အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
🫧 Chapter 31
မုန့်ပေါ်၏ ဤတစ်ကြိမ် တိုက်ခိုက်မှုမှာ စွမ်းအင်အလွန်ပြင်းထန်လှသောကြောင့် သရဲတပ်သားများမှာ တုန့်ဆိုင်းစပြုလာကြ၏။
"မင်းတို့က ဘာကို တုန့်ဆိုင်းနေကြတာလဲ၊ ဝေ့ဝူစစ်သူကြီးအတွက် အသက်မပေးနိုင်ရင်၊ မင်းတို့ အသက်ရှင်နေတာ ဘာတန်ဖိုးရှိတော့မှာလဲ"
ထိုကြောင့်ရှေ့ဆုံးတွင် ရပ်နေသော တစ္ဆေစစ်သူကြီး က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
စကားအဆုံးတွင် သူ့ လက်ထဲ၌ လှံရှည်တစ်စင်း ပေါ်လာပြီး မုန့်ပေါ်ကို စတင် တိုက်ခိုက်တော့သည်။
မုန့်ပေါ်က သူ့ကို အေးစက်စက် ကြည့်ကာ သူမအရှေ့သို့ ရောက်လာချိန်တွင် လက်ကို ဆန့်ထုတ်လိုက်သည်။
'ဖျတ် '
ခြင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် ထိုဝိညာဉ်ဗိုလ်ချုပ်မှာ ယင် စွမ်းအင် အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အောက်ဘက်ရှိ သရဲတပ်သားများမှာ ထိုစွမ်းအင်များကို လုယူစားသုံးကြသည်။
"အားလုံး အတူတူ တိုက်ကြမယ်"
ကျန်ရှိနေသော တစ္ဆေစစ်သူကြီး များသည်လည်း အဆုံးအထိ ဝေ့ဝူစစ်သူကြီးအပေါ် သစ္စာရှိကြသူများ ဖြစ်သည်။
ထို့နောက်၎င်းတို့သည် စုပေါင်း၍ မုန့်ပေါ်ကို တပြိုင်နက် တိုက်ခိုက်ကြသည်။
ဝေ့ဝူစစ်သူကြီးအတွက် အချိန်အနည်းငယ်လောက်ပဲ ရရှိစေဦးတော့၊ ၎င်းတို့အတွက် တန်ဖိုးရှိသည်ဟု မှတ်ယူထားကြသည်။
ဖျတ်...
ဖျတ်...
ဖျတ်...
မုန့်ပေါ်က လက်ဝါးအနည်းငယ် ရိုက်ချလိုက်ရုံဖြင့် အားလုံးသေဆုံးသွားကြသည်။
လက်ဝါးတစ်ချက်လျှင် တစ္ဆေစစ်သူကြီး တစ်ယောက်နှုန်းဖြင့် အသတ်ခံရခြင်းဖြစ်၏။
ထိုဝိညာဉ်ဗိုလ်ချုပ်များ သေဆုံးပြီးနောက် ယဉ်စွမ်းအင်များ အစုလိုက်အပြုံလိုက် ကျန်ရစ်ခဲ့သည်။
ထိုစွမ်းအင်များ ပျောက်ကွယ်တော့မည့်ဆဲဆဲမှာပင် မုန့်ပေါ်က လက်ကို သိမ်းလိုက်ရာ ထိုစွမ်းအင်များကို သူမကိုယ်ပိုင်အဖြစ် အသုံးချရန် သိမ်းဆည်းလိုက်လေသည်။
အောက်ဘက်ရှိ သောင်းနှင့်ချီသော သရဲစစ်သည်တော်များမှာ သတိမဝင်နိုင်သေးပေ။
'၎င်းတို့ အလွန်လေးစားရသော၊ ၎င်းတို့ထက် အဆပေါင်းရာချီ သန်မာသော ဝိညာဉ်ဗိုလ်ချုပ်ကြီးများမှာ... အမှန်ပင် သေကုန်ကြချေပြီ'
'ရန်သူ့လက်ထဲမှာ တစ်ကွက်တောင် မတောင့်ခံနိုင်ဘဲ သေဆုံးသွားကြပြီ'
'ဒါဆိုရင် သူတို့တွေ တိုးဝင်တိုက်ခိုက်နေတာကရော ဘာထူးမှာလဲ'
'လောကကြီးအတွက် သရဲစွမ်းအင်တွေ လှူဒါန်းဖို့လား'
'ဒါမှမဟုတ် မုန့်ပေါ်အတွက် သရဲစွမ်းအင်တွေ ပံ့ပိုးပေးဖို့လား'
"..."
