည့် ပုံရိပ်တစ်ခုကို သဲ့သဲ့မြင်နေရ၏။
သူမသည် ဆံပင်ကို ခပ်လျော့လျော့ ထုံးထားကာ ပင့်ကူနီလီလီ ပန်းပုံစံများပါသော ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထား သည်။
သူမ၏ လှုပ်ရှားမှုတိုင်းမှာ လွန်စွာ ဆွဲဆောင်မှုရှိလှပြီး တစ်ချက်မြင်ရုံဖြင့် မေ့နိုင်ရန် ခက်ခဲလှပေသည်။
ကျန်းလင်သည်လည်း လောလောဆယ် အလုပ်မရှိသဖြင့် သူတို့နှင့် စကားအနည်းငယ် ပြောပေးလိုက်သည်။
"ပြောကြတာတော့ မုန့်ပေါ်က လူတစ်ယောက်ကို စောင့်နေရင်းနဲ့ ဒီနေရာမှာ နှစ်ပေါင်းထောင်ချီ ကြာနေပြီတဲ့"
"မင်းတို့ စနောက်တာက ပြဿနာမရှိပေမဲ့ မုန့်ပေါ်က အိမ်တိုင်ရာရောက် လာရှာမှာကိုတော့ သတိထားကြဦး။"
Live ထဲက မှတ်ချက်များမှာ စက္ကန့်အနည်းငယ်ခန့် တိတ် ဆိတ်သွားပြီးနောက် အရှိန်အဟုန်ဖြင့် ပြန်လည်တက်လာတော့သည်။
[Host က တည်တည်ငြိမ်ငြိမ်နဲ့ သတိပေးတာတောင် အရမ်းလန်းတာပဲ၊ Screen ကို နမ်းလိုက်ပြီ]
[Host... ကျွန်တော် မှားသွားပါတယ်၊ အဘွားမုန့်ပေါ် ရေ... ခွင့်လွှတ်ပေးတော်မူပါ]
[သတိပေးတဲ့အတွက် ကျေးဇူးပါ Host၊ အခုပဲ ဒူးထောက်တောင်းပန်လိုက်ပါပြီ]
ကျန်းလင်သည် ဝိညာဉ်ခေါ်တံပိုးကို သိမ်းဆည်းလိုက်ကာ
"ကဲ... ဒီနေ့တော့ မင်းတို့ကို တစ္ဆေဈေးဆီ လိုက်ပို့ပေးမယ်"
ငရဲဘုံ၏ ရှုခင်းများကို ပြသခြင်းမှာလည်း ငရဲဘုံယဉ်ကျေးမှုကို ပြန့်ပွားစေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်ပင်။
...
တစ္ဆေဈေးသည် အမြဲတမ်း စည်ကားနေတတ်သည်။
လိုက်ဖ်ထဲတွင် မြင်ရသော တစ္ဆေဈေး၏ ပုံစံမှာ လူ့လောကနှင့် များစွာမကွာခြားလှဘဲ လမ်းပေါ်က လူနှင့် ပစ္စည်းများသာ ကွဲပြားခြင်းဖြစ်သည်။
တစ္ဆေများသည် ရှေးဟောင်းဝတ်စုံရှည်များကို ဝတ်ဆင်ကာ လမ်းပေါ်တွင် သွားလာနေကြသည်။
ရောင်းဝယ်ဖောက်ကားသံများ၊ အော်ဟစ်သံများမှာ ရောယှက်နေပြီး စားသောက်ဆိုင်များနှင့် လက်တွန်းလှည်းများတွင် အနီရောင် မီးအိမ်များကို ချိတ်ဆွဲထားကာ ပွဲဈေးတစ်ခုကဲ့သို့ပင်ဖြစ်၏။
