[မြေအောက်ကမ္ဘာမှ လိုက်ဖ်လွှင့်ခြင်း | နာမ်ဝိညာဉ်လမ်းပြသူ | နေ့စဉ်ဘဝကို ကုစားပေးခြင်း] ကျန့်လင်းဟု အမည်ရသော လူငယ်လေးသည် တကယ်တော့ လူသေဝိညာဉ်များကို လမ်းပြပေးရသည့်အပြင် အိပ်မက်ပေးခြင်းဖြင့် ဝိညာဉ်များ၏ ဆန္ဒများကိုဖြည့်ဆည်းပေးရသော မြေအောက်ကမ္ဘာမှ အဖြူရောင်တမန်တော်(ပိုင်ဝူချန်)တစ်ဦးဖြစ်၏။ တစ်နေ့တွင် သူသည် လူ့ပြည်နှင့် ငရဲဘုံကို ချိတ်ဆက်ပေးမည့် "ငရဲဘုံ မှတိုက်ရိုက်လိုက်ဖ်လွှင့်စနစ်" ကို ရရှိခဲ့သည်။ ထိုစနစ်မှတစ်ဆင့် ငရဲဘုံ၏ အကြောင်းကို လူသားများ သိရှိအောင် ဖြန့်ဝေပေးခြင်းဖြင့် သူ့အတွက် ထူးခြားသော ဆုလာဘ်များကို ရယူနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ လူ့လောကထဲတွင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော Live Room တစ်ခုပေါ်ပေါက်လာခဲ့ပြီး လူ့ လောကနှင့် နာမ်ဝိဉာဏ်လောကကို စတင်ချိတ်ဆက်ပေးခဲ့လေတော့သည်။ Live Room ထဲမှ မှတ်ချက်အချို့နှင့် အဖြစ်အပျက်များ ... သရဲ : "မလာနဲ့... ငါ့နားကို လုံးဝကပ်မလာနဲ့ဦး" ကြည့်ရှုသူတစ်ဦး: "ဒါက တကယ့်ကို စိတ်ဓာတ်ကျစရာကောင်းတဲ့ နေ့စဉ်ဘဝကြီးပါလား" နောက်ကြည့်ရှုသူတစ်ဦး : "Host ရေ... ကျွန်တော့်အဘွားကို တစ်ချက်လောက် မေးပေးပါဦး၊ ကျွန်တော့်အတွက် ဘီလီယံနဲ့ချီတဲ့ အမွေတွေများ ချန်ထားခဲ့သေးလားလို့" ပရိသတ်တစ်ဦး: "အရှင်မင်းကြီး... ဟိုမှာ တစ်ယောက်ကတော့ သေချင်ဇောနဲ့ လာနောက်နေပြန်ပြီ၊ သူ့ကို ငရဲ ၁၈ ထပ်အကြောင်း သင်ခန်းစာလေး အမြန်သွားပေးလိုက်ပါဦး" သေချင်ဇောနဲ့ လာနောက်ချင်ကြတာလား? ပြဿနာရှာချင်ကြတာလား? ငရဲ ၁၈ ထပ်ဆိုတာ ဘာလဲဆိုတာကို လက်တွေ့ပြသပေးဖို့ ကျန်းလင်းတစ်ယောက်ကတော့ အဆင်သင့်ဖြစ်နေသည်ပင်။