ထို့ကြောင့် သရဲရဲမက်များမှာ တိုက်လိုခိုက်လိုစိတ်များ ကုန်ဆုံးသွားကာ အနောက်သို့ ဆုတ်ခွာကုန်ကြတော့သည်။
၎င်းတို့ စောင့်ရှောက်နေသော ဝေ့ဝူစစ်သူကြီးမှာ ၎င်းတို့ကို စွန့်ပစ်ကာ ထွက်ပြေးရန်ပြင်နေသည်ကို မသိကြပေ။
"ပြေးချင်တာလား"
မုန့်ပေါ်၏ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချီဟဲ့စန်း ရှေ့သို့ ရောက်ရှိသွားတော့ သည်။
ထို့နောက်လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်၏။
"ဝုန်း "
ချီဟဲ့စန်း မှာ လက်နှစ်ဖက်ဖြင့် ကာကွယ်ရန်သာ အချိန်ရလိုက်ပြီး၊ တစ်ကိုယ်လုံးမှာ သရဲစစ်သည် များကြားထဲသို့ လွင့်စင်သွားတော့သည်။
ရှောင်တိမ်းရန် အချိန်မရလိုက်သော သရဲစစ်သည်များမှာမူ သူ၏ အရှိန်ဖြင့် ရိုက်မိကာ ယင်စွမ်းအင်များအဖြစ် ပျောက်ကွယ်ကုန်ကြသည်။
"နင်က ဘာလို့ ငါ့ကို အသေသတ်ဖို့ ဒီလောက်ထိ ဇွတ်တရဲရဲ ဖြစ်နေရတာလဲ"
ချီဟဲ့စန်း သည် ဒဏ်ရာကို ဖိထားရင်း စိတ်ထဲမှ သံသယများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
"..."
မုန့်ပေါ် စကားအပို မပြောပေ။
သူမ လက်ထဲမှ သရဲစွမ်းအင်များမှာ ပေါ်ထွက်လာပြီး စုစည်းလာကာ ဖျက်ဆီးလိုသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။
သူမက အသေသတ်ရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်ထက်မှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။
"ရပ်လိုက်စမ်း"
ထို စကားလုံးနှင့်အတူ စွမ်းအားပါလာပြီး ပြင်းထန်သော စွမ်းအားတစ်ခု ရောက်ရှိလာသည်။
၎င်းသည် သူမ၏ လက်ထဲမှ အဖျက်စွမ်းအားကို တိုက်ရိုက် ဖိနှိပ်လိုက်ပြီး ချီဟဲ့စန်း ကို ကယ်တင်လိုက်သည်။
ဒီစွမ်းအားက...
"ဒါ...ဒါက တစ္ဆေဧကရာဇ် အဆင့်ပဲ၊ အနောက်ဘက် ယမမင်းလား "
တစ္ဆေဧကရာဇ် အဆင့်သည် မရဏမင်းအောက်အဆင့် တွင် နံပါတ် ၁ အဆင့်ဟု ခေါ်ဆိုနိုင်သည်။
ထိုအခါ မုန့်ပေါ်သည် အနောက်သို့ တရစပ် ဆုတ်ခွာသွားပြီး သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။
ခဏအကြာတွင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခုတဖြည်း ဖြည်း လမ်းလျှောက်လာပြီး ၎င်းတို့ကို အထက်စီးမှ ငုံ့ကြည့်နေသည်။
ချီဟဲ့စန်း လှမ်းအော်လိုက်၏။
"ယမမင်းကြီး"
ထိုလူမှာ အနောက်ဘက် ယမမင်းနန်းတော်၏ အုပ်ချုပ်သူ၊ အနောက်ဘက် ယမမင်းပင်။
"အင်း"
အနောက်ဘက် ယမမင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် မုန့်ပေါ်ကို အေးစက်စက်ကြည့်လိုက်သည်။
မမြင်နိုင်သော ဖိအားများ ကျရောက်လာကာ မောက်မာဟန်ဖြင့် "ငါ့ရဲ့ အနောက်နန်းတော် နယ်မြေထဲကို မင်းလို အရှေ့နန်းတော်ကလူက ဘယ်လိုသတ္တိနဲ့ လာသောင်းကျန်းရတာလဲ"
"နန်းတော်နှစ်ခုကြားမှာ စစ်ပွဲကို တစ်ကျော့ပြန် စချင်နေတာလား"
အနောက်ဘက် ယမမင်းက စကားတစ်ခွန်းပြောလိုက်တိုင်း ပိုမိုပြင်းထန်သော ဖိအားတစ်ခုကျရောက်လာသည်။
ပြင်းထန်လှသော ဖိအားများအောက်တွင် မုန့်ပေါ်မှာ ခါးညွတ်သွားရပြီး မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ရတော့သည်။
သူမ၏ ဒူးနှစ်ဖက်မှာလည်း မြေပြင်ထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ဤသည်က တစ္ဆေဧကရာဇ်အဆင့်ပင်။
စကားတစ်ခွန်း ပြောရုံဖြင့် သရဲဘုရင်အဆင့်ကို ဖိနှိပ်နိုင်စွမ်းရှိသည်။
မုန့်ပေါ်မှာ သရဲဘုရင် အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီး မရဏတမန်အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားသော် လည်း။
ယခုမူ လုံးဝကို ဖိနှိပ်ခံထားရသည်။
အဆင့်မြင့်လေလေ၊ နောက်ထပ်တစ်ဆင့် တက်လှမ်းရန် ပိုခက်ခဲလေလေ ဖြစ်သည်။
စွမ်းအားချင်းမှာလည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
[မဖြစ်နိုင်တာ၊ အလှလေး ရှုံးတော့မှာလား]
[ဒီ ယမမင်းက စီနီယာကနေ ဂျူနီယာကို နှိပ်စက်နေတာပဲ ကျွန်တော့်ကို ယဇ်ပူဇော်ပြီး မုန့်ပေါ်ကို ကူညီခိုင်းလိုက်ပါ]
[ဒီ သေသင့်တဲ့လူ၊ နောက်ပိုင်း ငါ အနောက်နန်းတော် ယမမင်းကို ဘယ်တော့မှမယုံတော့ဘူး]
[အတူတူပဲ၊ အဲဒီ အနောက်ဘက် ယမမင်းကို အီးစားခိုင်း လိုက်စမ်းပါ]
[ဟာ... ဘယ်သူကများ မုန့်ပေါ်ကို လာကူညီပေးမှာလဲ၊ မုန့်ပေါ် မသေပါနဲ့ဦး]
Live ထဲတွင် ကြည့်ရှုသူများမှာ အလွန်အမင်း ဒေါသထွက်နေကြသည်။
အခုချက်ချင်း ပျံသွားပြီး မုန့်ပေါ်ကို ထူပေးကာထို လူယုတ် မာကို လက်သီးဖြင့်ထိုး၊ အနောက်ဘက် ယမမင်းကို ခြေထောက်ဖြင့် ကန်ချင်နေကြသည်။
နောက်တစ်ခဏ
Live မြင်ကွင်းထဲတွင်....
