← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

🫧 Chapter 33

မုန့်ပေါ် ထွက်သွားပြီးနောက် ကျန်းလင်းသည် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို သူသည် အံ့ဩလွန်း၍ အသက်ရှူမှားသွားရတော့သည်။

'ဒီမုန့်ပေါ်ကတော့... သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကိုများ ကျွန်တော့်ကို ပေးသွားခဲ့တာလား'

"ဆုလာဘ်က အရမ်းများနေလို့လား"

"အင်း"

ကျန်းလင်သည် မသိစိတ်ဖြင့် ပြန်ထူးလိုက်ပြီးမှ သတိဝင်လာသည်။

မော့ကြည့်လိုက်ရာ

အိမ်ခေါင်မိုးစွန်းတွင် တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်တစ်ဝက်ကို ဇောက်ထိုးတွဲလောင်းဆွဲကာ ဆံပင်ကောက်ကောက် နှစ်ဖက်မှာ လေထဲတွင် ဝေ့ယမ်းနေသည်ကို တွေ့လိုက်ရသည်။

မျက်တောင်တဖျတ်ဖျတ်ခတ်နေသော မျက်လုံးဝိုင်းကြီးများနှင့် ဦးခေါင်းပေါ်က အနီရောင်ဦးချိုလေး နှစ်ခု။

'ယမမင်းကြီးမှမဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ'

"ယမမင်းကြီး"

ယန်လော်(ယမမင်း)သည် အမိုးစွန်းမှ ခုန်ဆင်းလာပြီး သူမ ဂါဝန်ပေါ်က မရှိသော ဖုန်မှုန့်များကို ခါလိုက်သည်။

အနောက်တိုင်း ယမမင်းနယ်မြေမှာ ရှိနေစဉ်ကပင်

မုန့်ပေါ်၏ ကိစ္စများ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ထိုအဖိုးကြီးကို တစ်နည်းနည်းဖြင့် အာရုံလွှဲကာထွက် ပြေးလာခဲ့ခြင်း ဖြစ်သည်။

ထိုအဖိုးကြီးနှင့် နေ့ရောညပါ ရက်ပေါင်းများစွာ တိုက်ခိုက်နေဖို့ သူမမှာ အားအားယားယား အချိန်မရှိပေ။

"သူမ နေတဲ့နေရာကလွဲရင် သူ့ရဲ့နှစ်ပေါင်းများစွာ စုဆောင်း ထားတဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ငါ့ကိုပေးခဲ့ပြီး၊ ကျန်တဲ့တစ် ဝက်ကတော့ မင်းလက်ထဲမှာပဲ"

ဤနေရာတွင် 'သူမ' ဟု ဆိုသည်မှာ မုန့်ပေါ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ကျန်းလင် ခဏတာကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

"သူမက ဒီနေရာကနေ ထွက်သွားတော့မှာလား"

"ဟုတ်တယ်"

"ငါ့ကို ပြဿနာတွေရှာပေးခဲ့လို့ မုန့်ပေါ်ရာထူးကို ဆက်မယူတော့ဘူးဆိုပြီး တာဝန်တွေကိုတန်းပစ်ချသွားတာပဲ"

ယန်လော်က နှာမှုတ်လိုက်ပြီး အေးစက်သော မျက်နှာပေးဖြင့် ပြောသည်

"ငါ မသိဘူးလို့ မမှတ်နဲ့၊ သူ ဒီကိစ္စတွေ အားလုံးပြီးသွားလို့ လစ်ချင်နေတာပဲ"

"အရင်ကတည်းက ငါပြောသားပဲ၊ အဲဒီလူယုတ်မာကို စိတ်ထဲမထားပါနဲ့လို့၊ သူကိုက ခေါင်းမာနေတာ"

နက်နဲသော ချစ်ခြင်းတရားက အေးစက်သောလူနှင့် တွေ့ဆုံသောအခါ...

အချစ်ကြီးသူမှာ ဒဏ်ရာရစမြဲပင်။

ကျန်းလင် မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို သူမ ဘယ်ကို သွားတာလဲ"

"အခုဆို အရာအားလုံးကို ချပစ်နိုင်ခဲ့ပြီ၊ ဘာတွယ်တာမှုမှ မရှိတော့ဘူး"

"ဘယ်သွားရမှာလဲ၊ လူပြန်ဝင်စားတာပေါ့"

ယန်လော်သည် သူမလက်သည်းလေးများကို ဆန့်ထုတ်ကာ ခပ်ယုတ်ယုတ်လေး ရယ်လိုက်သည်။

"ငါ ကိုယ်တိုင် ဖမ်းခေါ်သွားတာ"

"အဲဒီယောက်ျားနဲ့ သူမနဲ့က အခု ဘာမှမသက်ဆိုင်တော့ဘူး၊ လူမဝင်စားဘဲ နောက်ထပ် နှစ်တစ်ထောင်လောက်ထပ်မှတ်မိနေချင်လို့လား"

"..."