လိုက်ဖ် ကြည့်နေသူများမှာ မျက်စိလည်ကုန်ကြသည်။
[ဟိုမှာ အသားရောင်းနေတဲ့ သူဌေးက ဝက်ခေါင်းကြီးနဲ့ သူ့အသားကိုယ်တိုင် ပြန်ရောင်းနေတာလား]
[မပြောနဲ့တော့... ငါ ညစာ စားနေတာ အော့အန်ချင်လာပြီ]
[ပြည့်တန်ဆာအိမ်တွေတောင် ရှိတာလား၊ အချောလေးတွေ အများကြီးပဲ၊ ဒါက တကယ့် ရှေးဟောင်းခေတ် ဈေးတန်းကြီးအတိုင်းပဲ]
တစ္ဆေဈေးသို့ ရောက်သောအခါ ကျန်းလင်လည်း စိတ်လက်ပေါ့ပါးသွားကာ လမ်းဘေးက မျက်လှည့်များကို ကြည့်လိုက်၊ အသစ်ထွက်လာသော ဆိုင်ခန်းများကို လှည့်ပတ်ကြည့်လိုက်နှင့် အချိန်ဖြုန်းလိုက်၏။
"ဒါက 'နွားမျက်ရည်' ပါ၊ သရဲမြင်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းပေါ့"
ကျန့်လင်းက ဆိုင်ခန်းတစ်ခုပေါ်က ပစ္စည်းလေးကို ညွှန်ပြကာ လိုက်ဖ်ထဲမှ ပရိသတ်ကို ရှင်းပြလိုက်သည်။
"ဟိုဘက်ကတော့ 'တစ္ဆေကြောက်ပင်' ပါ၊ ဆေးဘက်ဝင် အပင်တစ်မျိုးပေါ့"
"ဒီ ခေါင်းလောင်းလေးကတော့ လေလွင့်ဝိညာဉ်တွေကို ဆွဲဆောင်ဖို့ သုံးတာပါ"
မှတ်ချက်အချို့ကိုဖြေကြားပေးပြီးနောက် ကျန်းလင်သည် သူနှင့် ခင်မင်သော လုပ်ဖော်ကိုင်ဖက် ရွှီရှို့စစ်နှင့် ဆုံမိ၏။
ထိုသူသည် အနက်ရောင် ဝိညာဉ်တမန်တော် (ဟေးဝူချန်) တစ်ဦးဖြစ်သည်။
သူ့ ဝတ်စုံမှာ ကျန်းလင်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။
ကျန်းလင်က အဖြူရောင်ဝတ်ကာ သူ့ ဦးထုပ်ရှည်ပေါ်တွင် 'တစ်ချက်မြင်ရုံနဲ့ စည်းစိမ်ကိုတိုးပွားစေတယ်' ဟု ရေးထားသော်လည်း တစ်ဖက်လူမှာ အနက်ရောင်ဝတ်ထားပြီး ဦးထုပ်ပေါ်တွင် 'လောကကြီး ငြိမ်းချမ်းပါစေ' ဟု ရေးသားထား သည်။
နှစ်ယောက်သား နှုတ်ဆက်ကြပြီးနောက် ရွှီရှို့စစ်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။
"ဒီရက်ပိုင်း အလုပ်လုပ်ရတာ မလွယ်ပလဘူး"
"ဟိုနေ့က ဝိညာဉ်စစ်သူကြီး တစ်ယောက်နောက်လိုက်ပြီး တာဝန်ထမ်းဆောင်တာ၊ အဲ့ဒီ တစ္ဆေတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်၊ အရှင်လတ်လတ် မြေမြှုပ်ခံထားရတဲ့ ကလေးဝိညာဉ်တွေရော၊ သရဲလင်မယားတွေရော..."
