← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

🫧 Chapter 197

'ခွမ်း'

'ခွမ်း'

ပန်းကန်ပြားများသည် တစ်ချပ်ပြီးတစ်ချပ် လွင့်စင်လာခဲ့၏။

ထို့ကြောင့် အရောင်ခုနစ်မျိုးဥငယ်လေးသည် အသက်ရှင် သန်နိုင်ရန်အတွက် အထက်အောက် ခုန်ပေါက်နေရပြီး တစ်ခါတစ်ရံတွင် အခြားသောဝိညာဉ်တမန်တော်ကြီးများ၏ တိုက်ခိုက်မှုများကိုပါ ရှောင်တိမ်းနေရပေသည်။

"ဟားဟားဟားဟား"

ဝိညာဉ်တမန်တော်တစ်ပါးသည် အရောင်ခုနစ်မျိုးဥငယ်လေး၏ဘေးမှ ပြေးထွက်သွားပြီး သူ့ ရယ်မောသံများသည် ခန်းမဆောင်ကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေ၏။

၎င်းတို့နှစ်ခုတွင် တစ်ခုက အသက်လုနေရပြီး အခြားတစ်ခုကမူ ပျော်ရွှင်စွာကစားနေခြင်းဖြစ်ရာ နှိုင်းယှဉ်ချက်မှာ အလွန်ပင် သိသာထင်ရှားလှပေသည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် ငိုချင်သွားတော့၏။

'ငါက သခင်နဲ့အတူတူ နှစ်သစ်ကူးချင်လို့ ပျော်ပွဲရွှင်ပွဲထဲ လာဝင်ပါရုံလေးပါကွာ၊ ဘယ်လိုလုပ်ပြီး ဒီလို

ဖြစ်သွားရတာလဲဟ' ဟု ၎င်းက တွေးတောမိသည်။

ခန်းမဆောင်ကြီးကိုပတ်၍ အကြိမ်အနည်းငယ် ပျံသန်းပြီးနောက် အရောင်ခုနစ်မျိုးဥငယ်လေးသည် အနည်းငယ် ခွန်အားကုန်ခမ်းလာခဲ့သည်။

ထို့နောက် အနောက်မှနေ၍ ဇွဲမလျှော့ဘဲ လိုက်လာသော သခင်ဖြစ်သူကို ကြည့်ရင်း ၎င်း စိတ်ထဲတွင် ရုတ်တရက် မျှော်လင့်ချက်မဲ့သွားတော့၏။

'ဒီညတော့ ငါ ဒီနေရာမှာပဲ အသက်ပေးလိုက်ရတော့မှာလားဟ၊ ငါက ဥလေး တစ်လုံးတည်း ရှိသေးတာကိုကွာ' ဟု တွေးလိုက်မိသည်။

ထိုသို့ဝမ်းနည်းနေစဉ် ဘေးဘက်ရှိ စားပွဲအောက်မှ အမွေးပွပွ ခြေတံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အရောင်ခုနစ်မျိုးဥငယ်လေးကို ဆွဲယူသွားခဲ့၏။

ထို့နောက် အဖြူရောင် တိဘက်ခွေးဘီလူးကြီးသည် ကိုယ်ကို ဝပ်ချလိုက်ပြီး အရောင်ခုနစ်မျိုးဥငယ်လေးကိုလုံးဝ ဖုံးကွယ် ပေးထားလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ကျန်းလင်၏အမြင်အာရုံသည် ဝိညာဉ်တမန်တော်နှစ်ပါး၏ကွယ်ဝှက်ခြင်းကို ခံလိုက်ရသဖြင့် သူ လိုက်လာချိန်၌ ထိုဥငယ်လေး၏အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ထိုအခါ သူသည် လေထဲတွင် ရပ်တန့်လိုက်ပြီး အကြည့်များကို ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုနေလေ၏။

'ဘယ်ကို ထွက်ပြေးသွားတာလဲဟ' ဟု တွေးတောလိုက်ပြီးနောက် "ထွက်လာခဲ့စမ်း" ဟု အကဲစမ်းသည့်အနေဖြင့် အမိန့်ပေးလိုက်သည်။

တိဘက်ခွေးဘီလူးကြီး၏အောက်တွင် ပုန်းအောင်းနေသော အရောင်ခုနစ်မျိုးဥငယ်လေးသည် ထိုအသံကို ကြားသည်နှင့် အလိုအလျောက်ပင် အပြင်သို့ ပြေးထွက်သွားချင်စိတ်ပေါ် လာခဲ့၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် တိဘက်ခွေးဘီလူးကြီး ၏ခန္ဓာကိုယ်မှာ ကြီးမားလှသဖြင့် ၎င်း၏ထိုလှုပ်ရှားမှုလေးကို ဖိနှိပ်ထားနိုင်ခဲ့ပေသည်။

'သခင်ရေ၊ ကျွန်တော် သခင့်ကိုမချစ်တော့တာ မဟုတ်ပါဘူးနော်၊ အခုလောလောဆယ် အသက်လေး အရင်ကယ်ရဦးမှာမို့လို့ပါ' ဟု ၎င်းက တွေးတောနေမိ၏။

...