ကျန်းလင်၏ နှုတ်ခမ်းများတွန့်သွားသည်။

မုန့်ပေါ်ကို ယမမင်းကြီးကိုယ်တိုင် ဖမ်းခေါ်သွားချိန်မှာ သူမ ဘယ်လိုမျက်နှာပေးမျိုး ဖြစ်နေမလဲဆိုတာ တကယ် မသိနိုင်ပေ။

'ဘာမှမတတ်နိုင်တဲ့ ပုံစံလား၊ ဒါမှမဟုတ် ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ ပုံစံလား'

သို့သော် လူပြန်ဝင်စားခြင်းက မုန့်ပေါ်အတွက်တော့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

အတိတ်ကအရာတွေ ပြီးဆုံးသွားခဲ့ပြီ။

အသစ်ကနေ ပြန်စပြီး မိမိဘဝသစ်ကို ကြိုဆိုရမည့် အချိန်ပင်။

ကျန်းလင် သတိပြန်ဝင်လာချိန်တွင် အနီးကပ် ရှိနေသော ယမမင်းကြီးကြောင့် လန့်သွားရ၏။

"ယမမင်းကြီး ဘာကိစ္စ ရှိလို့လဲခင်ဗျာ"

ယန်လော်သည် သူ့ကို ခဏမျှစိုက်ကြည့်နေပြီးနောက် နားလည်သွားသော အမူအရာဖြင့်

"မုန့်ပေါ်ရဲ့ တာဝန်ကို မင်း အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တယ်ဆိုတာ အရင်ကကြားဖူးတယ်၊ မင်း ဘယ်လိုလုပ်လိုက်တာလဲဆိုတာ ငါ တော်တော် ထူးဆန်းနေခဲ့တာ"

"ဒါကြောင့်ကိုး..."

"..."

ကျန်းလင် အနောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး စကားကို လွယ်လွယ်ကူကူ မပြောမိအောင် ထိန်းထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော်ယမမင်းကြီး သတိမထားမိသေးခင် မိမိ၏လျှို့ဝှက်ချက်များ ပေါက်ကြားသွားမှာ စိုးသော ကြောင့် ဖြစ်သည်။

သို့သော် ယန်လော်က ထိုအကြောင်းကို ဆက်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါနဲ့၊ မင်း ရာထူးတက်ချင်လား"

ကျန်းလင်း : "..."

'အခွင့်အရေးက ဒီလောက်တောင် ရုတ်တရက်ကြီးရောက် လာတာလား'

"မင်းလည်း တစ္ဆေစစ်သေနာပတိအဆင့်ကို ရောက်နေပြီပဲ၊ ကိုယ်ပေါ်က ကုသိုလ်မှတ်တွေကလည်း တောက်ပနေတာပဲ"

"ငရဲဘုံမှာ အလုပ်လုပ်တာလည်း နှစ်ပေါင်းရာချီ ရှိနေပြီ၊ အခုဆို တာဝန်တွေကိုလည်း ကိုယ်တိုင်အောင်မြင်အောင် လုပ်နိုင်နေပြီပဲ"

ယန်လော်က လက်ချောင်းလေးများကို ထုတ်ကာ တစ်ချက် ချင်း ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

ပြောပြီးနောက် သူမ ခေါင်းလေးကို စောင်းကာ ကျန်းလင်ကို ကြည့်ကာမေးလိုက်၏။

"ဘယ်လိုလဲ၊ ရာထူးတက်မလား"

"တက်ပါ့မယ်"

ကျန်းလင်က ခိုင်ခိုင်မာမာ ပြန်ဖြေလိုက်သည်။

ရာထူးတက်ခြင်းက လစာတိုးခြင်းကို ဆိုလိုသည်။

အရင်က ကျန်းလင်သည် ပိုက်ဆံကိုအသည်းအသန် စုဆောင်းခဲ့သည်၊ ယခု ရှိနေသော မြက်တဲအိမ်လေးကို လဲပြီး ယင်ချီ အားကောင်းသော အိမ်ကြီးတစ်လုံးဝယ်ချင်သော ကြောင့်ပင်။

ကုသိုလ်မှတ် အများကြီးရှိသူနေထိုင်ခဲ့သော နေရာမျိုးဆိုလျှင် ကျင့်ကြံရန် အကောင်းဆုံးပင်။

သို့သော် ထိုကဲ့သို့ အိမ်ကောင်းမျိုးဝယ်ရန်အတွက် ပထမဆုံး ပိုက်ဆံလိုအပ်ပြီး၊ ဒုတိယက လုပ်ဆောင်ချက်မှတ် လိုအပ်သည်။

အခုဆိုလျှင် မုန့်ပေါ်၏ပိုင်ဆိုင်မှု တစ်ဝက်ကို ရရှိထားသဖြင့် ပိုက်ဆံကတော့ သိပ်မလိုတော့ပေ။

ကျန်သည်က လုပ်ဆောင်ချက်မှတ်ပင်။

လုပ်ဆောင်ချက်မှတ်များကို ရာထူးအဆင့်အတန်းနှင့် လုပ်သက်အပေါ် မူတည်ပြီး ခွဲဝေပေးခြင်း ဖြစ်ပြီး၊ ငရဲဘုံအတွက် ပေးဆပ်မှုတန်ဖိုးနှင့် ညီမျှသည်။

ငရဲဘုံတွင် ကြာကြာလုပ်လေ၊ ရာထူးမြင့်လေ၊ လုပ်ဆောင် ချက်မှတ် ပိုများလေဖြစ်သည်။

ထို့အပြင် လုပ်ပိုင်ခွင့်လည်း ပိုကြီးမားလာမည်။

တစ်ခါတစ်ရံတွင် လုပ်ဆောင်ချက်မှတ်များကို သုံးပြီး အထူးလုပ်ပိုင်ခွင့်အချို့နှင့် လဲလှယ်၍ပင် ရနိုင်သေးသည်။