တစ်စုံတစ်ယောက်က မုန့်ပေါ်ကို ထူပေးလိုက်သည်။
"ဟွန့် "
"အဘိုးကြီး၊ နင်က တော်တော် နားငြီးဖို့ကောင်းတာပဲ၊ သူများတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကိုပါ လိုက်ဝင်ပါနေရလား"
ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာကာ ဆံပင်နှစ်ဖက်ချည်ထားပြီး ချစ်စရာကောင်းလွန်းသော လိုလီလေးတစ်ဦး မုန့်ပေါ်ဘေးတွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
လက်တစ်ဖက်က ခါးကိုထောက်ကာ၊ ကျန်လက်တစ်ဖက်က အနောက်ဘက် ယမမင်းကို လက်ညှိုးထိုးပြီး အားရပါးရ ဆဲဆိုနေတော့သည်။
၎င်းမှာ Live ထဲမှ ကြည့်ရှုသူများ၏ ရင်ထဲရှိစကားလုံးများကို ဆဲပေးလိုက်သလိုပင်။
[ကောင်းတယ် ဆဲလိုက်စမ်း ]
[အား... ပြောတာ တော်တော် ကောင်းတယ်]
[ဒီလိုလီလေးကို ကျွန်တော်ပဲ အပိုင်သိမ်းလိုက်ပြီ၊ ဘယ်သူမှ လာမလုနဲ့]
[ညီအစ်ကိုတို့၊ ဒီနတ်သမီးလိုလီလေးက ဘယ်တုန်းက ပေါ်လာတာလဲ၊ ငါ မျက်တောင်တစ်ချက် ခတ်လိုက်တာပဲ ရှိသေးတယ်]
[ငရဲပိုက်ဆံ သုံးလို့ရလား၊ ဒီလိုလီလေးအတွက် ဝတ်စုံအသစ် ဝယ်ပေးချင်လို့၊ သူ မသေပါစေနဲ့ဦး]
[လိုလီလေး ကျန်းမာပါစေ ဒါ ဘယ်သူ့သမီးလေးလဲ။ကျွန်တော် အရင်ဦးအောင် ဆွေမျိုးလာစပ်ထားမယ်]
....
"ဖူး..."
အခြားတစ်ဖက်၊ အရှေ့ဘက် ငရဲဘုံတွင် သရဲဈေးထဲ၌ ခေါက်ဆွဲသောက်နေသော ကျန်းလင်မှာ ခေါက်ဆွဲများပင် ဖိတ်စင်မတတ် ဖြစ်သွားသည်။
"အဟွတ်... အဟွတ်... ယမမင်းကြီး"
ဟုတ်ပါသည်။
Live မြင်ကွင်းထဲမှ ထိုလိုလီလေး...
နီမြန်းနေသော ပါးပြင်လေး၊ မှိတ်တုတ်မှိတ်တုတ် မျက်လုံး ဝိုင်းလေးများနှင့် ဦးခေါင်းပေါ်တွင် အနီရောင် ဦးချိုလေးနှစ်ခု ရှိနေသောသူမှာ...
သူတို့ အရှေ့ဘက် ယမမင်းနန်းတော်၏ ယမမင်းကြီးပင် ဖြစ်သည်။
ယမမင်းကြီးသည် သူမ၏လက်အောက်ငယ်သားများကို အလွန်ကာကွယ်တတ်သည်ဟု သတင်းကြီးသော်လည်း၊ ယခုကဲ့သို့ တကယ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်...
ကျန်းလင်သည် အရှေ့နှင့် အနောက် ယမမင်းနှစ်ဦး၏ အငြင်းပွားမှု သတင်းများကို ပြန်လည်စဉ်းစားမိပြီး Live ကို ပြန်ကြည့်လိုက်သည်။
'ဒါဆိုရင်တော့ ရက်အနည်းငယ်လောက် တိုက်ကြဦးမှာပဲ...'
ခေါက်ဆွဲကို နောက်ဆုံးတစ်လုပ် သောက်လိုက်ပြီးနောက်
ကျန်းလင်းက လက်လှမ်းလိုက်သည်။
"အန်ကယ်၊ နောက်ထပ် တစ်ပွဲ ထပ်ပေးပါဦး"
မီးဖိုချောင်ထဲမှ ချန်စန်းဝေ က ခေါင်းပြူကြည့်ကာ ပြောလိုက်သည်။
"ခဏစောင့်ဦး"
ချန်ကျာ့မင် ကို အလုပ်များ ပေးအပ်ပြီးနောက် သူသည် သရဲဈေးသို့ ပြန်လာခဲ့သည်။
မည်သို့ဖြစ်စေ အလုပ်ကတော့ ဆက်လုပ်ရဦးမည် မဟုတ်ပါလော။
...