[Streamer ရေ၊ Streamer ဟိုအရောင်ပြောင်းတဲ့ ဥလေးက ခွေးကြီးအောက်မှာ ပုန်းနေတယ်ဟေ့]

[တိဘက်ခွေးဘီလူးကြီးက ဖွက်ထားလိုက်ပြီ၊ Streamer ရဲ့ ဘေးနားမှာတင်နော်]

[ဥလေးကို စားလို့ရတဲ့ နည်းလမ်းတစ်ရာလောက် ရှိတယ်ဟီးဟီး]

[ဥလေး : မင်းတို့တွေက မိစ္ဆာတွေလားကွ]

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည် ဤလူတစ်ယောက်နှင့် ဥတစ်လုံးတို့ အချိန်အတန်ကြာ လိုက်တမ်းပြေးတမ်း ကစားနေကြသည်ကိုကြည့်ရှုနေခဲ့ကြ၏။

ယခုအခါ ဥငယ်လေး ပုန်းအောင်းသွားသည်ကိုမြင်သော အခါ Streamer ကို သတိပေးလိုသဖြင့် မှတ်ချက်များထဲတွင် ဥငယ်လေး၏ ပုန်းအောင်းရာနေရာကို တိုက်ရိုက်ပင် ရေးသားနေကြတော့သည်။

ထိုဥငယ်လေးသည် လှုပ်ရှားနိုင်ရုံသာမက အရောင်ပါ ပြောင်းလဲနိုင်သဖြင့် အလွန်အံ့သြဖွယ်ကောင်းနေသော်လည်း ၎င်းတို့ကတော့ Streamer ၏ ဘက်မှသာ ရပ်တည်ကြမည် ဖြစ်ပေ၏။

[Streamer ရေ၊ မင်းရဲ့ဥလေးကို တိဘက်ခွေးဘီလူးကြီးက ဖွက်ထားလိုက်ပြီနော်]

[အပေါ်ကလူ ပြောတဲ့စကားက ဘာလို့ တစ်မျိုးကြီးဖြစ်နေတာလဲဟ]

[မင်းတို့ရဲ့ မှတ်ချက်တွေက ဘာလို့ အရောင်တွေပါ ပါနေရတာလဲ]

မှတ်ချက်စာသားများသည် တဖျပ်ဖျပ် လွင့်ပျံနေပြီး မျက်နှာ ပြင်တစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေတော့၏။

သို့သော် ဤအချိန်တွင် ကျန်းလင်သည် သူ့တွင် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုရှိနေကြောင်းကို မည်သို့လုပ် မှတ်မိနိုင်တော့မည်နည်း။

မိမိကိုယ်ကိုယ် မည်သူမည်ဝါ ဖြစ်ကြောင်း မမေ့လျော့သွားခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်ပေသည်။

ထို့ကြောင့် ပရိသတ်များသည် ၎င်းတို့၏ Streamer ကြီး တွေဝေစွာဖြင့် ထိုနေရာတွင် ရပ်နေကာ ဘယ်ညာ ကြည့်ရှုနေ သည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေနိုင်တော့၏။

သူတို့သည် ရယ်လည်း ရယ်ချင်ကြသကဲ့သို့ အနည်းငယ်လည်း စိုးရိမ်ပူပန်နေကြသည်။

ဤမျှလောက် မူးဝေနေသော Streamer ကြီးကို ၎င်းတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်လေ၏။

[Streamer သတိထား]

...

ကျန်းလင် ငေးမောနေစဉ် သူ့ အနောက်မှ ပြင်းထန်သော လေပြင်းတစ်ချက် ရုတ်တရက် ဝင်ရောက်လာခဲ့၏。

ထိုအခါ သူသည် အလိုအလျောက်ပင် ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။

ထို့နောက် အနောက်ဘက်ရှိ အမည်းရောင်သံကြိုးသည် 'ချွင်' ဟူသော အသံနှင့်အတူ စားပွဲတစ်လုံးပေါ်သို့ ကျရောက်သွားလေ၏。

စားပွဲကို ရိုက်ချိုးပြီးနောက် သံကြိုးသည် ရပ်တန့်မသွားဘဲ လေထဲတွင် တစ်ချက် ကွေ့ဝိုက်ကာ ကျန်းလင်ဆီသို့ ဆက်လက် လိုက်ပါတိုက်ခိုက်လာတော့သည်။

ထိုသံကြိုး၏ အခြားတစ်ဖက်ကို ကြည့်လိုက်သောအခါ ၎င်းမှာ စောစောက တစ်ခွက်တည်းဖြင့် မူးလဲသွားခဲ့သော အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးကြီးသစ် ဖြစ်နေသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရ၏။

"မိစ္ဆာသရဲ၊ ဘယ်ကို ထွက်ပြေးမလို့လဲ" ဟု ထို အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးကြီးသစ်က အကျယ်ကြီးအော် ဟစ်လိုက်သည်။

ကျန်းလင်သည်လည်း ကြောင်အမ်းအမ်းဖြစ်သွားခဲ့၏။

'မိစ္ဆာသရဲလား၊ ဘယ်သူက မိစ္ဆာသရဲလဲဟ' ဟု တွေးတောလိုက်သည်။

သူ့ ဦးနှောက်သည် ဖြည်းညင်းစွာ တွေးတောနေပြီး အတွေးများသည် နှောင့်နှေးနေသကဲ့သို့ ဖြစ်နေ၏။

သို့သော် ခန္ဓာကိုယ်ကမူ အလိုအလျောက်တုံ့ပြန်မှုဖြင့် ရှောင်တိမ်းနေလေတော့သည်။

တစ်ခဏအတွင်းမှာပင် အမည်းရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခုသည် ခန်းမဆောင်ကြီးအတွင်း၌ လိုက်လံ တိုက်ခိုက်နေကြတော့သည်။

ကျန်းလင်သည် တစ်ခါတစ်ရံ အနောက်ဘက်သို့ ပန်းကန်ပြား တစ်ချပ် ပစ်ပေါက်လေ့ရှိ၏။

တစ်ခါတစ်ရံတွင် ထိုပန်းကန်ပြားများကိုအမည်းရောင်ဝိညာဉ်ဖမ်းတမန်တော် အဖွဲ့မှူးကြီးက ရှောင်တိမ်းသွားနိုင် သည် သို့မဟုတ် ရိုက်ချိုးပစ်နိုင်သော်လည်း တစ်ခါတစ်ရံတွင်မူ ဘေးဘက်၌ ပွဲကြည့်နေကြသော စီနီယာကြီးများ၏ ကိုယ်ပေါ်သို့ သွားရောက် ထိမှန်တတ်လေသည်။