ထို့အပြင် လုပ်ဆောင်ချက်မှတ်များကို သူတစ်ပါးထံ လွှဲပြောင်းပေး၍မရပေ။

ထို့ကြောင့်ပင် လုပ်ဆောင်ချက်မှတ်များက အလွန်ရှားပါးလှသည်။

အကယ်၍ ငရဲဘုံတွင် ရေရှည်နေရန် အစီအစဉ်မရှိလျှင် လုပ်ဆောင်ချက်မှတ်က သိပ်အရေးမကြီးပေ။

ဒါပေမဲ့ ကျန်းလင်ကဲ့သို့ ငရဲဘုံတွင် ရေရှည်ကျင့်ကြံမည့်သူအတွက်မူ အလွန်အရေးကြီးလှသည်။

ထို့ကြောင့် ရာထူးတက်ရန် ကျန်းလင် တကယ်ကိုမျှော်လင့်နေမိသည်။

"ယမမင်းကြီး၊ ကျွန်တော် ဘယ်ရာထူးကို ရနိုင်မလဲ"

"မုန့်ပေါ် ရာထူးကရော ဘယ်လိုလဲ"

ယန်လော်က မော့ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။

"မုန့်ပေါ် ထွက်သွားတော့ အဲဒီနေရာက လွတ်နေတာ အတော်ပဲ"

"..."

ကျန်းလင် ကြောင်အသွားသည်။

ယမမင်းကြီး၏တည်ကြည်နေသော မျက်နှာပေးကို ကြည့်ပြီး

သူ့ ခေါင်းထဲတွင် နေ့တိုင်း ရောက်လာသမျှ ဝိညာဉ်သစ်များက 'ဘာလို့ မုန့်ပေါ်က မိန်းမ မဟုတ်တာလဲ' 'ဘာလို့ မုန့်ပေါ်က အဘွားအို မဟုတ်တာလဲ' ဟု မေးနေကြမည့် မြင်ကွင်းကို မြင်ယောင်လာသည်။

ထိုကဲ့သို့သာဆိုလျှင် နောင်တွင် နေ့စဉ် Live လွှင့်မည့် အကြောင်းအရာများမှာ

မုန့်ပေါ်ဟင်းရည် ဘယ်လိုကျိုရမလဲ၊ ဝိညာဉ်တွေကို မုန့်ပေါ်ဟင်းရည် သောက်အောင် ဘယ်လို တိုက်ရမလဲ ဆိုတာတွေ ဖြစ်ကုန်တော့မည်။

"ဖူး... ဟားဟားဟား"

ကျန်းလင် တကယ်ကြီး ယုံသွားလိမ့်မည်ဟု ယန်လော် မထင်ထားသဖြင့် မနေနိုင်ဘဲ ရယ်ချလိုက်သည်။

ကျန်းလင် မျက်မှောင်ကြုတ်နေပုံကို ကြည့်ရသည်မှာ မုန့်ပေါ် ဖြစ်လာပြီးနောက် နေ့စဉ်ဘဝကို တကယ်ကြီး စဉ်းစားနေပုံရသည်။

"မပူပါနဲ့၊ ငါက စတာပါ၊ တကယ်ကြီး မင်းကို မုန့်ပေါ် သွားလုပ်ခိုင်းမှာ မဟုတ်ပါဘူး"

မျက်ရည်များ ထွက်လာသည်အထိ ရယ်ပြီးနောက် ယန်လော်က ရှင်းပြသည်။

"မုန့်ပေါ် ဆိုတာကလည်း ဘယ်သူမဆို လုပ်လို့ရတာမဟုတ်ဘူး၊ သူ့မှာလည်း အကြောင်းရင်းတွေ ရှိတယ်"

မုန့်ပေါ် ဆိုသော အမည်ထဲတွင် 'ပေါ်' (အဘွားအို/အမျိုးသမီး) ဆိုသော စကားလုံးပါနေရခြင်းမှာ ပထမဆုံး မုန့်ပေါ်က အမျိုးသမီးဖြစ်ခဲ့ရုံတင်မကဘဲဤအလုပ်ကို အမျိုးသမီး သရဲများ လုပ်ဆောင်ခြင်းက ပိုသင့်လျော်သောကြောင့် ဖြစ်သည်။

မုန့်ပေါ်ဟင်းရည် ကျိုချက်ခြင်းမှာ ဝိညာဉ်များကို လူပြန်ဝင်စားရန်အတွက် ဖြစ်သည်။

လူပြန်ဝင်စားရန် ပြင်ဆင်နေသော ထိုဝိညာဉ်များမှာ အားနည်းနေတတ်သည်။

အမျိုးသမီးသရဲများမှာ ပို၍ နူးညံ့သိမ်မွေ့သဖြင့် ဤအလုပ်အတွက် အသင့်တော်ဆုံးပင်။

"ငါ မင်းကို အဆင့်မြှင့်ပေးလိုက်မယ်၊ မင်းရဲ့ လုပ်သက်ကလည်း ပြည့်နေပြီပဲ"

စကားအဆုံးတွင် ယန်လော်က လက်ကလေးကို ဆန့်ထုတ်လိုက်ကာ ကျန်းလင်ခါးတွင် ချိတ်ထားသော အလုပ်ကတ် ပြားကို တစ်ချက် ထိလိုက်သည်။