"နင်လို ကလေးမလေးက ဘာလာရှုပ်နေတာလဲ"
အနောက်ဘက် ယမမင်းက မကျေမနပ် ပြောလိုက်သည်။
"နင်က ဂျူနီယာကို အနိုင်ကျင့်နိုင်ရင်၊ ငါကရော ဘာလို့ ငါ့လူဘက်က မရပ်တည်ပေးနိုင်ရမှာလဲ"
လိုလီလေးက အရှုံးမပေးဘဲ အားရပါးရ ပြန်လည်တုန့်ပြန်လိုက်သည်။
"နင် ငါ့လက်အောက်ငယ်သားကို အနိုင်ကျင့်တဲ့ကိစ္စကို ငါ နင်နဲ့ စာရင်းမရှင်းရသေးဘူးနော်"
သူမ စကားတစ်ခွန်း ပြောလိုက်တိုင်း ချီဟဲ့စန်း အပေါ်သို့ ဖိအားတစ်ခု ကျရောက်သွားသည်။
သူမ ပါးစပ်လေး တတွတ်တွတ်ပြောပြီးချိန်တွင် ချီဟဲ့စန်း၏ သရဲမျက်နှာဖုံးမှာ ကွဲအက်သွားပြီး သွေးများမှာ သုံးမီတာခန့် အကွာအဝေးအထိ ပန်းထွက်သွားတော့သည်။
"ဖူး "
"မင်း....'
အနောက်ဘက် ယမမင်းမှာ ဒေါသထွက်သွားပြီး လိုလီလေးကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်လိုက်၏။
"ငါ ဘာဖြစ်လဲ ဒါကို 'သွားတစ်ချောင်းအတွက် သွားတစ် ချောင်းတုံ့ပြန်တယ်' လို့ ခေါ်တယ် သူများလုပ်သလို ကိုယ်က ပြန်လုပ်ပေးတာလေ"
လိုလီလေးက ခါးကို မတ်ကာ ပြောလိုက်၏။
အနောက်ဘက် ယမမင်းက သူ့လူကို ကာကွယ်ရန် မလာခင်မှာပင်၊ သူမက ရှေ့သို့ တိုးဝင်သွားပြီး အနောက်ဘက် ယမမင်းကို လက်သီးတစ်ချက်ဖြင့် ထိုးလိုက်၏။
"ကလေးမ၊ နင် တကယ်ပဲ စစ်ပွဲကို စချင်နေတာလား"
"တိုက်မယ်ဆိုရင်လည်း တိုက်တာပေါ့၊ ဘယ်သူက ကြောက်နေလို့လဲ"
"ကောင်းပြီအဲဒီအချိန်ကျမှ ငါ့ကို အကျိုးအကြောင်း မသင့်လို့ မပြောနဲ့ဦး၊ ဒါ နင်ပြောတာနော်"
"ဟွန့် အဘိုးကြီး၊ နင်က အရင်ဆုံး သူများကိစ္စလိုက်ဝင်ပါတာ၊ ငါ့ငယ်သားကို ဒဏ်ရာရအောင် လုပ်တာ၊ အရှက်မရှိတဲ့လူကြီး"
"မင်းး..."
အနောက်ဘက် ယမမင်းမှာ စကားအရာတွင် မနိုင်တော့သဖြင့် တိုက်ပွဲမှာ တိုက်ရိုက်စတင်တော့သည်။
မိမိ၏ လက်အောက်ငယ်သားများ ကို ဒဏ်ရာမရစေရန်အတွက် ၎င်းတို့နှစ်ဦးမှာ တဖြည်းဖြည်း ဝေးရာသို့ တိုက်ခိုက်ရင်း ထွက်ခွာသွားကြသည်။
၎င်းတို့ ဖြတ်သန်းသွားသော နေရာတိုင်းမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲကုန်တော့သည်။
🫧 Chapter 32
ယခုမူ ပြင်ပလူများ၏ နှောင့်ယှက်မှု မရှိတော့ပေ။
ဤနယ်မြေအတွင်း မုန့်ပေါ်နှင့် ချီဟဲ့စန်း နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
မုန့်ပေါ်က တစ်လှမ်းချင်း တိုးကပ်လာသည်ကို ကြည့်ရင်း ချီဟဲ့စန်း ၏ ရင်ထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
သူသည် မသိစိတ်ဖြင့် အနောက်သို့ ဆုတ်ခွာသွားကာ၊ မုန့်ပေါ် အစောပိုင်းက ပြောခဲ့သော စကားများကို ဦးနှောက်ထဲတွင် ပြန်လည် စဉ်းစားနေမိ၏။
သူက မေးခွန်းထုတ်လိုက်သည်။
"ငါတို့က လူ့ပြည်မှာ သိကျွမ်းခဲ့ကြတာလား"
မုန့်ပေါ်၏ ခြေလှမ်းများ ခဏတာ ရပ်တန့်သွားသော်လည်း သူမ ငြင်းဆိုခြင်း မပြုပေ။
ချီဟဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်
"ငါ့မှတ်ဉာဏ်ထဲမှာတော့၊ မင်းလို အလှမျိုးကို သိခဲ့ဖူးတယ်လို့ မရှိပါဘူး"
မုန့်ပေါ်ကဲ့သို့ ညို့ယူဖမ်းစားနိုင်သော အလှမျိုးကို သူ မေ့သွားစရာ အကြောင်းမရှိပေ။
"မသိခဲ့ဘူး ဟုတ်လား ဟားဟားဟား..."