စီနီယာကြီးများသည် 'အား' ဟု တစ်ချက် အော်လိုက်ပြီးနောက် နေရာပြောင်းကာ သူတစ်ပါး ဒုက္ခရောက်သည်ကို ပျော်ရွှင်စွာဖြင့် ဆက်လက်ကြည့်ရှုနေကြ၏။

၎င်းမှာ နှစ်ပတ်လည်ပွဲတော်၏ကြီးမားသော ပျော်ရွှင်မှုကြီး တစ်ခုပင် ဖြစ်ပေသည်။

ဤမျိုးဆက်သစ်များ သတိပြန်လည်လာချိန်တွင် ၎င်းတို့အားလုံးသည်သူတို့၏အမည်းစက် သမိုင်းကြောင်းများ ဖြစ်လာတော့မည် မဟုတ်လော။

...

ကျန်းလင်သည် ရှောင်တိမ်းနေရင်း ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ထို့ကြောင့် သူသည် အမြန်နှုန်းကို ချက်ချင်းတိုးမြှင့်လိုက်ပြီး တစ်ဖက်လူ သတိမထားမိချိန်တွင် ကောက်မကာ ဝိညာဉ်ဖမ်းတမန်တော်အမည်းရှိရာဘက်သို့ ပစ်ပေါက်လိုက်တော့၏။

ရုတ်တရက် အပစ်ပေါက်ခံလိုက်ရသော ကျန့်အန်းမင်းသားသည် ကြက်သေသေသွားခဲ့၏။

'ဟေး ဟေး၊ ငါ ခုနလေးတင်မှ မုန့်ပေါ်ဆီကနေ လွတ်လာတာနော်' ဟု သူက တွေးတောလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အရက်အများကြီး သောက်ထားခြင်း မရှိသဖြင့် အပစ်ခံလိုက်ရပြီးနောက် လေထဲတွင် ဘရိတ်အုပ်ကာ ဝိညာဉ်ဖမ်းတမန်တော်အမည်း၏ သံကြိုးကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ပေသည်။

"တစ်ကောင်လာရင် တစ်ကောင် ဖမ်းမယ်၊ နှစ်ကောင်လာရင် နှစ်ကောင်လုံး ဖမ်းမယ်ကွ"

ထိုဝိညာဉ်ဖမ်းတမန်တော်အမည်း အဖွဲ့မှူးကြီးသစ်သည် ထိုမြင်ကွင်းကို မြင်သောအခါ မိစ္ဆာသရဲက အဖော်ခေါ်လာသည်ဟု ထင်မှတ်သွားပြီး ပိုမိုရဲရင့်စွာတိုက်ခိုက်လာတော့၏။

'ချွင်'

သံကြိုးများ ရိုက်ခတ်သံနှင့်အတူ သံကြိုးဆယ်ချောင်းကျော် သည် ကျန့်အန်းမင်းသားနှင့် ကျန်းလင်ရှိရာသို့ တိုက်ခိုက်လာခဲ့သည်။

ထိုဝိညာဉ်ဖမ်းတမန်တော်အမည်းသည် ဤမိစ္ဆာသရဲများ အားလုံးကို ဖမ်းဆီးပြီးနောက် စားပွဲထောင့်များတွင် ခုခံရန် အသုံးပြုမည်ဟု တွေးတောနေလေ၏။

...

'ဒိုင်း'

မုန့်ပေါ်၏သံတူကြီးသည် နောက်တစ်ကြိမ် ထပ်မံကျဆင်းလာပြန်ပြီး စားပွဲတစ်လုံး ထပ်မံပျက်စီးသွားပြန်သည်။

ထိုအခါအရသာရှိသော အစားအစာများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။

...

ပွဲကြည့်ရသည်ကို မရောင့်ရဲနိုင်သော စီနီယာကြီးများ၏ ဝင်ရောက် စွက်ဖက်မှုအောက်တွင် နှစ်ပတ်လည်ပွဲတော်သည် အလုံးစုံ ရှုပ်ထွေးပွက်လောရိုက်သွားခဲ့ပြီဖြစ်လေသည်။

ရုတ်တရက်ဤသို့ စည်ကားသက်ဝင်နေသော လေထုထဲသို့ အငွေ့အသက် တစ်ခုသည် ခန်းမဆောင်ကြီးအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏။

တစ်ခဏအတွင်းမှာပင် ခန်းမဆောင်ကြီး တစ်ခုလုံးသည် ငြိမ်သက်သွားခဲ့သည်။

အရက်မူးပြီး ရမ်းကားနေသူများ၊ ရောနှောတိုက်ခိုက်နေသူများ၊ သို့မဟုတ် ရှောင်တိမ်းနေသူများနှင့် ပွဲကြည့်နေကြသော ဝိညာဉ်တမန်တော်များအားလုံးသည် ရပ်တန့်သွားကြတော့၏။

ထို့နောက် လားရာတစ်ခုတည်းဆီသို့ ပြိုင်တူ ကြည့်ရှုလိုက်ကြသည်။

ခန်းမဆောင်ကြီး၏တံခါးဝတွင်

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယမမင်းယန်လော်သည် လေဟာနယ်ကိုနင်းလျှောက်ကာ ဝင်ရောက်လာခဲ့သည်။