ထိုအခါရွှေရောင်အလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီးနောက်၊ အလုပ်ကတ်ပြားပေါ်ရှိ နံပါတ် '၃' မှာ '၂' အဖြစ် ပြောင်းလဲသွားသည်။

ကျန်းလင်သည်လည်း တတိယတန်းစား သရဲရဲမက်မှ ဒုတိယတန်းစား ဝိညာဉ်တမန်တော်ဖြစ်လာခဲ့သည်။

ဤအခိုက်အတန့်မှစ၍ ကျန်းလင်း၏နှစ်စဉ်လစာနှင့် လုပ်ဆောင်ချက်မှတ်များမှာ နှစ်ဆ တိးသွားပြီ ဖြစ်သည်။

ဒါ့အပြင် နောင်တွင် တတိယတန်းစား ဟေးပိုင်ဝူချန်များက သူ့ကို လေးစားသမှုဖြင့် ခေါ်ဝေါ်ရတော့မည်။

ဝိညာဉ်များ စီတန်းလှည့်လည်ချိန်တွင်လည်း နောက်ဆုံးကနေ လိုက်စရာမလိုတော့ပေ။

မုန့်ပေါ်သည် နှစ်ပေါင်းတစ်ထောင် ကြိုးကြိုးစားစားလုပ် ကိုင်ခဲ့သော်လည်း ပထမတန်းစား ဝိညဉ်တမန်တော် အဆင့်သာ ရှိသေးသည်။

ပထမတန်းစား အထက်တွင်မူ တရားသူကြီးကဲ့သို့သော အထူးတန်းစား သရဲရဲမက်များ ရှိသေးသည်။

သို့သော် ထိုအဆင့်မှာ ကျန်းလင်အတွက်တော့ လိုပါသေးသည်။

"ကြိုးစားပါ၊ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်"

ယန်လော်သည် သူဌေးတစ်ဦးကဲ့သို့ ကျန်းလင်၏ ပခုံးကို ပုတ်ပေးပြီးနောက် အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

အခန်းတွင်း၌

ကျန်းလင်းသည် မိမိလက်ထဲက အသစ်စက်စက် အလုပ်ကတ်ပြားကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

'နှစ်ပေါင်း ရာချီကြာပြီးနောက် နောက်ဆုံးတော့ ရာထူးတက်ခဲ့ပြီ'

'မလွယ်ပါလား'

ပိုင်ဝူချန် အဆင့်မှာပဲ ရှိနေသေးသော်လည်း သူ့အတွက်တော့ အနေတော်ပင်။

ရာထူးပြောင်းစရာ မလိုသဖြင့် လွတ်လပ်မှု ရှိသလို Live လွှင့်ရန်လည်း အဆင်ပြေသည်။

အစောပိုင်းကတော့ မုန့်ပေါ်ဟင်းရည် တကယ်ကြီး သွားကျိုရတော့မည်ဟု သူ ထင်နေခဲ့ခြင်းဖြစ်သည်။

"... နေဦး"

ကျန်းလင်၏လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားကာ အကြောင်းအရာတစ်ခုကို သတိရလိုက်သည်။

"ယမမင်းကြီးက မုန့်ပေါ်ကို လူပြန်ဝင်စားဖို့ ဖမ်းခေါ်သွားတဲ့အချိန်မှာ... သူမကို မုန့်ပေါ်ဟင်းရည်တိုက်ဖို့ရော သတိရပါ့မလား"

🫧 Chapter 34

"ဟက် ချိုး"

ယန်လော်နန်းတော်အတွင်း လျှောက်လှမ်းနေသော ယန်လော်သည် နှာခေါင်းကို ပွတ်လိုက်သည်

"မုန့်ပေါ်က ထွက်သွားတာနဲ့ ငါ့ကို စလွမ်းနေတာလားမသိဘူး"

သူမသည် သူ၏ တာတမီဖျာပေါ်တွင် လှဲချလိုက်ကာ သက် သောင့်သက်သာဖြင့် ကိုယ်လက်ဆန့်လိုက်သည်။

ကျန်းလင် ခန္ဓာကိုယ်ပေါ်တွင် တွေ့ခဲ့ရသော ထောင်သောင်းမကသော ကံကြမ္မာကြိုးများကိုလည်း ပြန်တွေးမိ‌နေသည်။

သူမသည် နှုတ်ခမ်းထောင့်ကို အသာကွေးကာ ခြေထောက်လေးများကို ပျော်ရွှင်စွာလှုပ်ရမ်းလိုက်သည်။

"ဒီလောက်များတဲ့ ကံကြမ္မာကြိုးတွေကို... မင်း ဘယ်လိုများ ကိုင်တွယ်မလဲ"

မုန့်ပေါ်၏တာဝန်ကြောင့် ကျန်းလင်ကို သူမ သတိထားမိခဲ့ခြင်း ဖြစ်သော်လည်း ကျန်းလင်နှင့် တွေ့ဆုံပြီးနောက်တွင်မူ သူမ၏ ဤဝန်ထမ်းလေးမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း ယန်လော် ရှာဖွေတွေ့ရှိခဲ့သည်။

လူ့ပြည်က စကားဖြင့် ပြောရလျှင်...

ကျန်းလင်သည် သူမ၏အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

...