"သူတို့ ခွန်အားတွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တိုးတက်လာတာလဲ မသိဘူး"
ကျန်းလင် သေချာနားထောင်နေလိုက်၏။
၎င်းမှာ သူ့ ကျင့်စဉ်အဆင့်ကို အဆင့်မြှင့်တင်ရန် အဘယ့်ကြောင့်အလွန်အရေးကြီးသနည်းဟူသော အချက်များထဲမှ တစ်ခုဖြစ်သည်။
"ရှို့စစ်... တာဝန်ထမ်းဆောင်တဲ့အခါ သတိထားဦးနော်၊ ဘေးကင်းဖို့ အရေးကြီးတယ်"
"မင်းလည်း သတိထားဦး" ရွှီရှို့စစ်က ကျန်းလင်ပုခုံးကို ပုတ်ကာ ပျံသန်း ထွက်ခွာသွား တော့သည်။
လိုက်ဖ်ထဲက လူများမှာ အခြားဝိညာဉ်တမန်တော်များက သူတို့ကို မမြင်နိုင်မှန်းသိသဖြင့် မှတ်ချက်များ အဆက်မပြတ် ရေးနေကြသည်။
[ဝါး... အနက်ရောင်ဝတ် တမန်တော်ကြီး ပေးသွားတဲ့ အချက်အလက်တွေက တော်တော်များတာပဲ]
✓Host ရေ... အနက်ရောင်ဝတ် တမန်တော်တွေ အားလုံးက အဲ့ဒီလောက် မည်းတာလား၊ Host သာ အဲ့လောက် မည်းသွားရင် ကျွန်မ ငိုမှာနော်]
[ဒီခေတ်ကြီးမှာ လူကို အရှင်လတ်လတ် မြေမြှုပ်တဲ့သူတွေ ရှိသေးတာလား၊ ဘယ်က တောကောင်တွေလဲ၊ Host ပြောပြ... ကျွန်တော်တို့ သွားတိုင်ပေးမယ်]
တစ္ဆေများမှာ အာဃာတ၊ မကျေနပ်မှုနှင့် တပ်မက်မှုများမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
လူ့လောကက တစ္ဆေများကို ဖန်တီးပြီး ငရဲဘုံက သိမ်းဆည်းပေးရသည်။
'အကယ်၍ တစ်နေ့မှာ လူ့လောကမှာ တစ္ဆေတွေ မရှိတော့ရင် ငရဲဘုံက ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျန့်လင်း ခေတ္တစဉ်း စားမိသော်လည်း အဖြေရှာမနေတော့ပေ'
သူသည် Live ကင်မရာကို တစ္ဆေဈေးဘက်သို့ လှည့်ပေး လိုက်ပြီး ကင်မရာစက်လုံးလေးကို ဆိုင်ခန်းများရှေ့သို့ ပျံသန်းစေကာ လူ့လောကကမှ ကြည့်ရှုသူများကို ဈေးကိုပတ်ပြပေးနေသည်။
သူကိုယ်တိုင်မှာမူ စနစ်၏ setting ကို ဖွင့်ကာ စစ်ဆေးလိုက်သည်။
[ဂုဏ်ယူပါတယ် ၊ Host ၏ Live Room တွင် လူကြည့်ရှုမှု တစ်သန်း ကျော်သွားသဖြင့် အမှတ် ၁၀၀၀ ရရှိပါသည်]
[ငရဲဘုံယဉ်ကျေးမှု ပြန့်ပွားခြင်း၊ ရက်လည်နေ့ ဝိညာဉ်ပြန်လာခြင်းအတွက် အမှတ် ၅၀၀ ရရှိ]
[ငရဲဘုံယဉ်ကျေးမှု ပြန့်ပွားခြင်း၊ တစ္ဆေဈေး ရှုခင်းအတွက် အမှတ် ၃၀၀ ရရှိ]
[Live Room တာဝန်သစ် : နှလုံးသားထဲမှယုံကြည်မှုကိုရယူရန် (၅၂၈ / ၁၀၀၀)]
"ကြည့်ရတာ ငရဲဘုံယဉ်ကျေးမှု ပြန့်ပွားခြင်းရဲ့ ရမှတ်တွေက လူကြည့်ရှုမှုအပြင် လူ့လောကအပေါ် သက်ရောက်မှုနဲ့လည်း ဆိုင်ပုံရတယ်"
ကျန့်လင်း စဉ်းစားနေသော်လည်း "ယုံကြည်မှုနှလုံးသား" ဆိုတာ ဘာလဲ'
'ငရဲဘုံ တည်ရှိမှုကိုယုံကြည်ပြီး ကြောက်ရွံ့ရိုသေစိတ်ရှိသူများကို ဆိုလိုတာလား'
' လက်ရှိတွင် ၅၀၀ ကျော် ရှိနေသည်ဆိုသည်မှာ လူ ၅၀၀ ကျော်က သူ့ကြောင့် ငရဲဘုံကို ယုံကြည်လာကြခြင်းဖြစ်နိုင်၏'
ကျန့်လင်း စဉ်းစားနေစဉ်မှာပင် မျက်စိအောက်မှ ဖြတ်သွားသော ခိုးကြောင်ခိုးဝှက် အရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုသူမှာ လက်တို၊ ဘောင်းဘီတို ဝတ်ထားပြီး ဆိုင်တစ်ဆိုင် ၏တံတိုင်းဘေးတွင် ကပ်ကာ လမ်းကြားလေးတစ်ခုထဲတွင် ပုန်းနေခြင်းဖြစ်သည်။