မုန့်ပေါ်က ရယ်မောလိုက်သော်လည်း သူမ၏ မျက်ဝန်းအစုံမှ သွေးမျက်ရည်များ စီးကျလာသည်။
"ကျွန်မ အသက် (၁၅) နှစ်အရွယ်မှာ ရှင်နဲ့ အိမ်ထောင်ကျခဲ့တာ ထမင်းချက်၊ အဝတ်လျှော်၊ ယောက္ခမတွေကို လုပ်ကျွေးပြုစု... ဘယ်အရာကိုများ စေတနာမပါဘဲ လုပ်ခဲ့ဖူးလို့လဲ"
"ရှင့်အိမ်မှာ နေခဲ့တဲ့ အဲဒီနှစ်တွေအတွင်းမှာ၊ ကျွန်မရဲ့ ရုပ်ရည်က အိုမင်းရင့်ရော်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတာ"
မုန့်ပေါ်သည် ယိုင်တိုင်တိုင်ဖြင့် တစ်လှမ်းချင်း လျှောက်သွားသည်။
သူမ နင်းဖြတ်သွားသော နေရာတိုင်းရှိ ကျောက်ခဲ မြေစာများမှာ အမှုန့်အဖြစ် ပြောင်းလဲကုန်၏။
ခြေလှမ်းတိုင်းမှာ အတိတ်က နေ့ရက်များကို နှုတ်ဆက်နေသကဲ့သို့ပင်။
"မိန်းကလေးတစ်ယောက်ရဲ့ အကောင်းဆုံးအရွယ်တွေ အားလုံးက ဖုံးကွယ်ခြင်း ခံခဲ့ရတာလေ..."
"ဒါကြောင့်လည်း ရှင်က (အခုလိုလှနေတဲ့ ကျွန်မကို) မသိခဲ့ တာပေါ့"
ချီဟဲ့စန်း မှာ အနည်းငယ် အံ့အားသင့်သွားသလို၊ ဇဝေဇဝါလည်း ဖြစ်သွားသည်။
"ငါတို့က တကယ်ပဲ အိမ်ထောင်ကျခဲ့ဖူးတာလား"
သူ့မှတ်ဉာဏ်ထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။
သူသည် အပျော်အပါး မက်သူဖြစ်သော်လည်း၊ လူ့ဘဝတွင် အသက်ရှင်စဉ်က နှစ်ကြိမ်သာ အိမ်ထောင်ပြုခဲ့ဖူးသည်။
ထိုပုံရိပ်နှစ်ခုမှာ
တစ်ခုမှာ အသားဖြူဖြူ၊ မျက်နှာပေါက်ကြီးကြီး၊ တင့်တယ်သော အဝတ်အစားနှင့် မြင့်မြတ်သော အရှိန်အဝါရှိသည့် (မင်းသမီး) ပုံရိပ်။
အခြားတစ်ခုမှာမူ ပိန်ပါးပြီး မျက်နှာအသားအရေမှာ ဝါကြင့်ကြင့်၊ ခန္ဓာကိုယ်မှာလည်း ဆွဲဆောင်မှုမရှိသော ပုံရိပ်။
အသက် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း အသက် (၃၀) ကျော်ကဲ့သို့ ထင်မှတ်ရသူ ဖြစ်သည်။
"နင်... နင်က ရှောင်ချင်းလား"
ရှရှောင်ရှင်း ဆိုသည်မှာ မုန့်ပေါ် လူ့ဘဝတွင် အသက်ရှင်စဉ်က အမည်ဖြစ်၏။
"လူ့ပြည်မှာ နှစ်တစ်ရာဆိုတာ ခဏလေးပါ၊ နင်က အခုထိ မှတ်မိနေသေးတာလား"
ချီဟဲ့စန်း အံ့ဩသွားသည်။
သူ စစ်ထဲဝင်ပြီး မကြာမီမှာပင် ကံကောင်းထောက်မစွာဖြင့် မင်းသမီးကို ကယ်တင်နိုင်ခဲ့သည်။
ထိုအချိန်တွင် သူသည် မိမိ၏ဘဝ တိုးတက်မြင့်မားလာတော့မည့် အခွင့်အရေးကို သိလိုက်သည်။
သို့သော် အကယ်၍ သူ အိမ်ထောင်ရှိမှန်းမင်းသမီး သိသွားပါက ဤအခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် သေဟန်ဆောင်သော အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။
သူ သေဆုံးသွားပြီဖြစ်ကြောင်း၊ နိုင့်ဟယ်တံတားပေါ် တွင်မှ ပြန်ဆုံကြစို့ဟု ရှောင်ချင်းထံ စာပါးခဲ့သည်။
ထို့နောက်ပိုင်းနေ့ရက်များမှာ သူ မျှော်လင့်ထားသကဲ့သို့ အလွန်ပင် ချောမွေ့ခဲ့သည်။
ဝေ့ဝူစစ်သူကြီး ဖြစ်လာရုံတင်မက၊ မင်းသမီးနှင့်လည်း အောင်မြင်စွာ အိမ်ထောင်ကျခဲ့သည်။
နောက်ပိုင်းတွင် သူ လူလွှတ်၍ စုံစမ်းခိုင်းရာ ရှောင်ချင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
သူသည် သူမ၏ကံကြမ္မာ မကောင်းဟုတွေးကာ သက်ပြင်းချခဲ့ဖူးသည်။
သို့သော်...ယခုမှ ရှောင်ချင်း ပြောခဲ့သော စကားကို သူ ပြန်သတိရလိုက်သည်။
'နင်က ငါ့ကို နိုင်းဟယ်တံတားမှာ စောင့်ခိုင်းပြီး လှည့်ဖြားခဲ့တယ်၊ ကိုယ်တိုင်ကတော့ နောက်ထပ် မိန်းမယူ၊ သားသမီးတွေရပြီး စည်းစိမ်ချမ်းသာတွေကို ခံစားနေတယ်ပေါ့...'