သူမ၏အနောက်တွင် တရားသူကြီးလေးပါးနှင့် သရဲစစ် သည်တော် အချို့ပါဝင်လာခဲ့၏။

နှစ်ပတ်လည်ပွဲတော်၏ ရှုပ်ထွေးနေသော မြင်ကွင်းကိုကြည့်ရင်း ယမမင်းလော်သည် မည်သည့်စကားကိုမျှ မပြောဆိုခဲ့ချေ။

သူမသည် ခန်းမဆောင်ကြီး တစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်သော ထိုင်ခုံနေရာဆီသို့ တိုက်ရိုက်ပျံသန်းသွားလေသည်။

သူမ အနောက်မှ တရားသူကြီး လေးပါးသည်လည်း ကိုယ့်နေရာနှင့်ကိုယ် ရှာဖွေ၍ထိုင်လိုက်ကြပြီး ၎င်းတို့အထဲမှ တရားသူကြီးနှစ်ပါး၏ မျက်နှာပေါ်တွင် ရယ်ချင်စိတ်ကို အောင့်ထားရသည့် ပုံစံရှိနေ၏။

ထိုသရဲစစ်သည် အချို့မှာမူ ယမမင်းလော်၏ အနောက်မှ လိုက်ပါသွားပြီး သူမ၏ ထိုင်ခုံအနောက်ဘက်တွင် ရပ်တန့်လိုက်ကြသည်။

၎င်းတို့၏မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသကဲ့ သို့ မည်သည့်ပိုလျှံသော လှုပ်ရှားမှုမျှလည်း မရှိကြချေ။

ခံစားချက်ကင်းမဲ့နေသော စက်ရုပ်များနှင့်ပင် တူနေလေသည်။

"နှစ်ပတ်လည်ပွဲတော်ကို ဆက်လုပ်ကြ"

ယမမင်းယန်လော်သည် ခန်းမဆောင်ကြီး တစ်ခုလုံးကို အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ပြောဆိုလိုက်၏။

သူမ၏အသံနှင့် တည်ရှိမှုသည် မျက်မြင်မရသောခြိမ်း ခြောက်နိုင်စွမ်း တစ်ခုကို သယ်ဆောင်လာခဲ့ပေသည်။

ထိုအခါတိတ်ဆိတ်နေသော လေထုသည် ချက်ချင်းပင်ကျိုးပျက်သွားခဲ့၏။

ထို့နောက် ဝိညာဉ်တမန်တော် အားလုံးသည် မိမိတို့၏နေရာ အသီးသီးသို့လိမ္မာစွာ ပြန်လည်ထိုင်လိုက်ကြတော့သည်။

အရက်မူးနေသော ဝိညာဉ်တမန်တော်များသည်လည်း စီနီယာကြီးများ၏အကူအညီဖြင့် နေရာသို့ ပြန်လည် ရောက်ရှိကာ ထိုင်လိုက်ကြလေသည်။

ရိုက်ချိုးခံလိုက်ရသော စားပွဲများသည် မည်သည့်အချိန်က မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားမှန်းမသိရဘဲ အပေါ်ရှိ အရက်အိုးများနှင့် အရသာရှိသော အစားအစာများသည်ပင် အစပိုင်းကကဲ့သို့ မူလနေရာတွင် ပြန်လည် တည်ရှိနေကြ၏။

ရှုပ်ထွေးပွက်လောရိုက်နေသော မြင်ကွင်းသည် တစ်ခဏအတွင်းမှာပင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။

အခြေအနေ မပြောင်းလဲသည်မှာ အရက်မူးနေဆဲ ဖြစ်သော အဖွဲ့မှူးကြီး အသစ်များနှင့် ထိုစီနီယာကြီးများ ကိုယ်တိုင် ရှာဖွေခဲ့သော ဒဏ်ရာများသာ ရှိလေတော့၏။

...

[အစ်ကိုတို့ရေ၊ ဒီမြင်ကွင်းက တော်တော်လေး ရင်းနှီးနေသလို မခံစားရဘူးလား]

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း၌

ပရိသတ်များသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ရုတ်တရက် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့သည်။

[ငါ သိပြီ၊ ဒီမြင်ကွင်းက ညဘက် ကိုယ်ပိုင်စာကျက်ချိန်မှာ အတန်းပိုင်ဆရာမ ရုတ်တရက်ပေါ်လာတဲ့ အခိုက်အတန့်မျိုး မဟုတ်ဘူးလား]

[ငါ အလုပ်မှာ ခိုးအိပ်နေတုန်း သူဌေးက ရုံးခန်းတံခါးဝမှာ ရုတ်တရက် ပေါ်လာတာနဲ့ တူလိုက်တာ]

[ငါ ဖုန်းခိုးသုံးနေတုန်း အမေက အနောက်မှာ ရုတ်တရက် ပေါ်လာတာနဲ့ကို တူနေတာပဲ]

ဤအရာနှင့် ပတ်သက်၍ ပရိသတ်များသည် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်နိုင်ကြပေသည်။

သို့သော် ဝိညာဉ်တမန်တော်ကြီးများတွင်လည်း ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်နေသော အခိုက်အတန့်မျိုး ရှိလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

ထိုအကြောင်းကို တွေးမိသည်နှင့်တစ်ပြိုင်နက် သူတို့သည် အားနာဟန်မရှိဘဲ အသံထွက်ကာ ရယ်မောလိုက်ကြတော့ ၏။

[အသစ်လေးမို့လို့ မေးပါရစေ၊ အမြင့်ဆုံးမှာ ထိုင်နေတဲ့သူက ဘယ်သူများလဲဟင်]

[အဲဒါ လိုလီ သခင်မကြီးလေ]

ပရိသတ်တစ်ဦးက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သော်လည်း မေးမြန်းသော ပရိသတ်မှာ ပိုလို့နားမလည်နိုင် ဖြစ်သွားတော့၏။

[ဟင်]

