← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

🫧 Chapter 227

မုန့်ရှန်း သည် အရှေ့တွင် ရပ်နေပြီး အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကို မျက်နှာမူထားကာ သူ့ အနောက်တွင်မူ သဲမှုန့်များ ဖုန်တလုံးလုံးထနေပေသည်။

ထိုအခါသူမျက်မှောင်ကြုတ်ကာတွေးလိုက်၏။

'ရပါတယ်၊ နောက်ထပ် အိမ်သုံးလုံးကျန်ပါသေးတယ်'

ထိုသို့ တွေးနေစဉ်မှာပင် နောက်ထပ် လေပြင်းတစ်ခု တိုက် ခတ်လာပြန်ပြီး ယခင်ကထက် ပိုမိုလျင်မြန်သော အမြန်နှုန်းဖြင့် ဤဘက်သို့ ပြုတ်ကျလာတော့သည်။

မည်သူ့ကိုမျှ တုံ့ပြန်ခွင့်ပင် မပေးချေ။

'ဝုန်း'

ထို့နောက်အနောက်ဘက်မှ လွင့်စင်လာသော ဖုန်မှုန့်များမှာ ပို၍ များပြားလာကာ သဲမှုန့်များသည် အရှေ့ဘက် ခန်းမဆောင် အဖွဲ့ရှိရာသို့ပင် ပျံ့လွင့်လာပေသည်။

ထိုသဲမှုန့်များ ကြားထဲတွင်လည်း အရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခုတိုက်ခိုက်နေကြ၏။

"ဟေ့ကောင်၊ မင်းက ငါ့ကို ခိုးတိုက်တယ်ပေါ့လေ"

"ချီးပဲ မင်းက အရင် ခိုးတိုက်တာလေ"

"တောက် ငါ့ရဲ့ လက်သီးစွမ်းကို မြည်းစမ်းကြည့်လိုက်စမ်း"

"ဝုန်း"

ထိုအရိပ်နှစ်ခုသည် ရုတ်တရက် စတင် တိုက်ခိုက်ကြတော့ပြီး အခါအားလျော်စွာ ကျားဟိန်းသံများပင် ထွက်ပေါ်လာတော့၏။

ထိုအခါမုန့်ရှန်း၏ မျက်ခုံးများက တဆတ်ဆတ် ခုန်လာတော့သည်။

နောက်ဆုံးတွင် သူ မနေနိုင်တော့ဘဲ အရှေ့ဘက် ခန်းမဆောင် အဖွဲ့ကို 'အားလုံးပဲ ခဏလောက်စောင့်ပေးကြပါ' ဟု ပြောလိုက်ပြီး ထိုဖုန်မှုန့်များကြားထဲသို့ ဝင်ရောက်သွားတော့၏။

"မင်းတို့ ရပ်လိုက်စမ်း"

"အမလေး"

"အမလေး"

နာကျင်စွာ အော်ဟစ်သံ နှစ်သံထွက်ပေါ်လာတော့သည်။

ခဏအကြာတွင် မုန့်ရှန်း သည် လက်တစ်ဖက်လျှင် သရဲကလေးတစ်ကောင်စီကို ဆွဲကိုင်လျက် ထွက်ပေါ်လာ၏။

သူ၏ အနောက်ဘက်ရှိ အတော်လေး ကောင်းမွန်သော လူနေရပ်ကွက်မှာမူ အားလုံးနီးပါးပျက်စီးနေပြီ ဖြစ်ပေသည်။

ထိုအပျက်အစီးများကို ကြည့်ရင်း မုန့်ရှန်းသည် မနေနိုင်ဘဲ မျက်နှာကို အုပ်လိုက်မိ၏။

'ဒုက္ခပါပဲ'

'ဒါက ကျုံးခွေ ကိုယ်တိုင် အရှေ့ဘက်ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေအတွက် အထူးဘတ်ဂျက်ချထားပေးပြီး အသစ်ဆောက်ထားတဲ့ အိမ်တွေလေ'

'အခုတော့ ပြီးပါပြီ၊ အကုန် ပျက်စီးသွားပြီပဲ'

"ဦးလေးမုန့် ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ"

"ဦးလေးမုန့် ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ"

ထိုသရဲကလေး နှစ်ကောင်မှာ အသက် ငါးနှစ်၊ ခြောက်နှစ် အရွယ်ခန့် ရှိပြီး ရုပ်ရည်မှာ တစ်ပုံစံတည်း တူညီနေကြပေသည်။

သူတို့၏ခေါင်းပေါ်တွင် အသစ် ထွက်ပေါ်လာသော အဖုများမှာပင် အလွန်တူညီနေကြ၏။

သရဲကလေးများ၏မျက်နှာပေါ်တွင် ရွှေရောင် မျဉ်းကြောင်း အချို့ ရှိနေပြီး သူတို့၏ နဖူးပေါ်တွင်မူ 'ဝမ်' (ဘုရင်) ဟူသော စာလုံး တစ်လုံးက မသဲမကွဲထွက်ပေါ်နေပေသည်။

မုန့်ရှန်းသည် ဤသရဲကလေး နှစ်ကောင်ကိုကြည့်ရင်း ခေါင်းကိုက်လာပြီး အပေါ်မှနေ၍ လက်သီးဖြင့် နှစ်ချက် ထပ်ထုလိုက်ပြန်၏။

"မင်းတို့ကို ဘယ်သူက ဒီဘက်မှာ လာကစားခိုင်းလို့လဲ၊ ဒီနေရာကို အခု လာလို့မရဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား"

သရဲကလေး နှစ်ကောင်သည် ပါးစပ်လေးများကိုဆူကာ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးလျက် "ဦးလေးမုန့်၊ သူက ကျွန်တော့်ကို အရင် ခိုးတိုက်တာ" ဟု ပြိုင်တူပြောလိုက်ကြ၏။

ထို့နောက် ပြိုင်တူ ထပ်ပြောလိုက်ပြန်သည်။

"မင်းက အရင် စလုပ်တာလေ"

မုန့်ရှန်း : "...."