ကျန်းလင်သည် လက်ထဲတွင် ဝိညာဉ်ခေါ်တံပိ ကို အသင့်ပြင်ကာ လမ်းကြားထဲသို့ လျှောက်သွားလိုက်၏။
တစ်ယောက်ယောက် လာသည်ကို မြင်သောအခါ ထိုအရိပ်မှာ ခေါင်းမော့လာပြီး 'မျက်နှာဖုံး' စွပ်ထားသော မျက်နှာတစ်ခု ပေါ်လာသည်။
အနီရောင် တစ္ဆေမျက်နှာဖုံးဖြစ်ပြီး အလွန်ကြောက်စရာကောင်းလှသည်။
တစ္ဆေဈေးတွင်လည်း ထိုကဲ့သို့ မျက်နှာဖုံးများကို ရောင်းချနေ၏။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ကျန်းလင် မေးလိုက်သည်။
"ဘယ်က တစ္ဆေလဲ"
မျက်နှာဖုံးစွပ်ထားသူမှာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး အဖြေပေးရန် ငြင်းဆန်နေသည်။
လက်ပိုက်ထားကာ လူကို ဂရုမစိုက်သည့် ပုံစံမျိုးဖြစ်နေ သည်။
ထို့ကြောင့် ကျန်းလင်လည်း အချိန်ဖြုန်းမနေတော့ဘဲ စကားတစ်ခွန်းသာ ပြောပြီး ထွက်လာခဲ့သည်။
"ဒီလမ်းကြားက တော်တော်မှောင်တယ်၊ ဆိုင်ထဲက ထွက်လာတဲ့ တစ္ဆေတွေက မင်းကို အမှတ်မထင်စားမသွားအောင် သတိထားဦး"
ကျန်းလင် ထွက်သွားပြီးနောက် မျက်နှာဖုံးစွပ်ထားသူမှာ အမြန်ထကာ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။
ဤဘေးနားတွင် စားသောက်ဆိုင်များရှိသဖြင့် အရက်မူးနေသော တစ္ဆေများစွာ ရှိသည်။
ထို့ကြောင့် သူသည် လမ်းကြားဝသို့ ထွက်ကာ နေရာပြောင်းရန် အခွင့်အရေးကိုစောင့်နေသည်။
ဘေးခန်းက စားသောက်ဆိုင်မှ လူတစ်အုပ် ထွက်သွားချိန်တွင် သူသည် ကိုယ်ကို တည့်မတ်ကာ ရဲရဲဝံ့ဝံ့ လမ်းပေါ်သို့ လျှောက်ထွက်လိုက်၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပင် နောက်ကျောမှ လက်တစ်ဖက်က သူ့ကို လမ်းကြားထဲသို့ ပြန်လည် ဆွဲခေါ်သွားသည်။
"ဘယ်သူလဲ"
သူ့ စကားပင် မဆုံးသေးမီ နောက်ကျောမှ တည်ငြိမ်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"လူသား ဝိညာဉ်လား"
ထိုအခါမှ မျက်နှာဖုံးစွပ်ထားသူမှာ စိတ်ထဲတွင် 'ဒုက္ခပဲ' ဟု အော်လိုက်မိတော့သည်။
🫧 Chapter 12
"လူသားဝိညာဉ်လား"
လူသားဝိညာဉ်ဆိုသည်မှာ ရုပ်ခန္ဓာ မသေသေးဘဲ ဝိညာဉ်လွင့်ထွက်လာသူကို ဆိုလိုခြင်းဖြစ်သည်။
မျက်နှာဖုံးစွပ်ထားသောအမျိုးသမီး လှည့်ကြည့်လိုက်ရာ သူမကို ဖမ်းဆွဲထားသူမှာ အစောပိုင်းအဖြူရောင်ဝတ်စုံနှင့် လူပင် ဖြစ်နေတော့သည်။
"ရှင် ကျွန်မကို လိမ်တာပဲ"
Live ကြည့်နေသူများမှာ ကျန်းလင် ချောင်းမြောင်းဖမ်းဆီးလိုက်ချိန်ကတည်းက တဟားဟား ရယ်မောနေကြပြီဖြစ် သည်။
[ဟိုမှာကြည့်ဦး... ပုံစံကြည့်ရတာ မိန်းကလေးပဲ၊ သနားစရာလေး]
[Host က တော်တော်လည်တာပဲ]
[ကလေးမလေးကများ Host ကို ယှဉ်ချင်သေးတယ်]
လူအုပ်ကြီး ရယ်မောနေစဉ် ကျန့်လင်းက ထိုအမျိုးသမီး၏ မျက်နှာဖုံးကို ရုတ်တရက်ဆွဲခွာလိုက်သည်။
မျက်နှာဖုံးအောက်မှ စစ်မှန်သော မျက်နှာလေး ပေါ်ထွက်လာချိန်တွင်...
