အခန်း ၃၁၂
Vol. 32 Ch. 312
🫧 Chapter 312
"ဒါ တကယ်ပဲ ဘာပစ္စည်းကြီးလဲ"
ကျန်းလင် သူ့ လက်ထဲရှိ အချပ်လွှာလေးကို ကြည့်လျက်တွေးလိုက်၏။
၎င်းမှာ လက်ဝါးနှစ်ဖက်စာ အရွယ်အစားခန့်သာ ရှိပေသည်။
ထို့နောက် အေးမြသော ခံစားချက်က ဖြတ်သန်းလာချိန်တွင် အချပ်လွှာလေးပေါ်၌ ထိုပုံရိပ်ယောင်က ထပ်မံ ထွက်ပေါ်လာတော့သည်။
၎င်းမှာ ခြေလေးချောင်းဖြင့် တွားသွားနေသော တိရစ္ဆာန် တစ်ကောင်ပင်။
ကျန်းလင်စကားကို ကြားလိုက်၍လော၊ သို့မဟုတ် သူ၏ ထိတွေ့မှုကြောင့် တုံ့ပြန်မှု ဖြစ်ပေါ်လာ၍လော ဆိုသည်ကိုတော့ မသိပါချေ။
ထိုခြေလေးချောင်း တိရစ္ဆာန်လေးက အမှန်တကယ်ပင် လှုပ်ရှားလာ၏။
၎င်းမှာ အစိမ်းပုပ်ရောင် အချပ်လွှာလေးပေါ်တွင် တစ်ပတ် လှိမ့်လိုက်ပြီး အိပ်ရာမှ ခုနလေးတင် နိုးလာသကဲ့သို့ ဖြစ်နေတော့သည်။
"...."
အရောင်ခုနစ်မျိုး ဥလေးကလည်း သခင်ဖြစ်သူ၏ အင်္ကျီလက်စွပ်ထဲမှ တိုးထွက်လာကာ ဘေးနားသို့ တိတ်ဆိတ်စွာ ပျံသန်းသွားပြီး အချပ်လွှာလေးပေါ်ရှိ ပုံရိပ်ယောင်ကို ကြည့်ရှုလိုက်သည်။
သို့သော် အတိအကျ ဘယ်အရာမှန်း ရှင်းလင်းစွာ မမြင်ရပါချေ။
သို့သော် ၎င်းအပေါ်တွင် အလွန်သိမ်မွေ့သော ထူးဆန်းသည့် စွမ်းအင် တစ်ခုရှိနေကြောင်းကိုတော့ သူ ခံစားသိရှိနိုင်ပေသည်။
မည်သည့် ရန်လိုမှုမျှမရှိပေ။
'ဒါ ဘယ်က ရောက်လာတာလဲ'
အရောင်ခုနစ်မျိုး ဥလေးက ခြေလေးချောင်း တိရစ္ဆာန်လေးကို တစ်ပတ်ပတ်ကာပျံသန်းလိုက်ပြီး အာရုံစိုက်နေသော သခင်ဖြစ်သူကိုလည်း လှမ်းကြည့်လိုက်၏။
ဤအချိန်တွင် သူ ဘာတစ်ခုကိုမှ သတိမထားမိသေးပါချေ။
နောက်တစ်ခဏတွင် အစိမ်းပုပ်ရောင် အချပ်လွှာလေးပေါ်ရှိ ခြေလေးချောင်းတိရစ္ဆာန်လေးက ရုတ်တရက် ရှေ့သို့ တွားသွားလာတော့သည်။
ထို့နောက် တစ္ဆေချီစွမ်းအင်ဖြင့် ပင့်မထားသော အချပ်လွှာလေးပေါ်မှ ခုန်ဆင်းကာ ကျန်းလင် လက်ဖဝါးပေါ်သို့ကျရောက်သွား၏။
ပြီးလျှင် ပျင်းရိပျင်းတွဲဖြင့် တစ်ပတ်လှိမ့်လိုက်သေးသည်။
ထိုအခါ အရောင်ခုနစ်မျိုး ဥလေးမှာ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။
"...."