သူ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး "မင်းတို့ထဲက ဘယ်သူ အရင်စလုပ်လုပ် ငါ ဂရုမစိုက်ဘူး၊ မင်းတို့ ပြဿနာ ရှာလိုက်ပြီဆိုတာကို သိရဲ့လား" ဟု ပြောလိုက်၏။

"အခု ချက်ချင်း တစ်ယောက်က ကျုံးခွေ ဆီကို သွား၊ နောက်တစ်ယောက်က မင်းတို့ရဲ့အဆောင်မှူးဆီကို သွား၊ ပြီးတော့ မင်းတို့ ဘာလုပ်ခဲ့လဲ ဆိုတာကို သူတို့ကို သွားပြောပြကြ"

"ဒါမှမဟုတ်ရင်"

ထိုအခါမုန့်ရှန်း၏ မျက်လုံးများက စူးရှသွားပြီး "ငါ မင်းတို့ရဲ့ ကျားမွှေးတွေ အကုန်လုံးကို နုတ်ပစ်မယ်။ အခု ချက်ချင်း သွား" ဟု ခြိမ်းခြောက်လိုက်၏။

"ဟုတ်ကဲ့ပါ"

သရဲကလေး နှစ်ကောင်သည် လည်ပင်းလေးများ ပုသွားပြီး လိမ္မာစွာဖြင့် လမ်းခွဲကာ ပြေးထွက်သွားကြတော့သည်။

မုန့်ရှန်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ယခုတော့ အမြန်ဆုံး အစားထိုးစရာ အခြားနေထိုင်စရာ နေရာတစ်ခုကို ရှာဖွေရတော့မည်။

'အရှေ့ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေကို ဒီအတိုင်း ရပ်စောင့်ခိုင်းထားလို့မှ မဖြစ်တာ မတော်လို့ နယ်မြေ နှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်သွားနိုင်တယ်'

သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး အရှေ့ဘက် ခန်းမဆောင် အဖွဲ့ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။

"ဟားဟားဟားဟား၊ ကလေးတွေ ဆိုတော့လည်း ဆော့ချင်ကြတာပေါ့လေ၊ နည်းနည်းပါးပါး ဆုံးမလိုက်ရတာပါ"

ထိုအခါ ကျန်းလင်သည် ဘေးနားရှိ ချင်ကျိုးကျိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ချင်ကျိုးကျိုးမျက်ဝန်းအစုံသည်လည်း မုန့်ရှန်းကို တိတ်တ ဆိတ်စိုက်ကြည့်နေလေသည်။

ဤ 'ဟားဟားဟား' ဆိုသောရယ်သံကိုသူမ ရင်းနှီးနေသည်မဟုတ်ပါလော။

ပြီးနောက်မုန့်ရှန်းသည် ခေါင်းကို ကုတ်လိုက်ပြီး စကားလမ်း ကြောင်း ပြောင်းကာ စောစောက အကြောင်းအရာကို ကျော်ဖြတ်ပြီး အခြားတစ်ဖက်သို့ လျှောက်သွားလိုက်၏။

"ဒီအပျက်အစီးတွေက ဘာမှ ကြည့်စရာ မရှိပါဘူး သွားကြစို့၊ တခြား နေရာတွေကို လိုက်ပြပါ့မယ်"

ထိုအခါရွှီယိုကျိ ခေါင်းညိတ်လိုက်ပြီး "အတော်ပဲ၊ ငါလည်း တောင်ဘက် ခန်းမဆောင်ရဲ့ မြေအောက်ကမ္ဘာက ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို ကြည့်ချင်နေတာ" ဟု ပြောလိုက်သည်။

အရှေ့ဘက် ခန်းမဆောင်၏ အသစ်တက်လာသော အဖွဲ့မှူးကြီးများမှာမူ တိတ်ဆိတ်နေကြ၏။

သူတို့က အနည်းအကျဉ်း ရိပ်မိလိုက်သော်လည်း ဤအချိန်တွင် သိသိလျက်နှင့် ထုတ်မပြောခြင်းက ပိုကောင်းပေသည်။

'ဟုတ်တယ် မဟုတ်လား'

------

[ဟားဟားဟားဟား အနေရခက်လိုက်တာ]

[ခုနက ဒီဝိညာဉ်တမန်တော်မုန့် က ဘာပြောမလို့လဲ ဆိုတာ မင်းတို့ ခန့်မှန်းကြည့်ကြလေ]

[ဒီနေရာက မင်းတို့ရဲ့ နေစရာပဲ ဒါမှမဟုတ်၊ ဒီနေရာက ငါ့အိမ်ပဲ ]

[သိသိလျက်နဲ့ ထုတ်မပြောရင် ငါတို့ အားလုံးက သူငယ်ချင်း ကောင်းတွေ ဖြစ်နေဦးမှာပါ ဟားဟားဟား]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ပျော်ရွှင်စွာ ရယ်မောနေကြတော့၏။

ပရိသတ် တစ်ဦးဆိုလျှင် 'ဟားဟားဟား' ဟု ရယ်မောရင်း ဘေးနားရှိ သူ့ ခွေးလေးကို ဖက်ကာ နမ်းလိုက်တော့သည်။

ခွေးလေး : '......'