Live Room တစ်ခုလုံး ခေတ္တ တိတ်ဆိတ်သွားတော့သည်။
[အသားအရေက ကျောက်စိမ်းလိုပဲ၊ မျက်လုံးလေးတွေကလည်း တောက်နေတာပဲ... တစ်နေရာရာမှာ မြင်ဖူးသလိုပဲ]
[ဟေ့လူ... ဒါက မင်းရဲ့ မိန်းမ လို့ ပြောချင်တာလား]
[အားလုံးပဲ ရန်မဖြစ်ကြနဲ့တော့၊ ဒါက ငါ့ရဲ့ အဖိုးတန် ချစ်သူလေးပဲ]
[ဒါက တစ်နိုင်ငံလုံးရဲ့ အချစ်တော်လေး လင်းရော့်ယီ မဟုတ်လား... Host ရေ မြန်မြန် ဖမ်းထားလိုက်တော့]
[သူဌေးကြီးလင်း ရဲ့သမီး၊ လင်းဂရုရဲ့ အမွေဆက်ခံသူ၊ အသက် ၁၆ နှစ်နဲ့ ကုမ္ပဏီထောင်ခဲ့တဲ့သူလေ]
[မိန်းမရေ ငါ့ကို ကြည့်ပါဦး]
[ငါ့မိန်းမက ဘာလို့ တစ္ဆေဈေးထဲ ရောက်နေတာလဲ]
ကျန်းလင် ကိုယ်တိုင်လည်း အစက မသေချာသော်လည်း Live ထဲက လူများက မှတ်မိနေကြသဖြင့် အတည်ပြုနိုင်သွားသည်။
"လင်းရော့်ယီ"
ရုန်းကန်နေသော လင်းရော်ယီမှာ ကြောင်သွားကာ "ရှင် ကျွန်မကို သိနေတာလား"
ကျန်းလင် သက်ပြင်းတစ်ချက်ချကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး မီးရောင်အောက်တွင် ရပ်လိုက်ကာပြောလိုက်၏
"ငါ့ဦးထုပ်ပေါ်မှာ ဘာရေးထားလဲ ကြည့်ဦး"
လမ်းကြားထဲတွင် မှောင်နေသဖြင့် လင်းရော်ယီသည် သူ့မျက်နှာကိုပင် သေချာမမြင်ရသလို ဦးထုပ်ပေါ်က စာကိုလည်း မမြင်ရပေ။
ယခု ကျန်းလင်က မီးရောင်အောက်တွင် ရပ်လိုက်ချိန်၌... သူ၏ မြင့်မားလှသော ဦးထုပ်ဖြူပေါ်တွင် 'တစ်ချက်မြင်ရုံဖြင့် လာဘ်ပွင့်စေ' ဆိုသည့် စာလုံးလေးလုံးကို တွေ့လိုက်ရသည်။
"ရှင်... ရှင်က အဖြူရောင်ဝိညာဉ်တမန်တော်လား"
လင်းရော်ယီသည် သူမ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ မှင်သက်သွားသည်။
ထို့နောက် ကြောက်စိတ်များ ဝင်လာပြီး "ဒုက္ခပဲ... ငါ အဖမ်းခံရတော့မှာလား" ဟု တိုးတိုးလေး ရေရွတ်မိသွားသည်။
"ဒါက ငါ့ခြေထောက်နဲ့ ငါ ငရဲကို လာမိသလိုပဲ"
ထို့နောက်သူမသည် ကျန်းလင်ကို ခိုးကြည့်ကာ ထွက်ပြေးရန် အခွင့်အရေးရှာနေသည်။
"တစ္ဆေဈေးမှာ တစ္ဆေတွေ အများကြီးပဲ၊ အဲ့ထဲက အများစုက မင်းလို လူသားဝိညာဉ်တွေကို စားရတာ ကြိုက်ကြတယ်၊အခုတော့အရင် ထွက်သွားရအောင်"
ကျန်းလင် ရှေ့မှ ဦးဆောင်ထွက်သွားရာ လင်းရော့်ယီမှာလည်း မလိုက်ဘဲ မနေရဲပေ။
သူမသည် ကျန်းလင်ကို တစ်လှည့်၊ တစ္ဆေဈေးထဲ သွားလာ နေသော တစ္ဆေများကိုတစ်လှည့် ကြည့်ကာ ကြောက်ကြောက်လန့်လန့်နှင့် အမြန်လိုက်သွားတော့သည်။