ထိုအခါ သူ အထက်အောက်လှုပ်ယမ်းသွားပြီး သခင်ဖြစ်သူ လက်ကို အလျင်အမြန် နှစ်ပတ်ခန့်ပတ်ပျံသန်းလိုက်၏။
'ဒါ ဒါ ဒါ ဘာလုပ်နေတာလဲ'
'ချစ်စရာကောင်းအောင် လုပ်ပြနေတာ ရှက်စရာကြီး'
သူကမူ ခြေလေးချောင်း တိရစ္ဆာန်လေးကို တစ်လှည့်၊ သခင်ဖြစ်သူကို တစ်လှည့် ကြည့်လိုက်သည်။
'ဒီအကောင်က ခြေထောက်လေး နည်းနည်းပိုများနေရုံလေး မဟုတ်ဘူးလား၊ ငါ့ရဲ့ ဥခန္ဓာကိုယ်ကလည်း အရောင်ပြောင်းလို့ရတယ်လေ၊ ပြီးတော့ တိမ်တိုက်လေးတွေတောင် ဖန်တီးလို့ ရသေးတယ်'
ကျန်းလင် စိတ်လှုပ်ရှားနေသော အရောင်ခုနစ်မျိုး ဥလေးကို ဂရုမစိုက်ဘဲ သူ့ လက်ထဲရှိ အရာကို ကြည့်ကာ မျက်မှောင် ကြုတ်လိုက်၏။
'ဒီအရာက သက်ရှိလား'
သို့သော် သက်ရှိ အငွေ့အသက်ကို သူ အမှန်တကယ်ပင် မခံစားရပါချေ၊ ဝိညာဉ် အငွေ့အသက်ကိုလည်း မခံစားရပေ။
ထိုအခါ ကျန်းလင် သိချင်စိတ် ပြင်းပြစွာဖြင့် "ဒီအရာရဲ့ မူလ ခန္ဓာကိုယ်က တကယ် ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ"
'အခွံတစ်ခုလေးကတောင် ဒီလို အပြောင်းအလဲတွေ ဖြစ်လာနိုင်တာလား'
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုခြေလေးချောင်း တိရစ္ဆာန်လေး၏ ပုံရိပ်ယောင်က ခေါင်းခါယမ်းလိုက်သကဲ့သို့ ဖြစ်သွားပြီး သမ်းဝေလိုက်၏။
ပြီးလျှင် ကျင့်ကြံရေးအခန်းထဲမှ ယင်စွမ်းအင် အနည်းငယ်ကို စုပ်ယူလိုက်တော့သည်။
ထိုအခါ ဘေးနားရှိ အရောင်ခုနစ်မျိုး ဥလေးမှာ လန့်ဖြတ်သွားပြီး သခင်ဖြစ်သူ၏အနောက်သို့ 'ဝှစ်' ခနဲ ပျံသန်းသွားကာ ဥခန္ဓာကိုယ် တစ်ဝက်ခန့်ကို တိတ်တဆိတ်ထုတ်၍ ဤဘက်သို့ လှမ်းကြည့်နေတော့သည်။
"....."
ဤတစ်ကြိမ်တွင်မူ ကျန်းလင် ကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။
အံ့အားသင့်လွန်း၍ လက်ထဲရှိ အချပ်လွှာလေးနှင့်ထိုခြေလေးချောင်း တိရစ္ဆာန်လေးကို ပစ်ချလိုက်မိမတတ် ပင်ဖြစ်သွားရသည်။
'ဒီဟာက ယင်စွမ်းအင်ကိုတောင် စုပ်ယူနိုင်သေးတယ် ဟုတ်လား'
'ဒါ ကျင့်ကြံနေတာလား'
'သူ့ကို အချိန်နည်းနည်းလောက်သာပေးလိုက်ရင် ခြေလေးချောင်း တိရစ္ဆာန်လေးရဲ့ ပုံရိပ်ယောင်က အကောင်အထည် ပေါ်လာနိုင်သေးတာလား'
'အဲဒီအချိန်ကျရင် သူက မူလခန္ဓာကိုယ် အပြင်ဘက်က ကိုယ်ပွားလေးတစ်ခုများ ဖြစ်လာမလား'
ဤခန့်မှန်းချက်က ကျန်းလင်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသကဲ့သို့ အနည်းငယ်လည်း စိုးရိမ်သွားစေတော့ သည်။
'စနစ်က ဒီအခွံကို ယူလာတုန်းက မူလခန္ဓာကိုယ်နဲ့ အချိတ် အဆက်ကို ဖြတ်တောက်ပြီးသား ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ'