အချို့သော ပရိသတ်များကမူ 'အား အား အား' ဟု အော်ဟစ်ကာ စောစောက သရဲကလေး နှစ်ကောင်၏ ပုံတူ ပန်းချီကားများကို တောင်းဆိုနေကြ၏။

[အရမ်းကို ချစ်ဖို့ ကောင်းလွန်းတယ်လေ]

[ရုပ်ချင်းဆင်ပြီး ချစ်စရာကောင်းတဲ့ အမြွှာလေးတွေ ဆိုတာက အမေဘယ်နှစ်ယောက်ရဲ့ အိပ်မက်တွေလဲ]

[အား အား အား ဒီလို အမြွှာလေးမျိုး ငါ့ကို တစ်စုံလောက် မွေးပေးကြပါ]

[သူတို့ ခေါင်းပေါ်မှာ 'ဝမ်' (ဘုရင်) ဆိုတဲ့ စာလုံးလေးတွေ ပါတယ်၊ ကျားတွေများလား]

[ကျားတွေ ဝင်စားတာလား ဒါမှမဟုတ် ဘာလဲ သမန်းကျားများလား]

ပရိသတ်များသည်လည်း သိချင်စိတ် ပြင်းပြစွာဖြင့် ဆက်လက် ကြည့်ရှုနေကြတော့၏။

-----

ထိုအချိန်တွင် အင်တာနက်ပေါ်၌မူ နောက်ထပ် ရေပန်းစားမှု တစ်ခု စတင် ဖြစ်ပေါ်နေပြီ ဖြစ်ပေသည်။

#တောင်ဘက်ကို လာရင် ပျံသန်းနိုင်တယ်

#ငရဲပြည်အသစ်က အရမ်းကို မိုက်လွန်းတယ်

#ဒါကို ကြည့်ပြီးရင် မင်းလည်း ပျံသန်းချင်လာလိမ့်မယ်

ပရိသတ်များ၏ မျှဝေမှုများနှင့် ဆွေးနွေးပြောဆိုမှုများကြောင့် ရေပန်းစားသော အကြောင်းအရာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့၏။

တောင်ဘက် နယ်မြေမှ တာဝန်ရှိသူများသည် ထိုအရာကို တွေ့ရှိသွားသောအခါ ကြောင်အမ်းအမ်းဖြစ်သွားကြတော့ သည်။

'ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တောင် စည်ကားသွားရတာလဲ'

ထို့အပြင် အင်တာနက်ပေါ်ရှိ အချက်အလက်များ အရ နိုင်ငံ အနှံ့အပြားမှ တောင်ဘက် နယ်မြေသို့ လာရောက်မည့် ရထားလက်မှတ်များ၊ လေယာဉ်လက်မှတ်များသည် ဤအချိန်တို နှစ်နာရီ အတွင်းမှာပင် အဆမတန် မြင့်တက်သွားခဲ့ပေသည်။

'ဘာအခြေအနေလဲ'

'တောင်ဘက် နယ်မြေက စတင်ပြီး တိုးတက်လာတော့မှာလား'

အတွေးပေါင်းစုံသည် တောင်ဘက် နယ်မြေ တာဝန်ရှိသူများ ၏ ခေါင်းထဲတွင် ဖြတ်သန်းသွားပြီးနောက် မကြာမီမှာပင် ထိုကိစ္စ၏အရင်းအမြစ်ကို သူတို့ ရှာဖွေတွေ့ရှိသွားခဲ့၏။

တစ်ခဏအတွင်းမှာပင် ထိုတာဝန်ရှိသူများသည် စိတ်လှုပ် ရှားသွားကြတော့သည်။

ယခုသူတို့တစ်ကိုယ်လုံးရှိ သွေးများပင် ပူနွေးလာသကဲ့သို့ ခံစားလိုက်ရ၏။

'အချိန်ကျရောက်လာပြီ၊ သူတို့ တောင်ဘက် နယ်မြေ ဖွံ့ဖြိုးတိုးတက်လာမယ့် အခွင့်အရေးရောက်လာပြီပဲ'

"မြန်မြန်၊ လူတွေ မြန်မြန် လာကြပါဦး၊ ကြော်ငြာဖို့နဲ့ ခရီး သွားလုပ်ငန်းအတွက် ပြင်ဆင်စရာရှိတာတွေ ချက်ချင်း ပြင်ဆင်ကြ"

"ဒီတစ်ကြိမ်မှာတော့ တောင်ဘက်နယ်မြေရဲ့ စီးပွားရေးကို သေချာပေါက် နောက်တစ်ဆင့် ထပ်မြှင့်တင်နိုင်ရမယ်"

"ဒါနဲ့، လူနှစ်ယောက်လောက်ကို [မရဏလောကမှအံ့ဖွယ်နေ့ရက်များ] တိုက်ရိုက်ထုတ်လွှင့်မှုမှာ သွားစောင့်ကြည့်ခိုင်းထားဦး၊ လက်ဆောင်တွေ အများကြီးပေးဖို့ မမေ့နဲ့နော် Streamer ကြီးက ငါတို့ရဲ့ ဒီပိုက်ဆံလေးကို အထင်မကြီးပေမယ့် ပေးသင့်ပေးထိုက်တာကိုတော့ ပေးရမယ်လေ"

တာဝန်ရှိသူများသည် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း 'အခြား ဘာတွေ စီစဉ်ရဦးမလဲ' ဆိုသည်ကို စဉ်းစားနေကြ၏။