လမ်းတွင် အချို့သောတစ္ဆေများက ကျန်းလင်ကို နှုတ်ဆက်ကြသည်။
လင်းရော့်ယီသည် ကျနးလင်ဘေးတွင် ကပ်ကာ မျက်နှာဖုံးကိုပြန်စွပ်ပြီး တစ္ဆေလေးတစ်ကောင်အလား ဟန်ဆောင်နေသည်။
သူမသာ ကျန်းလင်ကိုမကြောက်လျှင် သူ့အင်္ကျီစကိုပင် ဆွဲထားမိလိမ့်မည်။
လင်းရော်ယီ၏အမြင်တွင် ကျန်းလင်မှာ အနည်းဆုံးတော့ အရာရှိတစ်ဦးဖြစ်သည်။
အမည်မသိ တစ္ဆေများထက်စာလျှင် သူ့ဘေးတွင် နေရသည်မှာ ပိုဘေးကင်းသည်ဟု ခံစားရသည်။
နှစ်ယောက်သားတစ္ဆေဈေးမှ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။
သို့သော် ကျန်းလင်ကမူ မရပ်တန့်ပေ။
လမ်းမှာ ပိုခြောက်ခြားဖွယ်ကောင်းလာကာ လူသူကင်းမဲ့လာသည်။
ထိုအခါ လင်းရော့်ယီသည် ရှေ့က အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကိုကြည့်ကာ စိုးရိမ်လာသည်။
'ဒီလူက ငါ့ကို ဘယ်ခေါ်သွားတာလဲ၊ ငါ့ကို ချုပ်နှောင်ထားမလို့လား'
သူမ ထွက်ပြေးရန် စဉ်းစားနေစဉ်မှာပင် ကျန်းလင် ရုတ်တ ရက် ရပ်လိုက်သဖြင့် သူမ တိုက်မိလုနီးပါး ဖြစ်သွားသည်။
အဖြူရောင်ဝတ်စုံနှင့် လူက ဘေးသို့ ဖယ်ပေးလိုက်ရာ သူ့ နောက်ကွယ်တွင် 'တံခါး' တစ်ချပ် ပေါ်လာသည်။
"သွားတော့... ဒီထဲက ထွက်လိုက်ရင် လူ့လောကကိုပြန်ရောက်ပြီ"
'ဒါက လူ့လောကကိုပြန်တဲ့ တံခါးလား'
လင်းရော့်ယီသည် ကျန့်လင်းကို တစ်လှည့်၊ ရှေ့က 'တံခါး' ကို တစ်လှည့် ကြည့်လိုက်သည်။
၎င်းမှာ တံခါးထက် အပေါက်တစ်ခုနှင့် ပိုတူနေသည်။
အပြင်ဘက်မှ အဖြူရောင် အလင်းတန်းများဝင်နေပြီး မြင့်မားသော အဆောက်အဦးများကို ဝေဝါးစွာ မြင်နေရသည်။
'သူမကို မဖမ်းထားတော့ဘူးလား'
လင်းရော့်ယီသည် မယုံတဝက် ယုံတဝက်ဖြင့် လျှောက်ဝင်သွားသည်။
စူးရှသော အလင်းတန်းများက သူမ၏အမြင်အာရုံကို ဖုံးလွှမ်းသွားပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်မူ ရင်းနှီးနေကျ လမ်းမများပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"တကယ် ပြန်ရောက်လာတာပဲ"
လင်းရော့်ယီ လှည့်ကြည့်လိုက်သော်လည်း သူမနောက်က တံခါးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
"သူ ငါ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား"
သူမ ကမယုံနိုင်အောင် ဖြစ်နေရသည်။