ထိုခြေလေးချောင်း တိရစ္ဆာန်လေးက ယင်စွမ်းအင်ကို နှစ်ခါသုံးခါခန့် စုပ်ယူပြီးနောက် အချပ်လွှာလေးပေါ်သို့ ပြန်လည် မှောက်ချလိုက်ကာ ပျင်းရိပျင်းတွဲဖြင့် လှဲလျောင်းနေတော့သည်။
ကျန်းလင်လည်း ထိုအချပ်လွှာလေးကို သိုလှောင်အိတ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
စောစောက အရာများ အားလုံးမှာ သူ၏ ခန့်မှန်းချက်များသာ ဖြစ်ပေသည်။
နောက်မှသာ ဆက်ကြည့်ရမည် မဟုတ်လော။
ခြေလေးချောင်း တိရစ္ဆာန်လေး သိမ်းဆည်းခံလိုက်ရသည်ကို မြင်သောအခါ အရောင်ခုနစ်မျိုး ဥလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အရောင်မှာ အပြာရင့်ရောင်မှနေ၍ တောက်ပသော အဝါရောင်သို့ ပြောင်းလဲသွားတော့၏။
သခင်ဖြစ်သူ၏ အရှေ့သို့ ပျံသန်းလာကာ တစ်ပတ် လှိမ့်လိုက်ပြီး တိမ်တိုက်ငယ်လေး တစ်ခု ဖန်တီး၍ သခင်ဖြစ်သူကို ဆက်သရန် ပြင်ဆင်လိုက်သည်။
သို့သော် တိမ်တိုက်ငယ်လေးပင် ဖန်တီး၍ မပြီးသေးခင်မှာပင် ကျန်းလင်က လက်လှမ်းကာ ဆွဲယူလိုက်ပြီး အင်္ကျီလက်စွပ်ထဲသို့ ထည့်လိုက်တော့သည်။
ထိုအခါ အရောင်ခုနစ်မျိုး ဥလေးမှာ ဆွံ့အသွား၏။
" ... "
'သူ အခုလေးတင် လေညင်းခံဖို့ ထွက်လာရုံလေး ရှိသေးတာကို'
……
"စလိုက်ရအောင်"
ထိုဥကို အိတ်ထဲထည့်ပြီးနောက် ကျန်းလင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သော်လည်း ကျင့်ကြံခြင်း မပြုလုပ်ပါချေ။
ထိုအစား စုတ်တံ၊ မင်နှင့် စက္ကူများကို ထုတ်ယူလိုက်၏။
တစ္ဆေချီစွမ်းအင်ကို စားပွဲအဖြစ် ဖန်တီးလိုက်ပြီး အနောက်ဘက်နန်းဆောင်သို့ ရောက်ရှိပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို စတင် မှတ်တမ်းတင်လိုက်တော့သည်။
ထို့အပြင် မြင်တွေ့ခဲ့ရသော အနောက်ဘက်နန်းဆောင်၏ ဝိညာဉ်လက်နက် အမျိုးမျိုးကိုပါ မှတ်တမ်းတင်ထားလိုက်သည်။
အထူးသဖြင့် နေရာရွှေ့ပြောင်းသည့် အစီအရင်နှင့် နိုင့်ဟယ် တံတားပေါ်ရှိ အလှည့်အပြောင်း စက်တို့မှာ ဤတစ်ကြိမ် ခရီးစဉ်၏အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုကြီး တစ်ခုဟု ဆိုရမည်ပင်။
အရှေ့ဘက်နန်းဆောင်သို့ ပြန်ရောက်သောအခါ ဤခရီးစဉ် အစီရင်ခံစာကို တင်ပြရမည် မဟုတ်လော။
ကျင့်ကြံရေး အခန်းအတွင်း ယင်စွမ်းအင်များကဝိုင်းရံနေ၏။
သူ ကိုယ်တိုင် တက်ကြွစွာမကျင့်ကြံလျှင်တောင်မှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
ကျန်းလင် တစ်ဖက်မှ စာရေးနေရင်း တစ်ဖက်မှ ဧည့်သည် လာရောက်မည်ကို စောင့်ဆိုင်းနေလိုက်သည်။
တိတိကျကျ ပြောရလျှင် အနောက်ဘက်နန်းဆောင်မှ အိမ်ရှင်များ လာရောက် ရှာဖွေမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
……