[ဒီကိစ္စက စိတ်နဲ့ပဲ ခံစားလို့ရမယ်၊ စကားနဲ့ ပြောလို့ မရဘူး]

[နားလည်ပြီ နားလည်ပြီ၊ အဲဒါက နာမည်ကို ထုတ်မပြောရတဲ့ တည်ရှိမှုမျိုး မဟုတ်လား]

[ကြည့်ရတာ အပေါ်ကလူကလည်း အန်နီမေးရှင်းလောက ကပဲ ထင်တယ်နော်]

ပရိသတ်များက လိုလီသခင်မကြီး ဟု ခေါ်ဆိုရခြင်းမှာ ယခင်က Streamer ပြောဆိုခဲ့ဖူးသော ယမမင်းကြီးကို ပေါ့ပေါ့ဆဆ မခေါ်ဆိုရ ဟူသည့် စကားကြောင့် ဖြစ်၏။

ထိုစကားကို သူတို့သည် နှလုံးသားထဲတွင် စွဲမြဲစွာမှတ်သားထားကြပြီ ဖြစ်ပေသည်။

တိတ်ဆိတ်ပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိသွားသော ခန်းမဆောင်ကြီးကို ကြည့်ရင်း ပရိသတ်များသည်လည်း တဖြည်း ဖြည်း တိတ်ဆိတ်သွားကြပြီး ရယ်ရလွန်းသဖြင့် နာကျင်နေသော ဗိုက်သည်လည်း နောက်ဆုံးတွင် အနာသက်သာသွားတော့၏။

သို့သော် အနည်းငယ်ကျင့်သားမရ ဖြစ်နေလေ၏။

သူတို့၏ ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ လှုပ်ရှားတက်ကြွလိုသော ဆဲလ်များကို ဆွဲဆောင်ထားပြီး ဖြစ်ရာ "အားလုံးပဲ, ထကလိုက်ကြဟေ့" ဟုပင် အော်ဟစ်ချင်နေကြတော့သည်။

🫧 Chapter 198

"အဟမ်း၊ အဟမ်း"

ခန်းမဆောင်ကြီး အတွင်းတွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် ဝိညာဉ်တမန်တော် အားလုံး နေရာယူပြီးချိန်၌ ခေါင်းပေါ်တွင် ကျစ်ဆံမြီး နှစ်ဖက်ထောင်နေအောင် ကျစ်ထားသော သရဲကလေး တစ်ကောင်သည် မည်သည့်နေရာမှန်းမသိဘဲ ပျံသန်းထွက်ပေါ်လာပြီး ခန်းမဆောင်ကြီး၏ အလယ်ဗဟိုရှိ အချင်း ရှစ်မီတာခန့်ရှိသော စင်မြင့်အဝိုင်းကြီးပေါ်သို့ တိုက်ရိုက်ရောက်ရှိသွားလေသည်။

တစ်ခဏအတွင်းမှာပင် စင်မြင့်၏ အစွန်းတစ်ဝိုက်တွင် အေးစက်စက် အဖြူရောင် သရဲမီးတောက်များထွက်ပေါ်လာပြီး စင်မြင့်တစ်ခုလုံးကို လင်းထိန်သွားစေ၏။

သရဲကလေးသည် စင်မြင့်အထက်လေထဲတွင် လွင့်မျောနေပြီး ပြည့်နှက်နေသော ဝိညာဉ်တမန်တော်ကြီးများကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ကာ လုံးဝကြောက်ရွံ့ခြင်း မရှိပေ။

"မြေအောက်ကမ္ဘာရဲ့ နှစ်တစ်ရာတစ်ကြိမ်ကျင်းပတဲ့ နှစ်ပတ် လည်ပွဲတော်ကို လာရောက်တက်ရောက်ကြတဲ့ လူကြီးမင်းများ အားလုံးကိုကြိုဆိုပါတယ်၊ ကျွန်တော်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်ကတော့ ဒီညရဲ့အခမ်းအနားမှူး သရဲကလေးငယ် နံပါတ် ၃ ဖြစ်ပါတယ်"

"ဘာဖြစ်လို့ နံပါတ် ၂၊ နံပါတ် ၇၊ နံပါတ် ၈ မဟုတ်ဘဲ သရဲကလေးငယ် နံပါတ် ၃ ဖြစ်နေရတာလဲဆိုရင်..."

သရဲကလေးသည် ပါးစပ်ကိုဟကာ ပြုံးလိုက်ရာ အစွယ်ကဲ့သို့ ချွန်ထက်နေသော သွားများကို မြင်တွေ့လိုက်ရ၏။

"အဲဒါကတော့ ညီအစ်ကိုမောင်နှမတွေ အားလုံးထဲမှာ ကျွန်တော့်ရဲ့စွမ်းရည်က တတိယနေရာမှာ ရှိနေလို့ပါပဲ"

"လူကြီးမင်းတို့ရဲ့ စားပွဲညာဘက်မှာ ဆက်သွယ်ရေး ကျောက်တုံးလေး တစ်တုံးစီရှိတာကို တွေ့ရမှာပါ"

"စကားပါးချင်တာ ဖြစ်ဖြစ်၊ ပစ္စည်းပေးချင်တာ ဖြစ်ဖြစ်၊ အဲဒီကျောက်တုံးလေးကိုသာ ညှစ်ခွဲလိုက်ပါ၊ ကျွန်တော် ချက်ချင်းထွက်လာပြီး သွားပို့ပေးပါ့မယ်"

ထိုသို့ပြောရင်း သရဲကလေးသည် လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ အရိုအသေပေးလိုက်၏။

သေးငယ်သော ခန္ဓာကိုယ်၊ ကြီးမားသော ခေါင်းကြီးနှင့် မျက်ခုံးများကြားတွင်မူ မာနကြီးသော အမူအရာတစ်ခု ရှိနေပေသည်။