ပါးစပ်ကလည်း ပြုံးစိစိ ဖြစ်နေတော့သည်။

"တစ်နိုင်ငံလုံးက ပရိသတ်ကြီးတွေရေ၊ တောင်ဘက် နယ်မြေကို လာရောက် လည်ပတ်ဖို့ကြိုဆိုပါတယ် ဟားဟားဟား"

-----

တောင်ဘက်ငရဲပြည်

မုန့်ရှန်းသည် အရှေ့ဘက် ခန်းမဆောင် အဖွဲ့ကို ခေါ်ဆောင်ကာ မြေအောက်ကမ္ဘာအတွင်း လှည့်လည် ပြသနေ၏။

အလွန် စည်ကားသော နေရာတစ်ခုကို ဖြတ်သန်းသွားချိန်တွင် ထိုဝိညာဉ်တမန်တော် အဖွဲ့သည် ခြေလှမ်းကို ရပ်တန့်လိုက်ကြသည်။

၎င်းတို့၏ အရှေ့ဘက် မလှမ်းမကမ်းတွင် တာဝန်ဌာန ရှိနေပေသည်။

သို့သော် အရှေ့ဘက် ခန်းမဆောင်နှင့် အနည်းငယ်ကွာခြား သည်မှာ တောင်ဘက် ခန်းမဆောင်၏တာဝန်ဌာန အပေါက်ဝတွင် စင်မြင့် အချို့ ရှိနေခြင်းပင် ဖြစ်၏။

ထိုစင်မြင့်များသည် အဝိုင်းပုံစံ ရှိပြီး အရွယ်အစားအမျိုးမျိုး ကွဲပြားနေကာ အချို့မှာ အချင်း လေးငါးမီတာခန့်ရှိပြီး အချို့မှာမူ ခုနစ်မီတာ ရှစ်မီတာခန့်ရှိကြပေသည်။

အရှေ့ဘက် ခန်းမဆောင်၏နှစ်ပတ်လည်ပွဲတော် ခန်းမကြီးထဲတွင်လည်း အလားတူ စက်ဝိုင်းပုံ စင်မြင့်များရှိသော် လည်း ထိုအရာများမှာ ဖျော်ဖြေရေးအတွက်သာ ဖြစ်သည်။

သို့သော် ယခု မျက်စိရှေ့ရှိ စင်မြင့်များပေါ်တွင်မူ အပေါ်ယံတွင် ကျန်ရစ်နေသော တိုက်ပွဲ အမာရွတ်မျိုးစုံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။

၎င်းတို့မှာကုတ်ခြစ်ထားသော အရာများ၊ ဓားခုတ်ရာများ၊ ချိုင့်ဝင်နေသော နေရာများစသည်ဖြင့်ဖြစ်သည်။

ယခုအချိန်တွင် အချင်း ငါးမီတာခန့် ရှိသော စင်မြင့် တစ်ခုပေါ်တွင် ဝိညာဉ်တမန်တော် နှစ်ပါး မျက်နှာချင်းဆိုင် ရပ်နေကြ၏။

သူတို့၏ လက်ထဲတွင် မည်သည့် ဝိညာဉ်လက်နက်မျှ မရှိသော်လည်း ဝိညာဉ်လက်နက်များထက် ပိုလျင်မြန်ပြီး ပို၍ ကွဲပြားစုံလင်သော တိုက်ခိုက်ရေး နည်းလမ်းများကို ပိုင်ဆိုင်ထားကြပေသည်။

တစ်ပါးမှာ မျက်နှာပေါ်တွင် အညိုရောင် အစင်းကြောင်းများ ရှိနေပြီး ညာဘက်လက်တွင် သားရဲလက်သည်းများ၏ အရိပ်အယောင်များ ထွက်ပေါ်နေ၏။

သူ၏ တိုက်ခိုက်မှုတိုင်းသည် လျင်မြန်ပြီး မထင်မှတ်ထားသော အချိန်တွင် ရောက်ရှိလာတတ်ပေသည်။

သူ့အနောက်ဘက်တွင် လင်းယုန်ငှက် တစ်ကောင်၏ အရိပ်အယောင်ကိုပင် မသဲမကွဲ မြင်တွေ့နေရ၏။

အခြား ဝိညာဉ်တမန်တော် တစ်ပါးမှာမူ ခန္ဒာကိုယ်ပိုမိုတောင့် တင်းခိုင်မာပြီး မျက်လုံးများကို မှိတ်ထားကာ လက်သီးများကို တင်းတင်း ဆုပ်ထားသော်လည်း အရင် စတင်တိုက်ခိုက်ခြင်း မပြုချေ။

သို့သော် ပြိုင်ဘက်က တိုက်ခိုက်လာတိုင်း သူသည် ကြိုတင် အာရုံခံမိပြီး လျင်မြန်စွာ ရှောင်တိမ်းနိုင်ရုံသာမက တစ်ခါ တစ်ရံတွင် အခွင့်ကောင်းယူ၍ပင် ပြန်လည် တိုက်ခိုက်နိုင်သေး၏။

"ကောင်းတယ် ကောင်းတယ်"

"ချလိုက်၊ မကြောက်နဲ့"

"သတိထား သတိထား၊ သူ လာနေပြီ"

"ဒီနှစ်ယောက်က တစ်ယောက်က တိုက်တယ်၊ တစ်ယောက်က ခံတယ်၊ ဒါပေမယ့် အခု အခြေအနေကိုကြည့်ရတာ ရှုံးနိုင် နိုင်နိုင် ပြောဖို့ နည်းနည်း ခက်တယ်"