ငရဲပြည် ယဉ်ကျေးမှု ဖြန့်ချီသူ ဟူသော သူ့ အခြားဂုဏ်ပုဒ်ကို ကျန်းလင်လည်း သိသလို၊ လီစုန့်နှင့် တန်းရန်တို့လည်း သိကြပေသည်။
လီစုန့်နှင့် တန်းရန်တို့ တွေးမိနိုင်သော အရာအချို့ကို သူလည်း တွေးမိထားပြီး ဖြစ်သည်။
အနောက်ဘက်နန်းဆောင်သို့ ဝင်ရောက်လာကတည်းက မီးရှူးမီးပန်းများ ဖောက်ခြင်း၊ ဝိုင်းကြည့်နေကြသော တစ္ဆေများ ရှိခြင်း၊ ထို့နောက် တစ္ဆေဈေးတန်းတွင် ထမင်းစားခြင်းနှင့် နိုင့်ဟယ် တံတားတွင် ရှင်းလင်းပြသခြင်း အားလုံး၌ အနောက်ဘက်နန်းဆောင်က သတင်းစကား တစ်ခုကို ဖြန့်ဝေနေခြင်း ဖြစ်၏။
အကယ်၍ အစပိုင်းတွင် ကျန်းလင် သတိမထားမိခဲ့လျှင်တောင်မှ နောက်ပိုင်းတွင် သက်လတ်ပိုင်း အမျိုးသား ပေါ်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအရ ကျန်းလင် အပြည့်အဝ သေချာသွားပြီ ဖြစ်သည်။
အနောက်ဘက်နန်းဆောင်က သူ့ အခြား ဂုဏ်ပုဒ် တစ်ခုကို သိရှိထားခြင်းပင်။
ထို့ပြင် သူ၏ဂုဏ်ပုဒ်ကို အသုံးပြု၍ ရည်ရွယ်ချက် အချို့ကို အောင်မြင်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားပုံရသည်။
ယုတ္တိတန်တန် တွေးကြည့်လျှင် ဤနေရာက အနောက်ဘက်နန်းဆောင်၏ပိုင်နက် ဖြစ်ပေသည်။
အကယ်၍ သူတို့က တိတ်တဆိတ်ဖြင့် သူ့ဂုဏ်ပုဒ်ကို အသုံးပြုကာ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်မည် ဆိုလျှင်တောင်မှ သူ ဘာမှ တတ်နိုင်မည်မဟုတ်ပါချေ။
အလွန်ဆုံး သူ သိသွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပိတ်ပစ်လိုက်ရုံသာ ရှိမည်။
သို့သော် ထိုသို့ဆိုပါက သူ ကိုယ်တိုင်လည်း တာဝန်များကို လုပ်ဆောင်နိုင်မည် မဟုတ်သလို အနောက်ဘက်နန်းဆောင်ကလည်း သက်ဆိုင်ရာ တုံ့ပြန်မှုများကို ပြုလုပ်လာနိုင်ပေသည်။
ထိုအချိန်သို့ ရောက်လာပါက အခြေအနေများမှာ ထိန်းချုပ်၍ မရနိုင်အောင်ဖြစ်သွားလိမ့်မည်။
အနောက်ဘက်နန်းဆောင် အနေဖြင့် အရှေ့ဘက်နန်းဆောင်ကို စော်ကားမိသကဲ့သို့ ဖြစ်သွားပြီး နန်းဆောင် နှစ်ခုကြားပြဿနာများ ဖြစ်ပွားလာနိုင်သည့် အန္တရာယ်ပင် ရှိနေ၏။
အကယ်၍ အနောက်ဘက်နန်းဆောင်မှ တာဝန်ရှိသူများက လုံလောက်အောင် ဉာဏ်ကောင်းမည် ဆိုလျှင်၊ ရည်ရွယ်ချက်ကို အောင်မြင်လိုသည့် ဆုံးဖြတ်ချက်က လုံလောက်အောင် ကြီးမားမည် ဆိုလျှင်၊ သေချာပေါက် ပိုမို စိတ်ချရသော နည်းလမ်းကို ရွေးချယ်ပေလိမ့်မည်။
၎င်းမှာ သူ့ထံသို့ ကိုယ်တိုင် လာရောက်ပြီး ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုခြင်းပင် ဖြစ်တော့သည်။
……
'ဒေါက် ဒေါက်'
ကျန်းလင် အစီရင်ခံစာ ရေးလို့ ပြီးသွားပြီး စုတ်တံ၊ မင်နှင့် စက္ကူများကို သိမ်းဆည်းလိုက်ချိန်မှာပင် ဗီလာ၏မျက်နှာစာ တံခါးခေါက်သံထွက်ပေါ်လာတော့သည်။