သူမကတော့ ငရဲဘုံမှာ အကျဉ်းချခံရမည် သို့မဟုတ် အပြစ် ပေးခံရမည်ဟုထင်ကာ ဘယ်လို ထွက်ပြေးရမလဲဟုသာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ပိုင်ဝူချန်က သူမကို ဒီအတိုင်းပြန်ပို့ပေးခဲ့သည်။
"ဒီတမန်တော်က ဒီလောက်တောင် ကြင်နာတတ်မယ်လို့ မထင်ထားဘူး"
လင်းရော့်ယီ တိုးတိုးလေး ရေရွတ်မိလိုက်သည်။
သူမ ရင်ဘတ်ပေါ်က ကျောက်စိမ်းဆွဲသီးလေးမှာ နွေးထွေးလာသဖြင့် သူမ သတိပြန်ဝင်လာသည်။
"ဒုက္ခပဲ... ဘယ်နှစ်နာရီ ရှိပြီလဲ"
ငရဲဘုံသို့ ရောက်နေစဉ် အချိန်ကုန်ဆုံးသွားသည်ကို သူမ မခံစားမိပေ။
အကယ်၍ မိုးမလင်းခင် ခန္ဓာကိုယ်ထဲပြန်မရောက်လျှင် ပြဿနာကြီးသွားလိမ့်မည်။
ကံကောင်းသည်မှာ သူမသည် ဝိညာဉ်ပုံစံဖြစ်သဖြင့် သွားလာရသည်မှာ ပုံမှန်ထက်ပိုမြန်သည်။
ထို့နောက် အချိန်တစ်ခုအထိ လွင့်မျောလာပြီးနောက် မိုးမလင်းမီမှာပင် သူမ၏ရင်းနှီးသော ဗီလာအိမ်ကြီးကို မြင်လိုက်ရတော့သည်။
...
[အဝေးကနေ ဝိညာဉ်လွှင့်တာက တကယ်ပဲ ဖြစ်နိုင်လို့လား]
[Host က ဘာလို့ သူမကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်တာလဲ၊ ဒါက တစ်နိုင်ငံလုံးရဲ့ချစ်သူလေး လင်းရော့်ယီလေ]
[အပေါ်ကလူ... Host က ဝိညာဉ်တမန်တော်လေ၊ ဘယ်လို အလှပိုင်ရှင်မျိုးကို မမြင်ဖူးဘဲ နေမလဲ၊ လင်းရော့်ယီက ငါတို့အတွက်တော့ အလှလေးပါပဲ ၊ သူ့အတွက်တော့ ရိုးနေပြီဖြစ်မှာပေ့ါ]
[ဒီလောကမှာ တကယ်ပဲ ကျင့်ကြံသူတွေ ရှိတာလား၊ လင်းရော့်ယီက ဝိညာဉ်လွင့်ထွက်နိုင်တယ်ဆိုတော့လေ]
[ကျွန်တော်ဆို ကျင့်ကြံလာတာ အနှစ် ၂၀ ရှိပြီ၊ ရွှေအမြုတေအဆင့်တောင် တက်လှမ်း ပြီးတော့မယ်... ဘာလို့ ကျွန်တော့်ကို မကိုးကွယ်ကြတာလဲ]
[ကိုးကွယ်ပါတယ် ဆရာကြီး၊ ဘယ် လူနာခန်း နံပါတ် မှာ နေတာလဲ]
လင်းရော့်ယီကို ပို့ဆောင်ပြီးနောက် ကျန်းလင်သည်လည်း အိမ်ပြန်ခဲ့လိုက်တော့သည်။
ရှေးယခင်ကတည်းက လူသားဝိညာဉ်များ လွင့်ထွက်လာသည့် ဥပမာများစွာ ရှိခဲ့သည်။
မတော်တဆမှုကြောင့် လွင့်ထွက်သူများရှိသလို၊ ရှေးခေတ်က ပညာရှိအချို့မှာ ပြိုင်စံရှားအလှပိုင်ရှင်များကို မြင်ပြီး ဝိညာဉ်လွင့်ထွက်ကာ ငှက်ခန္ဓာကိုယ်ထဲ ဝင်သွားသည့် ဖြစ်ရပ်များပင် ရှိဖူးသည်။
သို့သော် လင်းရော့်ယီကဲ့သို့ ငရဲဘုံထဲအထိ ရောက်လာပြီး မည်သူမှ မရိပ်မိခြင်းမှာရှားပါးလှသည်။