'ဒါဆို သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလား'
'စာထဲက 'နောင်တတံတားမှာ ဆုံကြစို့' ဆိုသော စကားတစ်ခွန်းကြောင့်လား'
'ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူများသည် သေဆုံးပြီးနောက် ငရဲတွင် နှစ်ပေါင်းရာချီ မီးတောက်ဒဏ်ကို ခံရမည် မဟုတ်ပါလား'
သူသည် သွေးမျက်ရည်များ စီးကျနေသော မုန့်ပေါ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"နင်က ဘာလို့ ဒီလောက်ထိ လုပ်ခဲ့ရတာလဲ"
"လူ့ဘဝဆိုတာ ခဏလေးပါ၊ မြူခိုးတွေလိုပါပဲ၊ နင် ဘာလို့ စောစောစီးစီး အေးအေးဆေးဆေး မနေခဲ့တာလဲ၊ ငါ့ကိုလည်း လွှတ်ပေး၊ နင့်ကိုယ်နင်လည်း လွှတ်ပေးလိုက်ပါတော့"
"နင် ငါ့ကို နှစ်ပေါင်းတစ်ထောင် ရန်ငြိုးဖွဲ့နေတာဟာ၊ နင့်ကိုယ်နင် နှစ်ပေါင်းတစ်ထောင် နှိပ်စက်နေတာနဲ့ အတူတူပဲ မဟုတ်လား"
"နှစ်တစ်ရာ ခဏလေး လူ့ဘဝက တိုတောင်းတယ် ဟုတ် လား"
မုန့်ပေါ်သည် သူ့ကို စိုက်ကြည့်ကာ မျက်လုံးများမှာ ဒေါသကြောင့် ပေါက်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။
"အေးအေးဆေးဆေး နေရမယ်"
"ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးရမယ်"
"ဒါကို ပြောဖို့ ဘယ်သူမဆို အရည်အချင်းရှိတယ်၊ ရှင့်မှာတော့ မရှိဘူး"
Live မြင်ကွင်းမှာ ခဏတာ ဝေဝါးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ပေါ်သည် ချီဟဲ့စန်း ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမ လက်ထဲတွင် လှုပ်ရှားနေဆဲဖြစ်သော နှလုံးသားတစ်ခွန်းကို ဆုပ်ကိုင်ထားပြီး သွေးများမှာ ရဲရဲနီနေသည်။
သူမ လက်ချောင်းများမှာ ပြင်းထန်စွာ ဆုပ်ညှစ်လိုက်သည်။
"ဖွတ်"
သွေးများမှာလည်း မုန့်ပေါ်မျက်နှာပေါ်သို့ စင်ဟပ်သွားသည်။
Live ထဲမှ ကြည့်ရှုသူများမှာ မှင်သက်သွားကြသည်။
[... အခုလေးတင် ဘာဖြစ်သွားလဲဆိုတာ မြင်လိုက်တဲ့သူ ရှိလား]
[ကျွန်တော်လည်း မမြင်လိုက်ဘူး]
[ဒီ Live မှာ Slow motion လုပ်လို့ရလား]
[အနှေးပြကွက် အိမ်မက်မက်နေတာလား၊ ဒီ Live မှာ ပြန်ကြည့်လို့ရတာတောင် မရှိဘူး]
[ခြုံပြောရရင်တော့၊ မုန့်ပေါ်က လူယုတ်မာကို တစ်ချက် တည်းနဲ့ နှိမ်နင်းလိုက်တာပဲ]
[အရမ်းကောင်းတယ်၊ အားပေးနေမယ်]
ကြည့်ရှုသူများမှာ မုန့်ပေါ်၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်း လင်း မမြင်လိုက်ရသော်လည်း ရလဒ်ကိုတော့ အလွန်ပင် သဘောကျနေကြသည်။
'နှစ်ပေါင်းတစ်ထောင်'
'လူတစ်ယောက်အတွက်၊ စကားတစ်ခွန်းအတွက်'
'နှစ်ပေါင်းတစ်ထောင် စွဲလမ်းခဲ့ရသည်'
'ဒီနေ့တော့၊ ဒါတွေ အဆုံးသတ်သင့်ပါပြီ'
...
တောက်... တောက်...