ထိုအခါ ကျန်းလင်က နေရာမှ ထလိုက်ပြီး အင်္ကျီလက်စွပ်ကို ပုတ်ကာ အရောင်ခုနစ်မျိုး ဥလေးကို မှာကြားလိုက်၏။
"ခဏနေရင် အပြင်ထွက်ပြီး လျှောက်မပြေးနဲ့နော်"
ပြီးလျှင် သူ့စကားဆုံးသည်နှင့် သူအောက်ထပ်သို့ ဆင်းသွားလိုက်သည်။
ဤအိမ်မှာ နှစ်ထပ်တိုက်ဖြစ်ပြီး ကျင့်ကြံရေး အခန်းက ဒုတိယထပ် ညာဘက်ခြမ်းရှိ ပထမဆုံး အခန်းဖြစ်ပေသည်။
ပထမထပ်သို့ ရောက်သောအခါ ကျန်းလင် တံခါးကို ဖွင့်လိုက်၏။
တံခါး အပြင်ဘက်တွင် ရှိနေသူမှာ ထင်သည့်အတိုင်း အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် ထိုက်ချင်ပင် ဖြစ်နေတော့သည်။
အဓိက ကိစ္စရပ်များကို ပြောဆို ဆွေးနွေးပြီးနောက် ထိုက်ချင်၏ ယောကျ်ားပီသသော မျက်နှာပေါ်တွင် ရုတ်တရက် စိတ်လှုပ်ရှားမှု တစ်ချက် ပေါ်လာတော့သည်။
ထို့နောက် "Streamer၊ ကျွန်တော့်မှာ မင်းရဲ့ ပရိသတ် ဖြစ်နေတဲ့ ညီမလေး တစ်ယောက် ရှိတယ်၊ လက်မှတ်လေး တစ်ခုလောက် ပေးလို့ ရမလား" ဟု တိုက်ရိုက်ပင် မေးလိုက်၏။
ထိုအခါ ကျန်းလင်မှာ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။
"...."
'လက်မှတ် ဟုတ်လား'
'အနောက်ဘက်နန်းဆောင်မှာ ဒါတွေတောင် ခေတ်စားနေတာလား'
……
ကျန်းလင် မသိခဲ့သော အရာမှာ အနောက်ဘက်နန်းဆောင်က အမှန်တကယ်ပင် ပူးပေါင်း ဆောင်ရွက်မှုမလုပ်မည့် အခြေအနေကို စဉ်းစားခဲ့ဖူးကြောင်းပင်။
သို့သော် အခြေအနေ အရပ်ရပ်ကိုတွေးတော စဉ်းစားပြီးနောက် ပိုမိုစိတ်ချရသော နည်းလမ်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ထိုအထဲမှ အကြောင်းရင်း တစ်ခုမှာ အနောက်ဘက်နန်းဆောင်တွင် ကျန်းလင်၏ ပရိသတ်များ အလွန်များပြားလွန်းနေသောကြောင့် ဖြစ်ပေသည်။
ကျန်းလင် အနေဖြင့် သတိမထားမိဘဲ နေရန်ပင်မဖြစ်နိုင်ပါချေ။
ဥပမာအားဖြင့် ယနေ့ ဧည့်ခံပွဲတွင် ထိုက်ချင်တို့က ဝိညာဉ်လက်နက် အမျိုးမျိုးကို မိတ်ဆက်ပြသခဲ့သော လုပ်ရပ်များက ဤမျှ သိသာထင်ရှားနေရခြင်း၏အကြောင်းရင်းများထဲမှ တစ်ခုလည်း ပါဝင်ပေသည်။
၎င်းမှာ Streamer ကို မိတ်ဆက်ပေးချင်ခြင်း၊ လူ့လောကမှ ပရိသတ်များကို မိတ်ဆက်ပေးချင်ခြင်းတို့ကြောင့်ပင်။
မိမိတို့ ငရဲပြည်ရှိပစ္စည်းကောင်းများကို ဝေမျှချင်နေကြခြင်း ဖြစ်၏။
ထိုကဲ့သို့သော ခံစားချက်မျိုးကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပါချေ။
……
ကျန်းလင် မသိလိုက်သည်မှာ ကျန်းလင်နှင့် ထိုက်ချင်တို့ ဗီလာတွင် သီးသန့် တွေ့ဆုံကာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စကို ဆွေးနွေးနေချိန်တွင် လူ့လောက၌ ကိစ္စတစ်ခုက အလျင်အမြန်ပျံ့နှံ့ ကြီးထွားလာနေခြင်းကိုပင်။