အဆင့် ၃ နေရာတွင် ရှိနေသော သရဲကလေးက ဝန်ဆောင်မှု ပေးရလောက်အောင် မည်သူကမျှ အရေးပါမည်မဟုတ်ချေ။

နံပါတ် ၁ နှင့် နံပါတ် ၂ တို့တွင်မူ ပုံမှန်အားဖြင့် သီးသန့် ဝန်ဆောင်မှုပေးရသော သူများရှိတတ်ကြ၏။

မှန်ပေသည်၊ နံပါတ် ၃ အနေဖြင့် ၎င်းတွင်လည်း ပုံမှန်ဝန် ဆောင်မှုပေးရသော သူများရှိသော်လည်း ပြင်ပသို့ စီးပွား ရေးတိုးချဲ့ရန် ရွေးချယ်နိုင်ခွင့် ရှိပေသည်။

"အခု ဒီနှစ်ရဲ့ နှစ်ပတ်လည်ပွဲတော်ကို တရားဝင် စတင်ပါပြီလို့ ကျွန်တော် ကြေညာပါတယ်"

သရဲကလေး၏ လက်ထဲတွင် အရက်အိုးတစ်လုံးနှင့် ခွက်တစ်ခွက် ထွက်ပေါ်လာပြီး အမြင့်ဆုံးနေရာတွင် ထိုင်နေသော ယမမင်းယန်လော်ဘက်သို့ လှည့်လိုက်၏။

"ပထမဆုံးတစ်ခွက်ကို ကျွန်တော်တို့ရဲ့ အလေးစားရဆုံး ယမမင်းကြီးအတွက် ဂုဏ်ပြုပါတယ်"

တစ်ခဏအတွင်းမှာပင် စားပွဲရှေ့တွင် ထိုင်နေကြသော ဝိညာဉ်တမန်တော် အားလုံးသည် အရက်အိုးများကိုကောက် ယူကာ ကျောက်စိမ်းဖြူခွက်များထဲသို့ 'မူးယစ်သေရည်' ကို ငှဲ့ထည့်လိုက်ကြသည်။

ဤ 'မူးယစ်သေရည်' သည် နှစ်ပတ်လည်ပွဲတော် အချိန်ကျမှသာ ဤမျှ အများအပြား တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေ့ ရှိခြင်းဖြစ်၏။

"ယမမင်းကြီးကို ဂုဏ်ပြုပါတယ်"

ဝိညာဉ်တမန်တော် အားလုံးသည် ယမမင်းယန်လော်ဘက်သို့ ပြိုင်တူ လှည့်လိုက်ကြပြီး လက်ထဲရှိ အရက်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြလေသည်။

ကျန်းလင်သည်လည်း တစ်ကျိုက်တည်း မော့သောက်လိုက်သော်လည်း သူ့ ခွက်ထဲတွင် ဘာမှမရှိချေ။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များသည် မျက်နှာကို လက်ဝါးဖြင့်အုပ်လိုက်မိကြ၏။

'Streamer ကြီးရေ၊ မင်း အရက်တွေ အကုန်လုံးကို စားပွဲပေါ်ပဲ လောင်းချလိုက်တာလေကွာ' ဟု သူတို့က တွေးတောမိကြသည်။

အရက်မူးနေသော သရဲတစ်ကောင်အတွက် ဤကဲ့သို့လုပ် ဆောင်ရခြင်းမှာ အနည်းငယ်ခက်ခဲနေမည် ဆိုသည်ကိုမူ ဝန်ခံရမည်သာ ဖြစ်ပေ၏။

ကြည့်ပါဦး၊ ဟိုဘက်ရှိ ဝိညာဉ်ဖမ်းတမန်တော်အမည်း အဖွဲ့မှူးကြီးဆိုလျှင် အချိန်အတော်ကြာအောင် ငှဲ့နေသော်လည်း အရက်တစ်စက်မျှ ခွက်ထဲသို့ ဝင်မသွားချေ။

ထို့အပြင် ဟိုဘက်ရှိ ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးသစ်ဆိုလျှင် ပိုဆိုးသေးသည်၊ ချိတ်ပိတ်ခြင်းများကိုပါ အသုံးပြုနေပြီဖြစ်၏။

မုန့်ပေါ်ကမူ ပိုတိုက်ရိုက်ကျလှသည်ဖြစ်ကာအရက်အိုးကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ တန်းလောင်းချနေသည်ကို မြင်ရပြီး ဘေးရှိ ဝိညာဉ်တမန်တော်များမှာ အလွန်အမင်း ထိတ်လန့်နေကြတော့၏။

"အခုဆက်ပြီးတော့၊ ယခင်နှစ်တွေက ဓလေ့ထုံးစံအတိုင်းပဲ၊ ရာစုနှစ်အတွင်းမှာ အသစ်တက်လာတဲ့ ဝိညာဉ်တမန်တော်ကြီးတွေကို အားလုံးနဲ့ မိတ်ဆက်ပေးဖို့ ဖိတ်ခေါ်ပါတယ်"

သရဲကလေးသည် စင်မြင့်အထက်တွင် လွင့်မျောနေရင်း 'မူးယစ်သေရည်' ကို သောက်ထားသဖြင့် ၎င်း၏မျက်နှာလေး တစ်ခုလုံး နီရဲနေလေ၏။

သို့သော် ဤမျှ အရက်နည်းနည်းလေးကတော့ ၎င်းကို မူးသွားစေနိုင်မည် မဟုတ်ချေ။

"ဝိညာဉ်တမန်တော်ကြီး တစ်ယောက်ချင်းစီတိုင်းအတွက် အကွက်ပြသဖို့ အချိန်ဆယ်မိနစ်စီ ရပါမယ်၊ ဘယ်ဝိညာဉ်တမန်တော်ကြီးက အရင် စမလဲခင်ဗျာ"

"..."

လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ကာ ထိုစီနီယာ ကြီးများသည် အရက်အမူးတိုက်ခံထားရသော မျိုးဆက်သစ်များကို တစ်ယောက်ချင်းစီလိုက်ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းချုပ်ရန် လက်သီးဆုပ်ကာ ပါးစပ်ဝတွင်တေ့၍ ချောင်း ဟန့်လိုက်ကြလေသည်။

ကြည့်ကောင်းသော ပြဇာတ်ကြီးကား နောက်ဆုံးတွင် စတင်တော့မည် ဖြစ်ပေ၏။

...

[သရဲကလေးရဲ့လုပ်ငန်းဆောင်ရွက်ပုံက ဒီလောက်တောင် ကျွမ်းကျင်နေတာပဲ၊ ငါလည်း လေ့လာထားမှ ရတော့မယ်]

[ပြသရမယ်၊ ဒါက နှစ်သစ်ကူး အားလပ်ရက်တွေမှာ လူသစ်တွေကို စင်ပေါ်တက်ပြီး စကားပြောခိုင်းတာ၊ ဖျော်ဖြေခိုင်းတာမျိုး မဟုတ်ဘူးလား]

[ဟာ၊ ဒါက လူမဆန်လိုက်တာကွာ]

[သေပြီ သေပြီ၊ Streamer တောင် ဒီလောက်မူးနေပြီဆိုတော့...]

ဤမြင်ကွင်းကို ကြည့်ရှုရင်း တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များသည် မည်သို့မျှ နားမလည်နိုင်စရာ အကြောင်း မရှိတော့ချေ။

အစပိုင်းက သူတို့ ထင်မှတ်ထားသည်မှာ ထိုဝိညာဉ်တမန်တော်ကြီးများက Streamer ကို အရက်အမူးတိုက်ခြင်းသည် လေထုကို စည်ကားသက်ဝင်စေရန် သို့မဟုတ် လူသစ်များအတွက် ဓလေ့ထုံးစံ တစ်ခုခုကြောင့် ဖြစ်မည်ဟု ထင်ခဲ့ကြ ၏။

သို့သော် သူတို့က ဤနေရာတွင် စောင့်နေကြခြင်း ဖြစ်ပြီး အရာအားလုံးသည် ဤအခိုက်အတန့်အတွက်သာ ဖြစ်နေမည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

'အရမ်းယုတ်မာလွန်းတယ်ကွာ'

'အရက်မူးနေတဲ့ Streamer ဘာတွေ လုပ်မလဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရဘူး' ဟု ၎င်းတို့က တွေးတောမိကြ၏။

မည်သို့ပင်ဆိုစေကာမူ ခုနက Streamer ဥလေးကို လိုက်ဖမ်းနေသည့် ပုံစံကို ကြည့်လိုက်လျှင် အသိဉာဏ်ရှိနေသည့် ပုံစံမျိုး လုံးဝမပေါက်ချေ။

[[လေပြေညင်း] မှ Streamer ကို ကောက်ညှင်းမုန့် ၁၀ ခု ဆုချလိုက်ပါတယ်၊ ပြီးတော့ စာသားလေးက : Streamer ဂရုစိုက်ပါ]

[[နူးညံ့ပျော့ပျောင်းတဲ့သူ] မှ Streamer ကို ကား ၁ စီး ဆုချလိုက်ပါတယ်၊ ပြီးတော့ စာသားလေးက : Streamer ရှေ့ကို ဆက်တက်]

[ မင်းတို့တွေက တော်တော်လေး မျှော်လင့်နေကြတဲ့ပုံပဲနော်]

[အဟမ်း၊ အပေါ်ကလူက အမှန်တရားကိုဖွင့်မပြောပါနဲ့တော့၊ အားလုံးက စိတ်ထဲမှာ သိနေရင် ရပါပြီ]

...

'ပရိသတ်များ အနေဖြင့် မမျှော်လင့်ဘဲ နေမည်လား' လုံးဝမဖြစ်နိုင်ပေ ။

မည်သို့ပင်ဆိုစေကာမူ ခုနက ထိုသရဲကလေး ပြောခဲ့သည်မှာ ဤသည်မှာ နှစ်တစ်ရာလျှင် တစ်ကြိမ်ကျင်းပသော နှစ်ပတ် လည်ပွဲတော်ဖြစ်သည်ဟု ဆိုသည်မဟုတ်လော။

ထို့ကြောင့် ဤသည်မှာ သေချာပေါက် သူတို့ဘဝ တစ်သက်တာတွင် တစ်ကြိမ်သာကြုံတွေ့ရမည့် အရာမျိုးပင်ဖြစ်တော့ သည်။

လွဲချော်သွားပါက ထပ်မံ မြင်တွေ့ရတော့မည် မဟုတ်ချေ။

သူတို့သည် ကိုယ်တိုင်ကြည့်ရှုရုံသာမက သူငယ်ချင်း မိတ်ဆွေများကိုပါခေါ်ယူ၍ အတူတကွ ကြည့်ရှုကြမည် ဖြစ်၏။

ယခုအချိန်တွင် မှတ်ချက် မပေးနိုင်သူများ အားလုံးသည် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် စာတိုပေးပို့ခြင်းများကို ပြုလုပ်နေကြမည်မှာ သေချာပေသည်။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု လင့်ခ်များကို ပရိသတ်များက လူမှုကွန်ရက် စာမျက်နှာများ သို့မဟုတ် ဆိုရှယ်မီဒီယာများပေါ်တွင် မျှဝေလိုက်ကြ၏။