စင်မြင့်၏ ပတ်ပတ်လည်တွင် ဝိညာဉ်တမန်တော် အများအပြား စုရုံးနေကြပြီး စင်မြင့်ပေါ်မှ တိုက်ပွဲကို ဝိုင်းဝန်း ကြည့်ရှုနေကြ၏။

တစ်ခါတစ်ရံတွင် အားပေးအော်ဟစ်ကြပြီး တစ်ခါတစ်ရံတွင် သုံးသပ်နေကြကာ အချို့ကမူ အရှုံးအနိုင်ကိုပင် လောင်းကြေးထပ်နေကြပေသည်။

ထိုအခါ လျိုပုဝေက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

"သူတို့က ဘာလုပ်နေကြတာလဲ"

"ဒီဝိညာဉ်တမန်တော်တွေက အလုပ်လုပ်စရာ မလိုဘူးလား”

🫧 Chapter 228

"သူတို့က ဘာလုပ်နေကြတာလဲ"

လျိုပုဝေ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

"ဒီဝိညာဉ်တမန်တော်တွေက အလုပ်လုပ်စရာ မလိုဘူးလား"

မုန့်ရှန်း သည် ထိုဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် သဘောပေါက်သွားသည့် မျက်နှာထားဖြင့် "ဪ အဲဒါလား၊ သူတို့ ပြိုင်ပွဲလုပ်နေကြတာပါ" ဟု ပြန်ဖြေလိုက်သည်။

"ပြိုင်ပွဲ"

အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များသည် အနည်းငယ် အံ့သြသွားကြ၏။

အရှေ့ဘက် ခန်းမဆောင်တွင်ဆိုလျှင် အလုပ်လုပ်ရသည့် လေထုက အလွန်အမင်း တင်းကျပ်မနေသော်လည်း ဤမျှလောက်အထိလည်း လွတ်လပ်ပေါ့ပါးမနေချေ။

သာမန်အချိန်များတွင် သရဲဈေးတန်း၌သာ ဤမျှ စည်ကားသော မြင်ကွင်းမျိုးကို မြင်တွေ့နိုင်ပေသည်။

မုန့်ရှန်း မေးဆတ်ပြလိုက်ပြီး "သူတို့ အပေါ်က ဆိုင်းဘုတ်ကို မြင်လား" ဟု မေးလိုက်၏။

အရှေ့ဘက် ခန်းမဆောင်အဖွဲ့သည် ပြိုင်တူ အပေါ်သို့ လှမ်းကြည့်လိုက်ကြရာ စက်ဝိုင်းပုံ စင်မြင့်၏အထက်တွင် လွင့်မျောနေသော ဆိုင်းဘုတ်တစ်ခုကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

ထိုဆိုင်းဘုတ်မှာ အမည်းရောင်ဖြစ်ပြီး မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း ကြည့်ရသည်မှာ အတော်လေးအဆင့်မြင့်သည့် ပုံပေါ်နေပေသည်။

"အဲဒါက တာဝန်ကတ်ပြားပဲ"

မုန့်ရှန်း ရှင်းပြလိုက်သည်။

"အရှေ့ဘက် ခန်းမဆောင်မှာလည်း တာဝန်ဌာန ရှိတယ် မဟုတ်လား"

"အရှေ့ဘက် ခန်းမဆောင်က ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို ငါ မသိပေမယ့် တောင်ဘက် ခန်းမဆောင်မှာတော့ ကောင်းတဲ့ တာဝန်ကို ရချင်ရင် ကိုယ့်အရည်အချင်းနဲ့ကိုယ်ယူရတယ်"

"ပိုခက်ခဲတဲ့ တာဝန်ဆိုရင် လုယူကြတဲ့ ဝိညာဉ်တမန်တော်တွေကလည်း ပိုများတယ်"

'တာဝန်ကို အရည်အချင်းနဲ့ တိုက်ရိုက်လုယူရတယ်'

ထိုအခါ လျိုပုဝေ စိတ်ဝင်စားသွားပြီး "ဒါဆို မကောင်းတဲ့ တာဝန်တွေကျတော့ကော၊ ဘယ်သူမှ မလုပ်ချင်ကြဘူးလား" ဟု မေးလိုက်၏။

မုန့်ရှန်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည် "သာမန်အချိန်တွေမှာ အားလုံးက ကိုယ့်အလုပ်ကို ပုံမှန်ပြီးအောင် လုပ်ကြပါတယ် တကယ်လို့ အချိန်မရလို့ မလုပ်နိုင်ဘူး ဆိုရင်လည်း တာဝန်ဌာနမှာ ဆုငွေထုတ်ပြီး တင်ထားလို့ရတယ်"

"များသောအားဖြင့် အားလုံးလုကြတာက နယ်ပယ် အသီးသီးကနေ သီးသန့် ရွေးထုတ်ထားတဲ့ တာဝန်ကောင်းတွေပဲ"

"ဥပမာ ပြောရရင် မနေ့က ငါ လုယူနိုင်ခဲ့တဲ့ ဝိညာဉ်လမ်းပြ တာဝန် တစ်ခုဆိုပါစို့၊ အဲဒါက မူလက ပိုင်ဝူချန်(အဖြူရောင် ဝိညာဉ်တမန်တော်) တွေ လုပ်ရမယ့် အလုပ်ပဲ၊ ဒါပေမဲ့ အဲဒီ တာဝန်က အတော်လေးကောင်းတာနဲ့ တာဝန်ဌာနကို တိုက်ရိုက် ပို့ပေးလိုက်တာပဲ"

'တာဝန်ဌာနကို တိုက်ရိုက် ပို့ပေးလိုက်တာလား'