သွေးများက မြေပြင်ပေါ်သို့ တစ်စက်ချင်းကျနေ၏။
ချီဟဲ့စန်းသည် မိမိ ရင်ဘတ်ကို နောက်ကျမှ ငုံ့ကြည့်မိသည်။
သရဲ ဖြစ်သွားသည့်တိုင် နှလုံးသားနှင့် ဦးခေါင်းမှာ အသက်အန္တရာယ်ရှိသော အချက်အချာများပင်။
သူသည် မုန့်ပေါ်၏လှုပ်ရှားမှုကို မမြင်လိုက်ရပေ။
အရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အထက်မှ မုန့်ပေါ်၏ အသံ ထွက်ပေါ်လာသည်။
"စိတ်ချပါ၊ ရှင့်ကို ဒီအတိုင်း သေခွင့်မပေးဘူး၊ ရှင့်ကို ငရဲမီးတောက်တွေထဲမှာ မြှုပ်နှံထားမယ်၊ ဘဝဆက်တိုင်း၊ သေတာထက် ပိုဆိုးတဲ့ ဝေဒနာကို ခံစားရစေရမယ်"
"နောက်ဆုံးတော့ အဲဒီ ငရဲမီးတောက်တွေထဲမှာပဲ လုံးဝ ချုပ်ငြိမ်း ပျောက်ကွယ်သွားစေရမယ်"
ဝေဝေဝါးဝါးထဲတွင် ချီဟဲ့စန်းသည် မိမိဝိညာဉ်ကိုတစ်စုံတစ် ခုက စုပ်ယူသွားသလို ခံစားလိုက်ရသည်။
"ဒါကြောင့်ကိုး..."
"ဒါကြောင့်မို့လို့ အဲဒီပုရောဟိတ်က ပြောခဲ့တာကိုး၊ မျက်နှာ ဖုံးတပ်ထားပါတဲ့၊ မဟုတ်ရင်..."
'မဟုတ်ရင် သွေးပျက်ဖွယ် ကံကြမ္မာဆိုးနဲ့ ကြုံရလိမ့်မယ်တဲ့'
သူသည် ရေရွတ်ရင်း မုန့်ပေါ်၏ထိုအလှဆုံး ရုပ်ရည်ကို ငေးကြည့်နေမိသည်။
သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။
ဤကဲ့သို့... ဖြစ်သွားရတာလည်း၊ မဆိုးပါချေ။
'အသက် (၁၅) နှစ်အရွယ်က သူမကို စတွေ့ခဲ့စဉ်က
ထိုမျက်ဝန်းအစုံမှာလည်း ယခုကဲ့သို့ပင် တောက်ပနေခဲ့သည် မဟုတ်ပါလား'
...
နှစ်ရက်အကြာတွင်
မုန့်ပေါ်သည် ကျန်းလင်းထံသို့ လာကာ သူ ဘာလိုချင်သလဲဟု မေးမြန်းခဲ့သည်။
မုန့်ပေါ်၏ လူရှာပုံတော် တာဝန်အတွက် ဆုလာဘ်များထဲတွင် တစ်ခုမှာ သူမအနေဖြင့် သူ ဖြစ်ချင်သည့် အရာတစ်ခုကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။
သူမ လုပ်ဆောင်နိုင်စွမ်းရှိသည့် အတိုင်းအတာအတွင်း၌ ပေါ့။
ဤအရာက ကျေးဇူးကြွေး တစ်ခုတင်ရှိသွားခြင်းနှင့် အတူတူပင်။
"ဘာလိုချင်တာလဲ"
ကျန်းလင်သည် မိမိ၏အချိန်အကန့်အသတ်ရှိသော တာဝန် (တစ်ရက်သာ ကျန်တော့သော) ကို စဉ်းစားကာ ချက်ချင်းပင် ပြောလိုက်သည်။
"ကျွန်တော် တစ္ဆေ စစ်သေနာပတိ နှောင်းပိုင်းအဆင့်ကို တက်လှမ်းချင်ပါတယ်"
"တစ္ဆေ စစ်သေနာပတိ နှောင်းပိုင်းလား"
မုန့်ပေါ်သည် ခဏတာကြောင်သွားပြီးနောက် ရယ်မောလိုက်သည်။
'သရဲဘုရင် အထွတ်အထိပ် တစ်ယောက်၏ကျေးဇူးကြွေးကို သုံးပြီး မဟာတစ္ဆေ စစ်သေနာပတိနှောင်းပိုင်းသို့ တက်ရန်သာ တောင်းဆိုသည်ကိုး'
"ရတယ်၊ ဖြည့်ဆည်းပေးမယ်"
စကားအဆုံးတွင်
နူးညံ့လှပသော လက်ကလေးကိုမြှောက်ကာ၊ လက်ညှိုးဖြင့် ကျန်းလင်၏နဖူးကို ထိလိုက်သည်။
ခမ်းနားထည်ဝါသော သရဲစွမ်းအင်များမှာ မုန့်ပေါ်၏လက် ဖျားမှတစ်ဆင့် ကျန်းလင် ခန္ဓာကိုယ်အတွင်းသို့ တရစပ်စီးဝင်လာ၏။
ဤအရာက သန့်စင်ပြီးသား သရဲစွမ်းအင်များကို ကျန်းလင်းထံသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်ခြင်းပင်။
ထိုအရာသည် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းလည်း ဖြစ်သည်။
ငရဲဘုံ၏စည်းမျဉ်းများအရ သူတစ်ပါး၏ သရဲစွမ်းအင်ကို အတင်းအဓမ္မ စုပ်ယူ၍မရပေ။