ကံကြမ္မာကြိုးဆိုသည်မှာ အလွန်ထူးဆန်းသော အရာပင်။

ကောင်းသည်ဟုလည်း ပြောမရသလို၊ ဆိုးသည်ဟုလည်း ဆို၍မရပေ။

ကျန်းလင်သည် အစောပိုင်းက လူများကို အိမ်မက်ပေးခြင်းနှင့် ဘိုးဘေးများကို ရှာဖွေပေးခြင်းတို့ဖြင့် လူများစွာ၏ ကံကြမ္မာကို အကြီးအကျယ်ပြောင်းလဲပေးခဲ့သည်။

သူကိုယ်တိုင်ကတော့ လူကြိုက်များမှုနှင့် စနစ်၏ ဆုလာဘ်များကို ရရှိခဲ့သည်။

ဤသည်ကဟ ပြီးပြည့်စုံသော အကြောင်းနှင့် အကျိုးပင်။

ယခုတစ်ကြိမ်တွင်လည်း

သူသည် Live လွှင့်နေစဉ် မုန့်ပေါ်၏တာဝန်ကို ကြေညာခဲ့ခြင်းကြောင့် ထောင်သောင်းမကသော ပရိသတ်များက ကူညီခဲ့ကြသည်။

ထိုထောင်သောင်းမကသော ကံကြမ္မာကြိုးများမှာ ထိုသို့ကြောင့် သူ့ကိုယ်ပေါ်တွင် ပေါ်လာခြင်းဖြစ်သည်။

ကျန်းလင်သာ မရှိလျှင် မုန့်ပေါ်၏တာဝန်ကို တစ်ယောက် ယောက်က အောင်မြင်အောင်လုပ်နိုင်ရန် မသေချာပေ။

"ပိုက်ဆံ၊ ဝိညာဉ်လက်နက်တွေ၊ ဆေးဘက်ဝင် အပင်တွေ..."

မြက်တဲအိမ်လေးအတွင်း၌ ကျန်းလင်သည် မုန့်ပေါ် မထွက်သွားမီ ပေးခဲ့သော ပစ္စည်းများကို စစ်ဆေးနေသည်။

မည်သည့်အရာများကို Live က ပရိသတ်များအား ပြန်လည် လက်ဆောင်ပေးရမလဲဟု စဉ်းစားနေခြင်း ဖြစ်သည်။

"ငရဲဘုံက ပစ္စည်းတွေထဲမှာ သူတို့အတွက် ဘယ်ဟာတွေက အသုံးဝင်မလဲ"

ကျန်းလင် ခေါင်းကုတ်နေမိသည်။

Live ထဲတွင်မူ

မုန့်ပေါ်က လူယုတ်မာကို နှိမ်နင်းလိုက်သည့် အချိန်မှစ၍ ပရိသတ်များမှာ အလွန်တက်ကြွနေကြသည်။

၎င်းတို့ကိုယ်တိုင် ချီဟဲ့စန်းကို နှိမ်နင်းလိုက်ရသလို ခံစားနေရသည်။

‘ဒီခေတ်မှာ အချစ်မရှိဖူးရင်တောင် အချစ်ဇာတ်လမ်း တစ်ခု၊ နှစ်ခုတော့ လူတိုင်း ကြည့်ဖူးကြသည် မဟုတ်ပါလား'

အချစ်ဇာတ်လမ်းကြည့်ရင်း ဗီလိန်များ၊ မယားငယ်များ ကို တီဗီရှေ့ကနေ အော်ဟစ်ဆဲဆိုတတ်ကြသူများ ရှိကြသည်။

ပိုပြီးတော့ အရေးကြီးသည်မှာ ဒါဟာ မုန့်ပေါ်ရဲ့ ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ ဖြစ်နေခြင်းပင်။

[မုန့်ပေါ် မမရေ၊ ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော်က အရမ်းချောတာ]

[ကျွန်တော်ကတော့ မတူဘူး၊ ကျွန်တော်က မမကို သနားရုံပဲ တတ်နိုင်တယ်]

Live ထဲတွင် ယောကျ်ားရော မိန်းမပါ အသီးသီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေကြသည်။

ဤသည်က မြှောက်ပင့်နေခြင်း မဟုတ်ပေ။

အဓိကကတော့ မုန့်ပေါ်၏ ရုပ်ရည်၊ သူမ၏ အားကောင်းလှသော စွမ်းအားနှင့် အေးစက်လှပသော ပုံစံကြောင့်ပင်။

ထိုအရာက အရမ်းကို ရင်သပ်ရှုမောဖွယ် ကောင်းလွန်းကာ ကျားမ မရွေး ဆွဲဆောင်နိုင်သူပင်။

ယခုဆိုလျှင် ဗီဒီယိုအတို App များတွင် မုန့်ပေါ်အဖြစ် Cosplay လုပ်သူများ သို့မဟုတ် မုန့်ပေါ်ပုံ ဆွဲသူများဖြင့် ပြည့်နှက်နေတော့သည်။

ကျန်းလင် : ” သူမက အရမ်းလည်း ချမ်းသာသေးတယ်”

မုန့်ပေါ်အပြင် မကြာသေးမီက နောက်ထပ် နာမည်ကြီးလာသူ တစ်ယောက်မှာ ယန်လော်ဖြစ်သည်။

ထိုကောင်မလေးငယ်လေးမှာ အရှေ့နန်းတော်၏ ယန်လော်မင်းကြီး ဖြစ်ကြောင်း သိလိုက်ရသဖြင့် ပရိသတ်များမှာ မှင်သက်သွားကြသည်။

‘ဒီလောက် ချစ်ဖို့ကောင်းပြီး၊ ကိုယ့်လူကို ကာကွယ်တတ်တဲ့၊ စွမ်းအားကြီးတဲ့ အဖော်က... တကယ်ကြီး ယယန်လော်မင်းကြီးတဲ့လား’

‘ယန်လော်ဆိုတာ...