ကျန်းလင် အနည်းငယ် အံ့သြသွားပြီး "ဝိညာဉ်လမ်းပြတဲ့ အလုပ်ကိုတောင် လုနေရတာလား၊ တာဝန်ကောင်းတစ်ခုလို့ သတ်မှတ်တဲ့ စံနှုန်းက ဘာလဲ" ဟု မေးလိုက်၏။

မုန့်ရှန်းက ပြုံးလိုက်ပြီး "ဒီအကြောင်းကို ချက်ချင်းကြီး ရှင်းပြဖို့က နည်းနည်း ခက်တယ်၊ သို့သော် မင်းတို့ စိတ်ဝင်စားတယ် ဆိုရင် မနက်ဖြန် ငါ တာဝန် သွားထမ်းဆောင်တဲ့ အခါ အတူတူ လိုက်ကြည့်လို့ရတယ်"

ဤအချက်ကို ကြည့်ခြင်းအားဖြင့် အရှေ့ဘက် ခန်းမဆောင်နှင့် တောင်ဘက် ခန်းမဆောင်တို့၏လုပ်ငန်းလည်ပတ်မှု ပုံစံအချို့သည် အခြေခံအားဖြင့်ပင် ကြီးမားသော ကွာခြားချက်များ ရှိနေကြောင်း သိနိုင်ပေသည်။

ပါးစပ်ဖြင့် ရှင်းပြနေခြင်းထက် မနက်ဖြန် သူ့နောက်သို့ လိုက်၍ တာဝန်ထမ်းဆောင်သည်ကို ကိုယ်တိုင် မြင်တွေ့ရခြင်းက ပိုရှင်းလင်းပေလိမ့်မည်။

"ကောင်းပြီလေ" ဟု ကျန်းလင် ပြန်ဖြေလိုက်၏။

"ငါလည်း လိုက်မယ်" လျိုပုဝေ၏ မျက်လုံးများထဲတွင်လည်း စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

အမျိုးအစား စုံလင်လှသော တာဝန်များကို လက်ခံနိုင်ရုံသာမက အမျိုးမျိုးသော ဝိညာဉ်တမန်တော်များနှင့်လည်း တိုက်ခိုက်နိုင်သေးသည် မဟုတ်လော။

တောင်ဘက် ခန်းမဆောင်၏ ဤစည်းမျဉ်းက သူ၏ အကြိုက်နှင့် အလွန် ကိုက်ညီနေပေသည်။

မုန့်ရှန်း က ရယ်မောကာ "ကောင်းပြီ၊ အချိန်ကျရင် ငါ မင်းတို့ကို အကြောင်းကြားလိုက်မယ်"

သူတို့ စကားပြောနေစဉ်မှာပင် အရှေ့ဘက်မှ ပွဲကြည့်နေကြသော ဝိညာဉ်တမန်တော်များထံမှ ဆူညံသံများ ထွက်ပေါ်လာတော့သည်။

လှမ်းကြည့်လိုက်သော် ထိုစက်ဝိုင်းပုံ စင်မြင့်ပေါ်တွင် မျက်လုံးမှိတ်၍ တိုက်ခိုက်နေသော ဝိညာဉ်တမန်တော်သည် လေထဲတွင် ပျံသန်းနေပြီး သူ့ လက်ထဲတွင် တာဝန်ကတ်ပြားကို ကိုင်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရ၏။

သေချာပေါက် အရှုံးအနိုင် ပေါ်သွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော်စင်မြင့်ပေါ်မှ ဝိညာဉ်တမန်တော် နှစ်ပါး ထွက်ခွာသွားပြီးနောက်တွင်ပင်လျှင် အခြား ဝိညာဉ်တမန်တော်များ သည် စောစောက တိုက်ပွဲအကြောင်းကို ဆွေးနွေး သုံးသပ်နေကြဆဲပင် ဖြစ်၏။

"ငါ ပြောရရင်တော့ ဟိုလူကောင်ကြီးက ပိုပြီးစိတ်တည်ငြိမ်တယ် သူက အရင် စမတိုက်ပေမယ့် တိုက်ခိုက်ရမယ့် အချိန်ကို အမိအရ ဖမ်းဆုပ်နိုင်တယ်"

"နောက်တစ်ယောက်ကလည်း မဆိုးပါဘူး၊ သူ့ရဲ့ အမြန်နှုန်းနဲ့ တိုက်ခိုက်နိုင်စွမ်းကို ကြည့်ရင် တခြား ဝိညာဉ်တမန်တော် တစ်ယောက်နဲ့သာ ဆိုရင် သူ နိုင်သွားလောက်တယ်"

ထိုသို့ ပြောဆိုနေရင်းနှင့်ပင် ဝိညာဉ်တမန်တော် တစ်ပါးသည် အင်္ကျီလက်ကို ပင့်တင်ကာ စိတ်အားထက်သန်စွာဖြင့် စင်မြင့်ပေါ်သို့ တိုက်ရိုက် ခုန်တက်သွားတော့သည်။

"ဟေး၊ တာဝန်တွေ ကျန်သေးလား၊ ဘယ်သူ ငါနဲ့ လာလုချင်လဲ"

တာဝန်ကို လုယူရန် မဟုတ်လျှင်တောင်မှ ဤဝိညာဉ်တမန်တော်များသည် ဤကဲ့သို့ တိုက်ခိုက်ရသည့် အခြေအနေမျိုးကို အလွန် နှစ်သက်သဘောကျနေကြောင်း သိသာလှပေသည်။