ပုံမှန်အားဖြင့် လူသားဝိညာဉ်ဆိုသည်မှာ တစ္ဆေများအတွက် စပယ်ရှယ်ချက်ပြုတ်ထားသော ဝက်သားတုံးကြီးကဲ့သို့ ဆွဲဆောင်မှုရှိလှသည်။
ထို့ကြောင့် ထိုမိန်းကလေးတွင် သူမ၏အနံ့အသက်ကို ဖုံးကွယ်ပေးနိုင်သော ထူးခြားသည့် ပစ္စည်းတစ်ခုခု ရှိနေရမည်။
သို့သော် ၎င်းမှာ သာမန်တစ္ဆေများကိုသာ လိမ်နိုင်မည်ဖြစ်ပြီး ရန်ငြိုးကြီးသော ဝိညာဉ်များနှင့်တွေ့လျှင်မူ ချက်ချင်းသိသာသွားလိမ့်မည်။
ကျန်းလင်ကို အစောဆုံး သံသယဖြစ်စေခဲ့သည်မှာ သူမ၏ ဝတ်စားဆင်ယင်မှုပင်... တစ္ဆေဈေးထဲက သူများမှာ ရှေးဟောင်းဝတ်စုံများ ဝတ်ကြသော်လည်း သူမမှာ ခေတ်မီဝတ်စုံ ဝတ်ထားခြင်းကြောင့်ဖြစ်သည်။
ထိုစဉ် စနစ်မှအသိပေးချက် တစ်ခုရောက်လာ၏။
[ဒင်... Host သည် ငရဲဘုံတွင် အပြုသဘောဆောင်သော စွမ်းအင်များ ပြန့်ပွားစေပြီး ကြင်နာစွာ ကူညီပေးခဲ့သဖြင့် အမှတ် ၃၀၀ ရရှိပါသည်]
ကျန်းလင်: "..."
သူကတော့ အလုပ်ရှုပ်မှာစိုး၍ မြန်မြန်ပြန်ပို့လိုက်ခြင်းသာ ဖြစ်သည်။
ထိုမိန်းကလေး ဘာကြောင့်ဝိညာဉ်လွင့်ထွက်ရသလဲ၊ ဘာတွေနဲ့ ကြုံတွေ့ခဲ့ရသလဲဆိုသည်ကိုမူ သူ စိတ်မဝင်စားပေ။
'ယခု အမှတ်ရခြင်းသည်တော့ အပိုဝင်ခြင်းဖြစ်သည်ပေါ့'
...
လူ့လောကတွင်...
နေရောင်ခြည် ဖြာကျလာပြီး သစ်ပင်ထက်က ငှက်ကလေးများ၏တေးဆိုသံများကလည်း ထွက်ပေါ်လာ၏။
ဗီလာအိမ်ကြီးထဲတွင် မိန်းကလေးတစ်ဦးမှာ အိပ်ပျော်နေဆဲဖြစ်ကာ သူမ မျက်တောင်ရှည်များ၊ ဖြူစင်တောင့်တင်း သော အသားအရေနှင့် ပန်းရောင်နှုတ်လှမ်းလွှာများမှာ စိုစိုပြေပြေ လှပနေ၏။
သူမသည် ညဝတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး မင်းသမီးတစ်ပါးကဲ့သို့ အိပ်ပျော်နေခြင်းဖြစ်သည်။
ရုတ်တရက်...
သူမ မျက်တောင်များ လှုပ်ခတ်သွားပြီး မျက်လုံးကို ချက်ချင်းဖွင့်လိုက်သည်။
လင်းရော့်ယီသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ ရင်ဘတ်ထဲတွင်လည်း တဒိန်းဒိန်း ခုန်နေဆဲဖြစ်သည်။
အကယ်၍ မိုးမလင်းမီ ပြန်မရောက်ခဲ့လျှင် အကျိုးဆက်မှာ တွေးဝံ့စရာမရှိတော့ပေ။
ငယ်စဉ်ကတည်းက ဝိညာဉ်လွင့်ထွက်သည့် ဖြစ်ရပ်များစွာ ကြုံခဲ့ဖူးသော်လည်း ဤမျှကြောက်စရာကောင်းသည့် နေရာအထိလွင့်မျောသွားခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
ပြန်စဉ်းစားကြည့်လျှင် ယခုထက်တိုင် ထိတ်လန့်နေမိဆဲ ဖြစ်သည်။