ဘယ်လိုမျိုး ဖြစ်ရမှာလဲဆိုတာ သူတို့လည်း မမြင်ဖူးကြပေ’

သို့သော် သူတို့ စိတ်ကူးထဲက ယန်လော်မှာ ယမမင်းကြီး ပုံစံမျိုး မဟုတ်ခဲ့သည်မှာတော့ သေချာသည်။

သေးသေးသွယ်သွယ်လေးနှင့် ချစ်စဖွယ်ကောင်းလှသလို၊ နူးညံ့ပျော့ပျောင်းသော ပုံစံမျိုးဖြစ်သည်။

ထူးဆန်းနေသော်လည်း ယန်လော်လေးအပေါ် ချစ်ခင်မှုကိုတော့ တားဆီး၍မရပေ။

တောက်ပလှသော မျက်လုံးဝိုင်းကြီးများ နှင့် ပန်းရောင်သန်းနေသော ပါးပြင်လေးများ။

ပြီးလျှင် ကိုယ့်လူကို ကာကွယ်တတ်သော အရှိန်အဝါအပြင် ဦးခေါင်းပေါ်က ဦးချိုလေး နှစ်ခုကအစ အရမ်းကိုချစ်ဖို့ကောင်းနေသည်။

မေမေ Fan များ၊ ဖေဖေ Fan များစွာ ပေါ်ပေါက်လာပြီး ယန်လော်လေးကို Online ကနေ မွေးစားချင်နေကြသည်။

ပရိသတ်များက ယန်လော်မင်းကြီးကို Online ကနေ မွေးစားချင်နေကြကြောင်း ကျန်းလင် သိလိုက်ရသောအခါ လန့်သွားရသည်။

‘အဲဒါ ယန်လော်မင်းကြီးလေ'

‘သူတို့က သူမကို ကလေးလေးတစ်ယောက်လို သဘောထားပြီး မွေးစားချင်နေကြတာလား'

ကျန်းလင်က သူတို့ပြောသော စကားများကို ယန်လော်မင်းကြီး သတိထားမိသွားနိုင်ကြောင်း သတိပေးလိုက်မှသာ ပရိသတ်များ ငြိမ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းလင်ကိုယ်တိုင်ပင် ယန်လော်မင်းကြီး၏ အဆင့်အတန်းမှာ သူတစ်ပါးက သူမ၏ အမည်နာမကို ခေါ်ဝေါ်လျှင် မည်သည့်အဆင့်အထိ သိရှိနိုင်သလဲဆိုသည်ကို မသိသောကြောင့် ဖြစ်သည်။

...

သို့သော်ငြား

ဤမေမေ Fan များ၊ ချစ်သူ Fan များ၏ လှိုင်းလုံးများအကြား ကျန်းလင် နောက်တစ်ကြိမ် Live လွှင့်သောအခါ ထမင်းစားနေသူ၊ အိပ်ငိုက်နေသူ၊‌ နေကြာစေ့လှော်စားနေသူ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

ထမင်းစားနေသူများက တူကို ချလိုက်ကြပြီး၊ နေကြာ‌စေ့စားနေသူများက အခွံကို ထွေးထုတ်လိုက်ကြသည်...

သူတို့က Keyboard များကို တဖျတ်ဖျတ် ရိုက်နှက်နေကြပြီး (Host) က Comment များကို မမြင်မည်ကို ကြောက်နေကြသည်။

စကားပြောနေကြသော ပုံစံမှာလည်း ရုတ်တရက်တူညီသွားကြသည်။

[Host ရေ၊ အေးစက်လှပတဲ့ မမနဲ့ တွေ့ချင်ပါတယ်]

[ရှောင်ဟွာက Hostကို မိုးမျှော်တိုက်ကြီးတစ်လုံးလက် ဆောင်ပေးပါတယ်]

[ ယန်လော်လေးကို Online ကနေ ကျွေးမွေးဖို့ ဒီနေ့အတွက် လက်ဆောင် ရောက်ပါပြီ]

[ထမင်းစားသူက Hostကို ပြိုင်ကားတစ်စီး လက်ဆောင်ပေးပါတယ်]

[စာသား : အေးစက်လှပတဲ့ မမအတွက် ဒီနေ့အတွက် လက်ဆောင်]

အေးစက်လှပသော မမမှာ မုန့်ပေါ်ကို ဆိုလိုခြင်း ဖြစ်သည်။

ယန်လော်လေးမှာတော့ ယန်လော်မင်းကြီးပင်။

နာမည်နှင့် ရာထူးကို လွယ်လွယ်ကူကူ ခေါ်၍မရကြောင်း သိလိုက်ရသဖြင့် ပရိသတ်များမှာ ခေါ်ဝေါ်ပုံကို ပြောင်းလိုက်ကြခြင်း ဖြစ်သည်။

‘တိုက်ရိုက်ခေါ်လို့မရရင် ကွေ့ဝိုက်ပြီး ခခေါ်ကြတာပေ့ါ'

ဘာမှ မမှားဘူး မဟုတ်လား'