အဘယ်ကြောင့်ဆိုသော် သရဲစွမ်းအင်သည် သရဲများအတွက် အသက်ဝိညာဉ် အရင်းအမြစ်ဖြစ်သောကြောင့်ပင်။
သို့သော် အကယ်၍ ရန်သူဖြစ်စေ၊ သို့မဟုတ် တစ်ဦးတစ်ယောက်က မိမိသဘောဆန္ဒအလျောက် ပေးအပ်ခြင်း ဖြစ်စေပါက ထိုမျှအထိ ကန့်သတ်ချက် မရှိတော့ပေ။
ထို့ကြောင့် နေရာအနှံ့အပြားတွင် ပြိုင်ပွဲများကို အကြောင်းပြလေ့ရှိသည်။
ရှုံးနိမ့်သူက မိမိခန္ဓာကိုယ်ထဲမှ သရဲစွမ်းအင်များကို ဆန္ဒအလျောက် ပေးအပ်ရခြင်းဖြစ်သည်။
ဥပမာအားဖြင့်၊ ချိုက်ရှင်းအမှု၏ သားကောင်များကဲ့သို့ပင်ဖြစ်၏။
ဖန်လီလီရှိသော သရဲဈေး၏ တစ်နေရာတွင်လည်း ထိုကဲ့သို့သော နေရာမျိုးရှိလေသည်။
အန္တရာယ်များလှသော်လည်း အခွင့်အရေးများလည်း ရှိနေ သည်။
ကျန်းလင်သည် နဖူးပေါ်တွင် အေးမြမှုကို ခံစားလိုက်ရပြီး၊ ခန္ဓာကိုယ်အတွင်း၌ အလွန်သက်သောင့်သက်သာရှိသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
သေချာစွာ မခံစားရသေးမီမှာပင် နဖူးပေါ်မှလက်ချောင်းကလေးမှာ ဖယ်ခွာသွားပြီ ဖြစ်သည်။
"ရပြီ"
မုန့်ပေါ်အသံ ထွက်ပေါ်လာမှ ကျန်းလင်း မျက်လုံးဖွင့်လိုက်သည်။
သူသည် မိမိခန္ဓာကိုယ်ထဲမှ သရဲစွမ်းအင်ကို စမ်းသပ်ကြည့်လိုက်သည်။
အခု သူသည် မဟာတစ္ဆေ စစ်သေနာပတိ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည် သို့သော် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားမှာ ပိုလျှံနေသည်ဟုပင် ခံစားနေရသည်...
"မတော်တဆနဲ့ မင်းကို တစ္ဆေ စစ်သေနာပတိ အထွတ်အထိပ် အဆင့်အထိ တင်ပေးလိုက်မိတယ်၊ ကိစ္စမရှိဘူးမလား"
မုန့်ပေါ် ပြုံးရွှင်စွာဖြင့် သူ့ကို ကြည့်နေသည်။
ကျန်းလင်မှာ ကြောင်အမ်းအမ်းဖြင့် ခေါင်းခါပြလိုက်သည်။
"ကိစ္စမရှိပါဘူး"
သူ မုန့်ပေါ်ကို သိခဲ့သည့် အချိန်မှစ၍ မုန့်ပေါ်က တစ်ဦးတစ်ယောက်အပေါ် ဤကဲ့သို့ ပြုံးပြသည်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။
ယမမင်းကြီးနှင့် တွေ့လျှင်တောင် ဤမျှလောက် ပေါ့ပါးစွာမပြုံးဖူးခဲ့ပေ။
ယခုအချိန်တွင် မုန့်ပေါ်သည်...
မိမိ၏စွဲလမ်းမှုများကို ချပစ်လိုက်သလို၊ အေးစက်လှသော မျက်နှာဖုံးကိုလည်း ချွတ်ချလိုက်ပြီဖြစ်သည်။
သူမထံမှ အလွန်တရာပေါ့ပါးသော ခံစားချက်ကိုရရှိနေသည်။
ကျန်းလင်း တွေးမိသည်မှာ၊ မုန့်ပေါ် လူ့ဘဝတွင် အသက်ရှင်စဉ်က ဤကဲ့သို့ ပြုံးရွှင်တတ်သော စရိုက်ရှိသူ ဖြစ်ပေလိမ့်မည်။
ယခုမှသာ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်ပေမည်။
"ဒါ မင်းအတွက်"
မုန့်ပေါ်သည် လက်ကို ဆန့်ထုတ်ကာ တာဝန်ဆုလာဘ်ဖြစ်သော 'သိုလှောင်အိတ်' တစ်လုံးကို ကျန်းလင်းအား ပေးအပ်ပြီးနောက်၊ လက်ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။
'လွတ်လပ်တယ်၊ ပေါ့ပါးတယ်'
သူမကို ဖော်ပြရန် ကျန်းလင်၏ ခေါင်းထဲတွင် ဤစကားလုံးနှစ်လုံးသာ ပေါ်လာသည်။
'ဒီလောကမှာ လုပ်စရာတွေ အကုန်ပြီးသွားပြီ၊ ဘာတွယ်တာမှုမှ မရှိတော့ဘူး ဆိုသလိုမျိုးပင်'
မုန့်ပေါ် ထွက်သွားပြီးနောက် ကျန်းလင်သည် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို သူ အံ့ဩလွန်း၍ အသက်ရှူပင်မှားသွားရတော့၏။