"ဦးလေးမုန့်၊ ဦးလေးမုန့်"

ဝိညာဉ်တမန်တော် တစ်အုပ်စု ပြိုင်ပွဲကို ကြည့်နေစဉ်မှာပင် စောစောက ပြေးထွက်သွားသော အမြွှာ သရဲကလေးနှစ်ကောင်သည် ပြန်လည် ပြေးလာကြပြန်၏။

ထိုအထဲမှ သရဲကလေး တစ်ကောင်က မုန့်ရှန်း၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဦးလေးမုန့်၊ ကျုံးခွေ က ဦးလေးကို အရင်နည်းလမ်းရှာထားလိုက်ဦးတဲ့"

အခြား သရဲကလေး တစ်ကောင်ကမူ မုန့်ရှန်း၏ ဘယ်ဘက်နား အနီးသို့ လွင့်မျောလာပြီး သူ့ပခုံးပေါ်တွင် ထိုင်၍ ခဏ အနားယူလိုက်ပြီးနောက်မှ ပြောလေ၏။

"ဦးလေးမုန့်၊ နံပါတ် ၂ အဆောင်မှူး အစ်မကြီးဆီမှာ သွားနေလို့ ရတယ်တဲ့၊ စီစဉ်ပြီးသွားပြီ"

မုန့်ရှန်းသည် သရဲကလေး နှစ်ကောင်ကို အောက်သို့ ချပေး လိုက်ပြီး "ငါ သိပြီ၊ ငါ အလုပ်တွေ ပြီးသွားရင် မင်းတို့ နှစ်ကောင်ဆီ လာခဲ့မယ်"

စကားပြောရင်း သူသည် အရှေ့ဘက် ခန်းမဆောင် အဖွဲ့ဘက်သို့ လှည့်ကာ "ငါတို့ နောက်တစ်နေရာကို သွားကြစို့" ဟု ပြောလိုက်၏။

[နေစရာနေရာ ရှာတွေ့သွားပြီလို့ ထင်ရတာပဲ ဟားဟားဟား]

[အရှေ့ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်ကြီးများ : ဒီတစ်ခါတော့ မိတ်ဆက်တာ တစ်ဝက်တစ်ပျက်နဲ့ ပျောက်မသွားလောက်တော့ပါဘူးနော်]

[အဲဒီ ကလေးလေး နှစ်ယောက်က တကယ်ကို ချစ်ဖို့ကောင်းတာပဲ၊ အိမ်ကိုဖျက်ဆီးတာ အရမ်းကြမ်းလွန်းနေတာ တစ်ခုပါပဲ]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် မုန့်ရှန်းနှင့် အမြွှာ သရဲကလေး နှစ်ကောင်တို့၏အပြန်အလှန် ဆက်သွယ်မှုများကို အားလုံး မြင်တွေ့နေကြရပေသည်။

သူတို့ အားလုံး ရိပ်မိနေကြသကဲ့သို့ Streamer ကြီးတို့လည်း အတော်လေး ရိပ်မိလောက်ပြီဖြစ်ကြောင်း သူတို့ သိကြ၏။

သို့သော် မည်သူကမျှ ထုတ်မပြောကြချေ။

[ဟားဟားဟား အနေရခက်လိုက်တာ]

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

မုန့်ရှန်းသည် အရှေ့ဘက် ခန်းမဆောင် အဖွဲ့ကို ခေါ်ဆောင်ကာ အဆောက်အအုံတစ်ခု အရှေ့သို့ ရောက်ရှိလာခဲ့၏။

ထိုအဆောက်အအုံကို မြင်လိုက်ရသောအခါ ပရိသတ်များသည် Streamer ကြီးတို့ လူ့လောကသို့ ချက်ချင်းနေရာရွှေ့ပြောင်းသွားသည်ဟုပင် ထင်မှတ်လိုက်ကြတော့သည်။

သို့မဟုတ် လူ့လောကမှ အဆောက်အအုံသည် မြေအောက်ကမ္ဘာသို့ နေရာရွှေ့ပြောင်း ရောက်ရှိလာခြင်းလားဟု တွေးမိသွားကြ၏။

ကင်မရာ မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာသော ထိုအဆောက် အအုံမှာ အလွန် မြင့်မားလှပြီး အနည်းဆုံး အထပ် သုံးလေးဆယ်ခန့် ရှိကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူ့လောကရှိ မိုးမျှော်တိုက်ကြီးများနှင့် အတော်လေး ဆင်တူနေပေသည်။

သို့သော် မြေအောက်ကမ္ဘာဗားရှင်း ဤအဆောက်အအုံသည် အနည်းငယ် ပိုရိုးရှင်းကြမ်းတမ်းနေသကဲ့သို့ ရှိ၏။

မည်သည့် အလှဆင်မှုမျှ မရှိ၊ မည်သည့် အရောင်အသွေးမျှ မရှိ၊ မိုးကာ အမိုးများလည်း မရှိဘဲ လူနေရန်နှင့် အိပ်စက်ရန် သီးသန့် ဆောက်လုပ်ထားသကဲ့သို့ ဖြစ်နေပေသည်။

မဟုတ်သေး၊ ထိုသို့ တင်စားပြောဆိုခြင်းကလည်း သိပ်ပြီး မမှန်ကန်လှချေ။

မည်သို့ပင်ဖြစ်စေ သရဲတစ္ဆေများ အတွက် အိပ်စက်ခြင်း ဆိုသည်မှာ မရှိမဖြစ် လိုအပ်ချက် တစ်ခု မဟုတ်ပေ။