[Host ရေ၊ ကျွန်တော် မမနဲ့ ယန်လော်လေးအတွက် အဝတ် အစားတွေ ချုပ်ထားတယ်၊ အဲဒါကို မီးရှို့ပေးလို့ရမလား]

[လက်မှုပညာရှင်ကြီးပဲဟ တကယ်လန်းတာပဲ]

အဝတ်အစား မီးရှို့ပေးချင်သည့် Comment ကို ကြည့်ပြီး ကျန်းလင် ခဏမျှ တိတ်ဆိတ်သွားသည်။

ဒီလူသားကတော့ ယန်လော်မင်းကြီး သူ့ကို သတိမထားမိမည်ကို အမှန်တကယ်ပင် ကြောက်နေပုံရသည်။

‘အခု အဝတ်အစားတွေ မီးရှို့ပေးလိုက်ရင်၊ မနက်ဖြန်ကျရင် ပရိသတ်တွေက မင်းအတွက် အမွှေးတိုင် ပြန်ရှို့ပေးနေရလိမ့်မယ်'

စိတ်လှုပ်ရှားနေသော ပရိသတ်များကို ကြည့်ပြီး ကျန်းလင် သူတို့ကို အသိပေးရန်လိုအပ်သည်ဟု ခံစားလိုက်ရသည်။

"မုန့်ပေါ်က ငရဲဘုံမှာ မရှိတော့ပါဘူး၊ သူမ ဒီနေ့တင် လူပြန်ဝင်စားဖို့ ထွက်သွားပါပြီ"

ထို့ကြောင့် ပစ္စည်းတွေ မီးရှို့ပေးရင်တောင် မုန့်ပေါ်ကို ပေးလို့ရတော့မှာ မဟုတ်ပေ။

ပြီးတော့... အခုမှ လူပြန်ဝင်စားမည့် ထိုမုန့်ပေါ်မှာ မုန့်ပေါ်ဟင်းရည် သောက်ခဲ့ရခြင်း ရှိ၊ မရှိလည်း မသေချာပေ။

ကျန်းလင် စကားအဆုံးတွင် Comment များမှာ ခဏတာ ငြိမ်သက်သွားသည်။

Live လွှင့်သည့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် Comment များ ကင်းစင်သွားခြင်းပင်။

စက္ကန့် ၃၀ ကုန်လွန်သွားသည်...

တစ်မိနစ် ကုန်လွန်သွားသည်...

ကျန်းလင်က ထိုလူများ ဝမ်းနည်းနေကြသည် သို့မဟုတ် အောက်မေ့သတိရနေကြသည်ဟု ထင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ နောင်တွင် မုန့်ပေါ်ကို မြင်ရတော့မှာ မဟုတ်ပေ။

မထင်မှတ်ဘဲ နောက်တစ်စက္ကန့်တွင် Comment များမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဒီလူတွေက ဝမ်းနည်းဖို့နေနေသာသာ၊ ယမ်းပုံ မီးလောင်သလို ဝမ်းသာအားရ ဖြစ်နေကြခြင်းပင်။

[ညီအစ်ကိုတို့ မြန်မြန်! မြန်မြန် စုရုံးကြ အလုပ်လုပ်ရမယ့် အချိန် ရောက်ပြီ]

[ဘာမှမစိုးရိမ်နဲ့၊ အရင်ဆုံး လေးမျက်နှာခြောက်ဖက်က ညီအစ်ကိုတွေကို စုစည်းလိုက်]

[ဆယ်မိနစ်အတွင်း ဒီနေ့မွေးတဲ့ ကလေးအားလုံးရဲ့အချက် အလက်တွေကို ငါသိချင်တယ်]

[အပေါ်ကအတိုင်းပဲ ပြီးတော့ ငါ့ကို တစ်ဆင့်ထပ်စစ်ပေးဦး မိန်းကလေး ကလေးငယ်တွေရဲ့ အချက်အလက်ပဲ လိုချင်တယ်]

‘ဘိုးဘေးများကိုရှာခြင်း၊ မုန့်ပေါ်၏တာဝန်ကိုလုပ်ခြင်း'

နှစ်ကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးနောက် ပရိသတ်များမှာ လူရှာသည့်အလုပ်တွင် အလွန်ကျွမ်းကျင်နေကြပြီ ဖြစ်သည်။

အများကြီး ပြောစရာမလိုဘဲ နည်းပညာပိုင်း ကျွမ်းကျင်သူများက စုရုံးလာကြကာ အလိုအလျောက် အဖွဲ့ဖွဲ့လိုက်ကြသည်။

[နည်းပညာအဖွဲ့ အသင့်ဖြစ်ပါပြီ]

[ဆေးရုံကလူတွေ ဒီမှာ စုမယ်]

[ကျွန်မက သူနာပြုပါ]

[ဒါနဲ့... ကျွန်တော့်ဇနီးကလည်း ဒီနေ့ ကလေးမွေးမှာ]

[အာ့ ယောက္ခမကြီးမင်္ဂလာပါ ကျွန်တော့်ရဲ့ တင်တောင်းပစ္စည်းတွေ အသင့်ပြင်ထားပါပြီ]

[အပေါ်ကလူက တော်တော်အဆင့်တက်နေတာပဲ၊ ခမည်း ခမက်ကြီး၊ ကျွန်တော်တို့ အရင်ဆုံး မိတ်ဆက်ထားကြမလား]

...