[လူငယ်အချင်းချင်း မလိမ်ပါဘူး၊ ငါ မင်းကို မခေါ်ဘူးလို့ မပြောနဲ့၊ မြန်မြန် ဝင်လာခဲ့]

[မြေအောက်ကမ္ဘာရဲ့ နှစ်တစ်ရာတစ်ကြိမ်ကျင်းပတဲ့ နှစ်ပတ် လည်ပွဲတော်၊ ဒီရွာကို ကျော်သွားရင် ဒီဆိုင် မရှိတော့ဘူးနော်]

[အရက်မူးနေတဲ့ ဝိညာဉ်တမန်တော်ကြီးများ၊ တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့မြင်ကွင်း]

"နှစ်ပတ်လည်ပွဲတော်လား၊ ဟာ မကြည့်တော့ဘူး၊ Live သွားကြည့်တော့မယ်"

"Streamer မူးသွားပြီလားလို့ မေးပါရစေ၊ ငါ့ဆီမှာ လိုင်းမကောင်းလို့၊ ခဏနေရင် လာခဲ့မယ်နော်"

လင့်ခ်တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားသည်နှင့်အမျှ အင်တာနက် တစ်ဝက်ခန့်သည် ဆူညံပွက်လောရိုက်သွားတော့၏။

အင်တာနက် အသုံးပြုသူ အမြောက်အမြားသည် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ဝင်ရောက်လာကြပြီး အောက်ဘက်တွင် မှတ်ချက်များ ချန်ထားခဲ့ကြသည်။

ထို့ပြင်ကျေးလက်ဒေသ သို့မဟုတ် တောင်ပေါ်ဒေသများရှိ သူငယ်ချင်းများသည် ရပ်နေ၍ပင် မရတော့ဘဲ ခုန်ပေါက်ချင်စိတ် ပေါက်လာကာ ဆက်သွယ်ရေး တာဝါတိုင်ဘေးတွင် တိုက်ရိုက် သွားရောက်စောင့်ဆိုင်းချင်နေကြတော့၏။

"အား... ငါ ဘာလို့ နယ်မှာ နှစ်သစ်ကူးနေရတာလဲ"

"နှစ်တစ်ရာတစ်ကြိမ်တဲ့လား၊ တောက်! တကယ်ကို တစ် သက်မှာ တစ်ခါပဲကွာ၊ နောက်တစ်ကြိမ်ဆို ငါ့မြေးတွေ လက် ထက်ကျမှ ဖြစ်တော့မယ်၊ မဖြစ်ဘူး၊ အဘိုးဖြစ်တဲ့ငါက အရင်ကြည့်ရမယ်"

...

တစ်ခဏအတွင်းမှာပင်

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူ အရေအတွက်သည် သန်းဂဏန်းကို တိုက်ရိုက် ကျော်လွန်သွားခဲ့ပြီး ဆက် လက်၍လည်း အဆက်မပြတ်မြင့်တက်နေဆဲဖြစ်၏။

ဤမြင်ကွင်းကို ကြည့်ရင်း နှစ်သစ်ကူးချိန်တွင် လူကြည့်များအောင် ကြိုးစားနေကြသော အခြားသော အင်တာနက် Streamer များစွာသည် အလွန်အမင်း မနာလိုဖြစ်သွားကြတော့သည်။

ထို့အပြင် ရူးသွပ်သွားကြလေ၏။

"ဘာ Live လွှင့်ရမှာလဲ၊ ငါလည်း ဝိညာဉ်တမန်တော်ကြီးရဲ့ Live ကို သွားကြည့်တော့မယ်"

"မလွှင့်တော့ဘူး၊ မလွှင့်တော့ဘူး၊ အစ်ကိုတို့ရေ... ဟာ၊ တစ်ယောက်ချင်းစီက ငါ့ထက်တောင် ပိုမြန်နေကြပါလား"

Streamer များသည် ပရိသတ်များကို မလွှင့်တော့ကြောင်း ပြောဆိုနေစဉ်မှာပင် ၎င်းတို့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူ အရေအတွက်သည် တဖျပ်ဖျပ် ကျဆင်းသွားသည်ကို တွေ့ရှိလိုက်ရ၏။

မှတ်ချက်ကဏ္ဍတွင်လည်း 'တာ့တာ' ဟူသော စကားလုံးများသာ အစီအရီ ထွက်ပေါ်လာတော့သည်။

ထိုအခါ Streamer များသည်လည်း အပိုစကား ပြောမနေတော့ဘဲ ချက်ချင်းလစ်ထွက်သွားကြတော့၏။

နှစ်သစ်ကူးအချိန်၌ ပျင်းရိနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အက်ပလီကေးရှင်း အတွင်းသို့ဝင်ရောက်ကာ ပေါ့ပေါ့ပါးပါး ကြည့်ရှုမည်ဟု ပြင်ဆင်နေသော အချို့သော အင်တာနက် အသုံးပြုသူများသည် ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် တွေဝေသွားကြတော့သည်။

"..."

'ဘာအခြေအနေကြီးလဲဟ'

'နှစ်သစ်ကူးဆိုတော့ အားလုံးက အားလပ်ရက်ယူသွားကြတာလား'

'ဘာလို့ တစ်ယောက်မှ Live မလွှင့်ကြတော့တာလဲ၊ ဒါဆို ငါ ဘာလုပ်ရမလဲ'

...

ယခုနှစ်သည် ထူးခြားဆန်းကြယ်သော နှစ်တစ်နှစ်ဖြစ်လာမည်မှာ သေချာပေသည်။

အချို့က တွေဝေနေကြပြီး၊ အချို့က စိတ်လှုပ်ရှားနေကြကာ၊ အချို့ကမူ ပျော်ပွဲရွှင်ပွဲထဲ ဝင်ပါနေကြသည်မဟုတ်ပေလော။

All Chapters