ည ၁၂ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရဘူး ဟူသော မုန့်ရှန်း၏ စောစောက ပြောစကားကို တွေးမိသွားသောအခါ ပရိသတ်များသည် စတင် ခန့်မှန်းကြည့်ကြတော့၏။

[ဒါဆို ဒါက သရဲတစ္ဆေတွေအတွက် ခိုအောင်းစရာ နေရာတစ်ခု ရှိနေစေဖို့ တည်ဆောက်ထားတာပေါ့]

ထိုခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။

ပရိသတ်များ အနေဖြင့် အခြား ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ရာတွင် ပိုက်ဆံ ပြတ်လပ်နေသည့် အချိန်မျိုးနှင့် တူနေပေသည်။

အင်တာနက်ဆိုင်တွင် ဖြစ်စေ၊ မြေအောက်ရထား ဘူတာရုံတွင် ဖြစ်စေ အိပ်စက်ရန် နေရာတစ်ခု ရှိလျှင် ရပြီ ဖြစ်၏။

ထိုအချက်ကို တွေးမိသောအခါ ပရိသတ်များသည် တစ်ခဏမျှ တိတ်ဆိတ်သွားကြတော့သည်။

ပရိသတ်များ : "...."

[ငါ ဒီအဆောက်အအုံကို ချီးမွမ်းစရာ အချက် တစ်ချက်လေးတောင် မရှာတွေ့တော့ဘူး]

[တော်ကြပါတော့ဗျာ၊ အရင်က အိမ် ကောင်းကောင်းလေးတချို့ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ မရှိတော့ဘူးလေ]

[ဟူး ရုတ်တရက် ရင်းနှီးနေတဲ့ အနံ့တစ်ခုကို ခံစားလိုက်ရတယ်၊ အဲဒါက 'ဆင်းရဲခြင်း' ရဲ့ အနံ့ပဲ]

[မင်းတို့ ပြောကြည့်၊ ငါတို့ အရင်ဆုံး Streamer ကြီးအတွက် အိမ်တစ်လုံးလောက် အလှူငွေကောက်ပြီး ဆောက်ပေးလိုက်ကြမလား၊ အဆင်ပြေနိုင်မလား]

အိမ်ဆိုသည်မှာ ဝိညာဉ်တမန်တော်ကြီးများအတွက် အရေးမကြီးလှသော်လည်း ပရိသတ်များသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြ၏။

ထို့နောက် မိမိတို့၏အိမ်က အလွန်ကောင်းမွန်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

[ ရှန်ယူ က Streamer ကို ရွှေချောင်း ၁၀ ချောင်း လက် ဆောင်ပေးလိုက်သည်]

[မုန့်ကြွပ်ကလေး က Streamer ကို မိုးမျှော်တိုက် ၁ လုံး လက်ဆောင်ပေးလိုက်သည်]

[ ငါးကလေးက Streamer ကို လက်ဆောင်တစ်ခုပေးလိုက်သည်]

ထိုမှစ၍ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် လက်ဆောင်များ တစ်သီတစ်တန်းကြီးလွင့်မျောလာတော့၏။

ထိုအခါကျန်းလင်သည် ခေါင်းမော့၍ တစ်ချက် ကြည့်လိုက်သည် : "...."

'ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး လက်ဆောင်တွေ ပေးနေကြတာလဲ'

'အမ်'

'ဒီပရိသတ်တွေက တကယ်ကြီး သူ့အတွက် အိမ်တစ်လုံး အလှူငွေ ကောက်ပေးချင်နေကြတာလား'

ကျန်းလင် နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း အနည်းငယ် ရယ်ချင်သွားတော့၏။

'ဒီကောင်တွေက အတော်လေး တွေးတတ်ကြတာပဲ'

သို့သော် သူ့အိမ်မှာ အရှေ့ဘက် ခန်းမဆောင်တွင် ရှိပြီး ကြီးမားသော အိမ်ကြီးမှာလည်း အရှေ့ဘက် ခန်းမဆောင်တွင်သာ ရှိပေသည်။

ထို့ကြောင့် မျက်စိရှေ့ရှိ ဤနေထိုင်စရာ နေရာများနှင့် ပတ်သက်၍ တကယ်တမ်းတွင် သူ ထိုမျှလောက်ဂရုမစိုက်လှချေ။

"ဒါက ငါတို့ တောင်ဘက် ခန်းမဆောင်ရဲ့ ထူးခြားချက်ပဲ၊ လူ့လောကရဲ့နေအိမ် ပုံစံကို ယူသုံးထားတာ"

အရှေ့ရှိ အိမ်များကို ကြည့်ရင်း မုန့်ရှန်းသည် ဆက်လက်၍ "အရှေ့ အနောက် တောင် မြောက် အားလုံးက အိမ်နီးချင်းတွေချည်းပဲ၊ နေရတာလည်း စည်ကားတယ်" ဟု ရယ်မောကာ ပြောလိုက်၏။

ရွှီယိုကျိသည် မျက်စိရှေ့ရှိ အိမ်များကို တစ်ချက် ကြည့်ရှုလိုက်ပြီး "တကယ်ပဲ တော်တော်လေး ထူးခြားတာပဲ" ဟု ခေါင်းညိတ်ကာ ပြောလိုက်သည်။

သူတို့၏ အရှေ့ဘက် ခန်းမဆောင်တွင် ဤမျှ မြင့်မားသော လူနေအိမ်များ တစ်ခါမှ မဆောက်လုပ်ခဲ့ဖူးချေ။

မုန့်ရှန်း : "ဟုတ်တယ်နော်၊ မဟုတ်ဘူးလား ဟားဟားဟား”

All Chapters