ပရိသတ်များမှာ မုန့်ပေါ်နှင့် အမျိုးတော်စပ်ရန်အတွက် နေရာအနှံ့ လှည့်လည်ကာ အချက်အလက်များ စုဆောင်းနေချိန်တွင်။

ထိုအချိန်မှာပင် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုအတွင်း

ကလေးငယ်တစ်ဦး၏ ငိုသံစူးစူးထွက်ပေါ်လာကာ ကလေးငယ်တစ်ဦး ဖွားမြင်လာခဲ့ပြီဖြစ်သည်။

ထိုအထပ်ရှိ အခြားသော ကလေးငယ်များမှာလည်း ထိုငိုသံကို ကြားရသောအခါ လိုက်လံ ငိုကြွေးကြတော့သည်။

တစ်ယောက်ပြီးတစ်ယောက် အားရပါးရငိုနေကြသည်။

ကလေးအားလုံးကို ငိုအောင် လုပ်လိုက်ပြီးနောက် အစပြုသူလေးကတော့ မငိုတော့ပေ။

သူမသည် ကြည်လင်တောက်ပသော မျက်လုံးဝိုင်းကြီးများကို ဖွင့်လိုက်သည်။

သူမသည် ထိုမျက်လုံးလေးများကို လှည့်လည်ကြည့်နေပြီး ဤကမ္ဘာသစ်ကို စူးစမ်းနေသကဲ့သို့ပင်။

"မိန်းမ၊ ကြည့်ပါဦး၊ ကလေးက မင်းကို ကြည့်နေတယ်၊ သူ့မျက်လုံးက မင်းနဲ့တူတယ်၊ နှာခေါင်းကလည်း မင်းနဲ့တူတယ်"

"ကလေးက ဒီလောက် သေးသေးလေးကို ဘယ်လိုလုပ် သိနိုင်မှာလဲ"

ဆေးရုံခုတင်ပေါ်တွင်

အမျိုးသမီးက ကလေးကို ပွေ့ချီထားပြီး၊ ခင်ပွန်းဖြစ်သူက ကလေးအနားသို့ အသည်းအသန် တိုးကပ်နေသည်။

တစ်ခါတစ်ရံတွင် မျက်နှာပြောင် ပြလိုက်သေးသည်။

"သမီးလေး၊ ဖေဖေလေ၊ ဖေဖေ၊ မှတ်မိလား"

"ဖူး"

အမျိုးသမီးက ရယ်မောလိုက်သည်။

"သူက အခု အလင်းရောင် ဖျော့ဖျော့လေးပဲ မြင်ရသေးတာ၊ ရှင်ကို မမြင်ရသေးဘူး"

"ပြီးတော့ ဒါက ရှင်နဲ့ ပထမဆုံး စတွေ့တာလေ၊ ဘယ်လိုလုပ် မှတ်မိမှာလဲ"

"ငါ့သမီးက ငါ့ကို ကြည့်နေတာလို့ ခံစားရတယ်! ငါ့ကို ကြည့်နေရုံတင်မကဘူး၊ ငါ့ကို သိလည်း သိနေတယ်"

အမျိုးသားက စိတ်ဆိုးသလို ပုံစံဖြင့် ကလေးအနားသို့ ထပ်မံ တိုးကပ်ကာ ချော့မြှူလိုက်သည်။

"ဟုတ်တယ်မလား၊ သမီးလေးရေ"

ကလေးငယ်လေးမှာ မေမေ့ရင်ခွင်ထဲတွင် လဲလျောင်းနေကာ မျက်တောင်လေး ခတ်လိုက်ပြီး သမ်းဝေလိုက်သည်။

"သမီးလေး အိပ်ချင်နေပြီ၊ ရှင် အဝေးကို သွားလိုက်ဦး၊ ကလေးကို မနှောင့်ယှက်နဲ့"

အမျိုးသမီးက သူမ၏ ခင်ပွန်းကို တွန်းထုတ်လိုက်ပြီး ကလေးကို စတင် ချော့သိပ်တော့သည်။

အမျိုးသားမှာ ခုတင်၏ အခြားတစ်ဖက်သို့သွားကာ အသာ အယာဖြင့် ကလေးအိပ်ပျော်သွားသည်ကို စောင့်ကြည့်နေသည်။

‘သေးငယ်သော လက်ဝါးလေး၊ သေးငယ်သော ခြေဖဝါးလေး၊ သေးငယ်သော ခန္ဓာကိုယ်လေး...’

‘ငါ ရှဝမ်ကျယ်ရဲ့ သမီးလေးက တကယ်ကို လှတာပဲ’

မျက်လုံးနှင့် နှာခေါင်းက သူမအမေနှင့် တူပြီး၊ မျက်ခုံးလေးကတော့ သူနှင့် တူသည်။

အမျိုးသမီးက ကလေးကို ချော့သိပ်ရင်း မော့ကြည့်လိုက်ရာ သူမခင်ပွန်း၏ ရိုးအလှသော ပုံစံကို တွေ့လိုက်ရသောအခါ သူမ နှုတ်ခမ်းထောင့်မှ အပြုံးမှာ မပျောက်ကွယ်သွားတော့ချေ။

မေမေ့ရင်ခွင်ထဲတွင် လဲလျောင်းနေသော ကလေးငယ်လေး၏ အသက်ရှူသံမှာလည်း ဖြည်းဖြည်းမှန်မှန်ဖြစ်လာတော့သည်။

All Chapters